ကြိုးတွေနဲ့ချည်ထားခံထားရသူများ

 A

ပထမကြိုး

နုစဉ်ကပေါ့။ ခေတ်ပေါ်အဆိုတော်တွေထဲမှာ Rဇာနည်ကို အကြိုက်ဆုံး ဆိုတော့ ဖေ့စ်ဘွတ်ထဲမှာ သူ့အကောင့်ကို တွေ့တွေ့ချင်း (ဇူကာဘတ်က Add ပါဆိုပြီး Windlows ဘေးမှာ လာလာပြတာလေ) ၀မ်းသာအားရ မိတ်ဖွဲ့လိုက်တယ်။ ချက်ခြင်းဆိုသလိုပဲ သူငယ်ချင်းအဖြစ် အဆိုတော်ကြီးက လက်ခံပါတယ်ဆိုတဲ့ နိုတီလေး တက်လာတယ်။ ၀မ်းသာလိုက်တာ။ သူတင်တဲ့ ပုံတွေ Like လုပ်၊ သူ့ တစ်ကိုယ်တော် ရှိုးအကြောင်း Share လုပ်။
တစ်ကိုယ်တော်ရှိုးပြီးတော့ နောက်တစ်ရက်မှာ သူက ရေးလာတယ်။ ၀န်ခံစရာ ရှိပါတယ်တဲ့။ ဒီလောက် အော်ဟစ်ရတဲ့ ရော့ခ် သီချင်းတွေကို သူတစ်ယောက်တည်း ဆက်တိုက် ဖြေဖျော်ရတာ မလွယ်လှပါဘူးတဲ့။ ဒါကြောင့် သူမောလာရင် သူ့ကိုယ်စား စင်အောက်က Shadow ဆိုပေးနိုင်မယ့်သူကို ရှာဖွေခဲ့ပါသတဲ့။ ကံအားလျော်စွာ လူငယ်တစ်ယောက်ကို ဆက်သွယ်မိပြီး သူ့ အသံနဲ့ သူ့ ဆိုပေါက်အတိုင်း ချွတ်စွပ်ဆိုနိုင်တာကို ရခဲ့တယ်တဲ့။ ပြီးခဲ့ တစ်ကိုယ်တော်ရှိုးမှာ အဆိုတော်ကြီးက စင်ပေါ်မှာ ပါးစပ်လှုပ်ရုံ လှုပ်ပြပြီး အနှီလူငယ်လေးက ဆိုပေးခဲ့တဲ့ သီချင်းတွေ အများကြီးအတွက် အဲဒီလူငယ်လေးကို ကျေးဇူးတင်ပါသတဲ့။
ဟာ — ဒီလို ရိုးရိုးသားသားနဲ့ ပရိဿတ်ကို ၀န်ခံတာကြောင့် ခင်ဗျားကို ပိုလေးစားရပါတယ် Rဇာနည်ရယ် ဘာညာပေါ့ဗျာ။
ခဏနေတော့မှာ အဲဒီ Rဇာနည်အကောင့်က အစစ်မဟုတ်ဘူးတဲ့။
ရဘူးဗျာ.. ချီးကျူးပြီးသား စကားကိုတော့ ပြန်မရုပ်သိမ်းနိုင်ဘူး။ မောင်ပုံပဲဟာ။

ဒုတိယကြိုး

ဂျူးတဲ့။ ဟ .. ဟ .. မိတ်ဖွဲ့.. မိတ်ဖွဲ့။ ငယ်ငယ်ထဲက အသည်းစွဲ စာရေးဆရာ။ သူ့စာဟောင်းတွေ တင်ရင် လိုက်ခ် လုပ်။
တစ်ရက်တော့ အချစ်ဟာ ဘ၀ပဲတဲ့ .. တင်လာတယ်။ သေရော။ ဘယ်နှယ့် ဂျူးကတော့ ဒီလိုမျိုးမရေးတော့တန်ရာ။ စစ်ပေါက်ကြည့်မိတော့မှာ ဂျူးCrazy တွေ လုပ်ထားတဲ့ အကောင့်တဲ့။ ဂျူးရဲ့  ပြောရေး ဆိုခွင့်ရှိသူ မဟုတ်ဘူးတဲ့။
ရဘူးဗျာ.. လိုက်ခ် တွေတော့ ပြန်မရုပ်သိမ်းနိုင်ဘူး။ မောင်ပုံပဲဟာ။

တတိယကြိုး

ဟိုလုံခြုံရေးအဖွဲ့ကြီးနာမည်နဲ့ Page လေ။ ပြည်သူတွေကောင်းကျိုး ရေးမှာပဲ လိုက်ခ်ရမှာပေါ့။ ဟုတ်ဖူးလား။ ဟိုတနေ့က ဟိုကောင်တွေက ဒို့ဗမာတွေကို စော်ကားသတဲ့– အဲဒီ့ Page ကြီးက ရေးတင်လာတယ်။ ဒေါသတွေ အလှိမ့်လိုက်တက်လာတယ်။ ဟိုယူနီဖောင်းနဲ့ ကက်ဦးထုတ်လေး ဆောင်းထားတဲ့ သူငယ်ချင်းကလည်း မခံနိုင်ကြောင်း ရေးတင်လာတယ်။ မျိုးချစ်စိတ်တွေ တဖွားဖွားတက်လာပြီး ရဲရဲတောက်နဲ့ ကီးဘုတ်ကိုင် တိုက်ပွဲဝင်ခဲ့တယ်။ ဟုတ်တယ်လေ.. ပြည်သူ့ဖက်သား ဟိုPageနဲ့ ဟိုသူငယ်ချင်းတွေ ကိုယ်တိုင်ရေးသားနေတာပဲ။ မမှန်မကန်လိမ်လည်တာတွေ မပါပါဘူး။ ဟုတ်တယ်မဟုတ်လား။
ဗျာ.. သူတို့ကတော့ အစစ်တွေ ဟုတ်ရဲ့  လား??? ပြောရေးဆိုခွင့် ရှိသူတွေ ဟုတ်ရဲ့ လား???? . . .ဟုတ်စ။
အိုဗျာ.. ဇူကာဘတ်တောင် မသိတာ။ ကျုပ်ဘယ်သိမတုန်း။
…….
စတုတ္ထကြိုး….
ပဉ္စမကြိုး…
ဆဌမကြိုး….
……

ကြိုးတွေတော့ တော်တော်ကုန်သွားပြီ။ ကျနော်တီးတဲ့ စောင်းသံ န၀င်ပီယံဖြစ်ပြီလား။

မောင်ပုံအဖွဲ့တော်ကြီးရဲ့  ပြောရေးဆိုခွင့်ရှိသူ
ပုံပုံဦး

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s