တိုတိုထွာထွာ သတင်းများ

news_1

(1) ဝမ်ပေါင်ရဲ့ မိခင်ကုမ္ပဏီ အကြီးအကဲနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ တွေ့ဆုံ

လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းကို ဆောင်ရွက်နေတဲ့ တရုတ် အခြေစိုက် ဝမ်ပေါင် ကုမ္ပဏီရဲ့ မိခင် ကုမ္ပဏ ရဲ့ အကြီးအကဲနဲ့ မြန်မာဘက်က လွှတ်တော် ကိုယ်စားလှယ်တွေ တွေ့ဆုံ ခဲ့ပါတယ်။ ဝမ်ပေါင်ကုမ္ပဏရဲ့ မိခင် ကုမ္ပဏီကြီး ဖြစ်တဲ့ နော်ရင်ကို ကော်ပိုရေးရှင်း China North Industries Corporation ရဲ့ ဥက္ကဌ မစ္စတာ ဂျန် ဂွာကျင်း နဲ့ –

See more,

http://www.thithtoolwin.net/2012/12/bbc-12-27-12.html

(2) ဂျပန် ဟီတာချီကုမ္ပဏီ မြန်မာရွိုင်ရယ်နေနန်းတော်အုပ်စုနှင့် အကျိုးတူပူးပေါင်းပြီး မြန်မာသယ်ယူပို့ဆောင်ရေး ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမည်

ဂျပန်နိုင်ငံအခြေစိုက် ဟီတာချီကုမ္ပဏီ (Hitachi Transport System Ltd) သည် မြန်မာကုမ္ပဏီတစ်ခုဖြစ်သည့် ရွိုင်ရယ်နေနန်းတော်အုပ်စုနှင့် အကျိုးတူပူးပေါင်းပြီး မြန်မာသယ်ယူပို့ဆောင်ရေး ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း နိုင်ငံတကာသတင်းများတွင် ဖော်ပြပါရှိသည်။

ဟီတာချီ သယ်ယူပို့ဆောင်ရေးလုပ်ငန်းကို Nisshin Transportation Co. ကပိုင်ဆိုင်ပြီး မြန်မာကုမ္ပဏီ ရွိုင်ရယ်နေနန်းတော် ကုမ္ပဏီနှင့် ဂျပန်ကုမ္ပဏီ AlS Co. တို့ အကျိုးတူ ဖက်စပ်ကုမ္ပဏီတစ်ခု တည်ထောင်သွားမည် ဖြစ်သည်။ ထိုကုမ္ပဏီတွင် Nisshin က အစုရှယ်ယာ ၅၅ ရာခိုင်နှုန်း၊ ရွိုင်ရယ်နေနန်းတော်က အစုရှယ်ယာ ၄၀ ရာခိုင်နှုန်းနှင့် AIS က အစုရှယ်ယာ ၅ ရာခိုင်နှုန်း ထည့်ဝင်သွားမည် ဖြစ်သည်။ See more,

http://news-eleven.com/index.php?option=com_content&view=article&id=17016:2012-12-26-05-01-14&catid=99:2011-04-10-07-08-41&Itemid=174

(3) ၂၀၁၃ ခုနှစ်တွင် အမေရိကန်-မြန်မာ နှစ်ဖက်ကုန်သွယ်မှု ချောမွေ့စွာ ဆောင်ရွက်သွားနိုင်မည်ဟု ခန့်မှန်းထားပြီး အမေရိကန်ကလည်း မျိုးဗီဇနည်းဖြင့် ပြုပြင်ထားသည့် စိုက်ပျိုးရေး ထွက်ကုန်များ၊ အေးခဲအသားများနှင့် အဖျော်ယမကာများကို မြန်မာနိုင်ငံသို့ တင်သွင်းရန် စိတ်ဝင်စား

လာမည့် ၂၀၁၃ ခုနှစ်တွင် အမေရိကန်-မြန်မာနှစ်ဖက် ကုန်သွယ်မှုလုပ်ငန်းများ ချောမွေ့စွာ ဆောင်ရွက်သွားနိုင်မည်ဟု ခန့်မှန်းထားပြီး အမေရိကန်ကလည်း မျိုးဗီဇနည်းဖြင့် ပြုပြင်ထားသော စိုက်ပျိုးရေး ထွက်ကုန်များ၊ အေးခဲအသားများနှင့် အဖျော်ယမကာများကို မြန်မာနိုင်ငံသို့ တင်သွင်းရန် စိတ်ဝင်စားမှုရှိကြောင်း သိရသည်။

http://news-eleven.com/index.php?option=com_content&view=article&id=17012:2012-12-26-04-36-32&catid=99:2011-04-10-07-08-41&Itemid=174

(4) ရန်ကုန်မြို့၌ နိုင်ငံတကာအဆင့်မီ ဟိုတယ်ပါဝင်သော စီးပွားရေး အဆောက်အအုံ စီမံကိန်းအား ဗီယက်နမ်နိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၃၀၀ ဖြင့် ရာနှုန်းပြည့် ရင်းနှီးမြှုပ်နှံမည်ဖြစ်ပြီး ၂၀၁၇ ခုနှစ်တွင် အပြီးတည်ဆောက်မည်

နိုင်ငံတကာအဆင့်မီ ဟိုတယ်ပါဝင်မည့် စီးပွားရေးအဆောက်အအုံ စီမံကိန်းအား ဗီယက်နမ်နိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၃၀၀ ဖြင့် ရာနှုန်းပြည့် ရင်းနှီးမြှုပ်နှံမည်ဖြစ်ပြီး လာမည့် ၂၀၁၇ ခုနှစ်တွင် အပြီး တည်ဆောက်မည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

Hoanh Anh Gia Lai Myanmar Centre တွင် နိုင်ငံတကာ အဆင့်မီ ဟိုတယ်အိပ်ခန်း ၄၁၄ ခန်း၊ အစည်းအဝေးခန်းများနှင့် အခြားအထောက်အကူပြု လုပ်ငန်းများ၊ စီးပွားရေး ဗဟိုဌာနတွင် ဈေးဆိုင်ကြီးများ၊ အရောင်းဆိုင်များ၊ စားသောက်ဆိုင်များနှင့် အပန်းဖြေနေရာများ၊ ရုံးခန်းအဆောက်အဦများ၊ အဆင့်မြင့် လူနေတိုက်ခန်းများ ပါဝင်မည်ဖြစ်သည်။ See more,

http://news-eleven.com/index.php?option=com_content&view=article&id=16945:2012-12-21-16-35-12&catid=99:2011-04-10-07-08-41&Itemid=174

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s