ဗုဒ္ဓသာသနာ ရောင်ဝါလင်းစေသော်ဝ်

lord-buddha-081

၈၈ အရေးအခင်းကာလ မြောက်ဥက္ကလာမှာ လူပုံအလယ် ခေါင်းဖြတ်သတ်နေတဲ့ ဗွီဒီယိုကို တပ်ကအာဏာသိမ်းပြီးနောက် မြန်မာ့ရုပ်မြင်သံကြား ကနေ တောက်လျှောက်လွှင့်ပြတယ်။

ကြည့်ဖူးသူတွေ သိတယ်။ အင်မတန်ကို အော့နှလုံးနာစရာ၊ စက်ဆုပ်စရာ၊ ထိတ်လန့်ဖွယ်ရာ မြင်ကွင်းပဲ။ တရားဥပဒေ စိုးမိုးမှုမဲ့သွားတာရဲ့  အကျိုးဆက်တစ်ခုပေါ့..။

ဘာသာတရား ဘယ်လောက်ထွန်းကားတယ်ပြောပြော.. တရားဥပဒေရဲ့  အခန်းကဏ္ဍအားနည်းလိုက်တာနဲ့ ထိမ်းမနိုင် သိမ်းမရ ဖြစ်ချင်တိုင်း ထထဖြစ်နေတယ်ဆိုရင် အဲဒီဘာသာတရား ဟာ အဲဒီလူတွေရဲ့ ရင်ထဲမှာ တကယ်မထွန်းကားလို့ ဆိုတာ သိပ်ထင်ရှားတယ်။

ဘာသာတရားသာ တကယ်တမ်း ရင်ထဲမှာ ထွန်းကားရင် တရားဥပဒေစိုးမိုးသည်ဖြစ်စေ.. မစိုးမိုးသည်ဖြစ်စေ.. မေတ္တာတွေ၊ ကရုဏာတွေ၊ မုဒိတာတွေ၊ ဥပက္ခောတွေနဲ့ ထုံမွှမ်းနေမှာပဲ။

အဲသလို ဗြဟ္မစိုရ် တရားတွေနဲ့ ထုံမွှမ်းနေတဲ့ ဘာသာတရားကို ဘယ်ဘာသာကမှလဲ.. လွှမ်းမိုးနိုင်မှာ မဟုတ်သလို ဖျက်ဆီးလို့လဲ ရမှာမဟုတ်ဘူး။ ဒါ့အပြင် အဲဒီဘာသာဝင်တွေရဲ့  မင်းမဲ့စရိုက်လဲ တွေ့ရမြင်ရမှာ မဟုတ်ဘူး။

ဖျက်ဆီးလို့ ရနေတယ်.. လွှမ်းမိုးလို့ ရနေတယ်..မင်းမဲ့စရိုက်တွေ ရှိနေတယ်ဆိုရင်.. ကိုးကွယ်သူတွေရဲ့  ရင်ဘတ်ကြီးထဲ မှာ အဲဒီဘာသာက ခိုင်ခိုင်မာမာ ဖြစ်တည်မနေလို့ပဲ။

ဗလီဖျက်ရုံနဲ့ ဘာသာခြားနဲ့ညားရုံနဲ့ မွတ်ဆလင်တွေရဲ့ ရင်ထဲက ဘာသာတရား ပျောက်သွားမှာ မဟုတ်သလို.. ဘုရားကျောင်းကန် ဖျက်ဆီးခံရရုံနဲ့.. မွတ်ဆလင်နဲ့ညားရုံနဲ့.. အတင်းအဓမ္မခြိမ်းခြောက်

အကျပ်ကိုင်ခံရရုံနဲ့ မြန်မာတွေရဲ့  ရင်ထဲက ဗုဒ္ဓဘာသာလဲ ပျောက်ဆုံးသွားဖို့ မကောင်းဘူး..။

ကိုးကွယ်သည့်ဘာသာဆိုတာ မှတ်ပုံတင်ထဲ၊ အိမ်ထောင်စုစာရင်း ထဲက သတ်မှတ်နေရာမှာ ဖြည့်လိုက်ရုံနဲ့ ဘာသာဝင်အဖြစ် အော်တိုမက်တစ် ရရှိ ရောက်ရှိသွားတာမျိုးမှ မဟုတ်ဘဲ။ ရင်ဘတ်ကြီးထဲက ဘာသာမပြောင်းချင်သူကို ဘယ်သူကမှ ဇွတ်အတင်းပြောင်းလို့ မရပါဘူး။ သကြားမင်းဆင်းလာပြီး ပြောင်းခိုင်းရင်တောင် မဖြစ်နိုင်ရဘူး..။

ဒါကြောင့် ဘာသာသာသနာကို အမှန်တကယ် ကာကွယ်ချင်ရင်.. ကိုယ့်ထဲကိုယ့်ဟာ ခိုင်မာဖို့ကို အထူး အလေးပေး ဆောင်ရွက်ခြင်းသာ.. မဖြစ်မနေ မမှိတ်မသုန် လုပ်ဆောင်သင့်တဲ့ အရာလို့ ထင်ပါတယ်။

တခြားဘာသာကို ဆန့်ကျင်တိုက်ခိုက်ပြီးမှ ကိုယ့်ဘာသာခိုင်မာမှုကို တည်ဆောက် ကာကွယ်လို့ ရမယ် ဆိုရင်တော့.. ကိုယ့်ခိုင်မာမှုဟာ သူများပေးတဲ့ခိုင်မာမှုပဲ ဖြစ်တော့မှာပေါ့။ သူများပေးတာဆိုမှတော့.. ကိုယ့်ရင်ထဲ က ခိုင်မာမှု  ဘယ်ဟုတ်ပါတော့မလဲ။

One thought on “ဗုဒ္ဓသာသနာ ရောင်ဝါလင်းစေသော်ဝ်

  1. min makha

    မြန်မာနိုင်ငံမှာ ကုလားတိုင်းရင်းသား ရှိပထါသလား

    Like

    Reply

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s