Air Bagan Crash အပေါ်အမြင်များ

သေဆုံးသွားတဲ့ သူတွေ အတွက်ကော ဒါဏ်ရာရတဲ့ လူနာတွေ ကော .. စိတ်ဒုက္ခရတဲ့ သူတွေအတွက်ပါ စိတ်မကောင်းဖြစ်မိတယ် .. အထူးသဖြင့် သေဆုံးသွားတဲ့ လူတွေ အတွက် ပို ၀မ်းနည်းမိပါတယ် ..

အခု လေယဉ်ပျံက
http://www.airfleets.net/ficheapp/plane-f100-11327.htm
လွန်ခဲ့တဲ့ ၂၁.၈ နှစ်ကျော်နေပြီး ထုတ်လုပ်ခဲ့တဲ့ Fokker ကုမဏီက အခု ရှိတောင်မရှိတော့ပါဖူး . ဒါပေမယ့် ကွန်းထရက်အရ သူတို့အနေနဲ့ ဆက်လက်ပြီး မန်တိန်းနမ့် လုပ်ပေးနေဖို့ Service Team သာကျန်တော့တယ် …

မြန်မာနိုင်ငံမှ မဟုတ်ဖူး .. အဲပုဂံမှလဲ မဟုတ်ဖူး … ဒီထပ်ကောင်းတဲ့ လေယဉ် စက်ပစ္စည်းတွေ ဒီထပ်ကောင်းတဲ့ ပြေးလမ်းတွေ ဒီထပ်ကောင်းတဲ့ ဆက်သွယ်ရေး စနစ်တွေ ရှိနေပေမယ့် … နှစ်စဉ်
တကမ္ဘာလုံးမှာ လေယဉ်ပျက်ကျမူတွေ မရပ်တန့်သေးတာ နည်းပညာကြောင့် ဆိုပြီး ပြောဆိုလို့ မရပြန်ဖူး ..

http://en.wikipedia.org/wiki/List_of_accidents_and_incidents_involving_commercial_aircraft

နောက်တခုက မြန်မာ နိုင်ငံက လေယဉ်ပိုင်းလော့တွေ ကို ပဲ ချီးကျူးချင်တယ် လို့ အခုချိန်မှာ ကျနော် ပြောရင် ကျနော့်ကို ၀ိုင်းဆဲ ကျမလား .. … တကယ်တော့ မရှိရှိတာနဲ့ မဖြစ်ဖြစ်အောင် ဆောင်ယူပေးနေရတာသူတို့ပဲ … စက်ပစ္စည်း အားနည်းမူ ၊ ပြေးလမ်း ချို့ယွင်းမူတွေ ဆက်သွယ်ရေး ကရိယာတွေ အဖက်ဖက်က လိုအင်တွေကြားမှာ အဆင်ပြေအောင် ဆောင်ရွက်နေရတယ် ..

တွေသမျှ လျှောက်ရေး ၊ လျှောက်ပြောနေကြတာ လွယ်ပေမယ့် .. သေချာ သုံးသပ်ကြည့်ဖို့ ကျနော်တို့ လူမျိုးတွေ အများကြီးလိုနေပြီ … ဒါမှ နောက်ရှေ့ဆက် လမ်းကို ၀ိုင်းဝန်းပြီး အဖြေထုတ်နိုင်မယ် .. တွန်းအားပေးနိုင်မှာပါ …ဘာဖြစ်ဖြစ် လက်ညိုးထိုးနေဖို့ အချိန်မဟုတ်တော့ပါဖူးဗျာ ..

ယနေ့မနက်မှာ ဖြစ်ပွားခဲ့တဲ့ ဟဲဟိုးလေဆိပ်နားက Air-Bagan လေယာဉ်ပျက်ကျမှုဟာ

– ၆၆kV ဓါတ်အားလိုင်းကို ဝင်တိုက်မိတာ၊
– မီးလောင်ပြီးတော့ အကုန်နီးပါ ပျက်စီးသွားတာ၊
– အမြှီးပိုင် ကျိုးပျက်သွားတာ၊
– အင်ဂျင် မီးလောင်ပျက်စီးတာ၊

စတဲ့ အကြောင်းအရာတွေကို တွက်ဆကြည့်ရင် အင်မတန်မှ အန္တရယ် များလွန်းလှတဲ့ ပျက်စီးဆုံးရှုံးမှု ဖြစ်ပါတယ်။

ဒီလောက် ဆိုးရွားတဲ့ အခြေအနေမျိုးမှာ လေယာဉ်ပျက်ကျလျှင် ပျက်ကျချင်းမှာ ချက်ချင်းအရေးပေါ် ကယ်ထုတ် ကယ်ဆယ်တာတွေ လုပ်နိုင်ခဲ့တဲ့အတွက် သေဆုံးဒဏ်ရာရသူ ဦးရေနည်းပါတယ်လို့ ကောက်ချက်ချမိပါတယ်။ လေယဉ်ဟာ ပျက်ကျပြီးတော့ စက္ကန့်ပိုင်း၊ မိနစ်ပိုင်အတွင်းမှာ မီးလောင်ပျက်စီးသွားတာ ဖြစ်ပါတယ်။

လေယာဉ်ပျက်ကျချိန်နဲ့ မီးမလောင်ခင်ကြားမှာ အမြန်ဆန်ဆုံး ကယ်ဆယ်နိုင်ခဲ့ကြတာဟာ ဒီလိုပုံစံမျိုး ပျက်ကျမှုမှာ အဆုံးအရှုံး အနည်းဆံးလို့ ယူဆမိပါတယ်။ အဲ့ဒိအတွက် သေဆုံးဒဏ်ရာရသူ အနည်းဆုံးဖြစ်အောင် ကယ်ဆယ်ရေး လုပ်ငန်းတွေကို ကျွမ်းကျွမ်းကျင်ကျင်နဲ့ အမြန်ဆုံး လုပ်ဆောင်ပေးခဲ့ကြတဲ့

– အတွေ့အကြုံများပြီး တည်ငြိမ်ရင်ကျက်တဲ့ လေယဉ်အမှုထမ်းတွေ
– ဒေသခံ မီးသတ်နဲ့ အရံမီးသတ်တပ်ဖွဲ့ဝင်တွေ၊
– နယ်မြေခံစစ်တပ်က ချက်ချင်းလာရောက် ကူညီကြတဲ့ စစ်သားတွေ၊
– ရဲတွေ ကို

ချီးကျူးမိပါတယ်။ အဓိကကတော့ ကျွန်တော်တို့နိုင်ငံမှာ အရေးရယ် အကြောင်းရယ်ဖြစ်လာရင် တကယ်ကျွမ်းကျင်ပြီးတော့ စိုးရိမ်စိတ် မလွန်ကဲတဲ့၊ ကိုယ်လွတ်ရုန်းစိတ် မရှိတဲ့ လေယာဉ် အမှုထမ်းတွေ ရှိတယ်ဆိုတာ သိလိုက်ရပါတယ်။

ခင်ဗျားတို့အားလုံးကို ဂုဏ်ပြုသင့်ပါတယ်။

https://www.facebook.com/nainghtooaung

လေယာဉ်မှူး ကို ချီးကျူးပါတယ်ရှင်
တကယ်တော့ ဒီနေ့ အဲယားပုဂံရဲ့ ဖြစ်စဉ်လေးဟာ အတော့်ကို အံ့သြစရာပါ၊ မြန်မာပြည်မှာ ပျက်ကျ တဲ့လေယာဉ်တိုင်း လူရှင်တယ်ဆိုတာ မရှိပါဘူး၊ ကားတောင် တိုက်မိရင်ဘယ်လိုနေမလဲ၊ ခုတော့ လေယာဉ်ပြေးနှုန်းနဲ့တိုင်းတာကြည့်ရင် ဒီနေ့ဖြစ်စဉ်ဟာ အင်မတန်မှ ကံကောင်းလွန်းတယ် လို့ထင်ပါတယ်၊ ထိခိုက်သေဆုံးမှုနည်းတာဟာ အင်မတန်မှ အံ့သြ၀မ်းသာစရာပါ မနက်စောစော ဒီသတင်းကို ရတာနဲ့ လူတွေသေပြီလို့ထင်ပြီး ၀မ်းနည်းမှုကြောင့် မျက်ရည်ဝဲရပါတယ်၊ ဖြစ်ချင်တော့ တောင်ကြီးတစ်မြို့လုံးဟာ လျှပ်စစ်ပြတ်တောက်ခဲ့ရတယ် ဟိုက ဒီက ဖုန်းတွေဝင်လာလို့ ဖုန်းဓါတ်ခဲက ကုန်သွားတော့ သတင်းတွေဟာ လူမသေဘူးလို့ရတဲ့အထိ ပဲ သိရတယ် ညနေမှ 1750လောက်မှာ မီးတွေပြန်လာတော့ ဖုန်းအားသွင်းနေရင်း သတင်းတွေ ၀င်လာပါတယ်၊ ရှစ်နှစ်အရွယ် ကလေးတစ်ယောက်သေတယ်တဲ့ ၊ သူ့အတွက်ရင်ထဲမှာ လုံးဝ မကောင်းပါဘူး၊ ကံတရားကို ပြန်တွေးကြည့်တော့ ဒီလောက် ထက်ပိုင်းပြတ် မီးလောင်တဲ့ထဲမှာ တစ်ဦး ဆုံးရှုံးသွား တာကို ပဲ စိတ်မကောင်းစွာကြားသိရပြီး ၀န်ထမ်း၊ ခရီးသည် 71ဦးအနက် 70ဦးမှာ ထိခိုက်ဒဏ်ရာ ရတာ သိပ်မပြင်းထန်ဘူးတဲ့ အမေရိကန်(2)ဦး။ တရုတ်(1)ဦး၊ ပြင်သစ်(1)ဦး ၊ ပြည်တွင်းခရီးသည် (5)ဦးတို့ ဒဏ်ရာရတယ်တဲ့၊ လေယာဉ်မှူး မောင်မောင်ထွေးက ဒဏ်ရာရတယ်တဲ့၊ ဓါတ်အားလိုင်းကို ဘီးညိပြီး သစ်ပင်တွေနဲ့အတူ ဆင်းလာချိန်မှာ အောက်က ဆိုင်ကယ်သမား (1)ဦးသေဆုံး တယ်တဲ့၊ ဒီဖြစ်စဉ်ကို ပြန်တွေးကြည့်တော့ လေယာဉ်မှူး ကို ချီးကျူးပါတယ် လူ့အသက် (70)ကို ကယ်တင်နိုင်ခဲ့ပြီး နောက်ဆုံးအချိန်ထိ မြေပေါ်မှာ ဒရွတ်တိုက်ဆွဲပြီး ဆင်းလာနိုင်တဲ့အတွက်၊ သူတော်တော်ကြိုးစားခဲ့ရပါမယ်၊ လူတိုင်းဟာ မတော်တဆမှုနဲ့ကြုံတဲ့အခါတိုင်း သတိလစ် မေ့မျော တတ်ပါတယ်၊ ဒါမှမဟုတ် ကြောင်တက်ပြီး ဘာမှ မဆုံးဖြတ်နိုင်ဘူး၊ လေယာဉ်မှူးကို ချီးကျူးရတာ ကတော့ ကျွန်မအတွေးမှာ သူဟာ ဆင်းမှ ဖြစ်မယ့်အနေအထားမှာ သူပြန်လှည့်လို့မရနိုင်မှန်း သိလို့ ကွင်းကို တောင်းဆင်းတာဖြစ်လိမ့်မယ်၊ ကွင်းကလည်း ဆင်းခွင့်တော့ပေးမှာမဟုတ်ဘူးလေ၊ နှင်းကျ ပြီး ပိတ်နေရင် ၀ယ်သာမပေးရင် ဆင်းခွင့်ပေးမှာမဟုတ်ဘူး၊ ဒါပေမယ့် နောက်လှည့်ပြန်ဖို့အတွက် သူ့မှာ အခွင့်အရေး မရှိလို့သာ ဆင်းခွင့်တောင်းခဲ့တာဖြစ်ရမယ်၊ ဒီနေရာမှာ 50း50သာအခွင့်အရေး ရှိတာကို လေယာဉ်မှူးက 90း10အခွင့်အရေး ဖြစ်အောင် သူ့ရဲ့ ဆုံးဖြတ်ချက်ကိုချခဲ့တာပါ ၊ လေယာဉ်မှူးမှာသာ သတိမရှိရင် ဘီးနဲ့ဓါတ်အားကြိုးညိပါလာချိန်မှာ သူမှင်သက်ပြီး ဆုံးဖြတ်ချက် မှားခဲ့ရင် အဲဒီနေရာမှာတင် ပေါက်ကွဲမှုဟာ ပြင်းထန်ပြီး တစ်ယောက်မှ ရှင်မှာမဟုတ်ဘူး၊ သူ့မှာ ဓါတ်ကြိုးတွေ သစ်ပင်တွေပါလာတာတောင် မြေပြင်ကို ၀ပ်ဆင်းနိုင်အောင် ပဲ့ကိုင်နိုင်ခဲ့တယ်၊ မြေပေါ် ဒရွတ်တိုက် ၀ပ်ဆင်းခဲ့လို့သာ ပေါက်ကွဲမှုမဖြစ်ခဲ့တာ၊ လူတွေ (70)ကို (လုံးဝ၊ လုံးဝ)မယုံနိုင်အောင် အသက်ရှင်စေခဲ့တာ၊ ကျွန်မ အမြင်က သေးရင်သေးမယ်၊ ဒါပေမယ့် ကျွန်မ ဒီနေ့ အဖြစ်အတွက် ၀မ်းနည်းရသလို၊ လူ(70)အသက်မသေတာကို ၀မ်းသာမိတယ်၊ ဒါကြောင့် လေယာဉ်မှူးကို ချီးကျူးတယ်၊ ဂုဏ်ယူပါတယ်၊ တော်ပါတယ်လို့ပြောချင်ပါတယ်ရှင်၊ မြေပြင်ပေါ်က ဆိုင်ကယ်သမားအတွက် ကတော့ စိတ်မကောင်းဝမ်းနည်းရပါတယ်၊ သူ့ကံကို က လေယာဉ်နဲ့များ သေဖို့ ကံပါသလားနော်၊ လေယာဉ်ကော တစ်ခါလောက်များ စီးဖူးပါရဲ့လားလို့ တွေးမိပါတယ်၊ သူသေရ တာကတော့ မတော်တဆမှုအတွက် ဖြစ်ပျက်သွားတဲ့ ရှောင်လွှဲမရနိုင်တဲ့ ရုတ်တရက်ခံစားသွား ရတာပါ ကောင်းရာသုဂတိလားပါစေလို့ ဆုတောင်းပါတယ်၊ (ဒီနေ့အဖြစ်လေးကို ၀မ်းနည်းလွန်းလို့ ဒီစာလေးကို ရေးတာပါ၊ လေယာဉ်မှူးကိုလည်း လူတိုင်း ချီးကျူးနိုင်ပါစေ အမှန်မြင်ကြည့်ရင် မြေပြင် ရောက်တဲ့အထိ သူဆင်းသက်နိုင်ခဲ့တာ၊ လူ(1)ယောက်ပဲ ဆုံးရှုံးခဲ့တာ ဟာ မြင်တတ်ရင်တော့ ချီးကျူးစရာ ဂုဏ်ယူစရာပါ)

ခင် ခင်
http://www.facebook.com/himawaritgi

ဘာကြောင့်လည်း၊
၁။ လေယာဉ်မူးအမှား၊
၂။ ရာသီဥတုမကောင်းကြောင်း လေယာဉ်ထိမ်းမျှော်စဉ်က ပေးပို့မူအားနည်းချက်၊
၃။ လေယာဉ်ကွင်းရဲ့ရှိသင့်သော facilities မြ­ပည့်စုံမှု

က။ ဒိုင်ခွက်ကြည့် ဆင်းသက်မှု စနစ်မရှိ။
ခ။ မီးသတ်ကားစနစ်ြ­ပည့်စုံမှုမရှိ။
ဂ။ အရေးပေါ် ကယ်ဆယ်ရေးစနစ်ခေတ်မမြှီ­ခင်း။
ဃ။ ရေဒါအထောက်အကူမရြှိ­ခင်း။

င။ လေဆိပ်အတွက်လိုအပ်သောငွေကြေးထောက်ပံ့မှုကိုြ­ဖည့်တင်းပေးရန် အစိုးရ နှင့် လွတ်တော်တို့က နားမလည်ြ­ခင်း။

စ။ အဲပုဂံ တစ်ခုတည်း၏ အြ­ပစ်မဟုတ် အားလုံးတွင်တာဝန်ရှိသည်။

ဆ။လေကြောင်းလိုင်းများ၏ လြုံ­ခုံရေးသည် တိုင်ြး­ပည်၏ အသက်လြုံ­ခုံရေးပင်ြ­ဖစ်သည်ကို အစိုးရ ရော လွတ်တော်ပါနားလည်ရန်လိုသည်။
၎။ြ­ပည်တွင်းလေကြောင်းလိုင်းများမှိုလိုပေါက်နေသောခေတ်တွင်တာဝန်ရှိသူ အစိုးရမင်းများ အတွေးအခေါ် ခေတ်နှင့်အညြီ­ဖစ်ရန်တိုက်တွန်းလိုသည်။
၅။ လေကြောင်းလိုင်းတစ်ခုပေါ်ပေါက်ရုံနှင့် အစိုးရတာဝန်ကြေ­ပီဟုမှတ်ယူတတ်သောသူများဆင်ြ­ခင်ကြပါကုန်။
၆။ MIC မှလေလိုင်းများ ပေါပေါလောလောဖွင့်ခွင့်ပေးနြေ­ခင်းစဉ်းစားသင့်ပြေ­ပီ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s