စိုင်းနော်ခမ်း

120922154556_nawkham_304x171_bbc_nocredit

စိုင်းနော်ခမ်းက ခုမှ ဆေးထိုးလို့ သေရတာပါ၊ စိုင်းနော်ခမ်းကြောင့် ဆေးထိုးအပ်တန်းလန်းနဲ့ သေခဲ့ရတဲ့ မြန်မာလူငယ်တွေက ရေတွက်လို့တောင်မရပါဘူး

စိုင်းနော်ခမ်းသည် မြန်မာနိုင်ငံတွင်မွေးသူ ဖြစ်သည်။ သို့သော် မြန်မာနိုင်ငံတွင် နေထိုင်သူမဟုတ်ပါ။ တရုတ်နိုင်ငံသား ခံယူထားသူဖြစ်သည်။ စိုင်းနော်ခမ်းကြောင့် မဲခေါင်မြစ်ဝှမ်း ဒေသမှာရှိတဲ့ မြန်မာ၊ တရုတ်၊ ထိုင်း နဲ့ လာအိုတို့က ပြည်သူအများအပြား မူးယစ်ဆေးကြောင့် ဘဝပေါင်းများစွာ ပျက်ခဲ့ကြရသည်။ နော်ခမ်းက အခုမှ ဆေးထိုးရင် သေရသူဖြစ်ပြီး နောက်ခမ်းကြောင်း ဘိန်းဆေးထိုးကာ သေဆုံးခဲ့ရသူ မြန်မာနိုင်ငံသား အပါအဝင် မဲခေါင်မြစ်ဝှမ်းမှ နိုင်ငံသားပေါင်း များစွာရှိသည်။ နော်ခမ်းသည် အာဇာနည်တစ်ယောက် မဟုတ်သော်လည်း ယနေ့ Facebook ပေါ်မှ မြန်မာတို့ အာဇာနည် တစ်ဦးအလား ဝမ်းနည်းကျေကွဲနေကြသည်။ နော်ခမ်းသည် နိုင်ငံနဲ့ လူထု အတွက် ဘာမှမလုပ်ခဲ့သည့်အပြင် နိုင်ငံ၏ အနာဂတ် မျိုးဆက် သစ် အာဇာနည် ပေါင်းများစွာကို ဘိန်းစားဖြစ်အောင် လုပ်ခဲ့သည်။

မြန်မာအပါအ၀င် ဒေသတွင်းနိုင်ငံတွေက အလိုရှိနေတဲ့ မူးယစ်ဂိုဏ်းခေါင်းဆောင် စိုင်းနော်ခမ်းကို ဒီရက်ပိုင်းအတွင်းမှာ လာအို အာဏာပိုင်တွေက ရွှေတြိဂံဒေသမှာ ဖမ်းဆီးခဲ့သည်။ ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်နယ်အတွင်းမှာ လှုပ်ရှားနေတဲ့ မူးယစ်ဂိုဏ်းခေါင်းဆောင် နော်ခမ်းကို ဖမ်းဆီးနိုင်ရင် ဆုငွေ ဘတ်နှစ်သန်းပေးမှာဖြစ်ကြောင်း ထိုင်းနိုင်ငံ မူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့က ၂၀၁၂ ခုနှစ် က ထုတ်ပြန်ထားခဲ့သည်။

၂၀၁၀ ခုနှစ်ဖေဖော်ရီလတွင် မြန်မာနဲ့လာအိုနယ်စပ် မဲခေါင်မြစ်အတွင်း ကင်းလှည့်နေတဲ့ မြန်မာရဲတပ်ဖွဲ့ကို ပစ်ခတ်တိုက်ခိုက်ခံရတာကြောင့် ရဲအုပ်တယောက်အပါအ၀င် (၁၅) ယောက်သေဆုံးခဲ့ရသည်။

မဲခေါင်မြစ်အတွင်းဖြတ်သန်း သွားလာတဲ့ သင်္ဘော၊ စက်လှေတွေကို ဆက်ကြေးကောက်၊ ပစ်ခတ် တိုက်ခိုက်ခဲ့တာကြောင့် ကုန်သည်အများအပြား သေကြေဒုက္ခရောက်ခဲ့ရပြီး အမျိုးသမီးများ မုဆိုးမဖြစ်ခဲ့ရကာ ကလေးများ မိဘမဲ့ဖြစ်ခဲ့ကြရသဖြင့် တရုတ်၊ မြန်မာ၊ ထိုင်းနဲ့လာအို အစိုးရတွေက အလိုရှိခဲ့ကြသည်။

၂၀၁၂ အောက်တိုဘာလအတွင်း တရုတ်ကုန်တင်သင်္ဘောနှစ်စင်းကို ပြန်ပေးဆွဲပြီး သင်္ဘောသား ၁၃ ယောက်ကို သတ်ဖြတ်ခဲ့သည်။

နော်ခမ်းအား ယခင် ဘိန်းဘုရင်များနှင့် နှိုင်းယှဉ်၍မရပါ။ မြန်မာစစ်တပ်သည် မည်သည့် တိုင်းရင်းသား ဖြစ်စေ၊ မည်သည့်လက်နက်ကိုင်ဖြစ်စေ၊ မည်မျှ ဆိုးသွမ်းခဲ့သူကိုပင် ဖြစ်စေ လက်နက်ချ အလင်းဝင်လျှင် အပြစ်အားလုံးကို ခွင့်လွှတ်ပေးလေ့ရှိသည်။ နော်ခမ်းကိုလည်း အကြိမ်ကြိမ်ကမ်းလှမ်းခဲ့သည်။ နော်ခမ်းသာ မြန်မာစစ်တပ်ထံ အလင်းဝင်လာပါက ယခုချိန် စီးပွားရေးလုပ်ငန်းပိုင်ရှင် ဖြစ်နေမည်ဖြစ်ပြီး ခရိုနီဟု အပြောခံနေရမည်ဖြစ်သည်။

လူသတ်ခြင်းကို ပုရွက်ဆိပ်တစ်ကောင် သတ်သကဲ့သို့ သဘောထားသော စိုင်းနော်ခမ်းသည် ၎င်း၏အဖွဲ့တွင်းမှ တပည့်များကိုလည်း စိတ်မထင်လျှင် မထင်သလို ပစ်သတ်ခဲ့သူဖြစ်သည်။ နော်ခမ်း၏ ရက်စက်ကြမ်းကြုတ်မှုကြောင့် စိုင်းနော်ခမ်းအဖွဲ့ဝင် (၂၅)ဦးဟာ တာချီလိတ်မြို့နယ် တပ်စခန်းတစ်ခုမှာ ၂၀၁၂ မေလ(၁၄)ရက်နေ့ ညနေပိုင်းက လက်နက်နဲ့ ငြိမ်းချမ်းရေး လဲလှယ်ဝင်ရောက်လာခဲ့ကြသည်။

စိုင်းနော်ခမ်း အဖွဲ့ဝင်သားများဖြစ်ကြတဲ့ ဦးယောဟန်ဦးဆောင်သော အဖွဲ့ဝင်(၆)ဦး ၊ ဦးယားအီ ဦးဆောင်သော အဖွဲ့ဝင်(၁၅)ဦး ၊ ဦးအားထူခေါင်းဆောင်တဲ့ အဖွဲ့ဝင်(၄)ဦး တို့ဟာ တာချီလိတ်မြို့အခြေစိုက် ခမရ(၃၅၉) တပ်ရင်းသို့ လက်နက်ချ အလင်းဝင်ရောက်ခဲ့ကြခြင် ဖြစ်သည်။

အဖွဲ့ သုံးဖွဲ့မှ M16 , M22 အမျိုးအစား မောင်းပြန်ရိုင်ဖယ်တွေ ၊ AK 47 အမျိုးအစား မောင်းပြန်ရိုင်ဖယ်တွေ ၊ လောင်ချာသေနတ်တွေ ၊ ပစ္စတိုတွေနဲ့ မိုင်းဗုံးတွေ ယူဆောင်လာကြပြီး နာရီပိုင်းအတွင်း တစ်ဖွဲ့စီ ဝင်ရောက်လာခဲ့ကြခြင်းဖြစ်သည်။ စိုင်းနော်ခမ်းအဖွဲ့ ကိုင်ဆောင်သော လက်နက်အများစုမှ အမေရိကန်နိုင်ငံထုတ်လက်နက်များ ဖြစ်ပြီး SSA နှင့် ရှမ်းသောင်းကျန်းသူ၊ ပအို့သောင်းကျန်းသူ တို့ ကိုင်ဆောင်သော လက်နက်များနှင့် နံပါတ်များ တူညီနေသည်။ သို့ဖြစ်၍ ရှမ်းပြည်နယ် တစ်ခုလုံး ဘိန်းစားဖြစ်ရေး စီမံကိန်းကို နော်ခမ်း၊ အမေရိကန် နှင့် ရှမ်းသောင်းကျန်းသူတို့ ပူးပေါင်းလုပ်ဆောင်နေခဲ့ကြကြောင်း သုံးသပ်ရပြီး ၎င်းတို့ကြောင့်ပင် မြန်မာနိုင်ငံမှာ ဘိန်းစိုက်ပျိုးထုတ်လုပ်မှု နိုင်ငံများစာရင်းတွင် အာဖစ်ဂန်နစ္စတန်ပြီးလျှင် ဒုတိယမြောက် ဖြစ်ခဲ့ရသည်။ သို့သော် ထိုအချိန်က ကုလနှင့် ကမ္ဘာမှ အပြစ်တင်ဝေဖန်နေချိန်တွင် ဝမ်းသာအားရ အသံကျယ်ကျယ်အော်ခဲ့ကြသူများမှာ ပြည်ပအခြေစိုက် မြန်မာမီဒီယာများဖြစ်ပြီး ယခုအချိန်တွင်တော့ ၎င်းတို့ကိုယ်တိုင်ကပင် နော်ခမ်းသေဆုံးမှုအား အာဇာနည် တစ်ဦးသေးဆုံးသည့်အလား ဝမ်းနည်းကျေကွဲနေကြပြန်သည်။

စိုင်းနော်ခမ်း သေတဲ့ ကိစ္စ မှာ မိသားစုဝင် တစ်ယောက် အနေ အထားနဲ့ ဆိုရင်တော့ ၀မ်းနည်းစရာကိစ္စလေးပါ လူသားအချင်းချင်းတစ်ယောက် အနေနဲ့ကြည့်မယ်ဆိုလည်း သနားစရာ စိတ်မပျော်စရာပါပဲ ဒါပေမဲ့ အကျိုးရှိလို့ အကြောင်းဖြစ်ခဲ့ရခြင်းဖြစ်သည်။ သူသာမူးယစ်ရာဇာမဖြစ်ခဲ့ဘူး မူးယစ် ဓါးပြ မဖြစ်ခဲ့ဘူးဆိုပါက ဘ၀လည်းဒီလိုဘ၀ ဆိုးဖြစ်စရာမရှိပါ။

သို့သော် နော်ခမ်းမှ သူများနိုင်ငံသား (၁၃) ဦးကိုသတ်ခဲ့သည်။ ထို (၁၃ ) ဦးမိသားစုဝင်ကနေကြည့်မယ်ဆို ရင် သူ တစ်ယောက်တည်းနဲ့ ၁၃ ဦး နဲ့ အလှဲအလဲပေးခဲ့သဖြင့် အရှုံးမရှိပါ။ နော်ခမ်း၏ မူးယစ်ဆေးဝါးကြောင့် ဘဝပျက်ခဲ့ရတဲ့ မိသားစုများများ၊ နော်ခမ်းကြောင့် ဆေးထိုးအပ် တန်းလန်းနှင့် သေဆုံးခဲ့ရသော မျိုးဆက်သစ် မြန်မာများ အများအပြားရှိနေပြီး ထိုအထဲတွင် သင်တို့၏ မိသားစုဝင်ပါနေပါက နော်ခမ်းသေဆုံးမှုအတွက် သင်ဝမ်းနည်းမည်မဟုတ်ပါ။ ထို့အပြင် နော်ခမ်းသာ အမေရိကန်နိုင်ငံသား တစ်ဦးကို သတ်ခဲ့ပြီး အမေရိကန်နိုင်ငံမှ သေဒဏ်ပေးခဲ့ပါက သင်ဝမ်းနည်းချင်မှ ဝမ်းနည်းလိမ့်မည်။

တရုတ်သတ်လို့ သေတာ အခုမှသာ ဖြစ်သည်။ တရုတ်မှ သတ်တာတောင် ညှင်ညှင်သာသာဖြင့် ဆေးထိုးသတ်ခဲ့သည်။ ကုလားသတ်လို့ သေခဲ့ရသူ အများအပြားရှိသည်။ လည်လှီးသတ်ခံရသည်။ မုဒိန်းကျင့်ပြီးမှ ရုတ်ပျက်ဆင်းပျက် သတ်ခံရသည်။ ထိုအသတ်ခံရသူများမှာ နော်ခမ်းကဲ့သို့ သူတပါးအား ဒုက္ခပေး ဘဝပျက်အောင်လုပ်နေကြသူများမဟုတ်ပါ။ ရိုးသားသော ရခိုင်တိုင်းရင်းသူ တိုင်းရင်းသားများဖြစ်သည်။

ထူးဆန်းသည်မှာ အပစ်မဲ့ရခိုင်တိုင်းရင်းသားတို့ မုဒိန်းကျင့် ခေါင်းဖြတ် အသတ်ခံရစဉ် ၎င်းတို့ဖက်မှ မရပ်တည်ခဲ့သူများက လူတကာကို ဒုက္ခပေးခဲ့သော ဘိန်းဘုရင် ဆေးထိုးအသတ်ခံရမှ ချုံးပွဲချ ငိုကြွေးနေကြခြင်းဖြစ်သည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s