တိုတိုထွာထွာသတင်းများ

news

ဖုန်းဆင်းကဒ်ကို နှစ်သောင်းကျပ်ဖြင့် ရောင်းချပေးမည်မပြောကြောင်း
ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းငြင်းဆို

သတင်းဂျာနယ်အချို့တွင် သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ဟု ပြောကြောင်း ရေးသားထားမှုကိုမဟုတ်မှန်ကြောင်းး ပြည်ထောင်စုဝန်
ကြီး ဦးစိုးသိန်းကယနေ့နံန့က်တွင်တရားဝင်ငြင်းဆိုလိုက်သည်
“တခါမှ ဈေးနှုန်းကိုထည့်မပြောခဲ့ဘူး။.အလွန်နည်းပါးတဲ့ဈေးနဲ့ပဲရောင်းပေးမယ်လို့ပြောခဲ့တာပါ”ဟု ၄င်းကဆိုသည်။
ဝန်ကြီးဦးစိုးသိန်းက့ဆင်းကဒ်များကို ဧပြီလ၁ရက်နေ့တွင်ပိုမိုသက်သာ
သောဈေးနှုန်းဖြင့် ရောင်းချပေးမည်သာ ဖြစ်ကြောင်းထပ်မံအသိပေးပြော
သည်။

ပုံနှိပ်ထုတ်ဝေခွင့် ဥပဒေကြမ်းအား မီဒီယာသမားများ ဆန့်ကျင်ကန့်ကွက်

ပြန်ကြားရေးဝန်ကြီးဌာနက ရေးဆွဲ၍ ပြည်သူ့လွှတ်တော်သို့
တင်သွင်းသည့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်း ဥပဒေကြမ်း
အပေါ် ဆန့်ကျင်ကန့်ကွက်ခြင်းနှင့် ရှေ့ဆက်ဆောင်ရွက်မည့်
လုပ်ငန်းစဉ်များ ဆွေးနွေးပွဲကို ရန်ကုန်မြို့ ယုဇနဂါးဒင်းဟိုတယ်တွင်
မတ်လ ၁၂ရက် မွန်းလွဲ ၁နာရီအချိန်တွင် စတင်ကျင်းပခဲ့သည်။

ကျပ် ၅၀ဝ၀ တန် ငွေတုတွေ ဘယ်လောက်များနေပြီလဲ

ကျပ် ၅ဝဝဝ တန် ငွေစက္ကူ အတုတွေကို ဘဏ်တချို့က လက်ခံ တွေ့ရှိ ရတယ်လို့ ဘဏ္ဍာရေးနဲ့ အခွန် ဝန်ကြီး ဌာန ဒုတိယ ဝန်ကြီး ဒေါက်တာ လင်းအောင်က လွှတ်တော်မှာ ပြီးခဲ့တဲ့ ရက်က ဝန်ခံ ပြောကြားသွား ပါတယ်။

ကျပ် ၅ဝဝဝ တန် စထုတ်တဲ့ လွန်ခဲ့တဲ့ ၃ နှစ်ကျော် အတွင်း အတု သိန်း ၂ဝဝ နီးပါး တွေ့ရှိ ခဲ့ရပြီး ဖြစ်တယ်လို့ ပြောပါတယ်။ ဒီအရေ အတွက်ဟာ ဘဏ်တွေကို ရောက်လာတဲ့ အရေ အတွက်သာ ဖြစ်ပါတယ်။

နိုင်ငံအဝှမ်း လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းများ
မဖြစ်ပွားစေရေးအတွက် ပြည်ထဲရေးမှ မူကြမ်းဆွဲလျက်ရှိ

မြန်မာနိုင်ငံအတွင်းရှိ ရခိုင်ပြည်နယ်နှင့် ရန်ကုန်တိုင်းအတွင်းရှိ
အချို့ဒေသများတွင် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများ ဖြစ်ပွား လျက်ရှိရာ ပြည်ထဲရေးဝန်ကြီးဌာနမှ အဆိုပါ ပဋိပက္ခများ နိုင်ငံအဝှမ်း မဖြစ်ပွားစေရေးအတွက် မူကြမ်းရေးဆွဲ နေပြီဖြစ်ကြောင်း
ပြည်ထဲရေးဝန်ကြီးဌာနရှိ လုံခြုံရေးနှင့် မှုခင်းဌာနမှ ရဲမှူးကြီး
မျိုးသန့်က ပြောကြားသည်။

KIO နှင့် UNFC ရွှေလီမှာတွေ့

KIO နှင့် UNFC တို့ ရွှေလီမြို့၌ တွေ့ဆုံခဲ့ပြီး ငြိမ်းချမ်းရေး ဆွေးနွေးပွဲအပေါ် သုံးသပ်မှုများ ပြုလုပ်ခဲ့ အိမ်ရှင် တရုတ်နိုင်ငံ၏ ၀င်ရောက် စွက်ဖက်မှုကြောင့် ပူးတွဲကြေညာချက်တွင် မထည့်သွင်းနိုင်ခဲ့သည့် ကိစ္စရပ်များကို ဆက်လက် လုပ်ဆောင်မည်ဟု သိရ

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s