အမျိုးသားပိုင်စီးပွားရေး

အဆန်းတကာ့ အဆန်းကျယ်ဆုံးကိစ္စတွေ ကိုရွှေထူးတို့ဆီမှာပဲ ဖြစ်တတ်ပါတယ်။ ဘယ်လိုပုံ ဘယ်လိုနည်းလဲဆိုတာတော့ ဆုံးအောင်သာဖတ်ပါတော့။ နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေးအင်အား တိုးတက်ဖို့၊ နိုင်ငံချမ်းသာဖို့နဲ့ နိုင်ငံသားတိုင်း ကောင်းမွန်စွာအဆင့်အတန်းမြင့် နေနိုင်ဖို့ဆိုတာ နိုင်ငံသားပိုင် စီးပွားရေး လုပ်ငန်းတွေလည်း သိပ်ကိုအားကောင်းမှ ရပါမယ်။

ဘယ်နိုင်ငံတွေက ကိုယ့်တိုင်းပြည်ကို ထောက်ပံ့ပါတယ်ဆိုဆို… ဘယ်လောက်ကြီးပဲ ချစ်ပါတယ်ပြောပြော နောက်ဆုံးတော့ ကိုယ့်နိုင်ငံရဲ့ သယံဇာတတွေ၊ ကိုယ့်လူမျိုးနဲ့ နိုင်ငံသားတွေရဲ့ ပညာတွေကို အသုံးချသွားပြီး သူတို့ တိုးတက်ကြီးပွားသွားအောင် လုပ်မှာချည့်ပါပဲ။ ဒါမျိုးကို ကိုရွှေထူးတို့ စဉ်းစားသင့်ပါတယ်။ ဒါ့အပြင် မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင်သည်လည်း (ပြောရတာသာ မောလာတာ၊ စိုးသိန်းကတော့ စိုးသိန်းပဲ)၊ ဆင်ခြင် သုံးသပ်ပြီး လက်ခံသင့်ပါတယ်။ နိုင်ငံသားပိုင် စီးပွားရေး လုပ်ငန်းတွေ လုပ်နေတဲ့သူတွေအတွက်တော့ ခေါင်းခါနေပြီး ခရိုနီလို့ရိုးစွပ်တဲ့အပြင်၊ နိုင်ငံခြားစီးပွားရေး တံခါးခေါက်မှုတွေကို မလွယ်ပေါက် ဖန်တီးပေးနေတဲ့ ကော်မရှင်ဥက္ကဌ ဦးစိုးသိန်းရဲ့ လုပ်ရပ်တွေက ကြောက်ခမန်းလိလိ လက်ဖျားခါလောက်ပါတယ်။

ကိုရွှေထူးဖတ်လိုက်ရတဲ့ သတင်းတစ်ပုဒ်ရှိပါတယ်။ အဲဒါကတော့

ဒေသခံများ လက်ရှိ လုပ်ကိုင်လျက်ရှိသည့် သတ္တုလုပ်ကွက်များသည် တရားဝင်ခွင့်ပြုချက် မရှိသဖြင့် ပြည်ပလုပ်ငန်းရှင်များ ၀င်ရောက် လာပါကလုပ်ကွက်အများစု ဖယ် ရှားပေးရဖွယ်ရှိကြောင်း ဒေသခံ သတ္တုတူးဖော်ရေး လုပ်ငန်းရှင် များကဆိုသည်။

ဆိုတဲ့ သတင်းပါပဲ။ ဘယ့်နှယ်ကြားဖူးကြလားဗျဟင်….?

လက်ရှိတွင် မြန်မာနိုင်ငံ၏ သတ္တုကဏ္ဍသို့ အာရှနိုင်ငံများအ ပြင် နယူးဇီလန်၊ သြစတြေးလျ၊ ဗြိ တိန် အစရှိသည့် ဥရောပနိုင်ငံများ မှလည်း ၀င်ရောက်လုပ်ကိုင်ရန် စိတ်ဝင်စားလျက်ရှိကြောင်း သိရ သည်။ပြည်ပရင်းနှီးမြှုပ်နှံမှုများ ၀င် ရောက်လာပါက ယခင်က ပုံမှန် ထုတ်ယူလေ့ရှိသော ပမာဏထက် ပိုမိုထုတ်ယူလာနိုင်ကြောင်း အ ထက်ပါလုပ်ငန်းရှင်ကဆိုသည်။လက်ရှိမြန်မာနိုင်ငံ၏ သတ္တု တူးဖော်ရေးလုပ်ငန်းအများစုမှာ တိုင်းရင်းသားပိုင်ကုမ္ပဏီအများစု မှ တိုက်ရိုက်တူးဖော်လုပ်ကိုင် လျက်ရှိပြီး တိုင်းရင်းသားအမည်ခံ နိုင်ငံခြားလုပ်ငန်းရှင်များမှ လုပ် ကိုင်နေသည့်ကုမ္ပဏီများလည်း ရှိကြောင်း မြစ်ကြီးနား ကျောက်မျက်ရတနာလုပ်ငန်းရှင်များအ သင်းမှ ဦးလာခရီလာအောင်က ပြောသည်။

နိုင်ငံတစ်နိုင်ငံရဲ့ ကြွယ်ဝတဲ့ သံယံဇာတတွေကို ခြစ်ထုတ်ပြီး အကြီးအကျယ်ပြဿနာတက်တာ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးတွေပါ။ လုပ်ချင်တာလုပ်ပြီး ထွက်သွားမယ့်ကိစ္စကို လက်ခံသင့် မခံသင့် စာရှုသူတွေပဲ စဉ်းစား ဆုံးဖြတ်စေချင်ပါတယ်။ ကိုယ့်တိုင်းရင်းသား အမည်ခံ လုပ်ကွက်တွေ ရှိနေရင်လည်း စီစစ်သင့်ပါတယ်။ ဒါ သတ္တုတွင်း ဝန်ကြီးဌာနထက် ပိုပြီးတာဝန်ရှိတဲ့ MIC ကိုပဲပြောရပါတော့မယ်။

မြန်မာ့နိုင်ငံရဲ့ စီးပွားရေးဟာ မြန်မာနိုင်ငံသားများပိုင်ဆိုင်မှုပဲ အများဆုံးဖြစ်သင့်ပါတယ်။ Joint Venture ပုံစံမျိုး လုပ်မယ်ဆိုဦးတော့ ကန့်သတ်ချက်၊ သတ်မှတ်ချက်၊ နည်းမူတွေနဲ့ ယှဉ်ထိုး လုပ်ကိုင်စေသင့်ပါတယ်။ ခက်တာက မြန်မာလူမျိုး အင်အားကြီး စီးပွားရေးလုပ်ငန်းရှင်ကြီးတွေက လုပ်မယ် ကိုင်မယ်ဆိုရင်တော့ တချိန်လုံး ဟန့်လိုဟန့် တားလိုတား မီဒီယာမှာ မျက်နှာပြကောင်းအောင်လောက်နဲ့တော့ ဝန်ကြီးမလုပ်သင့်တော့ပါဘူး။ အဲဒီလို ကိုယ့်ကိုယ်ကိုယ် တည်ဆောက်သယောင်ယောင်နဲ့ နောက်ကွယ်မှာ ခြစားနေမယ်ဆိုရင် ဒီတိုင်းပြည်ကောင်းပါဦးမလား စဉ်းစားစေချင်ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s