ဝဋ်ဆိုတာ ဘ၀မကူးပါဘူး ဦးဆန်းဆင့်ရယ်

U San Sint

ကျွန်တော် တပ်မတော်က ဒုက္ခိတဘ၀နဲ့ ပင်စင်ယူခဲ့ရတဲ့ အရာရှိတစ်ဦးပါ။ ပြီးခဲ့တဲ့ အပတ်က ဂျာနယ် တစ်စောင်မှာ သာသနာရေး ၀န်ကြီးဟောင်း ဦးဆန်းဆင့်ကို ဒုတိယအကြိမ် ရုံးထုတ်လာတော့ မတရား ခံရတာပါလို့ ငယ်သံပါအောင် အော်နေတာကို ဖတ်လိုက် မြင်လိုက်ရတယ်။ လူအများကို မတရားလုပ်ခဲ့တဲ့ လူတစ်ယောက်ဟာ ကိုယ့်အလှည့်ကျမှ ကြောက်လန့် နေတာကို မြင်ရတော့ ကျွန်တော် ပြုံးမိလိုက်ပါတယ်။ မဟုတ်တာတွေ လုပ်ခဲ့တဲ့ အကျိုးဆက်အဖြစ် လောကီငရဲမှာ ဘ၀မကူးပဲ ခံရတော့မှာကို သိနေတဲ့ ကြောက်စိတ်နဲ့ သူအော်ခဲ့တာဖြစ်တယ်။

သူမတရားလုပ် ခံခဲ့ရသူတွေထဲမှာ တစ်ယောက် အပါအ၀င်ဖြစ်တဲ့ ကျွန်တော်က ဟိုးတုန်းက အခြေအနေတွေကို မနေ့တစ်နေ့ကလိုပဲ မျက်စိထဲ ပြန်မြင်ယောင်မိတယ်။ ကျွန်တော်ဟာ ဗိုလ်ချုပ် ဆန်းဆင့် စစ်ရာထူးခန့်ချုပ်တုန်းက ဘ၀ပျက်ခဲ့ရတဲ့ အရာရှိတွေထဲက တစ်ယောက်ပေါ့။ သူ့သားနဲ့ စီးပွားယှဉ်ဘက် ဖြစ်ခဲ့တဲ့ ကျွန်တော့်ကို သေရွာပို့ပစ်မယ်လို့ ကြိမ်းဝါးပြီး စစ်ထောက်ချုပ်ရုံးကနေ အဲဒီ့ ကာလက စစ်ဆင်ရေး အကြမ်းတမ်းဆုံးဖြစ်တဲ့ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ ခလရ(၃၉)ကို ပြောင်းပစ်တာ ခံခဲ့ရပါတယ်။ အဲဒီမှာပဲ စစ်ဆင်ရေး တစ်ခုမှာ မိုင်းထိပြီး ကျွန်တော် ဒုက္ခိတဘ၀ ရောက်ခဲ့ရပါတယ်။

သူ့သားနဲ့ စီးပွားရေးတစ်ခုတည်း ဆိုတာလည်း မသိပါဘူး။ စီးပွားပြိုင်ဖက် ဖြစ်သွားတယ်ဆိုတာလည်း ကျွန်တော် မသိပါဘူးလို့ တောင်းပန်ပြီး သိန်း ၁၅၀တန် ခြင်းတောင်းတစ်တောင်းနဲ့ ကန်တော့ပန်းဆင်ပြီး ကတိပေးခဲ့ရပါတယ်။ အဲဒါကြောင့် ပို့ဆောင်ရေး ၀န်ကြီးဌာနကို ဒုက္ခိတဘ၀နဲ့ ပြောင်းရွှေ့ တာဝန် ထမ်းဆောင်စေလို့ ဦးဆန်းဆင့်က အမိန့်တော် ချမှတ်လိုက်ပါတော့တယ်။

ပို့ဆောင်ရေး ၀န်ကြီးဌာနကို ရောက်ပြီး တာဝန်ထမ်းဆောင်ချိန်မှာ ကိုယ်ပိုင် စီးပွားရေးလေးတစ်ခုတော့ လုပ်မှ မိသားစု အဆင်ပြေမယ်ဆိုပြီး ရေသန့်စက်လေးတစ်ခု ထောင်လိုက်ပါတယ်။ ကံဆိုးမ သွားလေရာ မိုးလိုက်လို့ ရွာတာပဲလား။ ဦးဆန်းဆင့် သားကပဲ ရှိသမျှ စီးပွားရေး အကုန်လုပ်နေသလားတော့ မသိပါဘူး။ သူ့သားနဲ့ နောက်တစ်ကျော့ စီးပွားရေးတူနေ ပြန်တာကြောင့် အရပ်ဖက် ၀န်ကြီးဌာနကို ရောက်ပြီးကာမှ တပ်မတော်ကို ပြန်လည်ခေါ်တဲ့ အမိန့်ထုတ်ပြီး စစ်တရားရုံးနဲ့ ထောင်ခုနစ်နှစ် ချပစ်မယ်လို့ ကြွေးကြော်ပြီး စစ်တရားရုံးဖွဲ့ပြီး ကျွန်တော့်ကို စစ်ပြန်ပါတော့တယ်။ နောက်ဆုံးမတော့ ကျွန်တော့်ရေသန့်စက်ကို သူ့ကိုထိုးအပ်ရတဲ့အပြင် သိန်းပေါင်းများစွာ သူ့ကိုကန်တော့ပြီး ရန်ငြိုးရှိရင် ပြေပါစေတော့ရယ်လို့ နယ်ဘက် ၀န်ကြီးဌာနကိုလည်း မပြောင်းရဲတော့ပဲ သူသနားလို့ပေးတဲ့ ဆေးပင်စင်နဲ့ပဲ စစ်ဆင်ရေး ဒုက္ခိတဘ၀နဲ့ ကျွန်တော့်ဘ၀ အဆုံးသတ် ခဲ့ရပါတယ်။

ကျွန်တော့်နာမည်ကို မဖော်ပြပေမယ့် သူ့ရဲ့မတရား လုပ်ဆောင်မှုတွေကြောင့် တပ်မတော်က အရာရှိကြီးတွေရော၊ ၀န်ကြီးဌာနက အရာရှိကြီးတွေပါ။ ဒီစာဖတ်ရင် သိလောက်အောင် မတရား ဆောင်ရွက်ခဲ့တဲ့ ဗိုလ်ချုပ်ဆန်းဆင့်ဟာ ဘ၀မကူးပဲ ၀ဋ်လည်နေပြီးလားဆိုတာ ကျွန်တော် လက်ညှိုးထိုးပြီး အဘ ဗိုလ်ချုပ် ဆန်းဆင့်နဲ့ ဇနီး အန်တီနန်းကို မေးလိုက်ချင်ပါရဲ့ဗျာ။

စစ်ဆင်ရေးဒုက္ခိတ အငြိမ်းစား အရာရှိတစ်ဦး

NLD ကို မဲပေးသင့်သည့် အကြောင်းများ

vote-nld

၁- ပါတီ ၉၀ ကျော်ရှိသည်ကြား၏။ မည်သည့်ပါတီမှ NLD မှာလို ဒေါ်အောင်ဆန်းစုကြည် ခေါင်းမဆောင်။ ဒေါ်အောင်ဆန်းစုကြည်က ဘာမို့လဲဟု မေးသူသည် ငပေါဖြစ်မည်။ နိုင်ငံတကာဝယ် အကောင်းနှင့်ယှဉ်၍ တိုင်းပြည်ခေါင်းဆောင်တိုင်းသိသော ပုဂ္ဂိုလ်သည် ဒေါ်စုသာရှိသည်။ ဆိုးယုတ်မှုနှင့် ယှဉ်သိသောသူကိုတော့ မပြောလို။ ကျန် ပါတီ ခေါင်းဆောင် များနာမည် အိုဘားမားကို သွားရွတ်ပြပါ။ သိမည်မဟုတ်။

၂- လက်ရှိ အာဏာရပါတီနှင့် ယှဉ်ပြိုင်ကာ တိုင်းပြည်၏ ကောင်းသော အပြောင်းအလဲကို ဖေါ်ဆောင်နိုင်သော ပါတီသည် NLD သာ ရှိသည်။ လက်ရှိပါတီက ကောင်းနေလျှင် မပြောင်းလဲလည်း ကိစ္စမရှိ။ လက်ရှိပါတီက ကောင်းနေမနေကတော့ နိုင်ငံတကာမှ အင်ဒီကေတာများကြည့်ပါ။ အီသီယိုးပီးယားအောက် နိမ့်အောင် ပို့ခဲ့သူများ ဘယ်သူဖြစ်သနည်း။ မလုပ်တတ်၍ သူတို့ပါ မွဲသွားလျှင် နားလည်ပေးမည်။ သူတို့ကျ ချမ်းသာသွားပြီး ပြည်သူက မွဲကျန်လျှင် မလုပ်တတ်ရုံသာမက။ ယုတ်မာမှုပါ ပါနေသည်ဟု ပြောရမည်။

၃- ဒေါ်စုကို ခနဖယ်ကြည့်ပါ။ NLD အမတ်တိုင်းသည် ကိုယ့်ပိုင်ဆိုင်မှုကို ကြေငြာပြီး အမတ်လျောက်ထားကြခြင်းဖြစ်သည်။ ခိုးဝှက် ထားသည်များ မရှိ။ အမတ်ဖြစ်ပြီး တာဝန်ပီးဆုံးချိန်ဝယ် ပိုင်ဆိုင်မှုကို ပြန်စစ်ပါ။ ပိုနေလျှင် တရားစွဲ၍ ရသည်။ ဤမျှလောက် ရိုးသားသော အမတ်များအား မယုံပဲ ရွှေတောင်ကြားမှာ အိမ်သွားကြည့်ရသော လူများအား ရိုးသားသည်ဟု ယုံလျှင် ရူး၍ မဟုတ်လျှင် အရိုးအရင်း ကိုက်ရသောကြောင့် ဖြစ်မည်။

၎- လူကြီး လူငယ်မျှသည်။ ဂျန်ဒါ မျှပေးထားသည်။ တိုင်းရင်းသားများ မျှပေးထားသည်။ အနာဂတ်နိုင်ငံတော်တည်ဆောက်ရေးအတွက် အခြေခံဖြစ်သော ပြည်ထောင်စု စစ်စစ်ဖြစ်ရေးအတွက် သေသေချာချာ တွက်ချက် နေရာချထားခြင်း ဖြစ်သည်။ နိုင်ငံရေး မျိုးဆက် မပြတ်နိုင်သော ပါတီ ဖြစ်လာရေးလည်းပါသည်။ အရည်အချင်းဘက်က ကြည့်လျှင်လည်း စနစ်တကျလေ့လာထားသော ပညာရှင်များ ပါသည်။ တစ်ခုတော့ ရှိသည်။ ပါးရိုက်မည် နားရိုက်မည် ပြောသူများတော့ဖြင့် မပါ။

ပေါ်တင်လော်သည်။ မှားလျှင် တခြားပါတီ မဲပေးပါ။

ရန်ကုန်စတော့အိတ်ချိန်းအလားအလာ

Ticker_board_of_Tokyo_stock_exchange
ဘဏ္ဍာရေးကျွမ်းကျင်သူ ဒေါက်တာအောင်သူရနှင့် တွေ့ဆုံခြင်း

လာမည့်လအနည်းငယ်အတွင်း မြန်မာပြည်၌ စတော့အိတ်ချိန်းကစတင်
အသက်ဝင်တော့မည်ဖြစ်သည်။ ယင်းရန်ကုန်စတော့အိတ်ချိန်း (YSX)ကို အောင်မြင်နိုင်ခြေမရှိ၊ ဟန်ပြသက်သက်သာဖြစ်မည်ဟု ဝေဖန်နေသူများရှိသလို မြန်မာပြည်၏ စီးပွားရေးအလားအလာကောင်းကြောင့် အကောင်းမြင်မှုများလည်း ရှိနေသည်။ သို့ဖြစ်ရာ ရန်ကုန်စတော့အိတ်ချိန်းအလားအလာအချို့နှင့် ပတ်သက်ပြီး ဘဏ္ဍာရေးဆိုင်ရာဝန်ဆောင်မှုများပေးနေသည့် ThuraSwiss ကုမ္ပဏီ၏ CEO ဒေါက်တာအောင်သူရနှင့် ယခုလိုတွေ့ဆုံမေးမြန်းခဲ့ပါသည်။

မင်္ဂလာပါ ကိုအောင်သူရရေ။ မကြာသေးခင်ကဘဏ္ဍာရေးဒုဝန်ကြီး ဒေါက်တာမောင်မောင်သိမ်းက စတော့အိတ်ချိန်းစဖို့အတွက်ပြင် ဆင်မှုက ရာခိုင်နှုန်း ၆၀-၇၀ လောက်ပြီးသွားပြီလို့ပြောပါတယ်။ လာမယ့်အောက်တိုဘာမှာစမယ်၊ အချိန်ကသိပ်မလိုတော့ဘူးဆို
တော့လက်ရှိပြင်ဆင်ပြီးသားအနေအထားကိုသုံးသပ်ကြည့်ရင်လာ မယ့်အောက်တိုဘာမှာ အဆင်ပြေပြေချောချောမွေ့မွေ့စနိုင်ပါ့ မလား။

ဒါကတော့ သိပ်တော့မပြောတတ်ဘူး။ နှစ်ဖက်ရှိတာဆိုတော့
စတော့အိတ်ချိန်းအတွက်ဥပဒေ၊ နည်းဥပဒေက အဆင်သင့်ဖြစ်နေပြီ။
ဒါပေမဲ့ စတော့အိတ်ချိန်းဘက်က ကျန်တယ်။ စတော့အိတ်ချိန်းဘက်က အဆောက်အအုံကိုတော့ ပြင်ဆင်နေတယ်လို့ ပြောတယ်။
ပြီးမှ IT System တွေဘာတွေ အကုန်လုံး Install လုပ်ရမယ်။ Setup
လုပ်ရမယ်။ အဲဒီအပိုင်းတော့ ဂျပန်တွေနဲ့ လုပ် နေတဲ့ကိစ္စဖြစ်တဲ့အတွက် အစ်ကိုတို့လည်းသိပ်မသိလှဘူး။ ဟို တစ်လောက ICTအတွက်
တင်ဒါခေါ်ထားတယ်။ အဲဒီဟာတွေက ဘယ်လောက်မြန်မလဲဆိုတော့
အစ်ကိုတို့လည်း မပြောတတ်ဘူး။ နောက်တစ်ပိုင်းကတော့ Securitiesကုမ္ပဏီဘက်က ရှိမယ်။ လိုင်စင်တွေဘာတွေ ချပေးပြီးရင်လုပ်ရမယ့်ကိစ္စနှစ်ခုရှိတယ်။ တစ်ခုက IT Infrastructure ကိုပြင်ဆင်ရမယ်။ စတော့အိတ်ချိန်းနဲ့သူတို့ချိတ်ရမယ်။ ဒုတိယအပိုင်းကတော့ ၀န်ထမ်းတွေခန့်ရမယ်။ Trainingပေးရမယ်။ ဒါကအချိန်ကတော့ တော်တော်ကပ်နေပြီ။ ဖိဖိစီးစီးလိုင်စင်ချပြီးခါစလုပ်ရင်တော့ ဖြစ်နိုင်တယ်ပေါ့။ အစပိုင်းမှာဒီစတော့အိတ်ချိန်းက Business ကလည်းများ ဦးမှာမဟုတ်သေးဘူးလို့ ထင်ပါတယ်။ Listed ကုမ္ပဏီဆိုရင်လည်း များဦးမှာ မဟုတ်သေးဘူး။ လုပ်နိုင်ဖို့ပဲ အရေးကြီးပါတယ်။ စလုပ်နိုင်ပြီးရင် Step by Stepတွေ အကုန်လုံးကို ပိုပြီးကောင်းအောင်
လုပ်သွားလို့ရပါတယ်။

ကျွန်တော်တို့သိရသလောက်တော့ Listing လုပ်ဖို့ MAPCO နဲ့ AGDကတော့ နာမည်ထွက်နေတယ်။ အစ်ကိုတို့ကြားမိ သလောက်
ဘယ်ကုမ္ပဏီတွေ ဖြစ်နိုင်သေးလဲ။ စတဲ့အချိန်မှာ
ဘယ်နှခုလောက် Operate လုပ်ဖြစ်မယ်ထင်လဲ။ Securities
ကုမ္ပဏီအနေနဲ့ဆိုရင် ကော ဘယ်နှခုလောက်ရှိမှ စတော့မားကက်အတွက် Effective ဖြစ်နိုင်မလဲ။

ပြောဖို့ကတော့ခက်ပါတယ်။ AGD တို့၊ MAPCO တို့ ဆိုတာကတော့ လူတွေပြောနေကြတာပေါ့။ ဒါပေမဲ့ ဘယ်ဟာမှတော့ Confirm မဖြစ်ထားပါဘူး။ သိသလောက်ကတော့ FMI လည်းကြိုးစားနေတယ်။ ဒါလည်း ဘယ်လောက်အထိဖြစ်မယ်ဆိုတာမသိနိုင်ဘူး။ ကိုယ်လည်း Processထဲမှပါထားတာမဟုတ်ဘူးလေ။ အစပိုင်းမှာတော့ ကုမ္ပဏီတစ်ခုနဲ့ပဲစစ၊ ငါးခုနဲ့ပဲစစ စဖို့အရေးကြီးတယ်။ ကုမ္ပဏီနည်းနည်းနဲ့ပဲစလို့ မအောင်မြင်ဘူး လို့ ပြောလို့မရဘူး။ အစပိုင်းကတော့ အစမ်းသပ်ခံကာလလို့ပြော လို့ရပါတယ်။ ပြီးရင် တဖြည်းဖြည်းနဲ့ ကုမ္ပဏီတစ်ခုပြီးတစ်ခုတိုးလာ မှာပဲ။စဖွင့်တဲ့အချိန်မှာ ကုမ္ပဏီဘယ်နှစ်ခုရှိရမယ်ဆိုတာ အရေးမကြီးဘူး။ Infrastructureအဆင်သင့်ဖြစ်ဖို့အရေးကြီးတယ်။ ထားလိုက်ပါတော့ကုမ္ပဏီတစ်ခုနဲ့ စပြီးတော့နောက်နှစ်လနေပြီးတော့မှ ကုမ္ပဏီတစ်ခုတိုးလာတယ်။ နောက်သုံးလေးလနေမှနှစ်ခု သုံးခုတိုးလာတယ်ဆိုလည်းအဆင်ပြေတယ်။ ဗီယက်နမ်မှာဆိုရင် ၂၀၀၀-၂၀၀၆ ကာလတုန်းက OTC (Over The Counter Market) နဲ့စခဲ့တာ။ စတော့အိတ်ချိန်းနဲ့စခဲ့တာမဟုတ်ဘူး။ OTC ဈေးကွက်မှာလည်း သူတို့သုညနဲ့ စခဲ့ပြီးတော့ နောက်ပိုင်း ၂၀၁၂ ခုနှစ်လောက်ရောက်တော့သုံးရာကျော်သွားပြီ။ စတာတော့သုည နဲ့ စမှာပဲ။ အဲဒီတော့ စဖွင့်တဲ့အချိန်မှာ ကုမ္ပဏီငါးခုရှိမှအောင်မြင် တယ်၊ ဆယ်ခုရှိမှ အောင်မြင်တယ်လို့ ပြောလို့ မရဘူး။ အများကြီး နဲ့စပြီးမှ နောက်ပိုင်း System မနိုင်လို့၊ ဒါမှမဟုတ် မကျွမ်းကျင်လို့ Crash ဖြစ်သွားတာနဲ့စာရင်နည်းနည်းလေးနဲ့ပဲစပြီးတော့ နိုင်နိုင်နင်းနင်းတိုးသွားတာ ပိုကောင်းမယ်လို့ ထင်ပါတယ်။

Securities ကုမ္ပဏီကတော့ ဘယ်နှခုလောက်ဆိုရင် ဒီဈေးကွက် အတွက် Effective ဖြစ်မလဲ။

အစပိုင်းမှာ Listed ကုမ္ပဏီကမများဘူးဆိုတော့ Securities ကုမ္ပဏီကလည်းအများကြီးမလိုဘူး။ ပထမနှစ်နှစ်လောက်က ကုမ္ပဏီဘယ်နှခုချပေးမလဲမသိဘူး။ များများချပေးရင်လည်း ပထမနှစ်နှစ်လောက်က မမြတ်နိုင်သေးဘူး။ ပထမနှစ်နှစ်၊ သုံးနှစ် လောက်က Investment Period လို့ပဲ ကြည့်ရမှာပဲ။ ၀င်ငွေမရသေးပေမဲ့ ၀န်ထမ်းလစာတွေပေးရမယ်၊ ကုန်ကျစရိတ်တွေရှိမယ်ဆိုတဲ့အတွက် အဲဒီအချိန်အတွင်းမှာရှုံးဖို့ များတယ်။ ပြီးတော့မှ Listedကုမ္ပဏီတွေလည်းများလာပြီး Investorတွေ
ပိုရှာတွေ့တယ်ဆိုမှအမြတ်တွေဘာတွေဖြစ်ချင်ဖြစ်လာမယ်။ Securities
ကုမ္ပဏီတွေက အစပိုင်းမှာ သူတို့အနေနဲ့ Investment Period လို့ယူဆ ရမှာပါ။

ခုနကပြောသွားတဲ့အထဲမှာ ဗီယက်နမ်က ပထမငါးနှစ်လောက်မှာ OTC နဲ့စခဲ့တယ်။ ကျွန်တော်တို့နဲ့ဖွံ့ဖြိုးမှုချင်းနီးစပ်တဲ့ လာအိုနဲ့ကမ္ဘောဒီးယားမှာဆိုရင် ကုမ္ပဏီနှစ်ခုသုံးခုလောက်နဲ့ပဲ
တော်တော်လေးဈေးကွက်အေးနေတဲ့အနေအထားရှိတယ်။ ကျွန်တော်တို့ဆီမှာကော စစချင်းမှာ စတော့ဈေးကွက်ကငြိမ်နေပြီး OTCကပဲ အားကောင်းတာမျိုးဖြစ်လာနိုင်လား။

ဒါကလည်း အစိုးရရဲ့ Incentive(မက်လုံး) ပေါ်မူတည်ပါတယ်။ ကမ္ဘောဒီးယားနဲ့ လာအိုက စီးပွားရေးအရပဲဖြစ်ဖြစ်၊ လူဦးရေအရပဲဖြစ်ဖြစ် မြန်မာနိုင်ငံနဲ့ ယှဉ်လို့မရဘူး။ အဲဒီတော့ မြန်မာနိုင်ငံကယှဉ်မယ်ဆိုရင် ဗီယက်နမ်နဲ့ပဲ ပိုယှဉ်လို့ရမယ်ထင်တယ်။ အရေးကြီးတာက ဗီယက်နမ်မှာတော့ လက်ရှိငါးရာလောက်ရှိတယ်ထင်တယ်။ ဗီယက်နမ်ဘက်မှာ အစပိုင်းမှာ Listed ကုမ္ပဏီကဘယ်ကလာလဲဆိုတော့ State Owned Enterprise တွေဆီက လာတယ်။ State Owned
(အစိုးရပိုင်) ကုမ္ပဏီတွေကို Publicပြောင်းပြီးတော့ Listing လုပ်လိုက်တယ်။ မြန်မာပြည်မှာက State Owned တွေဆီကတော့သိပ်လာမယ်မထင်ဘူး။ လက်ရှိ Public ကုမ္ပဏီတွေကလည်း စတော့အိတ်ချိန်းကိုတင်ဖို့ သိပ်အဆင်မပြေလှဘူး။ နှစ်ရာလောက်ရှိတယ်။ ဒါပေမဲ့ အဲဒီ Public ကုမ္ပဏီတော်တော်များများက လုပ်ငန်းစလုပ်ခါစလေးတွေ၊ ဒါမှမဟုတ်သေးသေးလေးတွေ၊ အကြောင်းအမျိုးမျိုးကြောင့် လွန်ခဲ့တဲ့နှစ်နှစ်အတွင်းမှာစခဲ့တဲ့ ကုမ္ပဏီတွေများတယ်။ ကျွန်တော့်အမြင်မှာတော့ စတော့အိတ်ချိန်းမှာ Listing လုပ်တဲ့ ကုမ္ပဏီတွေက Private Sector ကလာမယ်ထင်တယ်။ အောင်မြင်တဲ့ Private ကုမ္ပဏီတွေက Public ကုမ္ပဏီတွေအဖြစ်ပြောင်းပြီး Listing လုပ်တာအားသာချက်တစ်ခုတွေ့တယ်ဆိုရင် သူတို့လုပ်လိမ့်မယ်လို့ထင်တယ်။ အောင်မြင်တဲ့ Private ကုမ္ပဏီတွေဆိုတာ များသောအားဖြင့် သူဌေးတစ်ဦးတည်းပိုင်တဲ့၊
ဒါမှမဟုတ်အများအားဖြင့် သူဌေးတစ်ဦးစီ Controlလုပ်နေတဲ့ကုမ္ပဏီတွေပဲလေ။ သူတို့အနေနဲ့ ဘာကိုစဉ်းစားမလဲဆိုတော့ Listingလုပ်ရင်သူတို့အတွက် ဘာဖြစ်သွားမလဲ။ Costတွေပိုများသွားမယ်၊ Transparency ပိုလုပ်ရမယ်၊ ပိုခက်မယ်၊ ခါတိုင်း သူတို့တစ်ယောက်တည်း ဆုံးဖြတ်နေကျကိစ္စကို တစ်ယောက်တည်း ဆုံးဖြတ်လို့မရတော့ဘူး။
ဘာလို့လဲဆိုတော့ Shareholderတွေ ထပ်ဝင်လာရင် နဂိုပိုင်ရှင်က
Majorityကိုင်ထားရင်တောင် ဒီအကြောင်းကြောင့် ဒီလိုမျိုး Decision လုပ်ခဲ့တယ်ဆိုတာကိုတင်ပြရတော့မယ်။ သူ တို့အတွက်က Mentalityပြောင်းဖို့ပိုလိုလာမယ်။ Accounting တွေဘာတွေကအစ Transparency ရှိဖို့ပိုလိုလာမယ်။ အားနည်းချက်က အဲဒါတွေရှိတယ်ဆိုတော့ သူတို့အတွက် အားသာချက်က
ဘာတွေရှိမလဲစဉ်းစားမယ်။ ဒီအားသာချက်ကပိုများနေရင်သူတို့ Listingလုပ်ဖို့စိတ်ဝင်စားမယ်။ အားသာချက်ကဘာဖြစ်နိုင်လဲဆိုတော့ အဓိကက သူတို့လုပ်ငန်းတွေတိုးချဲ့ချင်တယ်၊ နိုင်ငံခြား ကုမ္ပဏီဝင်လာပြီး အပြိုင်အဆိုင်များလာရင် သူတို့ရဲ့ Capitalနဲ့ မလုံလောက်တော့ဘူး။ သူတို့အနေနဲ့လုပ်ငန်းတိုးချဲ့ဖို့ ပိုက်ဆံရှာနေ ပြီဆိုရင်ဘဏ်တွေဆီကသွားချေးဖို့အဆင်မပြေဘူးဆိုရင် Investor ထပ်ရှာနိုင်မှသူတို့လုပ်ငန်းတွေတိုးချဲ့လို့ရမယ်။ သူတို့အနေနဲ့အစက၁၀၀ရာခိုင်နှုန်းပိုင်နေတဲ့အနေအထားကနေနောက်ပိုင်းကနေ၅၁ရာခိုင်နှုန်းလောက်ပဲပိုင်ချင်ပိုင်တော့မယ်။ ဒါပေမဲ့ အဲဒီ ၅၁ ရာခိုင်နှုန်းပဲပိုင်တဲ့ကုမ္ပဏီက အရမ်းပိုအောင်မြင်တဲ့၊ ပိုပြီး ကြီးတဲ့ကုမ္ပဏီဖြစ်နိုင်တယ်။
ငွေကြေးပမာဏအနေနဲ့ ကြည့်လိုက်မယ်ဆိုရင် ကုမ္ပဏီ ကြီးရဲ့ ၅၁ ရာခိုင်နှုန်းက ကုမ္ပဏီအသေးရဲ့ ၁၀၀ ရာခိုင်နှုန်းထက် ပိုများနိုင်တယ်။ နိုင်ငံခြားကုမ္ပဏီတွေဝင်လာလို့ သူတို့နဲ့ Partner လုပ်မယ်ဆိုရင်လည်း Position
ပိုကောင်းတယ်။ Competition ဆိုရင်လည်း ကိုယ့်ကုမ္ပဏီကပိုပြီးတော့ယှဉ်နိုင်တယ်။ အခုလူတွေ တော်တော်များက ဘာတွေ့ကြလဲဆိုတော့ Mr. Serge Pun တို့ အုပ်စုဆိုရင် YOMA Strategic ရှိတယ်။ သူကမြန်မာပြည်မှာ Listing
လုပ်ထားတာတော့မဟုတ်ပါဘူး။ စင်ကာပူမှာ Listing လုပ်ထားတာ။ ဒါပေမဲ့ အဲဒီလို Listing လုပ်ထားတဲ့အတွက် သူတို့အုပ်စုကစိတ်ချရတယ်ဆိုတဲ့အမြင်မျိုးရှိတယ်။Image ပို ကောင်းသွားတယ်။ ဘာဖြစ်လို့လဲဆိုတော့ Listing
လုပ်ဖို့ဆိုတာက Criteriaတွေကို ကိုယ့်ဘက်ကဖြည့်ဆည်းပေးနိုင်မှ Listingလုပ်ခွင့်ပေးတာကိုး။ ပြီးတော့စတော့ အိတ်ချိန်းကလည်းတောက်လျောက်စောင့်ကြည့်နေတယ်။ နိုင်ငံခြားကုမ္ပဏီတစ်ခုက ဥပမာ- KFCတို့၊ ဒါမှမဟုတ်လည်း ကုမ္ပဏီအကြီးကြီးတစ်ခုက မြန်မာပြည် ကိုဝင်လာရင် ဘယ်သူနဲ့ Partnerလုပ်မလဲသူတို့စဉ်းစားတော့မယ်။ ဒီကုမ္ပဏီက Listedကုမ္ပဏီတစ်ခုဖြစ်နေတယ်ဆိုရင် စတော့ အိတ်ချိန်းကလည်း နာမည်ကောင်းတယ်ဆိုရင် အဲဒီ Listedကုမ္ပဏီတစ်ခုနဲ့သူတို့တွဲလုပ်ဖို့ သူတို့ပိုလွယ်တယ်။ Privateကုမ္ပဏီတစ်ခုကျတော့သူတို့ ဘယ်လောက်ပဲအောင်မြင်အောင်မြင် သူတို့အကြောင်းကိုဘာမှမသိဘူး။ Transparentမဖြစ်ဘူးဆိုရင် အရွယ်အစားချင်းတူရင်တောင် Listed
ကုမ္ပဏီနဲ့ပဲ တွဲလုပ်လိမ့်မယ်။ အဲဒီတော့ မြန်မာပြည်ကလည်း နောက်ငါးနှစ်၊ ဆယ်နှစ်မှာ လုပ်ငန်းတွေပိုတိုးချဲ့လာမယ်ဆိုတာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့လည်း တော်တော်လေးဆိုင်တယ်။ န်ုင်ငံခြားရင်းနှီးမြှုပ်နှံသူနဲ့ တွဲလုပ်နိုင်တဲ့ကုမ္ပဏီကလည်းပိုပြီးတော့အောင်မြင်နိုင်မယ်။ အဲဒီတော့တချို့ကုမ္ပဏီတွေက Listingလုပ်ထားတယ်ဆိုရင်၊ စတော့အိတ် ချိန်းကလည်း နာမည်ကောင်းတယ်ဆိုရင် Listing လုပ်လိုက်တယ်ဆိုရင် အားသာချက်တစ်ခုဖြစ်သွားတယ်။ Listing မလုပ်တဲ့ ကုမ္ပဏီတွေကတော့ပြတ်ကျန်သွားမယ်။ အဲဒီမှာ Competitionပေါ်လာတယ်။ တချို့တွေပိုအောင်မြင်သွားတယ်။ တချို့တွေက သူတို့မပြောင်းတဲ့အတွက် မအောင်မြင်ဘူးဆိုရင် အဲဒီဘက်မှာ Pressure ဖြစ်ပြီးတော့ Listingလုပ်ဖို့ တော်တော်များများစိတ် ၀င်စားလာလိမ့်မယ်။

ကိုအောင်သူရတို့ Thura Swiss အနေနဲ့ OTCမားကက်ကို
စိတ်ဝင်စားတယ်လို့ ကြားရပါတယ်။ အဲဒီအတွက်ဘာတွေပြင်ဆင်ထားပြီးပြီလဲ သိပါရစေ။

OTC မားကက်ဆိုတာကတော့ ကျွန်တော်တို့ဘက်က ဘာလုပ်ထားသလဲဆိုတော့ ဆော့ဖ်ဝဲကိုရေးထားတာ အိုင်တီပလက် ဖောင်းအနေနဲ့ ပြင်ဆင်ထားတာ။ နောက်ပိုင်း OTC မားကက်တွေ ဘာတွေလုပ်လို့ရမယ့်အချိန်ကျရင် အိုင်တီပလက်ဖောင်းရှိတယ်။ အရောင်းအ၀ယ်တွေလုပ်လို့ရအောင် ပလက်ဖောင်းတစ်ခုပြင်ဆင် ထားတဲ့သဘောပါပဲ။ စိတ်ဝင်စားတာကတော့ Securitiesလုပ်ငန်း ကို ဘယ်အပိုင်းမဆိုစိတ်ဝင်စားပါတယ်။
ဒါတော့ ဘယ်အပိုင်းမှာလုပ်ခွင့်ရမယ်၊ မရဘူးဆိုတာ ကိုလည်းမသိသေးပါဘူး။ အစိုးရကလည်း လိုင်စင်တွေဘယ်လို ချပေးမယ်ဆိုတာကိုလည်း အတိအကျမသိသေးတဲ့အတွက် ဘယ်အပိုင်းမှာ ပါလို့ရတယ်၊ မရဘူးဆိုတာတော့ ကိုယ်လည်းပြောလို့မရသေးဘူးပေါ့။ အစ်ကိုတို့အနေနဲ့ကတော့ Securities Market ကို တစ်နည်းမဟုတ်တစ်နည်းတော့ပါချင်တယ်။ Contribute လုပ်ချင်တယ်။ ဘယ်လိုလုပ်လို့ရမလဲဆိုတာတော့ နောက်ပိုင်းပိုပြီးရှင်း လာတဲ့အချိန်ကျမှ သတ်မှတ်လို့ရမှာပေါ့။

စတော့ဈေးကွက်မှာရှိတဲ့စိန်ခေါ်မှု တော်တော်များများထဲက တစ်ခုပေါ့။ ရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်တဲ့ကျွမ်းကျင်တဲ့သူ မြန်မာပြည်မှာက
စတော့မားကက်ဆိုတာက အခုမှပြန်လုပ်ကြတာ။ အဆက်ပြတ်နေတာကြာပြီဆိုတော့ လူ့စွမ်းအားအရင်းမြစ်နဲ့
ပတ်သက်ပြီး နိုင်ငံခြားသားကျွမ်းကျင်ပညာရှင်တွေကိုပဲ အဓိကသုံးလာနိုင်လား၊ ဒါမှမဟုတ် ပြည်တွင်းကပဲ
လုံလုံလောက်လောက်ရနိုင်မလား။

Securities ကုမ္ပဏီတစ်ခုအနေနဲ့က Division တွေ အမျိုးမျိုးရှိတယ်။ တစ်ခုက Investment Banking Division ရှိမယ်။
Investment Banking Division က ဘာလုပ်မလဲဆိုရင် ကုမ္ပဏီတစ်ခုငွေရှာနေတယ်ဆိုရင် သူတို့ရှယ်ယာတွေကိုထုတ် ရောင်းဖို့၊ ဒါမှမဟုတ် Bond တွေကို ထုတ်ရောင်းဖို့အကြံပေးတယ်။ အကြံပေးရုံတင်မဟုတ်ဘူး။ ရှယ်ယာတွေ၊ ဒါမှမဟုတ် Bondတွေထုတ်ရောင်းတဲ့ Processတစ်ခုလုံးကိုဝန်ဆောင်မှုပေးတယ်။ Valuation လုပ်ပေးတယ်။ ရှယ်ယာတွေထုတ်ရောင်းတဲ့အထိ အကုန်လုံးလုပ်သွားတယ်။ ပြီးရင် Underwriting
ကအစ သူတို့ လုပ်နိုင်တယ်။ Underwriting ဆိုတာ အာမခံပြီးတော့ မရောင်းရတဲ့ရှယ်ယာတွေကို သူတို့ကိုယ်တိုင်ဝယ်တယ်။ အဲဒီ Division ကတော့ ပညာတော်တော်လိုတယ်။ အဲဒါကိုဆုံးဖြတ်နိုင်ဖို့၊ ဝေဖန်နိုင်ဖို့ ကုမ္ပဏီတစ်ခုကိုတန်ဖိုးဖြတ်နိုင်ဖို့ မြန်မာတော်တော်များများက သိပ်မရှိသေးဘူး။ အဲဒီနေရာမှာဦးဆောင်မယ့်သူတွေ ကတော့အစပိုင်းမှာအတွေ့အကြုံရှိတဲ့ Investment၊ Banking မှာလုပ်ဖူးတဲ့သူတွေလိုတယ်။ ဒီ Capacity မြန်မာ ပြည်မှာသိပ်မရှိသေးဘူး။ ဒါပေမဲ့ အဲဒီမှာဝင်လုပ်တဲ့ တခြားသူတွေကတော့၊ ဥပမာ- Accounting ကိုကျွမ်းကျင်တဲ့မြန်မာတွေ၊ အင်္ဂလိပ်လိုလည်း ကျွမ်းကျင်ရမယ်။ Business အမြော်အမြင်ရှိတဲ့သူမျိုး ဖြစ်နိုင်တယ်။ သူတို့က ဒီ Processတွေ နားလည်အောင်ငါးနှစ်၊ ဆယ်နှစ်လောက်တော့သင်ရလိမ့်မယ်။ Investment Banking Division မှာ အစပိုင်းတော့
နိုင်ငံခြားအကူအညီ လိုလိမ့်မယ်။ နောက်တစ်ခုက Sales & Trading Division ရှိတယ်။ Brokerage
တို့၊ အရောင်းအ၀ယ်လုပ်တာတို့၊ ရှိပြီးသားရှယ်ယာတွေအရောင်း အ၀ယ်လုပ်တဲ့အပိုင်းတွေပေါ့။ အဲဒီ Division
ကတော့ နိုင်ငံခြားသားတွေက အတိုင်းအတာတစ်ခုထိပဲလိုအပ်တယ်။ Broker တွေဆိုတာ Client Relationship
ကိုတည်ဆောက်ရမှာ။အဲဒါတွေကျတော့ မြန်မာတွေကလုပ်တတ်တယ်။
နိုင်ငံခြားသားဆိုရင်လည်း အောင်မြင်မှာမဟုတ်ဘူး။ Local ပညာတတ်တွေလိုမယ်။ Customerတွေနဲ့ဆွေးနွေးနိုင်ရမယ်။ Customer
တွေကိုရှင်းပြနိုင်ရမယ်။ ဘယ်ရှယ်ယာတွေကို ဘာကြောင့်ဝယ်သင့်တယ်။ ဘာကြောင့်ရောင်းသင့်တယ်။ သူတို့ကိုယ်တိုင် Knowledgeက Research တွေဘာတွေလုပ်တဲ့အဆင့်ထိမဟုတ်ဘူး။ ရှိပြီးသား Research တွေကိုဖတ်ပြီးတော့ Client တွေကို ပြန်ရှင်းပြနိုင်တဲ့အဆင့်ဆိုရင်ရတယ်။ ဒါက Local တွေနဲ့ဆိုင်တယ်။
တတိယ Division က ဘာလဲဆိုတော့ Research Division ဆိုတာရှိတယ်။ Research Divisionကဈေးကွက်ကြီး တစ်ခုလုံးရော ကုမ္ပဏီတစ်ခုရဲ့ အခြေအနေကိုပါ လေ့လာတယ်။ Report တွေဖတ်မယ်၊ သတင်းစာတွေဖတ်မယ်၊ Annual General Meeting တွေသွားမယ်။ Management နဲ့ဆွေးနွေးမယ်။ အဲဒါတွေကိုအခြေခံပြီးတော့ Independent Report တွေရေးရမယ်။ Independent ဆိုတာ အဲဒီကုမ္ပဏီဘက်ကအားနာပြီးတော့ လိုက်မရေးရဘူး။ သူတို့ အမြင်အရ ဒီကုမ္ပဏီဆီကရှယ်ယာဝယ်သင့်တယ်၊ မ၀ယ်သင့်ဘူးဆိုတာကိုရေးရတယ်။ သူတို့ကလည်း Independent ဆိုတာကလည်း Broker တွေဆီကနေ Independent ဖြစ်ရမယ်။ Broker တွေက ဒီကုမ္ပဏီတွေကို ၀ယ်စေချင်လို့ Reportတွေကိုဒီလိုရေးပေးပါဆိုရင် ရေးပေးလို့မရဘူး။ အဲဒီဝန်ထမ်းတွေက Broker တွေနဲ့သတ်သတ်ခွဲထားရမယ်။Research
လုပ် မယ့်ဝန်ထမ်းတွေကျတော့ အတွေ့အကြုံလိုတယ်။ အတွေ့အကြုံဆိုတာက ကုမ္ပဏီကို တန်ဖိုးဖြတ်နိုင်ရမယ်။ Report တွေရေးတတ်ရမယ်။ အဲဒါတွေက Researchအပိုင်းမှာ အတွေ့အကြုံလိုတယ်။ အဲဒါကျတော့ နိုင်ငံခြားသားအကူအညီလိုနိုင်တယ်။ ဒါပေမဲ့ နိုင်ငံခြားသားအကူအညီနဲ့လည်းမပြီးနိုင်ဘူး။ Localလည်းလိုအပ်တယ်။ နိုင်ငံခြားသားကနည်းပညာတွေနဲ့ Valuation Method တွေသိမယ်။ ဒါပေမဲ့ ဒီကုမ္ပဏီ Mangementနဲ့ သွားတွေ့ဖို့၊
ဒါမှမဟုတ် Financail Statement တွေဖတ်ဖို့ တချို့က
မြန်မာလိုရေးထားတယ်။ Financial Statementကို မြန်မာပြည်မှာဘယ် လိုရေးတယ်ဆိုတာနားလည်ဖို့လိုလည်းလိုတယ်။နိုင်ငံခြားသားကျတော့သိချင်မှသိမယ်။ အဲဒီနေရာကျတော့ နိုင်ငံခြားသားနဲ့ တွဲလုပ်ဖို့ လိုတယ်။ ဒါကတော့ Knowledge ပိုလိုတယ်။ အဲဒီ Report ကို အခြေခံပြီးတော့မှ Brokerက အဲဒါကိုဖတ်ပြီးတော့ ဘယ်ရှယ်ယာကို ၀ယ်သင့်တယ်၊ ဘယ်ရှယ်ယာကို ရောင်းသင့်တယ်ဆိုတာကို အကြံပေးတယ်။ အဲဒီတော့ Division တစ်ခုနဲ့ တစ်ခုမတူဘူး။ Investment Banking Division မှာ နိုင်ငံခြားသားအကူအညီ တော်တော်လေးလိုမယ်။ အဲဒါက Underwriting နဲ့ ဆိုင်တဲ့ Businessပေါ့။ Brokerage Business ကျတော့တော်တော်လေး Local နဲ့ ဖြစ်နိုင်တဲ့မားကက်၊ Research မားကက်ကျတော့နိုင်ငံ ခြားသားရော၊ ပြည်တွင်းပါလိုမယ်။

လက်ရှိ ကျွန်တော်တို့လေ့လာမိသလောက်တော့ ပြည်တွင်းမှ တခြား Sector တွေထက် Banking Sector က စတော့အိတ်ချိန်းမှာဝင်ပြီး Listingလုပ်ဖို့ပိုပြီးများ စိတ်ဝင်စားနေသလားလို့။ ဒါပေမဲ့ တစ်ဖက်က ပြန်စဉ်းစားကြည့်ရင်လည်းစပြီး Boom ဖြစ်လာတဲ့ Sector တွေလည်းအများကြီးရှိပါတယ်။ ဥပမာ- IT Sectorတွေလိုမျိုးပေါ့။ အဲဒီတော့ အစ်ကို့ရဲ့အမြင်အရနောက်ပိုင်းကျရင်
စတော့ဈေးကွက်၊ OTCဈေးကွက်တွေမှာ ဘယ် Sector တွေကကုမ္ပဏီတွေ ပိုပြီးဝင်ရောက်လာမယ်လို့ ခန့်မှန်းမိလဲ။

ဘဏ်တွေက ဘာကြောင့်စိတ်ဝင်စားလဲဆိုရင် ဗဟိုဘဏ်က
အမြဲစောင့်ကြည့်နေတော့ သူတို့ရဲ့ Accounting Standard က တခြား Sector တွေနဲ့ယှဉ်ရင် ပိုပြီး Cleanဖြစ်နေပြီလို့ ပြောလို့ရတယ်။ အဲဒီတော့ သူတို့အနေနဲ့ စတော့အိတ်ချိန်းကိုတင်မယ်ဆိုရင်
မခက်တော့ဘူး။ အကုန်လုံးကပြင်ဆင်ပြီးသားလို ဖြစ်နေတယ်။ ကျန်တဲ့ကုမ္ပဏီကျတော့ တချို့က အရင်တုန်းကအခွန်မဆောင်တာတွေ၊ စာရင်းတွေနှစ်မျိုး ကိုင်တာတွေရှိတဲ့အတွက် စတော့အိတ်ချိန်းကို လက်ရှိတင်ချင်တယ်ဆိုရင်တောင် မလွယ်ဘူး။ သူတိုရဲ့ Standard တွေကိုပြန်လုပ်ရမှာတွေ အများကြီးရှိသေးတယ်။ အဲဒီကုမ္ပဏီတွေတော်တော်များများက အဆင်သင့်မဖြစ်သေးတဲ့အတွက် သူတို့ဆီကသိပ်မကြားရဘူး။

နောက်ဆုံးမေးချင်တာကပြီးခဲ့တဲ့နှစ်တွေအတွင်းရင်းနှီးမြှုပ်နှံမှု အားအရမ်းကောင်းခဲ့တဲ့ အိမ်ခြံမြေဈေးကွက်က အခုလက်တလောတော့ အနည်းငယ်အေးနေတာတွေ့ရပါတယ်။ ပြီးတော့ ကားဈေးကွက်တို့ဘာတို့ဆိုရင်လည်း အခြေအနေသိပ်မကောင်းလှဘူး။ အဲဒီတော့ စတော့ဈေးကွက်ပေါ်လာတဲ့အခါကျရင် ရင်းနှီးမြှုပ်နှံမှု အရွေ့ကဘယ်လိုမျိုးဖြစ်လာနိုင်လဲ။ အိမ်ခြံမြေ၊ ကား၊ ဘဏ်၊ စတော့ရှယ်ယာစတာတွေထဲမှာ လူတွေပိုရင်းနှီးမြှုပ်နှံမယ့်ဈေးကွက်ပေါ့။

ဒါကတော့ စတော့ဈေးကွက်လည်း Investmentတစ်မျိုး
ဖြစ်သွားမှာပဲ။ အိမ်ခြံမြေဈေးကွက်ကတစ်ခုရှိတယ်။ ForeignExchangeရှိတယ်။ Commodity အရောင်းအ၀ယ်လုပ်တာလည်းရှိမယ်။
အဲဒီအတိုင်းပဲစတော့အိတ်ချိန်းပေါ်လာမယ်ဆိုရင်လည်း ဒီရှယ်ယာဈေးကွက်က ရင်းနှီးမြှုပ်နှံမှုတစ်မျိုးဖြစ်လာမှာပဲ။ အိမ်ခြံမြေဈေးကွက်မှာဆိုရင် တချို့တွေက ပိုက်ဆံတွေပိုနေပြီးတော့၊ ဒါမှမဟုတ် ငွေမည်းတွေကို ဘယ်မှာထားရမှန်းမသိလို့ အဲဒီမှာသွားဝယ်ပြီးလုပ်ကြတာရှိတယ်။ အခုလောလောဆယ် ရှိနေတဲ့ပုံစံက ၃၀ရာခိုင်နှုန်းအခွန်ဆောင်လိုက်မယ်ဆိုရင် ငွေဖြူဖြစ်သွားတယ်။
ခြံကိုပြန်ရောင်းလိုက်ရင်လည်း ငွေဖြူဖြစ်သွားတယ်။ စတော့အိတ်ချိန်းမှာလည်း အဲဒီလိုမျိုးဖြစ်သွားနိုင်တယ်။ အန္တရာယ်ရှိတယ်။

စတော့အိတ်ချိန်းမှာလည်း ငွေမည်းရှိတယ်။ငွေမည်းကို ရှယ်ယာဝယ်လိုက်တယ်။ ပြန်ရောင်းလိုက်ရင်ထွက်လာတဲ့ပိုက်ဆံက
ငွေဖြူဖြစ်ရင် လူတွေက စတော့အိတ်ချိန်းမှာရင်းနှီးတာက
ငွေဖြူဖော်ဖို့ဖြစ်သွားနိုင်တယ်။ ငွေဖြူဖော်ဖို့အတွက်ပဲ ရင်းနှီးတယ်ဆိုရင် ရေရှည်မှာအလားအလာမကောင်းနိုင်ဘူး။ ရှယ်ယာဈေးကွက်မှာ အရောင်းအ၀ယ်တွေကကုမ္ပဏီတွေနဲ့ မဆိုင်တော့ဘူး။ ငွေဖြူဖော်ချင်ရင်ရှယ်ယာဝယ်လိုက်တဲ့ အချိန်မှာ စတော့ဈေးကွက်ကအရမ်းထိုးတက်သွားရော။ အထူးသဖြင့် ကုမ္ပဏီသိပ်မများတဲ့အချိန်မှာဖြစ်နိုင်တယ်။

ထိုးတက်တာက အဲဒီကုမ္ပဏီရဲ့အခြေအနေနဲ့ ဘာမှ မဆိုင်ဘဲ ထိုးတက်သွားတာ။ ပြီးမှငွေဖြူပေါ်ပြီဆိုပြီး ပြန်ရောင်းထုတ်တဲ့အချိန်မှာ ထိုးကျသွားရော။ တချို့ဟာတွေကျတော့ Seasonal (အချိန်ရာသီအလိုက်) ဖြစ်နိုင်တယ်။ အဲဒီလိုမျိုးဖြစ်တယ်ဆိုရင် စတော့ဈေးကွက်ကြီး ထိုးတက်၊ ထိုးကျတာက အဲဒီကုမ္ပဏီရဲ့အခြေအနေနဲ့မဆိုင်ဘဲနဲ့ အဲဒီလိုမျိုးဖြစ်တယ်ဆိုရင် ရေရှည်မှာမကောင်းဘူး။ အိမ်ခြံမြေဈေးကွက်လည်း အဲဒီအတိုင်းဖြစ်နေတာ၊
တကယ်တော့မကောင်းဘူး။ အဲဒီလိုမျိုးမဖြစ်သင့်ဘူး။ ရေရှည်မှာ စီးပွားရေးတစ်ခုလုံးကို ထိခိုက်တယ်။ အစိုးရအနေနဲ့ဘာကိုစဉ်းစားသင့်သလဲဆိုတော့ အစိုးရအနေနဲ့ ငွေဖြူဖော်ဖို့အတွက် Investment နည်းလမ်းမဟုတ်တာမျိုး တခြားနည်းလမ်း ရှာပေးသင့်တယ်။ အစိုးရဘက်က ဘယ်လိုမျိုးငွေမည်းကို ငွေဖြူအဖြစ်ပြောင်းဖို့လက်ခံပြီး ဘယ်လိုဟာမျိုးကိုတော့ လက်မခံဘူးဆိုတာပေါ့။ ဥပမာ- မူးယစ်ဆေးဝါးကို လက်မခံဘူးဆိုရင် ခွင့်မပေးနဲ့။ တချို့ဟာကျတော့အရင်တုန်းက အခွန်မဆောင်ထားတဲ့ ငွေမည်းတွေရှိမယ်။ အဲဒါမျိုးကျတော့ သူတို့အနေနဲ့ ငွေဖြူပြန်ဖြစ်ဖို့ အစိုးရကလက်ခံတယ်ဆိုရင် လမ်းဖွင့်ပေးဖို့လိုမယ်။ တချို့ကျတော့လည်း
မှောင်ခိုလုပ်ထားတာ၊ ကျောက်တွေဘာတွေ လုပ်ထားတာ အဲဒါကိုလည်းငွေဖြူအဖြစ်ပြန် ဖော်ဖို့ အစိုးရအနေနဲ့ စိတ်ဝင်စားတယ်ဆိုရင် အိမ်ခြံမြေဈေးကွက်တို့၊ စတော့ဈေးကွက်တို့ကို အလွဲသုံးစားလုပ်မယ့်အစား သူတို့အနေ နဲ့ တိုက်ရိုက်လမ်းဖွင့်ပေးလိုက်။ ကိုယ့်မှာငွေမည်းရှိတယ်ဆိုရင်ဘယ်ကလာတဲ့ ငွေမည်းလဲဆိုတာကို ကြေညာရမယ်။ ကြေညာပြီးရင် အဲဒါကို အခွန်ဘယ်လောက်ဆောင်လိုက်ဆိုရင် ငွေဖြူဖြစ်သွားမယ်။ အဲဒါမျိုးကိုလုပ်ဖို့ဆိုရင် အချိန်အတိုင်းအတာတစ်ခု
ပေးလိုက်ပေါ့။ နှစ်နှစ်အတွင်းမှာ ငွေမည်းမှန်သမျကို ငွေဖြူအဖြစ် ပြောင်းရမယ်။ အခွန်ဘယ်လောက်ဆောင်ရမယ်။ ဒီနှစ်နှစ်အတွင်းမှာ အစိုးရက သတ်မှတ်ထားတဲ့ နည်းလမ်းကိုသုံးသွားမယ်ဆိုရင်
အခွန်ဆောင်တာကလွဲလို့ တခြားဘာမှအရေးမယူဘူးဆိုတာကို အစိုးရက အာမခံဖို့လိုမယ်။အဲဒီနှစ်နှစ်ကျော်သွားလို့ ငွေမည်းကိုတွေ့တယ်ဆိုရင်တော့
ပြင်းပြင်းထန်ထန် အရေးယူမယ်ဆိုရင် ပိုပြီးကောင်းလိမ့်မယ်ထင်တယ်။ အဲဒါအတွက်ဘာလို့လဲဆိုရင် အစိုးရကလွှတ်တော်ကတစ်ဆင့် ဥပဒေတစ်ခု လိုမယ်။ ဥပဒေကလွှတ်တော်ဆီကတစ်ဆင့်ဆိုရင် ပြောင်းဖို့မလွယ်ဘူး။ တကယ့်ဥပဒေနဲ့ သွားမယ်ဆိုရင် လူတွေက ပိုပြီးယုံကြည်မှုရှိမယ်။ အဲဒါကို ငွေဖြူဖော်တယ်ဆိုရင် အဲဒီငွေဖြူကို နေရာတိုင်းမှာသုံးလို့ ရတယ်။ မြေ၀ယ်မလား၊ စတော့အိတ်ချိန်းမှာရင်းနှီးမလား၊ တခြားဟာဘာလုပ်မလဲပေါ့။ အဲဒီလိုမျိုး လိုမယ်ထင်တယ်။

အခုလိုအချိန်ပေးဖြေကြားပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်။

တရုတ်လူမျိုးတစ်ဦးရဲ့ စီးပွားရေး ဈေးကွက် အပိုင်သိမ်းမှု

Lo Ping Zhong (aka Steven Law, aka Tun Myint Naing) the head of Asia World in Toronto, June 5, 2014.   Credit: Asia Pacific Foundation of Canada.  Note small file size.  [PNG Merlin Archive]

Lo Ping Zhong (aka Steven Law, aka Tun Myint Naing) the head of Asia World in Toronto, June 5, 2014. Credit: Asia Pacific Foundation of Canada. Note small file size. [PNG Merlin Archive]

တရုတ်လူမျိုး ဦးထွန်းမြင့်နိုင်(Asia World)က ရန်ကုန်လေဆိပ်ကို ဘယ်လိုချယ်လှယ်ခဲ့ သလဲဆိုတာ နည်းနည်း ထပ်ပြောပါမယ်။ တကယ်တော့ လေဆိပ်တစ်ခုရဲ့ အော်ပရေတာ အနေနဲ့ ပွင့်လင်းမြင်သာမှုရှိရမယ့်ကိစ္စတွေမှာ မရှင်း မလင်းဖြစ်နေ တာတွေ အတွက် ဝေဖန်စရာတွေ ရှိနေပါတယ်။ ရိုးသားမှုနဲ့ ပွင့်လင်းမြင်သာမှုဆိုတာက ဒွန်တွဲနေတဲ့အရာတွေပါ။

Airport Operator အနေနဲ့ လေဆိပ်မှာရှိတဲ့ ဆိုင်တွေရဲ့ Space Allocation ကို စီမံခန့်ခွဲခွင့်ရှိပေမယ့် ကိုယ့် သဘောနဲ့ကိုယ် လုပ်လို့မရပါဘူး။ မြင်သာ၊ထင်သာရှိတဲ့ စနစ်နဲ့ လုပ်ရပါမယ်။ (ဈေးတစ်ဈေးမှာ ဈေးခေါင်း က သူ့ဆိုင်နဲ့ သူ့ရဲ့ဆွေမျိုးအသိုင်းအ၀ိုင်းတွေအပေါင်းအသင်းတွေကျတော့
နေရာကောင်းမှာပေးပြီး၊ ကျန်တဲ့ ဆိုင်တွေကို ချောင်ထိုးတဲ့အလုပ်လုပ်လို့ မရသလိုပေါ့။) တင်ဒါတွေ ခေါ်ရပါမယ်။ ဈေးနူန်းတွေ တိုးပြီးတောင်း တာကရော ဘယ်စနစ်အပေါ်အခြေခံပြီး တောင်းတာလဲ။

Airport Operator အတွက် တင်ဒါတောင်းခံခဲ့တုန်း က ဘယ်လိုစည်းမျဉ်း၊စည်းကမ်းသတ်မှတ်ချက်တွေ ရှိခဲ့လဲ။ မြေဧကဘယ်လောက်ငှားခွင့်ရပြီး တစ်ဧက ဘယ် လောက်နူန်းလဲ။ အရင်းကြေ ကာလဘယ လောက်တွက်ပြီး ၀င်ငွေရပေါက်ရလမ်းတွေ ဘယ်လိုဖော်ပြခဲ့လဲပေါ့။ ဒါတွေကို ပွင့်လင်းမြင်သာအောင် ရှင်း မပြဘဲ ကိုယ်သတ်မှတ်ချင်တဲ့ဈေးနူန်းသတ်မှတ်ပြီး တောင်းတယ်ဆိုရင်တော့ မဖြစ်သင့်ဘူးပေါ့။

ဒါက မြေ နေရာလောက်ပဲရပြီး လေဆိပ်အသစ်ကြီးဆောက်နေရတာလဲ မဟုတ်ဘူး။ Existing Facility တွေ သုံးပြီး Extension လုပ်ရတဲ့ သဘောဘဲရှိတာ။

အထက်မှာဖော်ပြခဲ့သလို ၂.၇.၂၀၁၂ ရက်နေ့မှာ ဟံသာဝတီ လေဆိပ်ကိစ္စ DCA က ချပြရှင်းလင်းပုံက ဟံသာဝတီလေဆိပ်ကို ဆွဲထားတဲ့ Schedule တွေ အတိုင်းလုပ်ပြီး ပြီးသွားရင် ရန်ကုန်လေဆိပ်က Domestic Airline လောက်ပဲ ကျန်ခဲ့ပြီး General Aviation ကိစ္စအဓိကလုပ်ရမှာ။ ဟံသာဝတီလေဆိပ်ကို အထောက် အကူပြုတဲ့ လေဆိပ်အနေနဲ့ပဲ ရှိတော့မှာမယ့်အနေအထားပေါ့။ ခရီးသည် (၅.၄) သန်းလောက် handle လုပ်နိုင်တဲ့ Facility ရှိဖို့ပဲ အဓိကလုပ်ရမှာ။

ဒါက ဟံသာဝတီလေဆိပ် အတွက် Successful Tenderer နဲ့ back up Tenderer တွေနဲ့ ဆွေးနွေး တဲ့အပိုင်းမှာလည်း အဓိကအချက် အနေနဲ့ ပါနေတာ။ အခုတော့ ဦးစိုးသိန်းနဲ့ ပေါင်းပြီး ခရီးသည် သန်း ၂၀ လောက် handle လုပ်နိုင်တဲ့ အဆင့် အထိ ကျိုးစားနေတယ်ဆိုတော့ တစ်ဖက်က ဟံသာဝတီလေဆိပ် Project ကို ပျက်အောင်လုပ်နေတယ်ဆိုတာ မပေါ်လွင်ဘူးလား။ ဟံသာဝတီလေဆိပ်ပြီးလို့ ပြောင်းသွားရင် သူ့ရဲ့ ၀င်ငွေက ကျသွားမှာလေ။ နိုင်ငံအတွက် မဟုတ်ဘဲ သူတို့အတွက်ပဲလုပ်နေတယ်ဆိုတာ မထင်ရှားဘူးလား။

DCA က ပြည်တွင်းလေဆိပ် (၃၀)ကိုလည်း PPP (Public Private Partnership) လုပ်ဖို့ အဆိုပြုလွှာ တွေ လက်ခံခဲ့ပြီးမှ ဥပဒေတွေ၊နည်းဥပဒေတွေ မရှိသေးလို့၊ မထုတ်ပြန်ရသေးလို့ဆိုပြီး စောင့်နေခဲ့တယ်လို့ပဲ နားလည်ထားတာ၊ အခုတော့ ဘာဥပဒေတွေနဲ့ လုပ်နေကြတာလဲ။ ဒီလိုပွင့်လင်းမြင်သာမှု မရှိတဲ့အချက်တွေက နိုင်ငံတိုးတက်ရေးကို အဓိကမထား တဲ့လုပ်ရပ်တွေလို့ပဲ ကောက်ချက်ရတော့မှာပါဘဲ။

ဆားပုလင်းသာဂိ

2015 MMI

ကဲ.. ဘော်ဒါတို့ရေ..။ Like and Share လုပ်ပြီး သွားအားပေးလိုက်ပါဦးဗျို့..။ သူကလေးက 2013 ခုနှစ်ကလည်း ဝင်ပြိုင်ဖူးသဗျ..။

Dear all, please kindly check the link below and hit share and LIKE with your facebook via this link. I just notice her since from 2013 Miss Myanmar International. Gorgeous and attractive smile make her beauty.

https://www.facebook.com/missmyanmarinternational/photos/a.861210097289202.1073741855.368529049890645/861210153955863/?type=1&permPage=1

 

michelle

News in Brief

01

(၁)   ကျောက်စိမ်းလုပ်ကွက် ဧရိယာနည်းပြီး အထွက်လျော့၍ လုပ်ကိုင်လိုသူ နည်းလာ

ဖားကန့်ရှိ ကျောက်စိမ်း တူးဖော်ရေးလုပ်ကွက်များတွင် ထပ်မံတူးဖော်ရန် လုပ်ကွက်ဧရိ ယာနည်းပါးသွားပြီး ကျောက် ထွက်ရှိမှုလျော့ကျလာ၍ လုပ်ကိုင်လိုသည့် ကုမ္ပဏီများနည်းပါး လာကြောင်း သတ္တုတွင်းဝန်ကြီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းထိန်က ပြောသည်။

Credit to: 7 Day

See More>>>

(၂)   တင်ဒါအောင်ကျောက်စိမ်းများကြောင့် မန္တလေး ကျောက်စိမ်းဈေးကွက် အနည်းငယ် ကျဆင်းဖွယ်ရှိ

ဖားကန့်မြို့ မဏိရတနာ ကျောက်စိမ်းခန်းမတွင် သြဂုတ်လ ၂၁ ရက်နေ့က ကျင်းပပြီးစီးခဲ့ သည့် ရွေးကျန်ကျောက်စိမ်းတင်ဒါအောင် ကျောက်များ မန္တလေးမြို့ကျောက်စိမ်းဈေးကွက် အနည်းငယ် ကျဆင်းသွားနိုင်ကြောင်း မန္တလေးမြို့ရှိ ကျောက်စိမ်းဈေးမှ ကျောက်စိမ်းကုန်သည်များမှ ပြောကြားသည်။

Credit to:Eleven 

လေကြောင်းသတင်း

(၁)   Silk Air နှင့် Singapore လေကြောင်းလိုင်းများ အောက်တိုဘာမှ စ၍ ရန်ကုန်-စင်ကာပူ ခရီးစဉ်အား တစ်ပတ်လျှင် အကြိမ် ၂၀ သို့ တိုးမြှင့်ပျံသန်းမည်

ရန်ကုန်-စင်ကာပူခရီးစဉ် ပျံသန်းနေသော လေကြောင်းလိုင်းများဖြစ်သည့် Singpore Airlines နှင့ှ်silk Air လေကြောင်းလိုင်းများသည် လာမည့် အောက်တိုဘာလမှ စ၍ တစ်ပတ်လျှင် အကြိမ် ၂၀ သို့ တိုးမြှင့်ပျံသန်းမည်ဖြစ်ကြောင်း Silk Air လေကြောင်းလိုင်း ရန်ကုန်မြို့သို့ ပျံသန်းခြင်း ၂၅နှစ်မြောက် နှစ်ပတ်လည် အခမ်းအ

နားပွဲမှ သိရသည်။

Credit to: Eleven

စီးပွားရေးနှင့်ရင်းနှီးမြှုပ်နှံမှုသတင်း


(၁)
  မြန်မာအပါအဝင် မဲခေါင်ဒေသနိုင်ငံများ ဂျပန်နှင့် ပူးပေါင်း၍ စက်မှုလုပ်ငန်းထူထောင် ရေး စီမံကိန်းဆောင်ရွက်ရန် သဘောတူ

မြန်မာအပါ အဝင် မဲခေါင်ဒေသနိုင်ငံများ ဂျပန် နိုင်ငံနှင့်ပူးပေါင်း၍ စက်မှုလုပ်ငန်း ထူထောင်ရေးစီမံကိန်းကို ဆောင်ရွက် သွားရန် ဩဂုတ် ၂၄ ရက်က သဘော တူညီခဲ့ကြကြောင်း သိရသည်။

Credit to: Democracy

See More>>> 

(၂)   ထားဝယ်၌ LNG သိုလှောင်ဖြန့်ဖြူးရေးစက်ရုံတည်ဆောက်ရန် Shell ကုမ္ပဏီနှင့် ပူးပေါင်းမည်

ထားဝယ် အထူးစီးပွားရေးဇုန် ၌ တည်ဆောက်မည့် သဘာဝ ဓာတ်ငွေ့အရည် LNG သိုလှောင် ဖြန့်ဖြူးရေး စက်ရုံတည်ဆောက်ရန် ပြီးခဲ့သည့် သြဂုတ်လ တတိယအပတ်အတွင်းက Italian-Thai Development ကုမ္ပဏီနှင့် LNG Plus International ကုမ္ပဏီတို့ ဘန်ကောက်၌ သဘောတူလက်မှတ်ရေးထိုး ခဲ့ကြောင်း သြဂုတ် ၂၄ ရက် ဘန်ကောက်ပို့စ် သတင်းအရသိရသည်။

Credit to: Democracy 

ငွေကြေးနှင့်ဘဏ်သတင်း

(၁)   ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ခြင်း စီမံကိန်းအတွက် JICA ထံမှ ဂျပန်ယန်း ၂၄ ဘီလျံကျော် ချေးယူခွင့်ပြုရန် လွှတ်တော်သို့ တင်ပြ

ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ခြင်း စီမံကိန်းအတွက် ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) ထံမှ ဂျပန်ယန်း ၂၄ ဒသမ ၈၆၆ ဘီလျံ ချေးယူခွင့်ပြုရန် ရထားပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမြင့်သိန်းက လွှတ်တော်သို့ တင်ပြခဲ့သည်။

Credit to: Eleven

See More>>>

(၂)   နိုင်ငံခြားငွေဖြင့် ၀န်ဆောင်မှုနှင့် ကုန်ပစ္စည်းရောင်းချမှုများကို အရေးယူမည်ဟုဆို

ပြည်တွင်း၌ အမေရိကန် ဒေါ်လာတန်ဖိုးမြင့်တက်မှုကို လျှော့ချရန် ကုန်ပစ္စည်းများ၊ ၀န် ဆောင်မှုများအား နိုင်ငံခြားငွေဖြင့်ရောင်းချမှုကို အရေးယူရန်စီစဉ်နေကြောင်း မြန်မာနိုင်ငံဗဟိုဘဏ်မှ သတင်းရရှိသည်။

Credit to: 7 Day

See More>>>

အိမ်၊ ခြံ၊ မြေ၊ လယ်ယာသတင်း

(၁)   ဒဂုံစီးတီးမြေနေရာ အစားပေးမှု အစိုးရနှင့် ဆွေးနွေးဆဲဟုဆို

ရပ်ဆိုင်းခံထားရသည့် ဒဂုံစီးတီးစီမံကိန်းကို မြေနေရာအ စားပြန်ပေးခြင်းနှင့် ပတ်သက်၍ လတ်တလောတွင် အစိုးရနှင့် ဆွေးနွေးနေဆဲအဆင့်သာရှိသေးသည်ဟု အဆိုပါကုမ္ပဏီမှသတင်း ရရှိသည်။

Credit to: 7 Day

See More>>>

(၂)   ဗိုလ်ဗထူး တိုက်ခန်းဝယ်သူများ ငွေသွင်းချိန် နောက်ကျပါက ဒဏ်ရိုက်မည်

တန်ဖိုးမျှတ အိမ်ရာစီမံကိန်းများတစ်ခုဖြစ်သော ဗိုလ်ဗထူး အိမ်ရာစီမံကိန်းတိုက်ခန်း ၀ယ်ယူထားသူများအနက် ငွေသွင်း၇န် ကျန်ရှိသူများအနေနှင့် သတ်မှတ်ရက်ထက် နောက်ကျပါက ရက်လွန် ဒဏ်ကြေး အဖြစ် ဒဏ်ရိုက်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာ ဌာန (အဆောက်အအုံ)မှ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။

Credit to:Eleven

(၃)   ဥယျာဉ်မြေကို အိမ်ရာမြေပြောင်းခြင်းက ပိုင်ဆိုင်မှုအပေါ် သက်ရောက်မှု မရှိဟုဆို

ထားဝယ်မြို့ပေါ် ၁၅ရပ်ကွက်ရှိ ဥယျာဉ် ခြံမြေ အဖြစ်ရှိနေသေးသည့် မြေများကို အိမ်ရာမြေအဖြစ် ပြောင်းလဲခြင်းသည် ပိုင်ဆိုင်သူအမည် အပြောင်းအလဲ ပြုလုပ်၍ မရသည့်အတွက် ပိုင်ဆိုင်မှုအပေါ် သက်ရောက်မှုမရှိနိုင်ကြောင်း ထားဝယ်မြို့နယ် လယ်ယာမြေစီမံခန့်ခွဲ ရေးနှင့် စာရင်းအင်းဦးစီးဌာနထံမှ သိရသည်။

Credit to: Eleven 

(၄)   ဖဆပလ အိမ်ရာနှင့် လမ်းသစ်ရိပ်သာ အိမ်ရာတို့ကို အဆင့်မြှင့်တင် ပြန်လည်တည်ဆောက်ရန် ညှိနှိုင်းမှုများ ပြုလုပ်နေ

ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ တည်ဆောက်ပေးခဲ့သော ပြည်သူ့အိမ်ရာများထဲ ဖဆပလ အိမ်ရာနှင့် လမ်းသစ်ရိပ်သာအိမ်ရာတို့ကို အဆင့်မြှင့်တင် ပြန်လည်တည်ဆောက်ရန်အတွက် ညှိနှိုင်းမှုများ ပြုလုပ်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီး

ဌာတိုင်းဒေသကြီး ညွှန်ကြားရေးမှုး ဦးယုခိုင်ကေ ပြာသည်။

Credit to:ပြည်မြန်မာ 

နိုင်ငံရေးသတင်း

(၁)   မြန်မာနိုင်ငံ၌ ဒီမိုကရေစီ အပြည့်အ၀ ရရှိပြီဟု ၉၅ ရာခိုင်နှုန်းက မယူဆဘဲ ငါးရာခိုင်နှုန်းကသာ ယူဆကြောင်း 2015 Myanmar Asian Barometer Survey (ABS) စစ်တမ်းတွင် ဖော်ပြ

မြန်မာနိုင်ငံ၌ ဒီမိုကရေစီ အပြည့်အ၀ ရရှိပြီဟု ၉၅ ရာခိုင်နှုန်းက မယူဆဘဲ ၅ ရာခိုင်နှုန်းကသာ ယူဆကြောင်း 2015 Myanmar Asian Barometer Survey (ABS) စစ်တမ်းတွင် ဖော်ပြခဲ့သည်။

Credit to: Eleven

See More>>>

(၂)   ဦးသိန်းစိန်ကို သမ္မတ ထပ်ဖြစ်ရန် လိုလားသူ ၁၆ ရာခိုင်နှုန်းရှိဟု စစ်တမ်းဆို

လက်ရှိအစိုးရအဖွဲ့ကို ဦးဆောင်သူ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကို လာမည့် သက်တမ်းအတွက် သမ္မတထပ်ဖြစ်ရန် လိုလားသူ ၁၆ ရာခိုင်နှုန်း ရှိကြောင်း အာရှဘာရိုမီတာ ဆာဗေးအဖွဲ့ ပါမောက္ခ Ms. Bridget Welsh က ပြောကြား သည်။

Credit to: The Voice

See More>>>

လွှတ်တော်နှင့်နိုင်ငံရေးပါတီသတင်း

 (၁)   ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်စားလှယ်လောင်းစိစစ်မှု ကန့်ကွက်သူမရှိ အောင်မြင်

၂၀၁၅ အထွေထွေရွေး ကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင် မည့် ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်စားလှယ်လောင်းစိစစ်လွှာ ကန့်ကွက်သူမရှိအောင်မြင်ကြောင်း ရန်ကုန် တောင်ပိုင်းခရိုင် ရွေး ကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲမှ သတင်းရရှိသည်။

Credit to: 7 Day

See More>>>

(၂)   NLD က ကိုယ်စားလှယ်လောင်း ရုပ်သိမ်းမှုများ၊ မှားယွင်းတင်သွင်းမှုများနှင့် ပတ်သက်၍ သက်ဆိုင်ရာ ခရိုင်ရွေးကောက်ပွဲ ကော်မရှင်ရုံးများထံ ပြန်လည်တင်ပြမှုများ ပြုလုပ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ ကိုယ်စားလှယ်လောင်းရုပ်သိမ်းမှုများ၊ မှားယွင်းတင်သွင်းမှုများနှင့် ပတ်သက်၍ သက်ဆိုင်ရာ ခရိုင်ရွေးကောက်ပွဲကော်မရှင်ရုံးများထံသို့ ထိုသူများက ပြန်လည်တင်ပြမှုများ ပြုလုပ်နေကြောင်း NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောကြားသည်။

Credit to: Eleven

See More>>>

(၃)   လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်မှ ပယ်ချခံရမှု အယူခံဝင်မည်ဟု ဦးရွှေမောင်ဆို

မွေးဖွားချိန်တွင် မိဘနှစ်ပါး နိုင်ငံသား မဟုတ်သောကြောင့် ကိုယ်စားလှယ်လောင်း လျှောက်ထားလွှာ ပယ်ချမှုကို ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်ထံ အယူခံဝင် ဖြေရှင်းမည်ဖြစ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်ဟောင်း ဦးရွှေမောင်က The Voice သို့ ပြောကြားသည်။

Credit to: The Voice

See More>>>

(၄)   နိုင်ငံရေး ရပ်တည်ချက် ကွဲပြားခြင်း မရှိကြောင်း NLD နှင့် ၈၈ ပူးတွဲကြေညာ

လာမည့် အထွေထွေရွေးကောက်ပွဲတွင် တိုင်းပြည် တည်ငြိမ်အေးချမ်းစွာ ပြုပြင်ပြောင်းလဲနိုင်ရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ နှင့် ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းအကြား နိုင်ငံရေးရပ်တည်ချက် ကွဲပြားခြင်း မရှိကြောင်း နှစ်ဖက်အဖွဲ့အစည်းများက ပူးတွဲ ထုတ်ပြန်ကြေညာသည်။

Credit to: The Voice

See More>>>

(၅)   အစိုးရဖွဲ့နိုင်သည်ဆိုသော ပါတီကြီးနှစ်ခုက ပြည်သူသို့ ကတိက၀တ် မထုတ်ပြန်နိုင်သေးချိန်တွင် ပါတီတစ်ခုက ကတိက၀တ် ရေးဆွဲထားပြီ

အစိုးရတစ်ရပ်ဖွဲ့နိုင်သည်ဟု ကြေညာထားသော အင်အားကြီး ပါတီကြီး နှစ်ခုက ရွေးကောက်ပွဲအပြီး အစိုးရဖွဲ့ဖြစ်ပါက ပြည်သူများသို့ လုပ်ဆောင်ပေးမည့် ကတိက၀တ်ကို ထုတ်ပြန်ကြေညာနိုင်ခြင်းမရှိ သေးသည့် အချိန်တွင် ကိုယ်စားလှယ်လောင်း တတိယအများဆုံးတင်ထားသော တစည (တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ)က ပြည်သူသို့ ကတိက၀တ် ကို ထုတ်ပြန်ရန် ပြင်ဆင်ထားပြီဖြစ်ကြောင်း သတင်းရရှိသည်။

Credit to;ပြည်မြန်မာ

See More>>> Attached file

(၆)   သူရဦးရွှေမန်း ပါတီမှ နုတ်ထွက်ပါက ထူးခြားသော ပြောင်းလဲမှု မရှိနိုင်ဟု ဦးဌေးဦး ပြောကြား

ကြံ့ခိုင်ရေးပါတီ၏ ဥက္ကဋ္ဌရာထူးမှ ထုတ်ပယ်ခံရသော ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း ပါတီမှ နုတ်ထွက်ပါကလည်း ပါတီတွင်း ထူးခြားသော ပြောင်းလဲမှု မဖြစ်နိုင်ကြောင်း လက်ရှိ ယာယီဥက္ကဋ္ဌ တာဝန်ယူထားသော ဦးဌေးဦးက The Voice သို့ ပြောသည်။“ထူးထူးခြားခြား ပြောင်းလဲမှုတော့မဖြစ်နိုင်ပါဘူး၊ နေရာတစ်နေရာတော့ လွတ်သွားတာပေါ့” ဟု ၎င်းက ဆိုသည်။

Credit to: ပြည်မြန်မာ

See More>>>

စစ်တပ်နှင့်တိုင်းရင်းသားလက်နက်ကိုင်သတင်း
(၁)
  တပ်မတော်အနေဖြင့် လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရန်ကို သာလိုလားပြီး ရွေးကောက်ပွဲရလဒ်ကိုလည်း လက်ခံသွားမည်ဟု တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ပြောကြား တပ်မတော်ပိုင် စီးပွားရေးလုပ်ငန်းများကိုလည်း အချိန်သင့်သည့်အခါတွင် အများပိုင်လုပ်ငန်းများအသွင်ပြောင်းလဲဆောင်ရွက်သွားမည်ဟုဆို

တပ်မတော် အနေဖြင့် လွတ်လပ်ပြီး တရားမျှတ သည့်ရွေးကောက်ပွဲဖြစ်ရန်ကိုသာ လိုလားပြီး ရွေးကောက်ပွဲရလဒ်ကို လည်း လက်ခံသွားမည်ဖြစ်ကြောင်း နှင့် တပ်မတော်ပိုင်စီးပွားရေးလုပ်ငန်း များကိုလည်း အချိန်သင့်သည့်အခါတွင် အများပိုင်လုပ်ငန်းများအသွင် ဆောင် ရွက်သွားမည်ဟု တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

Credit to: Democracy

See More>>> 

(၂)   တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံး တစ်ပြိုင်နက်တည်း ပါဝင်ရေးမူအားဖြင့် ကိုင်စွဲ၍ အစိုးရနှင့် ဆွေးနွေးမည်

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးရာတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံး တစ်ပြိုင်နက်တည်း ပါဝင်ရေးကို မူအားဖြင့် ကိုင်စွဲ၍  အစိုးရနှင့် ဆွေးနွေးသွားမည် ဖြစ်သော်လည်း အစိုးရဘက်က လက်ခံခြင်း မရှိပါက NCA တွင် လက်မှတ်ထိုး၍ မရသေးသည့် အဖွဲ့များ နစ်နာမှု မရှိစေရေးနှင့် ယင်းအဖွဲ့များ ပါဝင်လာနိုင်ရေးအတွက် မည်ကဲ့သို့ နည်းလမ်းရှာမည် ဆိုသည်ကို ဆွေးနွေးသွားရန် သြဂုတ် ၂၁ ရက်မှ ၂၄ ရက်အထိ ထိုင်းနိုင်ငံ ချင်းမိုင်၌ ပြုလုပ်ခဲ့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးက ဆုံးဖြတ်ခဲ့ကြောင်း သတင်းရရှိသည်။

Credit to: Eleven

See More>> 

(၃)   အပစ်အခတ်ရပ်စဲရေး လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းမှသာ ဖြစ်မည်

လက်နက်ကိုင် အဖွဲ့အစည်းများ အားလုံး ပါဝင်သော အပစ်အခတ် ရပ်စဲရေးမှာ လာမည့်လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းမှသာ ဖြစ်မြောက်လာနိုင်မည်ဟု KNU ဗဟိုအလုပ်အမှုဆောင် ဖဒိုမန်းငြိမ်းမောင်က ပြောသည်။

Credit to:Messenger

See More>>>

(၄)   မူဆယ်မြို့ အင်းဝဘဏ် အဆောက်အအုံအပြင်ဘက်တွင် သြဂုတ် ၂၄ ရက် ည ၉ နာရီ ၅၅ မိနစ်က ပေါက်ကွဲမှုဖြစ်ခဲ့

မူဆယ်မြို့ အင်းဝဘဏ် အဆောက်အအုံအပြင်ဘက်တွင် သြဂုတ် ၂၄ ရက် ည ၉ နာရီ ၅၅ မိနစ်က ပေါက်ကွဲမှုဖြစ်ခဲ့ ပြီး ပေါက်ကွဲမှုအရှိန်ကြောင့် ကိုက် ၅၀၀ အကွာခန့်ရှိနေအိမ်၊ အဆောက်အအုံများတွင်ပါ တုန်ခါမှုကို ခံစားရကြောင်း ဒေသခံများကပြောသည်။

Credit to: ပြည်မြန်မာ

See More>>>

နိုင်ငံတကာသတင်း

(၁)   တရုတ်စီးပွားရေး နှေးကွေးမှုကို စိုးရိမ်နေကြချိန်တွင် အာရှ၌ စတော့ဈေးနှုန်းများ ကျဆင်း၊ ရေနံဈေးနှုန်း ဆက်လက်ကျဆင်းပြီး ဒေါ်လာ ၄၀ အောက်သို့ ရောက်ရှိ

တရုတ်စီးပွားရေး နှေးကွေးမှုက ကမ္ဘာ့စီးပွားရေး တိုးတက်မှုကို ရိုက်ခတ်လာနိုင်ကြောင်း စိုးရိမ်မှုများ မြင့်တက်နေချိန်တွင် ရှန်ဟိုင်းစတော့ဈေးကွက်၌ ရှစ်နှစ်အတွင်း အဆိုးဆုံး ရှယ်ယာဈေးနှုန်းများ ကျဆင်းမှု ဖြစ်ပွားခဲ့ပြီး အာရှစတော့ဈေးကွက်သည် သြဂုတ် ၂၄ ရက်က သိသိသာသာ ကျဆင်းခဲ့သည်။

Credit to: Eleven

See More>>>

လူမှုရေးသတင်း
(၁)
  “ဦးပိုင်သည် စစ်မှုထမ်းဟောင်းများ၊ တပ်မတော်သားများ၊ ပြည်သူများအတွက်ဟု ကာချုပ် ပြော”

မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်အနေဖြင့် တပ်မတော်သား မိသားစုဝင်များ၏ သက်သာချောင် ချိရေး၊ စစ်မှု ထမ်းဟောင်းများ၏ သက်သာချောင်ချိရေး၊ပြည်သူလူထု၏ သက်သာချောင် ချိရေးများ ဆောင်ရွက်ပေးနိုင် ရန်နှင့် နိုင်ငံတော် စီးပွားရေးအား အထောက်အကူပြုရန် ရည်ရွယ်ချက်များဖြင့် လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း မနေ့က စာနယ်ဇင်းကောင်စီ (ယာယီ)နှင့် တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုလိုက်ခြင်း သည်။

Credit to: Irrawaddy

See More>>>

အထွေထွေ     

(၁)   ဟားခါးမြို့ပေါ်ရှိ မြို့ဟောင်းရပ်ကွက် လုံးဝမနေသင့်တော့သဖြင့် အိမ်ထောင်စု ၅၂၀ ပြောင်းရွှေ့ရန် နေရာအသစ်တောင်းခံထားမှုကို ချင်းပြည်နယ်အစိုးရ သဘောတူညီ

ဟားခါးမြို့ ပေါ်ရှိ မြို့ဟောင်းရပ်ကွက် လုံးဝ မနေသင့်တော့ခြင်းကြောင့် အိမ် ထောင်စု ၅၂ဝပြောင်းရွှေ့ရန်နေရာ သစ်တောင်းခံထားကြောင်း ချင်း ပြည်နယ်အစိုးရအဖွဲ့သစ်တောနှင့် သတ္တုဝန်ကြီးဦးကျော်ငြိမ်းက ပြော သည်။

Credit to: Democracy

မြန်မာနိုင်ငံငွေရေးကြေးရေးကဏ္ဍ၌လက်ရှိဖြစ်ပေါ်နေသည့်စိန်ခေါ်မှုများ

inflation

ဟိုဘဏ်မှာ Deposit တင်ထားတဲ့အတွက် ဗဟိုဘဏ်က ပုဂ္ဂလိကဘဏ်တွေအတွက် အာမခံတာမဟုတ်ပါဘူး။ ပုဂ္ဂလိကဘဏ်တွေငွေကြေး အကျပ်အတည်းဖြစ်လာပြီး Interbank market ကတစ်ဆင့်ငွေချေးလို.မရတော့တဲ့ အချိန်မှာ ဗဟိုဘဏ်က Lender of last resort အနေနဲ. ၄င်းတို.ပြိုလဲမသွားအောင် ငွေထုတ် ချေးပေးမယ်ဆိုတဲ့ အာမခံချက်ကိုပေးတာဖြစ်ပါတယ်။ အဲဒီတော့ ငွေကြေးအကျပ်အတည်းကြုံပြီး ဘဏ်ပျက်တဲ့အဖြစ်မျိုး ဖြစ်စရာမရှိနိုင်ပါဘူး။

၅။ နိုင်ငံတကာရဲ့ ငွေရေးကြေးရေးကဏ္ဍမှာ စိန်ခေါ်မှုတွေပိုများလာသလို မြန်မာနိုင်ငံမှာလည်း စိန်ခေါ်မှုတွေများလာပါတယ်။ အဲဒီစိန်ခေါ်မှုတွေကို မဖြေရှင်းနိုင်သေးတဲ့ဗဟိုဘဏ်ကိုလည်း ၀ိုင်းပြီး အပြစ်တင်ကြပါတယ်။ အဆိုးထဲကအကောင်းတစ်ခုကတော့ နိုင်ငံတကာက ဗဟိုဘဏ်တွေလို မြန်မာနိုင်ငံရဲ့ဗဟိုဘဏ်ကရော လွတ်လတ်မှုရှိရဲ့လားဆိုတဲ့မေးခွန်းတွေထွက်လာပါတယ်။ ဒါပေမဲ့ ဘာကြောင့်ဗဟိုဘဏ်က လွတ်လတ်မှုရှိဖို.လိုတာလဲဆိုတာကို ဆွေးနွေးတဲ့သူနည်းပါတယ်။ ဗဟိုဘဏ်တွေရဲ့ မူဝါဒဆိုင်ရာဆုံးဖြတ်ချက်တွေ အတော်များများက Popular မဖြစ်တဲ့အတွက် အဲဒီလိုဆုံးဖြတ်ချက်တွေကို ၀င်ရောက်မစွက်ဖက်နိုင်အောင် ဗဟိုဘဏ်တွေကို လွတ်လပ်ခွင့်ပေးထား သင့်တာဖြစ်ပါတယ်။ စီးပွားရေးကပ်ဆိုက်ပြီး နလံပြန်ထအောင် ဆောင်ရွက်တဲ့ဗဟိုဘဏ်တွေရဲ့ Expansionary policy ဆုံးဖြတ်ချက်တွေကို လူကြိုက်များနိုင်ပေမဲ့ စီးပွားရေးတိုးတက်မှု အရှိန်အဟုန်များပြီး ဖြစ်ပေါ်လာတဲ့ ငွေကြေးဖောင်းပွမှုတွေထိန်းချုပ်ဖို.ဆောင်ရွက်တဲ့ ဗဟိုဘဏ် တွေရဲ့ Contractionary policy တွေကို ဘယ်သူမှမကြိုက်ကြပါဘူး။ အဲဒီအချိန်မှာ အချို.ဗဟိုဘဏ်တွေရဲ့ မူဝါဒဆုံးဖြတ်ချက်တွေဟာ Politically costly တောင်ဖြစ်နိုင်ပါသေးတယ်။ အဲဒီလိုအချိန်တွေမှာ ဗဟိုဘဏ်ရဲ့မူဝါဒဆုံးဖြတ်ချက်တွေကို ၀င်ရောက်စွက်ဖက်လို.မရနိုင်အောင်လို. ဗဟိုဘဏ်တွေကို လွတ်လပ်ခွင့်ပေးထားရတာဖြစ်ပါတယ်။ ဒါပေမဲ့ လုံးဝအလုံးစုံလွတ်လပ်တဲ့ ဗဟိုဘဏ်ဆိုတာလည်း မရှိသေးပါဘူး။ သို.သော် လွတ်လပ်စွာဆုံးဖြတ်ခွင့်အတော်များများကို ပေးထားကြရပါတယ်။ အများလက်ခံနိုင်တဲ့ အများကြိုက်တဲ့ မူဝါဒတွေကို ချမှတ်နိုင်ဖို. ဗဟိုဘဏ်ကို လွတ်လပ်ခွင့်ပေးသင့်တယ်လို. ထင်ရင်တော့မှားပါလိမ့်မယ်။

၆။ နိုင်ငံတစ်နိုင်ငံမှာ တည်ငြိမ်တဲ့ Macroeconomic environment ကိုရရှိနိုင်ဖို. ထိန်းချုပ် သင့်တာတွေကို ထိန်းချုပ်ကြပါတယ်။ ဒါပေမဲ့ လူတိုင်းကတော့ ထိန်းချုပ်တယ်ဆိုတာကို ကြိုက်မှာ မဟုတ်ပါဘူး။ ဥပမာ မြန်မာနိုင်ငံနဲ.အနီးဆုံးဖြစ်တဲ့ ထိုင်းနိုင်ငံမှာ နိုင်ငံခြားငွေကြေးဈေးကစားမှုတွေ မဖြစ်ပေါ်ဖို. ထိန်းချုပ်မှုတွေအခုအချိန်အထိရှိနေပါတယ်။ ထိုင်းလူမျိုးတွေရဲ့ FCD လို.ခေါ်တဲ့ Foreign Currency Deposit တွေထဲမှာ ပြည်ပက၀င်တဲ့နိုင်ငံခြားငွေကိုဘဲ သိမ်းထားနိုင်ပြီး ပြည်တွင်း Account transfer နဲ.၀ယ်ယူထည့်သွင်းထားလို.မရပါဘူး။ နိုင်ငံခြားငွေကို ကြိုက်သလောက်ထည့် သိမ်းထားခွင့်လဲမရှိပါဘူး။ နိုင်ငံခြားငွေနဲ.ပြည်ပကို ပေးချေစရာ Obligations တွေရှိရင် အထောက်အထားတွေတင်ပြပြီး အဲဒီပမာဏထက်ပိုတဲ့ နိုင်ငံခြားငွေကို FCD ထဲမှာထားလို.မရပါဘူး။ တကယ်လို. နိုင်ငံခြားငွေနဲ.ပြည်ပကိုပေးချေစရာအတွက် အထောက်အထားမပြနိုင်ရင် ဒေါ်လာ ၅ သန်းထက်ပိုပြီးမထားရပါဘူး။ ၂၀၁၀ ခုနှစ်အထိ အထောက်အထားမပြနိုင်ရင် ဒေါ်လာ ၅ သိန်းထက်ပိုပြီးမထားရပါဘူး ၂၀၀၇ ခုနှစ် အထိ အထောက်အထားမပြနိုင်ရင် (တစ်ဦးချင်းဆီရဲ့ ငွေစာရင်းမှာ) ဒေါ်လာ ၅ သောင်း (ကုမ္မဏီတစ်ခုချင်းဆီရဲ့ငွေစာရင်းမှာ) ဒေါ်လာ ၂ သန်းထက် ပိုပြီးထားလို.မရပါဘူး။ စတော့ဈေးကွက်တွေမှာ နိုင်ငံခြားသားတွေက ၀င်ရောက်ဈေးမကစား နိုင်အောင်လို. Non Resident FCD တွေအပေါ်ထိန်းချုပ်မှုတွေလည်း အများကြီးရှိပါတယ်။

၇။ မြန်မာနိုင်ငံမှာတော့ အဲဒီလိုထိန်းချုပ်မှုတွေမရှိတဲ့အတွက် “အဝေး” လို.ခေါ်တဲ့ Informal Hundi transfer တွေ၊ နိုင်ငံခြားငွေစာရင်းရှင်တစ်ဦးနဲ.တစ်ဦး အပြန်အလှန်ရောင်းဝယ်တဲ့ Account transfer ဈေးကွက်တွေက ကြီးထွားလာပါတယ်။ အဲဒီစနစ်တွေကနေ Capital flows တွေ အရှိန်အဟုန်နဲ. ၀င်ထွက်နေတာကိုလည်းတွေ.ရပါတယ်။ အဲဒီ Capital flows တွေကဖြစ်ပေါ်လာတဲ့ Effects တွေကို ထိန်းနိုင်ဖို.လည်း ငွေရေးကြေးရေးဆိုင်ရာကိရိယာတွေ မစုံလင်သေးပါဘူး။ ဥပမာ မိုးရွာတဲ့အချိန် ခေါင်မိုးပေါက်နေပြီး ရေမစိုအောင်သေသေချာချာကာနိုင်တဲ့ထီးတွေမရှိသေးဘဲ ရှိတဲ့ပစ္စည်းအချို.နဲ.မိုးကာနေရသလိုဖြစ်နေပါတယ်။ ခေါင်မိုးလုံအောင်လုပ်ဖို.ကအဓိကဆိုပေမဲ့ အဲဒီ ခေါင်မိုးပြင်ဖို.အတွက် ကိရိယာအနည်းငယ်သာရှိပြီး အိမ်သားအချို.ကလည်း ခေါင်းမိုးရဲ့အချို.နေရာ တွေကိုဖောက်ပြီး ရေခံနေတာနဲ.တူနေပါတယ်။ အဲဒီအချိန်မှာ ရေမစိုအောင်ထီးလိုက်ရှာရ၊ ပေါက်နေတဲ့ခေါင်မိုးကို ရှိတဲ့ပစ္စည်းနဲ.ပြုပြင်ရ၊ ခေါင်မိုးဖောက်နေတဲ့အိမ်သားတွေကိုလည်းပြောလို.မရ၊ အိမ်ထဲကအခြားအိမ်သားတွေကလည်း မိုးရေစိုလို.၀ိုင်းဆဲနေတဲ့အခြေအနေဆိုရင် နီးစပ်မယ်လို. ထင်ပါတယ်။

၈။ ဘယ်လိုအခြေအနေဘဲရောက်နေပါစေ ရှိတဲ့ပစ္စည်းနဲ. မိုးကိုပိုပြီးလုံအောင်ကာနိုင်ဖို.နဲ. ရှိတဲ့ ပစ္စည်းနဲ. ခေါင်မိုးကိုပြုပြင်နိုင်ဖို.ကအရေးကြီးပါတယ်။ အဲဒါကြောင့် Deposit auction, Reserve requirement စတဲ့ ရနိုင်တဲ့နည်းလမ်းပေါင်းစုံနဲ. ဗဟိုဘဏ်က Contractionary monetary policy ကိုကျင့်သုံးနေပါတယ်။ မြန်မာငွေကျပ်လာတော့မှ မြန်မာငွေတန်ဖိုး အရမ်းကျဆင်းခြင်းကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။ Secondary bond market မရှိသေးတဲ့အတွက် နိုင်ငံတကာမှာ ကျင့်သုံးတဲ့ Open Market Operations (OMO) နည်းလမ်းကိုတော့ မသုံးနိုင်သေးပါဘူး။ Secondary bond market ဖြစ်လာနိုင်ဖို.အရင်ဦးဆုံး Market driven interest rates တွေရှိဖို.လိုပါတယ်။ အဲဒါကြောင့် Treasury bills တွေကို Scriptless လို.ခေါ်တဲ့ အီလက်ထရောနစ်ပုံစံပြောင်းပြီး Treasury securities auction ကိုစလုပ်ရတာဖြစ်ပါတယ်။ နောက်ပြီး Bonds တွေကိုလည်း အီလက်ထရောနစ်ပုံစံပြောင်းဖို.လုပ်နေပါတယ်။ Treasury security auction ကနေတစ်ဆင့် သက်တမ်းအမျိုးမျိုးရှိတဲ့ Market driven yields တွေကိုရရှိနိုင်မှာဖြစ်ပြီး Yield curve ကိုဆွဲနိုင်မှာ ဖြစ်ပါတယ်။ Yield curve ရလာမှသာ Currency forward ဈေးကွက်တည်ဆောက်နိုင်မှာဖြစ်ပါတယ်။ အဲဒီ Currency forward ဈေးကွက်ဟာလည်း နိုင်ငံခြားငွေကြေးတည်ငြိမ်ရေးမှာ အဓိကကျပါတယ်။ အဲဒီအချိန်ကျမှ Repo (Repurchase Agreement) ဈေးကွက်ပေါ်လာပြီး အဲဒီ Repo တွေကတစ်ဆင့် Interbank money market တွေကျယ်ပြန်.လာကာ OMO ကိုလည်း တွင်ကျယ်စွာဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။

၉။ အဲဒါတွေအပြင် အခြားဆောင်ရွက်စရာတွေ အများကြီးရှိနေပါသေးတယ်။ တစ်နိုင်ငံလုံး ဘဏ်စနစ်ကိုလွယ်ကူစွာသုံးစွဲနိုင်ဖို.၊ ဘဏ်စာရင်းရှိတဲ့သူတွေရော မရှိတဲ့သူတွေပါ ငွေသားတွေ အများကြီးသယ်ယူစရာမလိုဘဲ အီလက်ထရောနစ်မြန်မာကျပ်ငွေပိုက်ဆံတွေကို ပြည်တွင်းမှာသာမက ပြည်ပမှာပါ အဆင်ပြေချောမွေ.စွာအသုံးပြုနိုင်ဖို.၊ တရားမ၀င်ဈေးကွက်တွေနေရာမှာ လွယ်ကူ ချောမွေ.တဲ့ တရားဝင်ဈေးကွက်တွေဖြစ်လာနိုင်ဖို. စတဲ့ဆောင်ရွက်စရာတွေအများကြီးရှိနေ ပါသေးတယ်။ အဲဒါတွေဆောင်ရွက်နိုင်အောင်လည်း Mobile banking စနစ်၊ Mobile payment စနစ်၊ Debit and credit card payment စနစ်၊ e-commerce စနစ် တွေကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်နေပါတယ်။ အခုဆိုရင် Mobile banking တွေသုံးလို.ရနေပါပြီ။ မိုဘိုင်းဖုန်း ဒါမှမဟုတ် Cyber banking စနစ်ကတစ်ဆင့် ငွေလွှဲတာတွေ ဘဏ်အချို.မှာ လုပ်လို.ရနေပါပြီ။ မတူညီတဲ့ဘဏ်စာရင်းအချင်းချင်းအပြန်အလှန် Cyber banking နဲ.လွှဲ နိုင်အောင်လည်း Payment switch တွေလုပ်နေပါပြီ။ Real time gross settlement system (RTGS) ကိုလည်း ဒီနှစ်ကုန်မှာစတင်သုံးနိုင်မှာဖြစ်ပါတယ်။ ကျပ်ငွေနဲ. Debit card တွေအပြင် Credit card တွေကိုပါ ထုတ်ခွင့်ပြုထားပါပြီ။ JCB, CUP, Visa, Master တွေနဲ.ချိတ်ဆက်ပြီး ကျပ်ငွေနဲ. အသုံးပြုတဲ့ Debit card တွေ Credit card တွေကို နိုင်ငံတကာမှာသုံးလို.ရနိုင်အောင်လည်း ဆောင်ရွက်နေပါတယ်။ E-commerce စနစ်တွေကိုလည်း ခွင့်ပြုဆောင်ရွက်ထားပြီးဖြစ်ပါတယ်။ အခုဆိုရင် အခွန်အခအတွေကို မိုဘိုင်းဖုန်းနဲ.ဘဲဖြစ်ဖြစ် ကွန်ပြူတာနဲ.ဘဲဖြစ်ဖြစ် e-commerce စနစ်နဲ. Electronically ပေးလို.ရနေပါပြီ။ သီလ၀ါအထူးစီးပွားရေးဇုန် စီမံခန်.ခွဲမှုကော်မတီက ပထမဦးဆုံးအဖြစ် Commercial tax ကျပ်သိန်းပေါင်း တစ်သောင်းနှစ်ထောင်ကျော်ကို အီလက်ထရောနစ် e-commerce စနစ်ကိုသုံးပြီး သြဂုတ်ဆန်းမှာပေးခဲ့ပါတယ်။

၁၀။ မြန်မာနိုင်ငံငွေရေးကြေးရေးကဏ္ဍကြီးတစ်ခုလုံး အလုံးစုံတိုးတက်သွားနိုင်ဖို.လို. ချက်ခြင်း ဆောင်ရွက်လို.မရနိုင်သေးပေမဲ့ ဆောင်ရွက်သင့်တာမှန်သမျှ ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း ကျွန်တော့်ရဲ့ အညတရသဘောထား (Humble opinion) လေးကို ကြိုးစားဖော်ပြထားခြင်းသာ ဖြစ်ပါတယ်။ ကျွန်တော့်ကို သင်ကြားခဲ့ဘူးသောဆရာ၊ဆရာမများ၊ မသင်ကြားခဲ့ဘူးသော်လည်း မြင်ဆရာ၊ကြားဆရာအဖြစ် ကျွန်တော်ကမှတ်သားနာယူခဲ့ရဘူးသောဆရာ၊ဆရာမများအားလုံးဟာ ကျွန်တော့်ထက်အဆပေါင်းမြောက်များစွာပိုပြီးနားလည်တတ်ကျွမ်းတဲ့အတွက် ကျွန်တော့်ဖော်ပြမှုမှာ အမှားများရှိလျင် ဆက်လက်သင်ကြားထောက်ပြပေးပါခင်ဗျား။

(ဆက်အောင်)

ဘယ်ပါတီကိုကြည့်မလဲ

ရွေးကောက်ပွဲတစ်ခုမှာ လူနဲ့ပါတီ ဘာကို ကြည့်ရမှာလဲဆိုတဲ့ ဆွေးနွေးမှုလေးတွေ ဒီရက်ပိုင်းမှာ ဝေဝေစီစီပဲ ဖြစ်နေကြတယ်။ တချို့က ပါတီကိုပဲ ကြည့်ပါလို့ ပြောတယ်။ တချို့က လူကိုပဲ ကြည့်သင့်တယ်လို့ ပြောတယ်။ တချို့ကတော့ ပါတီရော လူရော ကြည့်ရမှာပေါ့လို့ ပြောဆိုဆွေးနွေးကြတယ်။

ကျွန်တော့်သဘောထားလည်း မေးကြတယ်။ ရွေးကောက်ပွဲတစ်ခုမှာ ဘာကို ကြည့်ကြရမလဲတဲ့။

ကျွန်တော်ကတော့ ရိုးရိုးပဲ မြင်ပါတယ်။ ရွေးကောက်ပွဲတစ်ခုမှာ ဘာကို ကြည့်ကြမလဲဆိုတာထက်အရင် ရွေးကောက်ပွဲတစ်ခုကနေ ဘာကို လိုချင်ကြတာလဲဆိုတာကို သိအောင်လုပ်သင့်ပါတယ်။ အခု ကျင်းပတော့မယ်လို့ မျှော်လင့်ရတဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲကြီးကနေ ကျွန်တော်တို့ ဘာတွေ လိုချင်ပါသလဲ။

၁။ တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ မျှော်လင့်ကြတယ်။
(မဲပေးခွင့်ရှိသူတိုင်း မဲပေးခွင့် ရချင်ကြတယ်။ ကိုယ်ပေးတဲ့မဲကို ကိုယ်ပေးတဲ့အတိုင်း မှန်မှန်ကန်ကန် ရေတွက်စေချင်ကြတယ်။ ရေတွက်တဲ့အချိန် မဲတွေ စုစည်းတဲ့အချိန်တွေမှာ အများရှေ့မှာ ထင်သာမြင်သာ လုပ်တာမျိုးကို ဖြစ်စေချင်ကြတယ်။ ရေတွက်လို့ရတဲ့မဲကို တိတိကျကျ ကြေငြာစေချင်ကြတယ်။ ကြိုတင်မဲတွေ ရှိခဲ့မယ်ဆိုရင်လည်း ၂၀၁၀လိုမျိုး ကြိုတင်မဲတွေ မဖြစ်စေချင်ကြဘူး။ ပယ်မဲတွေ ရှိလာမယ်ဆိုရင်လည်း စည်းမျဉ်းစည်းကမ်းအတိုင်း ပယ်တဲ့ ပယ်မဲတွေပဲ ဖြစ်စေချင်ကြတယ်။)

၂။ ရွေးကောက်ပွဲပြီးနောက် အနိုင်ရတဲ့သူတွေကို အချိန်နဲ့တပြေးညီ ကြေငြာပေးစေချင်ကြတယ်။
(အဲဒီလိုကြေငြာပေးလိုက်တဲ့ ရွေးကောက်ပွဲအောင်နိုင်သူတွေကို ရွေးကောက်ပွဲရှုံးတဲ့သူကပဲဖြစ်ဖြစ်၊ တခြားတစ်ယောက်ယောက်ကပဲဖြစ်ဖြစ် တရားမဲ့မှုပြုကျင့်ခဲ့ပါတယ်လို့ ရွေးကောက်ပွဲကော်မရှင်ကို တိုင်ကြားမှု ရှိလာရင်လည်း မှန်မှန်ကန်ကန်စစ်ဆေးပြီး ပွင့်ပွင့်လင်းလင်း ကြေငြာတာမျိုးကို လိုချင်ကြတယ်။)

၃။ ရွေးကောက်ပွဲကနေ ရွေးချယ်ပေးလိုက်တဲ့ ကိုယ်စားလှယ်တွေ ပါဝင်တဲ့ လွှတ်တော်အသစ်ကို သတ်မှတ်အချိန်မှာ ခေါ်ယူစေချင်ကြတယ်။
(ဒါမှသာ လွှတ်တော်အသစ်က တရားဝင် အလုပ်တွေ စလုပ်နိုင်မယ်။ လွှတ်တော်အသစ်နဲ့ အစိုးရအဟောင်းတို့ သုံးလလောက် တွဲပြီး အလုပ်တွေ လုပ်ဖို့ရှိတယ်။ လွှတ်တော်အသစ်က ရွေးချယ်လိုက်တဲ့ အစိုးရအဖွဲ့အသစ်ကလည်း အစိုးရဟောင်းနဲ့ ညှိနှိုင်းလွှဲပြောင်းစရာတွေကို ညှိနှိုင်းဆောင်ရွက်ဖို့ အချိန်ပိုရမယ်။)

၎။ အစိုးရအသစ်ကို ဖွဲ့စည်းမယ့် အရည်အချင်းပြည့်ဝတဲ့ သမ္မတအသစ်ကို ရွေးကောက်တင်မြှောက်နိုင်စေချင်ကြတယ်။
(၂၀၀၈ အခြေခံဥပဒေအရ အစိုးရအဖွဲ့ကို သမ္မတကသာ ရွေးချယ်ဖွဲ့စည်းခွင့် ရှိတာမို့ သမ္မတဘယ်သူဖြစ်မယ်က အရေးကြီးပါတယ်။ သမ္မတကိုလည်း ပြည်သူက တိုက်ရိုက်ရွေးချယ်ခွင့်မရှိဘဲ လွှတ်တော်မှာ ပြည်သူ့လွှတ်တော်ရွေးကောက်ခံ ကိုယ်စားလှယ်များ၊ အမျိုးသားလွှတ်တော် ရွေးကောက်ခံ ကိုယ်စားလှယ်များ၊ ပြည်သူနဲ့အမျိုးသားက တပ်မတော်သားကိုယ်စားလှယ်များဆိုပြီး အဖွဲ့သုံးဖွဲ့က သုံးယောက်အဆိုပြုရမယ်။ ပြီးရင် မဲဝိုင်းပေးပြီး မဲအများဆုံးရသူက သမ္မတဖြစ်မှာပါ။ ဒီအတွက် မဲအများဆုံးပေးနိုင်ဖို့ ရွေးကောက်ပွဲမှာ အများဆုံးနိုင်တဲ့ ပါတီက အခွင့်အရေးအရှိဆုံးဖြစ်ပါတယ်။)

၅။ အစိုးရသစ်ကို အစိုးရဟောင်းက ကြည်ကြည်သာသာ အာဏာလွှဲပေးစေချင်ကြတယ်။
(ဒီမိုကရေစီစနစ်ကို တကယ်သွားချင်တယ်ဆိုရင် ရွေးကောက်ပွဲရလာဒ်ကို တန်ဖိုးထား လေးစားကြရမှာ ဓမ္မတာပဲဖြစ်ပါတယ်။ ချစ်လို့၊ မုန်းလို့၊ ကြောက်လို့၊ မသိလို့ဆိုတဲ့ အဂတိတရားတွေ မပါဘဲ အာဏာကို တည်ကြည်ဖြောင့်မတ်စွာ လွှဲပေးရမှာဖြစ်ပါတယ်။)

၆။ ၂၀၂၀မှာ နောက်ထပ် ရွေးကောက်ပွဲရှိသေးတယ်ဆိုတဲ့ မျှော်လင့်ချက်ကို ရှင်သန်ချင်ကြတယ်။
(၂၀၀၈ အခြေခံဥပဒေအရ အစိုးရနဲ့ လွှတ်တော်ရဲ့ သက်တမ်းဟာ ငါးနှစ်တစ်ကြိမ်ဖြစ်တာမို့ ငါးနှစ်တစ်ကြိမ်တိုင်းမှာ ရွေးကောက်ပွဲတွေရှိနေပြီး ပြည်သူလူထုလိုလားတဲ့ အစိုးရဆိုတာတွေကို စိတ်ကြိုက်ရွေးချယ်ခွင့်ရှိတယ်ဆိုတဲ့ မျှော်လင့်ချက်ကို ပြည်သူတိုင်းက အာမခံချက်ရှိရှိနဲ့ ယုံကြည်ချင်ကြတာဖြစ်ပါတယ်။)

၇။ ပိုကောင်းတဲ့ အစိုးရတစ်ရပ်ကို လိုချင်ကြတယ်။
(လူသားတွေဟာ မျောက်ကနေ လူဖြစ်လာတယ်လို့ ဒါဝင်က ဆိုပါတယ်။ တစ်ဆင့်ချင်း တိုးတက်ဖွံ့ဖြိုးလာတဲ့ သဘောလို့ ရှင်းပြပါတယ်။ လူဖြစ်လာတော့လည်း ကျောက်ခေတ်လူကနေ ကြေးခေတ် သံခေတ် အဆင့်ဆင့် တိုးတက်လာတယ်။ လူနေမှုစနစ်တွေ ဖွံ့ဖြိုးပြောင်းလဲလာတယ်။ ဝတ်တာစားတာ သုံးတာတွေ တီထွင် ဆန်းသစ်လာတယ်။ လူတွေဟာ အမြဲတမ်း ပိုကောင်းတာတွေဖြစ်လာဖို့ပဲ ကြိုးစားနေကြတယ်။ ရှာဖွေဆန်းသစ်မှုတိုင်းဟာ အခုထက် ပိုကောင်းတာ တစ်ခုဖြစ်လာဖို့ ရည်ရွယ်ကြတယ်။ ဒါကြောင့် အစိုးရဆိုတာကိုလည်း အရင်အစိုးရထက် ပိုကောင်းတဲ့အစိုးရကိုပဲ လူထုက လိုချင်ကြတယ်။)

ဒီအချက်တွေဟာ ရွေးကောက်ပွဲကနေ သာမန်ပြည်သူတွေ (မဲပေးခွင့်ရှိတဲ့ မဲဆန္ဒရှင်တွေရော၊ မဲပေးဖို့ အသက်မပြည့်သေးသူတွေရော၊ မဲပေးခွင့်မရှိပေမယ့် ဒီနိုင်ငံထဲမှာ နေထိုင်သူတွေရော) လိုချင်ကြတဲ့ အချက်တွေဖြစ်ပါတယ်။

ကိုယ်လိုချင်တာတွေကို ကိုယ့်ဖာသာရှင်းရှင်းလင်းလင်း သိရှိနားလည်ပြီဆိုရင်တော့ အဲဒီ လိုချင်တာတွေဖြစ်စေဖို့ ဘာတွေကို ကြည့်ရမယ်ဆိုတာ ဆက်စဉ်းစားသင့်ပါတယ်။

ရွေးကောက်ပွဲမှာ မဲပေးဖို့အတွက် ဘာကို ကြည့်ကြမလဲ။ ပါတီကိုလည်း ကြည့်ရမယ်။ ပါတီရဲ့ မူဝါဒကိုလည်း ကြည့်ရမယ်။ ပါတီက ရွေးချယ်လိုက်တဲ့ လူကိုလည်းကြည့်ရပါမယ်။ ဒီသုံးခုက အစဉ်လိုက် ကြည့်ရမှာဖြစ်ပါတယ်။

၁။ ပထမဦးစားပေးက ပါတီကို ကြည့်ရမယ်။ ဒီပါတီရဲ့ သမိုင်းကို ကြည့်ရမယ်။ ဒီပါတီရဲ့ ဆောင်ရွက်မှုတွေကို ကြည့်ရမယ်။ ပါတီတစ်ရပ်ဟာ ပြည်သူထဲက ပြည်သူတွေကပဲ ရည်ရွယ်ချက်ကောင်းနဲ့ ကိုယ့်ဖာသာ စုစည်းတည်ထောင်ထားတာ ဖြစ်ရမယ်။ တစ်စုံတစ်ယောက်က အမိန့်နဲ့ ဖွဲ့စည်းပေးထားတာမျိုး မဖြစ်ရဘူး။ အမိန့်ပေးသူရှိရင် အမိန့်ဆိုတာရယ် အမိန့်နာခံရခြင်းရယ် ရှိတယ်။ ပြည်သူ့အကျိုးနဲ့ အမိန့်ပေးသူရဲ့ အမိန့်ကို နာခံရခြင်းနဲ့ဟာ တိုက်ရိုက်အချိုးကျချင်မှ ကျမယ်။ ပြည်သူတွေ အကျိုးရှိဖို့အတွက်ဆိုရင် အမိန့်ပေးသူရဲ့ အမိန့်ကို လိုက်နာစရာမလိုတဲ့ ပါတီမျိုးကို ရွေးချယ်ကြရပါမယ်။

၂။ ပါတီရဲ့ မူဝါဒဆိုတာမှာ စာရွက်ပေါ်ရေးထားတဲ့ မူဝါဒမျိုးကို ဖတ်ကြည့်ရုံနဲ့ မလုံလောက်ပါ။ စာရွက်ပေါ်မှာ ရေးထားတာနဲ့ သူတို့လက်တွေ့အကောင်အထည်ဖော်နေတာတွေ ကိုက်ညီရဲ့လား စဉ်းစားကြရမှာဖြစ်ပါတယ်။ မူဝါဒစာအုပ်ထဲမှာတော့ ပြည်သူတွေ အကျိုးကို သယ်ပိုးဆောင်ရွက်ပါမယ်လို့ ပြောထားမယ်။ လက်တွေ့မှာတော့ ပြည်သူတွေဟာ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲဖြစ်နေကြရမယ်ဆိုရင် ဒီပါတီဟာ သူ့မူဝါဒကို သူ့ဖာသာတောင် မလေးစားဘူးလို့ ပြောရပါမယ်။ ပါတီတစ်ခုရဲ့ လက်တွေ့ကျင့်သုံးနေတဲ့ မူဝါဒဟာ နိုင်ငံသားအများစု အကျိုးရှိဖို့အတွက်ပဲ ဖြစ်ရပါမယ်။ လူတစ်ဦးတစ်ယောက် ဒါမှမဟုတ် တစ်စုတစ်ဖွဲ့ကိုသာ ချမ်းသာပါစေ၊ လိုရာပြည့်ပါစေ၊ ထင်တိုင်းလုပ်နိုင်ပါစေဆိုပြီး အကောင်အထည်ဖော် ဆောင်ရွက်နေတာဆိုရင် အဲဒီလိုပါတီမျိုးကို မရွေးချယ်သင့်ဘူး။

၃။ နောက်ဆုံးအဆင့်က လူကို ကြည့်ရမယ်။ လူကိုကြည့်တဲ့အခါမှာ နှစ်ပိုင်းခွဲကြည့်ရမယ်။ ခေါင်းဆောင်ကိုကြည့်ရမယ်။ နောက်လိုက်တွေကို ကြည့်ရမယ်။ ခေါင်းဆောင်က ပြည်သူတွေကို နှိပ်စက်လိုသူလား။ နှိပ်စက်ခဲ့ဖူးသလား။ ဒီခေါင်းဆောင်ရဲ့ ဦးဆောင်မှုနောက်မှာ တိုင်းပြည်ဟာ ပိုဆင်းရဲခဲ့သလား။ ပိုချမ်းသာလာသလား။ ဒီခေါင်းဆောင်က သူ့ရဲ့ ပြည်သူပေါ်ထားတဲ့ သဘောထားကို ပြောင်းလဲဖို့ ဆန္ဒရှိရဲ့လား။ ဒီခေါင်းဆောင်မှာ မကောင်းတဲ့ အလေ့အထ အပြုအမူတွေရှိခဲ့ဖူးရင် အဲဒါတွေကို အခုထိ ဆက်လက်စွဲကိုင် ကျင့်သုံးနေတုန်းပဲလား။ အမှန်တကယ် ပြောင်းလဲပြီလား။ ပါတီရဲ့ ခေါင်းဆောင်ဟာ နိုင်ငံတကာမှာရော ဂုဏ်ပြောင်သူဖြစ်ရဲ့လား။ နိုင်ငံတကာမှာ ဂုဏ်မပြောင်တောင် ပြည်တွင်းမှာ အများက ကြည်ညိုရတဲ့ ဂုဏ်ပုဒ်ရှိသူ ဟုတ်ရဲ့လား။ ပြီးရင်တော့ ဒီခေါင်းဆောင်နောက်က လိုက်မယ့် နောက်လိုက်တွေကို ကြည့်ရမယ်။ နောက်လိုက်တွေဟာ ကိုယ်ပိုင်အသံရှိရဲ့လား။ မကျေနပ်ရင် မတရားဘူးထင်ရင် ပြောရဲဆိုရဲတဲ့လူတွေလား။ တစ်သွေးတစ်သံ တစ်မိန့်နဲ့ မှားနေလည်း အမှားအတိုင်း ဆက်သွားမယ်ဆိုတဲ့ လူတွေလား။ ကိုယ့်အသံတောင် မထွက်ရဲဘဲ ငြိမ်ကုပ်နေတတ်တဲ့ လူတွေလား။ ပြည်သူအပေါ် မတရားပြုမူတာ တစ်ခုခုကိုတွေ့ခဲ့ရင် မတရားဘူးလို့ ပြောဖို့နေနေသောသာ အလိုအတူအလိုပါနဲ့ ခေါင်းဆောင်ခိုင်းတဲ့အတိုင်း နှိပ်စက်ကလူပြုမယ့်သူတွေလား။ ပြည်သူ့အကျိုးကို တကယ်လိုလားကြတာလား။ ခိုင်းလို့ ပါတီဝင်ကြ၊ ရွေးကောက်ပွဲဝင်ကြတာလား။ ပြည်သူကို အကျိုးပြုဖို့ ရာခိုင်နှုန်းများတဲ့ ပါတီခေါင်းဆောင်နဲ့ ပါတီနောက်လိုက်တွေကို ကြည့်ပြီး ရွေးချယ်ကြရပါမယ်။

ရွေးကောက်ပွဲမှာ မဲပေးတယ်ဆိုတာ ကိုယ့်မြို့နယ်မှာ ဘယ်ပါတီက ဘယ်သူပြိုင်တယ်ဆိုတာလောက်ကို ကြည့်ပြီး မဲထည့်လို့မရပါဘူး။ ကိုယ့်မြို့နယ်က မဲပေးလိုက်တဲ့ ကိုယ်စားလှယ်ဟာ လွှတ်တော်ထဲရောက်ရင် ပထမဦးဆုံး ဘယ်လိုအစိုးရအဖွဲ့ကို ဖွဲ့ပေးမယ့် သမ္မတလောင်းကို မဲပေးမယ့်သူလည်းက အရင်စပြီး စစ်ဆေးရပါမယ်။ ပြည်သူကို မထေမဲ့မြင်ပြုမယ့်၊ ပြည်သူ့အကျိုးထက် ကိုယ်ကျိုးစီးပွားကိုသာ ဦးစားပေးမယ့်၊ ပြည်သူကို နှိပ်စက်ကလူပြုမယ့် အစိုးရအဖွဲ့မျိုးကို ဦးဆောင်ဖွဲ့စည်းမယ့် သမ္မတလောင်းကို ရွေးချယ်မယ့်သူမျိုးဆိုရင် အမျိုးအရင်းကြီဖြစ်နေရင်တောင် မဲမပေးသင့်ပါဘူး။ ကိုယ့်အမျိုးထဲက တစ်ယောက် လွှတ်တော်ကိုယ်စားလှယ်ဖြစ်လို့ ဂုဏ်ယူရမှာက နည်းနည်း၊ ကိုယ့်ကို သူရွေးလိုက်တဲ့ မဟုတ်မဟတ် သမ္မတနဲ့ အပေါင်းအပါ လူဆိုးလူကြမ်းဝန်ကြီးတွေပါမယ့် အစိုးရအဖွဲ့က နှိပ်စက်မှာက များများဖြစ်နေလို့ပါ။

ကိုယ်ပိုင်အသိဥာဏ်နဲ့ ရေရှည်ကို မျှော်တွေးပြီး ဆုံးဖြတ်ကြရမှာဖြစ်ပါတယ်။

ကျွန်တော်တို့နိုင်ငံဟာ သူများနိုင်ငံတွေနောက်မှာ နောက်ကောက်ကျ ကျန်ခဲ့တယ်။ ကျွန်တော်တို့နိုင်ငံဟာ ဆင်းရဲတဲ့နိုင်ငံအဖြစ် ရပ်တည်နေရတယ်။ ကျွန်တော်တို့နိုင်ငံမှာ အလုပ်အကိုင်အခွင့်အလမ်းတွေနည်းလို့ သူများနိုင်ငံတွေမှာ ရရာအလုပ်ကို တရားဝင်ရော တရားမဝင်ရော နိုင်ငံသားတွေ မျက်နှာအောက်ချပြီး သွားလုပ်နေကြရတယ်။

အာဆီယံအဆင့်သာမဟုတ်ဘူး။ အာရှအဆင့်မှာပါ နိုင်ငံကြီးတစ်နိုင်ငံဖြစ်ဖို့ အခွင့်အလမ်းတွေ ရခဲ့ဖူးပေမယ့် ကျဆုံးခဲ့ရတဲ့ ကျွန်တော်တို့ရဲ့ အမိမြန်မာနိုင်ငံတော်ကြီးဟာ ရောက်ရှိသင့်တဲ့အဆင့်ကို ပြန်ရောက်ဖို့ သင့်ပါပြီ။

ကျွန်တော်တို့တွေနေထိုင်တဲ့
ကျွန်တော်တို့ရဲ့ အမိမြန်မာနိုင်ငံတော်ကြီးဟာ…

ပြောင်းလဲဖို့ အချိန်တန်ပါပြီ။

အားလုံးက မေးနေကြပြီ ဦးခင်ရီ

132722716_31n

၂၀၁၄ ခုနှစ် သြဂုတ် ၃၀ ရက်က မြန်မာနိုင်ငံရဲ့ ရှေ့ပြေးလူဦးရေစာရင်းဟာ ၅၁၄၁၉၄၂၀ ဦးရှိတယ်လို့ ထုတ်ပြန်ခဲ့ပြီးတဲ့နောက်မှာတော့ ပြည်သူတွေကြားထဲမှာ သံသယဂယက် ရိုက်သွားခဲ့တယ်။

၂၀၀၈ မှာ မြန်မာနိုင်ငံရဲ့ လူဦးရေဟာ ၅၈ သန်းနီးပါးရှိတယ်။ ၂၀၁၀ မှာ မြန်မာနိုင်ငံရဲ့ လူဦးရေသည် အနီးစပ်ဆုံး ၅၉ သန်းဝန်းကျင်ရှိတယ်လို့ နိုင်ငံတော်က ထုတ်ပြန်ထားပါတယ်။

ဒီစာရင်းအရဆိုရင် လေးနှစ်လောက်အတွင်းမှာ လူဦးရေရှစ်သန်းလောက် ပျောက်သွားတဲ့သဘောပါ။ တစ်နှစ် လူဦးရေနှစ်သန်းနှုန်း လျော့ကျသွားသလို ဖြစ်နေပါပြီ။

အဲဒီအတွက်လည်း ပြည်သူတွေကြားမှာ မေးခွန်းတွေမြောက်မြားစွာ ပေါ်ထွက်လာတာဖြစ်ပါတယ်။ နှစ်စဉ် ပြည်ပထွက်တဲ့ လူဦးရေ သန်းနဲ့ချီလို့လား၊ ၂၀၁၀ တုန်းက ထုတ်ပြန်ခဲ့တာ အမှားကြီးလား၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကြီးကို ထောက်ခံခဲ့တဲ့ လူဦးရေစာရင်းက အတုကြီးလား၊ ဒါမှမဟုတ် အခု ထုတ်ပြန်တဲ့စာရင်းက မှားယွင်းနေတာလားဆိုတဲ့ မေးခွန်းပေါင်းများစွာ ထွက်လာခဲ့ပါတယ်။

ဒီနေ့ခေတ်မှာတော့ ဘယ်ကရောက်လာမှန်းမသိတဲ့ ဒေါသထွက်နေတဲ့ လူအုပ်ကြီးက ရောက်ရောက်လာတတ်သလိုပဲ ၂၀၁၀ တုန်းကလည်း ဘယ်ကရောက်လာမှန်းမသိတဲ့ ကြိုတင်မဲထုပ်ကြီးတွေနဲ့ အသည်းကြားကမဲပြားတွေ ဖုံးအုပ်ခံခဲ့ရတာ ရှိခဲ့လေတော့ ပြည်သူတွေ မေးမယ်ဆို မေးလောက်ပါတယ်။

လူဦးရေစာရင်းဆိုတာ လာမယ့်ရွေးကောက်ပွဲတွေအတွက် အင်မတန်အရေးကြီးတဲ့ အခြေခံစာရင်းပါ။

ထုတ်ပြန်တဲ့ စာရင်းအပေါ် ဝေဖန်မှုတွေ မြင့်တက်လာနေတဲ့ အချိန်မှာပဲ စက်တင်ဘာ ၇ ရက်မှာ ကြားဖြတ်ရွေးကောက်ပွဲ မလုပ်တော့ဘူးလို့ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ကြေညာလိုက်ခဲ့တဲ့အတွက်လည်း မေးခွန်းတွေက ပိုမေးလာခဲ့ပြန်ပါတယ်။

၂၀၁၄ ခုနှစ် သြဂုတ် ၃၀ ရက်က မြန်မာနိုင်ငံ ရှေ့ပြေးလူဦးရေစာရင်းအရ ၅၁ သန်းကျော်ရှိတယ်လို့ ထုတ်ပြန်ခဲ့တာက လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီဖြစ်ပါတယ်။

ပြည်ထောင်စုဝန်ကြီး ဦးခင်ရီလို့ ဆိုလိုက်တာနဲ့ အရင်ရဲချုပ်တာဝန် ယူခဲ့စဉ်က ဗုံးပေါက်ကွဲမှုတွေ၊ ငါးလောင်းပြိုင်လူသတ်မှုလို အမှုကြီးတွေအတွက် သတင်းစာရှင်းလင်းပွဲတွေမှာ ပြောကြားရှင်းလင်းခဲ့မှုတွေနဲ့ တကယ်လက်တွေ့လုပ် မပြနိုင်သေးတာတွေနဲ့တွဲမြင်ပြီး အခုသန်းခေါင်းစာရင်း ထုတ်ပြန်တဲ့အပေါ်မှာလည်း အရင်လိုမဖြစ်အောင် မေးကြမြန်းကြ ထောက်ပြကြရတာလို့ ဆိုလာခဲ့ကြပါတယ်။

ဗုံးသုံးလုံးပေါက်ကွဲမှုနဲ့ ရဲချုပ်ရှင်းတမ်း

၂၀၀၅ ခုနှစ် မေ ၇ ရက်က ရန်ကုန်ကုန်သွယ်မှုဗဟိုဌာန၊ Junction 8 စင်တာ၊ ဒဂုံစင်တာ စတဲ့သုံးနေရာမှာ ငါးမိနစ်စီခြားပြီး ဗုံးသုံးလုံး ထပ်ဆင့်ပေါက်ကွဲခဲ့ပါတယ်။

လူပေါင်း ၁၉ ယောက်သေဆုံးပြီး လူပေါင်း ၁၅၀ နဲ့အထက် ဒဏ်ရာရာခဲ့တဲ့ ဗုံးသုံးလုံးပေါက်ကွဲမှုအတွက် မေ ၁၆ ရက်မှာ ပြန်ကြားရေးဝန်ကြီးဦးကျော်ဆန်း၊ ဘဏ္ဍာ/အခွန်၊ ပြည်ထဲရေး၊ ကျန်းမာရေး စသည်ဖြင့် ၀န်ကြီးဌာနအတော်များများက ၀န်ကြီးတွေဦးဆောင်ပြီး သတင်းစာရှင်းလင်းပွဲ လုပ်ပါတယ်။ အဲဒီရှင်းလင်းပွဲမှာ ရဲချုပ်ဗိုလ်မှူးချုပ်ခင်ရီလည်း ပါဝင်ခဲ့ပါတယ်။

ရှင်းလင်းပွဲကို ခြုံကြည့်ရင် ယွက်ဆစ်ဦးစီး SSA, KNU, KNPP, NCUB, NCGUB, ABSDF အဖွဲ့တွေနဲ့ အပေါင်းအပါတွေက လုပ်တာဖြစ်တယ်ဆိုပြီး ဖောက်ခွဲဖို့သင်တန်းပေးသူတွေ၊ ကြီးကြပ်သူတွေ၊ သင်တန်းတက်သူတွေကို နာမည်နဲ့တကွ ရှင်းလင်းခဲ့ကြတယ်။ အဲဒီအထဲမှာ ဖောက်ခွဲရေးသင်တန်းပို့ချတယ်၊ အဲဒီအဖွဲ့ကို အနီးကပ်ကြီးကြပ်သူတွေကိုပါ နာမည်နဲ့တကွ ထုတ်ပြန်ရှင်းလင်းခဲ့ကြပါတယ်။

ဒါပေမဲ့ အဲဒီအမည်တွေထဲမှာ ပါတဲ့သူတချို့ဟာ အခုမြန်မာနိုင်ငံထဲမှာပဲ အေးရာအေးကြောင်း နေထိုင်လုပ်ကိုင်နေကြတာတွေ့ရတော့ တိုင်းသိပြည်သိ ကမ္ဘာသိ ရှင်းခဲ့လင်းခဲ့ ထုတ်ပြန်ခဲ့တာတွေက အမှားကြီးထုတ်ပြန်ခဲ့တာလား၊ မမှားဘူးဆိုရင်ရော ဘာကြောင့်လဲဆိုပြီး အားလုံးက သတိတရနဲ့ ပြန်မေးနေကြပြီ ဦးခင်ရီခင်ဗျာ။

ငါးလောင်းပြိုင်နဲ့ ရဲချုပ်ရှင်းတမ်း

၂၀၀၈ ခုနှစ် မတ် ၃ ရက်က တက္ကသိုလ်ရိပ်သာလမ်း စိမ်းလဲ့ကန်သာလမ်းသွယ်မှာ ငါးလောင်းပြိုင်လူသတ်မှုဖြစ်ပွားခဲ့ပြီး ပြည်သူတွေကြားမှာလည်း ဟိုးလေးတစ်ကျော် ဖြစ်သွားခဲ့တယ်။

အဲဒီ နာမည်ကျော်မှုခင်းကြီးနဲ့ ပတ်သက်ပြီး ၂၀၀၈ ခုနှစ် ဇွန် ၂၆ ရက်က နေပြည်တော်မှာကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမ၀င်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားအပြီးမှာ ပြည်တွင်းပြည်ပ သတင်းစာဆရာများနှင့် တွေ့ဆုံမေးမြန်းရာမှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်ဗိုလ်မှူးချုပ်ခင်ရီက ရှင်းလင်းခဲ့ပါတယ်။

ရဲချုပ်က “ငါးလောင်းပြိုင်လူသတ်မှုကိုလည်း ကျွန်တော်တို့ တိုက်ရိုက်နေ့စဉ် ကိုင်တွယ်ဆောင်ရွက်နေပါတယ်။ အမှုတိုးတက်မှုတွေလည်း ရှိပါတယ်။ မှန်းပေးတာတွေလည်း ရှိပါတယ်။ မှန်းထားတာတွေလည်း ရှိပါတယ်။ မှန်းထားတယ်ဆိုတာလည်း အရမ်းမှန်းထားတာ မဟုတ်ပါဘူး။ ထွက်ချက်တွေအရ အချက်အလက်တွေစုထားတာ ရှိပါတယ်” လို့ ပြောကြားခဲ့တာပါ။

၂၀၁၅ မေလကျမှ နောက်ဆုံးထုတ်ပြန်မှာဆိုတဲ့အတွက် အဲဒီအချိန်ကျရင်တော့ ပျောက်နေတဲ့ လူဦးရေကိုးသန်း ပြန်ရှာတွေ့နိုင်ပါစေ။ ၂၀၁၀ တုန်းက ဘာမှန်းမသိပဲရောက်လာတဲ့ ကြိုတင်မဲထုပ်ကြီးတွေနဲ့ ပြည်သူတွေရဲ့အသည်းကြားက မဲပြားတွေ ဖုံးအုပ်ခံခဲ့ရပြီးပါပြီ . . . . .

ရဲချုပ်ကထပ်ပြီးတော့ “အဲဒါက On-going Case ပါ။ လမ်းကြောင်းတွေဖွင့် ဆောင်ရွက်နေပါတယ်။ နီးပြီလို့ပဲ ပြောပါရစေ။ စစ်ချက်အများကြီး လုပ်နေတယ်။ လုပ်လည်း လုပ်ထားပြီးပြီ။ သို့သော်လည်း သက်သေနဲ့ တရားစွဲဖို့ကိစ္စတွေ ကြန့်ကြာနေတာပါ။ နေ့စဉ်နဲ့အမျှ ဆောင်ရွက်နေပါတယ်။ မူးယစ်ဆေးဝါးအမှုနဲ့ပဲ ပတ်သက်မလား၊ လောင်းကစားအမှုနဲ့ပဲ ပတ်သက်မလား။ ကျောက်သံပတ္တမြားနဲ့ပဲ ပတ်သက်မလား။ မိသားစုအမွေကိစ္စနဲ့ပဲ ပတ်သက်မလား။ နည်းလမ်းပေါင်းစုံနဲ့ ဆောင်ရွက်နေပါတယ်။ ပေါ်တဲ့လမ်းကြောင်းတွေလည်း ရှိပါတယ်။ တကယ်လို့ ဒီကိစ္စအပြင်ကို သတင်းပေါက်သွားရင် တရားခံအစစ်က ငုပ်သွားမှာလည်း စိုးတယ်” လို့လည်း ရှင်းလင်းပြောကြားခဲ့ပါသေးတယ်။

အဲဒီကတည်းက နီးပြီလို့ပြောခဲ့ပေမယ့် ယခုအချိန်အထိ ခြောက်နှစ်ကျော်ကြာသည့်တိုင် ငါးလောင်းပြိုင်လူသတ်မှုမှာ မပေါ်ပေါက်သေးတာကရော ဘာကြောင့်လဲ၊ အားလုံးက သတိတရနဲ့ မေးနေကြပြန်ပြီ ဦးခင်ရီခင်ဗျာ။

ရွှေပြည်သာဗုံးကွဲမှုနဲ့ ရဲချုပ်ရှင်းတမ်း

၂၀၀၈ ခုနှစ် ဇူလိုင် ၁ ရက်က ရွှေပြည်သာမြို့နယ် အမှတ် (၆) ရပ်ကွက်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း ရုံးအောက်ထပ် ရုံးခန်းအ၀င်အ၀မှာ ဗုံးပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။

အဲဒီ ရွှေပြည်သာဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်ပြီးတော့ ၂၀၀၈ ခုနှစ် စက်တင်ဘာ ၇ ရက်မှာ သတင်းစာရှင်းလင်းပွဲလုပ်ခဲ့ပြီး ရဲချုပ်ဗိုလ်မှူးချုပ်ခင်ရီက ရှင်းလင်းပြောကြားမှုတွေ လုပ်ခဲ့ပါတယ်။

ဖမ်းဆီးရမိတဲ့အကြောင်း၊ ဖမ်းဆီးရမိသူတွေကို စစ်ဆေးခဲ့ပြီး သိရှိရတာတွေ၊ ဖမ်းဆီးရမိသူတွေနဲ့ သူတို့နဲ့ဆက်စပ်ပတ်သက်တဲ့ အဖွဲ့တွေအကြောင်းကိုလည်း အမည်နာမနဲ့တကွ ဖော်ထုတ်ရှင်းလင်းခဲ့ပါတယ်။

ဖမ်းမိတဲ့သူတွေကို စစ်ဆေးချက်အရ ပြည်တွင်း/ပြည်ပ ချိတ်ဆက်ပြီး ပြည်ဖျက်စီမံကိန်းဆောင်ရွက်နေတဲ့ အဖွဲ့အစည်းဝင်အချို့ကိုပါ ထပ်မံဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့တယ်။ အဲဒီအဖွဲ့က NGD ခေါ် မျိုးဆက်သစ် မဟာမိတ်များအဖွဲ့ ဖြစ်တယ်ဆိုတဲ့ အကြောင်းကိုလည်း ပြောကြားရှင်းလင်းခဲ့ပါတယ်။

အဲဒီ NGD အဖွဲ့ကို ဘယ်သူတွေရဲ့ ကူညီပံ့ပိုးမှုနဲ့ ဖွဲ့တယ်ဆိုတာကိုပါ အတိအကျ ဖော်ပြခဲ့တာပါ။ ဥပမာ-အဲဒီအဖွဲ့ကို ကူညီထောက်ပံ့တဲ့အထဲမှာ ပြည်သစ်ညွှန့်ဝေ၊ မိုးသီးဇွန်တို့ပါတယ်။ သူတို့ ပံ့ပိုးမှုနဲ့ ဖွဲ့စည်းခဲ့တာလို့ ပြောထားခဲ့တယ်။

ဖော်ပြခံရတဲ့သူတွေဟာ ပြည်တွင်းကိုလည်း ပြန်ဝင်ခွင့်ရခဲ့တာ တွေ့ရတော့ အဲဒီတုန်းက ရှင်းလင်းခဲ့တာက မမှန်ခဲ့တာလား၊ ဒါမှမဟုတ် ဘာကြောင့်လဲဆိုတာကိုလည်း အားလုံးက မေးနေကြပြီ ဦးခင်ရီခင်ဗျာ။

X2O မဏ္ဍပ်ဗုံးကွဲမှုနဲ့ ရဲချုပ်ရှင်းတမ်း

၂၀၁၀ ပြည့်နှစ် ဧပြီ ၁၅ ရက် X2O သင်္ကြန်မဏ္ဍပ်ရှေ့မှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ၁၀ ဦးသေ ၁၆၈ ဦး ဒဏ်ရာရခဲ့ပါတယ်။

ဒီအမှုနဲ့ပတ်သက်လို့ ၂၀၁၀ ပြည့်နှစ် မေ ၆ ရက်မှာ သတင်းစာရှင်းလင်းပွဲလုပ်ခဲ့ပြီး ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီကပဲ ရှင်းလင်းပြောကြားခဲ့ပါသေးတယ်။

ရဲချုပ်က ကျူးလွန်သူတွေရဲ့ အမည်တွေကိုပါ ဖော်ထုတ်ရှင်းလင်းခဲ့ပြီး ကိုယ်တိုင်ကျူးလွန်သူတစ်ဦးကို ဖမ်းဆီးရမိပြီး နောက်ကွယ်မှ အထောက်အကူပြု ကြိုးကိုင်နေသူတွေကိုပါ ဖော်ထုတ်နိုင်ခဲ့တယ်လို့ ရှင်းလင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဖမ်းဆီးရမိသူက ကိုဖြိုးဝေအောင်ဖြစ်ပြီး နောက်ပိုင်းမှာ သေဒဏ်အထိ ချမှတ်ခံခဲ့ရသူ ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ် သြဂုတ် ၃ ရက်မှာ နိုင်ငံတော်သမ္မတ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာပေမယ့် ၂၀၁၃ ခုနှစ် ဇန်န၀ါရီ ၄ ရက်မှာ အသည်းကင်ဆာနဲ့ ကွယ်လွန်ခဲ့ရပါတယ်။
ဒါပေမဲ့ ကိုဖြိုးဝေအောင်ဟာ မတရားစွပ်စွဲခံခဲ့ရတာ ဖြစ်တဲ့အကြောင်း သူ့ရဲ့မိသားစုက တရားဝင်သတင်းစာရှင်းလင်းပွဲပြန်လုပ်ပြီး ဖြေရှင်းခဲ့ကြပါတယ်။

ဒီကိစ္စအပေါ်မှာလည်း ကိုယ်တိုင်ကျူးလွန်ခဲ့သူလို့ တိုင်းသိပြည်သိရှင်းလင်းခဲ့၊ အပြစ်ပေးခဲ့ လုပ်ခဲ့တာတွေဟာ မမှန်တာတွေဘဲလား၊ ဒါမှမဟုတ် ဘယ်လိုကြောင့်လဲဆိုတာ အားလုံးက သတိတရနဲ့ ပြန်မေးနေကြပြီ ဦးခင်ရီခင်ဗျာ။

ကြားဖြတ်ရွေးကောက်ပွဲနဲ့ သန်းခေါင်စာရင်း

လူဦးရေသန်းခေါင်စာရင်းဆိုတာ နိုင်ငံရဲ့အသက်ပါ။ သန်းခေါင်စာရင်း အနီးစပ်ဆုံးမှန်ကန်မှု၊ ဒါမှမဟုတ် အကြီးအကျယ်ကွဲလွဲမှုဟာ ရွေးကောက်ပွဲပေါ်ကို တိုက်ရိုက်ပတ်သက်နေမှာ မလွဲပါဘူး။

အခုတော့ မြန်မာနိုင်ငံရဲ့ ရှေ့ပြေးလူဦးရေစာရင်းဟာ ၅၁ သန်းကျော်လို့ ထုတ်ပြန်ပြီးတဲ့နောက်မှာ ဝေဖန်မှုတွေ မြင့်တက်လာတယ်။ နိုင်ငံတကာက တွက်ချက်ထားတာတွေရော၊ အရင်တုန်းက နိုင်ငံတော်က ထုတ်ပြန်ခဲ့တဲ့ စာရင်းတွေနဲ့ရော တော်တော်ကွာခြားကုန်တဲ့အတွက်ပါ။

သန်းခေါင်စာရင်းအပေါ် ဝေဖန်မှုတွေ မြင့်တက်နေချိန်မှာပဲ တိုက်ဆိုင်တာလား ဘာလား၊ ပတ်သက်တာလား မပတ်သက်တာလား ပြောဖို့ခက်ပေမယ့် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ကြားဖြတ်ရွေးကောက်ပွဲ မလုပ်တော့ဘူးလို့ ကြေညာလိုက်လို့ ဘာကြောင့်လဲဆိုတဲ့မေးခွန်းတွေ ထပ်ထွက်လာပြီဖြစ်တယ်။

နောက်ဆုံးအခွင့်အရေးတစ်ခုနဲ့ ဦးခင်ရီ

ဘယ်လိုပဲဖြစ်ဖြစ် သန်းခေါင်စာရင်း အနီးစပ်ဆုံး မှန်ကန်မှုဟာ တစ်နိုင်ငံလုံးအတွက် အရေးပါနေတာ ထင်ရှားပါတယ်။

ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောပါတယ်။ ဒါက ရှေ့ပြေးစာရင်းပဲဖြစ်ပြီး နိုင်ငံခြားရောက် အလုပ်လုပ်နေသူတွေ၊ ကျောင်းတက်နေသူတွေ မပါသေးဘူးလို့ ဆိုထားပါတယ်။ လ၀က ကလည်း ၂၀၁၅ မေကျမှပဲ သန်းခေါင်စာရင်း နောက်ဆုံးရလဒ်ကို ထုတ်ပြန်မှာလို့ ရှင်းလင်းထားပါတယ်။

ဒီအခွင့်အရေးလေးတစ်ခု ကျန်နေသေးတဲ့အတွက်လည်း ပြည်ထောင်စုဝန်ကြီးဦးခင်ရီကို မေးခွန်းတွေထုတ်နေကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။

၂၀၁၅ မေလကျမှ နောက်ဆုံးထုတ်ပြန်မှာဆိုတဲ့အတွက် အဲဒီအချိန်ကျရင်တော့ ပျောက်နေတဲ့ လူဦးရေကိုးသန်း ပြန်ရှာတွေ့နိုင်ပါစေ။

၂၀၁၀ တုန်းက ဘာမှန်းမသိပဲရောက်လာတဲ့ ကြိုတင်မဲထုပ်ကြီးတွေနဲ့ ပြည်သူတွေရဲ့အသည်းကြားက မဲပြားတွေ ဖုံးအုပ်ခံခဲ့ရပြီးပါပြီ။

ပြည်သူတွေအတွက် နိုင်ငံအတွက် အရေးပါဆုံးစာရင်းဖြစ်လို့ အရင်တုန်းက ရှင်းလင်းခဲ့တဲ့ ဗုံးပေါက်ကွဲမှု၊ လူသတ်မှု အမှုကြီးတွေလို ပြောခဲ့တာနဲ့ ဖြစ်လာတာ၊ ရှင်းခဲ့တာနဲ့ ဒီနေ့လက်တွေ့ဖြစ်နေတာတွေလို အကွဲကွဲ အလွဲလွဲတွေ ထပ်အဖြစ်ခံလို့မရတဲ့ စာရင်းဖြစ်လို့ ကွဲလွဲမှုထပ်မဖြစ်ဖို့ အားလုံးက မေးနေကြရတာပါ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီခင်ဗျာ။ 

မြန်မာနိုင်ငံဘဏ်လောကနှင့် အခက်အခဲများ (၂၀၁၁)

၂၀၀၃ခုနှစ် ဘဏ်များလဲပြိုမှု
===================
၁၉၆၃ခုနှစ်တွင် ပုဂ္ဂလိကဘဏ်လုပ်ငန်းများကို ပြည်သူပိုင်သိမ်းခဲ့ရာမှ ၁၉၉၂ခုနှစ်တွင် ပြန်လည်လုပ်ကိုင်ခွင့် ပြုခဲ့ပါသည်။ ပုဂ္ဂလိကဘဏ် ၂၁ ဘဏ် ဖွင့်လှစ်လုပ်ကိုင်ခဲ့သည်။ ၁၉၉၇ခုနှစ်တွင် Prime Commercial Bank ကို ငွေကြေးဆိုင်ရာ မလျော်မကန်ပြုမှုအတွက် ထိန်းချုပ်မှုပြုလုပ်ခဲ့သဖြင့် ပုဂ္ဂလိကဘဏ် ၂၀ဘဏ်သာ ကျန်ရှိသည်။

၂၀၀၀ခုနှစ်နောက်ပိုင်းတွင် ဘဏ်မဟုတ်သော ငွေရေးကြေးရေး လုပ်ငန်းတချို့ပေါ်ပေါက်ခဲ့သည်။ အကျိုးဆောင်ဟု အမည်တပ်ပြီး အများပြည်သူထံမှ ငွေစုငွေချေးပုံစံ အပ်နှံငွေလက်ခံလျက် အကျိုးအမြတ် ပြန်လည်ထုတ်ပေးသော လုပ်ငန်းများဖြစ်သည်။ အကျိုးဆောင်လုပ်ငန်းများသည် စုဆောင်းရရှိသည့် ငွေကြေးများကို စွန့်စားမှုများသလို အကျိုးအမြတ်လည်းများသည့် ရေတိုလုပ်ငန်းများနှင့် ဈေးနှုန်းတက်စ ပြုလာသော အိမ်ခြံမြေဈေးကွက်တွင် ရင်းနှီးမြှုပ်နှံခဲ့ကြသည်။ အကျိုးဆောင်လုပ်ငန်းများ အပြိုင်အဆိုင်ဖြစ်လာကြရာမှ အမြတ်ပြန်လည်ထုတ်ပေးခြင်းကို အမြင့်ဆုံး တစ်လလျှင် ၇%၊ တစ်နှစ်တွင် ၈၄% အထိ ပေးမည်ဟု ကတိပြုလျက် ငွေကြေးစုဆောင်းမှုများ ပြုလုပ်ခဲ့ကြသည်။ ၂၀၀၂ခုနှစ်နှောင်းပိုင်းတွင် ဈေးကွက်အတွင်း ဖြစ်ပေါ်လာသော အပြောင်းအလဲများကြောင့် အကျိုးဆောင်လုပ်ငန်းများတွင် ငွေကြပ်တည်းမှုဖြစ်ပေါ်ခဲ့ပြီး လုပ်ငန်းတစ်ခုပြီးတစ်ခု ဖျက်သိမ်းခဲ့ကြသည်။ အများပြည်သူသို့ ငွေပြန်ပေးမှုမပြုလုပ်ဘဲ တစ်ဖက်သတ် ဖျက်သိမ်းမှုများ ပြုလုပ်ခဲ့သဖြင့် အများပြည်သူသည် ငွေရေးကြေးရေးလုပ်ငန်းများအပေါ် ယုံကြည်မှု ပျက်ယွင်းလာခဲ့သည်။ ယင်းအချိန်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ သုံးသပ်ချက်စာတမ်းတစ်စောင် ရေးသားခဲ့ပြီး အကျိုးဆောင်လုပ်ငန်းများ ပြိုလဲမှုသည် ဘဏ်လုပ်ငန်းများသို့ ကူးစက်နိုင်သဖြင့် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်သင့်ကြောင်း ၀န်ကြီးဌာနမှ တဆင့် အစိုးရအဖွဲ့သို့ တင်ပြခဲ့သည်။ ၄င်းစာတမ်းသည် နိုင်ငံ၏ နံပါတ်၃ အဆင့်အထိသာ ရောက်ရှိခဲ့ပြီး အထက်သို့ ဆက်လက်တင်ပြရန် ငြင်းဆိုခံခဲ့ရသဖြင့် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ခွင့် မရခဲ့ပါ။

၂၀၀၃ခုနှစ်တွင်ဘဏ်များ၌ ငွေအပ်နှံထားသူများအကြား ကောလဟာလဖြစ်ပေါ်ရာမှ အလုံးအရင်းဖြင့် ငွေပြန်ထုတ်ခြင်းများ နေ့စဉ်ရက်ဆက်ဖြစ်ပေါ်လာခဲ့သည်။ ပုဂ္ဂလိကဘဏ်များမှ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ အကူအညီတောင်းခံခဲ့သည်။ အစိုးရအဖွဲ့မှ တာဝန်ရှိသူများကလည်း ၄င်းကိစ္စကို ကိုင်တွယ်ဖြေရှင်းရန် ကြိုးစားခဲ့ကြသည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် အစိုးရငွေတိုက်စာချုပ်အပေါင်ခံခြင်း၊ မြေပိုင်ဆိုင်မှုအပေါင်ခံခြင်းများ ပြုလုပ်ခြင်းနည်းဖြင့် ဖြေရှင်းပေးခဲ့သည်။ အစိုးရအဖွဲ့မှ တာဝန်ရှိသူ ဦးဆောင်သည့် အဖွဲ့မှလည်း ဘဏ်များမှ ချေးငွေယူထားသည့် စီးပွားရေးလုပ်ငန်းရှင်များထဲမှ နိုင်ငံတော်စီမံကိန်း ဆောင်ရွက်နေသူများကို ၄င်းလုပ်ငန်းအတွက် ကြိုတင်ငွေပေးချေမှုများ ပြုလုပ်ခဲ့ပြီး ဘဏ်များသို့ အကြွေးပြန်ဆပ်ရန် တိုက်တွန်းခဲ့သည်။ မဆပ်မနေရပုံစံမဟုတ်သဖြင့် ချက်ချင်းပေးဆပ်ခြင်းမပြုသူများ ရှိခဲ့သည်။

မြန်မာနိုင်ငံဘဏ်များအသင်းကလည်း အများပြည်သူသို့ ငွေထုတ်ပေးခြင်းကို အကန့်အသတ်ဖြင့် ထုတ်ပေးရန် ဆုံးဖြတ်ဆောင်ရွက်စေခဲ့သည်။ ယင်းအတွက် ဘဏ်များကို ယုံကြည်မှု ပိုမိုမဲ့လာခဲ့သည်။ ယင်းအချိန်တွင် အမေရိကန်ပြည်ထောင်စု၊ ဘဏ္ဍာရေးဝန်ကြီးဌာနမှ အာရှဓနဘဏ် နှင့် မြန်မာမေဖလားဝါးဘဏ်များအား တရားမ၀င်ငွေကြေးများနှင့် ပတ်သက်မှုရှိကြောင်း ထုတ်ပြန်မှုထွက်လာခဲ့ပြီး၊ မြန်မာနိုင်ငံ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနမှ ၄င်းဘဏ်နှစ်ခုကို ဘဏ်လုပ်ငန်းဆက်လက်လုပ်ဆောင်ခြင်း မပြုစေဘဲ စစ်ဆေးရေးအဖွဲ့ဖြင့် စစ်ဆေးခဲ့သည်။ ယင်းနောက် ၄င်းဘဏ်နှစ်ခုကို ဘဏ်လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင် ရုတ်သိမ်းခဲ့သည်။
၂၀၀၃ခုနှစ် ဘဏ်များအရေးအခင်းအပေါ်တွင် အမြင်နှစ်မျိုး ရှိခဲ့ပါသည်။ ပထမအမြင်မှာ ဘဏ်များသည် စည်းမျဉ်းစည်းကမ်းများကို အတိအကျ လိုက်နာမှုမရှိဘဲ သာမန်စီးပွားရေးလုပ်ငန်းများ ကဲ့သို့ အကျိုးအမြတ်ကိုသာ ကြည့်ပြီးဆောင်ရွက်ခဲ့ကြသဖြင့် ခိုင်မာမှုမရှိဘဲ ပြိုလဲခဲ့ရသည်ဆိုသော အမြင်ဖြစ်သည်။ ဒုတိယအမြင်မှာ သက်ဆိုင်ရာမှဖြေရှင်းမှုပုံစံအားနည်းခြင်း၊ ကြိုတင်ပြင်ဆင်မှုနည်းခြင်းနှင့် ဗဟိုဘဏ်၏ ဘဏ်များအားကျောထောက်နောက်ခံ ပေးမှုမရှိခြင်းတို့ကြောင့်သာ ဘဏ်များပြိုလဲခဲ့ရသည် ဆိုသော အမြင်ဖြစ်သည်။ အမှန်တကယ်မှာမူ နိုင်ငံအဆင့် (Macro Level) ကိုင်တွယ်ဖြေရှင်းဖူးသည့် အတွေ့အကြုံမရှိခြင်းနှင့် ဘဏ်များကို သာမန်လုပ်ငန်းများကဲ့သို့ ရှုမြင်ကိုင်တွယ်ခဲ့သဖြင့် ဘဏ်များ ပြိုလဲခဲ့ရခြင်းဖြစ်သည်။ ယင်းနောက်တွင် ဘဏ်လုပ်ငန်းများ ပုံမှန်အခြေအနေရောက်ရန် သုံးနှစ်အချိန်ယူ၍ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ အနီးကပ်ကြီးကြပ် ဆောင်ရွက်ခဲ့ရသည်။

၂၀၀၃ခုနှစ် ဘဏ်များပြိုလဲမှု၏ အကျိုးဆက်အဖြစ် ဘဏ်များအပေါ်တွင် တင်းကြပ်သော နေ့စဉ်စောင့်ကြည့်နည်းစနစ်ကို ဗဟိုဘဏ်မှ ကျင့်သုံးခဲ့သလို၊ ၀န်ဆောင်မှု တော်တော်များများကိုလည်း ဆက်လက် လုပ်ကိုင်ရန်ခွင့်မပြုတော့ဘဲ အပ်ငွေလက်ခံခြင်း၊ ခိုင်မာသည့် မြေပိုင်ဆိုင်မှုအပေါ်တွင် ငွေထုတ်ချေးစေခြင်းနှင့် ငွေလွှဲလုပ်ငန်းများကဲ့သို့ အခြေခံဘဏ်လုပ်ငန်းများကိုသာ လုပ်ကိုင်ကြရန် ညွှန်ကြားခဲ့သည်။ မြန်မာနိုင်ငံငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေ(၁၉၉၀)တွင် မည်သို့ပင် ဆိုထားစေကာမူ များစွာသော ညွှန်ကြားချက်များကို ဗဟိုဘဏ်က လွှမ်းမိုးထုတ်ပြန်ခဲ့ပြီး ဘဏ်များ၏ လုပ်ငန်းဆောင်ရွက်မှုများကို ထိန်းချုပ်ခဲ့သည်။

၂၀၀၅ခုနှစ်တွင် မြန်မာယူနီဗာဆယ်ဘဏ်ကို တရားမ၀င်ငွေကြေးများနှင့် ပတ်သက်သည်ဟု ကြေငြာခဲ့ပြီး ဘဏ်လုပ်ငန်းလိုင်စင် ရုတ်သိမ်းခဲ့သဖြင့် ပုဂ္ဂလိကဘဏ် ၁၅ဘဏ်သာ ကျန်ရှိတော့သည်။

ဘဏ်သစ်လေးဘဏ်ပေါ်ပေါက်လာခြင်း
===========================
၂၀၁၀ခုနှစ်ဇွန်လတွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ၏ ညွှန်ကြားချက်အရ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနသည် ဘဏ်လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ကို စီးပွားရေးလုပ်ငန်းရှင် လေးဦးအား ချထားပေးမည်ဖြစ်ကြောင်း ခေါ်ယူတွေ့ဆုံပြီး၊ ဘဏ်လုပ်ငန်းလိုင်စင် လျှောက်ထားရန်အတွက် လိုအပ်သော ပြင်ဆင်မှုများကို ပြုလုပ်စေခဲ့သည်။ ဇူလိုင်လတွင် ဘဏ်လုပ်ငန်းလိုင်စင်များကို ပေးအပ်ခဲ့သည်။ သြဂုတ်လတွင် ပုဂ္ဂလိကဘဏ်သစ် လေးဘဏ်သည် နေပြည်တော်တွင် ဖွင့်လှစ်ခဲ့ပြီး၊ မြန်မာနိုင်ငံတွင် ပုဂ္ဂလိကဘဏ် ၁၉ ဘဏ် ဖြစ်လာခဲ့ပါသည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ယခင်ဘဏ်များကို ထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်းများအတိုင်း အခြေခံဘဏ်လုပ်ငန်းများကိုသာ ဘဏ်သစ်လေးဘဏ်ကို လုပ်ကိုင်စေခဲ့သည်။
အပြောင်းအလဲနှစ် ၂၀၁၁
၂၀၁၁ခုနှစ် ဧပြီလတွင် အစိုးရသစ် ပြောင်းလဲသွားသည်။ အသစ်တက်လာသော နိုင်ငံတော်အစိုးရသည် များစွာသော အပြောင်းအလဲများကို ချက်ချင်းဆောင်ရွက်ခဲ့သည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်စေရေးကို အခြေခံသော အပြောင်းအလဲများကို ဖော်ဆောင်ရန် ကဏ္ဍပေါင်းစုံအတွက် အမိန့်ကြေငြာစာများ ထုတ်ပြန်ခဲ့သည်။ ထုတ်ပြန်ချက်များတွင် နိုင်ငံတော်အစိုးရအဖွဲ့၏ စေတနာကို မြင်ရသော်လည်း အကောင်အထည်ဖော်ပေးရသည့် ဌာနဆိုင်ရာများတွင် တချို့အသင့်မဖြစ်ခြင်း၊ တချို့တာဝန်မယူခြင်းနှင့် တချို့ဟန်ပြလုပ်ပြကြခြင်းများအကျင့်ပါနေခြင်းတို့ကြောင့် အစိုးရ၏ စေတနာကို ရာနှုန်းပြည့် အကောင်အထည်ဖော်နိုင်မှု မရှိသည်ကို တွေ့ရသည်။ မည်သို့ပင်ဆိုစေ ပြောင်းလဲခြင်းက အားလုံးအတွက် ပိုကောင်းလာစေသည်ဟု သုံးသပ်ရမည်ဖြစ်သည်။

၂၀၁၁ခုနှစ်စီးပွားရေး
===============
အစိုးရမပြောင်းမီကတည်းက မြန်မာနိုင်ငံ၏ စီးပွားရေးသည် အကျဘက်သို့ ဦးတည်နေသည်။ ၂၀၀၇ခုနှစ် သံဃာအရေးအခင်းနောက်ပိုင်းတွင် ခရီးသွားလုပ်ငန်းများထိခိုက်လာခဲ့သလို၊ ၂၀၀၈ခုနှစ် နိုင်ငံတကာ ငွေကြေးအကျပ်အတည်းသည်လည်း မြန်မာနိုင်ငံသို့ သွယ်ဝိုက်သည့်နည်းဖြင့် ထိခိုက်စေခဲ့သည်။ နှစ်ရှည်လများ စီးပွားရေးပိတ်ဆို့ခံရမှုကလည်း နိုင်ငံ၏ စီးပွားရေးကို ကုစားရန် နည်းလမ်းမရှိဖြစ်စေခဲ့သည်။ ရင်းနှီးမြှုပ်နှံစရာ ဈေးကွက်များ ပျောက်ဆုံးလာခဲ့သလို နယ်စပ်ကုန်သွယ်မှုမှာလည်း နိုင်ငံရေးအခြေအနေအရ ယခင်ကထက် လျော့နည်းလာခဲ့သည်။ ဒေါ်လာငွေတန်ဖိုး ကျဆင်းလာချိန်တွင် မြန်မာငွေတန်ဖိုးကို အလိုက်သင့်လိုက်မချခဲ့သဖြင့် မြန်မာကျပ်ငွေမှာ ရှိသင့်သည်ထက် ပိုမို မာလာခဲ့သည်။ ဒေါ်လာနှင့် လဲလှယ်မှုတွင် မြန်မာကျပ်ငွေဈေးမာနေသော်လည်း မြန်မာကျပ်ငွေ၏ ပြည်တွင်းတန်ဖိုးမှာ တက်မလာသဖြင့် ကုန်ပစ္စည်း၊ လုပ်အားတို့နှင့် လဲလှယ်မှုနှုန်းမှာ တစ်စတစ်စ ပိုမိုကြီးမြင့်လာခဲ့သည်။ ယင်းအတွက် နိုင်ငံခြားပို့ကုန်များမှာ ပြည်တွင်းထုတ်လုပ်ခ မြင့်မားလာမှုနှင့် ၁၀% အခွန်ပေးဆောင်ရမှုများကြောင့် တွက်ချေကိုက်မှုမရှိဘဲ ပို့ကုန်လုပ်ငန်းများ ရပ်ဆိုင်းရသည်အထိ တစ်စတစ်စ အခြေအနေဆိုးလာခဲ့သည်။ နေပြည်တော်တည်ဆောက်ခဲ့မှုကလည်း နိုင်ငံတော်ဘဏ္ဍာကိုများစွာ ကုန်ကျစေခဲ့သည်။

ဘဏ်လုပ်ငန်းများအပေါ်ဖြေလျှော့ခြင်း
==========================
၂၀၁၁ခုနှစ်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၏ ညွှန်ကြားချက်အရ ပုဂ္ဂလိကဘဏ်များ အပေါ်တွင် တင်းကြပ်ထားသည်များကို ဖြေလျှော့မှုများ စတင်ပြုလုပ်လာခဲ့သည်။
(၁) ဘဏ်များသည် မတည်ရင်းနှီးငွေ (Paidup Capital) ၏ ၁၀ဆကိုသာ အပ်ငွေလက်ခံရမည် ဆိုခြင်းကို ရုတ်သိမ်းပေးခဲ့သည်။
(၂) ကုန်ပစ္စည်းလက်ရောက်ပေါင်(Pledge of Goods) အဖြစ် ဆန်၊ ပဲ၊ နှမ်း သုံးမျိုးကို ပြန်လည်လုပ်ကိုင်ခွင့်ပြုခဲ့သည်။
(၃) ရွှေအပေါင်(Pledge of Gold) ကို ပြန်လည်လုပ်ကိုင်ခွင့်ပြုခဲ့သည်။
(၄) အပ်ငွေစာရင်းလက်ကျန်ကိုအပေါင်ပြု၍ငွေချေးခြင်း(Lending against Lien on Balance of Deposit Account) ကို ပြန်လည်ခွင့်ပြုခဲ့သည်။
(၅) အငှားဝယ်စနစ် (Hire Purchase) ပြန်လည်လုပ်ကိုင်ခွင့်ပေးခဲ့ပါသည်။
(၆) အလိုအလျှောက်ငွေထုတ်စက် (ATM) များကို ပြန်လည်စမ်းသပ်သုံးစွဲခွင့်ပြုခဲ့သည်။
(၇) ငွေစက္ကူအစား ပလတ်စတစ်ကတ်များအသုံးပြုနိုင်ရန် (Debit Card) စနစ်ကို စမ်းသပ်သုံးစွဲခွင့် ပြုခဲ့သည်။
(၈) ငွေပေးချေမှုအဖြစ် POS (Point of Sale) စနစ်ကိုလည်း စမ်းသပ်ခွင့်ပြုခဲ့သည်။
(၉) Internet Online မှတဆင့် ဘီလ်ပေးဆောင်ခြင်းများကို စတင်ခွင့်ပြုခဲ့သည်။
(၁၀) နိုင်ငံခြားငွေလဲလှယ်ရေးကောင်တာ(Money Changer)များ (၅၀)ခုခွင့်ပြုပေးခဲ့သည်။
(၁၁) နိုင်ငံခြားဘဏ်လုပ်ငန်း (Foreign Banking) လုပ်ကိုင်လိုသော ဘဏ်များကို တင်ပြလျှောက်ထားစေပြီး၊ ပုဂ္ဂလိကဘဏ်(၁၁)ဘဏ်ကို လိုင်စင်ချပေးခဲ့သည်။
(၁၂) ပြည်ပနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသားများမှ တရားဝင် ငွေလွှဲနိုင်ရန် ငွေလွှဲလုပ်ငန်းကို လုပ်ကိုင်လိုသော ဘဏ် (၄)ဘဏ်သို့ ခွင့်ပြုချက်ချပေးခဲ့သည့်အပြင် အလုပ်သမားများ ပေးဆောင်ရမည့် အခွန်ငွေကိုလည်း ကင်းလွတ်ခွင့်ပြုပေးခဲ့သည်။
ယင်းကဲ့သို့ ဖြေလျှော့မှုများနှင့် ၀န်ဆောင်မှုလုပ်ငန်းအသစ်များ ခွင့်ပြုပေးခဲ့သဖြင့် ပုဂ္ဂလိကဘဏ်များအကြား လုပ်ငန်းများပိုမိုသွက်လာခဲ့ပါသည်။

ဘဏ်တိုးနှုန်းများလျှော့ချခြင်း
===================
ဘဏ်တိုးနှုန်းများကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ စုငွေအပေါ်တွင် တစ်နှစ်လျှင် ၁၂%ပေးရန်၊ ချေးငွေအပေါ်တွင် တစ်နှစ်လျှင် ၁၇% ကောက်ခံရန် ညွှန်ကြားထားပါသည်။ အစိုးရငွေတိုက်စာချုပ်များမှာ နှစ်နှစ်စာချုပ်(၁၀.၅%)၊ သုံးနှစ်စာချုပ်(၁၁%)နှင့် ငါးနှစ်စာချုပ်(၁၁.၅%)စသဖြင့် သတ်မှတ်ထုတ်ပေးပါသည်။ အတိုးများကို သုံးလတစ်ကြိမ် ထုတ်ပေးခြင်း၊ ကောက်ခံခြင်းများ ပြုလုပ်ရန် ညွှန်ကြားထားပါသည်။

၂၀၁၁ခုနှစ် စက်တင်ဘာလတွင် အတိုးနှုန်းများကို လျှော့ချကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ကြေငြာပါသည်။ စုငွေအပေါ်ပေးသော အတိုးကို ၁၀% ထက် မနည်းစေရန်၊ ချေးငွေအပေါ်ကောက်ခံသော အတိုးကို ၁၅% ထက်မပိုစေရန်ဟူသော ပျော့ပြောင်းသည့် မူဝါဒဖြင့် ကြေငြာပါသော်လည်း ဘဏ်များအားလုံး ညှိနှိုင်းပြီး ၁၀%နှင့် ၁၅%သာ ထားကြရန် အများသဘောတူ ဆုံးဖြတ်ကြပါသည်။ အစိုးရငွေတိုက်စာချုပ်များ၏ အတိုးနှုန်းများကိုမူ ပြောင်းလဲခြင်းမရှိခဲ့ပါ။

၂၀၁၁ခုနှစ် ဒီဇင်ဘာလတွင် အတိုးနှုန်းများကို ထပ်မံလျှော့ချမည်ဖြစ်ကြောင်း ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှ မြန်မာနိုင်ငံဘဏ်များအသင်းအစည်းအဝေးအဖွင့်မိန့်ခွန်းတွင် ရုတ်တရက်ထည့်သွင်းပြောဆိုခဲ့ပါသည်။ စုငွေအပေါ်တွင် တစ်နှစ်လျှင် ၈%ထက် မနည်းစေရန်၊ ချေးငွေအပေါ်တွင် ၁၃%ထက် မပိုစေရန်နှင့် အစိုးရငွေတိုက်စာချုပ်များကိုလည်း နှစ်နှစ်စာချုပ်(၈.၇၅%)၊ သုံးနှစ်စာချုပ်(၉%)နှင့်ငါးနှစ်စာချုပ်(၉.၅%)စသဖြင့် ပြောင်းလဲမည်ဖြစ်ကြောင်း ကြေငြာခဲ့သည်။ ယခင်ဝယ်ယူထားသော ငွေတိုက်စာချုပ်များကိုမူ မူလအတိုးနှုန်းအတိုင်း ပေးအပ်မည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

နိုင်ငံတစ်ခု၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်း နှေးကွေးနေလျှင်၊ နိုင်ငံ၏ ငွေဖောင်းပွမှုနှုန်းအတက်အကျရှိလာလျှင်နှင့် အိမ်နီးချင်းနိုင်ငံများ၏ ဘဏ်တိုးနှုန်းများထက် များပြားနေလျှင် ဗဟိုဘဏ်များသည် ဘဏ်တိုးနှုန်းများကို ယခုကဲ့သို့ အတိုးအလျှော့ ပြုလုပ်လေ့ရှိပါသည်။ သီဝရီအရ မှန်ကန်သော်လည်း နိုင်ငံ၏ စီးပွားရေးအခြေအနေနှင့် ရင်းနှီးမြှုပ်နှံနိုင်သည့်ဈေးကွက်အနေအထားကိုလည်း ထည့်သွင်းတွက်ချက်ပြီးမှသာ ဘဏ်တိုးနှုန်းများကို အတိုးအလျှော့ ပြုလုပ်သင့်ပါသည်။

ယခုမြန်မာနိုင်ငံ၏ စီးပွားရေးမှာ တိုးတက်မှုမရှိဘဲ ကျဆင်းလျက်ရှိပါသည်။ ငွေဖောင်းပွနှုန်းမှာ ၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ်တွက်ချက်မှုအရ ၈%ခန့်ရှိသည်ဟု သိရှိရပါသည်။ အိမ်နီးချင်းနိုင်ငံများ၏ ဗဟိုဘဏ်အတိုးနှုန်းများမှာ ၂%မှ ၁၂.၆၇%ခန့်အထိ ရှိကြောင်းတွေ့ရှိရပါသည်။

မြန်မာနိုင်ငံတွင်ရင်းနှီးမြှုပ်နှံရန်နှင့် ငွေကြေးကစားရန် ဈေးကွက်အလွန်နည်းပါးပါသည်။ ကျပ်ငွေဈေးမာနေမှုကြောင့် ဒေါ်လာနှင့်လဲလှယ်ရာတွင် ကျပ်ငွေအနည်းငယ်သာရရှိပြီး၊ ပြည်တွင်းကုန်ကြမ်းများနှင့် လုပ်အားခများကို ပြန်လည်ပေးချေရာတွင်မူ ကျပ်ငွေမှာ တန်ဖိုးမရှိ ဖြစ်နေပြန်သဖြင့် ပြည်ပပို့ကုန်လုပ်ငန်းများသည် ရပ်တန့်လုနီးပါး ဖြစ်နေသည်။ ငွေဖောင်းပွမှုနှုန်း လျော့နည်းလာသည်ဆိုသော်လည်း ကုန်ဈေးနှုန်းများမှာ အကျမရှိဘဲ ဆက်တက်နေသည်။ မော်တော်ယာဉ်လိုင်စင်များ အသစ်ထုတ်ပေးသဖြင့် မူလကားများ၏ တန်ဖိုး ထက်ဝက်ကျော် ကျဆင်းသွားသည်။ မြေဈေးများမှာ အဆမတန်တက်နေပြီး၊ ဈေးမရှိသော မြေများမှာလည်း အရောင်းအ၀ယ် မရှိသလောက်ပင်ဖြစ်သည်။ ၁၉၉၅ခုနှစ်တွင် ဂျပန်နိုင်ငံ ဒိုင်ဝါကုမ္ပဏီနှင့် ပူးပေါင်းတည်ထောင်ထားသော စတော့ရှယ်ယာဈေးကွက်မှာလည်း အများပိုင်ကုမ္ပဏီ မရှိသလောက် နည်းပါးခြင်း၊ နိုင်ငံတကာနှင့် မချိတ်ဆက်နိုင်ခြင်းတို့ကြောင့် လူအများကြား ရေပန်းမစားဘဲ နာမည်ခံဈေးကွက်သာ ဖြစ်နေသည်။ ယင်းအချက်များကြောင့် ဘဏ်တိုးချလိုက်သော်လည်း ဘဏ်မှ အပ်နှံငွေများကို ထုတ်ယူပြီး ပြင်ပတွင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ခြင်းမှာ မရှိသလောက်ဖြစ်နေသည်။

ထို့ကြောင့် ပထမအကြိမ် ဘဏ်တိုးများ ချရာတွင် မည်သည့်ပြောင်းလဲမှုမျှ မရှိခဲ့ပါ။ ယင်းအတွက်ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနအနေဖြင့် ဘဏ်များမှ ရရှိသော ကိန်းဂဏန်းများအရ အပ်ငွေများ များပြားနေပြီး၊ ချေးငွေများ နည်းပါးနေခြင်းကြောင့် ဘဏ်တိုးများကို ယခုကဲ့သို့ သုံးလအကြာတွင် ထပ်မံလျှော့ချရန် ဆုံးဖြတ်ကြေငြာခဲ့ခြင်း ဖြစ်သည်။ သို့သော် ပြည်တွင်းစီးပွားရေးအခြေအနေ ကောင်းမွန်မှုမရှိခြင်းကြောင့် ဘဏ်တိုးချလိုက်ခြင်းသည် ငွေအပ်နှံထားသူများအနေဖြင့် ဘဏ်မှ ငွေထုတ်ပြီး ရင်းနှီးမြှုပ်နှံစရာဈေးကွက်မရှိဖြစ်နေရာမှ ၄င်းတို့၏ စုဆောင်းငွေများသည် အဖတ်မတင်ဘဲ စားသောက်သုံးစွဲမှုများထဲတွင် ပါဝင်သွားပြီး စုဆောင်းငွေ ဆုံးရှုံးသွားခြင်းမျိုး ဖြစ်ပေါ်လာနိုင်သည်ဟု ဘဏ်လုပ်ငန်းပညာရှင်များကသုံးသပ်ကြသည်။

လောင်စာဆီဈေးတက်လိုက်ခြင်း၊ လျှပ်စစ်မီတာခတက်ခြင်း၊ အမေရိကန်ဒေါ်လာဈေးကို မြင့်တက်ရန် ဆေးမီးတိုနည်းလမ်း မျိုးစုံဖြင့် ကြိုးစားနေခြင်းနှင့် ဌာနတချို့မှ ပွင့်လင်းမြင်သာမှုနှင့် အလွတ်သဘောပြောခြင်းကို မကွဲကြသဖြင့် မသေချာသော စီမံကိန်းများအကြောင်း ထုတ်ပြန်ပြောဆိုမှုများရှိခဲ့ပြီး မသေချာသောဈေးကွက်များတွင် အများပြည်သူတို့ အရောင်းအ၀ယ် မှားယွင်း လုပ်ကိုင်မိကြခြင်းများရှိနေခြင်းများကြောင့် ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်အတွက် ငွေဖောင်းပွမှုနှုန်းသည် (၈%)ထက်တိုးလာစေမည်ဟု တွက်ဆမှုများရှိပါသည်။ ယင်းအတွက် ငွေဖောင်းပွနှုန်းထက် ပိုနည်းသော ဘဏ်တိုးနှုန်း(၈%)သည် ဘဏ်များတွင် ငွေအပ်နှံထားသူများကို ငွေပြန်လည်ထုတ်စေမည်ဖြစ်သလို၊ အပ်ငွေနည်းပါးလာမှုကြောင့် ဘဏ်များမှ စီးပွားရေးလုပ်ငန်းများသို့ ချေးငွေထုတ်ပေးနိုင်မှုမှာလည်း လျော့နည်းလာမည်ဖြစ်သည်။ ယင်းအကျိုးဆက်သည် တည်ဆောက်ဆဲ နိုင်ငံတစ်ခု၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို တစ်စိတ်တစ်ပိုင်း ထိခိုက်နိုင်လာသလို နိုင်ငံ၏ ငွေရေးကြေးရေးလောက တည်ငြိမ်မှုကိုလည်း အထိုက်အလျှောက် ထိပါးလာနိုင်ပါသည်။

ငွေစက္ကူရိုက်နှိပ်ခြင်း
=============
ငွေစက္ကူရိုက်နှိပ်ခြင်းကို မြန်မာနိုင်ငံသည် ကိုယ်ပိုင်စက်ဖြင့် ရိုက်နှိပ်ပါသည်။ ယခင်က Thomas De La Rue (နိုင်ငံပေါင်း ၁၅၀အတွက် ငွေစက္ကူရိုက်နှိပ်ပေးနေသော ကုမ္ပဏီ)တွင် ငွေစက္ကူများကို ရိုက်နှိပ်ခဲ့သော်လည်း မြန်မာ့ဆိုရှယ်လစ်ခေတ်တွင် ပြည်ပအရင်းရှင်ကုမ္ပဏီတစ်ခုပေါ်တွင် နိုင်ငံ၏ ငွေစက္ကူများကို ရိုက်နှိပ်နေရခြင်းသည် စွန့်စားမှုရှိသည်ဟု ယူဆခဲ့ပြီး ကိုယ်ပိုင်စက်များ ၀ယ်ယူ၍ ပြည်တွင်းတွင် ရိုက်နှိပ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ ပြည်တွင်းတွင် စက်များဝယ်ယူ၍ အသုံးပြုရသဖြင့် လုံခြုံရေးဆိုင်ရာ နောက်ဆုံးပေါ်စက်များကို ထပ်မံရင်းနှီးမြှုပ်နှံမှု မပြုလုပ်နိုင်ခြင်း၊ ပြည်ပမှ စက္ကူတင်သွင်းရခြင်း၊ မှင်တင်သွင်းရခြင်း၊ စက်ပစ္စည်းအစိတ်အပိုင်းများတင်သွင်းရခြင်း စသော အခက်အခဲများ ရှိလာခဲ့ပါသည်။ စီးပွားရေးပိတ်ဆို့ခံရမှုနောက်တွင် ပိုမိုခက်ခဲခဲ့ပါသည်။ မြန်မာကျပ်ငွေမှာလည်း တန်ဖိုးမရှိသဖြင့် တစ်ရာကျပ်တန်ထုတ်လုပ်ခသည် တစ်ရာကျပ်မကဖြစ်လာခဲ့ပြီး ထပ်မံမထုတ်လုပ်နိုင်သဖြင့် ငွေအကြွေရှားပါးမှုများ ဖြစ်ပေါ်လာခဲ့သည်။ ၄င်းအပြင် ငွေစက္ကူရိုက်နှိပ်နေမှု ပမာဏကို ထင်သာမြင်သာ မထုတ်ပြန်ခြင်းကြောင့်လည်း ငွေရေးကြေးရေးဈေးကွက်တွင် ကောလဟာလတစ်ခုဖြစ်တိုင်း ကမောက်ကမဖြစ်မှုများနှင့် ငွေတန်ဖိုးကျမှုများ ဖြစ်ပေါ်ခဲ့ပါသည်။

လက်တွေ့ဘဏ်လုပ်ငန်းများ
===================
ဖြေလျှော့မှုများပြုလုပ်ပေးခဲ့သော်လည်း လက်တွေ့အကောင်အထည်ဖော်ရာတွင် အခက်အခဲများ ရှိနေပြီး ၄င်းအခက်အခဲများကို ဘဏ်များမှ တင်ပြသော်လည်း သက်ဆိုင်ရာမှ ကိုင်တွယ်ဖြေရှင်းပေးခြင်း မပြုနိုင်သေးကြောင်း တွေ့ရှိရသည်။ (၂၀၁၁)

(၁) ကုန်ပစ္စည်းလက်ရောက်ပေါင်(ဆန်၊ပဲ၊နှမ်း)
ကုန်ပစ္စည်းကို အပေါင်ထားပြီး ရရှိလာသည့်ငွေကြေးဖြင့် နောက်ထပ်တစ်ရာသီ စိုက်ပျိုးလုပ်ကိုင်နိုင်ရန် ရည်ရွယ်သော်လည်း၊ ကုန်ပစ္စည်းရောင်းချလိုသောအချိန်တွင် ငွေအကြေဆပ်မှသာ ထုတ်ယူရောင်းချခွင့်ရှိသဖြင့် နောက်ထပ်တစ်ရာသီစာစိုက်ပျိုးထားသည်များကလည်း မထွက်သေး၊ ပစ္စည်းပြန်ရွေးယူရန် ငွေကြေးကလည်း မရှိသဖြင့် လက်တွေ့တွင် အသုံးပြုသူမရှိသလောက်ဖြစ်ပါသည်။

(၂) ATM များနှင့် Debit Card များအသုံးပြုခြင်း
ငွေစက္ကူရိုက်ထုတ်ရမှု သက်သာစေရန်နှင့် ငွေအကြွေရှားပါးမှုကို ဖြေရှင်းရန်အတွက် စတင်အသုံးပြုခွင့်ပြုခဲ့ခြင်းဖြစ်သည်။ သို့သော် နိုင်ငံတကာ ဘဏ်များတွင် ကျင့်သုံးသကဲ့သို့ မူလဖွင့်လှစ်ထားသော ငွေစုစာရင်းနှင့် ချိတ်ဆက်ခွင့်မပေးဘဲ သီးခြားငွေစာရင်းတစ်ခုထပ်ဖွင့်ရမည်ဟု ဗဟိုဘဏ်မှ ညွှန်ကြားခဲ့သည်။ ယင်းအတွက် အများပြည်သူသည် ကတ်အသုံးပြုရန် စာရင်းတစ်ခု၊ မိမိ၏ မူလစုငွေစာရင်းတစ်ခုဖြင့် စာရင်းနှစ်ခုဖွင့်လှစ်ရပါသည်။ ကတ်အသုံးပြုသည့်စရင်းကို အတိုးမပေးခိုင်းပါ။ အများပြည်သူအနေဖြင့် စုငွေအပေါ်အတိုးလည်းရပြီး၊ ၄င်းတို့၏ ငွေစုစာရင်းနှင့် တိုက်ရိုက်ချိတ်ဆက်ပေးပါက ယခုကတ်စနစ်ကို ပိုမိုနှစ်ခြိုက်စွာ အသုံးပြုကြမည်ဖြစ်ပါသည်။

(၃) ငွေစုစာရင်းမှတစ်ပတ်လျှင်တစ်ကြိမ်သာထုတ်ခွင့်ပြုခြင်း
ဘဏ်မတည်ငြိမ်မှုများဖြစ်ခဲ့ခြင်းသည် ငွေအပ်နှံထားသူများအား ငွေကို စိတ်ကြိုက်ပြန်လည် ထုတ်ယူခွင့်ပြုခဲ့သောကြောင့်ဖြစ်သည်ဟူသော ကောက်ချက်အရ ငွေစုစာရင်းမှ ငွေကို တစ်ပတ်လျှင် တစ်ကြိမ်သာ ထုတ်ပေးရန် ညွှန်ကြားထားပါသည်။ နိုင်ငံတကာတွင် မိမိ၏ ငွေစုစာရင်းမှ အကြိမ်အရေအတွက် အကန့်အသတ်မရှိ ထုတ်ယူနိုင်ပါသည်။ ငွေအပ်နှံသူအနေဖြင့် တစ်ပတ်တွင် တစ်ကြိမ်ထက်မကသော ငွေထုတ်စရာအကြောင်းများ ရှိနိုင်ပါသည်။ ယင်းတစ်ပတ်တွင် တစ်ကြိမ် ကန့်သတ်ချက်ကြောင့် ငွေစုစာရင်းနှင့် Debit Card ကို ချိတ်ဆက်မရခြင်းလည်းဖြစ်ပါသည်။

(၄) Internet Banking များအပြည့်အ၀ခွင့်မပြုသေးခြင်း
အင်တာနက်ပေါ်မှ ဘီလ်ပေးဆောင်ခြင်းတစ်ခုကိုသာ ခွင့်ပြုထားပြီး၊ ငွေလက်ကျန်စစ်ဆေးခြင်း၊ ငွေလွှဲပြောင်းပေးခြင်း စသော Internet Banking လုပ်ငန်းများကိုလည်း လုပ်ကိုင်ခွင့်မပြုသေးပါ။ (၂၀၁၁)

(၅) ငွေလဲကောင်တာများနှင့်ငွေဈေးသတ်မှတ်ခြင်း
နေ့စဉ်ငွေဈေးနှုန်းကို သိမ်ဖြူလမ်းရှိဘဏ်(၆)ဘဏ်ပါဝင်သော အဖွဲ့မှ သတ်မှတ်ပါသည်။ ယင်းသို့သတ်မှတ်ရာတွင် နိုင်ငံတကာငွေကြေးဈေးကွက်အနေအထား၊ ကမ္ဘာ့ရွှေဈေး၊ ပြည်တွင်းကုန်သွယ်ရေးအခြေအနေနှင့် စီးပွားရေးသတင်းများပေါ်မူတည်ပြီး သတ်မှတ်ရမည် ဖြစ်သော်လည်း သိမ်ဖြူငွေလဲဌာနသည် ပထမနေ့က မှောင်ခိုငွေဈေး၏ အတက်အကျ အလားအလာကိုသာ ကြည့်ပြီး ဆုံးဖြတ်နေသဖြင့် စံဝင်သော စိတ်ချရသည့် ငွေဈေးနှုန်းကို မရရှိပါ။ ၄င်းငွေဈေးသည် ပြင်ပပေါက်ဈေးထက် အမြဲတမ်း ၅ကျပ်မှ ၂၀အထိ များတတ်ပါသည်။ တစ်ခါတရံ ပြင်ပ မှောင်ခိုဈေးနှုန်းက ပိုများသွားသည်များလည်း ရှိခဲ့ပါသည်။ ကောင်တာဖွင့်ထားသော ဘဏ်များအားလုံးသည် ၄င်းငွေဈေးကို ယခင်က အတိအကျလိုက်နာရသဖြင့် ပေါက်ဈေးထက်များသော နှုန်းထားဖြင့် ၀ယ်ယူရသလို ဖြစ်ခဲ့ပါသည်။ ယင်းအတွက် ဘဏ်များသည် ၄င်းတို့နစ်နာမှုမရှိစေရန် ငွေလာလဲသူများထံမှ မလိုအပ်သော စာရွက်စာတမ်းများတောင်းပြီး အလွယ်တကူလဲလှယ်၍ မရစေရန် ဆောင်ရွက်ကြပါသည်။ ယခုအခါ ကောင်တာများအား သိမ်ဖြူဈေးနှုန်းနှင့် ၀.၈% အတက်အကျပြုလုပ်၍ ၀ယ်ယူရောင်းချနိုင်ကြောင်း ဗဟိုဘဏ်မှ ညွှန်ကြားထားပါသည်။ နိုင်ငံတော်မှလည်း တရားဝင်ငွေလဲနှုန်းကို ဧပြီလ ၁ရက်နေ့မှ စတင်ပြီး ၈၀၀ ကျပ် သတ်မှတ်မည်ဟု ကြားသိရပါသည်။(၂၀၁၁)

(၆) နိုင်ငံခြားဘဏ်လုပ်ငန်း
နိုင်ငံခြားဘဏ်လုပ်ငန်းလုပ်ပိုင်ခွင့်ကို ဘဏ် ၁၁ ဘဏ်အား လိုင်စင်ထုတ်ပေးထားသော်လည်း စီးပွားရေးပိတ်ဆို့မှုကြောင့် နိုင်ငံတကာဘဏ်များမှ ၄င်းဘဏ်များနှင့် ချိတ်ဆက်လုပ်ကိုင်ရန် ငြင်းဆိုကြပါသည်။ အီရန်နိုင်ငံနှင့် ငွေကြေးဆက်သွယ်မှုလုပ်ခဲ့သဖြင့် ၂၀၀၉ခုနှစ်က နိုင်ငံတကာဘဏ်တချို့သည် ဒဏ်ငွေသန်းပေါင်းများစွာ ပေးဆောင်ခဲ့ရဖူးပါသည်။ ယင်းအတွက် နိုင်ငံတကာဘဏ်များသည် မြန်မာနိုင်ငံမှ ဘဏ်များနှင့် ချိတ်ဆက်လုပ်ကိုင်ဝံ့ခြင်း မရှိကြပါ။ ၄င်းအပြင် ပြည်တွင်းဘဏ်များကို လိုင်စင်သာပေးထားပြီး အများပြည်သူ၏ နိုင်ငံခြားငွေကို လက်ခံစာရင်းဖွင့်လှစ်ပေးခြင်းကို လုပ်ခွင့်မပြုခြင်းနှင့် TT/LC ကဲ့သို့သော ကုန်သွယ်မှုလုပ်ငန်းများ ပြုလုပ်ခွင့်မပေးခြင်းများ ရှိနေပါသေးသည်။ သို့ဖြစ်ပါ၍ လိုင်စင်ထုတ်ပေးထားသော်လည်း နိုင်ငံခြားဘဏ်လုပ်ငန်းများ ထင်သလောက် ဖွံ့ဖြိုးတိုးတက်မှု မရှိပါ။ (၂၀၁၁)

(၇) နိုင်ငံတကာမှအလုပ်သမားများငွေလွှဲခြင်း
နိုင်ငံတကာမှ အလုပ်သမားများ မြန်မာနိုင်ငံသို့ငွေလွှဲရန် ဘဏ် ၄ ဘဏ်(ကမ္ဘောဇဘဏ်၊ သမ၀ါယမဘဏ်၊ အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်၊ ဧရာဝတီဘဏ်)ကို ခွင့်ပြုခဲ့ပါသည်။ ၄င်းဘဏ်များမှာ မြန်မာနိုင်ငံဘက်မှ တရားဝင်ခွင့်ပြုချက်ရသော်လည်း စီးပွားရေးပိတ်ဆို့မှုကြောင့် တစ်ဖက်နိုင်ငံများတွင် တရားဝင်လိုင်စင်လျှောက်ထား၍ မရပါ။ ၄င်းနိုင်ငံမှ လိုင်စင်ရှိပြီးသားကုမ္ပဏီများနှင့် ပူးပေါင်းလုပ်ကိုင် ရပါသည်။ ၄င်းအပြင် ငွေလွှဲခြင်းမှာ ပြည်ပမှာ ပြည်တွင်းသို့ လွှဲသကဲ့သို့ ပြည်တွင်းကုမ္ပဏီများမှလည်း ပြည်ပသို့ ပစ္စည်းဝယ်ယူခြင်းအတွက် ငွေပြန်လွှဲခြင်းများရှိသဖြင့် အပြန်အလှန် (Inward/ Outward) ငွေလွှဲခြင်းကို ခွင့်ပြုသင့်ပါသည်။ ယခုအချိန်တွင် ပြည်ပမှ ပြည်တွင်းသို့ လွှဲခြင်းကိုသာ ခွင့်ပြုထားပါသေးသည်။

(၈) ချေးငွေအပေါ်ကန့်သတ်မှုများ
ချေးငွေထုတ်ပေးခြင်းသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို တစ်ဖက်တစ်လမ်းက အထောက်အကူ ပြုပါသည်။ လုပ်ငန်းလုပ်ကိုင်လိုသော လုပ်ငန်းရှင်များသည် ချေးငွေရယူလျက် လုပ်ငန်းတိုးချဲ့ လုပ်ကိုင်ကြပြီး၊ အလုပ်အကိုင်အခွင့်အလမ်းနှင့် အခွန်အခများရရှိခြင်းက မြင်သာသော အကျိုးအမြတ်များဖြစ်ပါသည်။ နိုင်ငံတကာတွင် အလားအလာရှိသော လုပ်ငန်းစီမံချက်ကို ရေးဆွဲပြီး ချေးငွေရယူနိုင်ပါသည်။ မြန်မာနိုင်ငံတွင်မူ မြေပိုင်ဆိုင်မှုရှိမှသာ ၄င်းမြေကို အာမခံပစ္စည်းအဖြစ်ထားပြီး ၄င်းမြေတန်ဖိုး၏ ၄၀%ကို ချေးငွေအဖြစ် ရယူနိုင်ပါသည်။ တိုက်ခန်းများ၊ ဆိုင်ခန်းများကို အာမခံပစ္စည်းအဖြစ် ထားခွင့်မရှိပါ။ ယင်းအတွက် စွန့်ဦးတီထွင်လုပ်ငန်းရှင်များနှင့ှ်နြ များ ပေါ်ပေါက်မှုနည်းပါးပြီး မူလချမ်းသာပြီးသူများကသာ ဈေးကွက်ကို လက်ဝါးကြီးအုပ် လုပ်ကိုင်နေကြခြင်း ဖြစ်ပါသည်။
၎င်းအပြင် ချေးငွေကာလကိုလည်း တစ်နှစ်သာ ခွင့်ပြုပါသည်။ လုပ်ငန်းတစ်ခုအနေဖြင့် ချေးငွေကို တစ်နှစ်အတွင်း ပြန်ဆပ်နိုင်မှု နည်းပါသည်။ နှစ်ရှည်ချေးနိုင်ကြောင်း၊ အာမခံပစ္စည်းမဲ့ချေးပေးနိုင်ကြောင်း ဥပဒေတွင်ပါဝင်သော်လည်း ဗဟိုဘဏ်မှ သီးခြားညွှန်ကြားချက်ဖြင့် တားမြစ်ထားပါသည်။

(၉) ကွန်ဒိုမီနီယံဥပဒေမရှိခြင်း
ကွန်ဒိုမီနီယံဥပဒေမရှိသဖြင့် တိုက်ခန်းဝယ်ယူထားသူများသည် ၄င်းတို့၏ တိုက်ခန်းကို ပိုင်ဆိုင်ခွင့်မရှိကြပါ။ တစ်စုံတစ်ရာ ပြိုကျမှုဖြစ်ခဲ့လျှင် မူလမြေပိုင်ဆိုင်သူကသာ မြေပြန်ရမည်ဖြစ်သည်။ ယင်းအတွက်ကြောင့် တိုက်ခန်းများ၊ ဆိုင်ခန်းများကို ဘဏ်တွင်အာမခံပစ္စည်းအဖြစ် အသုံးပြု၍ မရခြင်းဖြစ်ပါသည်။

(၁၀) ချက်လက်မှတ်သုံးစွဲမှုနည်းပါးခြင်း
ချက်လက်မှတ်အပေါ် ယုံကြည်မှုနည်းပါးသဖြင့် အသုံးမပြုကြပါ။ ယင်းအတွက် ငွေသားဖြင့် ပေးချေမှုများ အများအပြားပြုလုပ်နေကြရပါသည်။ မိမိငွေစာရင်းတွင် ငွေမရှိဘဲ ချက်လက်မှတ်ရေးပေးပါက အရေးယူနိုင်သော ခိုင်မာသည့် ဥပဒေတစ်ရပ်ရှိလျှင် ချက်လက်မှတ်၏ အာမခံနိုင်မှု ပိုမိုကောင်းမွန်လာမည်ဖြစ်ပါသည်။ ချက်လက်မှတ်အသုံးများလာလျှင် ကုန်သွယ်မှုလည်း ပိုမိုသွက်လက်လာမည်ဖြစ်သည်။

(၁၁) ဘဏ်ခွဲဖွင့်လှစ်ခြင်းကိုကန့်သတ်ခြင်း
ဘဏ်ခွဲဖွင့်လှစ်ခြင်းအတွက် အကန့်အသတ်များစွာ ရှိပါသည်။ ငှားဖွင့်သော အဆောက်အဦမဖြစ်ရ။ ၀ယ်ယူဖွင့်လှစ်ရသည်။ ယင်းအတွက် နောင်ကို နေရာပြောင်းရွှေ့လိုလျှင် အခက်အခဲဖြစ်ပါသည်။ တိုက်ခန်းတွင်မဖွင့်လှစ်ရ။ ယင်းအတွက် လူစည်ကားသော ရန်ကုန်မြို့လယ်တွင် ဖွင့်လှစ်ရန် ခက်ခဲပါသည်။ လူစည်ကားသော Shopping Center များတွင် မဖွင့်ရ။ ယင်းအတွက် ဘဏ်နှင့် ဆက်သွယ်လိုသူများသည် သီးခြားအချိန်ပေးပြီး ဘဏ်သို့လာရပါသည်။ တစ်နှစ်လျှင် ၁၀ဘဏ်ထက် ပိုမဖွင့်ရ။ ရန်ကုန်နှင့် မန္တလေးတွင် တစ်နှစ်လျှင် ၂ဘဏ်ထက် ပိုမဖွင့်ရ။ စသော ကန့်သတ်ချက်များသည် ၂၀၁၀ခုနှစ်တွင်မှ ထုတ်ပြန်ခဲ့သော ကန့်သတ်ချက်များဖြစ်ပါသည်။
ဘဏ်ခွဲများများဖွင့်လှစ်နိုင်လျှင် ဘဏ်အသုံးပြုသူများပိုမိုအဆင်ပြေပါမည်။ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုဖြစ်ပေါ်လာပါမည်။ ဘဏ်သို့သွားလာရသော စရိတ်စကသက်သာခြင်းကလည်း စီးပွားရေးတိုးတက်မှုကို အထောက်အပံ့ပေးပါသည်။ သို့သော် မြန်မာနိုင်ငံတွင် ဘဏ်ခွဲဖွင့်လှစ်ခြင်းကို ကန့်သတ်ထားပြီး ဘဏ်လုပ်ငန်းလိုင်စင်များကိုမူ အများအပြားထုတ်ပေးခဲ့ပါသည်။ ဆက်လက်၍ ဘဏ်လုပ်ငန်းလိုင်စင်များ ထပ်မံထုတ်ပေးရန်လည်း စီစဉ်နေပါသည်။
ထိုင်းနိုင်ငံတွင် ပြည်တွင်း ဘဏ် ၁၇ ဘဏ်ရှိပါသည်။ စင်္ကာပူနိုင်ငံတွင် ပြည်တွင်းဘဏ် ၆ ဘဏ်သာ ရှိပါသည်။ ဘဏ်ခွဲပေါင်း ထောင်နှင့်သောင်းနှင့်ချီပြီး ရှိကြပါသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိကဘဏ် ၁၉ဘဏ်ရှိပြီး၊ ဘဏ်ခွဲ ၂၀၀ သာရှိပါသည်။ ဘဏ်ခွဲများကို ယခုထက်ပိုပြီး လွတ်လပ်စွာ ဖွင့်လှစ်ခွင့်ပြုသင့်ပါသည်။ (၂၀၁၁)

(၁၂) နိုင်ငံတကာဘဏ်များဖွင့်လှစ်ခွင့်ပြုရန်ပြင်ဆင်ခြင်း
လက်ရှိမြန်မာနိုင်ငံတွင် နိုင်ငံတကာဘဏ်များကို ကိုယ်စားလှယ်ရုံးအဖြစ်သာ ဖွင့်လှစ်ခွင့်ပြုပါသည်။ ဘဏ်ခွဲအဖြစ် ဖွင့်လှစ်ခွင့်မပြုပါ။ မကြာမီဖွင့်လှစ်ခွင့်ပြုရန် ဗဟိုဘဏ်မှ ပြင်ဆင်နေပါသည်။ အထူးသဖြင့် ဗီယက်နမ်နိုင်ငံမှ BIDV ဘဏ်နှင့် တရုတ်နိုင်ငံမှ ICBC ဘဏ်များသည် ကိုယ်စားလှယ်ရုံးအဆင့်မှ ဘဏ်ခွဲအဆင့်သို့ တိုးမြှင့်ဖွင့်လှစ်ခွင့်ရရန် ၄င်းတို့၏ အစိုးရများမှတဆင့် မြန်မာနိုင်ငံအစိုးရကို မပြတ်တောင်းဆိုမှုများ ပြုလုပ်နေကြပါသည်။ မြန်မာနိုင်ငံ၏ ဘဏ်လုပ်ငန်းများအခြေအနေမှာ ပြည်တွင်းတွင် အကြီးဆုံးဘဏ်ဖြစ်သော ကမ္ဘောဇဘဏ်သည်ပင်လျှင် ထိုင်းနိုင်ငံ၏ အငယ်ဆုံးဘဏ်အဆင့်သာရှိသည်ကို တွေ့ရှိရပါသည်။ ယင်းအတွက် နိုင်ငံတကာဘဏ်များကို ချက်ချင်းဖွင့်လှစ်ခွင့်ပေးလိုက်လျှင် ပြည်တွင်းဘဏ်လုပ်ငန်းများကို ထိခိုက်စေမည်ဖြစ်ပါသည်။ ခွင့်ပြုလိုလျှင် ပြည်တွင်းဘဏ်များနှင့် ဖက်စပ်လုပ်စေသော စနစ်ကို စတင်ခွင့်ပြုသင့်ပါသည်။ (၂၀၁၁)

နိဂုံးချုပ်
======
နိုင်ငံတစ်ခုအတွက် ငွေရေးကြေးရေးကဏ္ဍသည် အထူးပင် အရေးကြီးလှပါသည်။ စည်းကမ်းတကျဖြစ်ရပါမည်။ တိကျပြီး အခြေအနေအချိန်အခါအရ ပြုလွယ်ပြင်လွယ်သော ဥပဒေရှိရပါမည်။ နိုင်ငံတကာ စံနှုန်းများကို အမြဲမပြတ်လေ့လာနေရပါမည်။ ပြည်တွင်း ကုန်သွယ်မှုအနေအထားနှင့် အိမ်နီးချင်းနိုင်ငံများ၊ ကုန်သွယ်ဖက်နိုင်ငံများ၏ အခြေအနေကို မပြတ်စောင့်ကြည့်လေ့လာနေပြီး လိုအပ်သော ချိန်ညှိမှုများကို အချိန်နှင့်တပြေးညီ ပြုလုပ်ပေးနိုင်ရပါမည်။ နိုင်ငံ၏ ဘဏ္ဍာရေးမူဝါဒ၊ နိုင်ငံ၏ ငွေရေးကြေးရေးမူဝါဒများသည် လက်တွေ့ကျရပါမည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်တွင် နားလည်တတ်ကျွမ်းသော ပညာရှင်အဖွဲ့ရှိရပါမည်။ နိုင်ငံတကာငွေကြေးအဖွဲ့အစည်းများနှင့် မပြတ်တိုင်ပင်ဆွေးနွေးနေခြင်းများ ရှိရပါမည်။ပြည်တွင်းအခြေအနေတစ်ခုတည်းကို တွက်ဆပြီး အမိန့်များနှင့် ညွှန်ကြားချက်များကို မထုတ်ပြန်သင့်ပါ။
အမျိုးသားအကျိုးစီးပွား (National Interest) ကို အခြေခံသော ငွေရေးကြေးရေး မူဝါဒကို ကိုင်ဆွဲထားရပါမည်။ ၄င်းအပြင် ငွေရေးကြေးရေးလောကအတွက် အဓိကအခန်းကဏ္ဍမှ ပါဝင်သော ဘဏ်လုပ်ငန်းများနှင့် အခြားငွေရေးကြေးရေးလုပ်ငန်းများကို မပြတ်စောင့်ကြည့်ခြင်း၊ တိကျစွာအရေးယူခြင်း၊ ခိုင်မာစွာအထောက်အပံ့ပေးခြင်းတို့ကို နိုင်ငံအဆင့် စဉ်းစားစီမံတတ်ရန်လိုပါသည်။
ပြောင်းလဲခြင်းသည် မပြောင်းလဲခြင်းထက် များစွာ ကောင်းသည်ဟု ဆိုသော်လည်း ငွေရေးကြေးရေးကဏ္ဍတွင်မူ မှန်ကန်သောပြောင်းလဲခြင်းမဟုတ်ပါက နိုင်ငံနှင့်ချီသော နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာနိုင်သဖြင့် မူဝါဒချမှတ်ပြောင်းလဲလိုသူများသည် ဘက်စုံထောင့်စုံမှ ပညာရှင်များ၊ အတွေ့အကြုံရှိသူများကို တိုင်ပင်ဆောင်ရွက်ပြီးမှသာ လိုအပ်သော ပြောင်းလဲမှုများကို သတိကြီးစွာထား၍ ဆောင်ရွက်သင့်သည်ဟု ယူဆမိပါသည်။ နိုင်ငံ၏ ငွေရေးကြေးရေးသည် အခြားသော ကဏ္ဍများကို ကဏ္ဍအလိုက် မိမိတို့ဆိုင်ရာရည်မှန်းချက်များကို ဖြောင့်ဖြောင့်တန်းတန်း ရောက်ရှိ ပြီးမြောက်စေရန် အဓိက အထောက်အပံ့ဖြစ်သဖြင့် အထူးပင် အလေးထားဂရုပြုသင့်ပါသည်။

နည်းနည်းပဲလွဲတာပါ

 

 

10357442_740898722649019_76515243126118461_n

 

နည်းနည်းလေးပဲ လွဲနေတယ်…။ 

လွဲလွဲလေးပဲ ကောင်းပါတယ်..။ 

Suspend Coffee

download

ကျွန်တော်တို့သူငယ်ချင်းနှစ်ယောက်ကော်ဖီဆိုင်တစ်ခုထဲ ကိုဝင်ပြီးကော်ဖီနှစ်ခွက် မှာတယ်..ပြီးတော့ မလှမ်းမကမ်းမှာရှိ တဲ့စားပွဲမှာထိုင်ဖို့လျှောက်သွားလိုက်တယ်…

စားပွဲမှာနေရာယူဖို့ပြင်ဆင်နေတုန်းပဲ ဆိုင်ထဲကို ရုပ်ရည်သန့်သန့်ပြန့်ပြန့်နဲ့ နှစ်ယောက်ဝင်လာပြီး ကော်ဖီမှာပါတယ်…

မှာပုံက ကော်ဖီငါးခွက် ၂ခွက် ကကျွန်တော်တို့သောက်ဖို့ သုံးခွက်ကိုတော့ suspended(ဆိုင်းငံ့)ထားပေးပါ..

ကျွန်တော်လည်းမှာထားတဲ့ကော်ဖီမလာသေးတာကတစ်ကြောင်း ကျွန်တော့်ရှေ့တည့်တည့်မှာရောက် နေတာတစ်ကြောင်းကြောင့် ဆက်ကြည့်နေမိတယ်.. သူတို့ ကော်ဖီငါးခွက်ဖိုးရှင်းတယ်…

ပြီးတော့ ကော်ဖီနှစ်ခွက်ယူပြီး ပြန်ထွက်သွားတယ်..

ကျွန်တော့် သူငယ်ချင်း ကိုမေးမိတယ်..အဲ့ဒီ Suspended(ဆိုင်းငံ့) ထားတဲ့ကော်ဖီတွေက ဘာလုပ် တာလဲဆိုတော့… သူကလည်း ငါ့သူငယ်ချင်းမင်းဆက်စောင့်ကြည့်ကွာ တွေ့လိမ့်မယ်လို့ပြောတော့ ကျွန်တော်လည်း ဘာမှဆက် မမေးမိဘဲ ရောက်လာတဲ့ကော်ဖီကို သောက်နေလိုက်တယ်…

စိတ်ထဲမှာတော့ ဘာပါလိမ့်ဆိုတာ ကို စဉ်းစားနေမိတယ်… နောက်တော့ မိန်းကလေးနှစ်ယောက်ရောက်လာတယ်..ကော်ဖီနှစ်ခွက် မှာတယ်..ပိုက်ဆံရှင်းပြီးပြန်ထွက်သွားတယ်..

နောက်တစ်ခါ ရှေ့နေသုံးယောက်ရောက်လာတယ် … ကော်ဖီ(၇)ခွက်မှာတယ်..၃ခွက်က ငါတို့အတွက် ကျန်တဲ့လေးခွက်က suspended(ဆိုင်းငံ့) လို့ပြောပြီး ပိုက်ဆံရှင်းတယ်… ကျွန်တော် တော်တော်လေးကိုစိတ်ဝင်စားမိနေပြီ…

ဒီ suspended (ဆိုင်းငံ့)ကော်ဖီဆိုတာဘာလဲ???

အတွေးတွေများရင် ဆိုင်ရှေ့က ရှုခင်းအလှအပလေးတွေနဲ့ ဖြတ်လျှောက် သွားတဲ့လူတွေကို ကြည့်နေမိတယ်…

အဲ့ဒီအချိန်မှာပဲ အ၀တ်အစားနွမ်းနွမ်းပါးပါးနဲ့ သူတောင်းစားပုံစံလူတစ်ယောက် ဆိုင်ထဲဝင်လာတယ်…

မ၀ံ့မရဲနဲ့ counter နားကပ်သွားပြီး Suspended Coffee(ဆိုင်းငံ့) ကော်ဖီလေးများ ရှိသလားဗျာ.. တဲ့…

ကျွန်တော်ကောင်းကောင်း သဘောပေါက်သွား တယ်…

ဆိုင်ရှင်က ပြုံးပြပြီး ကော်ဖီတစ်ခွက်ပေးလိုက်တယ်…

ဆိုင်လေးရဲ့ ချောင်ကျကျတစ်နေရာမှာ အဲ့ဒီပုဂ္ဂိုလ်ကော်ဖီ ထိုင်သောက်နေလေရဲ့….

ကျွန်တော် အားလုံးကိုရှင်းသွားပါပြီ..

လူတွေက သူတို့ စား သောက်ဖို့အပြင် နွမ်းပါးတဲ့သူတွေနဲ့ မတတ်နိုင်တဲ့သူတွေအတွက် coffee နဲ့ စားစရာသောက် စရာတွေကို Suspended (ဆိုင်းငံ့)အဖြစ် ငွေကြိုရှင်းခဲ့ကြတာပါ…

ဒီရိုးရာဓလေ့ဟာ အီတလီနိုင်ငံ (Naples City)ကနေစခဲ့တာဖြစ်ပြီးတော့ အခုတော့ နိုင်ငံတော်တော်များများကိုပြန့် နှံ့လို့ နေပါပြီ..

တစ်ချို့နေရာတွေမှာဆိုရင် ကော်ဖီတင်မကပဲ Sandwich ဒါမှမဟုတ် စားစရာတွေတောင် Suspended အနေနဲ့ရှိနေပါပြီ…

ကျွန်တော်ဒီစာလေးကိုဖတ်မိတဲ့အချိန်တုန်းက မျက်ရည်တောင်လည်မိတယ်.. သူတို့ရဲ့ လူသားချင်းစာ နာမှု..ကြင်နာမှု၊နွေးထွေးမှု မေတ္တာဓာတ်တွေကို ကျွန်တော့်စိတ်ကို လှုပ်ခတ်စေလို့ ကျွန်တော် ဘာသာပြန်ပြီး တင်ပေးလိုက်ပါတယ်..

ကျွန်တော်တို့ဗုဒ္ဒဘာသာ မြန်မာနိုင်ငံမှာလဲ ဒီလို ချစ်စရာကောင်းတဲ့ အလေ့အထလေးတွေရှိရင်အရမ်းကောင်းမှာပဲလို့ကျွန်တော်တွေးမိတယ်…

ညှိုးနွမ်းနေတဲ့မျက်နှာ တွေနဲ့ ကလေးငယ်တွေ..
သက်ကြီးရွယ်အိုတွေ ညီငယ်ညီမငယ် အဖေအိုအမေအိုကြီးတွေ
လမ်းဘေးမှာ အော်ဟစ် ညည်းညူတောင်းခံနေမယ့်အစား ထမင်းဆိုင်တစ်ဆိုင်သွားပြီး ငွေကြိုရှင်းထားတဲ့ ထမင်း တစ်ထုတ်လောက်ရှိ မလားဆိုပြီး တောင်းခံ ရတာ ပိုပြီးသိက္ခာရှိမယ်ထင်တယ်…

ပြောနေတာကြာတယ်.. လက်ထဲမှာ ပိုက်ဆံ၃၀၀-၄၀၀ လောက်ပိုနေလို့ ထမင်းတစ်ထုတ်နဲ့ အရွက်ကြော်သို့ ကြက်ဥကြော်လောက်နဲ့ ငွေကြိုရှင်းထားရင်း ဗိုက်ဆာနေတဲ့ ညီငယ်ညီမငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေကို ကြင်နာမှုနဲ့ နွေးထွေးမှုနဲ့ ကုသိုလ်ယူတဲ့ အလေ့အထလေးတွေ စတင်လိုက်ကြရအောင်ဗျာ…

ထမင်းဆိုင်၊လက်ဖက်ရည်ဆိုင်ပိုင်ရှင်တွေ တစ်ခြား မုန့်နဲ့စားသောက် စရာပိုင်ရှင်တွေ ကလည်း ဒီကုသိုလ်ရတဲ့ ဓလေ့… အလေ့အထလေး မြန်မာနိုင်ငံမှာဖြစ်မြောက်သွားအောင် တောင်းတဲ့သူတွေ များရှိခဲ့ရင် မျက်နှာမရှုံ့ဘဲ ကြင်နာတဲ့အကြည့်နဲ့ ၀န်ဆောင်မှုပေးနိုင်ကြပါစေလို့ ကျွန်တော် တောင်းဆိုပါတယ်…

ဒီ Post လေးကို Like လုပ်ပါ..Share ပါ… ဒီ အလေ့အထလေးကို မြန်မာနိုင်ငံ မှာဖြစ်မြောက်လာအောင် တစ်ယောက် တစ်အား ၂၀၀-၃၀၀ ကစလို့ ၀ိုင်းဝန်း ကူညီကြပါလို့ပြောချင်ပါတယ်…

ဘာလဲဟ သူရိယအလင်း

10655379_815346731829233_8405278339153902424_o၀င်္ကဘာလမ်းမှာရှိတဲ့ စာပေစိစစ်ရေးရုံးက ပုံနှိပ်မီဒီယာများကြားတွင်တော့ ဂျပန်ခေတ် ကင်ပေတိုင်ရုံးလိုပင် ကျော်ကြား၏။ စကားလုံးတိုင်း၊ ၀ါကျတိုင်းအပြင် ဓါတ်ပုံ၊ ကာတွန်းပါ မကျန် သေချာစိစစ် ဖြတ်တောက်သည်။ လုံးဝ အမှားအယွင်းမခံ။

ရုံးတင်သည့် ဒုက္ခ၊ ရုံးကျ ပြန်မှတ်ရသည့် ဒုက္ခ၊ စာပြန်ပြင်ရသည့် ဒုက္ခ၊ ဖလင်ပြန်ထုတ်ရသည့် ဒုက္ခ ရေးလို့ပင် မကုန်။ များမြောင်လှသည်။

သမ္မတကြီး ဦးသိန်းစိန်လက်ထက် ဖြေလျော့မှုအဖြစ် စာပေစိစစ်ရေးသို့ တင်စရာမလို လွတ်လပ်စွာ ထုတ်ဝေဖြန့်ချိခွင့် ရလားသည်။ ဒါပေသိ ပုံနှိပ်မီဒီယာများကား စည်းဝါးမလွတ်။ စာနယ်ဇင်း ကျင့်ဝတ်ကို စောင့်ထိန်းပြီး ရေးသားထုတ်ဝေခဲ့ကြသည်။

ထိုအချိန်တွင် မိုးဟိန်း ဆိုသူက ဦးစီးပြီး သူရိယအလင်း၊ သူရိယနေ၀န်း၊ အခု နောက်ဆုံး အာရှအလင်းဆိုပြီး ကျင့်ဝတ်စောင့်ထိန်းမှုမရှိ ဂျာနယ်ရောင်းကောင်းရုံ အဖွအရှုပ် အတင်းအဖျင်းများကို ဦးစားပေးပြီး ဂျာနယ်တစ်စောင် ထုတ်ဝေလာခဲ့သည်။

သူရိယအလင်းဂျာနယ်၏ ရေးသားမှုများသည် စာနယ်ဇင်းကျင့်ဝတ်နှင် မကိုက်ညီဟု မြန်မာဂျာနယ်လစ်ကွန်ယက်က ထုတ်ပြန်ကြေငြာခဲ့သလို The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်၌ “ပြည်သူလူထုအတွက် မည်သည့်အကျိုးမျှမရှိဘဲ မိမိတို့၏ စာစောင်ရောင်းကောင်းရုံ အဖွအရှုပ် အတင်းအဖျင်းများ ရေးသားခဲ့သည့် ‘သူရိယနေ၀န်း’ ကဲ့သို့သော စာစောင်မျိုး၏ လုပ်ရပ်သည် ဒီမိုကရေစီကို အထင်သေးအောင် ပြုလုပ်သည့် Distortion of Democracy သာဖြစ်သည်။ ယင်းသည် အရေးကြီးသော ပင်မဒီမိုကရေစီ လမ်းကြောင်းမှနေ၍ ရည်ရွယ်ချက်ရှိရှိဖြင့် အာရုံလွှဲခြင်းဖြစ်သည်” ဟု ရေးသား သတိပေးခဲ့ကြသည်။

စာနယ်ဇင်းလွတ်လပ်ခွင့် ပေးသည်ဟု ဆိုသော်လည်း အရေးအသား တင်ပြပုံများနှင့် ပတ်သက်၍ စာနယ်ဇင်း မီဒီယာများကို တရားစွဲမှုများရှိခဲ့သလို အချို့မှာ နှစ်ရှည်ထောင်ကျခြင်းများပင် ရှိခဲ့သည်။

သို့ရာတွင် တရားလက်လွတ် ပရမ်းပတာ ရေးနေသည့် သူရိယနေ၀န်း(အာရှအလင်း)ကဲ့သို့ ဂျာနယ်ကို ဘာကြောင့် အရေးမယူသလဲ စဉ်းစား၍မရပါ။ သူရိယနေ၀န်းက ပုဂ္ဂိုလ်ရေး ပုတ်ခတ် ရေးသားနေသူများတွင် အငြိမ်းစား ယူသွားသည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေမှစ ခရိုနီများအလယ် လက်ရှိ တာဝန်ထမ်းဆောင်နေသည့် ဌာနဆိုင်ရာများမှ ၀န်ထမ်းများပင် ပါဝင်ပါသည်။

စာနယ်ဇင်း မီဒီယာများကို အရေးယူ ဖမ်းဆီးထောင်ချခြင်းများ ရှိနေသော်လည်း အာရှအလင်း မပါဝင်ခြင်းကို အံ့သြတကြီး ဖြစ်မိကြောင်းပါခင်ဗျား …..

အလုပ်သင်သတင်းထောက်လေး ‪#‎YN‬

ရန်ကုန်မြို့သစ်စီမံကိန်းနောက်ကွယ်မှ

ပြည်သူတွေ စိတ်ဝင်စားနေတဲ့ ရန်ကုန်မြို့သစ် စီမံကိန်း နောက်ကွယ်က
တရုတ်လူမျိုး ရှောင်စန်း ။
================================================
ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်အစည်းအဝေးတွင် ရုတ်တရက် တင်လိုက်သော ကြည့်မြင်တိုင် တစ်ဖက်ကမ်း အေးရွာတွင် အကောင်အထည်ဖော်မည့် ရန်ကုန်မြို့သစ် စီမံကိန်အကြောင်း ပွက်လောရိုက် နေကြသည်။ ယင်း၏ အကျိုးဆက်အဖြစ် သြဂုတ်လ ၂၉ရက်နေ့တွင်မူ နိုင်ငံတော်ပိုင် သတင်းစာများတွင် တင်ဒါခေါ်ပြီးမှ ဆောင်ရွက်မည်
ဖြစ်ကြောင်း ပြန်လည်ကြေညာခဲ့ရသည်။ ထိုအေးရွာမြို့သစ် စီမံကိန်းကို ၂၀၁၃ခုနှစ် ဒီဇင်ဘာလတွင် ဖွဲ့စည်းလိုက်သော မြန်မာ့စေတနာ မြို့သစ် အများပိုင် ကုမ္ပဏီက အကောင်အထည်ဖော်ရန် မူလက လက်သိပ်ထိုး စီစဉ်ခဲ့ကြသည်။

ထိုကုမ္ပဏီ အပါအ၀င် Yangon Crown ကုမ္ပဏီ၊ Crown Advance ကုမ္ပဏီတို့၏ ပိုင်ရှင် အစစ်ကိုလည်း ပြည်သူများ သိလိုလာကြသည်။ ထိုကုမ္ပဏီများတွင် နာမည် ထည့်မထား သော်လည်း အမှန်ပိုင်ဆိုင်သူ နှစ်ဦးမှာ ရှောင်စန်းနှင့် ရှောင်စွတ်ဆိုသည့် တရုတ် ညီအစ်ကိုဖြစ်သည်။

ညီဖြစ်သူ ရှောင်စွတ်သည် တရုတ်နိုင်ငံမှ အင်ဂျင်နီယာဘွဲ့ ရထားသူဖြစ်ပြီး မြန်မာစကားကို ကောင်းစွာ မပြောတတ် ပေ။ ရှောက်စန်းသည် လွန်ခဲ့သည့် (၁၅)နှစ်က ယူနန်ပြည်နယ်မှ ၀င်ရောက်လာသည့် တရုတ်လူမျိုးဖြစ်ပြီး သူ၏ ဇနီးမှာ ယူနန်ပြည်နယ် အစိုးရအဖွဲ့ဝင်တစ်ဦး၏ သမီးဖြစ်ပြီး ကူမင်မြို့တွင် နေထိုင်သည်။

ရှောက်စန်းသည် တရုတ်နယ်စပ်မှ ၀ါယာကြိုးများကို ပြည်တွင်းသို့ တရားမ၀င် ခိုးသွင်းရင်း ယခင်ဆောက်လုပ်ရေး ၀န်ကြီး ဗိုလ်ချုပ်ခင်မောင်မြင့် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဘ၀ကရင်းနှီးခဲ့သည်။ဗိုလ်ချုပ်ခင်မောင်မြင့်၏ အကူအညီဖြင့်ပင် ဆောက်လုပ်ရေးလောကထဲသို့ ရောက်လာခဲ့သည်။

ရှောင်စန်း လူမသိသူမသိ ရရှိခဲ့သော ဆောက်လုပ်ရေး လုပ်ငန်းများမှာ ပုသိမ်-သလပ်ခွာ ကားလမ်း (မော်တင်စွန်း ကားလမ်း)၊ ပခုက္ကူတံတားတွင် ဘိုးပိုင်လုပ်ငန်း အားလုံး၊ ညောင်တုန်း တံတားတွင် ဘိုးပိုင်လုပ်ငန်း အားလုံး၊ ဘိုကလေး ကျွဲခြံရေကျော် တံတား ဆောက်လုပ်ရေး၊ တောင်ကြီးမြို့နယ်နှင့် မိုင်းပွန်မြို့နယ်တွင် လျှပ်စစ်ရုံးများ ဆောက်လုပ်ရေး၊ တောင်ကြီးမြို့ အစိုးရ ၀န်ထမ်းအိမ်ရာ ဆောက်လုပ်ရေး၊ ဟံသာဝတီကားဝင်းကို ရန်ကုန်စည်ပင်နှင့် အကျိုးတူပူးပေါင်း ဆောင်ရွက်ခွင့်၊ လင့်လမ်းဘဏ်ရိပ်သာကို ကျပ်၈ဘီလျံဖြင့် ၀ယ်ယူခွင့်၊ မကွေး ကံပြားကားလမ်းဖောက်လုပ်ရေး၊ ငမိုးရိပ်တံတား ဆောက်လုပ်ရေး၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် မြေတူးဖော်ရေး လုပ်ငန်းတို့ ဖြစ်သည်။

မြန်မာ့စေတနာ မြို့သစ် အများပိုင် ကုမ္ပဏီကို တရားဝင် မဖွဲ့စည်းမီကပင် ထိုမြို့သစ်အတွက် အဆောက်အဦး ဒီဇိုင်းများမှာ၂၀၁၃ခုနှစ် အောက်တိုဘာလတွင် ရေးဆွဲခဲ့ပြီးဖြစ်သည်။

ရှောင်စန်းသည် Yangon Crown ကုမ္ပဏီအမည်ဖြင့် Standard ၀ါယာကြိုးများ ထုတ်နေသလို၊ မြောင်းတကာ စက်မှုဇုန်တွင်လည်း သံချောင်းလုံး စက်ရုံဟု အမည်တပ်ထားသော သံမဏိ စက်ရုံတစ်ရုံ ပိုင်ဆိုင်ထားသည်။

ရှောင်စန်းသည် သူ၏ ကုမ္ပဏီများတွင် သူ၏လူယုံ မြန်မာလူမျိုးများ အမည်ကိုသာ ထည့်သွင်းလေ့ရှိသည်။ ဗိုလ်ကြီး အုန်းကျော်မြင့်၏ နိုင်ငံတော် လုပ်ကြံမှုတွင် အစိုးရသက်သေ လုပ်သွားသူ ဗိုလ်ကြီးဝင်းသိန်း၏ သားမက် မျိုးသိန်းထွေး ခေါ် သားပု၊ အောင်ကမ္ဘာ အောင်စိန်တို့ နှင့်အတူ ရှောင်စန်းသည် ပြည်သူ့ရင်ပြင်ကိုလည်း  Natutal World တို့ပြည်သား ကုမ္ပဏီ အမည်ဖြင့် နှစ်ရှည်ငှားရမ်းခွင့် ရထားသည်။ မည်သူမှ သတိမထား မိလိုက်သော်လည်း ရှောင်စန်းသည် ဦးသိန်းစိန် ၀န်ကြီးချုပ်ဘ၀ဖြင့် ပခုက္ကူတံတားတည်ဆောက်မှု စစ်ဆေးစဉ်ဦးသိန်းစိန်၏ ဘေးတွင်ကပ်လျက်ရပ်ပြီး ရှင်းပြနေပုံသည် နိုင်ငံပိုင် သတင်းစာများ မျက်နှာဖုံးတွင် ပါဝင်ခဲ့ဖူးသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို အိုင်ဗင်ဟိုနှင့် ၀မ်ပေကွင် အလွဲအပြောင်းတွင် ပျောက်ဆုံးသွားသော ကြေးနီတန် ၃၀၀သည် ရှောင်စန်း၏ Yangon Crown ၀ါယာစက်ရုံ ဂိုဒေါင် အတွင်းမှ ပြန်မိသော်လည်း ရှောင်စန်းသည် တစ်စုံတစ်ရာ အရေးယူခံရခြင်း မရှိခဲ့ပေ။

ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးမြင့်ဆွေ၏ သားမက် သြစတြေးလျ နိုင်ငံသား ခံယူထားသူ ဦးတာရာ မြင့်ဆွေသည် ရှောင်စန်း၏ Yangon Crown ကုမ္ပဏီတွင် ဒါရိုက်တာတစ်ဦး ဖြစ်သည်။ ယခင်ဆောက်လုပ်ရေး ၀န်ကြီး ဗိုလ်ချုပ် ခင်မောင်မြင့်၏ သူငယ်ချင်းများ ဖြစ်သော ဗိုလ်သင်တန်း အပတ်စဉ်(၄၉)မှ ဗိုလ်မှူးကြီး ခင်မောင်မြင့်၊ ဗိုလ်မှူးကြီး ဌေးအောင်၊ ဗိုလ်မှူးကြီး လှတင့်နှင့် ယခင်ယာဉ်ထိန်း တပ်ဖွဲ့မှူး ရဲမှူးကြီး အောင်နိုင်တို့သည် ရှောင်စန်းထံတွင် ရာထူးကြီးများ ရယူထားသည်။

ရန်ကုန် မြို့သစ်စီမံကိန်းမှာ အများပြည်သူ ယခုမှ သိရှိသော်လည်း ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီကပင် မည်သည့် ခွင့်ပြုချက်မှ မကျသေးမီ ဆောက်လုပ်ရေးလုပ်ငန်းများ စတင်ဆောင်ရွက်ပြီး အဆောက်အဦးများ စတင် ဆောက်လုပ်နေပြီ ဖြစ်သည်။

ယခုမီဒီယာများနှင့် အများပြည်သူ ကန့်ကွက်မှတင်ဒါခေါ်မည်ဟု ကြေညာခဲ့သော်လည်း အေးရွာတွင် လယ်မြေဧက ထောင်ချီဝယ်ယူပြီး ဖြစ်သော ရှောင်စန်းမှလွဲပြီး အခြားမည်သူမှ တင်ဒါအောင်မြင်လိမ့်မည်မဟုတ်။ ထိုအချိန်တွင် ရှောင်စန်း မျက်လှည့်ပြထားမည့် ကုမ္ပဏီတစ်ခုက မည်သို့မည်ပုံ ရယူသွားမည်ကို စောင့်ကြည့်ရပေဦးမည်ဖြစ်သည်။

ယနေ.ထုတ် Tomorrow သတင်းဂျာနယ် မျက်နှာဖုံးသတင်းဆောင်းပါး

ုနိုင်ငံ့ဝန်ထမ်းတွေ ဘယ်တော့မှ ပြည်သူကို ကူမလဲ

Thai-Myanmar နယ်စပ်ဘုရားသုံးဆူ နယ်စပ်မျဉ်းပေါ်မှာကျနော်ရပ်နေပါတယ် နောက်ကိုခြေတလှမ်းဆုတ်ရင် မြန်မာမြေပဲ့ ကျနော့်နောက်မှာမြင်နေရတာက မြန်မာပိုင်နက် ဘုရားသုံးဆူမြို့ပါ ထိုင်းဖက်ခြမ်းနဲ့ယှဉ်လိုက်ရင် အလံတိုင်တခုပဲမြင့်ပြီး ကျန်တာအကုန်နိမ့်ပါတယ်။

ကျနော့်ညာဖက်ခြမ်းမှာက ထိုင်းလဝကဂိတ်ရုံးလေးတည်ရှိပြီး ထိုင်းတွေ Border Pass လုပ်ပြီးမြန်မာပြည်ဖက်ကိုဝင်နေကြတာတွေ့ပါတယ်။ အာ့နဲ့ပြောရအုံးမယ် အဲလိုထိုင်းတွေဝင်နေတော့ ကိုယ်လည်းသူတို့နောက်က တန်းစီပြီးဝင်လိုက်ပါတယ်။ ကိုယ့်အလှည့်ရောက်လို့ ဘဒ်ပချာချွန်(ထိုင်းမှတ်ပုံတင်)ဆိုပြီးတောင်းတော့ မြန်မာပတ်စပို့ကိုထုတ်ပြလိုက်ပါတယ်။

အဲဒီမှာ ထိုင်းလဝကကမျက်ကလူးဆန်ပြာဖြစ်သွားပြီး…ဟာ!! ဖမာ့ပဲ့..သွားလို့မရဘူး..ခွန်ထိုင်းပဲ့သွားလို့ရတယ် မင်းလာရာလမ်းကအခုပြန်လှည့် ပိုင်း…ပိုင်း..ဆိုပြီးနှင်လွှတ်ပါတယ်။ ကျနော်လည်း တော်တော်ကြောင်သွားပါတယ် ဗမာပြည်ထဲကို ဗမာဝင်လို့မရဘူး ခွန်ထိုင်းပဲ့ဝင်လို့ရတယ်ဆိုတော့။

အာ့နဲ့အပြင်ထွက်လာပြီးရပ်နေတုန်း ဗမာတယောက်ရောက်လာပြီး အကိုသုံးဆူဖက်ဝင်မလို့လား ကျနော်ဌာနကလူနဲ့ ညှိပေးမယ်လေ ဘတ် ၂၀၀ ပေးရမယ်ဆိုပြီးလာပြောပါတယ်။ အဲလိုပြောခိုက်မှာပဲ့ ခုနက ထိုင်းလဝကက ကျနော့်ကိုလက်ရပ်ခေါ်လိုက်ပါတယ်။ ကိုယ်လည်းထင်မိတာ ဒီထိုင်းခုမှစိတ်ကောင်းဝင်လို့သွားခိုင်းတာထင်ပြီး သူ့ဆီလျှောက်လာပါတယ်။ အဲမှာ သူပြောပြတယ် မင်းပတ်စပို့နဲ့က ဒီဂိတ်တွေကဝင်လို့မရဘူး ပုံမှန်ဂိတ် (ရနောင်း၊မဲဆောက်တို့လို) တွေကပဲ့ဝင်လို့ရတယ်ပေါ့။ ခုနကမြန်မာရဲနဲ့လုပ်စားနေတဲ့ကောင်တွေက

မင်းဆီကလိုင်းရိုက်ခ လည်းယူမယ်။ ပြီးတော့နောက်ရဲကို လက်ကုတ်ပြီး မင်းကိုပတ်စပို့နဲ့ဝင်လာတာကိုအကြောင်းပြုပြီး ထပ်နွှာမယ်။ မင်းတို့ဖမာ့အာဏာပိုင်တွေအကျင့်မင်းလည်းသိမှာပါ။

ပြန်လှည့်ပြီး တရားဝင်ဂိတ်တွေကပဲဝင်ပါ တခြားအပေါက်တွေရှိတယ် မင်းဝင်သွားလည်း ဘုရားသုံးဆူက သေးသေးလေး။ သူတို့ ချက်ချင်းရှာတွေ့တယ် လာရစ်ကြမှာ လို့ပြောပြပါတယ်။ အာ့နဲ့ကျနော်လည်း မဝင်ဖြစ်တော့ပဲ အနီးနားက ဗမာမတယောက်ရောင်းနေတဲ့ထမင်းဆိုင်မှာဝင်းစားပြီး ဖြစ်လာတဲ့အကြောင်း ပြောပြပါတယ်။ အဲဒီအမကြီးလည်းပြောတယ်။ ပတ်စပို့ရှိမှန်း မြန်မာဖက်ကအာဏာပိုင်တွေသိသွားရင် မဝင်တာပဲ့ကောင်းတယ်တဲ့ အဲသလိုနဲ့ခံရတဲ့လူပေါင်းများပြီလို့ပြောပါတယ်။ ကျနော်လည်း စံခဘူရီမြို့ထဲလိုင်းကားစီးပြီးပြန်ဝင်လာပါတော့တယ်။

လမ်းမှာစဉ်းစားမိတယ်။ ထိုင်းအာဏာပိုင်တွေဟာ ဘယ်လိုအခြေနေပဲ့ဖြစ်နေပစေ သူတို့ထိုင်းတွေ အချင်းချင်းကူညီတာပဲရှိတယ်။ ပျော့ကွက်ရှာပြီးမရစ်ကြမလုပ်စားကြဘူး။ မြန်မာအာဏာပိုင်ဆိုသူတွေ နိုင်ငံဝန်ထမ်း ဆိုသူတွေကတော့ အမြဲလိုလို အရပ်သားပြည်သူဆို အားနည်းချက်ရှာ ရစ်မယ် ညှစ်မယ် ရှာစားဖို့ပဲ အာရုံစိုက်နေကြတယ်။

ရှက်ဖို့ကောင်းတာက ဒီလုပ်ရပ်ကို ထိုင်းတွေတောင်သိနေပြီ….ဘယ်ခေတ်ဘယ်ခါကျမှပဲ့ နိုင်ငံဝန်ထမ်း အာဏာပိုင်တွေ ပြည်သူကိုကူညီတဲ့ခေတ်ရောက်ပါ့မလဲ..???

မေမြတ်နိုးနဲ့သရဖူကိစ္စ

998433_731923663514941_2016410539_n 139969788851f6ea_l may_myat_noe_02 maymyatnoe www.mmdailystar.com (13) i i
မြန်မာအလှမယ် မေမြတ်နိုးကို သရဖူရုတ်သိမ်းတာနဲ့ ပတ်သတ်ပြီး ပြောစရာလေး တွေရှိလာပါတယ်၊ အေဂျင်စီက လှနုထွန်းနဲ့ မေမြတ်နိုးတို့ကြား ဘယ်လိုတွေကတိကဝတ်တွေ ရှိခဲ့လဲတော့ သေချာမသိဘူး၊ အခုကြားထဲက ဝင်လာတဲ့ ကိုရီးယားအဖွဲ့ အစည်းအကြောင်းကို ပြောချင်တယ်၊ နိုင်ငံကိုယ်စားပြုမယ်တစ်ယောက်ကို ဒေါ်လာတစ်သိန်းတန် (တကယ်ကောတန်ရဲလား မသိ) သရဖူယူပြီးရှောင်နေပါတယ်ဆိုပြီး ကြေငြာချက်ထုတ်လိုက်ကတည်းက အဲ့ဒီအဖွဲ့အစည်းရဲ့ ကလေးကလားဆန်မှုနဲ. မရိုးသားမှုကို ဖော်ပြလိုက်သလိုပါပဲ။

နောက်ပြီး မေမြတ်နိုး ကိုရီးယားကိုမိခင်နှင့်အတူသွားတဲ့အပေါ်မှာရော အဲ့ဒီအဖွဲ့ အစည်းက မိခင်ကို ပြန်လွှတ်ပြီး မေမြတ်နိုးတစ်ယောက်ထဲနေခဲ့ဖို့ ဖိအားပေးတာကလည်း အဲ့ဒီအဖွဲ့အစည်းရဲ့ မရိုးသားမှုကို သိသာစေပါတယ်၊ အသက် နှစ်ဆယ်မပြည့်သေးတဲ့ မိန်းခလေးတစ်ယောက်ကို ဘယ်လိုမိဘက နိုင်ငံရပ်ခြားမှာတစ်ယောက်ထဲ ထားခဲ့နိုင်မလဲ၊ စဉ်းစားကြည့်ကြပါ၊ နောက်ထပ် ထပ်ပြီးမသင်္ကာစရာကတော့ ပြီးခဲ့တဲ့နှစ်တွေက လာရောက်ယှဉ်ပြိုင်ခဲ့တဲ့မယ်တွေထဲက သုံးယောက်ဟာ ထွက်ပြေးလို့ လေဆိပ်ထိတောင် လိုက်ဖမ်းယူရတယ်ဆိုတဲ့ သတင်းဟာလည်း ထွက်ပေါ်လာတယ်။

At the 2011 pageant Amy Willerton, a contestant representing Wales, along with a number of other contestants, claimed the pageant had been fixed after the girl representing Venezuela was apparently placed runner-up of the talent round before she had competed. Led by Willerton, the contestants demanded answers from organisers and later made claims that some contestants had been offered automatic top-ranking placements in exchange for sex, by organisers. The events were filmed by Willerton and other contestants (which were later uploaded to YouTube under the  title “Confessions of a Beauty Queen” and spread throughout the pageant industry). Subsequently, she and the representatives from Aletha Shepherd of Guyana and Costa Rica] and Pamela Peralta … fled their hotel to the airport, claiming the pageant organisers had tried to keep them
there against their will and had followed them to the airport to stop them escaping.The Korean National Police Agency and organizers denied all accusations.Willerton claimed that the organizers bribed the police officers.

ပထမဆုံးနှစ်မှာပဲ ကိုရီးယားအလှမယ် ဂျန်အန်းအာ ထိပ်ဆုံးအဆင့်ဝင်နိုင်ဖို့ ကာမကို အလှူတော်ပေးခဲ့ရတယ်စွပ်စွဲခံရပြီး ပြိုင်ပွဲကနေနုတ်ထွက် ဗြိတိန်အလှမယ် အေမီဝီလာတန်ကလည်း ပြိုင်ပွဲစီစဉ်သူတွေက လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်စော်ကားဖို့ကြံစည်လို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း တစ်ကမ္ဘာလုံးသိအောင် ရင်ဖွင့်ပြောပြခဲ့ရတဲ့အဖွဲ့အစည်း။ ခု အဲဒီအဖွဲ့အစည်းက မြန်မာတစ်မျိုးသားလုံး ကိုစော်ကားတာတော့ လက်မခံနိုင်ပါဘူး။

ဒီလိုမျိုးအခြေအနေမှာ မေမြတ်နိုးဘက်ကနေပြီးတော့ နိုင်ငံသားတစ်ယောက်အနေနဲ့ မားမားမတ်မတ်ရပ်တည်ရပါလိမ့်မယ်၊ သမိုင်းကြောင်းမကောင်းခဲ့တဲ့ ကိုရီးယားအဖွဲ့အစည်းကိုရော၊ မယ်တွေအပေါ်မှာ ကာကွယ်ရပ်တည်မှုလုံးဝမရှိပဲ ကိုယ့်အတွက်ပဲရှေ့တန်းတင်ပြီး ထိမ်းချုပ်ထားချင်တဲ့ လှနုထွန်းရဲ့အေဂျင်စီကိုရော၊ ဘာမှန်းညာမှန်းမသိ နိုင်ငံခြားတိုင်းပြည်က တခုခုရေးလိုက်၊ပြောလိုက်ရင် ကိုယ့်နိုင်ငံသားဘက်က သေသေချာချာ မစုံစမ်းမလေ့လာပဲ ရေးတတ်တဲ့သူတွေကိုရောသတိပေးချင်ပါတယ်။

Miss Asia Pacific World ဟာ စတင်တည်ထောင်တာ သုံးနှစ်တာဘဲရှိပါသေးတယ် ကိုရီးယားအနုပညာအမည်ခံအေဂျင်စီတွေဟာ သူတို့ရဲမော်ဒယ်တွေ သရုပ်ဆောင်တွေကို လုပ်ငန်းအောင်မြင်ဖိုအတွက် လူကိုချရင်းနှီးခိုင်းလေ့ ရှိပါတယ်။( သေသေချာချာဆက်စုံစမ်းရင် လူကုန်ကူးမှုလို.တောင် ခေါင်းစဉ်တပ်လို.ရနိုင်တယ် )

လွန်ခဲ့တဲ့လေးနှစ်လောက် အဲလိုမျိုး အတင်းစေခိုင်းလို သက်သေသွားတဲ့ ကိုရီးယား သရုပ်ဆောင်ရဲသေတမ်းစာမှာပါတဲ့ အချက်အလက်တွေကြောင့် သူဌေးတချိုနဲ့ ရုပ်သံဒါရိုက်တာတချို အရေးယူခံခဲ့ရပါတယ်။ APW organization Korea က ပွဲလုပ်တာ သုံးနှစ်ဘဲရှိပေမယ့် မေမြတ်နိုးနဲ့ပါဆိုရင် သရဖူသိမ်းတဲ့ အဖြစ်မျိုးက ၃ ကြိမ်ရှိပြီး လိုကြားပါတယ်ခင်ဗျာ။

မေမြတ်နိုးတစ်ယောက်ထဲကို လက်ညှိုးထိုးနေလို့တော့မပြီးဘူး။ ဘာတဲ့ …အလှမယ်ကို ထိန်းချုပ်မရလို့ အဲဒီအဖွဲ့အစည်းဆီကို လှမ်းတိုင်တယ်လို့လည်းကြားတယ်။ အဲဒီသူတွေရော ဒီလိုတန်းမရှိတဲ့ အဖွဲ့အစည်းနဲ့ ချိတ်ဆက်ဆောင်ရွက်ပြီး ပြည်တွင်းက ရိုက်စားလုပ်နေကြတဲ့ ပြိုင်ပွဲဝင်စေခဲ့ကြတဲ့သူတွေရော အားလုံးကိုရှုတ်ချပါတယ်။

စက်တင်ဘာ ၂ ရက် မေမြတ်နိုးရဲ့ ရှင်းလင်းပွဲဆီကနေလည်း နောက်ကွယ်မှာ ဖြစ်နေတဲ့လှို့ ၀ှက်ချက်တွေအားလုံးကို ပွင့်ပွင့်လင်းလင်းချပြရင်ဖွင့်ဖို့လည်းမျှော်လင့်နေပါတယ်။ တစ်နိုင်ငံလုံးကို ကိုရီးယားက ၃ နှစ်လောက်သာရှိသေးတဲ့ နံမည်ပျက်ရှိတဲ့၊ ဘာမဟုတ်တဲ့ အဖွဲ.အစည်းတစ်ခုက စော်ကားတာခံလိုက်ရတာ ရင်နာလို့မဆုံးဘူးးး။ လေးစားလျက်…။။

Beware of Logic

လောဂျစ်တွေ သတိထား

simple-logic-large

(၁)

လောဂျစ် (Logic)။ ကျွန်တော်တို့ မော်လမြိုင် ကောလိပ်တွင် ကျောင်းနေစဉ်က သင်ရသည်။

“ဗျိုင်းသည်ဖြူသည်။ ထုံးသည်ဖြူသည်။ ထို့ကြောင့် ထုံးသည် ဗျိုင်းဖြစ်သည်”

“ကျီးသည်မည်း၏။ မီးသွေးသည်မည်း၏။ ထို့ကြောင့် မီးသွေးသည် ကျီးဖြစ်၏”

ထိုလောဂျစ်များသည် မှားကြောင်းဆရာမက ထောက်ပြခဲ့သည်။

(၂)
အင်္ဂလိပ်တို့၏ စုန်းဟုတ်မဟုတ် စစ်ဆေးသောနည်းတွင် စုန်းယိုးသူကို ရေထဲချသည်။ ၁၅ မိနစ်ကြာတော့ ပြန်ဆယ်သည်။

မသေရင်စုန်း၊ မီးရှို့သတ်သည်။ သေရင်စုန်းမဟုတ်။ အပြစ်က လွတ်သည်။

ကြောက်စရာကောင်းသော လောဂျစ်ဖြစ်သည်။ နှစ် ၂၀၀ ကျော်ကြာမှ ထိုစီရင်ချက် မှားနေသည်ကို သိသည်။

ပြင်သစ်လူဝီဘုရင်၏ မိဖုရား Marie Antoinette (၁၇၅၅-၁၇၉၃) သည် ပြင်သစ်တော်လှန်ရေး ဖြစ်နေစဉ် လမ်းပေါ်တွင် ဘာတွေအော်နေတာလဲဟု သူမ၏ အထိန်းတော်များကို မေးသည်။ “လူတွေက ပေါင်မုန့်တောင်းနေတာပါ။ ငတ်နေကြလို့” ဟု အထိန်းတော်က ပြောသောအခါ “အတော်အတဲ့ လူတွေပဲ။ ပေါင်မုန့်မရှိရင် ကိတ်မုန့်စားပေါ့” ဟု ပြောဖူးသည်။

ထိုလောဂျစ်များကို အကန့်အသတ်ကြောင့်ဖြစ်သော လောဂျစ်မှားများဟု ဆိုသည်။ မိမိသိသော ဘောင်အတွင်းမှ တွေးတောရရှိသော လောဂျစ်သာ ဖြစ်သည်။

(၃)

ထိုလောဂျစ်မှားကြောင်း မသင်လည်း တတ်ပါသည်။ လူ၏ ဥာဏ်ရည်ဥာဏ်သွေး (Human Intelligence) သည် ဆင်ခြင်ခြင်းဖြင့် တိုးတက်သလို ဆင်ခြင်ရာမှလည်း ဥာဏ်ရည်ဥာဏ်သွေး တိုးတက်လာသည်။ အထူးသဖြင့် ကျွန်တော်တို့ မြန်မာလူမျိုးများသည် ဗုဒ္ဓအဘိဓမ္မာများကို ဖတ်ရသည်။ သင်ရသည် ဘုန်းတော်ကြီး ကျောင်းများတွင် တရားတွေ နာကြရသည်။

ခုံတော်မောင်ကျဘမ်းလို စာအုပ်တွေကို ဖတ်ရသည်။ စကားတောင်စားကို ဖတ်ရသည်။ ၅၅၀ နိပါတ်တော်၊ အီစွပ်ပုံပြင်များသည် ဥာဏ်ရည်ဥာဏ်သွေးကို ဆင်ခြင်တွေးခေါ်နိုင်သည့်ဘက်ကို ဦးတည်သည်။

ပုံပြင်များစွာတွင် ဒဿနတွေ ပါသလို လောဂျစ်တွေ ပါသည်။

ဗုဒ္ဓဘုရားရှင် လက်ထက်ကပါ။ သိဉ္စည်းဆရာကြီးကို တပည့်များက ပြောသည်။

“ဆရာကြီးဗုဒ္ဓရဲ့ တရားတွေဟာ အင်မတန် ကောင်းမွန်မှန်ကန် သင့်မြတ်တယ်။ ဒါကြောင့် လူလိမ္မာများစွာဟာ ဗုဒ္ဓဂေါတမနောက်ကို လိုက်သွားကုန်ကြပြီအရှင်၊ ဘယ်လိုလုပ်ကြမှာလဲ” ဒီလိုမေးတော့ ရဟန်းကြီးက ရယ်သတဲ့။

“တပည့်တို့ လောကမှာ လူမိုက်နဲ့ လူလိမ္မာ ဘယ်သူက များပါသလဲ”

“လူမိုက်က များပါတယ်”

“ဒါကြောင့် မင်းတို့မပူကြနဲ့။ ငါ့နောက်မှာလည်း တပည့်တွေများစွာ ရှိနေကြမှာပါပဲ”။ ၎င်းသည် လောဂျစ်ဖြစ်သည်။

အမှားအမှန်ကို ဆိုလိုသည် မဟုတ်။ ဒါဆိုရင် နောက်ဆက်တွေးကြည့်ပါ။ လူမိုက်အရေအတွက်တွေ များသည်။

ဆရာကြီးတွင် တပည့်တွေ များမည်။ ထို့ကြောင့် ဆရာကြီးသည် လူမိုက်ဖြစ်သည်။

သိဉ္စည်းဆရာကြီးကိုယ်တိုင် လူမိုက်တို့၏ ဆရာကြီးအဖြစ် မိမိကိုယ်မိမိ ခံယူကြောင်း သူ့စကားအရ သိနိုင်ပါသည်။

ဒီတော့ ဗုဒ္ဓ၏ မင်္ဂလာတရားကို ရှုနိုင်သည်။

“လူမိုက်ကို ပေါင်းသင်းရင် မင်္ဂလာ မရှိဘူး။ ပညာရှိကို ပေါင်းသင်းမှ မင်္ဂလာ ရှိမယ်”

မှန်သည်။ ထို့ကြောင့် မှန်ကန်သော လောဂျစ်ကိုရဖို့ ဆင်ခြင်ရန် လိုအပ်သည်။

(၄)
သို့သော် နိုင်ငံရေး နယ်ပယ်တွင် စကားအသုံးအနှုန်းတွေကို ပြင်ဆင်ကာ လူတွေကို လှည့်စားသည်။ ဥပမာ-

“ပြည်နယ်တွင် ပညာရေး တိုးတက်မှုအတွက် လုပ်ဆောင်ရာ အထက်တန်းကျောင်း အရေအတွက် ရာခိုင်နှုန်း ၂၀၀ တိုးမြင့်လာကြောင်း တွေ့ရသည်”။ ထိုသတင်းမျိုးကို ဖဆပလ လက်ထက်က တွေ့ရသည်။ အမှန်မှာ မူလက အထက်တန်းကျောင်း တစ်ကျောင်းသာ ရှိနေသော ပြည်နယ်တွင် ကျောင်းနှစ်ကျောင်း ဖြစ်လာကြောင်း ရေးနိုင်ပါသည်။ သို့သော် မရေးပါ။

ရာခိုင်နှုန်း ၂၀၀ တိုးတက်လာသည်ဟုရေးကာ လှည့်စားပါသည်။

မိုးလေ၀သကလည်း ကြေညာသည်။

ရွာရန်ရာခိုင်နှုန်း ၅၀ ဖြစ်ပါသည်တဲ့။ တကယ်တော့ “ရွာချင်ရွာမယ် မရွာချင်နေမယ်” ဟု ပြောသည်နှင့် တူသည်။

မကြာသေးမီက ဒေါက်တာဆိတ်ဖွားကို ရှာဖွေသည်။ (ကျွန်တော်လည်း နေပြည်တော်တွင် သွားရောက်အစစ်ခံရ ပါသည်)

ဤတွင် အစိုးရပိုင်းဆိုင်ရာ ပုဂ္ဂိုလ်တစ်ဦးက “ကျွန်တော်မဟုတ်ပါ။ ကျွန်တော့်လက်အောက် ၀န်ထမ်းလည်း တစ်ယောက်မှ မဟုတ်ပါ” ဟု ရဲရဲကြီး အာမခံသွားခဲ့သည်။

“ကျွန်တော်မဟုတ်ပါ” ဆိုသော စကားကို ဘယ်သူမဆို ပြောနိုင်ပါသည်။ ဒါပေမဲ့ “ကျွန်တော့်လက်အောက်က ၀န်ထမ်းလည်း တစ်ယောက်မှ မဟုတ်ပါ” ဆိုတာကိုတော့ စဉ်းစားစရာ ဖြစ်လာပါသည်။ ဘယ်အကြီးအကဲမှ မိမိဝန်ထမ်းဘာ ဆိုတာကို အတိအကျ မပြောနိုင်ပါ။ အမေရိကန်တို့၏ လျှို့ဝှက်ချက်ကို နာဆာမှဝန်ထမ်း ကွန်ပျူတာကျွမ်းကျင်သူ Edward Snowden သည် စုဆောင်းရယူခဲ့သည်။ ပြီးတော့ နိုင်ငံခြားကို ထွက်ပြေးခဲ့သည်။ ဒါကို အမေရိကန်တို့ မသိပါ။

မန္တလေးမှ ရဲစခန်းက အဖြစ်ကို ကြည့်ပါ။ ဆရာသည် တပည့်ကို နေရာတကာမှာ တာဝန်မခံနိုင်ပါ။ ထိုပုဂ္ဂိုလ်က သူတို့တစ်ယောက်မှ မဟုတ်ကြောင်း အတိအကျ ပြောနိုင်လျှင် ဆိတ်ဖွားသည် သူဖြစ်ရမည်ပေါ့။ ကျွန်တော်စွပ်စွဲသည် မဟုတ်ပါ။ လောဂျစ်ကို တင်ပြနေခြင်း ဖြစ်သည်။

(၅)
တစ်ခုတော့ ပြောလိုပါသည်။

စက်တင်ဘာ ၁၂ ရက်ထုတ် Daily Eleven သတင်းစာပါ နိုင်ငံဘဏ္ဍာငွေ အလွဲသုံးသူများ၏ နိုင်ငံခြားဘဏ် ငွေစာရင်း၊ အကောင့်ငါးခုနှင့် ပတ်သက်၍ မြန်မာအစိုးရ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဒုဝန်ကြီး ဦးရဲထွဋ်က Facebook စာမျက်နှာတွင် ရှင်းလင်းထားရာ အစိုးရအနေဖြင့် နိုင်ငံပိုင် ငွေများအား ပြည်ပတွင် လုံးဝအပ်နှံထားခြင်း မရှိကြောင်း ကမ္ဘာ့ဘဏ်ကလည်း ယင်းကိစ္စ မှန်ကန်မှု မရှိသည်ကို သတင်းထုတ်ပြန်ရန်ရှိကြောင်း ဖော်ပြထားသည်။

ထိုအချက်အလက်သည် သူ၏တင်ပြချက်ဖြစ်၍ လောဂျစ်သဘောအရ လက်ခံရပေမည်။

သို့သော် “ဒီလောက်များတဲ့ငွေတွေ ပြည်ပဘဏ်တွေမှာ (အပ်ထားတာကို)မြန်မာနိုင်ငံအပေါ် ဘဏ္ဍာရေးနဲ့ ငွေကြေးအရ အရေးယူပိတ်ဆို့ နှစ်ပေါင်းများစွာ လုပ်ဆောင်လာတဲ့ အမေရိကန် ပြည်ထောင်စုက မသိဘဲ နေပါ့မလား။ ဒီထက်နည်းတဲ့ ငွေစာရင်းတွေတောင် ရှာဖွေပြီး ပိတ်ဆို့နိုင်တဲ့ စွမ်းအားတွေ ရှိနေတယ်။ BIC လို NGO ကတောင် သိနိုင်ရင် အီးယူဘာကြောင့် မသိတာလည်း စဉ်းစားကြည့်ပေါ့” တဲ့။ ဤလောဂျစ်ကတော့ မှားပါသည်။

အမေရိကန် အစိုးရတို့ အီးယူတို့ မသိတာနဲ့ BIC လို NGO က သိတာကို ဆက်စပ်လို့ မရပါဘူး။

အချို့ကိစ္စကို တစ်ရပ်ကွက်လုံး သိကြပေမယ့် သမီးတို့အဖေ မသိတာမျိုးတွေ အများကြီးပါ။

မိဘနှစ်ပါးသာ သိပေမယ့် တစ်ရပ်ကွက်လုံး သိချင်မှ သိပါမည်။ ရပ်ကွက်ထဲက ဆိုက်ကားသမား မောင်တိုးသည် မြန်မာစကား ကျွမ်းကျင်သည်။ အေဘီစီဒီလောက်တော့ တတ်သည်။ သို့သော် အိုဘားမားက မင်္ဂလာပါဟုသာ ပြောနိုင်သည်။ ကကြီးခခွေး တတ်ပါ့မလား။ အိုဘားမားသည် အမေရိကန် သမ္မတကြီးပဲ ကကြီးခခွေးလောက်တော့ တတ်မှာပဲဟု မပြောနိုင်ပါ။

မြန်မာစကား ရှိသည်။ “ဆန်ခိုးမမိ ဖွဲခိုးမိတဲ့” နည်းတာကို သိပေမယ့် များတာမသိတာ ဘာမှမဆန်းပါဘူး။

(၆)
လောကကြီးမှာ မသိတာ မတတ်တာ အများကြီးပါ။ ပုံပြင်လေးတစ်ခုကို ပြောလိုသည်။

တစ်ခါက ခရစ်ယာန် ဘုန်းတော်ကြီးတစ်ပါးသည် လှေစီးကာ တစ်ဖက်ကမ်းသို့ ကူးသည်။ အခွင့်အခါရတုန်း တရားဟောမည်ဟု စိတ်ကူးကာ လှေသမားအား “မင်းဘုရားသခင်ကို သိလား”

“မသိပါအရှင်”

“ယေရှု ခရစ်တော်ကိုရော”

“မသိပါသခင်”

“ဒါဆို မယ်တော်မာရီကိုရော”

“မသိပါ”

“အင်း မင်းအတော်ခက်တဲ့ကောင်ပဲ မသိတာတွေ အများကြီးပဲ”

ဤတွင် မိုးသည်းထန်စွာ ရွာလာ၍ လေပြင်းတိုက်လာသည်။

“အရှင်ရေကူးတတ်လား”

“မတတ်ပါ”

“လှေကမှောက်တော့မယ်။ ကျွန်တော့် အင်္ကျီစကို သေသေချာချာ ဆွဲထားပါ။ မှောက်တဲ့လှေ ခိုစီးပြီးသွားမယ်။ ကျွန်တော့်ကို အသာဆွဲထား” လှေမှောက်သွားသည်။ သူတို့နှစ်ယောက် မှောက်သောလှေကို ခိုတွဲကာ ကမ်းကိုရောက်ခဲ့ကြသည်။

လောကမှာ မသိတာတွေ အများကြီးပါ။ အမေရိကန်နှင့် အီးယူတို့ကို အရမ်းအထင် မကြီးသင့်ပါ။

မြန်မာပြည်သူများလည်း သိတာတွေ အများကြီးပါ။ တစ်နှစ်တစ်နှစ် ဓာတ်ငွေ့ရောင်းရသော ဒေါ်လာဘီလျံ ဘယ်လောက်ရှိသလဲ။ သိသူတွေတော့ ရှိပါမည်။ အီးယူနှင့် အမေရိကန်တို့ မသိဘူးလို့တော့ မယူဆပါ။ (ဒါကတော့ ယူဆချက်သာ ဖြစ်သည်။ လောဂျစ်မဟုတ်ပါ)

စကားစ သတ်ပါတော့မည်။

အတွေးများကို မိမိသိသော ဘောင်အတွင်းမှ တွေးကြသည်။ မိမိကို သင်ကြားပေးသောကျောင်း (Institution) မှ ရရှိသော လောဂျစ်များဖြင့် ဆင်ခြင်ကြသည်။ ထိုဆင်ခြင်မှုသည် နှစ်ပေါင်း ၅၀ ကျော်အထိ အမြစ်စွဲနေကြသည်။

“ငါနှင့်မတူ ငါ့ရန်သူ” ဟူသော အတွေးမျိုးသည် မင်းအစိုးရ အားလုံးတွင် ရှိတတ်ကြသည်။ အမှန်တော့ နိုင်ငံသားအားလုံးတွင် တူညီသော ရည်ရွယ်ချက် ရှိသည်။ နိုင်ငံတော် တိုးတက်ဖို့ပါ။

ကမ္ဘာသား အားလုံးတွင်လည်း တူညီသော ရည်ရွယ်ချက် ရှိသည်။ ကမ္ဘာကြီး တိုးတက်ဖို့ပါ။

“ငါခေါင်းဆောင်ဖြစ်လို့ ငါပြောတာ မှန်တယ်” ဆိုသည့်ခေတ်ကို ထားပစ်ခဲ့ပါ။

မှန်ကန်စွာ ဆင်ခြင်တတ်ပါစေ။

(ဆောင်းပါးရှင်-ဒေါက်တာခင်မောင်ညို)

မိုက်ကယ်မိုးမြင့် (သို့) ပြိုင်ဘက်ကင်းရေနံသူဌေးကြီး

Moe-Myint

မိုက်ကယ်မိုးမြင့်

မြန်မာ့စွမ်းအင်ဝန်ကြီးဌာန၏ ရေနံတွင်းလေးခုကို တူးဖော်လုပ်ကိုင်ခွင့်ကို ရရှိသွားကြောင်း ကြေညာစာကို ၀မ်းသာအားရ ဝှေ့ယမ်းပြရင်း ဦးမိုးမြင့်က ရုံးခန်းထဲသို့ လမ်းလျှောက်ဝင်လာသည်။ လောလောလတ်လတ် ပရင့်ထုတ်ယူလာခဲ့သည့် အခြားနိုင်ငံတကာကုမ္ပဏီကြီးဆယ်ခု ပါဝင်နေသည့် ထိုကြေညာချက်က ပြည်တွင်းစွမ်းအင်လုပ်ငန်း ကျွမ်းကျင်သူများ ပြောကြားကြသော သတင်းစကားများ မှန်ကန်နေကြောင်း သက်သေပြနေပါသည်။ ဦးမိုးမြင့်က သည်နယ်ပယ်တွင်တော့ ပြိုင်ဘက်မရှိဘူးဆိုသည့်စကားပင် ဖြစ်ပါသည်။

“ဒီပြဿနာကတော့ဗျာ လူတွေတော်တော်များများက ကျွန်တော့်ကို လာဆက်သွယ်နေကြတာပဲ။ စွမ်းအင်အကြံပေးဆိုတာတွေပေါ့။ သူတို့ ဘာလို့ ကျွန်တော့်ကိုတွေ့ချင်မှန်း ကျွန်တော်မသိဘူး။ ဒါကြောင့် အဲဒီလူတွေကို ကြိုးစားပြီး ရှောင်နေရတယ်”ဟု အလုပ်စားပွဲမှာထိုင်ပြီး နေရာယူရင်း ဦးမိုးမြင့်ကပြောလိုက်သည်။
လူတွေက ဦးမိုးမြင့်ကို ဘာကြောင့်တွေ့ချင်နေရသလဲဆိုသည့် အကြောင်းရင်းကား ကောင်းစွာရှိပါသည်။ စစ်အာဏာရှင်စနစ်မှ လွတ်မြောက်ပြီး မြန်မာနိုင်ငံက လမ်းပွင့်လာသည့်အချိန်တွင် မိုက်ကယ်ဟုသိကြသည့် ဦးမိုးမြင့်က အမေရိကန်နိုင်ငံ၌ပင် စီးပွားရေးလုပ်နိုင်သူအဖြစ် နိုင်ငံတကာစွမ်းအင်ကုမ္ပဏီကြီးများကပင် အကျိုးတူဖက်စပ်လုပ်ကိုင်လိုကြသည့် လုပ်ငန်းရှင်တစ်ယောက်ဖြစ်ပါသည်။ နိုဝင်ဘာ ၁၅ ရက်တွင် လေလံဖွင့်မည့် မြန်မာ့ကမ်းလွန်ရေနံလုပ်ကွက်များအတွက် နိုင်ငံတကာကုမ္ပဏီတော်တော်များများက သူနှင့်ဖက်စပ်လုပ်ကိုင်လိုနေကြသည်။

လွန်ခဲ့သော အနှစ်လေးဆယ်အတွင်း ဦးမိုးမြင့်က အလုပ်အမျိုးမျိုးကို လုပ်ခဲ့သူဖြစ်၏။ စစ်အာဏာရှင်တစ်ဦး၏ လေယာဉ်ပျံကို မောင်းပေးဖူးသူ၊ မြန်မာနိုင်ငံကို နိုင်ငံတကာအရေးယူပိတ်ဆို့ထားမှုကို တောင့်ခံထားနိုင်ခဲ့သူ၊ အမေရိကန်အစိုးရက သူ့ကို နာမည်ပျက်စာရင်းသွင်းထားမှုကို အောင်မြင်စွာ ပယ်ဖျက်နိုင်ခဲ့သူတစ်ဦး စသည်ဖြင့်ဖြစ်ပါသည်။

“တစ်ခါတလေတော့ အမှန်အတိုင်းလုပ်ရတာ သိပ်ခက်တယ်။ ဒါပေမဲ့ ရေရှည်အကျိုးခံစားရတယ်”ဟု သူကဆိုသည်။
ယခုအခါတွင် ၎င်းက သူ့ စိတ်ကြိုက်စီးပွားရေးလုပ်ငန်းကိုသာ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်သွားရန် စိတ်အားထက်သန်နေပါသည်။ စွမ်းအင်ကုမ္ပဏီ ၆၁ ခု တင်ဒါလျှောက်ထားသည့် ကမ်းလွန်ရေနံလုပ်ခွင့် လိုင်စင်ချပေးမှုသည် မြန်မာနိုင်ငံနှင့် ဦးမိုးမြင့် နှစ်အစိတ်နီးပါး ကျင်လည်ခဲ့သည့် စွမ်းအင်လုပ်ငန်းအတွက် ပြောစမှတ်ပြုရသည့် လေလံပွဲတစ်ခုဖြစ်ပါသည်။

ရန်ကုန်မြို့တွင် ပညာသင်ကြားခဲ့သည့် ဦးမိုးမြင့်က မြန်မာ့ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ထက် နှစ်အနည်းငယ်နောက်ကျပြီး ရန်ကုန်အင်္ဂလိပ်မက်သဒစ်ကျောင်းတွင် ပညာဆည်းပူးခဲ့သူဖြစ်သည်။ ဘန်ကောက်နှင့် အမေရိကန်နိုင်ငံ အနောက်ဗာဂျီးနီးယားတို့တွင်လည်း ပညာသင်ကြားခဲ့သည်။ ရူပဗေဒဘာသာရပ်ဖြင့် ဘွဲ့ရခဲ့၏။ လေယာဉ်မှူးအဖြစ် သင်တန်းတက်ခဲ့ပြီး မြန်မာအစိုးရလေကြောင်းလိုင်းတွင် ၁၃ နှစ်ကျော်ကြာ အမှုထမ်းခဲ့သည်။ သူက မြန်မာနိုင်ငံကို နိုင်ငံတကာနှင့် အဆက်ဖြတ်ခဲ့ပြီး ၂၆ နှစ်ကြာ အာဏာရှင်အဖြစ် အုပ်ချုပ်ခဲ့သူ ဦးနေ၀င်းစီးသည့် လေယာဉ်ကို မောင်းခဲ့သည့် လေယာဉ်မှူးဖြစ်သည်။

ဦးမိုးမြင့်ကတော့ သူသည် ဦးနေ၀င်းကို စကားပင် ကောင်းကောင်းမပြောခဲ့ဖူးပါဟုဆိုသည်။ သူ့မိဘနှစ်ဦးမှာ ၁၉၈၇ ခုနှစ်က ခြောက်လအတွင်း ရှေ့ဆင့်နောက်ဆင့်ဆိုသလို ကွယ်လွန်ခဲ့သောအခါ မြန်မာနိုင်ငံအနေအထားများကို သူစိတ်ပျက်လာပြီး ၀န်ထမ်းဘ၀မှ အလုပ်ထွက်ခဲ့ကာ မြန်မာပြည်မှ ထွက်ခွာသွားခဲ့သည်။ “အစိုးရဆီမှာ တာဝန်ထမ်းဆောင်နေကြတဲ့ လူတွေအားလုံးပဲ စိတ်ပျက်နေခဲ့ကြတယ်။ ဘယ်သူမှမပျော်ကြဘူး”ဟု ပုဆိုးအပြာရောင်ကို ကော်လာကတုံးရှပ်အဖြူရောင်အင်္ကျီနှင့် တွဲဝတ်ဆင်ထားသည့် ဦးမိုးမြင့်ကဆိုပါသည်။
ထိုကဲ့သို့ ရင်နာစရာအဖြစ်အပျက်များက ဦးမိုးမြင့်ကို စွမ်းအင်လုပ်ငန်း၌ ခြေချနိုင်အောင် လမ်းဖွင့်ပေးခဲ့ပါသည်။ စကော့တလန်က Galsgow တက္ကသိုလ်တွင် ဘူမိဗေဒပညာရှင်အဖြစ် သင်ကြားခဲ့သည့် သူ့အဖေက Shell ရေနံကုမ္ပဏီတွင် အတိုင်ပင်ခံအဖြစ် လုပ်ခဲ့ဖူးသည်။ ဦးမိုးမြင့်က ထိုရင်းနှီးသောဆက်ဆံမှုကို သူက ဆက်လက်ထိန်းသိမ်းချင်သည်။

Shell က လူတွေကပြောတယ်။ “မင်းက လေယာဉ်မောင်းတဲ့သူတစ်ယောက်ပဲ။ ဘူမိဗေဒပညာရှင်မဟုတ်ဘူး”တဲ့။ အဲဒီမှာ ကျွန်တော်ကလည်း ပြန်ပြောတယ်။
“ငါ့ကိုခြောက်လပဲ အချိန်ပေးပါ။ နောက်မှ ငါတို့ထပ်ပြောတာပေါ့” လို့။ ဒါ ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်းထဲကို ကျွန်တော် ရောက်လာခဲ့တဲ့ပုံပါပဲ”

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်က လေကြောင်းပစ္စည်းတင်ပို့သူနှစ်ဦး၏ အမှုဆောင်အဖြစ် နှစ်အနည်းငယ်ကြာ လုပ်ပြီးသည့်အခါတွင် ဦးမိုးမြင့်က မြန်မာနိုင်ငံသို့ ပြန်လာခဲ့သည်။ ရေနံလုပ်ငန်းဝန်ဆောင်မှုကုမ္ပဏီဖြစ်သည့် မြင့်နှင့်ရောင်းရင်းများကုမ္ပဏီကို တည်ထောင်သည်။ သူ့ကုမ္ပဏီ၏၀န်ဆောင်မှုများတွင် သယ်ယူပို့ဆောင်ရေးမှ အခမ်းအနားပြင်ဆင်သည်အထိ ပါဝင်သည်။ သူ၏ဖောက်သည်များထဲတွင် ပြင်သစ်တိုတယ်။ မလေးရှားမှ ပထရွန်နာ။ ကိုရီးယားရေနံကော်ပိုရေးတို့ ပါဝင်သည်။ ၁၉၉၆ တွင် သူက MPRL E & P အမည်ရှိ သူ၏ အဓိကကုမ္ပဏီကို တည်ထောင်သည်။ ထိုကုမ္ပဏီက အမေရိကန်ဘိတ်ကာဟုခ်ျကုမ္ပဏီနှင့် ဖက်စပ်လုပ်ကိုင်ပြီး ရေနံတွင်းများကို လုပ်ကိုင်ခဲ့သည်။ ၁၉၉၉ ခုနှစ်တွင် အမေရိကန်ကုမ္ပဏီက မြန်မာမှ လုပ်ငန်းပြန်ရုပ်သွားသောအခါ ဦးမိုးမြင့်က လုပ်ငန်းကို အပြည့်အ၀တာဝန်ယူလိုက်သည်။

ဦးမိုးမြင့်က ၎င်း၏ကုမ္ပဏီများကို တည်ထောင်လုပ်ကိုင်နေစဉ်အတွင်း မြန်မာနိုင်ငံ၏ အခြေအနေကလည်း ပိုမိုဆိုးရွားလာ၏။ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို စစ်အစိုးရက အာဏာလွှဲပြောင်းဖို့ ငြင်းဆန်ခဲ့သည်။ နိုင်ငံတကာအရေးယူပိတ်ဆို့မှုများကြောင့် နိုင်ငံခြားကုမ္ပဏီများ မြန်မာနိုင်ငံမှ စွန့်ခွာကြသည်။ အနောက်နိုင်ငံများ၏ ဖိအားများအောက်တွင် ဦးမိုးမြင့်က ပြည်တွင်းကလူများကို အလုပ်အကိုင် ပံ့ပိုးပေးနိုင်သည်ဟုဆိုသောစိတ်ဖြင့် ၎င်း၏ကုမ္ပဏီအလုပ်များကို လုပ်ကိုင်ခဲ့သည်။ အစိုးရနှင့်ဆက်စပ်သော လုပ်ငန်းများတွင် သူ၏ ဆောင်ရွက်မှုများအတွက် သတိပေးချက်များ ရှင်းလင်းသေချာအောင် ရေးစေခဲ့ပြီး လာဘ်ပေးလာဘ်ယူမှုများ မရှိရအောင် လုပ်ခဲ့သည်။

“အားလုံးကို ရှင်းရှင်းလင်းလင်းဖြစ်အောင် ကျွန်တော်လုပ်တယ်။ ဘာမှဖုံးဖိထားစရာမရှိဘူး”
၂၀၀၈ ခုနှစ်တွင် စစ်အစိုးရနှင့် ပတ်သက်မှုကြောင့် အမေရိကန်အစိုးရက ဦးမိုးမြင့်ကို အမေရိကန်နိုင်ငံသို့ ခရီးသွားလာခွင့်ဗီဇာပိတ်ခဲ့သည်။ သို့သော်လည်း ၎င်း၏တောင်းဆိုမှုကြောင့် နောက်နှစ်တွင် ပြန်ပေးခဲ့သည်။ ၀ီကီလိခ်ကြေးနန်းများ ပေါက်ကြားချက်အရ ဦးမိုးမြင့်သည် စစ်အစိုးရနှင့်ရင်းနှီးသည်မှာ မှန်သော်လည်း အောင်မြင်ပြီး တရားဥပဒေအရ လုပ်ဆောင်သော စီးပွားရေးသမားတစ်ယောက်ဟု အမေရိကန်သံရုံးက သုံးသပ်ခဲ့သည်ဟုဆိုသည်။
လုပ်ဖော်ကိုင်ဖက် စီးပွားရေးလုပ်ငန်းရှင်များက ဦးမိုးမြင့်၏ စိတ်ထားရိုးသားမှုနှင့် စည်းကမ်းကြီးမှု၊ နည်းပညာဘက်တွင် ထိရောက်အောင်မြင်မှုများကို ချီးကျူးကြသည်။

ယခုအချိန်ကတော့ ဦးမိုးမြင့်၏ ရွှေခေတ်ပင်ဖြစ်သည်။ သူက အနီရောင်လေဆာပန်ဖြင့် နံရံပေါ်ရှိ မြေပုံပေါ်က ကမ်းလွန်ရေနံတွင်း ၃၀ ကို ထိုးပြလျက်ရှိသည်။

နိုင်ငံတကာကုမ္ပဏီများအနေဖြင့် မြန်မာနိုင်ငံတွင် ကမ်းလွန်ရေနံလုပ်ကွက် ၁၁ ခုကို လုပ်ကိုင်လိုပါက ပြည်တွင်းကုမ္ပဏီများနှင့် တွဲလုပ်ရမည်ဟူသော သတ်မှတ်ချက်ရှိသည်။ သူက လုပ်ငန်းရှင်အချို့နှင့် ဆွေးနွေးပြောကြားထားပြီး အချို့နှင့်ပူးပေါင်းဆောင်ရွက်ရန် သဘောတူပြီးဖြစ်သည်ဟု ဦးမိုးမြင့်ကဆိုသည်။
“ကျွန်တော် ထင်တာတော့ သူတို့တွေ သေချာသုံးသပ်ကြည့်တဲ့အခါ ကုမ္ပဏီတော်တော်များများက သူတို့နဲ့ အတူတွဲလုပ်လို့မရဘူးဆိုတာ သဘောပေါက်သွားကြတယ်”

၂၀၁၁ ခုနှစ်တွင် မြန်မာနိုင်ငံစစ်အစိုးရက အရပ်သားအစိုးရထံ အာဏာလွှဲပြောင်းပေးလိုက်သောအခါ စီးပွားရေးအခွင့်အလမ်းများ ပေါ်လာပြီး နိုင်ငံတကာကုမ္ပဏီများက ဘာကြောင့် ရုတ်တရက် သူ့အနားမှာ ၀ိုင်းလာရသလဲဆိုသည်ကို ဦးမိုးမြင့်က ကောင်းစွာသဘောပေါက်ပါသည်။ မြန်မာကဲ့သို့ ကမ္ဘာ့ဘဏ်၏ သတ်မှတ်ချက်အဆင့်အနိမ့်ဆုံးဖြစ်သော နိုင်ငံတစ်ခုတွင် သူ့ကုမ္ပဏီများကို မရှိမဖြစ် ဖြစ်စေရသည့် သမိုင်းကြောင်းရာဇ၀င်ကို ကောင်းစွာ သူကသိရှိသည်။ ရေနံတူးဖော်ရေးလေလံနှင့်ပတ်သက်ပြီး သူက ယခုကဲ့သို့ သုံးသပ်မှတ်ချက်ပေးခဲ့ပါသည်။

“ဒေသရဲ့ ဘူမိဗေဒအနေအထားနဲ့ပတ်သက်ပြီး ကျွန်တော်တို့မှာ ဗဟုသုတအများကြီးရှိတယ်။ ဒါကြောင့် ကျွန်တော်တို့မှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိပါတယ်”

(Financial Times သတင်းစာဆောင်းပါးရှင် Micheal Peel ရေးသားသည့် Moe Myint Myanmar’s go to tycoon ဆောင်းပါးကို ထားထားမြင့် ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)

မြန်မာ့စေတနာမြို့သစ် အများပိုင်ကုမ္ပဏီ

MyotThit1

ရန်ကုန်တိုင်းဒေသကြီး အစိုးရက ရန်ကုန်မြို့သစ် စီမံကိန်းတခုကို ပုဂ္ဂလိကပိုင် အများပိုင်ကုမ္ပဏီတခုဖြစ်တဲ့ မြန်မာ့စေတနာ မြို့သစ်ကုမ္ပဏီကို တရားဝင် လုပ်ဆောင်ခွင့်ပေးလိုက်ပြီလို့ တရားဝင်ကြေညာလိုက်ပေမယ့် ဒီစီမံကိန်းကို လုပ်ကိုင်ခွင့်ရမယ့် မြန်မာ့စေတနာမြို့သစ် အများပိုင်ကုမ္ပဏီအကြောင်း သေချာရှင်းလင်းစွာ ထုတ်ဖော်ပြောဆိုခြင်း မရှိသလို ဘယ်လိုစံချိန်စံညွှန်းတွေကြောင့် ရန်ကုန်မြို့သစ် စီမံကိန်းအတွက် အဲဒီကုမ္ပဏီကို ရွေးချယ်ခဲ့သလဲဆိုတာကို ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။

ရန်ကုန်မြို့သစ်စီမံကိန်းအတွက် မြန်မာ့စေတနာ မြို့သစ် ကုမ္ပဏီတခုတည်းက တာဝန်ယူမယ်ဆိုတာရယ်၊ ရင်းနှီးမြှုပ်နှံမယ့် ငွေကြေးပမာဏဖြစ်တဲ့  အမေရိကန် ဒေါ်လာ ၈ ဘီလီယံဆိုတာက အင်မတန်မှ များပြားလှတဲ့ ငွေကြေးပမာဏဖြစ်ပြီး ဒီငွေကြေး တွေကဘယ်ကလာတဲ့ ငွေကြေးတွေလဲ ဆိုတာရယ်က အင်မတန် စိတ်ဝင်စားစရာကောင်းလှပါတယ်။ ဒါကြောင့် ဧရာဝတီက စုံစမ်းလေ့လာခဲ့ပါတယ်။

မြန်မာ့စေတနာမြို့သစ်ဟာ အများပိုင်ကုမ္ပဏီအဖြစ် အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနမှာ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့မှာ မှတ်ပုံတင်ရရှိခဲ့ပြီး မှတ်ပုံတင်အမှတ် က ၄၅၀၆/၁၃-၁၄ ဖြစ်ပါတယ်။ မြန်မာ့စေတနာမြို့သစ် အများပိုင်ကုမ္ပဏီရဲ့ လိပ်စာအဖြစ် တိုက်အမှတ် ၂၊ ဦးရွှေပင်လမ်းနှင့် မြတ်အိမ်ရာလမ်းသွယ်၊ ရွှေပြည်သာစက်မှုဇုန် ၃၊ ရွှေပြည်သာမြို့နယ်လို့ အစိုးရထံမှာ တရားဝင် မှတ်ပုံတင်ထားပေမယ့် အဲဒီနေရာကို ဧရာဝတီက သွားရောက်ရှာဖွေရာမှာတော့ အမှန်တကယ် ကုမ္ပဏီရုံးခန်း ဖွင့်လှစ်ထားတာမျိုး မတွေ့ခဲ့ရပါဘူး။

ရန်ကုန်မြို့သစ် စီမံကိန်းကြီးတခုမှာ အမေရိကန်ဒေါ်လာ ဘီလီယံချီ ရင်းနှီးမြှုပ်နှံမယ့် မြန်မာ့ စေတနာကုမ္ပဏီက ရုံးခန်းရယ်လို့ ထည်ထည်ဝါဝါ မရှိဘဲ အင်မတန် ဝေးလံခေါင်သီလှတဲ့ ရွှေပြည်သာ စက်မှုဇုန် ၃ လို နေရာမျိုးက လိပ်စာထည့်သွင်းပြီး ကုမ္ပဏီမှတ်ပုံတင်ခဲ့တာက အင်မတန် အံ့ဩစရာပါပဲ။ မြန်မာ့စေတနာ မြို့သစ်ကုမ္ပဏီ အများပိုင်ကုမ္ပဏီရဲ့ မတည်ရင်းနှီးငွေက ကျပ်သန်း ၁၀ဝ၀ ဖြစ်ပြီး ကနဦး ထည့်ဝင်ငွေက ကျပ်သန်း ၇၀ ဖြစ်တယ်လို့ ဝန်ကြီးဌာနကရရှိတဲ့ အချက်အလက်တွေအရ သိရှိရပါတယ်။ လုပ်ငန်းဆောင်ရွက်ခွင့်အမှတ် လတ်တလော မရှိသေးဘူးလို့ သိရှိရပါတယ်။

မြန်မာ့စေတနာမြို့သစ် ကုမ္ပဏီရဲ့ မန်နေဂျင်းဒါရိုက်တာအဖြစ် ဦးသက်ဦးဆိုသူက တာဝန်ယူထား ပြီး ရန်ကုန်မြို့သစ်စီမံကိန်း အကောင်အထည်ဖော်မယ့်နေရာမှာ ကျရောက်နေတဲ့  ကျေးရွာတွေက ဒေသခံ ၁၁ ဦးကို ကုမ္ပဏီဒါရိုက်တာတွေအဖြစ် ခန့်အပ်ထားပါတယ်။

ဦးသက်ဦးက ရန်ကုန်မြို့သစ် စီမံကိန်းအတွက် ကြည့်မြင်တိုင်မြို့နယ် အလတ်ချောင်းကျေးရွာဒေသခံ တွေနဲ့ မကြာသေးမီက တွေ့ဆုံခဲ့ပြီး လှိုင်မြစ်နဲ့တဖက် ကမ်းစီဖြစ်နေတဲ့ အလတ်ချောင်းကျေးရွာနဲ့ ကြည့် မြင်တိုင် ဗားကရာကို တံတားထိုးဖို့ ပထမဦးဆုံးခြေလှမ်း လုပ်ဆောင်မယ့်အကြောင်း ဒေသခံတွေကို ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

တံတားထိုးဖို့ မလွတ်ကင်းတဲ့ အိမ်တွေကို ဖယ်ရှားပြီး စေတနာအိမ်ရာလို့ အမည်တွင်မယ့် အိမ်ရာမှာ လုံးချင်းအိမ်တွေ တည်ဆောက်ပေးမယ်လို့ ဦးသက်ဦးက ဆိုပါတယ်။ အစားပြန်ပေးမယ့် အိမ်တွေက ပေ ၄၀၊ ပေ ၆၀ မြေကွက်တွေပေါ်မှာ တည်ဆောက်ထားတဲ့ အိမ်တွေဖြစ်ပြီး ပရိဘောဂတွေနဲ့ အကောင်းဆုံးဆိုတဲ့ မစ်ဆူဘီရှီ အဲယားကွန်းတွေ ထည့်သွင်းပေးမယ်လို့လည်း ဆိုပါတယ်။ ဒေသခံတွေရဲ့ မေးမြန်းချက်တွေကို ဦးသက်ဦးက ဖြေကြားပေမယ့် ရင်းနှီးမြှုပ်နှံမယ့် ငွေကြေးတွေက ဘယ်ကလာတယ်ဆိုတာ ဦးသက်ဦးက ဒေသခံတွေကို ပြောဆိုသွားခြင်း မရှိပါဘူး။ ဧရာဝတီသတင်းဌာနက မြန်မာ့စေတနာ ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးသက်ဦးကိုဆက်သွယ် မေးမြန်းခဲ့ပေမယ့် မီဒီယာတွေကို အသိပေးစရာ လတ်တလော သတင်းအချက်အလက်မရှိသေးကြောင်း၊ မြန်မာ့စေတနာကုမ္ပဏီ ဥက္ကဋ္ဌက သူသာလျှင် ဖြစ်ကြောင်း ပြောဆိုပါတယ်။

ဒါပေမယ့် ဧရာဝတီက မေးမြန်းစုံစမ်းခဲ့တဲ့ စီးပွားရေးအသိုင်းအဝိုင်းနဲ့ လုပ်ငန်းရှင်တွေက မြန်မာ့ စေတနာကုမ္ပဏီရဲ့ နောက်ကွယ်မှာ ဆောက်လုပ်ရေးလုပ်ငန်းရှင် တရုတ်နွယ်ဖွား ရှောက်ပန်းနဲ့ ရှောက်စန်း ဆိုတဲ့ ညီအစ်ကို ၂ ဦးရှိနေတယ်လို့ ဆိုကြပါတယ်။ သူတို့ဟာ အရင်စစ်အစိုးရ ဝန်ကြီးတွေ၊ ဗိုလ်ချုပ်တွေနဲ့ ရင်းနှီးလှသူတွေလည်းဖြစ်တဲ့အပြင် ရန်ကုန် တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေ စစ်တပ်မှာ ဒုတိယဗိုလ်ချုပ်ကြီးအဖြစ် ရှိစဉ်ကတည်းက ဆက်ဆံရေးပြေလည်မှုရှိကြောင်း စုံစမ်းသိရှိရပါတယ်။ အရင် မြို့တော်ဝန် ဦးအောင်သိန်းလင်းနှင့် ရင်းနှီးသူဖြစ်တာကြောင့် အခုပြည်သူ့ရင်ပြင်အတွင်းမှာ စီးပွားရေးလုပ်ငန်းများစွာ လုပ်ကိုင်ဖွင့်လှစ်ခွင့်ရရှိခဲ့တယ်လို့ ရန်ကုန် စီးပွားရေးလုပ်ငန်းရှင် တဦးကလည်း ပြောဆိုပါတယ်။

ရန်ကုန်အခြေစိုက် ဟိုတယ်လုပ်ငန်းရှင်တဦး ကတော့ ရှောက်ပန်းအနေနဲ့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ ဆောက်လုပ်ရေးဝန်ကြီးတို့နဲ့ အလွန်နီးစပ်သူဖြစ်ပြီး ယခုစီမံကိန်း လုပ်ပိုင်ခွင့်ရရှိ အောင် ဦးမြင့်ဆွေက လုပ်ပိုင်ခွင့် ပေးခဲ့ခြင်းဖြစ်ကြောင်း၊ ဝန်ကြီးချုပ် ဦးမြင့်ဆွေက ရန်ကုန်မြို့သစ် စီမံကိန်းအတွက် သမ္မတ ဦးသိန်းစိန်ထံသွားပြီး စည်းရုံးပြောဆို ဖျောင်းဖျခဲ့ရာမှ အခု စီမံကိန်းကို သမ္မတက မီးစိမ်းပြခဲ့တယ်လို့ ပြောဆိုပါတယ်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရနဲ့ နီးစပ်သူတဦးက ရန်ကုန်မြို့သစ် စီမံကိန်းနောက်ကွယ်မှာ တရုတ် လုပ်ငန်းရှင်တွေ အများအပြား ပါဝင်ပတ်သက်နေတယ်ဆိုပြီး ပြောပါတယ်။

အခု လုပ်ငန်းရှင်ညီအစ်ကို ၂ ယောက်လုံးက အရမ်းချမ်းသာတာ မပြောနဲ့၊ သူတို့နောက်မှာ တရုတ်တွေ ရှိတယ်။ တရုတ်အစိုးရ အေးဂျင့်တွေလို့တောင် ပြောလို့ရတယ်လို့ သူကပဲ မှတ်ချက်ပြုပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရက ရန်ကုန်မြို့သစ် စီမံကိန်းအတွက် သိုသိပ်စွာ လုပ်ဆောင်ခဲ့ကြောင်း ပြောဆိုပေမယ့် သတင်းကြိုထွက်ခဲ့လို့ စစ် ဗိုလ်ချုပ်ကြီးတွေနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်း၊ စီးပွားရေး အသိုင်းအဝိုင်းက ၂၀၁၄ ခုနှစ် မတ်လကတည်းက စီမံကိန်းလုပ်ဆောင်မယ့် နေရာတွေမှာ မြေကွက်တွေ အလုအယက် ဝယ်ယူခဲ့ကြတယ်လို့ စုံစမ်းသိရှိရပါတယ်။ မြေကွက်ဝယ်ယူထားသူတွေထဲမှာအငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ သမီးတွေလည်း ပါဝင်တယ်လို့ သတင်းထွက်ပေါ်နေပါတယ်။

ရန်ကုန်မြို့သစ်စီမံကိန်းကို ခွင့်ပြုခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေက ဆိပ်ကြီး ခနောင်တိုမြို့နယ်က တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်တဦးလည်းဖြစ်တာမို့ မြို့သစ်စီမံကိန်းကြောင့် သူ့မဲဆန္ဒနယ်မှာ ထောက်ခံမှုနှုန်း မြင့်တက်နိုင်တယ်လို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

ဒီလို လျှို့ဝှက်ချက်တွေများနေတဲ့ ရန်ကုန်မြို့ သစ် စီမံကိန်းက မမြင်နိုင်တဲ့နိုင်ငံရေး ရည်ရွယ်ချက်နဲ့ စီးပွားရေးခြယ်လှယ်မှုတွေရှိနေတာမို့ ပွင့်လင်း မြင်သာပြီး ကောင်းမွန်တဲ့အုပ်ချုပ်ရေးနဲ့ လူထုလူတန်းစား အားလုံးပါဝင်တဲ့ ဒီမိုကရေစီစနစ်ကို တည်ဆောက်နေပါတယ်ဆိုတဲ့ လက်ရှိ နေပြည်တော်အစိုးရရဲ့ ပြောဆိုချက်များနဲ့ မိုးနဲ့မြေလို ကွာဟလွန်းနေကြောင်းပါ။

အမေရိကန် ဒဏ်ခတ်သူများ စာရင်းက ဘယ်သူတွေ လွတ်ကြမလဲ

Crony

မြန်မာ စစ်အစိုးရလက်ထက်က ခရိုနီလို့ သတ်မှတ်ခံထားသူတွေထဲက တချို့ဟာ အမေရိကန်ပြည်ထောင်စုရဲ့ နာမည်ပျက်စာရင်း သွင်းခံထားရာကနေ ပယ်ဖျက်ပေးဖွယ် ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းက အမေရိကန်နိုင်ငံခြားရေး ဌာနက အရာရှိတချို့နဲ့ အမေရိကန်ရဲ့ နာမည်ပျက်စာရင်းဝင် မြန်မာစီးပွားရေး လုပ်ငန်းရှင်တချို့နဲ့ ရန်ကုန်မှာ တွေ့ဖြစ်ခဲ့ကြပါတယ်။

အမေရိကန် အရာရှိတွေကလည်း ခရိုနီလို့သတ်မှတ်ခံထားရတဲ့ မြန်မာသူဋ္ဌေးတွေ ဒီမိုကရေစီရေးကို ရှေးရှုရင် နာမည်ပျက်စာရင်းက ပယ်ဖျယ်ဖွယ် ရှိတယ်ဆိုတာ ပြောလာကြတယ်။

စာရင်းက လွတ်ဖို့ စစ်တပ်နဲ့ ရှင်းရှင်းနေဖို့နဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ မလုပ်ဖို့ လိုတယ်လို့ အမေရိကန်အစိုးရအရာရှိတွေက ဆိုတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် အလုပ်သမား ရေးရာ ဆိုင်ရာ လက်ထောက်ဝန်ကြီး တွမ်မာလင်နော့စကီးက ဧရာဝတီကို မကြာသေးခင်က ” စစ်တပ်နဲ့ စီးပွားရေး အဆက်အသွယ်ဖြတ်လိုက်ပြီလား၊ မြေယာ သိမ်းယူမှုကို ရှောင်ရှားခြင်း အပါအ၀င် လူ့အခွင့် အရေးကို လေးစားသလား၊ အရပ်ဖက်ဥပဒေတွေကို လိုက် နာသလားဆိုတာ ကျနော်တို့ ကြည့်သွားပါမယ်။ ဒီအရာတွေကို ပြသနိုင်ဖို့ အကောင်းဆုံး နည်းလမ်းတခုကတော့ စီးပွားရေး ပိုင်ဆိုင်မှုများအတွက် ယုံကြည်နိုင်လောက်တဲ့ လွတ်လပ်တဲ့ စာရင်းစစ် စနစ်ကို အသုံးပြုဖို့ နဲ့ သူတို့ရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေမှာ ယုံကြည်နိုင်လောက်တဲ့ လွတ်လပ်တဲ့ လူမှုရေးနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှု အကဲဖြတ်မှုတွေရှိဖို့ ဖြစ်ပါတယ်။ ဒီကိစ္စမှာ ကုသိုလ်ဖြစ် လှူဒါန်းမှုတွေကို ထည့်သွင်းစဉ်းစားမှာ မဟုတ်ပါဘူး ဆိုတာ ရှင်းလင်းအောင်ပြောထားပြီး ဖြစ်ပါတယ်။ သူတို့ ပိုက်ဆံကို ဘယ်လို သုံး သလဲဆိုတာက အရေး မကြီးပါဘူး။ သူတို့ပိုက်ဆံ ဘယ်လိုရှာသလဲ ဆိုတာက အရေးကြီးပါတယ်” လို့ ပြောဆိုခဲ့တယ်။

ဦးသိန်းစိန်အစိုးရ တက်လာအပြီး အမေရိကန်နိုင်ငံက အရပ်သားနိုင်ငံရေးသမားများအဖြစ် ပြောင်းလဲခဲ့တဲ့ သမ္မတဦးသိန်းစိန်နဲ့ ၂၀၀၈ ခုနှစ်က မြောက်ကိုရီးယားနိုင်ငံသို့ ချစ်ကြည်ရေး ခရီးသွားရောက်ခဲ့တဲ့ ပြည်သူလွှတ်တော် ဥက္ကဌ ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်းတို့ကို ဒဏ်ခတ်မှုစာရင်းက ပယ်ဖျက်ပေးခဲ့တယ်။

ဒါပေမယ့် မြန်မာလုပ်ငန်းရှင်ကြီးတွေကို မပယ်ဖျက်သေးတာကြောင့် မြန်မာနိုင်ငံက စီးပွားရေးလက်တွဲဖက်တွေလို့ မြင်ကြတဲ့  အမေရိကန် စီးပွားရေးသမားတွေက ဆူဆူညံညံ တောင်းဆိုလာနေကြတာကတကြောင်း၊ တရုတ်ဩဇာအောက်က ရုန်းထွက်လာနေတဲ့ မြန်မာကို လက်မလွှတ်ချင်ဘဲ ဆုပေးချင်တာက တကြောင်းကြောင့် ဒဏ်ခတ်မှုစာရင်းကို ပြင်ဖို့ လုပ်လာကြပါတယ်။။

ဇန်န၀ါရီလ လလယ်ပိုင်းတုန်းကလည်း ရန်ကုန်မြို့မှာ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Derek Mitchell က မြန်မာလုပ်ငန်းရှင်ကြီးများနဲ့ တွေ့ဆုံခဲ့ပြီး အမေရိကန် ဘဏ္ဍာရေး ၀န်ကြီးဌာနက ဒဏ်ခတ်မှု စာရင်းအတွင်းက နာမည်အချို့ကို မကြာမီ ဖယ်ရှားပေးတော့မယ်လို့ သတင်းကောင်းပေးခဲ့ပါသေးတယ်။

အမေရိကန်အစိုးရ နိုင်ငံခြားရေးဌာနက စီးပွားရေး၊ ကုန်သွယ်မှု ဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Charles H. Rivkin လည်း ရှေ့လ ရန်ကုန်ကိုလာပြီး မြန်မာစီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့ဖို့ရှိပါတယ်။ ဒဏ်ခတ်မှုစာရင်းကို ပြန်ပြင်ရာမှာ သူ့ခရီးစဉ်က အရေးပါပါလိမ့်မယ်။

၂ဝ၁၂ ခုနှစ်ကတည်းက အမေရိကန်ပြည်ထောင်စုက မြန်မာအပေါ် တားဆီး ပိတ်ပင်အရေးယူထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို တော်တော်များများကို ဖြေလျှော့လာတာပါ။ ကိုကာကိုလာ ကုမ္ပဏီနဲ့ Western Union တို့လို ကုမ္ပဏီတွေကတော့ မြန်မာနိုင်ငံမှာ အခုဆိုရင် ရင်းနှီးမြှုပ်နှံနေကြပြီဖြစ်ပါတယ်။ ဒီအပြင် နောက်ထပ် အမေရိကန်ကုမ္ပဏီတွေကလည်း မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံချင်နေကြပါတယ်။

ဒါပေမယ့် မြန်မာနိုင်ငံတွင်းမှာ အမေရိကန်ကုမ္ပဏီတွေနဲ့ တွဲလုပ်မယ့် ငွေပင်ငွေရင်း အလုံးအရင်း ရှိသူတွေ တော်တော်များများက SDN လို့ ခေါ်တဲ့ ဒဏ်ခတ်မှု စာရင်း အမည်ပျက် စာရင်းဝင်ဖြစ်နေတာကြောင့် အမေရိကန်ဘက်က ကုမ္ပဏီတွေက မြန်မာခရိုနီတွေရဲ့ ကုမ္ပဏီတွေနဲ့ စီးပွားရေး အတူလုပ်ရင် ဥပဒေအရ မလွယ်တဲ့ အခြေအနေ ဆိုက်နေတာပါ။

လတ်တလောမှာပဲ အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနက နာမည်ပျက်စာရင်း သွင်းထားတဲ့ မြန်မာကုမ္ပဏီပေါင်း ၁၂ဝ လောက်နဲ့ တသီးပုဂ္ဂလတွေ တော်တော်များများ ရှိနေတာပါ။

မြန်မာကုမ္ပဏီတွေကို အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက နာမည်ပျက်စာရင်းသွင်းတာကလည်း ၂ဝ၁၁ ခုနှစ်မတိုင်ခင်ထိ မြန်မာနိုင်ငံကို စစ်အုပ်ချုပ်ရေးနဲ့ အုပ်စိုးခဲ့တဲ့ စစ်ဗိုလ်ချုပ်ကြီးတွေနဲ့ နီးစပ်ဆက်နွယ်ပြီး အခွင့်ထူးတွေ ခံစားခဲ့ကြလို့ဖြစ်တယ်။

ဆယ်စုနှစ်တွေနဲ့ ချီတဲ့ စစ်အုပ်ချုပ်ရေး သဘောအရ စီးပွားရေးကို စစ်တပ်ကပဲ အများဆုံး ထိန်းချုပ်ခဲ့တာဖြစ်ပြီး ကုမ္ပဏီတွေကလည်း မြန်မာ အစိုးရစစ်တပ်နဲ့ နက်နက်ရှိုင်းရှိုင်း ဆက်နွယ် ထိစပ်ကြရတာဖြစ်ပြီး အခုထိလည်း ဒီအရှိန်က ရှိနေဆဲပဲလို့ ကျွမ်းကျင်သူတွေက ဆိုကြပါတယ်။

“ တိုင်းပြည်မှာ အဓိက စီးပွားရေးကို လုပ်ဆောင်ကြသူ အများစုဟာ အခုထိလည်း သီးခြား ပစ်မှတ်ထား ဒဏ်ခတ်ခံထားရဆဲပါဘဲ” လို့ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှု ဆိုင်ရာ အထူးပြု ရှေ့နေ Erich Ferrari က Wall Street Journal သတင်းစာကို ပြောထားပါတယ်။

အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ လွန်ခဲ့တဲ့ ရက်ပိုင်းက မြန်မာနိုင်ငံသွားစဉ် နာမည်ပျက်စာရင်းထဲ ရှိနေတဲ့ မြန်မာစီးပွားရေး လုပ်ငန်းရှင် မက်စ် ဦးဇော်ဇော် ပိုင်ဆိုင်တဲ့ ဟိုတယ်တခုမှာ တည်းခိုခဲ့တဲ့ကိစ္စဟာ အမေရိကန်အစိုးရရဲ့ ကြိုတင်အချက်ပြမှုလည်း ဖြစ်ကောင်းဖြစ်နေနိုင်ပါတယ်။

အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက နာမည်ပျက်စာရင်းဝင်လူ ပိုင်ဆိုင်တဲ့ ဟိုတယ်မှာ တည်းခိုလို့ အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှု ဆိုင်ရာ ပြဌာန်းချက်ကို ချိုးဖောက်ရာမကျဘူးလို့ တုံ့ပြန်ဖြေရှင်းခဲ့ရပါတယ်။

ဒါပေမယ့် ဦးဇော်ဇော်ပိုင် ဟိုတယ်မှာ တည်းခိုတာဟာ အကျိုးတုန့်ပြန်ချက် နည်းမယ်ဆိုတာ အမေရိကန်တွေ တွက်ချက်ပြီးမှ ဆုံးဖြတ်ခဲ့ပုံပါ။

၂၀၁၁ ခုနှစ်ကုန်မှာ နိုင်ငံခြားရေးဝန်ကြီးဖြစ်ခဲ့တဲ့ ဟေလာရီကလင်တန် နေပြည်တော် လာတုန်းကလည်း ဦးဇော်ဇော်လို နာမည်သိပ်မဆိုးတဲ့ ဦးချစ်ခိုင်ပိုင်တဲ့ သင်္ဂဟဟိုတယ်မှာ ရွေးချယ်တည်းခိုသွားခဲ့ဖူးပါတယ်။