တိုတိုထွာထွာ သတင်းများ

news

(1) မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥပဒေကြမ်းတွင် ပြုပြင်ပယ်ဖျက်သင့်သည့် အချက်များ အများအပြားရှိနေ

မြန်မာနိုင်ငံတော် ဗဟိုဘဏ်အား ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဋ္ဌာနလက်အောက်မှ သီးခြားလွတ်လပ်သော အဖွဲ့အစည်းအဖြစ် ထားရှိနိုင်မည့် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥပဒေကြမ်းအား နိုဝင်ဘာလ ၃ ရက်နေ့က ထုတ်ပြန်ခဲ့ပြီး အဆိုပါ ဥပဒေကြမ်းတွင် ပါဝင်နေသည့် အချက်များမှာ သီးခြားလွတ်လပ်စွာ ရပ်တည်နိုင်မည်ဆိုသည့် ဗဟိုဘဏ်၏ ရပ်တည်မှုအား ထိခိုက်စေနိုင်ကြောင်း ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီမှ ဥက္ကဋ္ဌ ဦးအောင်သောင်းက ပြောပါသည်။

အဆိုပါ ပြောကြားချက်အား ဘဏ်များနှင့် ငွေကြေးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေး ကော်မတီနှင့် မြန်မာနိုင်ငံ ဘဏ်လုပ်ငန်းရှင်များအသင်းတို့ ဒီဇင်ဘာလ ၃ ရက်နေ့တွင် တတိယအကြိမ်မြောက် တွေ့ဆုံခဲ့သည့် ဘဏ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

(2) နိုင်ငံအတွက် မိမိလုပ်ပေးလိုသည်များ လုပ်ဆောင်နိုင်ရန် သမ္မတလုပ်လိုကြောင်းနှင့် နိုင်ငံရေးအာဏာ ရလိုသည်ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကော့သောင်း-မြိတ် ခရီးစဉ်အတွင်း ပြောကြား

နိုင်ငံအတွက် မိမိလုပ်ပေးလိုသည်များ လုပ်ပေးနိုင်ရန်အတွက် သမ္မတလုပ်လိုကြောင်းနှင့် နိုင်ငံ့အာဏာ ရယူချင်သည်ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဒီဇင်ဘာလ ၂၃ ရက်နေ့က ပြောကြားခဲ့ပါသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ဒီဇင်ဘာ ၂၂ ရက်နှင့် ၂၃ ရက်တို့တွင် တနင်္သာရီတိုင်းဒေသကြီး အတွင်းရှိ မြိတ်- ကော့သောင်း-ကံမော်-ကျွန်းစု ခရီးစဉ်အတွင်း ပြည်သူလူထုနှင့် တွေ့ဆုံပွဲ၌ မိန့်ခွန်းပြောကြားမှုများ ပြုလုပ်ခဲ့စဉ် ကျွန်းစု၌ ထိုသို့ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။

http://www.news-eleven.com/index.php?option=com_content&view=article&id=16981:2012-12-23-18-23-46&catid=42:2009-11-10-07-36-59&Itemid=112

(3) တရုတ်နှင့်ဖက်စပ်လုပ်ကိုင်သည့် ရွှေလီရေအားလျှပ်စစ်မှ ရေမြေခွန်အဖြစ် ထုတ်လုပ်သည့် လျှပ်စစ်ဓာတ်အားပမာဏ၏ ၁၅ ရာခိုင်နှုန်းအသုံးပြုခွင့်ရရှိ ပြည်တွင်းလိုအပ်ချက်အတွက် ပြန်လည်ဝယ်ယူသည့်အခါ တစ်ယူနစ်လျှင် ၀ ဒသမ ၁၈၉ ယွမ် (ဒေါ်လာ ၀ ဒသမ ၀၂၉၉၈) ဈေးနှုန်းပေးကာ ပြန်လည်ဝယ်ယူရ

တရုတ်နိုင်ငံနှင့် ပူးပေါင်းလုပ်ကိုင်သည့် ရွှေလီရေအားလျှပ်စစ်မှ ရေမြေခွန်အဖြစ် ထုတ်လုပ်သည့် လျှပ်စစ်ဓာတ်အားပမာဏ၏ ၁၅ ရာခိုင်နှုန်း အသုံးပြုခွင့်ရရှိသော်လည်း ရွှေလီရေအားလျှပ်စစ်မှ ထုတ်လုပ်သည့် လျှပ်စစ်ဓာတ်အားကို ပြည်တွင်းလိုအပ်ချက်အတွက် ပြန်လည်ဝယ်ယူသည့်အခါ ၁ ယူနစ်လျှင် တရုတ်ယွမ်ငွေ ၀ ဒသမ ၁၈၉ ယွမ် (၀ ဒသမ ၀၂၉၉၈ အမေရိကန်ဒေါ်လာ) ဈေးနှုန်းပေးကာ ပြန်လည်ဝယ်ယူရကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရေအားလျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းက ပြောကြားခဲ့သည်။

http://www.news-eleven.com/index.php?option=com_content&view=article&id=16960:2012-12-23-03-42-42&catid=42:2009-11-10-07-36-59&Itemid=112

(4) ဒေါ်လာအတု ၄ သိန်းခွဲ သယ်ဆောင်လာသည်ဟုဆိုသော မြန်မာတဦး မဲဆောက်တွင် ဖမ်းမိ

ကိုမောင်ဦးလှိုင် ဆိုသူကို ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့တွင် ဒေါ်လာအတု ၄ သိန်းခွဲ၊ လိုင်စင်မဲ့ကားတစီး၊ ကားနံပတ်များနှင့်အတူ ဖမ်းဆီးရမိသည်ဟု ထိုင်းရဲတပ်ဖွဲ့က ပြောသည်။

မဲဆောက်မြို့ ကမ်းနားပိုင်း ထာ့အာရွာရှိ ဂျပန်တပတ်ရစ်ကားများရောင်းချသည့် ဂိတ်တွင် ကိုမောင်ဦးလှိုင်သည် စနေနေ့က ကားဝင်းလုံခြုံရေးဝန်ထမ်းများနှင့် အချင်းများခဲ့ကြောင်း၊ ထိုင်းနယ်ခြားစောင့်ရဲတို့ သွားရောက် စစ်ဆေးရာမှ တရားမ၀င်ပစ္စည်းများ တွေ့ရှိပြီး အရေးယူခဲ့ခြင်းဖြစ်ကြောင်း၊ နောက်တနေ့တွင် ထိုကားကို အသေးစိတ် ရှာဖွေစစ်ဆေးရာ ဒေါ်လာအတုများ စစ်ဆေး တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း မဲဆောက်ရဲစခန်းမှ ရဲမှူးကြီးတဦးက ဒေသခံသတင်းထောက်များကို ပြောကြားသည်။

http://blog.irrawaddy.org/2012/12/blog-post_9433.html

(5) တဦးချင်း သွင်းကုန် ထုတ်ကုန် လိုင်စင်ကတ်များ စတင်ထုတ်ပေးလျှက်ရှိ

နယ်စပ် ကုန်သွယ်ရေး ဇုန်များတွင် ဒေသခံ ကုန်သည်ငယ်များနှင့် လုပ်ငန်းရှင်များ အတွက် တဦးချင်း အနည်းဆုံး သိန်း ၅၀ အထိ တင်ပို့၊ တင်သွင်းခွင့် ရှိသည့် သွင်းကုန် ထုတ်ကုန် လိုင်စင်ကတ်များကို ဒီဇင်ဘာ ၁ ရက်နေ့မှ စ၍ ထုတ်ပေးလျှက် ရှိကြောင်း သိရသည်။

“ကျနော်တို့ဆီ ရောက်လာတဲ့ သွင်းကုန်ပစ္စည်း အားလုံး တရားဝင်လိုင်စင်နဲ့ သတ်မှတ်ထားတဲ့အခွန် ပေးဆောင်ပြီး သွားနေတယ်။ ဒေသ အနေအထား အရ လမ်းကြောင်း အသီးသီးကနေ သွားနေတာကိုတော့ မထိန်းချုပ်နိုင်ဘူး” ဟု မြ၀တီနယ် စပ်ကုန်သွယ်ရေး ဇုန်မှ ညွှန်ကြားရေးမှူး ဗိုလ်မှူးကြီး ရန်နိုင်ထွန်းက ဧရာဝတီသို့ ပြောသည်။

နိုင်ငံတော်က လိုင်စင်အပိုင်း၊ ကုန်ပစ္စည်းအပိုင်း များနှင့် ပတ်သက်၍ ဖြေလျှော့ပေးမှုများ ရှိသော်လည်း ကုမ္ပဏီ လုပ်ငန်းရှင် တချို့သည် အခွန်ရှောင်ရန် တရားမ၀င် လမ်းကြောင်း အမျိုးမျိုးမှ ကွင်းရှောင် သယ်ပို့နေကြောင်း၊ သွင်းကုန်များတွင် စက်သုံးဆီ အများဆုံး ဖြစ်ပြီး အရက်၊ ဘီယာနှင့် ဆေးလိပ်များ ပါဝင်ကြောင်း၊ ယင်းကုန်ပစ္စည်းများကို စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာန (စီးပွား/ ကူးသန်း) က တရားဝင် ခွင့်ပြုသွားရန်ရှိကြောင်း ၎င်းက ရှင်းပြသည်။

http://burma.irrawaddy.org/archives/28831

 (6) ဓာတ်အားသုံးခ နှုန်းထားများကို အိမ်နီးချင်းနိုင်ငံများ နည်းတူ သင့်တင့်သည့် ဈေးနှုန်းသို့ပြောင်းလဲ ကောက်ခံသွားရန် စီစဉ်နေ

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် လာမည့် ၂၀၁၃ ခုနှစ်တွင် လျှပ်စစ်စွမ်း အားဖြန့်ဖြူးရန်
ပြန်လည်ဝယ်ယူရသည့် ကမ်းလွန်သဘာဝဓာတ်ငွေ့ဈေးနှုန်း မြင့်မားလာမှုကြောင့် ကြုံတွေ့ရ
မည့် အရှုံးကိုကာမိရန်အတွက် ဓာတ်အား ကောက်ခံခနှုန်းထားများကို အိမ်နီးချင်း နိုင်ငံများ
တွင် ကောက်ခံသည့် နည်းစနစ် အတိုင်း ကောက်ခံကျင့်သုံးရန် ဒီဇင်ဘာ လ ၁၆ ရက်နေ့တွင်
အလုံမြို့နယ်ရှိ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် မြန်မာ့
လျှပ်စစ်ဓာတ်အားလုပ်ငန်းမှ ညွှန်ကြား ရေးမှူးဒေါ်အေးအေးမွန်က ပြောသည်။

http://www.myanmar.mmtimes.com/index.php/business/2735-2012-12-19-06-13-21.html

(7) လက်ပံတောင်း ကနဦးအစီရင်ခံစာ ၂ ပတ်အတွင်း ထွက်မည်

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်အတွင်းရှိ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကို အကဲဖြတ်နိုင်ရန်နှင့် လူမှုဘဝ အကျိုးသက်ရောက်မှုကို အကဲဖြတ်နိုင်ရန်အတွက် မြန်မာ့ပတ်ဝန်ကျင်သိပ္ပံကို တာဝန်ပေးထားကြောင်း၊ ဂေဟဗဒစနစ် ကျွမ်းကျင်သူ၊ ကျန်းမာရေး၊ လုံခြုံရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာ အတိုင်ပင်ခံ၊ မြေလွှာနှင့် ရေဆိုင်ရာ ကျွမ်းကျင်သူ၊ လေထု စံညွှန်းဆိုင်ရာ ကျွမ်းကျင်သူ၊ ယဉ်ကျေးမှု အလေ့အထဆိုင်ရာ ကျွမ်းကျင်သူ စသည့် ပညာရှင် ၁၂ ဦးဖြင့် လုပ်ငန်းများ ဖွဲ့စည်းဆောင်ရွက်နေကြောင်း၊ အဆိုပါအဖွဲ့က ကနဦးအစီရင်ခံစာကို ၂ ပတ်အတွင်း စုံစမ်းစစ်ဆေးရေး ကော်မရှင်သို့ တင်ပြမည်ဖြစ်ကြောင်း ယမန်နေ့က သတင်းထုတ်ပြန်ထားသည်။

http://burma.irrawaddy.org/archives/29137#.UNvDf5liP9E.facebook

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s