တိုတိုထွာထွာ သတင်းများ

(1) အမေရိကန်သမ္မတ ဘားရက်အိုဘားမားသည် မြန်မာနိုင်ငံ ရန်ကုန်မြို့တော် မင်္ဂလာဒုံလေဆိပ်သို့ နိုဝင်ဘာလ ၁၉ ရက်နေ့ နံနက် ၉ နာရီ ၁၅ မိနစ်ဝန်းကျင်ခန့်တွင် ရောက်ရှိမည်ဖြစ်ပြီး နံနက် ၉ နာရီ ၄၅ မိနစ်ဝန်းကျင်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အဆောက်အအုံတွင် မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်နှင့် မိနစ် ၃၀ ကြာ တွေ့ဆုံမည်ဖြစ်ပြီး ယင်းနောက်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ၄င်း၏နေအိမ်တွင် နာရီဝက်ကြာ တွေ့ဆုံမည်ဖြစ်ကြောင်း၊ (The Voice Weekly)

http://www.facebook.com/thevoiceweekly/posts/492406907446240

(2) မြန်မာနိုင်ငံသို့ အမေရိကန်သမ္မတတစ်ဦး အနေဖြင့် ပထမဆုံးရောက်ရှိလာမည့် သမ္မတ အိုဘားမား နှင့် သမ္မတဦး သိန်းစိန်သည် နိုဝင်ဘာ ၁၉ ရက်နံနက် ၉ နာရီ ၄၅ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ၌ တွေ့ဆုံမည်ဟု ၂၁ကြိမ် မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးသို့ တတ်ရောက် သတင်းရယူနေသည့် အမေရိကန်သမ္မတ၏ခရီးစဉ် ရရှိထား သူ ပြည်ပ သတင်းထောက်တစ်ဦးထံမှ သိရသည်။(ပေါ်ပြူလာမြန်မာ)

http://www.facebook.com/photo.php?fbid=563123913703408&set=a.362239160458552.107216.287336421282160&type=1

(3) နိုင်ငံတစ်ကာ ငွေပေးချေရေးကဒ်ဖြစ်သည့် Master Card ကို မြန်မာနိုင်ငံသားများတစ်နှစ်အတွင်း အသုံးပြုနိုင်ရန်စီစဉ်နေကြောင်း CB ဘဏ်ဒုတိယဥက္ကဌ ဦးကျော်လင်းကပြောသည်။ အဆိုပါ Master Card ကို ယနေ့မှစတင်၍ နိုင်ငံခြားသားများအသုံးပြုရန် ခွင့်ပြုပေးလိုက်ပြီဖြစ်ပြီး မြန်မာကျပ်ငွေဖြင့်သာထုတ်ယူသုံးစွဲနိုင်မည်ဖြစ်ကြောင်း CBဘဏ်ဒုတိယ ဥက္ကဌကပြောသည်။(Messenger News)

http://www.facebook.com/photo.php?fbid=433672703360714&set=a.127115844016403.19409.127099574018030&type=1

(4) နိုဘယ်လ် ငြိမ်းချမ်းရေး ဆုရှင် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သယံဇာတ ကြွယ်ဝတဲ့ မြန်မာနိုင်ငံမှာ တာဝန်ယူမှု ရှိတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ လာရောက် လုပ်ဆောင်ကြဖို့ ကြာသပတေးနေ့မှာ ပြောကြားလိုက်ပါတယ်။ (VOA)

http://burmese.voanews.com/content/aung-san-suu-kyi-welcome-responsible-investment-to-burma/1547160.html

(5) ကမ္ဘာကျော် ဆိုနီကုမ္ပဏီကြီးဟာ အရှုံးပေါ်နေတယ်။ ခွက်ခွက်လန် ရှုံးနေတယ်။ တနှစ်ကို သန်း ၉၀ ကျော်ရှုံးနေတယ်။ အလုပ်သမား နှစ်သောင်းနီးပါးကိုအလုပ်ထုတ်လိုက်ရတယ်။ ကမ္ဘာမီဒီယာဈေးကွက်မှာ နံပတ်တစ်ဗိုလ်စွဲလာတဲ့ ဆိုနီဟာ အဲပဲလ်(Apple) နဲ့ ဆမ်ဆောင် (Sam Sung) ကမ္ပဏီနှစ်ခုရဲ့ ထိုးစစ်မှ မရှုမလှအရေးနိမ့်သွားခဲ့ရတယ်။ ဘာကြောင့် ဒီ ထဲက ကျနော်တို့  မြန်မာပြည်အတွက် ဘာသင်ခန်းစာတွေရမလဲ လေ့လာကြည့်ကြပါစို့။(Naytthit)

http://www.naytthit.net/?p=31567

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s