မိတ္ထီလာ အရေးအခင်း ဆင်ခြင်ကြည့်ခြင်း

246533_10200797441246429_1682088615_n

အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ် (NLD) ကနေ ကြားဖြတ်ရွေးကောက်ပွဲ ၀င်ပြီး လစ်လပ်နေတဲ့ ပြည်သူ့ လွှတ်တော်အမတ်နေရာတွေထဲ ကြားဖြတ်ရွေးကောက်ပွဲကနေ ၀င်ရောက်ကြလို့  နေရာရရှိကြတဲ့အထဲမှာ ပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ် (NLD) ရဲ့  အားထားရာပုဂ္ဂိုလ်တွေ ပါဝင်ခဲ့ပါတယ်။ ထိုနည်းတူ မျိုးဆက်သစ် လူတော်လူကောင်းတွေလည်း ပါဝင်ပြီး ပြည်သူ့  လွှတ်တော်ကိုယ်စားလှယ်နေရာတွေကို ရရှိခဲ့ပါတယ်။

ဒီလို ပြည်သူ့ လွှတ်တော်ထဲမှာ အနည်အကျဉ်းမျှသော ပြည်သူ့  လွှတ်တော်ကိုယ်စားလှယ်နေရာကို ရရှိတဲ့အခါမှာ အရေအတွက်အရ နည်းပေမယ့် အရည်အချင်းအရ မနည်းဖူးဆိုတာကို မြန်မာပြည်သူလူထုတစ်ရပ်လုံးက သိခဲ့ကြသလို၊ ယခုလက်ရှိအချိန်တိုင်အောင် မရိုးသားသေးတဲ့ အာဏာရှင်အုပ်စုက သဘောပေါက်ကြပါတယ်။

ဒီအတွက် ပြည်သူ့ လွှတ်တော်အတွင်းစည်းထဲ ၀င်ရောက်လာတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ် (NLD) ရဲ့  အင်အားစုကို အမျိုးမျိုးသောနည်းလမ်းများနဲ့  ကြိုဆိုကြပါတယ်။ ဒီနေ့  ဒီအချိန်မှာ တစ်ဖက်က ရေအေးတိုက်ပြီး တစ်ဘက်က အဆိပ်ကျွေးဖို့  နှစ်လမ်းသွား ကျင့်သုံးကြတာကတော့ ပြောပြစရာမလိုတဲ့ အပြောနဲ့ မညီ ထင်ရာစိုင်းလုပ်ပြနေသူတွေဆိုတာပါဘဲ။ အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ် (NLD) ရဲ့  လွှတ်တော်အမတ်များကတော့ တိုက်ကျွေးတဲ့ အဆိပ်ကိုလည်း ရှောင်ရင်း ရေအေးကိုလည်း သောက်ရင်း ဖြောင့်ဖြောင်မတ်မတ် ကြိုးစားလျှောက်လှမ်းနေရတာပါဘဲ။ ယုတ်မာသူတွေကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ် (NLD) နဲ့  ပြည်သူလူထုကို မရ ရတဲ့  နည်းလမ်းတွေနဲ့  ဖန်တီး တိုက်ခိုက်နေမှာပါဘဲ။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ် (NLD) ရဲ့  အဓိက ခေါင်ဖြစ်တဲ့ ပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၁၅ ခုနှစ် မတိုင်ခင် အနုနည်းတွေနဲ့  ခြေမှုန်းတဲ့ အဖြစ်အပျက် အခြေအနေတွေ တစ်ခုပြီး တစ်ခု ဆက်တိုက်ကို ဖန်တီးပေါ်ပေါက်နေတာ သိသာပါတယ်။

ဒုတိယပစ်မှတ်ကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ် (NLD) မတိုင်ခင်ကတည်းက အာဏာရှင်ကို ဆန့် ကျင်နေတဲ့ မတရားမှုကို တော်လှန်နေတဲ့ (ဗိုလ်ကြီးဟောင်း) ဦးဝင်းထိန်ဘက်ကို ပစ်မှတ် လှည့်တာပါဘဲ။ (ဗိုလ်ကြီးဟောင်း) ဦးဝင်းထိန်ရဲ့  အာဏာရှင်ဆန့် ကျင်ရေး သမိုင်းကြောင်းကို သိရှိသူတွေ သိကြပါတယ်။

ပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဧရာဝတီမြစ်ဆုံကိစ္စ၊ တရားဥပဒေစိုးမိုးရေးကိစ္စ၊ ရခိုင်ပြည်နယ် ကိစ္စ၊ လက်ပံတောင်းတောင်ကိစ္စတို့ နဲ့  ဖန်တီးလုပ်ကြံကာ ပြည်သူလူထု တိုင်းရင်းသားလူမျိုးများနဲ့  အထင်မှား အမြင်မှား သွေးကွဲအောင် လုပ်ပြီးတဲ့နောက်မှာတော့ ဦးဝင်းထိန်ဘက်ကို လှည့်လာပါပြီ။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ် (NLD) ရဲ့  အမတ်တစ်ဦးဖြစ်တဲ့၊ အာဏာရှင်ဆန့် ကျင်ရေး စိတ်ဓါတ်ပြင်းပြစွာ ဆောင်ရွက်နေတဲ့ (ဗိုလ်ကြီးဟောင်း) ဦးဝင်းထိန်ကို အာဏာရှင်အုပ်စုက မျှားဦးလှည့်ပါပြီ။

ယနေ့ ယခု ဖန်တီးလိုက်တဲ့ မိတ္ထီလာမြို့ က ပဋိပက္ခဟာ ဒုတိယပစ်မှတ်ဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ် (NLD) ရဲ့  (ဗိုလ်ကြီးဟောင်း) ဦးဝင်းထိန်၏ မဲဆန္ဒနယ်မြေ မိတ္ထီလာဖြစ်ပါတယ်။

ဘာသာရေး လူမျိုးရေးအဓိကရုဏ်းဖြစ်အောင် ဖန်တီးနေကြတဲ့ လူယုတ်မာအုပ်စုရဲ့  ယုတ်မာမှုတွေ သိကြဖို့  လိုပါတယ်။

2 thoughts on “မိတ္ထီလာ အရေးအခင်း ဆင်ခြင်ကြည့်ခြင်း

Leave a comment