တိုတိုထွာထွာသတင်းများ

news

(1)မြန်မာ့လေကြောင်းမှ အသစ်ဝယ်ယူထားသော EMBRAER 190 လေယာဉ် စတင်ပြေးဆွဲသည့် နေ့၌ပင် ထားဝယ်လေဆိပ်တွင် စက်ချွတ်ယွင်းမှုဖြစ်ပွား

ဇန်န၀ါရီလ ၁၈ ရက်နေ့က မြန်မာ့လေကြောင်းမှ ခရီးစဉ်အမှတ် UVA-311 ရန်ကုန်-ထားဝယ်-မြိတ်-ထားဝယ်-ရန်ကုန် ခရီးစဉ်ကို စတင်ပျံသန်း ပြေးဆွဲနေသည့် အသစ်ဝယ်ယူထားသော ခရီးသည် ၁၀၀ ဆံ့ EMBRAER 190 လေယာဉ်အမှတ် XY-AGP သည် ထားဝယ်လေဆိပ်တွင် စက်ပိုင်းဆိုင်ရာ ချွတ်ယွင်းမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

http://news-eleven.com/index.php?view=article&catid=45%3A2009-11-10-07-45-41&id=17451%3A–embraer-190—–&tmpl=component&print=1&layout=default&page=&option=com_content&Itemid=113

(2)ကာကွယ်ရေးဝန်ကြီးဌာနပိုင် သီလ၀ါရှိ မြေ ၇၀၅ ဧကအား နှစ်ရှည်ငှားရမ်းရန် တင်ဒါခေါ် အချက်အချာကျသည့် နေရာများတွင် တပ်မတော်ပိုင်မြေနှင့် အဆောက်အအုံများစွာရှိပြီး ဆက်တိုက်လေလံတင်

ကာကွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းမှ သီလ၀ါရှိ မြေ ၇၀၅ ဧကအား နှစ်ရှည်ငှားရမ်းရန်အတွက် ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၁၇ ရက်နေ့က နိုင်ငံပိုင် သတင်းစာများမှတစ်ဆင့် တင်ဒါခေါ်ယူခဲ့သည်။

http://www.news-eleven.com/index.php?view=article&catid=42%3A2009-11-10-07-36-59&id=17445%3A2013-01-20-04-09-18&tmpl=component&print=1&layout=default&page=&option=com_content&Itemid=112

3)လျှပ်စစ်ဓါတ်အားပေးစက်ရုံနှင့် ကားအစိတ်အပိုင်းများ ထုတ်လုပ်သည့် စက်ရုံများ ဂျပန်တည်ထောင်မည် အထူးစီးပွားရေးဇုန်များတွင် ရင်းနှီးမြှုပ်နှံရန် ဆက်တိုက်ဝင်ရောက်နေပြီ တစ်ပတ်အတွင်း ဂျပန် ကုမ္ပဏီငါးခု ဆွေးနွေး

အထူးစီးပွားရေးဇုန်နှင့် မြန်မာနိုင်ငံ၏ အခြေခံအဆောက်အဦများ တည်ဆောက်မည့် စီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံရန်အတွက် ဂျပန်ကုမ္ပဏီများမှ ဆက်တိုက် ၀င်ရောက်လျက်ရှိပြီး တစ်ပတ်အတွင်း ဂျပန်ကုမ္ပဏီငါးခု လာရောက်ခဲ့သည်ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန် ကြားမှု ဦးစီးဌာနမှ သတင်းရရှိသည်။

ဇန်န၀ါရီလ ၁၀ ရက်နေ့မှ  ၁၆ ရက်နေ့အတွင်း  ဂျပန်နိုင်ငံမှ OSHIMAYA Company, Marube ni Corporation, ASMO Co.,Ltd,  JFE Engineering Corporation နှင့် METACC Manufacturing Ltd တို့မှ စီမံကိန်းများအတွက် လာရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

http://www.news-eleven.com/index.php?view=article&catid=42%3A2009-11-10-07-36-59&id=17448%3A2013-01-20-04-44-39&tmpl=component&print=1&layout=default&page=&option=com_content&Itemid=112

(4)ယံဇာတကိုသာ အားကိုးနေလျှင် နောက်ကြောင်းပြန်လှည့်နိုင်ဟု ဆရာကျော်ဝင်းဆို

အသွင်ကူးပြောင်းရေးကာလမှာ စီးပွားရေးနိမ့်ကျနေပြီး သဘာဝသယံဇာတတွေကိုပဲ အားကိုးနေရင် တိုင်းပြည်ဟာ နောက်ကြောင်းပြန်လှည့်နိုင်တယ်လို့ စာရေးဆရာကျော်ဝင်းက ဇန်န၀ါရီ ၁၈ရက်နေ့က ပန်းပဲတန်းမြို့နယ်၊ ၃၁လမ်းမှာရှိတဲ့ The Sun Institute မှာ ဟောပြောခဲ့ပါတယ်။

https://www.facebook.com/thevoiceweekly/posts/517352674953512

(5)အစိုးရ၏ ငါးနှစ်စီမံကိန်း ပြန်ရေးဆွဲရန် လွှတ်တော်ဆုံးဖြတ်

ပြည်ထောင်စုအစိုးရအဖွဲ့က တင်သွင်းထားသော ပဉ္စကာလတိုငါးနှစ် အမျိုးသားစီမံကိန်းတွင် အခြေခံကိန်းဂဏန်းများ တိကျမှန်ကန်မှု မရှိသောကြောင့် ဥပဒေကြမ်းကော်မတီနှင့် ပူးပေါင်းကာ ပြန်လည်ရေးဆွဲရန် ဇန်နဝါရီလ ၁၇ ရက်နေ့တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ အတည်ပြု ဆုံးဖြတ်လိုက်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ပြောကြားသည်။ ဇန်နဝါရီလ ၁၇ ရက်နေ့တွင် ကျင်းပသော ပြည်ထောင်စုလွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေး၌ အမျိုးသား ငါးနှစ်ကာလတို စီမံကိန်းနှင့် ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ် ၁၀ ဦးက ဆွေးနွေးခဲ့ကြပြီး ယင်းစီမံကိန်းကို ပြန်လည်ရေးဆွဲရန် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံးက သဘောတူခဲ့ခြင်းကြောင့် ယင်းသို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

http://www.khitlunge.net.mm/news/newsPrint.aspx?info_id=28595

(6)”ပြည်တွင်း လေကြောင်းလိုင်းသစ် အချို့ ဦးစားပေး ဈေးလျော့စနစ်ဖြင့် ဈေးကွက်ဖောက်လာ

ပည်တွင်းလေကြောင်းလိုင်း သစ်များ ဦးစားပေးစနစ်ဖြင့် ဈေးနှုန်း လျော့ချရန် ဈေးကွက်သစ် ချဲ့ထွင်လာကြကြောင်း သိရသည်။
ယင်းသို့ ဈေးကွက်ချဲ့ထွင်ရာ ၌ ရန်ကုန်-မန္တလေး လေကြောင်း လိုင်းသစ် တစ်ခုဖြစ်သောGolden Myanmar Ariline မှ ဦးရာလူစနစ်ဖြင့် ပထမ၊ ဒုတိယနှင့် တတိယ ဦးစားပေးဈေးနှုန်းဟူ၍ မြန်မာ ကျပ် ၂၇ဝဝဝ၊ ၃၇ဝဝဝ နှင့် ကျပ် ၅၅ဝဝဝ ဟူ၍ ဈေးကွက် သစ်ဖောက်ရန် စတင်ရောင်းချနေပြီ ဟု ယင်းလေကြောင်းလိုင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

”ဈေးနှုန်းကို အနိမ့်ဆုံးထား ပြီး ရောင်းချပေးတဲ့အတွက် ခုံအား လုံးကိုတော့ ရောင်းမပေးနိုင်ဘူး။ ခုံအကန့်အသတ်နဲ့ ဦးရာလူကို ရောင်းပေးမှာ။ လောလောဆယ် ရန်ကုန်-မန္တလေးပဲ စတင် ပြေးဆွဲမှာပါ”ဟု ၄င်းက ဆက်ပြောသည်။

http://www.myanmarexpress.net/2013/01/blog-post_4466.html

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s