ရန်ကုန်နဲ့မန္တလေး

ရန်ကုန်ရောက်တော့ မန္တလေးနဲ့ မတူတာတွေ တော်တော်များများသွားတွေ့ မိတယ်။
မတူတာတွေ အများကြီးရှိပေမယ့် လူငယ်တစ်ယောက်အနေနဲ့ လူငယ့်အမြင်ကပဲပြောချင်ပါတယ်။

ရန်ကုန်မှာ အပန်းဖြေစရာဥယျာဉ်တွေ၊ပန်းခြံတွေ၊ကစားကွင်းတွေအများကြီးရှိတယ်။
မိသားစုလိုက်၊သူငယ်ချင်းအဖွဲ့ လိုက်အေးအေးဆေးဆေးအနားယူလို့ ရတယ်။
မန္တလေးမှာတော့ လည်ပတ်စရာဆိုရင် အခကြေးငွေကုန်ကျမှပျော်ရမယ့် အကြွေစေ့သုံး လောင်းကစားဆန်တဲ့ ကစားကွင်းတွေရယ်၊အဲကွန်းခန်း ကေတီဗွီတွေပဲရှိတယ်။
လူငယ်တွေအနေနဲ့ အပန်းဖြေစရာနေရာသိပ်မရှိဘူး။ရာသီဥတုကပူတော့ အေးတဲ့နေရာကိုလိုက်ရှာတဲ့အခါ အရိပ်ရပန်းခြံကမရှိတော့ အဲကွန်းခန်းတွေပဲရောက်သွားကြဟန်တူတယ်။ မန္တလေးမှာ ပြည်သူ့ ရင်ပြင်လိုမျိုး ဆောက်လုပ်မယ်ဆိုတဲ့ သတင်းကလည်း ကြားသာကြားပြီး ပြန်မပေါ်လာတာကြာပြီ။
ကန်တော်ကြီးကလည်း အရိပ်ရပင်ဖြစ်ဖြစ်မြောက်မြောက်မရှိဘဲ ကန်တစ်ခုအနေနဲ့ ပဲရှိတယ်။
မန္တလေးမြို့ ထဲမှာ လူထုအပန်းဖြေရာ ပန်းခြံကောင်းကောင်းတစ်ခုနဲ့ အထက်ကိုရှိစေချင်ပါတယ်။

ရန်ကုန်မှာ စာပေဟောပြောပွဲတွေ၊ ပညာပေးဆွေးနွေးပွဲတွေ ၊သတင်းစာရှင်းလင်းပွဲတွေလုပ်ရင် ကျင်းပစရာ တော်ဝင်နှင်းဆီခန်းမရှိပါတယ်။ မန္တလေးမှာတော့ ကံတက်ကုန်းဘုန်းကြီးကျောင်းကိုပဲသွားလုပ်နေရပါတယ်။ ကံတက်ကုန်းဘုန်းကြီးကျောင်းဟာ ဘုန်းတော်ကြီးသင်စာသင်ကျောင်းပါ။ အနာဂတ်ရဲ့ ပန်းပွင့်လေးတွေကို ဘာမှအရောင်မဆိုးစေချင်ပါ။ အရင်တစ်ခေါက် လက်ပံတောင်းတောင်ကိစ္စဆန္ဒပြတုန်းက ကံတက်ကုန်းက ကိုရင်ကလေးတွေကို ခြေလက်ကျိုးနေဟန်လုပ်ခိုင်းပြီးperformanceလုပ် အသုံးချသွားတာကို ဘယ်နည်းနဲ့ မှလက်မခံနိုင်ပါ။ ဒါကြောင့်မို့  လူထုအတွက် လွတ်လွတ်လပ်လပ် ရှိမယ့် သီးသန့် ခန်းမတစ်ခုရှိလာစေချင်ပါတယ်။

ရန်ကုန်မှာ လူငယ်တွေအတွက် ပညာရေးအခွင့်အလမ်းဆိုင်ရာ သင်တန်းတွေအများကြီးရှိပါတယ်။
မန္တလေးမှာ LCCI,ကွန်ပြူတာသင်တန်းနဲ့ အင်္ဂလိပ်စာသင်တန်းတချို့ ကလွဲပြီး IELTSအတွက်တောင် သင်တန်းကောင်းကောင်းမရှိသလောက်ရှားပါတယ်။ လူငယ်များအတွက် Capacity Buildingသင်တန်းများ မန္တလေးမှာရှိစေချင်ပါတယ်။
ရန်ကုန်မှာ ဈေးဝယ်စင်တာတွေ အများကြီးရှိပါတယ်။

မန္တလေးရဲ့ထူးခြားချက်တစ်ခုကတော့ဈေးဝယ်စင်တာတွေဟာ အပြိုင်ပေါ်လေ့မရှိဘဲ တစ်ခုပေါ်လာရင် ရှိပြီးသားတစ်ခုက တိမ်မြှုပ်သွားတတ်တာကိုသတိထားမိပါတယ်။
ပထမဆုံးဈေးဝယ်စင်တာ Blazonဟာ၂၀၀၃မှာ စပေါ်ပါတယ်။
၂၀၀၆မှာ Sky Walkပေါ်တော့ Blazonပျောက်သွားပါတယ်။
၂၀၀၈မှာ Sky Walkမီးလောင်တော့ Great Wallပေါ်လာတယ်။
၂၀၁၀မှာ 78ပေါ်လာတော့ Great Wall လူလျော့သွားတယ်။
၂၀၁၂မှာ Diamond ပေါ်လာတော့ 78ဟာ အရင်ကလောက်မစည်ကားတော့ဘူး။
ဒီ ဈေးဝယ်စင်တာတွေ အခုလိုပေါ်လိုက်ပျောက်လိုက်ဖြစ်တာဟာ မြို့ လယ်မှာပဲအကုန်လုံးသွားစုနေကြလို့ ပါပဲ။ နေရာဖြန့် ကျက်ပြီးဈေးကွက်ချဲ့ နိုင်ရင်ပိုကောင်းပါလိမ့်မယ်။ မဟုတ်ရင် ၂၀၁၅မှာအာဆီယံကုန်သွယ်ခွင့်လွတ်လပ်လာတဲ့အခါ မန္တလေးရဲ့ ဈေးကွက်စီးပွားရေးဟာ အကွက်မြင်သူနိုင်ငံခြားသားတွေလက်ထဲကိုပဲရောက်သွားပါလိမ့်မယ်။

ဒါတွေကတော့ လူငယ်တစ်ယောက်အမြင်နဲ့ ကိုယ့်မြို့ မှာ ဖြစ်စေချင်တာတွေကိုပြောတာပါ။
မန္တလေးမှာ ရန်ကုန်ထက်သာတဲ့ အချက်တချို့ ရှိသလို
ရန်ကုန်မှာ မန္တလေးထက်သာတဲ့အချက်တွေရှိနေပါတယ်။
ကိုယ့်မြို့ ကိုပိုကောင်းလာစေချင်တဲ့စိတ်နဲ့ သာရေးခြင်းဖြစ်ပါတယ်။
ဘယ်သူတွေ ဘာပဲပြောပြော မန္တလေးသူဖြစ်ရတာကိုတော့ အမြဲတမ်းဂုဏ်ယူမိသလို
ကိုယ်နေတဲ့မြို့ ကို ဒီထက်ပိုပြီးကောင်းစေချင်တဲ့ ဆန္ဒပဲရှိပါတယ်။

2 thoughts on “ရန်ကုန်နဲ့မန္တလေး

  1. myat htet

    တိုးတက်မှူ့တိုင်းနဲ့ကပ်ပါလာတာက ဥပမာ လောင်ကစားတွေနဲ့ အရက် အပျော်အပါးတွေပါ မကောင်းမှူ့တွေကို ဖယ်ထုတ်ထားနိုင်မှ အဓိပ္ပါယ်ရှိပါလိမ့်မယ် ဘယ်မြို့သားပဲဖြစ်ဖြစ် ကိုယ့်မြို့ကိုကိုယ် ဂုဏ်ယူတတ်တာ အကောင်းဆုံးပါ ကြိုးစာကြပါလို့ရယ် အမျိုးမြန်မာတို့ရယ်

    Like

    Reply
  2. myat htet

    တိုးတက်မှူ့တိုင်းနဲ့ကပ်ပါလာတာက ဥပမာ လောင်ကစားတွေနဲ့ အရက် အပျော်အပါးတွေပါ မကောင်းမှူ့တွေကို ဖယ်ထုတ်ထားနိုင်မှ အဓိပ္ပါယ်ရှိပါလိမ့်မယ် ဘယ်မြို့သားပဲဖြစ်ဖြစ် ကိုယ့်မြို့ကိုကိုယ် ဂုဏ်ယူတတ်တာ အကောင်းဆုံးပါ ကြိုးစားကြပါလို့ရယ် အမျိုးမြန်မာတို့ရယ်

    Like

    Reply

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s