AirBagan Press Release

52127_505995722777918_1242999259_o

75989_482112068493965_186414884_n

307545_482112158493956_1328649979_n

416063_505995702777920_411953552_o

26-12-2012 ရက်နေ့၊ နေ့လည် 4:30 နာရီတွင်၊ ရန်ကုန်မြို့၊ Kandawgyi Palace Hotel၊ Ball Room တွင် အဲပုဂံလေကြောင်းလိုင်းမှ လေယာဉ်မတော်တဆဖြစ်မှုအတွက် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ သတင်းစာရှင်းလင်းပွဲကို Air Bagan မှ တာဝန်ရှိတဲ့ ဦးထူးသက်ထွေး၊ ဦးအောင်ဆန်း၊ ဦးလှိုင်ဘွား၊ ဦးစိုးဝင်း၊ ဒေါ်ခိုင်ဆုနိုင်တို့မှ ဖြစ်စဉ်များ ရှင်းလင်းခြင်း၊ မီဒီယာများမှ မေးမြန်းမှုများ ဖြေကြားခြင်းတို့ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

Air Bagan လေကြောင်းလိုင်းကို စတင်တည်ထောင်ခဲ့တာ ၈ နှစ်ကျော်ကာလ ရောက်ခဲ့ပြီဖြစ်ပါတယ်။ ယခုတစ်ကြိမ် မတော်တဆမှုဟာ အပြင်းထန်ဆုံးဖြစ်ပါတယ်။ နိုင်ငံတကာ လေကြောင်းလိုင်းများမှာလည်း ဒီလိုမတော်တဆမှု ဖြစ်လေ့ဖြစ်ထရှိပေမယ့် အခုလိုကြုံတွေ့ရတဲ့အနေအထားမျိုး မဟုတ်ပါဘူး။ ယခု ကြုံရတဲ့ အနေအထားဟာ အဆိုးများစွာမှ အကောင်းဆုံးသော အနေအထားဖြစ်ပါတယ်။ တာဝန်ရှိ Captain နဲ့ လေယာဉ်ဝန်ထမ်းတွေရဲ့ ကြိုးပမ်းအားထုတ်မှု၊ လေ့ကျင့်တတ်ကျွမ်းမှုတွေကြောင့်သာ အခုလို အကောင်းဆုံး အခြေအနေတွေ ဖန်တီးနိုင်ခြင်းဖြစ်ပါတယ်။

AirBagan လေကြောင်းလိုင်းကို မြန်မာနိုင်ငံသားပိုင် ထူးကုမ္ပဏီများအုပ်စုမှ ပိုင်ဆိုင်ကြောင်း၊ လက်ရှိအခြေအနေတွင် အမေရိကန်နိုင်ငံမှ စီးပွားရေးပိတ်ဆို့ထားမှုများ ကြုံတွေ့နေရကြောင်းလည်း သိရှိရပါတယ်။ ပြည်တွင်း လေကြောင်းလိုင်းများအနက် အင်အား အကြီးဆုံးနဲ့ Tourism Industry မှာ လက်ရှိ Market Share အများဆုံးရယူထားတဲ့ ခရီးသည်တွေအားထားရာ လေကြောင်းလိုင်းအဖြစ် ရပ်တည်ခဲ့ပါတယ်။ အမေရိကန်ရဲ့ စီးပွားရေး ပိတ်ဆို့ထားမှုကြောင့် လေယာဉ်အပိုပစ္စည်းတွေ ဝယ်ရခက်ခဲခြင်း၊ လေယာဉ် ထိန်းသိမ်းပြုပြင်ခြင်းဆိုင်ရာ သဘောတူစာချုပ်တွေ ရေးထိုးရာမှာ အခက်အခဲရှိခြင်းတွေ ဖြစ်လာနိုင်ပါတယ်။

အမေရိကန်နိုင်ငံရဲ့ စီးပွားရေး ပိတ်ဆို့အရေးယူမှုက သက်ဆိုင်ရာလူအပေါ်ထက် တခြားသော ပြည်သူလူထုနဲ့ ဝန်ထမ်းတွေကို ထိခိုက်မှုဖြစ်စေခဲ့ပါတယ်။ အခုလေယာဉ်ပေါ်မှာ အမေရိကန်နိုင်ငံသား ၂ ဦး ပါဝင်ခဲ့ကြောင်း သိရှိရပြီး သံရုံးရဲ့တောင်းဆိုချက်အရ ဘန်ကောက်မြို့ကို ချက်ခြင်းပို့ဆောင်ပေးရပါတယ်။ AirBagan လေကြောင်းလိုင်းရဲ့ MD ဦးထူးသက်ထွေးက AirBagan အနေနဲ့ ဖြစ်ခဲ့တဲ့ ကိစ္စတွေအပေါ်မှာ အနူးအညွတ် တောင်းပန်တဲ့အပြင် လိုအပ်တဲ့ ကိစ္စအဝဝကိုလည်း အဆုံးစွန်ထိ တာဝန်ယူ ဆောင်ရွက်ပေးသွားမယ်ဆိုတဲ့ စကားဆိုခဲ့ပါတယ်။ အခက်အခဲတွေကြား ရုန်းကန်ရင်း နိုင်ငံတကာ လေကြောင်းလိုင်းတွေနဲ့ ယှဉ်ရင်း ကြိုးစားနေတဲ့ မြန်မာနိုင်ငံသားပိုင် လေကြောင်းလိုင်းကို ဘာလို့များ လက်ညှိုးထိုး အပြစ်ဖို့ချင်နေတယ်ဆိုတာ မစဉ်းစားတတ်အောင် ဖြစ်ရပါတယ်။

မြန်မာနိုင်ငံသားတွေပီပီ မြန်မာအချင်းချင်း ရိုင်းပင်းချင်စိတ် နည်းပါးနေတဲ့အတွက်၊ စာနာစိတ်ခေါင်းပါးတဲ့ လူတွေ တဖြည်းဖြည်းများလာတဲ့အပြင်၊ ရေနစ်သူဝါးကူထိုး၊ လှေနံဓါးထစ်လို့ မည်းမည်းမြင် ဆဲဖို့ပြင်နေတဲ့ သူတွေကြားထဲ မြန်မာ့အနာဂါတ်ကာလက ဘယ်လိုနည်းနဲ့မှ လှနိုင်မယ် မထင်ပါဘူး။ ကျွန်တော်တို့ မြန်မာတွေ ကြိုးစား နိုးကြားတာ တလွဲဆံပင်ကောင်းတဲ့ နေရာမှာလားလို့ မေးရမလိုဖြစ်နေပါတယ်။ ဆင်ခြင် သုံးသပ် ကြည့်ကြစေချင်ပါတယ်။

ဒီလိုတွေပြောလို့ ဆဲချင်တဲ့သူတွေလည်း ရှိကောင်းရှိမယ်လို့ ယုံကြည်ထားပြီးသားပါ။ ဆဲလိုကလည်း ဆဲနိုင်ပါတယ်။ နိုင်ငံတစ်နိုင်ငံမှာရှိတဲ့ နိုင်ငံသားက မကောင်းစားရင် တခြားနိုင်ငံသားတွေက ကိုယ့်လူမျိုး ကိုယ့်တိုင်းပြည်အတွက် လုပ်မယ့်သူတွေမှမဟုတ်တာ။ အမေရိကန်ပဲဆိုဆို တရုတ်ပဲပြောပြော မြန်မာတွေ ချမ်းသာတာ မြန်မာတွေအတွက်ဆိုတဲ့စိတ် ကျွန်တော်တို့မမြင်ကြတော့ဘူးလား။

သုခ

ကိုရွှေထူးထံ ပေးပို့လာတဲ့ ဆောင်းပါးကို ဖော်ပြပေးခြင်းပါ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s