ပြည်သူ့ဆန္ဒဂျာနယ်ရဲ့ သောက်တလွဲလုပ်ရပ်

812716_306792539423290_1186379226_o

ပြည်သူ့ဆန္ဒဂျာနယ်က အယ်ဒီတာရဲခေါင်မဲမောင်ခေါ် ဦးနေမျိုးအေး နဲ့ ဒီနေ့ ဖုန်းပြောဖြစ်ပါတယ်။
သူ့စကားလေးတွေ ကောက်နှုတ်ကြည့်ချင်လို့။

– ဦးက အရင်ကကျောင်းအုပ်ကြီး။ စည်းမျဉ်းကို မချိုးဖောက်ဘူး။ စိတ်ချ။
( ကျောင်းအုပ်ကြီးဖြစ်တာနဲ့ ဒီကိစ္စနဲ့လုံးဝမဆိုင်)

ဂျာနယ်မှာရှင်းပြမယ် ဆိုတာက ဟုတ်ပါပြီ။ ဖေ့ဘွတ်ပေါ်က Page မှာရော ဘာမှ မဖြေရှင်းတော့ဘူးလားလို့မေးတော့ ..

– ဖေ့ဘွတ်ဆိုတာ မင်းသိတဲ့အတိုင်း ဘာမှမစဉ်းစားဘဲ ပြောချင်ရာပြော ရေးချင်ရာ ရေးနေကြတာ။ လိုင်းပေါ်က ကိစ္စကို စိတ်မ၀င်စားဘူး
( သူယူသုံးသွားတာ ဖေ့ဘွတ်ပေါ်က ကဗျာဆိုတာကို မေ့နေသလားမသိ)

နောက်ထွက်မယ့်ဂျာနယ်မှာ ဘယ်လို ဖြေရှင်းမှာလဲ ? ဟိန်းနာမည်အမှန်နဲ့ ကဗျာပြန်ထည့်ရုံနဲ့ အဆင်မပြေပါဘူး။ ဦးတို့ ဘယ်နည်းဘယ်ပုံမှားယွင်းခဲ့တယ်ဆိုတာကို အတိအလင်းတောင်းပန် ဖို့အစီအစဉ်ရှိပါသလား လို့ ကျွန်တော်မေးတော့ ..

– ဦးတို့မမှားပါဘူး။ မှားတယ်လို့မပြောပါနဲ့။ ဦးတို့တွေ့တာ ရှဲထားတဲ့ကဗျာကိုပဲတွေ့တာ။ ထပ်ကြည့်တော့လည်း အဆင့်ဆင့်ရှဲထားတာကိုပဲတွေ့တာ။ ဒါနဲ့ ဦးတင်လတ် ရဲ့နာမည်ကိုပဲ ဖော်ပြပြီး ခေါင်းစဉ်မပါလို့ ခေါင်းစဉ်တပ်လိုက်တာ။
(ဘယ်သူဘယ်ဝါရဲ့ကဗျာဆိုတာ မရှာတတ်လောက်အောင် ဖေ့ဘွတ်ကိုမသုံးတတ်ဘူးလား။ အဲ့လောက်တုံးသလား။ တော်ရုံတန်ရုံလူတစ်ယောက်ကို မေးလိုက်ရင်တောင် မူရင်းလင်ခ့်ကို ရနိုင်ဖို့မခက်တဲ့အခြေအနေ )

– ပြီးတော့ ဦးတို့က မဂ္ဂဇင်းမဟုတ်ဘူး။ ဂျာနယ်ဆိုတော့ အမြန်လုပ်ရတာ။ ဒီကဗျာလေး သိပ်ကောင်းတော့ ပြည်သူတွေကို ပြချင်တဲ့စိတ်နဲ့ ကဗျာဆရာကို မရှာဖြစ်တော့တာ။ ဖော်ပြလိုက်ရင် ကဗျာဆရာက ဘယ်သူဆိုတာပေါ်လာမှာပဲ။ ဒီတော့မှ ချီးမြှင့်လိုက်မယ်လို့ အစီအစဉ်ရှိပြီးသား ။
( မူရင်းရေးသူကို မရှာနိုင်သေးတော့ရော ဒီကဗျာမဖော်ပြနဲ့ပေါ့။ စုံစမ်းပြီး အသိပေးပြီးမှ ခွင့်ပြုချက်ရလို့ထည့်ရင် ဒီပြဿနာပေါ်လာစရာအကြောင်းမရှိ။ ဒီကဗျာကို ဖော်ပြရမှ သူတို့ဂျာနယ်ထုတ်လို့ရမှာလား။ စာမျက်နှာပြည့်မှာလား )

– ဒီကဗျာလေးကို စာမျက်နှာပေါ်တင်ပေးချင်တဲ့ ဆန္ဒနဲ့ …
( ဟိန်းသာ ဆန္ဒရှိရင် ဒီကဗျာ ပရင့်တက်မီဒီယာဘက်မှာ ပါတာ ကြာနေပြီ။ မဂ္ဂဇင်းတစ်ခုခု ဂျာနယ်တစ်ခုခုမှာ ပါတာကြာနေပြီ။ သူရေးတာ ဖေဖော်ဝါရီ ၁၃ မှာရေးတာ ။ သူတို့ဂျာနယ်က မတ် ၁၄ မှ ထွက်လာတာ ။ )

– ဒီကဗျာကိုသုံးပြီး ဂျာနယ်ရောင်းကောင်းအောင်လုပ်လို့တဲ့ဆန္ဒနဲ့မဟုတ် .
( ယုံကြည်နိုင်ဖွယ်မရှိ။ ရေးသူအမည်တောင် သေချာမသိခင်ကတည်းက ငမ်းငမ်းတက် ထည့်ရိုက်ပြီးမှ ဒီစကားမျိုးလာပြော။ သူတို့ page ကသတင်းတစ်ပုဒ်မှာ မသွဲ့သွဲ့ဝင်းကို မသွပ်သွပ်ဝင်းလို့ ရေးထား။ ဒီလိုအမှားမျိုးတွေနဲ့ ဂျာနယ်တစ်ခုကို ယုံကြည်ဖို့ အသင့်မဖြစ်သေး )

သူပြောသွားတဲ့ စကားရှိပါတယ်။ ဘယ်လိုဖြေရှင်းမှာလဲ မေးတော့ အခုထွက်မယ့်ဂျာနယ်ကို စောင့်ကြည့်ပေါ့တဲ့။ စောင့်ကြည့်သေးတာပေါ့။ သူ့စကားအသွားအလာအရတော့ ဒီကဗျာကိုပဲ ဟိန်းနာမည်နဲ့ထပ်ဖော်ပြမယ့် အနေအထားပဲရှိ။
ဒါကို မလိုချင်ပါ။ သူတို့ လွန်ကျူးခဲ့တယ် မှားယွင်းခဲ့တယ်ဆိုတာကို ပြည့်ပြည့်စုံစုံ ဖြေရှင်းတောင်းပန်ခြင်းမရှိရင် ကျွန်တော်တို့ ကျေနပ်ပေးစရာအကြောင်းမရှိပါ။ ဘာပဲဖြစ်ဖြစ် စောင့်ကြည့်ကြတာပေါ့ဗျာ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s