Monthly Archives: December 2013

မြန်မာနိုင်ငံမကြီးပွါး ရသည့်အကြောင်းများ

မြန်မာနိုင်ငံမကြီးပွါး ရသည့်အကြောင်းများ

၁။မြို့ပတ်ရထားအစီးလိုက်ပျောက်ခြင်း

၂။မီးပြတ်ချင်သလိုပြတ်ခြင်း

၃။မြန်မာဘောလုံးနည်းပြကအရှုံးအနိုင်ဆုံးဖြတ်သည့်ဥပဒေကိုမသိခြင်း

၎။အင်တာနက်ပေါ်တွင်သာပညာရှင်များနေခြင်း

၅။ကားရပ်ရန်နေရာမရှိခြင်း

၆။ဥပဒေအထက်တွင်လူအများကြီးရှိခြင်း

၇။အစိုးရစီမံကိန်းများကိုမြန်မာစစ်စစ်များမရခြင်း

၈။ပြည်တွင်းဖြစ်အရက်များရေသန့်ထက်ဈေးပေါခြင်း

၉။ရန်ကုန်တိုင်းအစိုးရရုံးရှေ့ပြည်လမ်းပေါ်တွင်ညဖက်ဈေးတန်းဖြစ်နေခြင်း (ကြက်ဈေး)

၁၀။သူငယ်တန်းမှကိုးတန်းအထိတန်းစဉ်ပထမရသူများဆယ်တန်းတွင်ရိုးရိုးအောင်ရန်မနည်းကြိုးစားရခြင်း (ဆက်လက်ဖော်ပြပါမည်)

(၁၁)အစိုးရကက်ဘိနက်အဖွဲ့ဝင်တစ်ဝက်ခန့်မှာ ပြည်သူများရွေးချယ်တင်မြှောက်ထားသူများ မဟုတ်ပဲ ခွဲတမ်းရနှင့် မိုးကျရွေကိုယ်ဝန်ကြီးဝန်ကလေးများဖြစ်နေခြင်း

(၁၂)မြန်မာနိုင်ငံရှိ မြို့အားလုံးလောက်နီးပါး ကို လျှပ်စစ်ဓါတ်အားပေးရန်ပုဂ္ဂလိက ကုမ္မဏီများသို့ရောင်းချထားသော်လည်း ယခုထိပြည်သူများသိရန်မကြေညာခြင်း

(၁၃)ဆီးဂိမ်းတွင်မျှော်မှန်းထားသည့် အတိုင်းရွှေတံဆိပ် ၁၀၀ ရသည့်တိုင်ကုန်ကျစရိတ်ကျပ်ဘီလျံ ၁၀၀ကျော်သဖြင့် ရွှေတံဆိပ်တစ်ခုလျှင်နိုင်ငံတော်ဘဏ္ဍာမှ ကျပ်သန်းတစ်ထောင်ကျော် အကုန်အကျခံရခြင်း( အားကစား အဖွဲ့ချုပ်များမှ အကုန်အကျခံထားရသည့်ငွေများမပါသေး)

(၁၄)စစ်ဗိုလ်များဓါးမြဗိုလ်ဖြစ်ကုန်ခြင်း(လက်သွေးသည်ဟုထင်သည်၊အောင်မြင်ပါက စစ်ဗိုလ်လုပ်မည့်အစား လက်နက်ကိုင်အဖွဲ့ထူထောင်ပြီး ကါးပါမစ်တောင်းမည့်သဘောရှိသည်)

(၁၅)၂၀၁၄မတ်လ၃၁ တွင် သစ်အလုံးလိုက် နိုင်ငံခြားမပို့ရဆိုသဖြင့်၂၀၁၃ တစ်နှစ်လုံးတက်သုတ်ရိုက်ပို့နေခြင်း(စာရင်းဇယားများအရ စစ်အစိုးရလက်ထက်၁၀နှစ်ပို့သည့်ပမာဏထက် ဒီမိုကရေစီအစိုးရလက်ထက်သုံးနှစ်ပို့သည့်သစ်ကများနေခြင်း) (ဆက်လက်ဖော်ပြပါမည်)

(၁၆)နိုင်ငံရေးပုဒ်မ၅(ည)အစားပုဒ်မ

(၁၈)ကိုအစားထိုးသုံးစွဲခြင်း

(၁၇)နိုင်ငံတော်အာဏာကိုယောက္ခမအမွေပေးထားသည်ဟုထင်နေကြခြင်း

(၁၈)နိုင်ငံတော်ဘဏ္ဍာကိုကြွားလုံးများအတွက်သာအသားကုန်သုံးစွဲနေခြင်း

(၁၉)နေပြည်တော်အမြန်လမ်းအန္တရာယ်ကင်းရန် နတ်စင်ဆောက်၍ ပသီမောင်နှမကိုတာဝန်ပေးထားခြင်း

(၂၀)သမ္မတ လက်မှတ်ထိုးသည်ဖြစ်စေ မထိုးသည်ဖြစ်စေ ၂ ပတ်ကြာလျှင် ဥပဒေအားလုံး အတည်ဖြစ်ခြင်း(စာရွက်အကုန်ခံပြီးများပို့နေရသေးတယ်) (ဆက်လက်ဖော်ပြပါမည်)

(၂၁)အဖိုးတန်သတ္တုများပါသောသဲနှင့်မြေကြီးကိုနိုင်ငံခြားသို့အလကါး ပဲတင်းဈေးဖြင့်ရောင်းခြင်း

(၂၂)အရှေ့မြောက်အရပ်ကိုကိုးကွယ်ခြင်း

(၂၃)အနောက်ဖက်ခြံစည်းရိုးကိုနှစ်ပေါင်းများစွာမပြုပြင်ခြင်း

(၂၄)ငွေငါးသိန်းပေးလျှင်နိုင်ငံသားကဒ်တစ်ခုအလွယ်တကူရနိုင်ခြင်း

(၂၅)အိမ်ယာစီမံကိန်း ဖော်ဆောင်သူများ မြေဈေးကေါင်းသည့်အချိန်တွင် ပန်းခြံနေရာများတွင်အိမ်ဆောက်ရောင်းစားသည်ကို အရေးမယူနိုင်ခြင်း (အားလျှင်ဆက်လက်ရေးသားပါဦးမည်)