ကျရူံးသူရဲ့ အောင်မြင်မှု

skater-snoopy-playing-cartoon

Schulz လို့ခေါ်တဲ့ကလေးငယ်တစ်ဦးဟာ သူ့ရဲ့ကျောင်းတက်ရက်တွေကို ပင်ပင်ပန်းပန်းနဲ့ ဖြတ်ကျော်ခဲ့ရတယ်။ မူလတန်းကတည်းက သူသင်ယူသမျှဘာသာတိုင်းဟာ မင်နီတွေနဲ့ပြည့်နှက်ခဲ့တယ်။ အလယ်တန်းရောက်တော့ သူ့ရဲ့ရူပဗေဒအမှတ်က အမြဲသုညဖြစ်နေတယ်။ သူဟာ သူတက်တဲ့ကျောင်းမှာ ရူပဗေဒအမှတ်အနည်းဆုံး၊ အညံ့ဆုံးအဖြစ် စံချိန်တင်ခဲ့တယ်။ တခြားသာသာရပ်မှာလည်း အမှတ်တွေ အမြဲနည်းခဲ့တဲ့အပြင် အားကစားအမှတ်လည်း ထင်သလောက်မဖြစ်ခဲ့ဘူး။

ကြီးပြင်းလာခဲ့တဲ့ ဘ၀တလျှာက်မှာလည်း ထုံထိုင်းနုံအတဲ့သူ့မှာ သူငယ်ချင်း၊ အပေါင်းအသင်းတွေမရှိခဲ့ဘူး။ လူတွေက သူ့ကို မနှစ်သက်တာမဟုတ်ပေမယ့် ကျောင်းအဖွဲ့အစည်းတွေမှာလည်း သူ့အရိပ်ကိုမမြင်ခဲ့ရဘူး။ မိသားစုရဲ့အကြည့်ထဲမှာလည်း သူဝင်မဆန့်ခဲ့ဘူး။ တစ်ယောက်ယောက်ကများ သူ့ကိုယောင်ပြီးနှုတ်ဆက်မိရင် သူဟာ အရမ်းပျော်နေခဲ့တတ်တယ်။

မိန်းကလေးတွေနဲ့ချိန်းတွေ့မယ့် တုံးအ,အသူ့ပုံကို ဘယ်သူမှမမြင်ဖူးခဲ့ဘူး။ သူ့ကိုလည်း ဘယ်မိန်းကလေးကမှ လက်မခံခဲ့ဖူးဘူး။ Schulz ဟာ ကယ်တင်စရာဆေး လုံးဝမရှိတဲ့ ကျရှုံးသူဖြစ်ခဲ့တယ်။ ဒါကို သူ့ကိုယ်သူလည်း သိတယ်။ ဒါကြောင့် ငယ်ရာကနေ ကြီးလာတဲ့အထိ ဘဝဟာ ဘာဖြစ်နေဖြစ်နေ သူဂရုမစိုက်ခဲ့ဘူး။ ဒါပေမယ့် ကာတွန်းဆွဲဖို့ တစ်ခုကိုပဲ သူဂရုစိုက်ခဲ့တယ်။

Schulzဟာ ကာတွန်းကိုတော့ ကောင်းကောင်းဆွဲနိုင်မယ်လို့ သူ့ကိုယ်သူ ယုံကြည်ခဲ့တယ်။ ကိုယ်ဆွဲတဲ့ပုံတွေကိုလည်း ဂုဏ်ယူခဲ့တယ်။ ဒါပေမယ့် သူဆွဲတဲ့ပုံကို ဘယ်သူမှလှည့်မကြည့်ခဲ့ဘူး။ အလယ်တန်းတုန်းက ဂျာနယ်တချို့ကို သူ့ပုံတွေပို့ခဲ့ဖူးတယ်။ အမြဲတမ်း အပယ်ခံခဲ့ရပေမယ့် ကာတွန်းဆွဲနိုင်တဲ့ ကိုယ့်ရဲ့ယုံကြည်မှုကိုတော့ သူလက်မလွတ်ခဲ့တဲ့အပြင် အောင်မြင်တဲ့ ကာတွန်းဆရာတစ်ဦးဖြစ်ရမယ်လို့လည်း သူဆုံးဖြတ်ခဲ့တယ်။

အလယ်တန်းပြီးတဲ့နှစ်မှာပဲ သူဟာ Walt Disney ကုမ္ပဏီကို မိတ်ဆက်စာတစ်စောင်ရေးခဲ့တယ်။ Disneyက သတ်မှတ်ထားတဲ့ပုံနဲ့ သူ့လက်ရာကိုကြည့်ဖို့ တောင်းဆိုခဲ့တယ်။ ဒါဟာ သူ့အတွက် လမ်းစပဲဆိုပြီး Schulzဟာ ကိုယ်ရောစိတ်ပါနစ်ပြီး ပုံတွေကိုဆွဲခဲ့တယ်။ ဒါပေမယ့် Disneyက သူ့ကို ငြင်းပယ်လိုက်ပါတယ်။ ကျောက်တုံးကို ရေထဲပစ်ချလိုက်သလိုပဲ ကျရူံးသူဟာ နောက်ထပ်တစ်ဖန် ကျရူံးခြင်းနဲ့ ရင်ဆိုင်ခဲ့ရပြန်တယ်။

Schulzရဲ့ ဘဝဟာ မည်းမှောင်ပြီး ချောက်ကမ်းပါးထိပ်ကို ရောက်နေသလိုပါပဲ။ ရှေ့ဆက်ဖို့ လမ်းစပျောက်နေချိန်မှာ အဓိပ္ပာယ်မဲ့တဲ့ကိုယ့်ဘဝကို ခဲတံလေးနဲ့ ဆွဲခြစ်ဖို့ သူစိတ်ကူးမိတယ်။ ကာတွန်းထဲမှာပြောမယ့် စကားလုံးတွေကိုလည်း အရောင်မလှခဲ့တဲ့ သူ့ငယ်ဘဝစကားလုံးတွေ၊ မအောင်မြင်ခဲ့တဲ့ စာမေးပွဲတွေ၊ အပယ်ခံရတဲ့ အညတရအနုပညာသည် သူ့အကြောင်း၊ လူတွေ လျစ်လျူရှုခံထားရတဲ့ ကျရူံးသူ…… စတဲ့ သူကြုံတွေ၊ ခံခဲ့ရတဲ့ ခံစားချက်တွေကို သူမြတ်နိုးတဲ့၊ အောင်မြင်အောင်လုပ်မယ်လို့ သူဆုံးဖြတ်ထားတဲ့ ကာတွန်းနဲ့ ခြယ်မှုန်းခဲ့တယ်။

အဲဒီလိုနဲ့ သူဖန်တီးတဲ့ ဇာတ်ကောင်တစ်ကောင် “Peanuts” ဟာ အောင်မြင်လာလိမ့်မယ်လို့ သူ့ကိုယ်သူတောင် တွေးမထားမိခဲ့ဘူး။ ဒါပေမယ့် Peanuts ဇာတ်လမ်းတွဲတွေက တစ်ကမ္ဘာလုံးကို တောမီးလို ခဏတွင်းချင်း ဟုန်းဟုန်းတောက်ကူးစက်အောင်မြင်ခဲ့တယ်။ သူ့ရဲ့စုတ်ချက်အောက်မှာပဲ “Charlie Brown” ဆိုတဲ့ ဇာတ်ကောင်တစ်ကောင် ထွက်ပေါ်လာခဲ့တယ်။ Charlie Brownဟာလည်း သူ့လိုကျရူံးသူတစ်ဦးပါပဲ။ Charlie Brown လွှတ်တဲ့လေတံခွန်ဟာ ဘယ်တော့မှ ကောင်းကင်အထက်ကို မပျံဝဲနိုင်ခဲ့သလို ဘောလုံးကိုလည်း သူကောင်းကောင်းမကန်တတ်ခဲ့ဘူး။ တုံးအတဲ့Charlie Brownကို သူငယ်ချင်းတွေက “သစ်တုံးဦးနှောက်” လို့ ခေါ်ခဲ့ကြတယ်။

အဲဒီလို ခပ်တုံးတုံးစရိုက်နဲ့ ခပ်တုံးတုံးဇာတ်ကောင်တွေကို ကမ္ဘာကျော်အောင်ဆွဲနိုင်ခဲ့တဲ့လူကတော့ နိုင်ငံကျော်ကာတွန်းဆရာ “Charles M. Schulz” ပဲဖြစ်ပါတယ်။ သူ့ဇာတ်ကောင်ထဲက တစ်ကောင်ဖြစ်တဲ့ “Snoopy dog”ဟာ တစ်ကမ္ဘာလုံးမှာရှိတဲ့ ကလေး၊ လူကြီးပါမကျန် မသိသူမရှိအောင် နာမည်ကျော်ကြားခဲ့ပါတယ်။

အောက်ကပုံက Charlie Brown နဲ့ Snoopy dog ဖြစ်ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s