မြန်မာ့ဘိန်း

ဘယ်နေရာမှမှ အဆင့် တစ်နှစ်သုံး မဖြစ်ပေမယ့် ဒီလိုနေရာမျိုးမှာတော့ဂုဏ်ယူစွာနဲ့ ဖြစ်ပြနေတယ်လို့တောင် ထင်မိပါတယ်..။ ဟုတ်ကဲ့..။ ရွှေထူးတို့နေတဲ့ ရွှေနိုင်ငံတော်က ရွှေဖြူတွေ အဲလေ ဘိန်းဖြူတွေက ကမ္ဘာပေါ်မှာ ဒုတိယအများဆုံးဆိုပဲ..။ ဒါတင် ဘယ်ကမလဲ.. အဲဒါကို ဝယ်တော်မူတာတော့ ပေါက်ဖော်ကြီးတို့တဲ့..။ ဝယ်သူရှိလို့ ရောင်းသူရှိ.. ရောင်းသူရှိလို့ ဝယ်သူရှိဆိုတော့ မရောင်းရောင်းအောင် မြှောက်ပင့်ပေးနေတဲ့ သူတွေက ဓါးရိုးကမ်းချင်သူတွေလည်း ရှိကောင်းရှိပေမပေါ့လေ..။ ကိုရွှေထူးတော့ ဒီလိုသတင်းတွေဖတ်ရင် ကလိကလိ ဖြစ်ရတယ်..။

ရဲချုပ်ဦးကျော်ကျော်ထွန်းကတော့ ဒီလိုပြောသဗျာ..  “၁၉၉၂ ခုနှစ်မှ စတင်၍ လက်ရှိကာလအထိ ဆယ်နှစ်တာကာလ အတွင်း ဘိန်းဖြူ ဖမ်းဆီးမိခဲ့သည့် အကြိမ်အရေအတွက်ပေါင်း ၇၉ ကြိမ်ရှိခဲ့ပြီး တန်ဖိုးအမေရိကန်ဒေါ် လာ ၁၈ ဘီလျံကျော် ဖျက်ဆီးမှု များပြုလုပ်ခဲ့ကြောင်း” ဆိုပဲ..။ ၁၈ ဘီလီကျော်ဆိုတာ ဖျက်ဆီးတာရှိသေးတယ်..။ ရောင်းစားလို့ လွတ်သွားတဲ့ ကိန်းဂဏန်းကို စဉ်းစားကြည့်ရင်တော့ လမ်းစီမံကိန်းကြီးတွေ ဖြစ်လာကောင်းပါရဲ့..။

သူကပဲ ဆက်ပြီးပြောထားသေးတယ်.. ဘိန်းစိုက်ပျိုးမှုအပေါ် မှီခိုနေရသည့် မိသားစုဝင်ဦးရေမှာ သုံးသိန်း ခန့်ရှိနေပြီး ၂၀၁၂ ခုနှစ်အတွင်း ခန့် မှန်း ဘိန်းစိမ်းထွက်ရှိမှုမှာ ၆၉၀ မက်ထရစ်တန်အထိ ရှိနေကြောင်း.. ဧရိယာ ၅၁၀၀၀ ၀န်းကျင်အနက် ဟတ်တာပေါင်း ၄၆၀၀၀ ခန့်မှာ ရှမ်းပြည်နယ်တွင် စိုက်ပျိုးနေပြီး ကျန်စိုက်ဧကများမှာ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ မကွေးတိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး နှင့်အခြားဒေသများတွင် စိုက်ပျိုးနေကြောင်း.. ကိုလည်း ပြောပါသေးတယ်..။

၂၀၁၂ ခုနှစ်အတွင်း ဘိန်းစိုက်ပျိုးမှုဆိုင်ရာ စစ်တမ်းများအရ အရှေ့တောင် အာရှနိုင်ငံများတွင် မြန်မာနိုင်ငံသည် ဘိန်းစိုက်ပျိုးမှု ဟတ်တာ ပေါင်း ၅၁၀၀၀၊ လာအိုနိုင်ငံသည် ဟတ်တာပေါင်း ၆၈၀၀ နှင့် ထိုင်း နိုင်ငံသည် ဟတ်တာပေါင်း ၂၀၉ ဟတ်တာအထိ စိုက်ပျိုးလျက်ရှိတယ်လို့ သိရတယ်..။ လက်မထောင်နိုင်ကြပါစေဗျာ..။

ကိုရွှေထူးကတော့ မှီတင်းနေထိုင်သူ နိုင်ငံသားတိုင်းဟာ ကိုယ့်နိုင်ငံအတွက် လက်မထောင်ဖို့ ဂုဏ်ယူတတ်ဖို့အတွက်ဆိုရင်တော့ အမဲစက်အမှားအယွင်းကြီးတွေပေါ်မှာ လူသိမများစေချင်ဘူးရယ်။ ဟုတ်ကဲ့.. တာဝန်ရှိလူကြီးမင်းများ အိပ်ထောင်ထဲထက် တိုင်းပြည်လူမျိုးအတွက်လည်း ကြည့်တော်မူပါဦးခင်ဗျာ..။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s