ဆောင်းတွင်းအိပ်မက်

လူဆိုတာ တစ်နေ့တခြား လိုချင်တာ လိုအပ်တာတွေ ပြည့်အောင်ဖြည့်ဖို့ ကြိုးစားရုန်းကန်ရင်း ဘဝကို ဖြတ်သန်းရတယ်မဟုတ်လား။ ဖုန်းဆိုလည်း ဖုန်းမို့လို့ ကိုင်ချင်၊ ကားဆိုလည်း ကားမို့လို့စီးချင်နဲ့။ ဈေးသက်သာ၊ အရည်အသွေးကောင်း ဆိုတာလေးနဲ့ လိုအပ်နေတဲ့ကွက်လပ်ကလေးကို ဖြည့်မယ်ဆိုရင်တော့ ပိုလို ပိုလို့ကောင်းဆိုတာမျိုးပေါ့လေ။

ကိုဖိုးသိတို့ရွှေမြန်မာနိုင်ငံမယ် သိပ်ဟော့ဖြစ်သွားတဲ့ ကိစ္စတစ်ခုတော့ ရှိဖူးသဗျ။ တခြားတော့ မဟုတ်ဘူး ဖုန်းတွေကို ၅၀၀၀ ကျပ်နဲ့ရမယ်ဆိုတဲ့ ဟိုအစ်ကိုကြီးပြောတဲ့ ရွှေပြည်တံခွန်ကုမ္ပဏီဆိုလား။ မီဒီယာတွေလည်း ၅၀၀၀ တန်လေးများ ရလာမလားရည်ရွယ်ချက်နဲ့ ရယ် အစိုးရကို တစ်နည်းမဟုတ်တစ်နည်း ကြပ်ချင်တဲ့ရည်ရွယ်ချက်ရယ်နဲ့ ကမ်းကုန်အောင်ဖွ။ အစိုးရလည်း ခေတ်တွေစနစ်တွေပြောင်းပါတယ်၊ ပြည်သူကိုအခြေခံတဲ့ အုပ်ချုပ်ရေးဖြစ်တဲ့ စည်ကမ်းပြည့်ဝ ဒီမိုကရေစီလို့ အော်မိလေတော့ လိုက်လျောရလေမလားနဲ့ ဗျာများခဲ့တဲ့အချိန်၊ တချို့တချို့များ ၅၀၀၀ တန် SIM Card ရရှိရေး လှုပ်ရှားမှုတွေတောင် လုပ်လိုက်ကြတဲ့အချိန်တွေ မှတ်မိနေလိမ့်မယ်ထင်ရဲ့။

အမှန်အတိုင်းပြောရရင်တော့ ရွှေပြည်တံခွန်လည်း ဘာသဘောနဲ့ ဒီလိုတွေပြောတယ်သေချာမသိဘူး။ သမ္မတရုံးကိုစာတင်ထားတယ်ပြောပေမယ့် သူ့မှာ အများပိုင်ကုမ္ပဏီဖွင့်ခွင့် လိုင်စင်တောင် မကျသေး။ ဆက်သွယ်ရေး ကိစ္စအတွက် အတွေ့အကြုံဆိုတာ ဝေလာဝေးဗျ။ သူဘယ်နားက ဘယ်လိုပေါ်လာသလဲဆိုတာလည်း ဘယ်သူမှမသိ။ အဲဒီသူရဲ့ နောက်ကြောင်း ဘာဆိုတာလည်း ဘယ်သူမှဇောင်းပေးမဖော်ပြချင်။ အဲဒီသူကတော့ နိုင်ငံတော်နဲ့ ပြည်သူလူထုအတွက် ဆိုပြီး ပြောတာနဲ့ပဲ မီဒီယာဖွချက်နဲ့ နေ့ချင်းညချင်းကို စင်ပေါ်ဝုန်းခနဲရောက်လာတယ်။ ခုတော့လည်း ပုံပြင်လေးတစ်ပုဒ်ပါပဲဆိုတဲ့ သီချင်းလေးများတောင် ကိုဖိုးသိ ငြီးမိပါသေးရဲ့။

ရွှေပြည်တံခွန်ဟာ မီဒီယာအုပ်စုတွေ လော်ဘီလုပ်တာနဲ့တင် ရှေ့ကိုတော်တော်ရောက်လာတယ်ဗျ။ ဒါပေသိ ကိုဖိုးသိတို့ တတွေ ရွှေပြည်တံခွန်ကို အာရုံကျနေချိန်မတော့ တခြားသော ဧရာမကုမ္ပဏီကြီးတစ်ခုကလည်း ဖုန်းလိုင်းတွေ အခမဲ့ချပေးဖို့အတွက် အသည်းအသန်ကြိုးစားနေတယ်ဆိုတာ ဘယ်သူမှမသိလိုက်ဘူး။ သူတို့ရဲ့ ကုမ္ပဏီအုပ်စုကြီးမှာ သက်ဆိုင်ရာ infrastructure ရှိပြီးသား။ ဆက်သွယ်ရေးနဲ့  ပတ်သက်တဲ့ လုပ်ငန်းတွေလည်း လက်ရှိလုပ်နေပြီးသား။ သူတို့အနေနဲ့ သမ္မတကြီးဆီကိုတင်ပါတယ်။ သမ္မတရုံးကနေ ကူးသန်းရောင်းဝယ်ရေး ကော်မရှင်ရယ် မြန်မာ့ဆက်သွယ်ရေးရယ် သက်ဆိုင်ရာကုမ္ပဏီကြီးရဲ့  ထိပ်သီးအရာရှိကြီးတွေရယ် တွေ့ဆုံဆွေးနွေးပါဆိုတဲ့ အကြောင်းကြားစာထွက်လာပါတယ်။ အကြောင်းကြားစာအရ တွေ့ကြဆွေးနွေးကြတယ်ပေါ့။ ဒီကိစ္စကို ကိုဖိုးသိ သိလိုက်ရတာ ဟိုတလောဆီကမှပါ။ ဒါတောင် အဲဒီကုမ္ပဏီကြီးရဲ့ ထိပ်တန်းအရာရှိကြီးတစ်ဦးဆီကနေ သက်သေ အထောက်အထားနဲ့တကွ သိလာရတာ။

နည်းနည်းလောက်စဉ်းစားကြည့်ရရင်ဖြင့် မြန်မာ့ဆက်သွယ်ရေးက ငါးသိန်းနဲ့ဖုန်းလိုင်းတွေ ရောင်းနေချိန် ငါးထောင်နဲ့ ရွှေပြည်တံခွန်ထလုပ်တာတောင် သက်ဆိုင်သူတို့ အကြပ်ရိုက်နေချိန်မယ် အလကားပေးမယ် ဆိုတဲ့ ကုမ္ပဏီကြီးရဲ့လုပ်ဆောင်ချက်ကိုဘယ်သူမှ လော်ဘီမလုပ်ကြသလို မြန်မာ့ဆက်သွယ်ရေးကော မြန်မာ့စီးပွားရေးကော်မရှင်က ဦးစိုးသိန်းတို့ကော လှုပ်တောင်မလှုပ်ချင်ကြတော့ဘူး။

တိုင်းပြည်ကောင်းစားရေးအတွက် အသက်ပင်သေသေ ဒီကိစ္စကိုသဘောမတူနိုင် အချိန်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်သည်နဲ့ တွေ့တော့တာပါပဲခင်ဗျာ။ ပြုပြင်ပြောင်းလဲရေးခေါင်းစဉ်အောက်မှာ  ပြုပြင်ပြောင်းလဲရေးလုပ်နေတာ တကယ်ကော ပြောင်းလဲမှု ရှိရဲ့လား။ စိုးသိန်းခေါင်းဆောင်တဲ့ လည်သလိုလုပ်စား၊ စားဖားတွေရဲ့ နည်းနည်းလေးမှသူတို့အတွက်မကျန် ပြည်သူအတွက် ကြည့်စရာမလိုဘူးဆိုတဲ့သူတွေရဲ့ လုပ်ရပ်ကတော့ စာတင်လောက်ပါတယ်။ ငါးထောင်တန်တုန်းက ဒီကိစ္စကိုလက်မခံနိုင်ဘူးပြောနေရင် အလကားပေးမယ့်အစီအစဉ်ရှိတဲ့ ဒီလုပ်ငန်းကြီးရဲ့ ကြိုးစားမှုက သဲထဲရေသွန်ဖြစ်ကုန်တော့တယ်။

တချို့ကိစ္စတွေက စောင့်ကြည့်ရင်း အဖြေပေါ်တယ်။ တချို့ကိစ္စတွေက ချက်ခြင်းအဖြေပေါ်တယ်။ တချို့ကိစ္စတွေကတော့ စုံးစုံးမြုပ်သွားတတ်တယ်။ စောင့်ကြည့်လည်း ဒီအဖြေ၊ ချက်ခြင်းလည်း ဒီအဖြေအတိုင်း စုံးစုံးမြုပ်သွားသော တန်ဘိုးနည်း GSM လိုင်းများအတွက်တော့ MEC ရယ် MPT ရယ်မှာ တာဝန်အပြည့်အဝရှိပါတယ်။ လူတိုင်း လူနေမှုအဆင့်အတန်း မြင့်မားစေရေးအတွက် ပြည်သူ့မျက်နှာ နည်းနည်းလေးမှမထောက် လုပ်ရက်လိုက်လေခြင်း စိုးသိန်းနဲ့အပေါင်းပါတို့ရယ်။

ဖိုးသိ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s