AirBagan နောက်ဆက်တွဲသတင်း

ဟဲဟိုးမတော်တဆမှုတွင် ကွယ်လွန်ခဲ့သော ခရီးသည်မှာ ပျောက်ဆုံးနေသည့် မနွဲ့လင်းရှိန်(Tour Guide) ဖြစ်ကြောင်း သက်ဆိုင်ရာမှ အတည်ပြုပေးကြောင်း သိရှိရပါသည်။

ခရီးသည်မဟုတ်ဘဲ လမ်းပေါ်မှ ဆိုင်ကယ်စီးနေရင်း ထိခိုက်သေဆုံးသွားသူမှာ ဦးပြားဟု သိရှိရပါသည်။

အဲပုဂံမိသားစုအနေဖြင့် ကျန်ရစ်သူမိသားစုများနှင့်အတူ ထပ်တူထပ်မျှ ဝမ်းနည်းမိပါသည်။ ကောင်းရာမွန်ရာသို့ ရောက်ရှိပါစေကြောင်းကိုလည်း ဆုတောင်းမေတ္တာပို့သလျက် ရှိပါသည်။

ကျန်ခရီးသည်များအနက်မှ စဝ်စံထွန်းဆေးရုံသို့ ၉ ဦးရောက်ရှိနေပါသည်။ ဂ ဦးမှာ မစိုးရိမ်ရသော ဒဏ်ရာရရှိပြီး ၁ ဦးမှာ ၄င်း၏ ခရီးသွားဖော်အတွက် အဖော်လိုက်သွားခြင်းဖြစ်ကြောင်းကိုလည်း သိရှိရပါသည်။ ၄င်းခရီးသည်များကိုလည်း ရန်ကုန်သို့ ပြန်လည် ခေါ်ဆောင်ရန် စီစဉ်ဆောင်ရွက်နေပါသည်။

အဲပုဂံလေကြောင်းလိုင်းအနေဖြင့် လိုအပ်သော တာဝန်ယူမှုအားလုံးကို တာဝန်ယူဖြေရှင်းပေးမည်ဖြစ်ပါကြောင်းကိုလည်း အသိပေးကြေငြာအပ်ပါသည် ဟု Air Bagan ၏ Facebook စာမျက်နှာတွင် ဖော်ပြထားပါသည်။

မတော်တဆမှုဖြစ်ခဲ့သော ဟဲဟိုးခရီးစဉ်မှ ပထမအသုတ် ခရီးသည် ၂၄ ဦးသည် Asian Wings လေကြောင်းဖြင့် ဟဲဟိုးလေဆိပ်မှ ရန်ကုန်မြို့သို့ ပြန်လာနေပြီဖြစ်ပါသည်။

၎င်းခရီးသည်များမှာ အထိတ်တလန့်ဖြစ်ခဲ့ခြင်း၊ အနည်းငယ်ပွန်းပဲ့ဒဏ်ရာ ရရှိခြင်းများ ရှိခဲ့ခြင်းကြောင့် အဲပုဂံလေကြောင်းလိုင်းမှ ၄င်းတို့၏ နေအိမ်နှင့် တည်းခိုရာ ဟိုတယ်များသို့ တိုက်ရိုက်မပြန်စေဘဲ ဝိတိုရိယဆေးရုံကြီးတွင် လိုအပ်သော စစ်ဆေးမှု (Medical Checkup) ပြုလုပ်ပေးရန် စီစဉ်ဆောင်ရွက် ထားရှိပါသည်။ စစ်ဆေးမှုများ ပြုလုပ်ပြီးနောက် ခရီးသည်များ သွားလိုရာသို့ လေကြောင်းလိုင်းမှ လိုက်လံ ပို့ဆောင်ပေးမည် ဖြစ်ပါသည်။

အပေါ်မှာရေးထားတဲ့ သတင်းလေးမြင်ရတော့လည်း ကိုရွှေထူးတစ်ယောက် ဝမ်းမြောက်ဝမ်းသာဖြစ်ရတယ်။ တစ်ကမ္ဘာလုံး လေယာဉ်လိုင်းတွေလည်း အများကြီး လေယာဉ်ပျက်ကျတဲ့ ဖြစ်စဉ်တွေလည်း များပါတယ်။ ခရီးသည်တွေအပေါ်ပေးတဲ့ customer service နဲ့ လူသားချင်းစာနာမှုတွေ မခေါင်းပါးတဲ့ ကိုရွှေထူးတို့  မြန်မာတွေရဲ့ စိတ်ဓါတ်ပါပဲ။ အခက်အခဲတွေ ကြုံလာတဲ့အခါ တစ်ဦးကိုတစ်ဦး အပြစ်မြင်နေတာထက် စည်းလုံးစွာနဲ့ပဲ လက်တွဲဆောင်ရွက်ရမယ်မဟုတ်လား..။ တာဝန်ရှိသူများအပေါ် ကျေးဇူးတင်မိပါတယ်။

64010_466374030066892_1148092621_n

148611_466374086733553_133697307_n

425429_466375596733402_1292834703_n

382884_466374003400228_363189000_n

သတင်းဓါတ်ပုံများကို Eleven Media မှ ကူးယူဖော်ပြသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s