တိုတိုထွာထွာသတင်းများ

news_1

(1) တံတားဦး ဟိုတယ်ဇုန်တွင် နိုင်ငံခြား ကုမ္ပဏီများမှ ဟိုတယ်အလုံးပေါင်း ၁၀၀ အထိ ရင်းနှီးမြှုပ်နှံခွင့် ပြုရန်စီစဉ်၊ ပြည်တွင်း လုပ်ငန်းရှင်များ အနေနှင့် ၁၉၂ လုံးအထိ မြှုပ်နှံခွင့် ရရှိမည်ဟု ထုတ်ပြန်

မန္တလေးတိုင်း ဒေသကြီးအတွင်း အကောင်အထည်ဖော်မည့် တံတားဦး ဟိုတယ်ဇုန်တွင် နိုင်ငံခြား ကုမ္ပဏီများအား ဟိုတယ် အလုံးပေါင်း ၁၀၀ အထိ မြှုပ်နှံခွင့် ပြုမည်ဖြစ်ပြီး ပြည်တွင်း လုပ်ငန်းရှင်များအား ၁၉၂ လုံး မြှုပ်နှံခွင့်ပြုရန် စီစဉ်ထားကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်မှ ထုတ်ပြန် ထားချက်များအရ သိရသည်။ See more,

http://news-eleven.com/index.php?option=com_content&view=article&id=17586:2013-01-27-04-31-19&catid=44:2009-11-10-07-31-38&Itemid=113

(2) မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကို Myanmar Public Telecom Company ဟု အမည်သစ်ဖြင့် ပြောင်းလဲဖွဲ့စည်းရန် စီစဉ်ထား

ဆက်သွယ်ရေးကဏ္ဍ၏ ပြုပြင်ပြောင်းလဲရေး အစီအစဉ်အရ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းကို အများပိုင် ကုမ္ပဏီအဖြစ် အသွင်ပြောင်း၍ ဖွဲ့စည်းရာ၌ Myanmar Public Telecom Company ဟု အမည်သစ်ဖြင့် ပြောင်းလဲဖွဲ့စည်းရန် စီစဉ်ထားကြောင်း သိရသည်။ အဆိုပါ အစီအစဉ်အရ ဖြစ်ပေါ်လာမည့် ဝန်ဆောင်မှု အစီအစဉ်တွင် မိုဘိုင်းဖုန်း၊ ကြိုးဖုန်း၊ IT နှင့် အင်တာနက် ဝန်ဆောင်မှုတို့ကို ကုမ္ပဏီ ၄ ခုက ယှဉ်ပြိုင် ဝန်ဆောင်မှုပေးရန် စီစဉ်ထားရှိခြင်း ဖြစ်၍ လက်ရှိ မြန်မာ့ဆက်သွယ်ရေးကို အမည်သစ်ဖြင့် ပြောင်းလဲ ဖွဲ့စည်းသွားရန် စီစဉ်ထားခြင်း ဖြစ်သည်။ See more,

http://www.khitlunge.net.mm/news/news_detail.aspx?info_id=28700&sub_id=1

 (3) နာမည်ကြီး Telecom ကုမ္ပဏီကြီး ၄ ခု မြန်မာမှာ ရင်းနှီးမြှုပ်နှံဖွယ်ရှိ

ဆယ်စုနှစ်ပေါင်းများစွာ စစ်အုပ်ချုပ်ရေးအောက် ရှိခဲ့တဲ့ မြန်မာနိုင်ငံမှာ တယ်လီဖုန်းဆက်သွယ်ရေး လုပ်ငန်း
တွေနဲ့ ပတ်သက် လို့ လုပ်ငန်းလုပ်ပိုင်ခွင့် လိုင်စင်လျှောက်ထားဖို့ ဖိတ်ခေါ်ခဲ့ပြီးနောက်ပိုင်း နာမည်ကြီး တယ်လီကွန်း ကုမ္ပဏီကြီး ၄ ခုလည်း မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားနေကြပါတယ်။

အဲဒီကုမ္ပဏီကြီး ၄ ခုကတော့ နော်ဝေနိုင်ငံက Telenor ၊ ထိုင်းနိုင်ငံက DTAC ၊ မလေးရှားနိုင်ငံက Axiata နဲ့ အာရှတိုက်မှာ အကြီးဆုံးကုမ္ပဏီလည်းဖြစ်တဲ့ Singapore Telecommunications ကုမ္ပဏီတို့ဖြစ်တယ်လို့ ဘန်ကောက်ပို့စ် သတင်းမှာ ဖော်ပြထားပါတယ်။
http://blog.irrawaddy.org/2013/01/telecom.html

(4) ပြည်ထောင်စုဝန်ကြီးများ ဖြစ်သော ဦးအောင်မင်း၊ ဦးစိုးသိန်း၊ ဦးခင်ရီတို့နှင့် အရပ်ဘက်လူ့အဖွဲ့အစည်း ၄၆ ခုမှ လူပုဂ္ဂိုလ် ၉၀ ကျော်တို့သည် ဦးဝိစာရလမ်းရှိမြန်မာငြိမ်းချမ်းရေးစင်တာတွင် ဇန်န၀ါရီ ၂၇ ရက်က နှစ်နာရီခွဲကျော်ကြာ တွေ့ဆုံခဲ့ကြသည်။ See more,

(5) အကောက်ခွန် ဦးစီးဌာန၏ သတင်း မီဒီယာများနှင့် တွေ့ဆုံရှင်းလင်းပွဲ အခမ်းအနား ကျင်းပ

အကောက်ခွန် ဦးစီးဌာန၏ သတင်းမီဒီယာများနှင့် တွေ့ဆုံရှင်းလင်းပွဲ အခမ်းအနား ကျင်းပ ဌာန၏ လုပ်ကိုင်မှုအားလုံး မှန်ကန်သည်ဟု မယူဆကြောင်း၊ အများပြည်သူထံမှ ကောက်ယူထားသည့် ဒဏ်ကြေးငွေ ကျပ်သိန်းပေါင်း များစွာထဲမှ ၁၀ ရာခိုင်နှုန်းကို ညွှန်ကြားရေးမှူးချုပ်နှင့် အကောက်ခွန် တာဝန်ရှိသူများက ဆုကြေးအဖြစ် နှစ်စဉ်ခွဲဝေယူကြောင်း ပြောကြား See more,

(6) မြန်မာပြည် ငြိမ်းချမ်းသာယာရေး ၀ိုင်းဝန်းကူညီဖို့ ဒေါ်စုပန်ကြား

မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနဲ့ ကြွယ်ဝချမ်းသာရေး အတွက် ၀ိုင်းဝန်းကူညီပံ့ပိုးပေးကြဖို့ ဟာဝိုင်ယီကျွန်း ဟိုနိုလူလူမှာ ဒီကနေ့ ကျင်းပတဲ့ Rotary Gl…obal Peace Foundation အဖွဲ့ကြီးရဲ့ ညီလာခံမှာ ငြိမ်းချမ်းရေးဆုကို လက်ခံရယူတဲ့ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က တိုက်တွန်းပြောဆိုပါတယ်။ မြန်မာပြည်ရဲ့အခြေအနေအပေါ် အလွန်အကျွံ အကောင်းမြင်တာမျိုး မဖြစ်ဖို့လိုသလို အကောင်းဘက်ကို ဦးတည်တဲ့ ဖြစ်လာနိုင်ခြေ အနေအထား တွေကိုလည်း ပစ်ပယ်မထားဖို့ လိုမယ်လို့ ညီလာခံ တက်ရောက်သူတွေကို ပန်ကြားသွားခဲ့တာပါ။ အပြည့်စုံကို ဟိုနိုလူလူကနေ ကိုသိန်းထိုက်ဦး သတင်းပေးပို့ထားပါတယ်။ See more,

 

(7) ကမ္ဘာ့ဘဏ်မှ ကြွေးမြီ သစ်ယူလို့ ရပြီ 

မြန်မာနိုင်ငံဟာ တိုင်းပြည်ရဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေအတွက် ကမ္ဘာဘဏ်က ကြွေးမြီသစ် အဖြစ် ငွေချေး ယူလို့ ရပါပြီ။ အရင် ကတော့ ကမ္ဘာ့ဘဏ် လုပ်ထုံးလုပ်နည်းအရ မြန်မာအနေနဲ့ ကြွေ…းမြီဟောင်း မဆပ်နိုင် ခဲ့လို့ ကြွေးသစ် ယူလို့ မရဖြစ်နေခဲ့တာပါ။
အခုတော့ ကမ္ဘာ့ဘဏ်နဲ့ အာရှဖွံ့ဖြိုးရေးဘဏ်တို့ကို မြန်မာက ပေးဖို့ ရှိတဲ့ ကြွေးမြီအဟောင်းဖြစ်တဲ့ အမေရိကန် ဒေါ်လာ သန်းပေါင်း ၉၀၀ လောက်ကို ဂျပန်နိုင်ငံက ကူညီလိုက်လို့ အခုလို ကြွေးမြီ သစ် ငွေချေး ယူဖို့ လမ်းပွင့်သွားတာပါ။  See more,

https://www.facebook.com/excellencemedia#!/photo.php?fbid=402556779835861&set=a.329330483825158.78075.322396224518584&type=1&theater

(8) သင်္ဃန်းကျွန်းမြို့နယ် ဝေဇယန္တာလမ်းနှင့် ပြည်သာယာလမ်းထောင့်ရှိ စစ်တပ်မှ သိမ်းယူထားသော မြေနေရာအား ယခင်စစ်အစိုးရလက်ထက် အတင်းကျပ်ပြောင်းရွေ့ခံရသူများမှ ဆန္ဒထုတ်ဖော်

သင်္ဃန်းကျွန်းမြို့နယ် ဝေဇယန္တာလမ်းနှင့်ြ1ပည်သာယာလမ်းထောင့်ရှိ စစ်တပ်မှသိမ်းယူထားသောမြေ ယခင်မိချောင်းကန်ရပ်ကွက် (၁၊၂၊၃) နေရာအား ယခင်စစ်အစိုးရလက်ထက် အင်အားသုံး၍ အတင်းကျပ် ပြောင်းရွေ့ခံရသူများမှ ဆန္ဒထုတ်ဖော်မူကို ဇန်န၀ါရီ ၂၇ ရက်နေ့ မနက် ၉ နာရီတွင် ပြုလုပ်ခဲ့သည်။

ထိုသို့ ဆန္ဒထုတ်ဖော်ရခြင်းမှာ ယခင်စစ်အစိုးရလက်ထက်တွင် စစ်အစိုးရမှ နိုင်ငံတော်အတွက် အမှန်တကယ် လိုအပ်သောနေရာ မဟုတ်ဘဲနဲ့ မိမိတို့အပေါ် နိုင်ငံရေးအမုန်းတရား ကြီးစွာဖြင့် ဒီရပ်ကွက်ကို ဖျက်ဆီးလုပ်ဆောင်ခြင်း၊ ပြည်သူများအပါ် အင်အားသုံးဖယ်ရှားမှုများကြောင့် မိမိတို့အနေနဲ့ ဆန္ဒထုတ်ဖော်မူများ ပြုလုပ်ရခြင်းဖြစ်ကြောင်း သိရသည်။

http://www.first-11.com/index.php?option=com_content&view=article&id=17603:2013-01-28-05-21-47&catid=43:2009-11-10-07-39-09&Itemid=111

(9) အခန်း ၅၀၀၀ ကျော်ပါ တန်ဖိုးနည်းအိမ်ရာ မန္တလေးမှာ စတင်မည် 

ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်၊ အောင်ပင်လယ်ရပ်ကွက် အတွင်းမှာ တန်ဖိုးနည်း အိမ်ရာတွေကို ပထမဆုံး စတင်ဆောက်လုပ်မှာ ဖြစ်တယ်လို့ မန္တလေးစည်ပင် အဆောက်အအုံနဲ့ ကုန်ရုံဌာနက သိရပါတယ်။ နိုင်ငံတော်ပိုင် မြေကွက်လပ်ရှိရာ ဂန္ဓာမာလမ်း၊ ယုဇနလမ်း၊ မန်းပြင်ဦးလွင် ရထားလမ်းကြား၊ ၄၄ လမ်းနဲ့ ၄၈ လမ်းကြားတွေမှာ ပေ ၃၀xပေ ၂၀ အိပ်ခန်းနှစ်ခန်းပါ လေးယူနစ်တွဲ၊ လေးထပ်ဆောင်လုပ်မှာ ဖြစ်တယ်လို့ အဆောက်အအုံနှင့် ကုန်ရုံဌာန၊ ဌာနစုမှူး ဦးဇော်ဝင်းက ပြောပါတယ်။ See more,

http://www.khitlunge.net.mm/news/news_detail.aspx?info_id=28670

(10) အစားအသောက်များအတွင်း ဆိုးဆေးအန္တရာယ် မြင့်မားလာ

ပြည်တွင်း၌ ရောင်းချလျက်ရှိသည့် ငါးဈေးကွက်အတွင်း ငါးအချို့အား ရောင်းပန်း လှစေရန်အတွက် ဆိုးဆေးအသုံးပြုမှုများ ပြုလုပ်ရောင်းချလျက် ရှိကြောင်း သိရှိရသည်။ ”အခု စစ်ဆေးတွေ့ရှိရတာက အင်းစိန်က ဈေးတွေမှာ တွေ့တာပါ။ ဆိုးဆေးကို အသုံးပြုတယ်ဆိုတာက ငါးတွေရဲ့ ပင်ကိုအရောင်ထက် ပိုပြီးရောင်းပန်း လှစေဖို့ ဖြစ်ပါတယ်။ အဓိကကတော့ ငါးပုဏ္ဏားနဲ့ ငါးမြွေထိုးတွေကို ဆိုးကြပါတယ်” ဟု စားသုံးသူ ကာကွယ်ရေးအသင်း၏ အစီအစဉ်ဖြင့် ရန်ကုန်မြို့ ဆင်ခြေဖုံးရပ်ကွက်များ၏ ဈေးများ အတွင်းစစ်ဆေးခြင်း ကူညီဆောင်ရွက်ခဲ့သူ တစ်ဦးက ပြောကြားသည်။ See more,

http://www.khitlunge.net.mm/news/news_detail.aspx?info_id=28696&sub_id=1

(11) မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ကို သီးခြားလွတ်လပ်သည့် ဘုတ်အဖွဲ့တစ်ခုအဖြစ် အသွင်ပြောင်းလဲရန် စီစဉ်
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကို သီးခြားလွတ်လပ်သည့် ဘုတ်အဖွဲ့တစ်ခုအဖြစ် အသွင်ပြောင်းလဲရန် စီစဉ်နေပြီး ပွင့်လင်းမြင်သာမှု မရှိသည့် လိုင်စင်ချပေးမှု လုပ်ငန်းများကို အဆုံးသတ်စေမည်ဟု စီးပွားရေးနှင့် လူမှုရေး ပြုပြင်ပြောင်းလဲမှုအတွက် ရေးဆွဲထားသည့် အခြေခံမူဘောင်တွင် ဖော်ပြချက်အရ သိရသည်။ See more,

http://www.khitlunge.net.mm/news/news_detail.aspx?info_id=28702&sub_id=1

(12) မြန်မာနိုင်ငံတစ်ဝန်းလုံး ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်ရန်အတွက် ယခုနှစ်အတွင်း ဂျပန်က အမေရိကန်ဒေါ်လာ 

မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်ရန်အတွက် ယခုနှစ်အတွင်း ဂျပန်က အမေရိကန်ဒေါ်လာ သန်း၅၀၀ ထုတ်ချေးမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ၁၈-၁-၂၀၁၃ရက်တွင် သိရသည်။ See more,

http://www.swesonemedia.org/index.php?q=3413

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s