တိုတိုထွာထွာ သတင်းများ

“အဲပုဂံလေယာဉ်ပျက်ကျမှု၌ သေဆုံးသွားသူနှစ်ဦးအတွက် မြန်မာအာမခံ လျှော်ကြေးပေးမည်”
အဲပုဂံလေယာဉ်ပျက်ကျမှုတွင် သေဆုံးသွားခဲ့သော ဧည့်လမ်းညွှန် မနွယ် လင်းရှိန်နှင့် ဦးပြားတို့အတွက် စင်္ကာပူအခြေစိုက် ပန်နရယ်လ် ဇင် လေကြောင်းအာမခံကုမ္ပဏီမှ လျှော်ကြေးများပေးအပ်သွားရန် ရှိသည့်အပြင် မြန်မာ့အာမခံလုပ်ငန်းမှလည်း သေဆုံးသူနှစ်ဦးအတွက် ခရီးသွားအာမခံနှင့် သူတစ်ပါး ထိခိုက်မှုအာမခံလျော်ကြေးငွေများ ပေး အပ်သွားရန် စီစဉ်လျက်ရှိ…ကြောင်း မြန်မာ့အာမခံလုပ်ငန်းမှ ဦးဆောင် ညွှန်ကြားရေးမှူး ဦးအေးမင်းသိန်းက ပြောသည်။ See more,
http://www.facebook.com/photo.php?fbid=583940901621709&set=a.362239160458552.107216.287336421282160&type=1

အမေရိကန် ဘဏ္ဍာရေး အကျပ်အတည်း

အမေရိကန် ပြည်ထောင်စုမှာ fiscal cliff လို့ လူသိများနေတဲ့ ဘီလီယံ ရာနဲ့ချီပြီး အသုံးစရိတ် ဖြတ်တောက်ကာ အခွန်တိုးမြှင့် ကောက်ခံမယ့် အစီအစဉ်ကို ရှောင်ရှားနိုင်မယ့် နည်းလမ်းတခု ရဖို့ မျှော်လင့်ချက်ဟာ ဒီမိုကရက်တစ် ခေါင်းဆောင် Harry Reid စကားကြောင့် မှေးမှိန်သွားခဲ့ ရပါပြီ။

See more,
http://www.thithtoolwin.net/2012/12/bbc-12-28-12-2.html

၂၀၁၃ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ စတင်၍ လွတ်လပ်သော ပုဂ္ဂလိကပိုင်နေ့စဉ်သတင်းစာများအား ထုတ်ဝေခွင့်ပြုပေးသွားမည်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ သက်တမ်း(၂)နှစ် ပြည့်မြောက်သည့် ၂၀၁၃ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ စတင်၍ လွတ်လပ်သော ပုဂ္ဂလိကပိုင်နေ့စဉ်သတင်းစာများအား ထုတ်ဝေခွင့်ပြုပေးသွားမည် ဖြစ်ကြောင်း၊ ထိုသို့ခွင့်ပြုရာတွင် မြန်မာနိုင်ငံသား တစ်ဦးတည်းပိုင် (သို့မဟုတ်) အဖွဲ့အစည်းပိုင်အနေဖြင့် လျှောက်ထားခွင့် ရ…ှိပါကြောင်း၊ လျှောက်ထားသူသည် နေ့စဉ်သတင်းစာများ ထုတ်ဝေရာတွင် နေရာ၊ ဒေသအလိုက် ထုတ်ဝေလိုခြင်း (သို့မဟုတ်) တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ထုတ်ဝေလိုခြင်းတို့ကို ဖော်ပြရမည်ဖြစ်ကြောင်း၊ ဘာသာစကားအနေဖြင့် တိုင်းရင်းသား ဘာသာစကား တစ်မျိုးမျိုးဖြင့်ဖြစ်စေ၊ နိုင်ငံခြားသား ဘာသာစကား တစ်မျိုးမျိုးဖြင့်ဖြစ်စေ ထုတ်ဝေခွင့် လျှောက်ထားနိုင်ပါကြောင်း၊ ထုတ်ဝေခွင့် လျှောက်လွှာများအား ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စတင်၍ ဦးဆောင်ညွှန်ကြားရေးမှူး၊ ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေး လုပ်ငန်း၊ ပြန်ကြားရေးဝန်ကြီးဌာနထံသို့ လိပ်မူလျှောက်ထားနိုင်ကြောင်း ကြေညာအပ်ပါကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ၎င်း၏၀က်ဘ်ဆိုက်မှတစ်ဆင့် ထုတ်ပြန်ကြေညာခဲ့သည်။ See more,

ဝန်ထမ်းသက်သာအတွက်ထုတ်လုပ်သော ကြေးနီ ၅၃ ဒသမ ၄၃၃ တန်အား အကျိုးခံစားခွင့်ရရှိ စေရန် ဆက်လက်တောင်းဆိုသွားမည်ဟု သတင်းများထွက်ပေါ်

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ဆားလင်းကြီးမြို့နယ်အတွင်းရှိ စပယ်တောင်နှင့် ကြေးစင်တောင် မိုင်းလုပ်ငန်းတွင် တာဝန်ထမ်းဆောင်လျက်ရှိသော မိုင်းလုပ်သားကြီးများက ၀န်ထမ်းသက်သာအတွက်ထုတ်လုပ် သော ကတ်သုတ် ကြေးနီတန်ချိန် ၅၃ ဒသမ ၄၃၃ တန်အား အကျိုးခံစားခွင့်ရရှိစေရန် ဆက်လက်၍ …တောင်းဆို သွားမည်ဟု ယခုလ (၁၆) ရက်နေ့က ကျင်းပပြုလုပ်သော ကြေးနီသတ္တုတွင်း အခြေခံအလုပ်သမားများ အဖွဲ့အစည်း၏ ဒုတိယအကြိမ် စုံညီအစည်းအဝေး အပြီးတွင် ယင်းကဲသို့ သတင်းများထွက်ပေါ်လာရခြင်းဖြစ် ကြောင်း မိုင်းလုပ်သားကြီး တစ်ဦးက ပြောကြားသည်။
See more,

http://www.facebook.com/pages/%E1%80%B1%E1%80%81%E1%80%90%E1%80%B9%E1%80%9E%E1%80%90%E1%80%84%E1%80%B9%E1%80%B8/298847513505481#!/photo.php?fbid=462215333835364&set=a.320116471378585.80564.298847513505481&type=1&theater

ကျင့်ဝတ်နဲ့ညီတဲ့ ရင်းနှီးမြုပ်နှံမှုဖြစ်ဖို့ သမ္မတ ညွှန်ကြား

နိုင်ငံခြားရင်းနှီးမြုပ်နှံမှုလုပ်ငန်းတွေမှာ အထူးသဖြင့် နိုင်ငံတွင်းက သဘာဝတွင်းထွက် သယံဇာတတွေ တူးဖော်ထုတ်လုပ်ရေး လုပ်ငန်းတွေမှာ ပွင့်လင်းမြင်သာမှုရှိပြီးတော့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အာမခံချက်တွေကို နိုင်ငံတကာ အဆင့်မှီအောင် ဆောင်ရွက်ဖို့ သမ္မတဦးသိန်းစိန်က လမ်းညွှန်ထားပါတယ် လို့ နိုင်ငံတော်သမ္မတရုံးက ပြောပါတယ်။  See more,
အစိုးရတပ် လေကြောင်းတိုက်ခိုက်မှုများ လုပ်လာနေပြီဟုဆို

Friday, December 28, 2012

သောကြာနေ့နံနက် အစိုးရတပ်က ထိုးစစ်ဆင်မှုတွင် တိုက်လေယာဉ်
များပင် အသုံးပြုတိုက်ခိုက်နေကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့ KIO ၏ ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က ပြောသည်။

“လေယာဉ် လေးစီးနဲ့ လဂျားယန်မှာ ပစ်နေတုန်းပဲ။ မနက် ၉ နာရီ ပတ်ဝန်းကျင်ကနေ တိုက်လေယဉ်နဲ့ ပစ်တယ်။ ခါတိုင်းတော့ စစ်ရဟတ်ယဉ်ပေါ့။ ဒီတခေါက်က တိုက်လေယာဉ်ပါတယ်။ သူတို့ ပျံသန်းမှုကတော့ တရုတ်ပြည်ဘက်ဝင်ပြီးတော့ လှည့်ပတ်ပျံလာပြီး ပစ်ခတ်တာမျိုးတွေ့ မြင်ရတယ်” ဟု ဦးလနန်က တယ်လီဖုန်းမှတစ်ဆင့် မဇ္စျိမကို ပြောသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s