တိုတိုထွာထွာ သတင်းများ

ဒေါ်လာသန်းခြောက်ရာလျော့

တရားမ၀င်ကုန်သွယ်မှု၊ အစိုးရ၀န်ကြီးဌာနများ၏ အသုံးစရိတ်များ လျှော့ချခဲ့မှုကြောင့် ယခုဘဏ္ဍာနှစ် ခြောက်လတာကုန်သွယ်မှုတွင် အမေရိကန်ဒေါ်လာ သန်းခြောက်ရာကျော် လျော့နည်းခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။

စက်ဆီတွေဘာကြောင့်လျော့ရတယ်

စက်သုံးဆီတင်သွင်းမှု လျော့ကျရခြင်းမှာ အစိုးရစီမံကိန်းများ နည်းပါးခြင်း၊ ဖားကန့်တွင် ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းများက လျော့ကျခဲ့ခြင်းတို့ကြောင့်ဖြစ်ကြောင်း လုပ်ငန်းရှင်များကပြောသည်။ ယင်းစက်ယန္တရားများအတွက် လိုအပ်သည်မှာ ဒီဇယ်ဆီသာဖြစ်ပြီး ဓာတ်ဆီတင်သွင်းမှုမှာလည်း တန်ချိန်သိန်းချီ လျော့နည်းနေကြောင်း သိရသည်။ ထို့အပြင် စီးပွားကူးသန်းဝန်ကြီးဌာနမှ လိုင်စင်ထုတ်ပေးထားခြင်းမရှိသည့် အဆင့်မြင့်စက်သုံးဆီ၊ ဒီဇယ်များကိုလည်း ဈေးကွက်တွင်း ရောင်းချနေသည်ကို တွေ့ရကြောင်း..

Export ကိစ္စ

ယခုနှစ် နယ်စပ်ကုန်သွယ်ရေးမှ ပို့ကုန်များတွင် ဆန်တန်ချိန် ခြောက်သိန်းရှစ်သောင်းထိရှိပြီး ယခင်နှစ်က တန်ချိန်လေးသိန်းသာရှိသည်။ ပဲမျိုးစုံမှာလည်း မနှစ်ကထက် ပိုမိုမြင့်တက်လာသည်။ ယခင်နှစ်က နယ်စပ်ကုန်သွယ်ရေးမှာ ကန်ဒေါ်လာ သန်း ၁၄၀၀ မှ ယခုနှစ် ခြောက်လတာအတွင်း ကန်ဒေါ်လာ သန်း ၁၆၀၀ ထိ မြင့်လာ..

မီးသတ်က ပြည်ထဲရေးအောက်ရောက်

ဒီနေ့ကစပြီး မီးသတ်ကို ပြည်ထဲရေး ဝန်ကြီးဌာနအောက် ပြောင်းမယ်လို့ နေပြည်တော် မီးသတ်ဦးစီးဌာနက ဧရာဝတီကို ပြောပါတယ်။မနေ့ကအထိတော့ မီးသတ်အဖွဲ့က လူမူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန လက်အောက်မှာ ရှိခဲ့တာပါ..

ပြည်မှာရှေဟောင်းဘုရားကုန်းဖျက်

“ရှေးဟောင်းဘုရားကုန်းမှန်းသိလျက်နှင့်ဖျက်ဆီးခြင်း”ပြည်မြို့ ခြံ အမှတ် (၃၉၁) ဗိုလ်ချူပ်လမ်း၊ မူယာပင်ရပ်၊ (သံလမ်းဂိတ်အနီး)   ခြံ၏ နောက်တွင် အလျား ၁၇၂ ပေ၊ အနံ  ၁၂၀ ပေ ဘုရားကုန်း ရှိပါသည်။ ဘုရားကုန်းသည် ၂၀ ပေ ခန့်မြင့်ပြီး စေတီအုတ်ပုံနေရာသည် ၇ ပေခန့် မြင့်ပါသည်။ ၂၀၁၂ ခုနှစ် နှစ်ဦးပိုင်းခန့်က  ခြံမြေနေရာကို ကျပ်သိန်း ၆၀၀  / ဘုရားကုန်းအတွက် ကျပ်သိန်း ၅၀ ဖြင့် အရောင်းအ၀ယ် ဖြစ်ခဲ့သည်ဟု  ကြားသိရ”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရခိုင်အရေးအမြင်

ရခိုင်ပြည်နယ် တစ်ဝန်းဖြစ်ပွား နေသော အကြမ်းဖက်မှုနှင့် ပတ်သက်၍ ရေငုံနှုတ်ပိတ်နေခြင်း အတွက် နိုင်ငံတ ကာ ထောက်ခံသူ များကြား တွင် စိတ်ပျက် လက်ပျက်ဖြစ်စေခဲ့ သည့် ငြိမ်းချမ်းရေး နိုဘယ်ဆု ရှင် က ဗုဒ္ဓဘာသာဝင်နှင့် မူဆလင် နှစ်ဖက်စလုံးတွင် အခြေပျက်၊ အနေ ပျက်ဖြစ်ခဲ့ပြီး သူ့အနေဖြင့် မည်သည့် ဘက်ကမျှ မရပ်ခဲ့ကြောင်း ပြောကြား ခဲ့သည်။

ဇွန်လမှစ၍ ပြည်နယ်အတွင်း ပေါက်ကွဲဖြစ်ပွားခဲ့သော အကြမ်းဖက် မှုကြီး နှစ်ခုအတွင်း လူပေါင်း ၁ဝဝဝဝဝ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပြီး လွန်ခဲ့သော လက တစ်ဖန် ပြန်လည်ဖြစ်ပွားခဲ့သော ပဋိပက္ခများ ကြောင့် လူ ၃ဝဝဝဝ ခန့် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရသည်။ နှစ်ဖက် စလုံးတွင် လူဒါဇင်ပေါင်း များစွာ သတ် ဖြတ်ခံခဲ့ရပြီး အိုးအိမ် ထောင်ပေါင်း များစွာ မီးရှို့ ဖျက်ဆီး ခံခဲ့ရသည် ။ “သည်းခံစိတ်ရှည်ကြဖို့ ကျွန်မ တိုက်တွန်းနေ ပါတယ်။ ဒါပေမယ့် တစ်ဦးတစ်ယောက်ရဲ့ ကျင့်ဝတ်ရေးရာ ဦးဆောင်မှုကို အသုံးပြုသင့်တယ်လို့တော့ ကျွန်မ မထင်ဘူး။ ပြဿနာတွေရဲ့ အရင်းအမြစ် ကို တကယ်တမ်း မကြည့်ဘဲနဲ့ အရေးကိစ္စကို ကိုင်တွယ်ဖို့ မဖြစ်နိုင်ပါဘူး”ဟု စနေနေ့က ဘီဘီစီနှင့် တွေ့ဆုံရာ တွင် ဒေါ်အောင်ဆန်းစုကြည် က ပြောကြားခဲ့သည်။

နိုင်ငံခြားရင်းနှီးမြှပ်နှံမှုဥပဒေထွက်လာ

သမ္မတ ဦးသိန်းစိန် လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်တဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေဖြစ်ပါတယ်။

နိုင်ငံတော် သမ္မတရုံး အင်တာနက်စာမျက်နှာမှာ ဖော်ပြထားတာဖြစ်ပြီး  နိုဝင်ဘာလ ၂ ရက်နေ့ ရက်စွဲ နဲ့ ပြည်ထောင်စု လွှတ်တော် က ပြဌာန်းလိုက်တဲ့ အဆိုပါ ဥပဒေမှာ အခန်း ၂၀ ပါ ၀င်ပြီး မြန်မာနိုင်ငံ မှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ များများ လာရောက်ဖို့ဆွဲဆောင်မှုတွေလည်းပါဝင်ပါတယ်။

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကတော့ အခု ထွက်ပေါ်လာ တဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေကို  လေ့လာစောင့်ကြည့်သွားအုံးမယ်လို့ မကြာခင်ကပဲ ပြောထားခဲ့ပါတယ်။

မြန်မာနိုင်ငံသားဥပဒေ ဖျက်ပြီး အသစ်ရေးရန် မအောင်မြင်

နေပြည်တော်မှာ ဒီကနေ့ နိုဝင်ဘာ ၆ ရက်နေ့မှာ ပြုလုပ်သွားတဲ့ အမျိုးသားလွှတ်တော် အစည်း အဝေးမှာ ၁၉ ၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပေဒေ ပယ်ဖျက်ပြီး အသစ်ရေးဆွဲမယ့် အဆို မအောင်မြင် ဖြစ်သွားတယ်လို့ သိရပါတယ်။ လွှတ်တော်တွင်းမှာ မြန်မာနိုင်ငံသား ဥပဒေ ၁၉ ၈၂ ပြည်သူ့လွှတ်တော် ဥပေဒေအမှတ် ၄ ကို ပယ်ဖျက်သင့်ကြောင်း အဆိုကို လွှတ်တော်ကိုယ်စား လှယ် ၁၀ ယောက်က ဆွေးနွေးကြပြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တွေက အထောက် အထား အချက်အလက်တွေနဲ့ ဥပဒေကို ပယ်ဖျက်ခြင်း မလုပ်ဘဲ ပိုမိုခိုင်မာဖို့နဲ့ ပြည်သူ့ဆန္ဒ ခံယူသင့်ကြောင်း ဆွေးနွေးသွားကြတာ ဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ ပယ်ဖျက်ခြင်းကို ကန့်ကွက်တဲ့သူ များတဲ့အတွက် မှတ်တမ်းအဖြစ် ထားရှိဖို့ အမျိုးသားလွှတ်တော် ဥက္ကဌက ဆုံးဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။

နော်ခမ်းကို တရုတ်နိုင်ငံမှ သေဒဏ်စီရင်ချက်ချ

တရုတ်နိုင်ငံတောင်ပိုင်း ယူနန်ဒေသမှာ ရှိတဲ့ တရားရုံး တခုက မူးယစ်ရာဇာ နော်ခမ်း အပါအ၀င် မြန်မာနိုင် ငံသား ၃ ဦး သေဒဏ် စီရင်ချက် ချမှတ်လိုက်ကြောင်း ဘေဂျင်းက လာတဲ့ အေပီသတင်းမှာ ရေးသားထားပါတယ်။ ပြီးခဲ့တဲ့နှစ် မဲခေါင်မြစ်ဝှမ်း ဒေသအတွင်းက တရုတ်သဘောင်္သား ၁၃ ယောက် အသတ်ခံရတဲ့အမှုမှာ အဓိက တာဝန်ရှိသူ အနေနဲ့ နော်ခမ်းကို ဖမ်းဆီး စစ်ဆေးအပြီးမှာ တရုတ်အစိုးရက သေဒဏ်အဖြစ် ဒီကနေ့ နိုဝင်ဘာ ၆ ရက်နေ့မှာ ချမှတ်လိုက်တာ ဖြစ်ပါတယ်။ တရုတ်တရားရုံးကနေ ထိုင်းရေပိုက် နက်အတွင်းမှာ ပြီးခဲ့တဲ့နှစ် အောက် တိုဘာလထဲမှာ ကုန်တင် သဘောင်္ ၂ စီးကို တိုက်ခိုက်ခဲ့မှုနဲ့ တရုတ်သဘောင်္သား ၁၃ ယောက် အသတ်ခံရမှုနဲ့ ပက် သက်ပြီး ကြားနာ စစ်ဆေးတာတွေ ပြုလုပ်ခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

ဥရောပရဲ့အခွန်သက်သာခွင့်

ဥရောပသမဂ္ဂအနေဖြင့် မြန်မာနိုင်ငံမှ ပို့ကုန်များအပေါ် ၂၀၁၃ မတ်လတွင် အခွန်သက်သာခွင့် ပေးမည်ဖြစ်သည်။ ထိုသို့အခွန်သက်သာခွင့်ပြုရာတွင် ၂၀၁၂ ဇွန်လမှစတင်၍ ကျန်လများ၏ ပို့ကုန်များအပေါ် အခွန်ကောက်ယူထားမှုကိုလည်း ယင်းအချိန်တွင် ပြန်လည်ခံစားခွင့်ရမည်ဖြစ်ကြောင်း..

“မြန်မာပြည်သူအတွက် ရွှေမြန်မာ လာပြီဗျို့ လူတိုင်းလေယာဉ်စီကြစို့”

မြန်မာနိုင်ငံတွင် နိုင်ငံသားပိုင် လေကြောင်းလိုင်း အသစ်တခု ပေါ်လာပါတော့မယ်။ လူတိုင်း လေယာဉ် စီးနိုင်ဖို့ အတွက် ရွှေမြန်မာလေကြောင်းလိုင်း အသစ်တခုဟာ လာမယ့် နှစ်ဆန်း ဖေဖော်ဝါရီလက စတင်ပြီး လူ ၁၈၀ ဆန့်တဲ့ A 320 Air Bus လေယာဉ်တွေနဲ့ ပြည်တွင်း- ပြည်ပကို ပြေးဆွဲပေးမှာဖြစ်ပါတယ်တဲ့။

A 320 Air Bus  လေယာဉ်တစင်းဟာလည်း လာမယ့် ဒီဇင်ဘာလ မှာ မြန်မာနိုင်ငံကို ရောက်လာမှာဖြစ်ပါ တယ်တဲ့။

အသစ်ပြေးဆွဲမယ့် ရွှေမြန်မာ လေကြောင်းလိုင်းကို အများပိုင် ကုမ္ပဏီအဖြစ် ဖန်တီးသွားဖို့ ကျပ်သန်းပေါင်း ၁၀၀ ကို အစုရှယ်ယာအဖြစ်သတ်မှတ်ထားပြီး အစုရှယ်ယာ တစုလျှင် ကျပ်ငွေ ၁ သောင်းနှုန်းနဲ့ ရောင်းချဖို့ လည်း အစီအစဉ်ရှိပါတယ်လို့ အစိုးရ သတင်းစာတွေက ဆိုပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s