တိုတိုထွာထွာ သတင်းများ

သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် မြန်မာ-အမေရိကန် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုညီလာခံကို မြန်မာနိုင်ငံတွင် ကျင်းပမည်ဖြစ်ကြောင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် RUMFCCI မှ ထုတ်ပြန်ချက်များအရ သိရသည်။

၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ရန်ကုန်မြို့ရှိ RUMFCCI အသင်းချုပ်ရုံးတွင် ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။

အမေရိကန်နိုင်ငံ၏ U.S.Chamber of Commerce မှ ဦးဆောင်၍ အမေရိကန်စီးပွားရေး လုပ်ငန်းရှင်၊ အဆင့်မြင့် အစိုးရအရာရှိ၊ ဖွံ့ဖြိုးရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ၊ ဘာသာရပ်ဆိုင်ရာ ပညာရှင်များ တက်ရောက်မည် ဖြစ်သည်။

(http://news-eleven.com/index.php?option=com_content&view=article&id=16563:2012-11-28-04-11-47&catid=42:2009-11-10-07-36-59&Itemid=112)

လာမည့် ၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (ဆီးဂိမ်းစ်) အတွက် ရန်ကုန်မြို့၌ ကစားနည်း ၁၁ မျိုး ယှဉ်ပြိုင်မည်ဖြစ်ပြီး အားကစားကွင်း ခုနစ်ကွင်းနှင့် ခန်းမနှစ်ခုတို့ကို အသုံးပြုသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

(http://news-eleven.com/index.php?option=com_content&view=article&id=16564:2012-11-28-04-23-43&catid=43:2009-11-10-07-39-09&Itemid=111)

ဆိပ်ခံတံတားတည်ဆောက်ပြီး ဆိပ်ခံတံတား ၀န်ဆောင်မှုပေးမည့် လုပ်ငန်းအား သမ္မတအကြံပေး ကောင်စီဝင်တစ်ဦး၏ KMA Shipping Co.,Ltd မှ လုပ်ကိုင်ခွင့်ရရှိခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ချက်များအရ သိရသည်။

မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်းအရ ဆိပ်ခံတံတားနှင့် ဆိပ်ကမ်းဝန်ဆောင်မှုလုပ်ငန်း တည်ဆောက်ရန်အတွက် ကျပ်သန်းပေါင်း ၁၄၇၀၀ ကျော်ဖိုးရှိ ပြည်ပမှတင်သွင်းမည့်ယာဉ်၊ ယန္တရားများအတွက် အခွန်လွတ်ဖြင့် တင်သွင်းခွင့် ရရှိနိုင်သည်

ရင်းနှီးမြှုပ်နှံမည့်ပမာဏမှာ ကျပ် ၅၈၅၃၉ ဒသမ ၈၄ သန်းဖြစ်ကြောင်းနှင့် KMA Shipping ကုမ္ပဏီလီမိတက်မှ MIC သို့ တင်ပြချက်အရ ကုမ္ပဏီ Executive စာရင်းတွင် ဦးခင်မောင်အေး ပါဝင်ကြောင်းလည်း သိရှိရပါသည်။

(http://news-eleven.com/index.php?option=com_content&view=article&id=16561:-kma-shipping-bot-&catid=42:2009-11-10-07-36-59&Itemid=112)

မြန်မာနိုင်ငံသို့ လေဆိပ်များနှင့် နယ်စပ်ဝင်ပေါက်များမှ နိုင်ငံခြားသား ခရီးသွားဝင်ရောက်မှုသည် ယခုနှစ်ကုန်တွင် တစ်သန်းပြည့်မီနိုင်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းက ပြောကြားခဲ့သည်။

(http://news-eleven.com/index.php?option=com_content&view=article&id=16558:2012-11-28-03-20-34&catid=42:2009-11-10-07-36-59&Itemid=112)

သက်ဆိုင်ရာ နည်းပညာ နယ်ပယ်မှ ပညာရှင် များနှင့် လုပ်ငန်းရှင်များပါဝင် ဆွေးနွေးမည့် ဆက်သွယ်ရေး ဥပဒေကြမ်း ဆိုင်ရာ ဆွေးနွေးပွဲ ကို ဒီဇင်ဘာလ ၃ ရက် နေ့တွင် ကျင်းပ သွားရန် စီစဉ် နေကြောင်း အဆိုပါပွဲကိုဦးစီးကျင်းပမည့် မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ်မှ အထွေထွေအတွင်းရေးမှူး ဦးဇော်မင်းဦး က The Voice Weekly သို့ ပြောကြားသည်။

(http://www.facebook.com/thevoiceweekly/posts/497046270315637)

ယခင်စစ်အစိုးရလက်ထက် တွင် ခေါင်းဆောင်တစ်ဦးဖြစ်ခဲ့သော ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အပါအဝင် အငြိမ်းစား ၆၉ ဦးတို့၏ အိမ်အကူ နှင့် လုပ်သားတို့အတွက် ထောက်ပံ့ ငွေကို ပြည်ထောင်စုလွှတ်တော်သို့ တင်ပြတောင်းခံမှုအပေါ် ဝေဖန်မှု များ ဖြစ်ပေါ်လျက်ရှိသည်။

အဆိုပါ သတင်းကို နိုဝင်ဘာ ၂၄ ရက်နေ့ ထုတ် The Voice ဂျာနယ်တွင် ဖော်ပြခဲ့ပြီး ပြည်တွင်းရှိအင်တာနက်လူမှုကွန်ရက်စာမျက်နှာပေါ်၌ ပျံ့နှံ့လျက်ရှိကာ ယင်းသို့ တောင်းခံမှုအား ဝေဖန်မှုများဖြစ်ပေါ် လျက်ရှိသည်။ ”အငြိမ်းစားတွေကို နိုင်ငံရေး ပင်စင်တွေ ပေးတယ်။ အခု ကိစ္စ က တောင်းလို့ရလို့ တောင်းတာပါ။လွှတ်တော်ကလည်းအကျိုးအကြောင်းနဲ့ ငြင်းမယ်ဆို ငြင်းလို့ရ တယ်၊ ဒီအကြောင်းအရာက ပြောရ ခက်တယ်”ဟု ပြည်သူ့လွှတ်တော် အမတ် ဦးကြည်မြင့်က ပြောသည်။

(http://www.facebook.com/permalink.php?story_fbid=437925899602061&id=127099574018030)

ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ အပါအ၀င် အငြိမ်းစား ပုဂ္ဂိုလ် ၆၉ ဦးရဲ့ အိမ်အကူ၊  ထမင်းချက်၊ ဥယာဉ်ခြံလုပ်သား စတဲ့ ၀န်ထမ်းများကို ထောက်ပံ့ကြေးပေးဖို့ လွှတ်တော်က  နိုဝင်ဘာ ၂၃ ရက်နေ့မှာ အတည်ပြုပေးလိုက်ပါပြီ။

၂၀၁၂ – ၁၃ ဘဏ္ဍာရေးနှစ်အတွက် ဒီလို ဘတ်ဂျက် တောင်းခံမှုကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနက တင်သွင်းခဲ့တာပါ။

အိမ်အကူဝန်ထမ်း အရေအတွက် – ၄၀၀ ကျော်
တောင်းခံခဲ့တဲ့ ငွေ ပမာဏ –  ကျပ် ၁၆၉ သန်း ကျော်

(http://blog.irrawaddy.org/2012/11/blog-post_9013.html)

ကျွန်မသာ သူ့ကိုမေးခွင့်ရှိမယ်ဆို ရင် သမ္မတကြီးတို့နိုင်ငံရဲ့မက္ကဆီကို နယ် စပ်မှာ သံဆူးကြိုးတွေ အမြင့်ကြီး ကာရံ ထားတာ၊ CCTV ဂြိုဟ်တုစလောင်းတွေ တပ်ပြီး Guard အမျိုးမျိုးနဲ့ စောင့်ကြည့် ထားတာ၊ ခွေးတောင်မ၀င်နိုင်အောင် လုံ ခြုံပါတယ်။ စွန့်စွန့်စားစား ခိုးဝင်လာရင် လည်း ချက်ချင်းပြန်ပို့တာ။ အခု သူတို့ဆီ မှာ နိုင်ငံသားဖြစ်ဖို့ဆိုတာ သိပ်မလွယ် တော့ဘူးလို့  သိရပါတယ်။

သမ္မတကြီးတို့ဆီမှာ အပြင်က အိမ် နီးချင်းက ဥဒဟိုဝင်လာမှာကိုတားသေး တာပဲ မဟုတ်လား။ သမ္မတကြီးတို့က ချမ်းသာတဲ့နိုင်ငံဆိုတော့ ၀င်မလာနိုင် အောင် အဘက်ဘက်က အကုန်အကျခံ လုပ်နိုင်တယ်လေ။ လူ့အခွင့်အရေးဆိုတာ ကို သမ္မတကြီးတို့ကော ကိုယ်ရေးကြုံ တော့ ကျင့်သုံးလို့လား။ ကျွန်မတို့ကို တော့ ““လူ့အခွင့်အရေး””ဆိုတဲ့ စကားလုံး နဲ့ ကိုင်မပေါက်ပါနဲ့။ အခုတော့လည်း ကျွန်မတို့ တတ်နိုင်သလောက် ခြံစည်း ရိုးကာနေပြီ။ ခြံစည်းရိုးကာနေတဲ့တပ် သားနှစ်ယောက်တောင် အနောက်နိုင်ငံ က ဖမ်းသွားတယ်။ ဒါကိုကြည့်ရင် ဘယ် သူလွန်တာလည်း စဉ်းစားလို့ရပါတယ်။ သမ္မတကြီးက လူသားအားလုံးအကျိုး စီးပွားကို ရှေးရှုပေးရန် မေတ္တာရပ်ခံတာ ကတော့ ကိုယ်ချင်းမစာဘူးလို့ သုံးသပ်မိ တယ်။

(http://www.hotnewsweekly.com/archives/14360)

မြန်မာအစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ဆက်တိုက်ပြုလုပ်နေသော ကေအိုင်အေက မြန်မာ့စီးပွားရေး ဘဏ်မှ ငွေပို့ယာဉ်တန်းနှင့် အကျဉ်းထောင်သို့ ပို့မည့်ထောင်သားများ ပါဝင်သော ယာဉ်တန်းကို ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း ကချင်ပြည်နယ် အစိုးရအဖွဲ့ထံမှ ၂၁.၁၁.၂၀၁၂ ရက်က သိရသည်။ နိုဝင်ဘာ ဒုတိယပတ်အတွင်းက အတည်ပြု၍ မရသေးသော သတင်းများအဖြစ် ယင်းကဲ့သို့ ဗုံးခွဲတိုက်ခိုက်မှုများ ဖြစ်ပေါ်နေသည်ကို ကြားသိခဲ့ရပြီး ပြည်နယ်အစိုးရက ယင်းအဖြစ်အပျက်မျိုး ရှိကြောင်း ထုတ်ဖော်ပြောကြား လာခြင်း ဖြစ်သည်။ “လုံးခင်းဘက်မှာ ဖြစ်သွားတာ။ ဗုံးခွဲတိုက်ခိုက်ခံရတာနဲ့ နောက်ရက်မှာပဲ ဒေသခံ အုပ်ချုပ်ရေးမှူးရုံးက သတင်းပို့လာပါတယ်” ဟု ပြည်နယ်အစိုးရအဖွဲ့မှ အဆင့်မြင့် အရာရှိတစ်ဦးက အတည်ပြု ပြောကြားသည်။ အခင်းဖြစ်ပွားမှုအရ ဖားကန့်မြို့မှ မြန်မာ့စီးပွားရေးဘဏ် ငွေပို့ယာဉ်နှင့် ဖားကန့်မြို့မှ မြစ်ကြီးနားကို ပို့ဆောင်မည့် အကျဉ်းသားယာဉ်ကို အဝေးထိန်းစနစ်ဖြင့် မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး အကျဉ်းသား သုံးဦး သေဆုံးပြီး ၂၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကချင်နေ့စဉ်သတင်းက ရေးသားဖော်ပြထားသည်။

(http://www.khitlunge.net.mm/news/news_detail.aspx?info_id=27936)

ကမ္ဘာပေါ်တွင် နိုဘယ်ဆုပြီးလျှင် သြဇာအကြီးမားဆုံး ဆုဖြစ်သော ICG (နိုင်ငံတကာပဋိပက္ခ ဖြေရှင်းရေးအဖွဲ့) ၏ ငြိမ်းချမ်းရေးဆုကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဘရားဇီးသမ္မတဟောင်း Luiz Iuacio Lula da Silva နှင့်အတူ လက်ခံရရှိကြောင်း သိရကာ ယင်းဆုကို ၂၀၁၂ ခုနှစ် ဧပြီလတွင် နယူးယောက်မြို့၌ ပေးအပ်သွားမည် ဖြစ်သည်ဟု နိုင်ငံတော်သမ္မရုံး အတည်ပြုချက်မှ သိရှိရသည်။

(http://www.khitlunge.net.mm/news/news_detail.aspx?info_id=27942)

ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာနက နိုင်ငံတော်သို့ ပေးသွင်းရန် ကြွေးကျန် ငွေကျပ်သန်း ၄၈၁၅ ကျန်ရှိနေသည့်ကိစ္စအပေါ် မီဒီယာများက ရေးသားမှုနှင့် စပ်လျဉ်း၍ ဟိုတယ်ခရီး ဝန်ကြီးဌာနက အစိုးရသတင်းစာများမှ ပြည်သူသို့ အသိပေးရှင်းလင်းချက် ထုတ်ပြန်လိုက်သည်။ ကြွေးကျန်များမှာ ဌာနပိုင် အင်းလေးခေါင်တိုင် ဟိုတယ် ဝယ်ယူသူမှ ပေးသွင်းရန် ကျန်ငွေ ကျပ်သန်း ၄၃၅၀နှင့် ရန်ကုန်ရှိ တိုက်ခန်းဝယ်ယူသူမှ ပေးရန် ကျန်ငွေ ကျပ်သန်း ၄၆၅ တို့ဖြစ်ကြောင်း၊ ဟိုတယ်ကြွေးကျန်မှာ မြေဧရိယာ ကွဲလွဲမှု စိစစ်နေဆဲကြောင့် ဖြစ်ပြီး ရန်ကုန် တိုက်ခန်းမှာ ဝယ်ယူသူက အသနားခံထားခြင်းကြောင့် ကြွေးကျန်စာရင်း ပေါ်နေသည်ဟု ဟိုတယ်ခရီး ဝန်ကြီးဌာနက ရှင်းလင်းထားသည်။

(http://burma.irrawaddy.org/archives/26588)

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် လွတ်လပ်သော နိုင်ငံတော်အဆင့် ကော်မရှင်က ဝင်ရောက်စစ်ဆေးနိုင်ရန် ဆန္ဒပြနေသည့် သပိတ်စခန်း ၆ ခုကို ဖယ်ရှားရှင်းလင်းပေးရေးနှင့် မလုပ်ဆောင်ပါက တည်ဆဲဥပဒေအရ အရေးယူမည်ဟု ပြည်ထဲရေး ဝန်ကြီးဌာနက ကြေညာ လိုက်သည်။ ဆန္ဒပြမှုများကြောင့် လုပ်ငန်း ရပ်ဆိုင်းနေကြောင်း၊ လုပ်ငန်းရပ်ဆိုင်းနေလျှင် စစ်ဆေးမှုများ မလုပ်နိုင်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။ သို့သော် နောက်ဆုံးရရှိသည့် သတင်းများအရ သပိတ်စခန်းများ ရုတ်သိမ်းမှု မလုပ်သေးကြောင်း၊ အာဏာပိုင်များကလည်း သပိတ်စခန်းများ ရုပ်သိမ်းရေး ဆော်သြနေကြောင်း သိရသည်။ နိုဝင်ဘာ ၂၉ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်သည် မုံရွာမြို့သို့ ရောက်ရှိမည် ဖြစ်သည်။

(http://burma.irrawaddy.org/archives/26585)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s