တိုတိုထွာထွာသတင်းများ

news_1

(1) အင်တာနက်တွင် ဖော်ပြနေသည့် ဒေါက်တာ ဆိတ်ဖွား၏ ဆောင်းပါးနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေး အရေးယူ ဆောင်ရွက်နိုင်ရန် ပြည်ထောင်စု လွှတ်တော်၌ အရေးကြီး အဆိုတင်သွင်း

အင်တာနက်တွင် ဖော်ပြနေသည့် ဒေါက်တာ ဆိတ်ဖွား၏ ဆောင်းပါးနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေး အရေးယူ ဆောင်ရွက်နိုင်ရန် အရေးကြီး အဆိုတစ်ရပ်ကို ကမာရွတ် မြို့နယ် မဲဆန္ဒနယ်မှ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ စိုးရင်က ပြည်ထောင်စု လွှတ်တော်သို့ ဇန်န၀ါရီလ ၁၇ ရက်နေ့တွင် တင်သွင်းခဲ့ကြောင်း သိရသည်။

အရေးကြီးအဆိုမှာ အင်တာနက်တွင် ဖော်ပြနေသည့် Above The Law (ဥပဒေ အထက်မှာ လွှတ်တော် ရှိနေသလား) ခေါင်းစဉ်ပါ ဒေါက်တာ ဆိတ်ဖွား၏ ဆောင်းပါးနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးပြီး အရေးယူ ဆောင်ရွက်နိုင်ရန် ပြည်ထောင်စု လွှတ်တော်မှ ကော်မရှင်ဖွဲ့ပြီး ဆောင်ရွက်ပေးပါရန် ဒေါက်တာစိုးရင်က တင်သွင်းခဲ့ခြင်း ဖြစ်ပါသည်။ See more,

http://www.first-11.com/index.php?option=com_content&view=article&id=17400:2013-01-17-07-42-37&catid=42:2009-11-10-07-36-59&Itemid=11

(2) Samsung စက်ရုံ တည်ထောင်မည် မဟုတ် ဟု DICA ငြင်းဆို

ကမ္ဘာကျော် အီလက်ထရောနစ် ကုမ္ပဏီကြီး Samsung သည် ပြည်တွင်း ၌ စက်ရုံ တည်ထောင်၍ ထုတ်ကုန်များ ထုတ်လုပ် သွားမည် ဆိုသည်မှာ မဟုတ် မှန်ကြောင်း ရင်းနှီး မြှုပ်နှံမှု နှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန (DICA) ဒုတိယ ညွှန်ကြားရေးမှူး ဦးဝင်းတင်က The Voice Weekly သို့ ပြောကြားသည်။
“လက်ရှိ အချိန် အထိ ကျွန်တော်တို့ ဆီမှာ လာတင် ထားတာ မရှိသေး ပါဘူး။ ဆွေးနွေးတာ မျိုးလည်း မရှိသေး ပါဘူး” ဟု ၎င်းက ရှင်းပြသည်။

See more,

http://www.facebook.com/thevoiceweekly/posts/520259701327627

(3) ကုန်းတွင်းလုပ်ကွက် ၁၈ ကွက်၌ ထုတ်လုပ်မှုအပေါ် အကျိုးတူ ခွဲဝေခံစားရေး စာချုပ်ဖြင့် ရေနံရှာဖွေတူးဖော်ရန် နိုင်ငံခြားကုမ္ပဏီများအား တင်ဒါခေါ်ယူ

မြန်မာ့ကုန်းတွင်း လုပ်ကွက် ၁၈ ကွက်၌ ပြည်တွင်းလုပ်ငန်းရှင်များနှင့် ပူးတွဲကာ ရေနံရှာဖွေ တူးဖော်ရေး လုပ်ငန်းများ လုပ်ကိုင်ရန်အတွက် နိုင်ငံခြားကုမ္ပဏီများအား ဇန်န၀ါရီလ ၁၇ရက်၊ ရက်စွဲဖြင့် တင်ဒါခေါ်ယူလိုက်ပြီဖြစ်ကြောင်း စွမ်းအင်ဝန်ကြီး ဌာနမှ သိရှိရသည်။

အဆိုပါ ကုန်းတွင်းလုပ်ကွက် ၁၈ကွက်မှာ (၁) PSC B2 (ဇီးဖြူတောင်)၊(၂) PSC C1 (အင်းတော်)၊ (၃) PSCH (တောင်ငူ)၊(၄)PSC J (မော်လမြိုင်)၊(၅)PSC K (ရမည်းသင်း)၊(၆)PSC M(ကျောက်ဖြူ)၊ (၇)PSC O (ပုသိမ်)၊ (၈)EP 1 (ကျောက်ကြီး-မင်းတုန်း)၊(၉) EP 3 (သဲကုန်း-ရွှေဂူ)၊(၁၀) EP 4 (မရမ်း)၊(၁၁) RSF 5 (အုန်းတွဲ)၊ (၁၂) IOR 3 (တပ်မ)၊ (၁၃) IOR 4 (ပြည်)၊(၁၄) IOR 5 (ထန်းတပင်)၊ (၁၅) IOR 6 (မြန်အောင်)၊(၁၆) IOR 7 (ရွှေပြည်သာ)၊(၁၇) MOGE 3 (ပိတောက်ပင်)၊(၁၈) MOGE 4 (မြင်သာ)တို့ ဖြစ်ကြောင်းလည်း စွမ်းအင်ဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များအရ သိရှိရသည်။See more,

http://www.first-11.com/index.php?option=com_content&view=article&id=17404:2013-01-17-10-13-50&catid=99:2011-04-10-07-08-41&Itemid=174
(4) နိုင်ငံပိုင် မြေကွက်နှင့် အဆောက်အအုံများစွာ ပုဂ္ဂလိကမှ ရယူထားသော်လည်း ရရှိသည့်တန်ဖိုး၊ ရယူသွားသည့် နည်းလမ်းများကို သက်ဆိုင်ရာမှ အများပြည်သူသို့ မထုတ်ပြန်

နိုင်ငံပိုင်မြေကွက်နှင့် အဆောက်အအုံများစွာကို ပုဂ္ဂလိကမှ ရယူထားသော်လည်း ရရှိသွားသည့် တန်ဖိုး၊ ရယူသွားသည့် နည်းလမ်းများကို သက်ဆိုင်ရာမှ အများပြည်သူသို့ ထုတ်ပြန်ခြင်းမပြုကြောင်း၊ အချို့ဆိုလျင် တင်ဒါပင်ခေါ်ယူခြင်းမပြုဘဲ လက် သိပ်ထိုး ရရှိသွားသူများရှိကြောင်း၊ ခရိုနီစီးပွားရေးဈေးကွက် မပျောက်သေးကြောင်း ပြည်သူများကြား ဝေဖန်မှုများ ရှိနေကြောင်း သိရသည်။ See more,

http://www.first-11.com/index.php?option=com_content&view=article&id=17377:2013-01-16-05-07-07&catid=42:2009-11-10-07-36-59&Itemid=112

(5) စီမံကိန်းများရပ်ဆိုင်းပါက မြန်မာနိုင်ငံကပို၍ နစ်နာဖွယ်ရှိဟု တရုတ်စီးပွားကူးသန်းဝန်ကြီးပြောကြား

ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး၏ နေအိမ်၌ ဇန်န၀ါရီလ ၁၇ ရက်နေ့ နံနက် ၉ နာရီခန့်က သတင်းစာရှင်းလင်းပွဲ တစ်ရပ်ကျင်းပြုလုပ်ခဲ့သည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲ၌ တရုတ်နိုင်ငံ စီးပွားကူးသန်းရောင်းဝယ်ရေး ဒုတိယ၀န်ကြီး မစ္စတာ ချန်းကျန့်၊ တရုတ်သံအမတ်ကြီး မစ္စတာ ယွန်းဟာ၊ မြန်မာနိုင်ငံ၌ ရင်းနှီးမြုပ်နှံမှုများ ပြုလုပ်ထားသည့် တရုတ်ကုမ္ပဏီများမှ တာဝန်ရှိသူများ၊တာဝန်ရှိသူများနှင့်စာနယ်ဇင်းဆရာများ တက်ရောက်ခဲ့သည်။

See more,

http://www.myitmakhamediagroup.com/detail.php?newid=3701

(6) နိုင်ငံခြားခရီးသွား ၀င်ရောက်မှု များပြားခြင်းကြောင့် ဗိုလ်ချုပ်ဈေးရှိ မြန်မာ့ရိုးရာ လက်မူပစ္စည်းများ ရောင်းအားကောင်း

နိုင်ငံခြားသားခရီးသွား ၀င်ရောက်မှု များပြားလာခြင်းကြောင့် ဗိုလ်ချုပ်ဈေးရှိ မြန်မာ့ရိုးရာ လက်မှုပစ္စည်းများ ရောင်းအားကောင်းလာကြောင်း အဆိုပါပစ္စည်းအရောင်းဆိုင်များမှ စုံစမ်းသိရှိရသည်။

မြန်မာ့လက်မှုပစ္စည်းများဖြစ်သည့်၊ယွမ်းအစ်များ၊ကျောက်စီပန်းချီကားများ၊ ပန်းချီကားများ၊ မြန်မာ့ရှုခင်းပုံ ပို့စကတ်များ၊ ဗိုလ်ချုပ်အောင်ဆန်း ဓာတ်ပုံပါ ရှေးခေတ် မြန်မာ့ငွေစက္ကူအကြွေများ၊ ရွှေချည်ထိုး ငွေချည်ထိုး ပန်းချီကားများ။ ရှေးခေတ်အဆက်ဆက် အသုံးပြုခဲ့သော ငွေအကြေစေ့များ၊ ပန်းပုရုပ်တုများ၊ ကြိမ်ဖြင့်ပြုလုပ်ထားသော လက်မူပစ္စည်းများ စသည်တို့ လူကြိုက်များပြီး ရောင်းအားကောင်းလျက်ရှိကြောင်း သိရသည်။ See more,

http://www.news-eleven.com/index.php?option=com_content&view=article&id=17407:2013-01-18-03-56-38&catid=43:2009-11-10-07-39-09&Itemid=111

(7) ဝန်ကြီးနှစ်ပါး ဘာကြောင့် နုတ်ထွက်သွားတာလဲ
ပြည်ထောင်စုဝန်ကြီးများ ရာထူးမှ နုတ်ထွက်ခွင့်ပြုခြင်းဆိုတဲ့ ခေါင်းစဉ်နဲ့ ဇန်နဝါရီလ ၁၆ ရက်နေ့ ည ၈ နာရီမှာ သတင်းတစ်ပုဒ်ကြေညာ သွားပါတယ်။
ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီး ဦးသိန်းထွန်း၊ သာသနာရေး ဝန်ကြီး သူရဦးမြင့်မောင်တို့ နှစ်ဦးကို သူတို့ရဲ့ ဆန္ဒအလျောက် ရာထူးကနေ သမ္မတ ဦးသိန်းစိန် က နုတ် ထွက်ခွင့် ပြုလိုက်တယ်လို့ အမိန့်ကြေညာချက်မှာ ဖော်ပြထားပါတယ်။ See more,
(8) စစ်တပ်က စီးပွားရေး မလုပ်သင့်ကြောင်း လွှတ်တော်တွင် တင်ပြဆွေးနွေး

အစိုးရ တပ်မတော်အနေဖြင့် စစ်တပ်ပိုင် စီးပွားရေး၊ စီမံကိန်းလုပ်ငန်းများနှင့် ကုန်ထုတ်ရေး လုပ်ငန်းများအား ရပ်ဆိုင်းသင့်ပြီ ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော်၌ တင်ပြဆွေးနွေးခဲ့သည်ဟု သိရသည်။ ပဉ္စမကာလတို ၅ နှစ် အမျိုးသားစီမံကိန်း (၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်မှ ၂၀၁၅-၂၀၁၆) နှစ်အထိ ၅ နှစ် စီမံကိန်းများအတွက် ရေးဆွဲထားရာတွင် စစ်တပ်၏ ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းအများအပြား ပါဝင်နေခြင်းကြောင့် စစ်တပ်အနေဖြင့် စီးပွားရေး မလုပ်သင့်တော့ကြောင်း ယမန်နေ့က အကြံပြုဆွေးနွေးခဲ့ကြောင်း အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဗညားအောင်မိုးက ဧရာဝတီသို့ ပြောသည်။ See more,

http://burma.irrawaddy.org/archives/31203

(9) တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား မလေးရှား နိုင်ငံ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် General Tan Sri Dato’ Sri Zulkifeli Bin Mohd Zin မှ ဂုဏ်ပြု အခမ်းအနားဖြင့် ကြိုဆို

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား မလေးရှား နိုင်ငံ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် General Tan Sri Dato’ Sri Zulkifeli Bin Mohd Zinမှ… ဂုဏ်ပြု ကြိုဆိုခြင်း အခမ်း အနားကို ဇန်နဝါရီ ၁၆ ရက်၊ နေ့လယ်ပိုင်းတွင် မလေးရှား နိုင်ငံ ကာကွယ်ရေး ဝန်ကြီး ဌာန၌ ကျင်းပ ပြုလုပ်သည်။ See more,

https://www.facebook.com/pages/Myanmar-Online-News/459386844101959?ref=stream#!/photo.php?fbid=519653211408655&set=a.459462620761048.101426.459386844101959&type=1&theater

(10) ၉၉ စီးသာထုတ်သော အဆင့်မြင့်စူပါကား GTA Spano

စပိန်ပြိုင်ကားထုတ်လုပ်ရေးကုမ္မဏီတစ်ခုဖြစ်တဲ့ GTA Motor မှ ၂၀၀၅ ခုနှစ်မှာ လျှို့ဝှက်စီမံကိန်း တစ်ခု ပြုလုပ်ခဲ့ပါတယ်။ ဒါကတော့ အဆင့်မြင့် GTA concept ကားဖြစ်ပါတယ်။ အစီးရေနည်းနည်းသာ ထုတ်လုပ်ပြီးဖြန့်ချိမယ်လို့ ဆုံးဖြတ်ပြီးနောက် ၂၀၁၀ခုနှစ်မှာ ပွဲထုတ်ပြသခဲ့ပါတယ်။ See more,

https://www.facebook.com/pages/Myanmar-Online-News/459386844101959?ref=stream#!/photo.php?fbid=519687761405200&set=a.459462620761048.101426.459386844101959&type=1&theater

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s