ကိုရွှေထူးလည်း မျက်ခုံးခပ်လှုပ်လှုပ်ရှိနေတယ်လို့ ဒီရက်ပိုင်း အောင့်မေ့နေမိတာ ဒီသတင်းကြောင့်ကိုးလို့ ကိုယ်ကိုယ်ကိုယ် သုံးသပ်မိတယ်။ ကိုရွှေထူးတစ်ယောက် ဘာတွေလုပ်နေမိတယ်ဆိုတာ ပြန်စဉ်းစားတော့ ကျုပ်ကတော့ ကျုပ်အလုပ် ကျုပ်လုပ်နေတယ်လို့ပဲ ပြောရတော့မယ်ထင်ပါရဲ့ဗျာ။ နောက်ပြီး ပြည်သူ့လွှတ်တော်ဟာ အကျယ်အကျယ် မငြိမ်းဖွယ်၊ ထိထိတို့တို့ကိစ္စမဟုတ်တာ လိုက်ပြီး ပုံကြီးချဲ့တယ်မြင်မိတယ်။ တခြား စုံစမ်း စစ်ဆေး ဖော်ထုတ်စရာတွေ သိပ်များနေချိန်မှာ ဒါကို ဖော်ထုတ်ဖို့ကြိုးပမ်းနေခြင်းကတော့ ကြောင်ရေချိုးနေတယ်ပဲ သုံးသပ်ပါတယ်ခင်ဗျာ
ဒေါက်တာဆိတ်ဖွား အင်တာနက်ဆောင်းပါးရှင်အား စုံစမ်းစစ်ဆေးရန် စုံစမ်း စစ်ဆေးရေး ကော်မရှင်တရပ်ကို ယနေ့ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဖွဲ့စည်းတာဝန်ပေးခဲ့သည်။
စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ကို
– ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ဦမြညိမ်း (ဥက္ကဌ)
– ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဌ ဦးနန္ဒကျော်စွာ (ဒုတိယဥက္က)အဖွဲ့ဝင်များအဖြစ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များဖြစ်သော
– ဒေါက်တာစိုးရင် (ကမာရွတ်မဲဆန္ဒနယ်)
– ဦးခိုင်မောင်ရည် (အလုံမဲဆန္ဒနယ်)
– ဦးသိန်းညွန့် (သင်္ဃန်းကျွန်းမဲဆန္ဒနယ်)
– ဦးအုန်းကြိုင် (မဟာအောင်မြေမဲဆန္ဒနယ်)၊
– ဦးမင်းဆွေ (ဒိုက်ဦးမဲဆန္ဒနယ်) နှင့်အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များဖြစ်သော
– ဒေါက်တာမြတ်ဥာဏစိုး
– ဦးဖုန်းမြင့်အောင်
– ဦးအောင်ငြိမ်း
– ဦကံညွန့်
– ဦးစိုင်းကျော်ဇောသန်း
– ဦးလှဆွေ
– ဦးသိန်းဦး (အိုင်တီလောကမှ နာယကကြီး)
– ဦးစန်လွင်
– ဒေါ်ကျင်စန်း ……. တို့ဖြင့် ပါဝင်ဖွဲ့စည်းထားသည်။