၉၆၉ နဲ့ ကျုပ်အမြင်

ကျွန်တော်နဲ့ အင်မတန်ရင်းနှီးတဲ့ ကျောင်းနေဖက် သူငယ်ချင်းတစ်ယောက် မွတ်ဆလင် အမျိုးသမီးနဲ့ ညားပါတယ်..။

ယောက်ျားလုပ်သူက ဗုဒ္ဓဘာသာကို ဆက်လက်ကိုးကွယ်သလို မိန်းမကလဲ သူယုံကြည်ရာကို ဆက်လက်ကိုးကွယ်ပါတယ်။ သူတို့အိမ်ထောင်ရေး.. အင်မတန်ချမ်းမြေ့ပါတယ်။

သူ အခု ယောက္ခမအိမ်မှာ နေပါတယ်။ ယောက္ခမများကလဲ.. သူ့ကို မလွှမ်းမိုးပါ..။ သမက်စီးပွားရေးကိုတောင် ယောက္ခမများက ကူညီညာပံ့ပိုးပါတယ်။

(သူတို့လင်မယား ဘယ်သူတွေဆိုတာ ဒီဖေ့ဘွတ်ပေါ်က ကျောင်းနေဖက်များ သိပါတယ်)

ဒါက တစ်ယောက်.. နောက်သူငယ်ချင်းတစ်ယောက်က မွတ်ဆလင်ပါ..။ မြန်မာမိန်းကလေး ကို ယူထားပြီး.. မွေးလာတဲ့ ကလေးသုံးယောက်ကို ဗုဒ္ဓဘာသာဝင်အဖြစ်..သူကိုယ်တိုင် ယူစေပါတယ်..။

အဲဒါကို လ၀က ..က အဖေ မွတ်ဆလင်ဖြစ်ရင် သားသမီးကို မွတ်ဆလင်ပဲ ယူရမလိုလို လုပ်လို့.. ကျွန်တော်ကိုယ်တိုင် သူနဲ့အတူတူ.. ရန်ကုန်တိုင်း လ၀ကတိုင်းမှုးအထိ တက်တွေ့ ရှင်းပြခဲ့ဖူးပါတယ်..။

မွတ်ဆလင်ယူမိပြီး.. ဘာသာအတင်းပြောင်းခိုင်းတာမျိုး တွေ ရှိသလို.. မွတ်ဆလင်နဲ့ညားသော်ငြား.. အတင်းအကျပ် ဘာသာမပြောင်းရဘဲ အေးချမ်းတဲ့အိမ်ထောင်ရေးကို ထူထောင်နိုင်သူတွေလဲ ရှိနေတာကို သိစေချင်လို့ ဒါပြောတာပါ..။

ရှိတာခြင်းတူ.. ဘာသာခြားနဲ့ညားပြီး ဇွတ်အတင်း အဓမ္မ ဘာသာပြောင်းခိုင်းတာက ပိုများကောင်း များနိုင်ပါတယ်..။ အဲဒါကို လက်ခံပေမယ့်.. ဘာသာခြားယူမိရင်ပဲ..ဘ၀ပျက်တော့မတတ် ပြောနေဆိုနေကြတာ

ကိုတော့ သဘောမမျှပါ..။

ဘာကြောင့်လဲဆိုတော့.. အဲဒီပြောကြားချက်တွေဟာ လိုအပ်တာထက် ပိုတဲ့ လူမျိုးရေးမုန်းတီးမှု-ဘာသာရေးမုန်းတီးမှု တွေဆီ တွန်းပို့သလိုဖြစ်ပြီး နောက်ဆုံးတော့ ဘာသာရေး၊ လူမျိုးရေး အဓိကရုန်း တွေမှာဂိတ်ဆုံးလေ့ရှိလို့ပါပဲ..။

မကြာခင်က ၉၆၉ ကြေငြာချက်တွေ ထွက်လာတယ်..။

ရုတ်တရက် တွေးရင်တော့.. ကိုယ့်ဘာသာတူဆီမှာ ဈေးဝယ်ကြဖို့- မွတ်ဆလင်ဆိုင်တွေမှာ မ၀ယ်ဖို့ ပြောတာမို့.. ဘာမှ ဘာသာရေး အဓိကရုန်းဖြစ်အောင် လုပ်နေတာမှ မဟုတ်ဘဲလို့.. ထင်စရာရှိပေမယ့်.. လူသားရဲ့  အခြေခံစိတ်ဟာ.. အဲဒီလောက်ကြီး ခွဲမြင်တတ်လေ့မရှိတာကို

လျော့မတွက်မိဖို့ လိုပါတယ်..။

၉၆၉ ကြေငြာချက်နဲ့ အညီ ..  မွတ်ဆလင်ဆိုင်တွေမှာ ဈေးမ၀ယ် တာဟာ.. မွတ်ဆလင်ကိုမုန်းလို့မဟုတ်.. ငါတို့ဘာသာတူတွေရဲ့  အကျိုးစီးပွားကို ကာကွယ်ချင်တာမျှသာ ဖြစ်တယ်လို့.. လူတစ်ရာမှာ ကိုးဆယ့်ကိုးယောက်.. ခံယူနိုင်ကြမယ် မထင်ပါဘူး..။

ခံယူနိုင်လဲ.. ခဏပါပဲ..။ ရေရှည်မှာ.. ကိုယ့်ဘာသာကို အချစ်လွန်ရင် သူတို့ဘာသာကို အလိုလို မုန်းတီးလာတာ လူ့သဘာဝပဲ..။ အဲသလို အမုန်းတရားတွေ တိုးပွားလာတာကို.. ကိုယ့်ဖာသာကိုယ်တောင် သတိထားမိချင်မှ ထားမိပါမယ်..။

သတိမထားမိသော်ငြား.. မသိနိုးနားနဲ့ .. ဘာသာခြားတွေအပေါ် မနှစ်မမြို့ ဖြစ်လာတယ်..။ မနှစ်မြို့တော့ အထင် အမြင်သေးလာတယ်..။ မလေးမစားဖြစ်လာတယ်…။ နောက်ဆုံးတော့ ..  အမုန်းစိတ်တွေ ထုနဲ့ထည်နဲ့ အလိုလို ဖြစ်တည်လာပါတော့တယ်..။

အဲဒီအမုန်းစိတ်က ကိုယ့်ဆီမှာ ကြာလွန်းမက ကြာတော့.. နည်းနည်းလောက် ထိလိုက်တာနဲ့ မီးပွင့်ဖို့ အဆင်သင့်၊ ပေါက်ကွဲဖို့သိပ်လွယ်သွားပြီး သကာလ.. ထိမ်းမနိုင်၊ သိမ်းမရ.. ဖြစ်ချင်တိုင်း ဖြစ်ကုန်ပါတော့တယ်..။

အဲဒီလို အဖြစ်တွေဟာ ဖြစ်ပြီးတာနဲ့ ဖြစ်တဲ့နေရာမှာတင် ပြီးသွားလေ့မရှိဘဲ.. တူရာတူရာ အသိုင်းအ၀ိုင်း အ၀န်း အ၀ိုင်းတွေထိ ပျံ့နှံ့သက်ရောက်သွားလေ့ရှိတယ်..။ ခံရတဲ့ဖက်ကလဲ.. ချက်ခြင်းမတုန့်ပြန်နိုင်တောင်.. အချိန်ယူ၊ အင်အားစုတယ်..။ နိုင်ချေပေါ်ရင် ပြန်ချပါတော့တယ်..။

အဲဒီလိုတွေဖြစ်တော့.. ဘယ်သူတွေ အကျိုးရှိသလဲလို့ မေးရင်.. ဘယ်သူမှ အကျိုးမရှိဘူး..။ နှစ်ဦးနှစ်ဖက် အပြန်အလှန်ဖျက်ဆီးမှတော့ နှစ်ဦးနှစ်ဖက်စလုံး နစ်နာတာနဲ့ပဲ အဆုံးသတ်ပါတယ်..။

အဲဒီသဘောတရားကို လက်ခံသိမြင်ယုံကြည်သူမို့.. ၉၆၉ လှုပ်ရှားမှုဟာ .. မူလရည်ရွယ်ရင်းစွဲရှိသည့်အတိုင်း မယုတ်မလွန် အပိုအလိုမရှိ ပန်းတိုင်ကို ကွက်တိ အရောက်လှမ်းနိုင်မယ်လို့.. ကျွန်တော်ကတော့ လက်မခံပါ..။

အဲဒီလို လက်မခံရခြင်းဟာလဲ.. ဘယ်ဖက်ကိုမှ သာစေနာစေ ဘက်လိုက်လိုတဲ့ စိတ်နဲ့ လက်မခံခြင်း မဟုတ်ဘဲ..

စားဖိုမှုးလက်ထက်က ကြက်နှစ်ကောင်ခွပ်နေသလို ဘယ်သူမှကောင်းကျိုးမဖြစ်ထွန်းဘူးလို့ နှစ်နှစ်ကာကာ ယုံကြည်တဲ့အတွက်.. လက်မခံနိုင်ခြင်းပါ..။

8 thoughts on “၉၆၉ နဲ့ ကျုပ်အမြင်

  1. kost

    သစ်ထူးလွင်ဆိုက်အားအထူးကျေးဇူ့တင်ပါတယ်
    ယ္ခုကျွန်တော်ရေးသောစာသည်မြန်မာနှိင်ငံနဲ့ကမ္ဘာကြီးအတွက်အရေးကြီးသောစာဖြစ်ပါတယ်။
    ဒီစာသည်မြန်မာနှိင်ငံသားများနဲ့ကမ္ဘာကြီးအားသိစေ
    အပ်ပါသည်။ မြန်မာနှိင်ငံသည်ငြိမ်းချမ်းခြင်းလမ်း
    ကြောင်းကိုဦးတည်ပြီးသွားနေတာဖြစ်ပါတယ်။
    မြန်မာနှိင်ငံနှင့်တကွကမ္ဘာကြီးငြိမ်းချမ်းသောအချိန်သို့
    ကြရောက်နေခြင်း။ ဗုဒ္ဓဘုရားရှင်ရဲ့သာသနာတော်
    ကြီးသည်ဝိမုတ္တိခေတ်သို့ကြရောက်နေပြီးဖြစ်ပါသော
    ကြောင့်သာသနာတကျော့ပြန်လည်လာရမည့်အချိန်
    ဖြစ်ပါတယ်။ မြန်မာနှိင်ငံသူမြန်မာနှိင်ငံသားများ
    နဲ့မြန်မာနှိင်ငံတိုင်းရင်းသားများအားလုံးထာဝရငြိမ်းချမ်း
    ရမဲ့အချိန်ဖြစ်ပါတယ်။
    kosithumwd@gmail.com
    ကိုစည်သူ mwd

    Like

    Reply
  2. kosi

    မြန်မာနှိင်ငံသူမြန်မာနှိင်ငံသားနဲ့ကမ္ဘာသူကမ္ဘာသားအားလုံးမင်္ဂလာပါခဗျာယ္ခုကျွန်တော်ရေးထားသောစာ
    သည်မည်သူတဦးတယောက်ကိုမှထိခိုက်စေခြင်းမရှိပါဘူးကျွန်တော်မြင်နေတာကိုမြန်မာနှိင်ငံသူမြန်မာနှိင်ငံသားနဲ့ကမ္ဘာသူကမ္ဘာသားတို့သည်မငြိမ်းချမ်းဘူးဆိုတာ
    မြန်မာနှိင်ငံနဲ့တကမ္ဘာလုံးရှိလူသားအားလုံးကျွန်တော်
    ပြောသောစကားတခွန်းကိုကန့်ကွက်ကြမှာမဟုတ်ပါ
    ဘူးမြန်မာနှိင်ငံသူမြန်မာနှိင်ငံသားများနဲ့ကမ္ဘာသူကမ္ဘာသားများအားလုံးငြိမ်းချမ်းသာယာ၍အပြုံးကိုယ်စီပြုံးနှိင်
    ပြီးဘေးဘယာကင်းစွာနဲ့နေနှိင်ကြစေရန်ငြိမ်းချမ်းခြင်းကိုဖေါ်ထုပ်ရမှာဖြစ်ပါတယ်။
    မြန်မာနှိင်ငံသူမြန်မာနှိင်ငံသားများနဲ့ကမ္ဘာသူကမ္ဘာသား
    များအားအသိပေးသောစာဖြစ်ပါတယ်။
    မြန်မာနှိင်ငံနှင့်တကွသတ္တလေားကကမ္ဘာကြီးသည်
    ဝိမုတ္တိခေတ်သို့ကြရောက်နေပြီးဖြစ်ပါသောကြောင့်
    မြန်မာနှိင်ငံနှင့်ကမ္ဘာကြီးငြိမ်းချမ်းသောအချိန်သို့ကြ
    ရောက်နေခြင်း။ ဗုဒ္ဓဘုရားရှင်ရဲ့သာသနာတော်
    ကြီးသည်ဝိမုတ္တိခေတ်သို့ကြရောက်နေပြီးဖြစ်ပါသော
    ကြောင့်သာသနာတကျော့ပြန်းလည်လာရမည့်အချိန်
    ဖြစ်ပါတယ်။ မြန်မာနှိင်ငံသူမြန်မာနှိင်ငံသားနှင့်
    ကမ္ဘာသူကမ္ဘာသားတို့သည်ခွင့်လွှတ်ခြင်းကိုရင်မှာပိုက်
    ပြီးအပြုံးပန်းကိုပန်ဆင်ပြီးငြိမ်းချမ်းခြင်းကိုကြိုဆိုရမဲ့အ
    ချိန်ဖြစ်ပါတယ်။ မြန်မာနှိင်ငံနဲ့ကမ္ဘာအရပ်ရင်တွင်
    ဖြစပေါ်နေသောစစ်မီးများငြိမ်းအေးရမဲ့အချိန်ဖြစ်ပါတယ်။ မြန်မာနှိင်ငံသူမြန်မာနှိင်ငံသာနဲ့မြန်မာနှိင်ငံတိုင်း
    ရင်းသားများအားလုံးထာဝရငြိမ်းချမ်းရမဲ့အချိန်ဖြစ်ပါတယ်။ မကောင်းသူပယ်ကောင်းသူကယ်ရမဲ့အချိန်ဖြစ်ပါ
    တယ်။
    kosithumwd@gmail.com
    ကိုစည်သူ mwd

    Like

    Reply
  3. kosi

    မြန်မာနှိင်ငံသည်ငြိမ်းချမ်းခြင်းလမ်းကြောင်းကို
    ဦးတည်းပြီးသွားနေခြင်း။
    ””””””’ ”””””””””””””” ”””””””””””””””””
    မြန်မာနှိင်ငံသည်ငြိမ်းချမ်းခြင်းလမ်းကြောင်းကို
    ဦးတည်ပြီးသွားနေတာဖြစ်ပါတယ်ဘာဖြစ်လို့ဒီ
    လိုပြေားရတာလည်ဆိုတာကိုအချက် ( ၃ )ချက်
    လမ်း ( ၂ )လမ်းနဲ့ရှင်းပြပါမယ်။
    ၁။ ငြိမ်းချမ်းရေးရယူထားသောအပြစ်ရပ်အဖွဲ့
    များအားနယ်ချားစောင့်တပ်အဖြစ်အသွင်းကူး
    ပြောင်းခြင်း။
    ၂။ တည်းငြိမ်းမှု့အားဖြက်ဆီသူများကိုနှစ်ရှည်း
    ထောင်းဒဏ်ချမှတ်ခြင်း။
    ၃။ မြန်မာနှိင်ငံနှင့်တကွကမ္ဘာကြီးငြိမ်းချမ်းသော
    အချိန်သို့ကြရောက်နေခြင်း။
    ဆက်လက်ပြီးတော့လမ်း ( ၂ )လမ်းကိုရှင်းပြပါ
    မယ်ပထမလမ်းကတော့ဗုဒ္ဓလမ်းစဉ်နဲ့ပြေားရရင်
    သမ္မထယာနိကလမ်းစဉ်နဲ့လာနေတာကိုပြေား
    တာပါအသွင်းကူးပြောင်းမယ်ဆိုရင်ဝိပဿနာ
    ယာနိကလမ်းစဉ်ကိုပြောင်းရပါမယ်ဘာဖြစ်လို့
    ဒီလိုပြောင်းရတာလည်းဝိပဿနာယာနိကလမ်း
    စဉ်မှာငြိမ်းချမ်းခြင်းရှိနေလို့ပါဘဲ။
    ဆက်လက်ပြီးလမ်း ( ၂ )လမ်းကိုရှင်းပြပါမယ်
    ပထမလမ်းကတော့ဗုဒ္ဓလမ်းစဉ်နဲ့ပြေားရရင်
    သမ္မထယာနိကလမ်းစဉ်နဲ့လာနေတာကိုပြေား
    တာပါတည်ငြိမ်းမှု့နဲ့လာနေတာကိုပြေားတာ
    ဖြစ်ပါတယ်အသွင်းကူးပြောင်းမယ်ဆိုရင်ဝိပ
    ဿနာယာနိကလမ်းစဉ်ကိုပြောင်းရပါမယ်
    ဘာဖြစ်လို့ဒီလိုပြောင်းရတာလည်းဝိပဿနာ
    ယာနိကလမ်းစဉ်မှာငြိမ်းချမ်းခြင်းရှိနေလို့ပါဘဲ။
    နောက်တလမ်းကတော့မျိုးစေ့မမှန်သောလမ်း
    ကြောင်းကနေလာနေတာဖြစ်ပါတယ်ပြန်သွား
    ရမဲ့လမ်းကြောင်းကတော့မျိုးစေ့မှန်သောလမ်း
    ကြောင်းကနေသွားရမှာဖြစ်ပါတယ်။
    ကျွန်တော်ဘာဖြစ်လို့ဒီလိုစကားပြေားရတာလဲ
    ဆိုတာသိကြမှာမဟုတ်ပါဘူးအပြည့်အစုံပြေား
    မှသိကြမှာဖြစ်ပါတယ်။တကယ်တော့လာနေ
    သောလမ်းကြောင်းနဲ့ပြန်သွားရမယ့်လမ်း
    ကြောင်းကိုဒီမိုကရေစီဆိုပြီးရေးထားတာပါ
    နာမည်အပြည့်အစုံကတော့မျိုးစေ့မမှန်အပင်
    မသန်ဖူးတံငုံကင်းအသီးဖျင်းသောဒီမိုကရေစီ
    သည်လာနေသောလမ်းကြောင်းပါ။
    မျိုးစေ့လည်မှန်အပင်းလည်သန်ဖူးတံငုံကင်း
    အသီးတင်းသောဒီမိုကရေစီဆိုတာပြန်သွားရ
    မဲ့လမ်းကြောင်းပါ။
    အဲဒီလမ်းကြောင်းကိုပြန်ပြီးတင်ပြပါမယ်
    မျိုးစေ့မမှန်အပင်မသန်ဖူးတံငုံကင်းအသီးဖျင်
    သောဒီမိုကရေစီဆိုတာ။ဒီမိုကရေစီဆိုတဲ့မျိုး
    စေ့မမှန်ခဲ့လို့ဒီမိုကရေစီဆိုတဲ့အပင်ကလည်
    မသန်ခဲ့ပါဘူး။အဲဒီမသန်ခဲ့တဲ့ကြားထဲကနေဒီ
    မိုကရေစီပါဆိုပြီးအသီးသီးလာခဲ့ပါတယ်။
    အဲဒီအသီးကလည်းဖျင်းနေပါတယ်
    ဒီမိုကရေစီဆိုတဲ့အသီးဟာဘာကြောင့်ဖျင်း
    နေရပါသလည်း ဒီမိုကရေစီဆိုတဲ့အပင်းမ
    သန်ခဲ့လို့ပါ။ဒီမိုကရေစီဆိုတဲ့အပင်ကလည်
    ဘာကြောင့်မသန်ခဲ့တာလည်းဒီမိုကရေစီဆို
    တဲ့မျိုးစေ့မမှန်ခဲ့လို့ပါ ဒီမိုကရေစီဆိုတဲ့မျိုး
    စေ့ဘာကြောင့်မမှန်ခဲ့တာလည်းမြန်မာအစိုး
    ရမှာဒီမိုကရေစီမျိုးစေ့မရှိပါဘူး။အဲဒါဆိုရင်
    ဒီမိုကရေစီမျိုးစေ့ဟာဘယ်သူတွေမှာရှိပါ
    သလဲပြည်သူတွေမှာသာရှိတာပါ။
    ပြည်သူတွေမှာသာရှိတာပါပြည်သူတွေမှာ
    ရှိတဲ့ဒီမိုကရေစီမျိုးစေ့တွေကိုခြေဖျက်ပြီး
    အနိဋ္ဌါရုံဂိုလ်တောင်ထဲထဲ့ပြီးသိမ်းထားခဲ့
    ပါတယ်။အဲဒါကြောင့်မျိုးစေ့မမှန်အပင်မ
    သန်ဖူးတံငုံကင်းအသီးဖျင်းသောဒီမိုက
    ရေစီလို့ပြေားတာပါ။
    မျိုးစေ့လည်းမှန်အပင်လည်းသန်ဖူးတံငုံ
    ကင်းအသီးတင်းသောဒီမိုကရေစီဖြစ်ဖို့
    ဆိုရင်စောစောကကျွန်တော်ပြောခဲ့သလို
    ဒီမိုကရေစီမျိုးစေ့တွေဟာအနိဋ္ဌါရုံဂိုလ်
    တောင်ထဲကနေထုပ်ပြီးစိုက်ပျိုးမှသာ
    ဒီမိုကရေစီဆိုတဲ့မျိုးစေ့ဟာမှန်မှာဖြစ်ပါ
    အဲဒီလိုမှန်မှသာဖူးတံငုံကင်းအသီးတင်း
    မှာဖြစ်ပါတယ်အဲဒီလိုအသီးတင်းမှသာ
    ပြည်သူတွေငြိမ်းချမ်းခြင်းဆိုတဲ့အသီးအ
    ပွင့်တွေကိုမြင်တွေ့ရမှာဖြစ်ပါတယ်။
    ငြိမ်းချမ်းခြင်းအသီးအပွင့်ဘယ်သူတွေမှာ
    ရှိပါသလည်း။မြန်မာအစိုးရမှာရှိပါတယ်
    ဘာကြောင့်မြန်မာအစိုးရမှာငြိမ်းချမ်းခြင်း
    အသီးအပွင့်ရှိနေရပါသလည်း။
    ငြိမ်းချမ်းခြင်းကိုစိုက်ပျိုးမဲ့ဥယာဉ်မှုးရှိနေ
    လို့ပါဘဲ။
    ယ္ခုကျွန်တော်ပြောခဲ့သောစကားများမှန်
    မယ်ဆိုရင်မြန်မာပြည်သူမြန်မာပြည်သား
    နှင့်တကွကမ္ဘာသူကမ္ဘာသားအားလုံးငြိမ်း
    ချမ်းသောအသီးကိုစားရပြီးငြိမ်းချမ်းသော
    ပန်းကိုပန်ဆင်နှိင်မှာဖြစ်ပါတယ်။
    ကျွန်တော်ပြေားခဲ့သောစကားတွေဟာမည်
    သူတဦးတယောက်ကိုမှထိခိုက်စေခြင်းမရှိ
    ပါဘူးကျွန်တော်ပြေားခဲ့သောစကားတွေဟာ
    မည်သူတဦးမှမထိခိုက်စေသောငြိမ်းချမ်းခြင်း
    ကိုကျွန်တော်ဖေါ်ထုပ်ပေးမှာဖြစ်ပါတယ်။
    ဘာဖြစ်လို့ဒီလိုငြိမ်းချမ်းခြင်းကိုဖေါ်ထုပ်ရတာ
    လည်းဆိုတာကိုမေးကြမှာပါမြန်မာနှိင်ငံသူ
    မြန်မာနှိင်ငံသားနှင့်တကွကမ္ဘာသူကမ္ဘာသား
    တွေငြိမ်းချမ်းခြင်းကိုမသိ၍မငြိမ်းချမ်းကြတာပါ
    အဲဒါကြောင့်ငြိမ်းချမ်းခြင်းကိုဖေါ်ထုပ်ရတာ
    ဖြစ်ပါတယ်။

    kosithumwd@gmail.com

    ကိုစည်သူ mwd

    Like

    Reply
  4. kosi

    ယ္ခင်ရေးသားခဲ့သောစာသည်လူသားအများ
    အတွက်လုပ်ဆောင်ချက်ဖြစ်သည့်အတွက်
    လူသားအများသိစေရန်လိုအပ်ပါသည်။
    မီဒီယာသမားများနဲ့နှိင်ငံတော်အကြီးအကဲ
    များသိစေရန်လိုအပ်ပါသည်အဲဒါကြောင့်
    သစ်ထူးလွင်ဆိုက်မှကူညီမယ်ဆိုရင်ပို၍
    အဆင်ပြေမှာဖြစ်ပါတယ်။
    ဘာသာသာသနာအကျိုးမျော်ကို၍
    မျော်လင့်ချက်ထားပြီးအကူအညီ
    တောင်းလိုက်ရပါသည်။
    ဤစာအားမတင်ပါနှင့်။
    ph 0931223199
    ကိုစည်သူ mwd

    Like

    Reply
  5. eiwarcho

    ဒါဆိုလည်းနှစ်ဖက်စလုံးနစ်နာမှာဆိုးပါတယ်
    ဘာမှမလုပ်ကြတော့ပဲနေကြပါမယ်
    သူတို့စော်ကားလည်းခံ လူယူလည်းပေး သတ်လည်းလည်စဉ်းခံယုံပေါ့
    ကြာလာတော့ကုလားပြည် မွတ်စလင်ဘာသာဖြစ်
    ကောင်းတယ်ဟေ့ကောင်းတယ်
    နားအေးတာပေါ့ ကုလားတွေသနားပါတယ်

    Like

    Reply
  6. eiwarcho

    ဗုဒ္ဓဘာသာစည်းရိုးကလုံပြီးသားဆိုတော့လေ
    ဘာသာခြားကိုမေတ္တာထားတာကောင်းတာပေါ့
    ဖြစ်သမျအကြောင်းအကောင်းပေါ့
    ဗမာသုံးယောက်ရှိရင်ရန်ဖြစ်နေကြဆိုတော့လေ
    ကောင်းတယ်
    ကောင်းမကောင်းပဲပြောနေကြပေါ့
    နွားကွဲရင်ကျားဆွဲတယ်
    ညီညွတ်ကြမလား ရန်ဖြစ်ကြမလား
    ထောင်တွေကတစ်နိုင်ငံလုံးကလူတွေမဆံ့ပါဘူး
    ဘာမှမလုပ်ပဲအသက်ရှင်နေရတာရှက်ပါတယ် ကုလားသတ်ပြီးထောင်ထဲဝင်မယ်

    Like

    Reply

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s