တိုတိုထွာထွာသတင်းများ

news

(1) မြန်မာနိုင်ငံသံရုံးများတွင် စီးပွားရေးသံမှူးများ ခန့်အပ်သွားမည်

မြန်မာနိုင်ငံနှင့် ကုန်သွယ်ဆက်ဆံမှုမြင့်မားလာနိုင်ပြီး ရင်းနှီးမြှုပ်နှံမှု၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်နိုင်ရန် အလားအလာကောင်းသည့် နိုင်ငံများသို့ မြန်မာ့စီးပွားရေးသံမှူးများစေလွှတ်ပြီး တာဝန်ပေးသွားရန် စီစဉ်နေပြီဖြစ်ကြောင်း သတင်းရရှိသည်။ See more,

http://www.facebook.com/photo.php?fbid=469537096441263&set=a.143690359025940.27935.103865773008399&type=1

(2) ရန်ကုန်မြို့တွင်း ယာဉ်ရပ်နားခ ကောက်ခံသည့် နေရာများတွင် ဧပြီလ ၁ ရက်နေ့မှ စ၍ ယာဉ်ရပ်နားခ ကောက်ခံဖြင်း အစီအစဉ် ဖျက်သိမ်းမည်

ရန်ကုန်မြို့တွင်း ယာဉ်ရပ်နားခ ကောက်ခံသည့် နေရာများတွင် ဧပြီလ ၁ ရက်နေ့မှ စ၍ ယာဉ်ရပ်နားခ ကောက်ခံဖြင်း အစီအစဉ် ဖျက်သိမ်းမည်
ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ လမ်းနှင့်တံတား ဌာနမှ သတင်းရရှိသည်။

https://www.facebook.com/pages/Myanmar-Online-News/459386844101959?ref=stream#!/photo.php?fbid=522165934490716&set=a.459462620761048.101426.459386844101959&type=1&theater

(3) ဘဏ်တိုးနှုန်းပြောင်းလဲခြင်းနှင့်ပတ်သက်၍ AGD ဘဏ် ကြေညာချက် ထုတ်ပြန်

ဘဏ်တိုးနှုန်းများ ပြောင်းလဲမည်ဟု အင်တာနက်စာမျက်နှာတချို့တွင် ဖော်ပြနေသော်လည်း အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်သို့ ယနေ့အထိ သက်ဆိုင်ရာ မြန်မာနိုင်ငံတော်ဗဟိုဘ…ဏ်မှ မည်သည့် ညွှန်ကြားချက်မှ ရောက်ရှိလာခြင်း မရှိသေးကြောင်းသိရသည်။

အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်၏ ယခုလက်ရှိအတိုးနှုန်းများမှ ငွေစုဘဏ်အပ်ငွေ (Saving Deposit) – ၈% (တစ်နှစ်)၊စာရင်းသေအပ်ငွေ (Fixed Deposit) – ၁၀% (တစ်နှစ်)၊ချေးငွေ (Loan) – ၁၃% (တစ်နှစ်) ဖြစ်သည်။ အပြောင်းအလဲများ ရှိပါက အချိန်နှင့်တပြေးညီ ထုတ်ပြန်ကြေငြာပေးပါမည်ဖြစ်ကြောင်းAGDဘဏ်မှ ကြေညာထားသည်။

https://www.facebook.com/PopularNewsJournal#!/photo.php?fbid=597354793613653&set=a.362239160458552.107216.287336421282160&type=1&theater

(4) ကာကွယ်ရေးမှအပ အစိုးရဝန်ထမ်းများအား အချိန်ပိုခံစားခွင့် ပေးတော့မည်

ကာကွယ်ရေးဝန်ကြီးဌာနမှအပ အစိုးရရုံး ဝန်ထမ်းများအား အချိန်ပိုတာဝန် ထမ်းဆောင်ရာတွင် ထိုက်သင့်သော ခံစားခွင့်များ ရရှိရန် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြည်ထောင်စု အစိုးရအဖွဲ့ရုံးမှ ထုတ်ပြန်လိုက်သည်။  See more,

http://www.khitlunge.net.mm/news/news_detail.aspx?info_id=28647&sub_id=1

(5) ရန်ကုန်မြို့ ဗိုလ်ချုပ်လမ်းမကြီးပေါ်ရှိ သူနာပြု တက္ကသိုလ်ရှေ့၊ အ-ထ-က (၁) ဒဂုံအနီးနှင့် ဗိုလ်တထောင် သစ်စက်ဝင်းတို့တွင် ယာဉ်ရပ်နားကွင်း အသစ်များ တည်ဆောက်သွားမည်

ရန်ကုန်မြို့၊ ဗိုလ်ချုပ်လမ်းမ ကြီးပေါ်ရှိ သူနာပြု တက္ကသိုလ်ရှေ့၊ ဒဂုံမြို့နယ်ရှိ အ.ထ.က(၁) ဒဂုံ အနီးနှင့် ဗိုလ်တထောင်မြို့နယ်ရှိ အမှတ် (၆) သစ်စက်ဝင်း စသည့် နေရာသုံးခုတွင် ယာဉ်ရပ်နားကွင်း အသစ်များ တည်ဆောက်သွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ လမ်းနှင့် တံတားဌာနမှ ဒုတိယဌာနမှူး ဦးစည်သူလွင်က ပြောသည်။

http://www.first-11.com/index.php?option=com_content&view=article&id=17527:2013-01-23-07-37-47&catid=43:2009-11-10-07-39-09&Itemid=111

(6) နေပြည်တော် ဆေးရုံလေးရုံ စီမံကိန်းသည် ပြည်သူ့ဘဏ္ဍာ ဖြုန်းတီးခြင်းဟု ဆို

နေပြည်တော်၌ ခုတင်ငါးရာဆံ့ ဆေးရုံကြီးလေးရုံ ဆောက်မည့်စီမံကိန်းသည် ပြည်သူ့ဘဏ္ဍာကို ဖြုန်းတီးခြင်းဖြစ်ကြောင်း သနပ်ပင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်ဦး (ကျန်းမာရေးမြှင့်တင်မှု ကော်မတီအဖွဲ့ဝင်)က ပြောသည်။

လက်ရှိ နေပြည်တော် ၈ မြို့ နယ်တွင် လူဦးရေ ၆ သိန်း၊ ၇ သိန်း ခန့်ရှိပြီး နေပြည်တော် ခုတင် ၁ဝဝဝ ဆံ့ ဆေးရုံကြီး၊ ခုတင် ၁ဝဝဝ ဆံ့ ဇမ္ဗူသီရိဆေးရုံကြီး၊ တပ်မတော် ခုတင် ၁ဝဝဝ ဆံ့ ဆေးရုံကြီးနှင့် ခုတင် ၃ဝဝ ဆံ့ သားဖွားမီးယပ်နှင့် ကလေးဆေးရုံ ကြီး၊စစ်မှုထမ်း ခုတင် ၅ဝဝ ဆံ့ ဆေးရုံကြီး၊ သီရိငါးမြို့နယ်တွင် ခုတင် ၅ဝ ဆံ့ ဆေးရုံ ၅ ရုံ ရှိ သောကြောင့် ၄င်းစီမံကိန်းသည် အမှန်တကယ်အားဖြင့် မလိုအပ် ကြောင်း ၄င်းက ပြောသည်။

http://popularmyanmar.com/mpaper/2013/01/%e1%80%b1%e1%80%94%e1%80%bb%e1%80%95%e1%80%8a%e1%80%b9%e1%80%b1%e1%80%90%e1%80%ac%e1%80%b9-%e1%80%b1%e1%80%86%e1%80%b8%e1%82%90%e1%80%af%e1%80%b6%e1%80%b1%e1%80%9c%e1%80%b8%e1%82%90%e1%80%af%e1%80%b6/

(7) နိုင်ငံခြားသား ခရီးသွားများ ဘုန်းကြီးကျောင်းမှာ တည်းခိုရ

ဟိုတယ် နည်းပါးသော အင်းလေးဒေသသို့ ရောက်လာသည့် နိုင်ငံခြားသား ခရီးသည်များသည် တည်းခို အိပ်စက်ရန်အတွက် ဘုန်းကြီးကျောင်းကို အားကိုးနေရသည်ဟု ပြည်နယ်ဝန်ကြီးတဦးက ပြောကြားလိုက်သည်။

ရှမ်းပြည်နယ် လမ်းပန်းဆက်သွယ်ရေး ၀န်ကြီး ဦးစိုင်းနော်ခမ်းက အင်းလေးဒေသဟိုတယ်ဇုန်သည် ဒေသအတွက် မရှိမဖြစ် လိုအပ်ကြောင်း ညောင်ရွှေမြို့ ဒေသခံတို့အား ကြာသပတေးနေ့က ရှင်းလင်းရာတွင် ထိုသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။ See more,

http://blog.irrawaddy.org/2013/01/blog-post_4410.html

(8) အဆတစ်ရာခန့် မြင့်သွားသော ရုံးခွန်တံဆိပ်ခေါင်းတန်ဖိုး ပြန်လျှော့ပေးရန် သမ္မတ သဘောတူ

တန်ဖိုးအဆတစ်ရာခန့် မြင့်တက်သွားသည့် ရုံးခွန်တံဆိပ်ခေါင်း တန်ဖိုးကို လျှော့ချပေးရန် နိုင်ငံတော် သမ္မတက သဘောတူထားကြောင်း သိရသည်။ ဇန်နဝါရီ ၂၀ ရက်နေ့က နိုင်ငံတော်သမ္မတနှင့် အရပ်ဘက် လူ့အဖွဲ့အစည်းများ တွေ့ဆုံသည့်ပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက သမ္မတ သဘောတူထားကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်ဟု ရှေ့နေများ ကွန်ရက်မှ တရားလွှတ်တော် ရှေ့နေဦးကိုနီက ပြောသည်။ See more,

http://www.khitlunge.net.mm/news/news_detail.aspx?info_id=28640&sub_id=1

(9) စီမံကိန်း အမည်သာရှိပြီး လက်တွေ့အကောင်အထည်ဖော်သည့် လုပ်ငန်းနည်းပါးသည့်အတွက် အုတ်သဲကျောက်များ အရောင်းအ၀ယ်အေးပြီး ဈေးနှုန်းကျဆင်း

စီမံကိန်းအမည်သာရှိပြီး လက်တွေ့အကောင်အထည်ဖော်သည့် လုပ်ငန်းနည်းပါးသည့်အတွက် အုတ်သဲကျောက်များ အရောင်းအ၀ယ်အေးပြီး ဈေးနှုန်းများပါ ကျဆင်းလျက်ရှိကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

ယခုနှစ်အတွင်း၌ တည်ဆောက်ရေးစီမံကိန်းပေါင်း များစွာကို လျာထားထားနိုင်သော်လည်း အမှန်တကယ် စတင်တည်ဆောက်မည့် ကာလမှာ လိုနေသေးကြောင်း သိရသည်။

နှစ်စဉ် ဒီဇင်ဘာလနှင့် ဇန်န၀ါရီလတို့မှာ အုတ်ထွက်သည့်အချိန်ဖြစ်ပြီး အရောင်းအ၀ယ် သွက်လေ့ရှိသော်လည်း ယခုနှစ်တွင်မူ အရောင်းအ၀ယ် ပါးလျက်ရှိကြောင်း၊ သဲနှင့် ကျောက်စရစ် ၀ယ်လိုအားမှာလည်း ယခင်နှစ်များနှင့် နှိုင်းယှဉ်ပါက သိသာစွာ လျော့ကျသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

http://www.first-11.com/index.php?option=com_content&view=article&id=17524:2013-01-23-07-06-21&catid=99:2011-04-10-07-08-41&Itemid=174

(10) ဘဏ်တိုးနှုန်းလျှော့ချသည့် သတင်းများထွက်ပေါ်ခဲ့ပြီး ဘဏ်များထံ ဇန်န၀ါရီလ ၂၂ ရက်နေ့ထိ တရားဝင်ညွှန်ကြားစာ မရောက်ရှိသေးကြောင်း ပုဂ္ဂလိကဘဏ်အချို့ ထုတ်ပြန်

မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ အတိုးနှုန်းလျှော့ချပေးသည်ဟု သတင်းများထွက်ပေါ်နေသော်လည်း ပုဂ္ဂလိကဘဏ်များသို့ ဇန်န၀ါရီ ၂၂ ရက်အထိ နိုင်ငံတော်ဗဟိုဘဏ်၏ တရားဝင်ညွှန်ကြားစာ ရောက်ရှိလာခြင်းမရှိသေးကြောင်း ပုဂ္ဂလိကဘဏ်အချို့က ပြောကြားသည်။

ပြင်ပ၌ထွက်ပေါ်နေသော သတင်းများမှာ လာမည့်ဘဏ္ဍာရေးနှစ် အစဖြစ်သော ဧပြီ ၁ ရက်မှစ၍ ဘဏ်ချေးငွေအတိုးနှုန်း (လက်ရှိ ၁၃ ရာခိုင်နှုန်းမှ) ၈ ဒသမ ၅ ရာခိုင်နှုန်း (တစ်နှစ်) သို့၊ ဘဏ်အပ်ငွေ အတိုးနှုန်း (လက်ရှိ ရှစ်ရာခိုင်နှုန်းမှ) ၃ ဒသမ ၅ ရာခိုင်နှုန်း (တစ်နှစ်) သို့ လျှော့ချမည်ဟု ထွက်ပေါ်နေခြင်း ဖြစ်ပါသည်။ See more,

http://www.first-11.com/index.php?option=com_content&view=article&id=17522:2013-01-23-06-49-15&catid=42:2009-11-10-07-36-59&Itemid=112

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s