Monthly Archives: February 2013

ပို့ကုန် ၁၅၂၊ သွင်းကုန် ၁၆၆

လာမည့် ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာရေးနှစ်အစ မတ်လဆန်းမှ စတင်ပြီး ပို့ကုန် ၁၅၂ မျိုး၊ သွင်းကုန် ၁၆၆ မျိုး လိုင်စင်လျှောက်ထားရန် မလိုဘဲ ပို့ကုန်သွင်းကုန် လုပ်ငန်းများ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာခဲ့သည်။

”အလိုအလျောက် လိုင်စင်ထုတ်ပေးနေတဲ့ ပို့ကုန် ၁၅၂ မျိုး၊ သွင်းကုန် ၁၆၆ မျိုးကို အရင်ခွင့်ပြုပေးတာပါ။ လာမယ့် ဧပြီလ ၁ ရက်နေ့မှာ အရေးကြီးနဲ့ ကန့်သတ်ကုန်စည်တွေက လွဲလို့ ကျန်တဲ့ကုန်စည်အားလုံးကို ခွင့်ပြုသွားမှာပါ” ဟု ကုန်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါသည်။

ယခုကဲ့သို့ လိုင်စင်လျှောက်ထားရန် မလိုဘဲ ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်ခွင့်သည် ပထမအဆင့်ဖြစ်ပြီး ဧပြီလ ၁ ရက်နေ့တွင် ဒုတိယအဆင့် ထပ်မံဖြေလျှော့မည် ဖြစ်သည်။ ထိုသို့ဖြေလျှော့ရာတွင် အရေးတကြီး ကုန်စည်များနှင့် ဥပဒေကြောင်းအရ ဝန်ကြီးဌာနမှ တားမြစ်ထားသော ကုန်စည်များမှအပ ကျန်ပို့ကုန်သွင်းကုန် ကုန်စည်များကို လိုင်စင်လျှောက်ထားရန် မလိုဘဲ ကုန်သွယ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ညှိနှိုင်း၍ ခွင့်ပြုပေးသွားမည် ဖြစ်သည်။

ပထဝီနိုင်ငံရေး

အခု ကိုမင်းဇင်နိုင်ငံခြားမှာပညာသင်

ဖြစ်တော့Political Science (P.S)ယူဖြစ်တယ်လို့ သိရတယ်။ ဘာကြောင့် P.S ယူဖြစ်တာလဲ။ ယူဖြစ်ပုံလေးသိချင်ပါတယ်။

ယူဖြစ်တာက ကျွန်တော်က comfort zone ပေါ့လေ။ ကျွန်တော့်အတွက် သိပ်သက်သောင့်သက်သာဖြစ်လာပြီဆိုရင် ကျွန်တော်ကအဲဒီနေရာမှာ မနေချင်တော့ဘူး။ အဲဒီလို အနေ အထားမျိုးဖြစ်လာပြီဆိုရင် နောက်ထပ် ကျွန်တော့်အတွက် စိန်ခေါ်မှု ရှိလာနိုင်တာမျိုး၊ ကိုယ့်ကိုယ်ကိုယ် ပြန်အကဲစမ်းနိုင်တာမျိုးဘာရှိ မလဲဆိုတာကို စူးစမ်းဖြစ်ပါတယ်။ ကျွန်တော် နိုင်ငံရေးလုပ်ခဲ့တယ်။Student activist ပေါ့လေ။ နောက်ထိုင်းရောက်တဲ့အခါ သတင်းစာ ဆရာလုပ်တယ်။ သတင်းစာ ဆရာလုပ်ရင်းနဲ့ နောက်ထပ် ငါ့အတွက် စိန်ခေါ်မှုဘာတွေရှိနိုင်သေးသလဲပေါ့။ သတင်းစာဆရာ လုပ်တဲ့ အခါမှာလည်း ပထမပုံနှိပ်မီဒီယာ (print media) မှာလုပ် တယ်။ နောက်အသံလွှင့်မီဒီယာမှာလုပ်တယ်။ အဲဒီတော့ ကျွန်တော် စောစောကပြောခဲ့သလိုပဲ ကျွန်တော့်အတွက် comfort zone ဖြစ် လာပြီဆိုရင် နောက်ထပ်ငါဘာများလုပ်နိုင် ဦးမလဲဆိုတာအမြဲ ကိုယ့် ဟာကိုယ် ပြန်မေးဖြစ်တယ်။ အခြားအကြောင်းအချက်တွေရဲ့  တွန်း အား၊ ဆွဲအားဒါတွေလည်း ပါတာပေါ့လေ။ ဒါပေမယ့် အဓိက ကတော့ comfort zone မှာဆက်မနေချင်တာက ပိုအရေးပါတဲ့ စေ့ဆော်မှုပါ။ ဘယ်နေရာမှာမဆို တွယ်ကပ်နေချင်ရင်၊ နေနေတဲ့ လူတွေလည်း ရှိတာပါပဲ။ ပြန်ချုပ်ပြောရရင်အဲဒီတော့ ပညာရေးလုပ် ချင်လာတယ်။ ဒါကြောင့် မီဒီယာလုပ်ငန်းကနေ ပညာ ရေးဘက် ပြောင်းခဲ့တယ်။ အခုတော့ နိုင်ငံရေးသိပ္ပံနဲ့ Ph.Dလုပ်နေပါတယ်။ အဲဒီအရင်ကတော့ အာရှလေ့လာရေးနဲ့ပေါ့လေ။ Master ယူပါ တယ်။ ပြီးတော့မှ နိုင်ငံရေးသိပ္ပံနဲ့ပါရဂူဘွဲ့ အတွက်လုပ်နေပါတယ်။ ဒီ ကြားထဲမှာပဲ ဘာကလေ တက္ကသိုလ်မှာပဲ သတင်းစာပညာနဲ့ပတ် သက်ပြီးသင်ပြဖို့ရှိပါတယ်။ ဒီကပြန်ရင်လည်း နိုင်ငံရေးသိပ္ပံဌာနမှာ ခေတ်သစ် တရုတ်နိုင်ငံရေး အကြောင်း စာပြပေးဖို့ရှိပါတယ်။

ကိုမင်းဇင်ဟာ activist တစ်ယောက်လည်းဖြစ်ခဲ့တယ်။ နိုင်ငံရေး သိပ္ပံလည်း လေ့လာနေတယ် ဆိုတော့ လက်ရှိမြန်မာ့နိုင်ငံ ရေးအပေါ် အမြင်ဘယ်လိုရှိလဲသိချင်ပါတယ်။

ကိုမင်းဇင် မြန်မာ နိုင်ငံကို ပြန်ရောက်ပြီး နိုင်ငံရေးလုပ်ဖော်ကိုင်ဘက် သူငယ် ချင်းတွေနဲ့လည်း တွေ့တယ်၊ နေပြည်တော်သွားပြီးတော့လည်း ပြည်ထောင်စုအဆင့် လူကြီးတချို့နဲ့လည်း တွေ့ခဲ့တယ်

ဆိုတော့ မြန်မာ့နိုင်ငံရေးကိုသုံးသပ် ပေးပါဆိုရင် ဘယ်အချက်ကိုများစပြောချင်ပါသလဲ။
ပြောစရာတွေကတော့အများကြီးပါ။ ချုပ်ပြောရရင်တော့ မြန်မာ့နိုင်ငံရေးဟာ ပြောင်းလဲ လာတာတော့ အမှန်ပဲ။ ပွင့်လင်းလာ တယ်။ အပွင့်တစ်ခု၊ အရွေ့တစ်ခုတော့ ရှိလာတယ် လို့ဆိုရမှာပါ။ access to power ပေါ့လေ။ ပိုပွင့်လာတယ်။ ဟိုတုန်းကတော့ နိုင်ငံရေး ပါတီ တွေ တည်ထောင်ခွင့်မရှိဘူး။ ရှိတာတွေကိုလည်း မလှုပ် နိုင်အောင် နှိပ်ကွပ်ထား တယ်ပေါ့ လေ။ နိုင်ငံရေးအကျဉ်းသားတွေ လည်းရှိ၊ သတင်းမီဒီယာလွတ်လပ်ခွင့်လည်းမရှိဘူး။ အဲဒီလို အခြေ အနေတွေကနေ နိုင်ငံရေးပါတီတွေ ထူထောင်လာနိုင်တယ်။ ရွေး ကောက်ပွဲဝင် နိုင် တယ်။civil society လို့ခေါ်တဲ့ အရပ်ဘက် လူ့အဖွဲ့အစည်းကိစ္စတွေလုပ်လာနိုင်တယ်။ စာနယ် ဇင်းလွတ်လပ်ခွင့် ပေးလိုက်တယ်။ နိုင်ငံရေးအကျဉ်းသားတွေလွှတ်ပေးတယ်။ ပြည်ပမှာ ရောက်နေတဲ့ ကျွန်တော်တို့ကိုပြန်လာခွင့်ပေးတယ်။ တိုင်းရင်းသား ကိစ္စတွေ ဆောင်ရွက် လာတာတွေရှိတယ်။ ဒါတွေဟာ အပြောင်းအလဲ တွေပါပဲ။ ဒါတွေဟာ access to power ပွင့်လာတာလို့ ပြောလို့ရ ပါတယ်။ အာဏာကိုချဉ်းကပ်ရတာ ပိုလွယ်လာ သလိုရှိ တယ်။ အာဏာကိုဖောက်တဲ့လမ်း နဂိုကထက် ပိုကျယ်လာတယ်။ ဆိုပါတော့ ပါတီထောင်နိုင်တယ်၊ ပြီးတော့ရွေးကောက်ပွဲဝင်နိုင်တယ်။ ရွေး ကောက်ပွဲဝင်နိုင်တယ်ဆိုပေမဲ့ ရွေးကာက်ပွဲဝင်တိုင်း အာဏာရတာ မဟုတ်ဘူး။ အာဏာကိုဘယ်သူကကိုင်ထားသလဲ။ ဘယ်သူ့လက် ထဲမှာရှိသလဲ ဒါအရေးကြီးပါတယ်။ exercise of power ကတော့ တပ်မတော်လက်ထဲ မှာပဲရှိနေပါတယ်။ တပ်ကသာ အဓိကပါဝါကို ကိုင်ထားတုန်းပဲ။ ဒါပေမဲ့ ဟိုတုန်းကလို ရှေ့  ထွက်ပြီး တိုက်ရိုက်ကိုင်တဲ့ aggressive။ aggressive သဘောမျိုးတော့ မဟုတ်တော့ဘူး။ passive veto ပေါ့လေ။ နောက်ကနေပြီး ညင်သာစွာထိန်းထားတဲ့ နည်းပေါ့လေ။ အဲဒီတော့ ပြောရရင် access to power ကတော့ပိုကျယ်လာတယ်။ ဒါပေမဲ့ exercise of power ကတော့ တပ် လက်ထဲမှာပဲလို့ ဆိုရပါမယ်။
အသွင်ကူးပြောင်းရေး transition literature စာပေမှာ ဆိုတဲ့ စကားနဲ့  ပြောရရင် တိုင်းပြည်ဟာ liberalization လို့ခေါ်တဲ့ ဖြေလျော့ ပွင့်လင်းမှုရှိလာတယ်။ ဒါပေမဲ့ democratization လို့ ခေါ်တဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေး ဟုတ်မဟုတ်ဆိုတာတော့ မေးခွန်းထုတ်စရာ၊ စောကြောစရာ ဖြစ်ပါတယ်။

Access to power ကတော့ပိုကျယ်လာတယ်၊ ဒါပေမဲ့ exercise of power ကတော့ တပ်လက်ထဲမှာပဲလို့ ကိုမင်းဇင်ပြောခဲ့တယ်။ အပြောင်းအလဲတချို့ကို လုပ်ပေးနေတယ်။ ဒါပေမဲ့ တကယ့်ပါဝါက တပ်လက်ထဲမှာဆိုတော့ အခုသွားနေတဲ့ဖြစ်စဉ်ဟာ တကယ်ပဲအပြောင်း အလဲတစ်ခုဆီသွားနေတာလား၊ ဒါမှမဟုတ် ပါဝါကိုတပ်က ကိုင်ထား ပြီး သူတို့သွားစေချင်တဲ့လမ်းကြောင်း၊ သူတို့ဖြစ်စေချင်တဲ့ အတိုင်း အပြောင်းအလဲကို ဆောင် ရွက်နေတာလား။ control လုပ်ပြီးပေါ့။ နောက်တစ်ခုက ဘာကြောင့်တပ်က နောက်ကနေ ပါဝါကို ကိုင်ထားချင် ရတာလဲဆိုတာသုံးသပ်ပေးပါဦး။

ချုပ်ပြီးပြောရရင် ဒီအပြောင်းအလဲဟာ အုပ်စိုးသူက သူ့စိတ် တိုင်းကျ စီမံခန့်ခွဲပြီးပြောင်းလဲတဲ့အပြောင်းအလဲလို့ ဆိုရမှာပါ။ regime-led transition ပေါ့။ အုပ်စိုးသူက ဦးဆောင်ပြုလုပ်တဲ့ အပြောင်းအလဲပဲ။ နိုင်ငံရေးဘောဂဗေဒအရပြောရရင် supply side ကနေပြီးမောင်းနှင်တာ။ ရောင်းလိုအားက ”လမ်းကြောင်းပေး” ဆွဲခေါ်သွားတဲ့အပြောင်းအလဲပါ။ demand side ကနေပြီး မောင်းနှင် တာမဟုတ်ဘူး။ ဒါကြောင့် supply side driven transition လို့ ကျွန်တော်ပြောတာ။ ဒါကြောင့် ဒီအပြောင်းအလဲဟာ အုပ်စိုးသူ (အာဏာရှိသူ)တွေက အခွင့်အရေးပိုသာတယ်။ အပေါ်စီးမှာရှိ တယ်။ ဒါပေမဲ့ တစ်ခုရှိတာကအပြောင်းအလဲဆိုတာကအုပ်စိုးသူတွေ မျှော်မှန်းတဲ့ အတိုင်းလည်းဖြစ်ချင်မှတော့ဖြစ်တတ်တာပါ။ သူတို့ စီမံ ထားတဲ့ ဒီဇိုင်းအတိုင်းပေါ့ဗျာ။ တခါတလေမဖြစ်တတ်ဘူး။ တစ် ကြောင်းဆွဲမျဉ်း linear ပေါ့။ အဲဒီလို မသွားတာမျိုးလည်း ဖြစ်တတ် ပါတယ်။ မမျှော်မှန်းထားတာတွေပေါ့။ ဥပမာပြောရရင် ရခိုင် ပြဿ နာပေါ့။ ကချင်ပြဿနာပေါ့၊ အခုနောက်ဆုံး လက်ပံတောင်း တောင်လို ပြဿနာမျိုးတွေပေါ့။ နောက်ပြီး ကြားဖြတ်ရွေးကောက်ပွဲ မှာ ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့NLD က အပြတ် အသတ်နိုင်တာမျိုးတွေပေါ့။
အဲဒီတော့ပြောရရင်ဒီအပြောင်းအလဲမှာ အုပ်စိုးသူဘက်က လိုချင်တာက authoritarian corporatism ဟိုတုန်းကတော့ အတိုက်အခံတွေက သုံးပွင့်ဆိုင်ကို ပြောကြ တာပေါ့။ တပ်ရယ်၊ ဒေါ်အောင်ဆန်းစုကြည်ရယ်၊ တိုင်းရင်းသားရယ်ပေါ့။ ဆွေးနွေး အဖြေရှာ ပြီးတော့မှရှေ့ဆက်သွားကြမယ် လို့ စဉ်းစားကြတာ။ အခုတော့ proxy ပေါ့လေ။ တပ်ကမွေးထုတ်ပေးလိုက်တဲ့ ခေါင်း ဆောင်တွေပေါ့လေ။ ဦးသိန်းစိန်တို့လို၊ ဦးရွှေမန်း၊ ဦးခင်အောင်မြင့် တို့နဲ့ ကြံ့ခိုင်ရေးပါတီက ခေါင်းဆောင်တွေပေါ့လေ။ သူတို့တွေနဲ့အတူ ဒေါ်အောင်ဆန်းစုကြည်နဲ့အတိုက်အခံတွေကို သူတို့ရဲ့ game ထဲ၊ ကစားကွင်းထဲကိုဆွဲသွင်းပြီး ကစားစေတဲ့ကစားပွဲပါ။ အဲဒီတော့ တပ် သွားချင်တာက authoritarian corporatism ဒါပေမဲ့ တကယ် ဖြစ်လာတာက competitive authoritarianism ပြိုင်ဆိုင်မှုရှိလာ တယ်။ ခုနကစကားပြန်ကောက်ရရင် access to power ကတော့ ပွင့်လာတယ်။ ဒါပေမဲ့ဘယ်သူက ပါဝါရှိသလဲဆိုရင် သူတို့မှာ ပါဝါ ရှိတယ်။ အဆုံးသတ် အဆုံးအဖြတ်ပေးမှာ၊ ဘယ်သူက driver လဲဆို ရင် သူတို့က driver ပဲ ဖြစ်တယ်။ ပုံသဏ္ဌာန်အားဖြင့် ကတော့ အများကြီး ပြောင်းသွားတယ်။ မကောင်းဘူးလားဆိုတော့၊ ဖြေ လျော့လာတာ၊ ပွင့်လာတာသိပ်ကို ကောင်းပါတယ်။ ဒါပေမယ့် စိန်ခေါ်မှုတွေကတော့အများကြီးပါပဲ။

စိန်ခေါ်မှုတွေလို့ပြောတော့ အဲဒီအထဲမှာနိုင်ငံရေးပါတီတွေ အတွက်ရော ဘယ်လို စိန်ခေါ်မှုတွေရှိနိုင်သလဲ။

အတိုက်အခံတွေအတွက် အဓိကစိန်ခေါ်ချက်က နှစ်ခုရှိတယ် လို့ထင်တယ်။ တစ်ခုကအသွင်ကူးပြောင်းရေးလုပ်တဲ့နေရာမှာ အခြေခံကျတဲ့ နားလည်မှုပေါ့။ အတိုက်အခံတွေရဲ့ ခေါင်းဆောင်က ဒေါ်အောင်ဆန်းစုကြည်ပေါ့နော်။ အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည် နဲ့တပ်မတော်ခေါင်းဆောင်တွေကြားမှာ အခြေခံကျတဲ့နားလည်မှု fundamental understanding ရှိပြီလား။ Transition အသွင် ကူးပြောင်းတဲ့ ဖြစ်စဉ်တွေမှာချောမွေ့ ဖို့ဆိုရင် အခြေခံကျတဲ့နားလည်မှု လိုအပ်ပါတယ်။ တောင်အာဖရိက မှာပဲကြည့်ကြည့်၊ ပိုလန်ကိုပဲကြည့် ကြည့် pact လို့ခေါ်တဲ့ သဘောတူညီချက်တွေလို အပ်ပါတယ်။ နောက်ငါးနှစ်၊ ဆယ်နှစ်၊ ဆယ့်ငါးနှစ်မှာ တပ်မတော်ကဘယ်လို ရှိမလဲ စသည်ဖြင့်ပေါ့လေ။ အဆင့်ဆင့်ဆုတ်ခွာသွားဖို့လိုအပ် ပါတယ်။ အဲဒီလိုမျိုးတပ်မတော်နဲ့ ဒေါ်အောင်ဆန်းစုကြည် ကြား မှာ pact ရှိ၊ မရှိ မသိဘူး။ မရှင်းလင်းဘူး။ ဒါနဲ့ပတ်သက်လို့ ဒေါ် အောင်ဆန်းစုကြည်ဘက်က ရှင်းလင်းတာမျိုးလည်း မတွေ့ရတော့ သေချာမသိရဘူး။ ဒါပေမဲ့နားလည်သလောက်၊ လက်လှမ်းမီသ လောက်ပြောရရင်တော့ တပ်မတော်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကြား အဲဒီလိုနားလည်မှုမျိုး မရှိလောက်ဘူးလို့ယူဆရတယ်။ မီးစင်ကြည့် ကနေကြတဲ့ သဘောမျိုးရှိပါတယ်။ ပြောရရင် လွှတ်တော်တက်ခါနီး ကျမ်းသစ္စာကျိန်ဆိုတဲ့ကိစ္စမျိုးပေါ့လေ။ အခုနောက်ပိုင်း ရခိုင်ကိစ္စ၊ ကချင်ကိစ္စ၊ လက်ပံတောင်းတောင်ကိစ္စ တွေ့ကြုံရတဲ့အခါ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ad hoc ဖြစ်တာမျိုးတွေ တွေ့ လာရ တယ်။ ရှေ့နောက် မညီတာ policy incoherences တွေ တွေ့လာ ရတယ်။ မူဝါဒနဲ့ပတ်သက်တဲ့ အားနည်းချက်တွေတွေ့လာရပါတယ်။ အခုထိpact မရှိသေးလို့ရှေ့ဆက်ပြီးတော့ ရှိအောင်ကြိုးစားနေလား ဆိုတော့ အဲ့ဒီလက္ခ ဏာမျိုး လည်း ခုထိမတွေ့ရဘူး။ ၂၀၁၅ ရွေးကောက် ပွဲမှာမဲအပြတ်နိုင်ရင် ငါတို့အာဏာရပြီ။ ဖွဲ့စည်းပုံ ပြင်မယ်စတဲ့ formal politics သဏ္ဌာန်နိုင်ငံရေးနောက် သိပ်လိုက်ရင် ရေလိုက်မှား သလို ဖြစ်နိုင်ပါတယ်။ အသွင်ကူးပြောင်းတဲ့ နိုင်ငံတွေမှာ၊ ပဋိပက္ခလွန် post-conflict လူ့ အဖွဲ့  စည်းတွေမှာ နိုင်သူ အကုန်ယူကြေး winner takes all ဆိုတဲ့ အကွက်မျိုးနဲ့ ကစားရင် အောင်မြင်ဖို့  ခဲယဉ်းပါတယ်။ မြန်မာပြည်က ၁၉၉၀ ရွေးကောက်ပွဲ၊ အလားတူပဲ အနီးစပ်ဆုံး ၁၉၉၃ ကမ္ဘောဒီးယားရွေးကောက်ပွဲကနေ ၁၉၉၇ အာဏာ သိမ်းပွဲတွေကိုကြည့်ရင် နိုင်သူ အကုန်ယူဆိုတာထက်အာဏာခွဲဝေဖို့၊ အာဏာရှင်တွေအနေနဲ့  အာဏာ က စနစ်တကျ ဆုတ်ခွာဖို့  အခြေခံ နားလည်မူယူရေး pact က ပိုအရေးကြီးပါတယ်။ ခုအဲ့ဒါမရှိပါဘူး။ ဒါက နံပါတ်တစ်အတိုက်အခံတွေအတွက် စိန်ခေါ်ချက်ပါ။

နောက်တစ်ခုကတော့ နိုင်ငံရေးပါတီတွေ၊ အတိုက်အခံတွေ အနေနဲ့လူ ပုဂ်္ဂိုလ်ကို ကျော်လွန်ပြီး အဖွဲ့အစည်းနဲ့ ကျင့်ထုံးတွေ အား ကောင်းအောင် institutionalization ပေါ့လေ။ လုပ်နိုင်တဲ့ အား နည်းတယ်လို့ ထင်ပါတယ်။ အတိုက်အခံတွေအနေနဲ့ လှုပ်ရှား နိုင်မှုပဲရှိတယ်။ ညီညွတ်ရေးအပိုင်း မှာလည်း အားနည်းတာတွေ့ရ တယ်။ ပြီးတော့ မဟာဗျုဟာလည်း ပီပီပြင်ပြင်မရှိဘူးလို့ မြင်တယ်။ သန်ရာကိုလုပ်နေကြတယ်။ လုပ်ခင်းလုပ်ကွက်တွေက စနစ်တကျ မရှိတာ တွေ့ရတယ်။ ဒီ ဒီမိုကရေစီ အရေးတော်ပုံကြီးမှာ ပါဝင်ခဲ့ပြီး ပြန့်ကြဲနေတဲ့ အင်အားစုတွေကို ပြန်စုစည်းပြီး ဦးဆောင်မှုပေးနိုင်ဖို့။ ပိုအရေးကြီးတာကသူတို့ပါဝင်ဆောင်ရွက်ခဲ့မှုတွေအပေါ် အသိအ မှတ်ပြုမှုပါ။ ငါတို့လည်းပါဝင်ဆောင်ရွက်နေပါလားဆိုတဲ့ ခံစားမှုမျိုးရှိ နေရန်လိုအပ်ပါတယ်။ အဲဒါ လုံးဝအရေးကြီးပါတယ်။ အဓိကက တော့ ဒေါ်အောင်ဆန်းစုကြည်ပဲ။ ခေါင်းဆောင်က စနစ်ကျအောင်၊ ငါမရှိရင်လည်း ခေါင်းဆောင်နိုင်အောင် အဖွဲ့အစည်း၊ အသင်းအဖွဲ့၊ အရင်းအမြစ်တွေ မွေးထုတ်ပေးနိုင်ရမယ်။ တစ်ဗိုလ်တက်တစ်ဗိုလ် ဆင်း အခြေအနေမျိုး ဖြစ်အောင် ဆောင်ရွက်ထားနိုင်ဖို့ လိုအပ်ပါ တယ်။ လူနဲ့ ဦးဆောင်တာ၊ အုပ်ချုပ်တာမဟုတ်ဘဲ စနစ်နဲ့  run တာဆိုတဲ့ အခြေအနေရာက်အောင် ပုံစံကျ စွဲမြဲအောင် ဆောင်ရွက် နိုင်ဖို့ လိုပါတယ်။ အဲဒီလို ဆောင်ရွက်မှုမျိုး ခုချိန်ထိတော့ မတွေ့မိသေး ဘူး။ အဲဒါဟာ အတိုက် အခံတွေအတွက် နောက်ထပ်စိန်ခေါ်ချက် တစ်ခုပါပဲ။

နောက်ထပ်စဉ်းစားစရာတွေလည်း ရှိပါသေးတယ်။ ဥပမာတခု ပြောရရင် ဒေါ်အောင်ဆန်းစုကြည်ဟာကျွန်တော်တို့နိုင်ငံရဲ့ ထွက် ပေါက်လား၊ဒါမှမဟုတ် တပ်မတော်က သူတို့ထွက်ပေါက်အဖြစ် အသုံး ချနေတာလား။ စဉ်းစားစရာပေါ့။ ပထ၀ီနိုင်ငံရေးနဲ့ပတ်သတ်ပြီး တော့လည်း စဉ်းစားစရာတွေအများကြီးပါ၊

အထပ်မြင့် အရည်အသွေး စစ်ဆေးအဖွဲ့

မြန်မာပြည်ဆောက်လုပ်ရေးမှာ ‘အထပ်မြင့် အရည်အသွေး စစ်ဆေးအဖွဲ့ CQHP’ ဆိုတာရှိတယ်။ အဖွဲ့ခေါင်းဆောင်ပိုင်း ပညာရှင်တချို့ က မဆလခေတ်ကတည်းက ပညာရှင်တွေဆိုတော့ ကြီးပြီပေါ့။

ပုံမှန် ၈ ထပ်ခွဲပဲ ဆောက်ရင် မြို့တော်စည်ပင် ခွင့်ပြုချက်နဲ့ ရတယ်။ အဲဒါထက် ကျော်သွားရင်တော့ CQHP ရဲ့  စစ်ဆေးချက်နဲ့မှ ဆောက်လုပ်ခွင့်ရတယ်။ ဒီနောက်ပိုင်း ဆောက်လုပ်ရေးတွေ အားကောင်းလာတော့ CQHP အနေနဲ့ အလုပ်တွေ မနိုင်မနင်းဖြစ်လာတယ်။

လခစားလိုမျိုးမဟုတ်ဘဲ ‘ကြီးတော်နွား အလကားကျောင်းခိုင်း’ ထားတော့ အဲဒီအဖွဲ့က ပညာရှင်တွေမှာလဲ မနိုင်- ပစ်ထား၊ အားရင် စီစစ်ခွင့်ပြုပေးမယ်ဆိုတဲ့ ဖက်ကို ယိုင်လာတယ်။

ဒီကြားထဲ နာမည်ရဆောက်လုပ်ရေးကုမ္ပဏီကြီးတချို့ က အဲဒီအဖွဲ့က လူကြီးတချို့ ကို သူတို့ကုမ္ပဏီရဲ့  အကြံပေးလိုလို ဘာလိုလို ဆွဲစိကြပြန်တယ်။ တချို့ ကတော့ လူကြီး တွေကို ကမ္ဘာတစ်ပတ် (စင်ကာပူလောက်-ဘန်ကောက်လောက်) လိုက်ပို့ပေး တယ်။

အကျိုးဆက်အနေနဲ့

၁) သူတို့နဲ့ ဆက်စပ်တဲ့ကုမ္ပဏီကြီးတွေ- ခွင့်ပြုမိန့်လွယ်လွယ်ကူကူရတယ်။

၂) သူတို့နဲ့ မရင်းနှီးတဲ့ ကုမ္ပဏီတွေ -ခွင့်ပြုမိန့်ကျဖို့ လချီ-နှစ်ချီစောင့်ကြရတယ်။

၃) ပညာဆက်ပြတ်သလိုဖြစ်ပြီး ဟိုးခေတ်ကပညာရှိဟာ ဒီဖက်ခေတ်ကမ္ဘာနဲ့ အံမ၀င်တဲ့ စည်းမျဉ်းစည်းကမ်းတွေ ချမှတ်တယ်။

အခုဟာက ရဲက နှစ်လုံးဒိုင်မှာ ရှယ်ယာပါသလိုဖြစ်နေတယ်။ အထပ်မြင့်ဆောက်လုပ်ရေးကို စစ်ဆေးမယ့်လူကြီးက အထပ်မြင့်ဆောက်လုပ်ရေးကုမ္ပဏီရဲ့  အကြံပေးဖြစ်နေတဲ့ အပြင် sponsor ကိုပါ ပျော်ပျော်ကြီး enjoy လုပ်နေတယ်။ ဒီကြားထဲ ပွင့်ပွင့်လင်းလင်းပြောရရင် အဲဒီလူကြီးတွေဟာ ရှေးတုံးကပညာရှင်၊ ခေတ်ပညာရှင်မဟုတ်တော့ဘူး။ သူတို့ ပညာတော်တော်များများ ဒိတ်အောက်သွားပြီ။ အဲဒါမျိုးတွေ လတ်တလောပြုပြင်ပြောာင်းလဲရေးမှာ တော်တော်များတယ်။

တကယ်တော့ နိုင်ငံရပ်ခြားကနေပြီးတော့ civil & structural နဲ့ပြီးလာတဲ့ဗမာတွေခုဆိုတော်တော်လေးများနေပြီ။ U C Berkeley က ပြီးတဲ့လူတွေလည်းရှိတယ်။
စလုံးမှာ Master ပြီး၊ PhD ထိပြီးတဲ့ Structural ပိုင်းဆိုင်ရာ ပညာရှင်တွေလည်း အများကြီးရှိတယ်။ လက်ရှိ CQHP ကို အသစ်ပြန်ဖွဲ့ ပြီး အဲသည်လိုလူမျိုးတွေကို နေရာပေးသင့်တယ်။

နောက်ဆုံးတော့ အဲဒီအဖွဲ့အစည်းရှိနေခြင်းဟာ မူလရည်ရွယ်ချက်ဘယ်လောက် ကောင်းကောင်း ဘာမှထူး၊ ဖြစ်မလာပါ။ လက်သင့်ရာ ဆောက်လုပ်ရေးကုမ္ပဏီများက အရင်အတိုင်း လုပ်ချင်သလိုလုပ်မြဲ။ ၀ယ်ယူနေထိုင်သူပြည်သူအများပဲ နစ်နာမှန်းမသိ နစ်နာနေဆဲပါ။

Whistle Blower

whistle ဆိုတာ မြန်မာလို ခရာ၊ blow ဆိုတာက မှုတ်တာ..။ ဒါပေမယ့် whistleblower ကိုကျတော့ ခရာမှုတ်သူ လို့ မခေါ်ဘဲ .. အဖွဲ့အစည်းတစ်ခုရဲ့  အပုပ်နံ့ကို အထုတ်ဖြေပြသူ ရယ်လို့ ဖြစ်သွားတယ်..။ ခပ်ကြမ်းကြမ်း ကျစ်ကျစ်လစ်လစ် ကျွန်တော့်အကြိုက် ခပ်ညံ့ညံ့ဘာသာပြန်ရရင် ” ဖော်ကောင် ” ပေါ့။

ကိုယ့်အထက်လူကြီး မတော်မတရား လာဘ်စားနေတာ၊ ကိုယ့်ကုမ္ပဏီက ထုတ်တဲ့ကုန်ပစ္စည်းမှာ အများပြည်သူ ကျန်းမာရေးထိခိုက်စေတဲ့ ပစ္စည်းတွေပါနေတာ၊ အစရှိတဲ့ အတွင်းသတင်းတွေ.. ဖော်ကောင်လုပ်သူကို whistleblower လို့ ခေါ်ပါတယ်။

ဖော်ကောင်က အမျိုးမျိုးရှိတယ်။ ဘညွှန့် လို ဖော်ကောင် ရှိသလို.. ကိုယ်မြင်နေတွေ့နေတာတွေရဲ့  ဆိုးကျိုးကို သိသိကြီးနဲ့ မပြောရမနေနိုင်တော့လို့ ပြည်သူ့သားကောင်း စိတ်ဓါတ်နဲ့ အများအကျိုးရည်မျှော်ကိုးပြီး စွန့်စွန့်စားစား နဲ့ ဖော်ကောင်လုပ်သူတွေလဲ ရှိပါတယ်။

အဝေမတည့်လို့- သောက်မြင်ကတ်လို့- လက်စားချေချင်လို့- မစားရတဲ့အမဲ သဲနဲ့ပက်ချင်လို့.. ဆိုတဲ့ ဖော်ကောင် တွေလဲ ရှိရှာမပေါ့..။

ဘယ်လိုပဲ ဖော်ဖော်.. ဖော်တဲ့သူကြောင့်.. မဖြစ်သင့်မဖြစ်ထိုက်တဲ့၊ အများအကျိုးထိခိုက်စေနိုင်တဲ့ အကြောင်းအရာ အချက်အလက်တွေ.. အံထွက်အရေးယူလာနိုင်တာမို့ ပြည်သူ့အတွက်၊ တိုင်းပြည်အတွက်တော့ အကျိုးရှိတယ်လို့ ဆိုရမှာပါ..။

ဒါပေမယ့်

သူမကောင်းတာ သူ့ထိုက်နဲ့သူ့ကံ သွားလိမ့်မယ် လို့ အရိုးစွဲစိတ်ရှိနေတဲ့ ကျွန်တော်တို့လူမျိုးအတွက်ကတော့ ခရာမှုတ်ဖို့ နှုတ်ခမ်းတွန့်နေမလာ;

အသွားမတော် တစ်လှမ်း၊ အစားမတော် တစ်လုတ်၊ အမှုတ်မတော် ပါးနားယောင်ကိုင်း သွားနိုင်တာမို့.. တော်ရုံလူ ကတော့ ဖော်ကောင် ဘယ်လုပ်ချင်ပါ့မလဲ။

သို့သော် စနစ်ပြောင်း ခေတ်ပြောင်းမှာ ဟိုတစ်စ ဒီတစ်စ ခရာသံလေးတွေ အရင်ကထက်တော့ စီကနဲ-၀ီကနဲ ကြားနေရပါပြီ..။

ဒီကရှေ့လျှောက် ဒီထက်ဒီ ပိုပြီး ကြားရရင်တော့ ရွှေနိုင်ငံရဲ့  မင်္ဂလာခရုသင်းသံ ပေါ့..။ နားပင်း များကတော့ ဘယ်လောက်မှုတ်မှုတ် မကြားတာမို့ သူတို့ကို ငဲ့မနေပါနဲ့..။ ချောင်းဟန့်သံလေး လောက်ကြားရင်ကိုပဲ ကိုယ်ရှိန်သတ်မယ့်သူများကိုတော့ ခရာသံလေး ပေးပြီး ထိန်းလို့ ရမှာပါ..။

ကဲ.. ခရာလက်ထဲရှိသူများ.. မှုတ်သံလေးများ ကြားချင်ပါတယ်။  ကျေးဇူးပြုပြီး မျက်နှာမပြပါနဲ့ 😀

ပြောပြန်ရင်လည်း လွန်တော့မယ် (၃)

_60617006_dsc00723

စိုးသိန်းအကြောင်းပြောရင် မိုးလင်းတယ်ဆိုတဲ့စကားက မှန်တယ်ပဲပြောရတော့မလား မသိပါဘူး။ သူ့အကြောင်း သူ့ဇာတ်က ရိုးကိုမရိုးနိုင်အောင် တစ်မျိုးပြီးတစ်မျိုး ကြားရပါတယ်။ ပြောင်ကျကျ လိမ်တတ်တဲ့ သူ၊ သရုပ်ဆောင်ကောင်းတဲ့သူတွေဟာ အစိုးရအဖွဲ့အစည်းမှာ ရာထူးကြီးနေရာတွေနဲ့ ရှိနေခြင်းက တိုင်းပြည်အနာဂါတ်အတွက် အင်မတန်ကြောက်စရာကောင်းသလို ပြည်သူလူထုအတွက်လည်း နစ်နာမှု အပြည့်ရှိတယ်ဆိုတာဥပဒေပြုအဖွဲ့အစည်းတွေကော ပြည်သူက ရွေးကောက်တင်မြှောက်ထားတယ်လို့ ပြောနေခဲ့တဲ့ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌကြီးအနေနဲ့ပါ စဉ်းစားသုံးသပ်စေချင်ပါတယ်။ ဒီလိုလူတွေရဲ့လက်မှာ အာဏာဆက်ရှိနေခြင်းဟာ တိုင်းပြည်အတွက် ဘယ်လိုနည်းနဲ့ကောင်းနိုင်ပါ့မလဲ။

တိုင်းပြည်ရဲ့အနာဂါတ်ကောင်းဖို့ထက် ကိုယ့်နာမည်ကောင်းဖို့အတွက် ကြိုးစားနေတယ်ဆိုရင်တော့ ရေလိုက်လွဲတဲ့ လုပ်ရပ်တွေအပြည့်နဲ့ ဖြစ်နေဦးမယ်ဆိုတာ သတိချပ်သင့်ပါတယ်။ ဦးစိုးသိန်းဟာ မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဌဆိုတဲ့ ထိုင်ခုံမှာထိုင်ရင်း ပြည်သူ့ဘဏ္ဍာဖြုန်းတဲ့ ဥပမာတစ်ခုထုတ်ပြ ချင်ပါတယ်။ ပြည်သူ့ချွေးနဲစာအပါအဝင် နိုင်ငံရောင်းစားလို့ရတဲ့ ငွေတွေနဲ့ ဘူဒိုဇာစက်ရုံတစ်ရုံ တည်ဆောက်ပြန်ပါတယ်။ တည်ဆောက်ပြီး ထုတ်လုပ်ဖို့အတွက်ဆိုတဲ့ အဆင့်ကိုရောက်ဖို့အတွက်တော့ မကြိုးစားဘဲ ဟန်ပြသက်သက် ရုပ်ရှင်ရိုက်တဲ့အနေနဲ့ တရုတ်နဲ့ ထိုင်းငံတွေကနေ ပစ္စည်းတွေတင်သွင်းပြီး တပ်ဆင်ပြန်ပါတယ်။ ပြီးတော့ ထုံးစံအတိုင်းပဲ စက်မှု တံဆိပ်ကပ်ပြီး လိမ်ဆင်လုပ်ခဲ့ပါတယ်။

ဒီလိုအဖြစ်မျိုးတွေ ခဏခဏဖြစ်လာတဲ့အခါ စာရေးသူအနေနဲ့ စဉ်းစားမိတာ အစိုးရက အညာခံနေ သလား? ဒါမှမဟုတ် ဒီလောက် ခြတက်နေတဲ့ ကိစ္စကို မျက်ကွယ်ပြုနေလောက်အောင် ပြည်သူ့ မျက်နှာကို မထောက်ငဲ့လိုလို့ပဲလား? ဒါမှဟုတ် သမ္မတကြီးရဲ့ အစိုးရဝန်ကြီးတွေ ဦးစိုးသိန်းလုပ်နေတဲ့ လုပ်ထားတဲ့ ကိစ္စတွေကို မျက်ကွယ်ပြုပြီး ပြည်သူ့ဘက်ကမရပ်တည်ဘဲ ဦးစိုးသိန်းတစ်ယောက်အတွက်ဘဲ ရပ်တည် နေတော့မလားလို့ စဉ်းစားမိပါတယ်။ ဒါကို စာဖတ်သူများအနေနဲ့လည်း သုံးသပ်ပေးစေလိုပါတယ်။ စိုးသိန်းဟာ လက်ရှိသမ္မတရုံးဝန်ကြီး၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဌ၊ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေးဥက္ကဌ နေရာတွေမှာ ယူထားပြီး သူ့နာမည်ကောင်းဖို့အတွက် သူ့ကိုယ်သူတည်ဆောက်ရင်း တိုင်းပြည်ကို ရောင်းစားနေတဲ့သူတစ်ယောက်ဆိုတာ သိသာထင်ရှားနေပါတယ်။

လူလိမ်တစ်ဦးဖြစ်ကြောင်း ပိုသေချာစေတဲ့ လုပ်ရပ်တစ်ခု ဥပမာထပ်ပေးပါ့မယ်။ စက်မှု ၂ ဝန်ကြီး အနေနဲ့ ဆောင်ရွက်စဉ်ကာလမှာ သူဖင်မနိုင်ဘဲ ပဲကြီးဟင်းသောက်လုပ်ခဲ့တဲ့ စက်ရုံကိစ္စတွေနဲ့ စက်မှု ၂ ထုတ်ပါတယ်လို့ နာမည်တပ်ခဲ့တဲ့ ပစ္စည်းတွေကို သူယူပို့ဆောင်တဲ့ကိစ္စတွေကိုလည်း လုပ်ခဲ့ပါတယ်။ ဒီပစ္စည်းတွေကို ရန်ကုန်ကနေ ဧရာဝတီအနောက်ဘက်ခြမ်းကို သယ်ရပါတယ်။ ဒီလို ပို့ဆောင်တဲ့နေရာမှာ စက်မှု ၂ ပိုင် ဇက်ရေယာဉ်တွေနဲ့ပို့ပါတယ်။ ရေကြောင်းကနေ ပို့တဲ့အတွက် ကုန်ကျစရိတ်က ကုန်းလမ်းကပို့တဲ့ ကုန်ကျ စရိတ်ထက် ပိုသက်သာပါတယ်။ ဒါပေမယ့် စာရင်းမှာတော့ Container တွေနဲ့သယ်ပြီး ကုန်လမ်းကနေ ပို့ပါတယ်လို့ ပြထားပါတယ်။ ဒီလို စာရင်းခေါင်းစဉ် ပြောင်းလိုက်တဲ့အပြင် ကုန်ကျစရိတ်တွေကိုလည်း စာရင်းပိုပြလိုက်တဲ့အတွက် သိန်းပေါင်းသောင်းနဲ့ချီတဲ့ စာရင်းကွာဟမှု ဖြစ်သွားပါ တယ်။

ဒီလိုစာရင်းလိမ်လိုက်တာကို သတင်းကြားတဲ့အတွက် စာရင်းစစ်တွေနဲ့ စစ်ဆေးတာမှာ စာရင်း လိမ်လည်မှုတွေ့ပါတော့တယ်။ ဦးစိုးသိန်းဟာ စားနေကျကြောင်ဖားဖြစ်တဲ့အတွက် စာရင်းစစ်တွေလက်က အလွယ်တကူရှောင်ထွက်သွားနိုင်ခဲ့ပါတယ်။ ဘယ်လိုနည်းလမ်းနဲ့ ရှောင်ထွက်ခဲ့သလဲဆိုတော့ ရိုးရိုးရှင်းရှင်း လေးပါပဲ။ အဲဒီတုန်းက ဦးစီးလုပ်ခဲ့တယ်ဆိုတဲ့ နာမည်တပ်ပြီး တပည့်တစ်ယောက်ကို ခေါင်းပုံချလိုက်ပါ တယ်။ အဲဒီသူ ဘယ်သူဆိုတာထက် အဲဒီသူကို ဝန်ထမ်းစာရင်းကနေ အခုထိ ထုတ်ပယ်ခြင်းမရှိသေးဘူး။

နောက်ထပ်စာရင်းလိမ်လည်မှုတစ်ခုအနေနဲ့ကတော့ အရာရှိအိမ်ယာတွေ ဆောက်ပေးတဲ့ ကိစ္စပဲ ဖြစ်ပါတယ်။ စက်မှုအရာရှိတွေအတွက် အိမ်ယာပြုလုပ်ပြီး ဝန်ကြီးဌာနအနေနဲ့ ငွေကြေးပေးချေတဲ့နေရာမှာ အိမ်တစ်လုံးကို တကယ်တမ်းကုန်ကျစရိတ်က သိန်း ၈၀ ပဲကုန်ကျပါတယ်။ ဒါပေမယ့် ဆောက်လုပ်ရေး ကုမ္ပဏီနဲ့ လက်ဝါးချင်းရိုက်ပြီး ကျပ်သိန်း ၂၀၀ လို့ ကုန်ကျစရိတ်ပြခဲ့ပါတယ်။ ဒီလို ဆောက်လုပ်ရေး လုပ်ငန်းတွေကို အကွက်ကျကျ ခွင်ချပြီး ဦးစိုးသိန်းကို လုပ်ကိုင်ကျွေးမွေးမွေးနေတဲ့ လုပ်ငန်းရှင်တွေကတော့ ရွှေတောင် အိုက်ထွန်းတို့ Asia World MD ထွန်းမြင့်နိုင်တို့ပဲ ဖြစ်ပါတယ်။ တစ်ဆက်တည်း ပြောချင်တာက Asia Wold ရဲ့ပိုင်ရှင် လော်စစ်ဟန် ဆိုတာ တစ်ချိန်ကဘိန်းဘုရင်ပါ။ ငွေမည်းငွေဖြူဖြစ်အောင် လုပ်တဲ့ကိစ္စတွေမှာ စိုးသိန်းဟာ ကြံရာပါ ကြိုးကိုင်သူ တစ်ယောက်အနေနဲ့ ဝင်ရောက်ခွင်ချပြီး ဆောင်ရွက် ပေးနေပါတယ်။

(အပိုင်း ၄ မှာဆက်လက်ရှုစားပါခင်ဗျာ။)

ဆန်တင်ပို့မှုအများဆုံး နိုင်ငံသို့

3665212-basmati-rice-stalk-series-with-rice-4
မြန်မာနိုင်ငံမှ ဆန်များကို ပြည်ပနိုင်ငံများသို့ လက်ရှိဘဏ္ဍာနှစ်အတွင်း ဆန်တန်ချိန် ၁၅၀,၀၀၀ တင်ပို့သွားနိုင်ရန် မျှော်မှန်းထား၍ ကမ္ဘာ့ ဆန်တင်ပို့မှု အများဆုံး နိုင်ငံများထဲတွင် ပဉ္စမနေရာသို့ ရောက်ရှိ
လာနိုင်ခြေရှိကြောင်း ဆန်ဈေးကွက် စောင့်ကြည့် လေ့လာသူများထံမှ သိရသည်။

“ဘဏ္ဍာနှစ်အတွင်း ဧပြီ ၁ ရက်ကနေ ဒီဇင်ဘာ လကုန်အထိ ဆန်နှင့် ဆန်ထွက်ပစ္စည်း တန် ၁.၀၁ သန်း တင်ပို့နိုင်ခဲ့ပါတယ်။ အဲဒီနောက် ဇန်နဝါရီ၊ ဖေဖေါ်ဝါရီ၊ မတ် သုံးလအတွင်း ဆက်လက် တင်ပို့မှုတွေနဲ့
ပေါင်းလိုက်ရင် ဘဏ္ဍာနှစ်ကုန်မှာ ဆန်တန်ချိန် ၁၅၀,၀၀၀ တင်ပို့နိုင်မယ် မှန်းထားပါတယ်” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိကြီးတဦးက ပြောသည်။

မြန်မာနိုင်ငံမှ ဆန်များကို ပြည်ပသို့ တင်ပို့ရောင်းချရာတွင် ပင်လယ်ရေကြောင်းလမ်းအပြင် နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းများကပါ တင်ပို့ရောင်းချလျက်ရှိသည်။

“ဒီနှုန်းအတိုင်း ဆန်တန် ၁၅၀,၀၀၀ ပို့နိုင်မယ်ဆိုရင် ကမ္ဘာ့ဆန်တင်ပို့မှု အများဆုံး နိုင်ငံတွေရဲ့ စာရင်းမှာ နံပါတ် ၉ နေရာကနေ ဥရုကွေး၊ ကမ္ဘောဒီးယား၊ ဘရာဇီး နိုင်ငံတွေကို ကျော်ပြီး ပဉ္စမ နေရာကို
ရောက်ရှိလာနိုင်ပါတယ်” ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ
ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာစိုးထွန်း က ပြောသည်။

၂၀၁၃ ခုနှစ်၊ မတ်လအတွင်း အင်ဒိုနီးရှားနိုင်ငံသို့ ဆန်တန်ချိန် ငါးသိန်း တင်ပို့ ရောင်းချရန်အတွက် လက်မှတ်ရေးထိုးရန် ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

“ဂျပန် အစိုးရက ခေါ်ယူတဲ့ ဆန်ဝယ်ယူတင်သွင်းမည့် တင်ဒါမှာ မြန်မာ လယ်ယာစီးပွား အများပိုင် ကော်ပိုးရေးရှင်းနဲ့ မစ်ဆူရီ ကုမ္ပဏီတို့ ပူးပေါင်းပြီး ဆန်တန်ချိန် ၅,၀၀၀ အောင်မြင်ခဲ့ပါတယ်။ ဒါကြောင့် ၁၀ မှတ်ဆန် တန် ၅,၀၀၀ ကို မတ်လ အကုန်မှာ တင်ပို့သွားပါမယ်” ဟု ဒေါက်တာ စိုးထွန်း က ဆက်လက်ပြောဆိုသည်။

မြန်မာနိုင်ငံမှ ဆန်များကို အင်ဒိုနီးရှား၊ ဘင်္ဂလားဒေရှ့်၊ စင်္ကာပူ၊ ဖိလစ်ပိုင်၊ ရုရှားနှင့် အာဖရိက နိုင်ငံများသို့ ရေကြောင်းလိုင်းမှ တင်ပို့လျက်ရှိပြီး တရုတ်နှင့် အိန္ဒိယနိုင်ငံများသို့မူ နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းများမှ တဆင့် အဓိက တင်ပို့လျက်ရှိကြောင်း သိရသည်။

ခင်မျိုးသွယ်
Mizzima – News in Burmese

တိုတိုထွာထွာသတင်းများ

news_1

1) ဟံသာဝတီလေဆိပ်ကြီးကို ဒီနှစ်အတွင်း စတင်ဆောက်လုပ်တော့မည်

အာရှဒေသမှာ ကြားခံအဖြစ် အဓိကချိတ်ဆက်နိုင်မယ့် ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ်ကြီး တစ်ခုကို ရန်ကုန်မြို့နဲ့ မိုင် ၅၀ ခန့် အကွာမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ အခုနှစ်အတွင်း စတင်တည်ဆောက်ဖို့ ကုမ္ပဏီ ၇ ခုကို လေလံတွေ စတင်ချထားတော့မယ်လို့ ပို့ဆောင်ရေးဝန်ကြီးဌာန အကြီးတန်းအရာရှိတစ်ဦးက RFA ကို ဖေဖေါ်ဝါရီလ ၇ ရက်နေ့ ဒီကနေ့မှာ ပြောကြားပါတယ်။See more,

http://www.rfa.org/burmese/news/hantharwady-airport-plan-02072013111546.html

(2) မြန်မာ့ဆက်သွယ်ရေး၏ လုပ်ပိုင်ခွင့် တဖြည်းဖြည်း လျှော့ချမည်

မြန်မာ့ဆက်သွယ်ရေး၏ လုပ်ပိုင်ခွင့်များအား တဖြည်းဖြည်းဆွဲထုတ်သွားမည်ဟု သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း က ပြောသည်။

”MPT ကို တဖြည်းဖြည်း ဆွဲ ထုတ်တော့မှာပါ။ သူပါလာတဲ့အ တွက် ပြဿနာတွေအများကြီး ဖြစ် တယ်။ ဒါပေမဲ့ချက်ချင်းကြီး လုပ် လို့မရဘူး။နိုင်ငံမှာ ဖိုင်ဘာတွေခင်း ထားတာတွေရှိနေတဲ့အတွက် တ ဖြည်းဖြည်း လုပ်သွားမှရမှာပါ”ဟု နေပြည်တော်၌ပြုလုပ်သည့် သတင်…း စာရှင်းလင်းပွဲတွင် ပြောသည်။
http://www.facebook.com/photo.php?fbid=611375755544890&set=a.362239160458552.107216.287336421282160&type=1

(3) Myanmar Technologies Investment အများပိုင် ကုမ္ပဏီမှ ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းလိုင်စင် တင်ဒါဝင်ရောက် လျှောက်ထားမည်

နည်းပညာ နယ်ပယ်ရှိ ပညာရှင်များ၊ လုပ်ငန်းရှင်များ ပါဝင်ဖွဲ့စည်းထားသည့် Myanmar Technologies Investment အများပိုင် ကော်ပိုရေးရှင်းမှ ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းလိုင်စင် တင်ဒါ ခေါ်ယူခြင်းအား ဝင်ရောက် လျှောက်ထားမည် ဖြစ်ကြောင်း ၄င်းကော်ပိုရေးရှင်း၏ ဒါရိုက်တာ အဖွဲ့ဝင် တစ်ဦးက ပြောသည်။အဆိုပါ Myanmar Technologies Investment အများပိုင် ကော်ပိုရေးရှင်းမှ တင်ဒါ အောင်မြင်၍ ခွင့်ပြုချက် ရရှိပါက မိုဘိုင်းအော်ပရေတာနှင့် ကျေးလက်ဒေသများထိ ဝန်ဆောင်မှု ပေးသွားမည့် Mobile Payment စနစ်များပါ ဝန်ဆောင်မှု ပေးသွားရန် အစီအစဉ် ရှိကြောင်း သိရသည်။ See more,http://www.news-eleven.com/index.php?option=com_content&view=article&id=17872:myanmar-technologies-investment——-&catid=42:2009-11-10-07-36-59&Itemid=112

(4) ဦးပိုင်ကုမ္ပဏီ အခွန်ဆောင်ရတော့မလား

၁၉၉၀ ပြည့်နှစ် ဧပြီလ စတင်ဖွဲ့စည်းကတည်းက ဝင်ငွေခွန်ကင်းလွတ်ခွင့် ရနေခဲ့တဲ့ စစ်တပ်ရဲ့ မြန်မာ့စီးပွားရေး ဦးပိုင်ကုမ္ပဏီဟာ အခု အခွန်စည်းကြပ်ခံရတော့မှာ အခြေအနေ ရှိနေပြီလို့ ပြည်တွင်း သတင်းတွေထဲမှာ ဖေါ်ပြနေကြပါတယ်။

http://www.thithtoolwin.net/2013/02/bbc-02-07-13_8.html

ဆက်သွယ်ရေး ဘာကြောင့်အမှုကြီး

သမ္မတအနေနဲ့ ဝန်ကြီးတစ်ဦးဦးကို ပြစ်မှုထင်ရှားလို့ တာဝန်မှ အနားပေးချင်ရင် အလွယ်တကူ ပေးလိုက်လို့ရပါတယ်။ ပေးခဲ့ဖူးတာတွေလည်း ရှိပါတယ်။ ဥပမာ – လျှပ်စစ်ဝန်ကြီး၊ ဆောက်လုပ်ရေးဝန်ကြီး စသဖြင့်။

အခု ဆက်သွယ်ရေးဝန်ကြီးကို အနားပေးရာမှာ ဝန်ကြီးကို အနားပေးသလို အကြီးတန်းအရာရှိတွေကိုပါ စစ်ဆေး အရေးယူတယ်ဆိုတာ ပုံမှန် လုပ်ရိုးလုပ်စဉ် မဟုတ်ပါဘူး။ ထူးခြားပါတယ်။ တကယ်က ဘယ်ဝန်ကြီးဌာနမှ လာဘ်ပေးလာဘ်ယူ မကင်းပါဘူး။ အရေးယူမှုတွေ လုပ်တိုင်း ဝန်ကြီးအဆင့်တွေကိုသာ အနားပေးခဲ့ပြီး အောက်ခြေဝန်ထမ်းအားလုံး မြေလှန်ခြင်းကို လုပ်ခဲပါတယ်။ နောက်ရောက်လာတဲ့ ဝန်ကြီးက ပညာပေး မြေလှန်တာကတော့ တစ်ပိုင်းပေါ့လေ။ အခုကိစ္စမှာ အောက်ခြေတွေကိုပါ တစ်ပြိုင်တည်း အရေးယူတာဟာ ဖြစ်နိုင်ခြေ သုံးမျိုးရှိကြောင်း အရာရာသိနေသော ဟန်ဖြင့် ဆက်ရှင်းပြမိပါတယ်။

၁။ ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် ပတ်သက်ပြီး သတင်းတစ်ခု ထွက်ခဲ့ဖူးသည်မှာ လွှတ်တော်ဥက္ကဋ္ဌကြီး၏ တပ်တွင်းမှ တပည့်ရင်းကြီးတစ်ဦးသည် ဆက်သွယ်ရေးတွင် အကောင်တစ်ခု ဖြစ်နေပြီး အစိုးရပိုင်းမှ သမ္မတအပါ အရာရှိတချို့၏ ဖုန်းများကို ကြားဖြတ်နားထောင်ခဲ့ခြင်းသည်လည်း တစ်ကြောင်း

၂။ ကြံ့ခိုင်ရေးပါတီ၏ ပါတီရံပုံငွေ စီးဝင်ရာလမ်းကြောင်းများသည် ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် ဆက်နေပြီး ပါတီတွင်းရှိ ၄င်းငွေများကို ကိုင်တွယ်လျက် အာဏာပါဝါတက်နေသော ဂိုဏ်းမှတဆင့် ပါတီဒုတိယဥက္ကဋ္ဌများကို မသိမသာဖိအားပေးလိုခြင်းကလည်း တစ်ကြောင်း

၃။ ဆက်သွယ်ရေးဝန်ကြီးနှင့်ပတ်သက်ပြီး အရေးယူပေးရန် အောက်ခြေမှ စုပေါင်းတိုင်ကြားမှုများ ပြုလုပ်ခဲ့သဖြင့် ယင်းသို့ တိုင်ကြားမှုမျိုး နောင်အစဉ်အလာမဖြစ်စေရန်အတွက် ခေါင်ကို ထိခိုက်အောင်လုပ်လျှင် အားလုံးပျက်စီးရသည်။ ခေါင်မြင့်မှ တင့်တယ်မည်ဟု ဌာနဆိုင်ရာဝန်ထမ်းအားလုံးကို အသိပညာပေးလိုခြင်းကလည်း တစ်ကြောင်းစတဲ့ အကြောင်း သုံးပါး ဖြစ်နိုင်ခြေရှိပါတယ်။

ပြောပြန်ရင်လည်း လွန်တော့မယ် (၂)

578246_111403182374614_731253897_n

စက်မှု (၁/၂) ဝန်ကြီးအနေနဲ့ လုပ်နေတဲ့အချိန်မှာ တရုတ်နိုင်ငံကထုတ်တဲ့ Landmark ကားတွေကို စက်မှု(၂)တံဆိပ် ခပ်တည်တည်နဲ့ကပ်ပြီး လူကြီးတွေနဲ့ စစ်တပ်က တပ်ရင်းမှုးတွေအတွက် Grand Tiger တွေပေးခဲ့ပါတယ်။ တရုတ်ကနေ တစ်စစီ ဝယ်လာတဲ့ မော်တော်ကားအပိုပစ္စည်းတွေကို ဒီမှာအကုန်တပ်ဆင် ပြီးတော့ စက်မှု(၂)တံဆိပ်ကို ခပ်တည်တည်နဲ့ ကပ်လိုက်တဲ့အခါမှာ ကမ္ဘာမှာ ဘယ်မှာမှမရှိဖူးသေးတဲ့ ဂိုဒေါင်တွေကနေ ကားထုတ်တဲ့စက်ရုံဖြစ်စေတဲ့ စနစ်ကို တည်ထောင်ခဲ့သူလည်း ဖြစ်ပါတယ်။

မော်တော်ကားတွေ သွင်းလာတာနဲ့ အားမရသေးဘဲ လိမ်တဲ့နေရာမှာ အကြီးကြီး ပီပီပြင်ပြင် လိမ်ဖို့ကြိုးစားတာမှာ မော်တော်ကားမှာတပ်ဆင်မယ့် စက်ယန္တရားတွေကို မလိုအပ်ဘဲ ဖင်မနိုင်ပဲ ပဲကြီးဟင်းသောက်သလို ဝယ်ယူတပ်ဆင်ပြန်ပါတယ်။ ဒေါ်လာသန်းနဲ့ချီပြီးပေးချေခဲ့ရတဲ့ ဂီယာထုတ်စက်ကို စက်ရုံအနေနဲ့ပါ တည်ဆောက်ပြီး ပြည်သူ့ဘဏ္ဍာကို ဖောက်ခဲ့ပြန်ပါတယ်။ စက်ရုံကနေ အခုထိ ဘာပစ္စည်းမှ ထုတ်လုပ်ခြင်းမရှိသေးဘူးဆိုတာလည်း စိတ်မကောင်းခြင်းများစွာနဲ့ သိရပါတယ်။ ဒီကြားထဲ ပြုပြင်ထိန်းသိမ်း စရိတ်တွေ၊ လုပ်ငန်းလည်ပတ်စရိတ်တွေ တိုးလာတာပဲအဖတ်တင်ပါတယ်။

ဒေါ်လာသန်းဂဏန်း ရင်းနှီးဝယ်ယူထားရတဲ့ ဒီစက်ပစ္စည်းများအတွက် ဘယ်သတင်းစာ ရှင်းလင်းပွဲ မှာမှထုတ်မပြောခဲ့သလို မသိချင်ယောင်ဆောင်နေသလိုပါ နေခဲ့ပါတယ်။ ပြည်သူ့ဘဏ္ဍာကို အလွဲသုံးစား လုပ်ရင်း သူ့အိပ်ထောင်ထဲကို ပွဲခအနေနဲ့ ဒေါ်လာငွေပမာဏများစွာ စီးဝင်နေတယ်ဆိုတာ သတိချပ်စေချင် ပါတယ်။ လူတကာအပေါ်မှာ ညာဝါးတတ်တဲ့ အကျင့်ကို လက်ကိုင်စွဲထားရင်း တပ်ကိုပါလိမ်လည်တဲ့ ကိစ္စတွေလည်း အများကြီးရှိပါသေးတယ်။

အဲဒီအထဲက ဗြောင်ကျကျညာဝါးလိုက်တဲ့ကိစ္စကတော့ ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်ရင်း သိသိနဲ့ခံလိုက်ရတဲ့ကိစ္စပါပဲ။ အိန္ဒိယကနေ သွင်းလာတဲ့ မြေသယ်ကား (၈)စီးကို ခပ်တည်တည်နဲ့ စက်မှု(၂) တံဆိပ်ကောက်ကပ်ပြီး လွှဲပြောင်းပေးလိုက်ပါတယ်။ ထော်လာဂျီစက်တစ်လုံးတောင် မထုတ်လုပ်နိုင်တဲ့ စက်မှု (၂)ရဲ့ နည်းပညာမြင့်မားမှုကို နိုင်ငံနေထိုင်သူ ပြည်သူလူထုလည်း ခန့်မှန်းလို့ရနိုင်သလို စစ်ဘက် အရာရှိကြီးတွေနဲ့ တပ်မတော်အသိုင်းအဝိုင်းများလည်း သိပြီးဖြစ်ပေမယ့်လည်း အထက်အုပ်ချုပ်သူ အရာရှိကြီးများနဲ့ အလွမ်းသင့်တဲ့ ဦးစိုးသိန်းကို ဘယ်သူမှ မလွန်ဆန်ဝံ့ဘူးဖြစ်နေရပါတယ်။

ဘယ်လိုပစ္စည်းကောင်းကို တွေ့သည်ပဲဖြစ်ပါစေ စက်မှု (၂) ထုတ်လုပ်သည် ဆိုတဲ့စကားမျိုးကို အရှက်မရှိပြောတဲ့ကိစ္စတွေထဲမှာ ရယ်ပွဲဖွဲ့စရာအကောင်းဆုံးဖြစ်စေခဲ့တဲ့ ကိစ္စကတော့ သာဂရမှာ ရေအားနဲ့ လျှပ်စစ်ထုတ်လုပ်တဲ့ တာဘိုင်စက်ထောင်တဲ့ ကိစ္စလည်း အပါအဝင်ဖြစ်ပါတယ်။ စက်ရုံကို တာဝန်ရှိ နိုင်ငံတော်အကြီးအကဲတွေ လာရောက်စစ်ဆေးတဲ့အခါ မျက်နှာလိုအားရ ပြောင်ကျကျညာလိုက်ရမှ ကျေနပ်သူ ဦးစိုးသိန်းဟာ တာဘိုင်စက်ကိုလက်ညှိုးထိုးပြီး စက်မှု (၂)က ထုတ်လုပ်ပါတယ်ဆိုပြီး ပြောခဲ့ပါတယ်။

ဒါ့အပြင် စိုးမင်းသန့်ဆိုတဲ့သူနဲ့ ပူးပေါင်းလို့ ကိုရီးယားကနေ ချွေလှေ့စက်တွေ ထင်သွင်းပြန်ပါတယ်။ ဒီချွေလှေ့စက်တွေကိုလည်း ထုံးစံအတိုင်း စက်မှု (၂) တံဆိပ်ကပ်ပြန်ပါတယ်။ မြန်မာနိုင်ငံမှာ ထုတ်လုပ်ဖို့ မဖြစ်နိုင်သေးတာတွေကို ထုတ်ပါတယ်ပြောပြီး သမ္မတကို လက်ဆောင် (၂)စီးပေးပြီး စက်မှု(၂)က ထုတ်ပါတယ်လို့ ပြောင်ကျကျ ညာပြောခဲ့ပါတယ်။  ဒီစက်တွေဟာ ကိုရီးယားကနေ သွင်းလာတယ်ဆိုတာ သမ္မတခမျာမယ် မသိတာလား သိသိနဲ့အညာခံရသလားဆိုတာ မစဉ်းစားတတ်အောင် ဖြစ်ရပါတယ်။

ကြားထဲမှာ ဖြတ်ပြီးစဉ်းစားမိတာက သူလုပ်ခဲ့တဲ့ ကိစ္စတွေဟာ အလိမ်အညာတွေ အပြည့်ဖြစ်နေတဲ့ အပြင်၊ ဒီလို ထင်ထင်ပေါ်ပေါ်ကြီး ညာနေခဲ့တာတွေဟာ ပြည်သူတွေအတွက်တော့ စိုးရိမ်စရာတွေအပြည့် ဖြစ်နေတယ်ဆိုတာ သိလာရပါတယ်။ လက်ရှိအနေအထားမှာ ဦးစိုးသိန်းဟာ သမ္မတရုံးဝန်ကြီး ဖြစ်ပါတယ်။ သမ္မတရုံးဟာ ကျွန်တော်သိသလောက် နိုင်ငံတော်ရဲ့အမြင့်ဆုံးပါပဲ။ နိုင်ငံတော်အုပ်ချုပ်မှု အမြင့်ဆုံးမှာ ရှိနေတဲ့သူတစ်ယောက်ရဲ့ အနားမှာရှိနေသူဟာ စိတ်ထားမပြည့်ဝတဲ့အပြင် အတွေးအခေါ်ပါ ချွတ်ချော်နေသူ၊ စကားကို လူကြီးတစ်ယောက်မဆန်စွာ ပြီးစလွယ်ပြောပြီး လိမ်လည်သူတစ်ယောက် ဖြစ်နေတယ် ဆိုတာကို နိုင်ငံတော်သမ္မတကြီးအနေနဲ့ စဉ်းစားသုံးသပ်စေချင်တဲ့အပြင် ပြည်သူလူထုအနေနဲ့လည်း သိထားဖို့ လိုအပ်ပါတယ်။
(အပိုင်း ၃ မှာဆက်လက်ရှုစားပါခင်ဗျာ။)

ဆိတ်ဖွားစုံစမ်းရေးကော်မရှင်

ကိုရွှေထူးလည်း မျက်ခုံးခပ်လှုပ်လှုပ်ရှိနေတယ်လို့ ဒီရက်ပိုင်း အောင့်မေ့နေမိတာ ဒီသတင်းကြောင့်ကိုးလို့ ကိုယ်ကိုယ်ကိုယ် သုံးသပ်မိတယ်။ ကိုရွှေထူးတစ်ယောက် ဘာတွေလုပ်နေမိတယ်ဆိုတာ ပြန်စဉ်းစားတော့ ကျုပ်ကတော့ ကျုပ်အလုပ် ကျုပ်လုပ်နေတယ်လို့ပဲ ပြောရတော့မယ်ထင်ပါရဲ့ဗျာ။ နောက်ပြီး ပြည်သူ့လွှတ်တော်ဟာ အကျယ်အကျယ် မငြိမ်းဖွယ်၊ ထိထိတို့တို့ကိစ္စမဟုတ်တာ လိုက်ပြီး ပုံကြီးချဲ့တယ်မြင်မိတယ်။ တခြား စုံစမ်း စစ်ဆေး ဖော်ထုတ်စရာတွေ သိပ်များနေချိန်မှာ ဒါကို ဖော်ထုတ်ဖို့ကြိုးပမ်းနေခြင်းကတော့ ကြောင်ရေချိုးနေတယ်ပဲ သုံးသပ်ပါတယ်ခင်ဗျာ

ဒေါက်တာဆိတ်ဖွား အင်တာနက်ဆောင်းပါးရှင်အား စုံစမ်းစစ်ဆေးရန် စုံစမ်း စစ်ဆေးရေး ကော်မရှင်တရပ်ကို ယနေ့ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဖွဲ့စည်းတာဝန်ပေးခဲ့သည်။

စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ကို
– ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ဦမြညိမ်း (ဥက္ကဌ)
– ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဌ ဦးနန္ဒကျော်စွာ (ဒုတိယဥက္က)

အဖွဲ့ဝင်များအဖြစ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များဖြစ်သော
– ဒေါက်တာစိုးရင် (ကမာရွတ်မဲဆန္ဒနယ်)
– ဦးခိုင်မောင်ရည် (အလုံမဲဆန္ဒနယ်)
– ဦးသိန်းညွန့် (သင်္ဃန်းကျွန်းမဲဆန္ဒနယ်)
– ဦးအုန်းကြိုင် (မဟာအောင်မြေမဲဆန္ဒနယ်)၊
– ဦးမင်းဆွေ (ဒိုက်ဦးမဲဆန္ဒနယ်) နှင့်

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များဖြစ်သော
– ဒေါက်တာမြတ်ဥာဏစိုး
– ဦးဖုန်းမြင့်အောင်
– ဦးအောင်ငြိမ်း
– ဦကံညွန့်
– ဦးစိုင်းကျော်ဇောသန်း
– ဦးလှဆွေ
– ဦးသိန်းဦး (အိုင်တီလောကမှ နာယကကြီး)
– ဦးစန်လွင်
– ဒေါ်ကျင်စန်း ……. တို့ဖြင့် ပါဝင်ဖွဲ့စည်းထားသည်။

အပျိုကြီးလူပျိုကြီးတို့၏ စရိုက်လက္ခဏာများ

ppnd-sherri-fisher-Quarrelling-couple

အများစုသောအပျိုကြီးလူပျိုကြီးတို့၏ စရိုက်လက္ခဏာများ
၁။ ဘာသာရေး ကိုင်းရှိုင်းတတ်သည်။
၂။ ဇီဇာကြောင်တတ်သည်။
၃။ တိရိစ္ဆာန်ကလေးများကို ချစ်တတ်သည်။
၎။ တူ၊တူမကလေးများကို အချစ်ကြီးတတ်ကြသည်။
၅။ တူ၊တူမကလေးများကို သူတို့လိုနေရန် တိုက်တွန်းတတ်ကြသည်။
၆။ ဆုံးဖြတ်ချက်တစ်ခုခုကျဘို့ အကြာကြီးစောင့်ရတတ်သည်။
ရ။ အမြဲလိုလို ဟိုဟာကောင်းနိုး၊ဒီဟာကောင်းနိုးရွေးရခက်နေတတ်သည်။
ဂ။ အဖေ၊အမေ ကို သူများထက် ပိုချစ်တတ်သည်။
၉။ ကိုယ့်ကိုကိုယ် လည်း သူများထက်ပိုချစ်တတ်သည်။

၁၀။ အချစ်၊အိမ်ထောင်ရေးအကြောင်း သူများထက် ပိုသိဟန် ပြတတ်သည်။
၁၁။ အချစ်၊အိမ်ထောင်ရေးအကြောင်း သူများထက် ပိုမိုစိတ်ဝင်စားတတ်သည်။
၁၂။ မိုးလေ၀သလို ခန့်မှန်းရခက်တတ်သည်။
၁၃။ လိုရင်းမရောက်ဘဲ ဝေ့လည်ကြောင်ပတ် ပြောတတ်သည်။
၁၄။ အတိတ်၊နမိတ် ၊တဘောင် တို့ကို ယုံကြည်တတ်သူများဖြစ်သည်။
၁၅။ မရွာသောမိုးကို မျှော်ကိုးတတ်သည်။
၁၆။ နှမြောတွန့်တိုသော်လည်း အလှူဒါန အပေးအကမ်း ရက်ရောတတ်သည်။
၁၇။ စိတ်ထားကောင်းသော်လည်း တဗျစ်တောက်တောက် ပြောတတ်သည်။
၁၈။ လူစိမ်းများကိုအားမကိုးဟန်ပြသော်လည်း ရင်းနှီးသူများကိုအားကိုးလွန်တတ်ကြသည်။
၁၉။ သီချင်း၊၀တ္တု၊ရုပ်ရှင် (အနုပညာ)များကို နင့်နင့်နဲနဲ ခံစားတတ်ကြသည်။

၂၀။ တစ်ခုခုကိုကြိုက်မိလျှင်ဖြစ်စေ၊မကြိုက်လျှင်ဖြစ်စေ ပြောမပြီးတတ်ကြချေ။
၂၁။ အရှက်၊အကြောက် သာမန်ထက်ပိုကြီးတတ်သည်။
၂၂။ ဒိုင်ယာရီလုစိာအုပ်မျိုးကို ရေးဖို့ထက်သိမ်းထားဖို့
စိတ်ဝင်စားသူများဖြစ်တတ်ကြသည်။
၂၃။ အသက် မေးလျှင် (စိတ်တွင်းက) စိတ်ဆိုးနေတတ်ကြသည်။
၂၅။ ဗေဒင်၊လက္ခဏာ၊နတ် တို့ကို သူများထက် စိတ်ဝင်စားတတ်ကြသည်။
၂၆။ အတိတ်အကြောင်းကို လွမ်းမောနေလေ့ရှိသော်လည်း ထုတ်ဖော်ပြလေ့မရှိကြ။
၂ရ။ အစိုးရိမ်ကြီးတတ်၊ပူပင်သောကကြီးတတ်ကြသည်။
၂ဂ။ အပျိုကြီး၊လူပျိုကြီး ဟုအပြောခံရမှာကြောက်တတ်ကြသည်။
၂၉။ သို့ရာတွင် အိမ်ထောင်ရှင်ဟုအထင်ခံရမည်ကို ပိုပြီးကြောက်တတ်ကြသည်။
၃၀။ အိမ်ထောင်ပြုချင်နေသောသူ ဟု အထင်ခံရမည်ကိုကား အကြောက်ဆုံးဖြစ်သည်။

၃၁။ သရဲ ၊တစ္ဆေ ထက် လူ ကို ပိုကြောက်တတ်ကြသည်။
၃၂။ ဆွေမျိုးသားချင်းများကို အိမ်ထောင်ချပေးရန်မှာ သူတို့တာဝန်ဟု ထင်တတ်ကြသည်။
၃၃။ အိပ် လျှင် ကျယ်ကျယ်ပြန့်ပြန့်၊လွတ်လွတ်လပ်လပ် အိပ်ချင်ကြသည်။
၃၄။ စည်းစနစ်ကြီးသူများ ဖြစ်တတ်ကြသည်။
၃၅။ အိမ်ထောင်ထိန်းသိမ်းမှုတာဝန်ကို ချစ်မြတ်နိုးသူများဖြစ်တတ်ကြသည်။
၃၆။ ဖြစ်ကတတ်စမ်း နေလေ့ရှိသူများ မဟုတ်တတ်ကြပါ။
၃ရ။ ဓါတ်ပုံ(အလှပုံ)ရိုက်ရန် ၀န်လေးနေတတ်သူများဖြစ်သည်။
၃၈။ သူတို့အချစ်ကို အဝေးမှcelebrities များအပေါ် ပုံအောထားဟန်ပြုတတ်ကြသည်။
၃၉။ မိမိအားနည်းချက်ဟုတွေးထင်ထားသောအရာများ များပြားနေတတ်သည်။

၄၀။ မိမိအားနည်းချက်ဟုထင်သောအရာများကို ဖုံးဖိရန်ကြိုးစားတတ်ကြသည်။
၄၁။ မိတ်ဆွေအိမ်ထောင်ရှင်များကို အိမ်ထောင်ဝန်ပိနေသူများဟုထင်တတ်ကြသည်။
၄၂။ အစား ကောင်းကောင်းလုပ်စားတတ်ကြသည်။
၄၃။ မိမိစိတ်ခံစားချက်များကို ဖုံးကွယ် ၊ဖိနှိပ်ထားတတ်သူများဖြစ်ကြသည်။
၄၄။ အများအားဖြင့် ဟန်ဆောင်ကောင်းတတ်သည်။
၄၅။ တိတ်တိတ်ကလေးကြေကွဲနေတတ်သူများဖြစ်တတ်သည်။
၄၆။ မင်္ဂလာဆောင်များကို သွားရန်ဝန်လေးတတ်ကြသည်။
၎ရ။ ပြေးကြည့်ဘို့ထက် တွေးကြည့်ဘို့ ပိုအားသန်တတ်ကြသည်။
၎ဂ။ အလုပ်တွင်စိတ်ကိုနှစ်၍ ကြိုးစားတတ်သူများဖြစ်သည်။
၄၉။ ကိုယ့်ကိုကိုယ် ယုံကြည်မှုအားကြီးတတ်သည်။

၅၀။ ဘ၀တူ လူပျိုကြီး၊အပျိုကြီး စာရင်းကို ပြုစုထားရှိကာ အားတင်းထား တတ်ကြသည်။
၅၁။ ဘ၀ရည်မှန်းချက်ကြီးသူ များဖြစ်တတ်သည်။
၅၂။ ပညာရေးလိုဘကြီးတတ်ကြသည်။
၅၃။ မရေရာသော အကြောင်းပြချက်များ ဆွဲကိုင်ထားတတ်ကြသည်။
၅၄။ ထောက်ထားညှာတာစရာ များစွာ ရှိတတ်ကြသည်။
၅၅။ တစုံတခုတွင် နှစ်မြုတ်ရင်း မေ့ပင်အောက် ရောက်နေတတ်သည်။
၅၆။ ရွေးရင်းရွေးရင်းနှင့် နောက်ထပ်ရွေးစရာကိုထပ်မျှော်နေတတ်ကြသည်။
၅ရ။ မိသားစုအားလုံး၏တာဝန် ကိုယ့်တာဝန်ဟု မှတ်ယူတတ်ကြသည်။
၅၈။ ကိုယ်တိုင်သာမက အားလုံးကအကြိုက်ညီတာမျိုးကို ရှာဖွေတတ်သည်။
၅၉။ တစ်ယောက်ယောက်၏ မပေးရသေးသောမှတ်ချက်ကိုပင် ကြို၍ကြောက်တတ်သည်။

၆၀။ အပြစ်ရှာမြန်တတ်သည်။
၆၁။ တစ်နှင့်တစ်ပေါင်းလျှင် နှစ်ထက်ပိုကြီးနိုင်သည် ဟု လက်မခံလိုကြ။
၆၂။ ခံစားချက်မရှိသူ ဟုအပြောခံရမှာကြောက်တတ်ကြသည်။
၆၃။ ခံစားချက်ရှိသူ ဟုပြောလျှင်လည်း မကြိုက်တတ်ကြ။
၆၄။ ဘယ်တော့စားရမလဲ ဟုမေးလျှင် (စိတ်ထဲက) ကြေနပ် နေတတ်ကြသည်။
၆၅။ ပစ္စည်းများကို တစ်ယောက်ကိုင်အဖြစ်ပဲ သုံးချင်တတ်ကြသည်။
၆၆။ သိပ်ကြိုက်သည့်ပစ္စည်းဆိုရင် ပုံစံတူနှစ်ခုလောက်ဝယ်တတ်ကြသည်။
၆၇။ မည်သည့်အရာကိုမျှ ကိုယ် ကို တိုင်လောက် စိတ်မချချင်တတ်ကြပေ။
၆ဂ။ လူစိမ်းတွေကြားမှာ ခပ်တည်တည်ကြီးနေတတ်ကြသည်။
၆၉။ မိတ်ဆက်ပေးလျှင် ဟက်ဟက်ပက်ပက် မရှိတတ်ကြ။

၇၀။ ပထမဦးဆုံးတွေ့တာဖြစ်လျှင် ဆံပင်အစ၊ခြေသည်းအဆုံး ချက်စ်တတ်ကြသည်။
၇၁။ စားသောက်ဆိုင် တစ်ဆိုင်ရောက်လျှင် ပထမဦးဆုံးရေအိမ်ဝင်တတ်ကြသည်။
၇၂။ လူရှင်းရာနေရာ ရှာ၍ ပုဆိုး၊ထမီ ကိုဖြန့်ပြီး သေသပ်အောင်ပြင်တတ်ကြသည်။
၇၃။ နှုတ်ခမ်းနီ(သို့) ခေါင်းဘီး နေရာတကာ ယူတတ်ကြသည်။
၇၄။ အကျည်းတန်မဟုတ်သော်လည်း မှန်ကြိုက်တတ်ကြသည်။
၇၅။ မည်မျှမှန်ကြည့်ပြီးသည်ဖြစ်စေ အဆင်ပြေရဲ့လား ထပ်မေးတတ်သည်။
၇၆။ နောက်ကျောမလုံတတ်ကြချေ။
၇၇။ ထီ ကို လူမသိအောင် ထိုးတတ်ကြသည်။
၇၈။ ပိုက်ဆံ ကို လူမသိအောင် စုတတ်ကြသည်။
၇၉။ သီချင်းကို လူမကြားအောင် ဆိုတတ်ကြသည်။

၈၀။ သနပ်ခါး(မိတ်ကပ်)၊ပေါင်ဒါ(ခေါင်းလိမ်းဆီ) မရှိမဖြစ်ဆောင်တတ်သည်။
၈၁။ အချော့ကြိုက်တတ်ကြသည်။
၈၂။ စိတ်ကောက်မြန်တတ်ကြသည်။
၈၃။ စိတ်ပြေဘို့ အချိန်တော်တော်ကြာအောင် ယူတတ်ကြသည်။
၈၄။ အားလျှင် ခြေသည်း၊လက်သည်း သ နေတတ်ကြသည်။
၈၅။ စ တာ၊ နောက် တာ ကို အတည်ဟု မှတ်ယူတတ်ကြသည်။
၈၆။ ချစ်သူစုံတွဲယုယုယယနေတာကို မြင်ပြင်းကတ်တတ်ကြသည်။
ဂရ။ လိုတာမရ၍ မဟုတ်ပဲရတာမလို၍ဟူသောလက်သုံးစကားကိုတွင်တွင်သုံးတတ်သည်။
၈၈။ လူပျိုကြီး၊အပျိုကြီးဖြစ်ကြောင်း မကြေညာသော်လည်း သိနေစေချင်ကြသည်။

မြန်မာချစ်သူများ

ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့အနှစ်သာရ

382244_338780772905645_2000405753_n

ဖွဲ့စည်းပုံ အခြေခံ ဥပဒေရဲ့ အနှစ်သာရ (ရည်ရွယ်ချက်) က ပြည်သူလူထုရဲ့ အကျိုးစီးပွားကို ကာကွယ် စောင့်ရှောက်ရေး က အဓိကပဲ။ Check & Balance ဆိုတဲ့ စကားလုံး အပေါ် (လိုအပ်တာထက် ပိုမိုပြီး) အစွဲအလမ်း ကြီးနေစရာ မလိုဘူး။ အခြေခံ ဥပဒေခုံရုံး တရားသူကြီး ဥက္ကဌ ရွေးတာ လွှတ်တော် ဥက္ကဌ ၂ဦးနဲ့ တိုင်ပင်ရွေးရတာ၊ စာရင်းစစ်ချုပ်က စစ်ဆေးတွေ့ရှိချက် ကို လွှတ်တော်ကို မိတ္တူ ပေး ရတာ၊ ၀န်ကြီးဌာနတွေ ရဲ့ လုပ်ငန်းတွေ ကို စစ်ဆေး ဘို့ လွှတ်တော်က တာဝန်ပေးနိုင်တာ တွေက လဲ ပြည်သူ အတွက် အကျိုးယုတ်စရာ ဘာမှမရှိပါဘူး။

တရားရုံးတွေရဲ့ ဆုံးဖြတ်ချက်ဟာ တည်ဆဲအစိုးရ အလိုတော်အရ ဆုံဖြတ်နေတာ အနှစ် (၅၀) ရှိပါပြီ။ လက်ရှိ တွေ့မြင် နေရ တာ ကလဲ မြန်မာပြည်ထဲမှာ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး အဖွဲ့ ပေါင်းပြီး ဥပဒေ က မည်သို့ပင် ဆိုစေကာမူ ပြည်သူလူထုကို အထက်စီး က နိုင်လိုမင်းထက် ဆက်ဆံ နေတယ်။ တရားစီရင်ရေး အပိုင်းက ခေါင်ကစပြီး မပြောင်းသေး ပါဘူး။ အာဏာရှိသူနဲ့ ဘောင်ဘီစိမ်း ၀တ်သူခိုင်းရင် ကြမ်ပိုးကိုလည်း လိပ်လို့ အဓိပ္ဖာယ်ဖွင့် စီရင်တတ်တာ တရားရုံးနဲ့ နီးစပ်သူများ သိပါ သည်။

နောက် ငွေပေး ရင်လည်း တရားနိုင်တုန်း ပါဘဲ။ အစိုးရ ၀န်ကြီးဌာန တချို့က အပေါ်က နဲနဲပြောင်း ပြပြီး အောက်ခြေ ၀န်ထမ်းများ ကတော့ မပြောင်းသေးပါ။ မခက် ခက်အောင် လုပ်ပြီး ငွေညစ် တုန်းပါဘဲ။ ပြည်သူတွေကို အစိုးရ ဌာနေ၇ာက်ရင် စာရွက်စာတမ်း မျိုးစုံ တင်ခိုင်းပြီး အခက်အခဲဖြစ်လို့ ပွဲစားအပ်လိုက်တဲ့ခါ ပွဲစားနဲ့ ၀န်ထမ်းပေါင်းပြီး ဘောင်ဝင်အောင် လုပ်စာရွက် အတုတွေနဲ့ အားလုံးအဆင်ပြေသွားတယ်။ ၀န်ကြီးဌာနတွေနဲ့ ၀န်ထမ်းတွေက မိမိတို့ Role မပျောက်ရေး၊ စားကွက် မပျောက်ရေး အ တွက် ဖြေလျှော့ရေး လုပ်ငန်း စဉ်တွေ ကို ကုတ်ကပ် ကြံဖန် ညစ်နေကြတာ ဌာန ဆိုင်ရာ နဲ့ ထိတွေ့မှု ရှိတဲ့ နေရာတိုင်းက ပြည်သူတွေ ခံနေရပါတယ်။

ဒီအခြေအနေမှာ Check and Balance လုပ်ဘို့ လွတ်တော်ပဲ ရှိတယ်။ ဒီတော့ လွတ်တော် စုံညီ အစည်းအဝေး သာ ပြည်ထောင်စု အဆင့် အဖွဲ့ အစည်းဖြစ်ပြီး လွတ်တော်က ဖွဲ့စည်း တဲ့ ကော်မ တီ ကော်မ ရှင်တွေ ကို ပြည်ထောင်စု အဆင့် မသတ်မှတ် ရင် အစိုးရ ၀န်ကြီးဌာနတွေနဲ့ တရား ရုံးတွေ က တရားလက်လွတ် စီရင် တာတွေ ကို ပြည်သူ လူထု ဘက်က ရပ်တည်ပြီး အချိန်နဲ့ တပြေးညီ စီစစ်၊ စစ်ဆေးဘို့ အဖြစ်ပျက် မှန်တွေ ကို မေးမြန်းပေး ဘို့(Check and Balance လုပ်ဘို့) အဖွဲ့ အစည်း မရှိဘူး။ လွတ်တော် စုံညီ အစည်း အဝေး တွေ ကို စောင့်ရ တဲ့ အတွက် ပြည်သူ လူထုရဲ့ အခွင့်အရေးများ နစ်နာ ဆုံးရှုံးလျှက် ရှိနေပါတယ်။ အစိုးရ အဖွဲ့ နဲ့ တရားရုံးတွေက စီရင်ပြီးသား ဆုံးဖြတ်ချက်တွေ ကို ပြင်ဆင်ပေးဘို့ က တရားသူကြီးတွေ ကို လွတ်တော်မှာ စွပ်စွဲပြစ်တင် ဘို့ နည်းလမ်း ပဲ ရှိမယ်။ ဒီတော့ လွတ်တော် စုံညီ အစည်းအဝေး ကာလ မဟုတ်တဲ့ အချိန်တွေမှာ နစ်နာ သူ ပြည်သူ့ ဘက်က အစိုးရ ၀န်ကြီးဌာနတွေ နဲ့ တရားရုံးတွေ ကို အချိန်နဲ့ တပြေးညီ စီစစ်၊ စစ်ဆေး ဘို့၊ အဖြစ်ပျက် မှန်တွေ ကို မေးမြန်းပေးဘို့၊ လွတ်တော် ကိုယ်စား ဖွဲ့စည်း ထားသော ကော် မတီ ကော်မရှင်တွေ ဟာ ပြည်ထောင်စု အဆင့် ဖြစ် မှသာ Check and Balance လုပ်ပေးနိုင် မှာဖြစ်တယ်။ လွတ်တော် ကော်မတီ ကော်မရှင်တွေကို ဥပဒေနှင့် ညီညွတ်မှု ရှိပါကြောင်း သက်ဆိုင်ရာ အစိုးရ ၀န်ကြီး ဌာနနဲ့ တရားရုံး တွေ က စီရင်ဆုံးဖြတ်ခြင်း မပြုမီ ဖြေ ရှင်းချက် ပေးရ တာဟာ လွတ်လပ်စွာ တရား စီရင်ရေး ကို မထိခိုက် တဲ့ အပြင် ပြည်သူ ကို လုပ် ချင်တိုင်း လုပ် မရဘဲ စီရင်ဆုံးဖြတ်မှုတွေဟာ ဥပဒေနဲ့ ညီညွတ်ကြောင်း၊ ပိုမို ခိုင်လုံစေတဲ့ အတွက် တရား ဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်အေး ချမ်းရေး အတွက် မလွဲမသွေ လိုအပ်တယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ က ရည်မှန်းတဲ့ Check & Balance ဖြစ်စေရေးကို ပံ့ပိုး တဲ့ ပြဌာန်းချက် ဖြစ်တယ်။

ကော် မတီ ကော်မ ရှင်တွေ က စီစစ်တာကို ဥပဒေအတိုင်း စီရင်မယ်ဆိုရင် စီရင်မယ့် အဖွဲအစည်းက တုန်လှုပ်စရာမရှိပါဘူး။ ကန်ကွက်စရာလဲ မရှိပါဘူး။ အစိုးရ ၀န်ကြီး ဌာနတွေနဲ့ တရားရုံးတွေ ကတော့ သူတို့ စီရင်ချင်တိုင်း စီရင် ဆုံးဖြတ်လို့ မရတော့ ဘယ်ကြိုက်မှာလဲ။
ဖွဲ့စည်းပုံ အခြေခံ ဥပဒေရဲ့ အနှစ်သာရ (ရည်ရွယ်ချက်) က ပြည်သူလူထုရဲ့ အကျိုးစီးပွားကို ကာကွယ် စောင့်ရှောက်ရေး က အဓိကပဲ။ Check & Balance ဆိုတဲ့ စကားလုံး အပေါ် (လိုအပ်တာထက် ပိုမိုပြီး) အစွဲ အလမ်း ကြီးနေ စရာ မလိုပါဘူး။ လွတ်တော် ကိုယ်စားလှယ်တွေ ထဲမှာလည်း ခုံရုံးနဲ့ တရားရုးံချုပ် တရားသူကြီးနေရာ တာဝန်ယူနိုင်တဲ့သူ အများကြီး ရှိပါတယ်။ (ဒီတော့ ဒီလို လူအများစုက ၀ိုင်းဝန်း ဆုံးဖြတ်ထားတာ မမှားပါဘူး။) ဒီလူတွေ ကိုလည်း ပြည်သူက လွှတ်တော် ကိုယ်စားလှယ်များ အဖြစ် ကိုယ်စားလှယ် လွဲထားတယ်။ နိုင်ငံတော်ရဲ့ အချုပ်အချာ အာဏာ ပိုင်ရှင် ဟာ ပြည်သူ ဖြစ် တယ် လို့ ဖွဲစည်းပုံ အခြေခံ ဥပဒေမှာ ပြဌာန်း ထားတော့ ပြည်သူ့ထံ က အာဏာ (၃)ရပ် ကို တိုက်ရိုက် လွဲအပ်ထားတဲ့ လွတ်တော်မှာ အချုပ်အချာ အာဏာ (၃)ရပ် တည်ရှိတယ်။

ပြည်ထောင်စု လွှတ်တော် ဟာ အမြင့်ဆုံး အာဏာပိုင် အဖွဲ့ အစည်းဖြစ်တယ်။ ဒီအာဏာကို တာဝန်ခံဆောင်ရွက်ဖို့ သမ္မတနဲ့ တရားသူကြီးများကို လုပ်ထုံးလုပ်နည်းနဲ့ အညီ ရွှေးချယ် ထားတာ။ သမ္မတ ကိုယ်တိုင်သည် ပင် ပြည်သူက တိုက်ရိုက်ရွေး ထားတဲ့ Elective မဟုတ်ပဲ လွှတ်တော်က ရွေးချယ်ထားတဲ့ Selective ပုဂ္ဂိုလ်ဖြစ်တယ်။ ဒါကြောင့် လွှတ်တော်မှာ Right to Recall ရှိတယ်။ သမ္မတက စပြီး ၀န်ကြီးတွေ၊ တရားသူကြီးတွေ ကို ဆုံးဖြတ်ခွင့်ပေးထားပြီး ဆုံးဖြတ်ရာ မှာ မှန်မှန်ကန်ကန် ဆုံးဖြတ်ဘို့နဲ့ ဆုံဖြတ်ချက်မှားရင် လွှတ်တော်မှာ Right to Recall လုပ်နိုင်အောင် ပေးထား တဲ့ အခြေခံဥပဒေ ထဲက အခွင့်အရေးမဟုတ်ဘူလား။ သမ္မတနဲ့ ၀န်ကြီးတွေ၊ တရားသူကြီးတွေမှာ ဆုံဖြတ် ပိုင်ခွင့်ပေး ထားပြီး လွှတ်တော်က Check and Balance လုပ်ဘို့ ပေးထားတဲ့ လုပ်ပိုင်ခွင့်ပါ။ Check and Balance လုပ်ဘို့ လွှတ်တော်တွေ က ရွေးချယ် ဖွဲ့စည်းပေး တဲ့ ကော်မတီ ကော်မ ရှင်တွေ ကို ပြည်ထောင် စု အဆင့်လို့ ဥပဒေထဲ ထည့် သွင်းပြဌာန်း တာက ဖွဲ့စည်း ပုံ အခြေခံ ဥပဒေ (ပြည်သူလူထုရဲ့ အကျိုးစီးပွားကို ကာကွယ် စောင့်ရှောက်ရေး) နဲ့လည်း ဆန့်ကျင် စရာ ဘာအကြောင်း မှ မရှိပါဘူး။ လွတ်တော်များက ဖွဲစည်းသော ကော်မ တီ ကော်မ ရှင်တွေ ကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ပြည်ထောင် စု အဆင့် လို့ မဖော်ပြ လို့ ပြည်ထောင် စု အဆင့် လို့ သတ်မှတ်တာ မှားတယ်ဆိုတဲ့ ခုံရုံး ဆုံးဖြတ်ချက် ဟာ မမှန်ပါဘူး။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေထဲမှာ မပါလို့ မပြဌာန်း ထားလို့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ မကိုက်ညီဘူး၊ မညီညွတ် ဘူး။ ပြဌာန်း တဲ့ ဥပဒေကို ပျက်ပြယ် တယ် ပြောမရ ပါဘူး။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ (ပြည်သူလူထုရဲ့ အကျိုးစီးပွားကို ကာကွယ် စောင့်ရှောက်ရေး) နဲ့ ဆန့်ကျင်မှ ပျက်ပြယ် တာပါ။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုတာ ပင်မ ဥပဒေဖြစ်တဲ့ အတွက် အားလုံးအသေးစိတ် ပါချင်မှ ပါပါမယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ထဲမှာ မပါတာတွေ ကို အသေးစိတ် ဖော်ပြတဲ့ ဥပဒေတွေ ပြဌာန်း လို့ ရပါတယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ (ပြည်သူလူထုရဲ့ အကျိုးစီးပွားကို ကာကွယ် စောင့်ရှောက်ရေး) ကို ဆန့် ကျင် ပြ ဌာန်း လို့တော့ မရ ပါဘူး။ အသစ် ပြဌာန်းတဲ့ ဥပဒေ ပျက်ပြယ်ကြောင်း အတည်ပြုနိုင်ဘို့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ (ပြည်သူလူထုရဲ့ အကျိုးစီးပွား ကို ကာကွယ် စောင့်ရှောက်ရေး) ကို ဆန့်ကျင်နေတယ် ဆိုတာ သက်သေပြနိုင်ဘို့ လိုပါတယ်။ လိုသလိုဆွဲ အဓိပ္ဖာယ် ဖွင့်၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေထဲမှာ မပါလို့ မပြဌာန်းထားလို့ ဆိုပြီး (Check & Balance ဆိုတဲ့ စကားလုံး အပေါ် (လိုအပ်တာထက်ပိုမိုပြီး) အစွဲအလမ်း ကြီးနေစရာ မလိုဘူး။) ဖွဲ့ စည်းပုံ အခြေခံ ဥပဒေနဲ့ မကိုက်ညီဘူး၊ မညီညွတ် ဘူး ဆိုတဲ့ ၀ိုးတိုးဝါးတား သုံးသပ်ချက်နဲ့ ဆုံးဖြတ် လို့ မရပါဘူး။

အခြေခံ ဥပဒေခုံရုံး တရားသူကြီး ဥက္ကဌ ရွေးတာ လွှတ်တော်ဥက္ကဌ ၂ဦးနဲ့ တိုင်ပင်ရွေးရတာ၊ စာရင်းစစ်ချုပ်က စစ်ဆေးတွေ့ရှိချက် ကို လွှတ်တော်ကို မိတ္တူ ပေးရတာ၊ ၀န်ကြီးဌာနတွေ လုပ်ငန်းတွေ ကို စစ်ဆေးဘို့ လွှတ်တော်က တာဝန်ပေးနိုင်တာ တွေက လဲ ပြည်သူအတွက် အကျိုးယုတ်စရာ ဘာမှမရှိပါဘူး။ (ဖွဲ့စည်းပုံ အခြေခံ ဥပဒေရဲ့ အနှစ်သာရ (ရည်ရွယ်ချက်) က ပြည်သူ လူထုရဲ့ အကျိုးစီးပွားကို ကာ ကွယ် စောင့်ရှောက်ရေး က အဓိကပဲ။)
တရာသူကြီတွေ ဥပဒေကို ကြိုက်သလို အဓိပ္မါယ် ဖွင်ပြီး လုပ်စားနေတာ၊ ၀န်ကြီးဌာနတွေ Check & Balance မရှိပဲ လုပ်ချင်ရာ လုပ်စားနေ တာ ကြာပြီ။ ပြည်သူ တရပ်လုံး လည်စင်း ခံနေ ရတာ ကြာပါပြီ။ လွတ်တော် ကိုယ်စား လှယ်တွေ က ပြောင်းနေ မှာပါ။ နောက်ရွေးကောက် ပွဲ တွေ မှာ လွတ်တော် ကိုယ်စား လှယ်တွေ ပြောင်းသွားမှာပါ။ ဒီတော့ Democracy နီုင်ငံရေးစနစ် ဖွံ့ဖြိုးရေးအတွက် ဒိမိုကရေစီ စနစ်ရဲ့ အသက်ဖြစ်တဲ့ လွှတ်တော်ဘက် ကနေပြီး ပြတ်ပြတ် သားသား ရပ်တည်ပါတယ်။

ထမင်းတစ်နှပ် မြင့်လှိုင်

minister

မြန်မာနိုင်ငံရှိဗဗုဒ္ဓဘာသာဝင်တွေဟာ ကြွေးတင်လျှင် သံသရာထိပါသွားမယ်ဆိုတာ အားလုံးက သဘောပေါက်နားလည် လက်ခံထားကြပါတယ်။ ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် အခက်ခဲတွေနဲ့ကြုံလာပြီး ချေးဌါးထားသည့်အကြွေးတွေကို ပြန်မဆပ်နိုင်သေးစဲကာလမှာ ဘာကြောင့် ပြန်မဆပ်နိုင်သေးတာလည်း ဆိုတာကို ခေါင်းအေးအေးထားပြီး စဉ်းစားအဖြေရှာတတ်ဖို့ လိုပါတယ်။ ဆိုကြပါဆို့….ပြန်မဆပ်နိုင်သေးသူကို ထောင်ချမယ်၊ ရိုက်မယ်၊ ထုမယ်၊ ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းရယူမယ်ဆိုတာဟာလည်း အဖြေမဟုတ်ပါ။

ဥပမာ။   ။ ရှိလျှက်သားနဲ့ ပြန်မဆပ်တာက တမျိုးပေါ့နော်။ အခုဟာက ၃၀. ၁. ၂၀၁၃ ရက်နေ့တွင် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌါန- ဦးမြင့်လှိုင်က လယ်သမားတွေနှင့်တွေ့ဆုံပွဲမှာ အောက်ဖော်ပြပါ ကိုယ်ချင်းစာတရားခေါင်းပါးတဲ့ ဥပုပ်စောင့်ပြီး ထ္မင်းတနပ်လျှော့စားပါက အကြွေးပြန်ဆပ်ပါဟု ပြောဆိုသုံးနှုန်းလိုက်သည့်အပေါ်  ကျနော့်အနေနဲ့ ခေါင်းမရှိတဲ့ ဦးမြင့်လှိုင်ကို အနည်းငယ်တင်ပြ အကြံပြုရေးသားလိုပါသည်။

ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရအသစ်အနေနဲ့ မြန်မာနိုင်ငံက အခြေခံတောင်သူလယ် သမားတွေရဲ့ ဝင်ငွေနဲ့ လူနေမှုဘဝမြင့်မားတိုးတက်မြင့်မားလာစေရန် တိကျတဲ့ ရည်မှန်းချက်များထားပြီး အကောင်ထည်ဖော်ဆောင်ရွက်လျှက်ရှိတယ်ဆိုပြီး လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌါန-ဦးမြင့်လှိုင်အဖွဲ့ကပြောဆိုခဲ့ပါတယ်။

ပြီးတော့….ဦးမြင့်လှိုင်နှင့်အဖွဲ့ဟာ ကွင်းဆင်းပြီးလယ်သမားတွေရဲ့အခြေအနေကို လေ့လာရာမှာတော့ ဧရာဝတီတိုင်း မအူပင်ခရိုင် ဓနုမြူမြို့နယ်ထဲက လယ်ယာကဏ္ဍနှင့် ဖွံ့ဖြိုးမှုဆိုင်ရာလုပ်ငန်းတွေ၊ လယ်ယာကဏ္ဍတွေမှာ  အကူညီပေးမယ့်လုပ်ငန်းပိုင်းဆိုင်ရာတွေကိုလည်း သွားရောက်ဆွေနွေးခဲ့ပါတယ်။ အဲဒီဆွေးနွေးပွဲမှာ ကြွေးတင်ပြီးအဆင်မပြေဖြင့်နေတဲ့လယ်သမားတွေကို လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဌါန- ပြည်ထောင်စုဝန်ကြီးဦးမြင့်လှိုင်က အောက်ဖော်ပြပါအသုံးနှုန်းကို အခုလို ပြောကြားခဲ့ပါတယ်။

“ငါကြွေးတင်နေတဲ့အတွက်ကြောင့် ထ္မင်းတနပ်လျော့စားမယ်၊ တလပြည့်လို့ရှိရင် ငါဘယ်လောက် ဆပ်နိုင်မလဲ၊ ၆ လပြည့်ရင်ဘယ်လောက်ဆပ်နိုင်မလဲ၊ ဒါဆို ငါ့မိသားစုတွေ ထ္မင်းတနပ်လျှော့စားမယ်၊ ဥပုပ်စောင့်သလိုပေါ့ဗျာ၊ ကုသိုလ်လည်းရ ဝမ်းလည်းဝဆိုတဲ့သဘောမျိုးပေါ့ဗျာ၊  ငါတို့ဥပုပ်စောင့်မယ်ဆိုတဲ့စိတ်ဓါတ်နဲ့ လုပ်လိုက်ရင် အကြွေးကြေသွားမယ်။ ရပါတယ်ကွာ- ရပါတယ်ကွာထားရင်အကြွေးမကြေဘူး။ အကြွေးမကြေရင် ခင်ဗျားသံသရာထဲကမလွတ်မှာမဟုတ်ဘူး၊ သံသရာထဲကမွတ်ရင် ခင်ဗျားနောင်ဘဝကြရင် ကျွန်ပြန်ဖြစ်လိမ့်မယ်ဆိုပြီး” အသံမာမာနှင့်ပြောဆိုခဲ့ပါတယ်။

အခုလို ဧရာဝတီတိုင်းတွင် ငွေချေးဌါးထားပြီး အတိုးပိနေတဲ့လယ်သမားတွေအပေါ် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဌါန- ဝန်ကြီးဦးမြင့်လှိုင်၏ ပြီးစလွယ် အခုလိုပြောဆိုခြင်းကို စာရေးသူအနေဖြင့် ပြင်ပြင်းထန်ထန်ကန့်ကွက် ရှုတ်ချလိုက်ပါတယ်။

အစိုးရအသစ်အနေနဲ့ ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လယ်သမားတွေအပေါ် တကယ်စိတ်ရင်းကောင်းစေတနာထားပြီး ဆင်းရဲတွင်မှ အထိုက်အလျှောက်လွတ်လိုလျှင်….လက်ရှိ- လယ်သမားတွေတင်နေတဲ့ ကြွေးတွေကို ပြေလည်အောင်ညှိ့နှိုင်းဆောင်ရွက်ပေးသင့်ပါသည်။

ဥပမာ။  ။ အတိုးများဖြင့် ချေးဌါးထားသည့်အကြွေး တွေကို အရင်းသာပြန်ပေးပြီး၊ အတိုးငွေများကို လျှော်ပစ်ပေးရန် လိုပါသည်။ ပြီးမှ- ၎င်းတို့ရဲ့ဝင်ငွေအပေါ်မူတည်ပြီး တလလျှင်ဘယ်လောက် ပြန်ဆပ်ပေးရမည်ဟု ငွေချေးဌါးထားတဲ့ တောင်သူလယ်သမားများနှင့် တိုင်ပင်ဆွေးနွေးညှိ့နိုင်လုပ်

ဆောင်သင့်ပါသည်။ အခုဟာက အဲဒီလိုမဟုတ်ပဲ ၂၀၁၂ တုန်းက လျှပ်စစ်ဝန်ကြီးဇော်မင်းပြောသလို ဖယောင်းတိုင်ထွန်းညှိ့ပြီးချွေတာပါလို့ လက်လွတ်စပယ် ပြောဆိုခြင်းနှင့်ထပ်တူကြနေပါတယ်။ ဝန်ကြီးတစ်ယောက်လုပ်ပြီး ပြည်သူတွေရဲ့ ကြုံတွေ့ရင်ဆိုင်နေတဲ့ အခက်ခဲတွေကို ကူညီမဖြေရှင်းပေးနိုင်ရင် ကိုယ့်ဘာသာ ကိုယ့်အသိစိတ်ဓါတ်နဲ့ ရာထူးကနှုတ်

ထွက်ပေးကြပါလို့ ဝန်ကြီးအပေါင်းကို ဒီနေရာက အသိပေးပြောကြားလိုပါတယ်။အဲဒီလိုမိမိအသိစိတ်ဓါတ်နဲ့ နှုတ်ထွက်ပေးမှသာလျှင် လစ်ဟသွားတဲ့နေရာတွေမှာ လူမှန်နေရာမှန်အစားထိုးခန့်အပ်နိုင်မှာဖြစ်ပါတယ်။

တိုင်းပြည်မှာ အရည်အချင်းမရှိတဲ့လူတွေကို နေရာပေးထားခြင်းဟာလည်း တိုင်းပြည်ပြန်လည် ထူထောင်စဲ ကာလမှာ တိုးတက်မှုတွေကိုနှောင့်နှေးစေသလို….မလိုလားအပ်ပဲ အချိန်တွေကို ဖြုန်းတီးသလို သက်ရောက်နေပါတယ်။ ဒီနေရာမှာ ရှင်းရှင်းပြောရရင် မနိုင်ဝန်ကိုမထမ်းမိကြပါနဲ့၊ မနိုင်ဝန်ကို ထမ်းဆောင်မိတဲ့အတွက် မိမိတာဝန်ပြီး မလုပ်ဆောင်နိုင်တဲ့အခါ အများပြည်သူတွေရဲ့ အပြောတွေကိုလည်း ခံရမှာဖြစ်ပြီး၊ တိုင်းပြည်နဲ့ လူမျိုးအတွက်ပါ ဘာမှအကျိုးရှိနိုင်မည်မဟုတ်ပါ။

အချုပ်အနေနဲ့ပြောရလျှင် ကျနော်ကြားဘူးတာက ကြွေးတင်လျှင် ဝက်မွေးပဲကြားဘူးတယ်။ ဥပုပ်စောင့်ပြီး ထမင်းတစ်နပ် လျှော့စားခိုင်းတာမကြားမိဘူးပါ။ အခုမှကြွေးတင်လျှင် ဥပုပ်စောင့်ပြီး ထမင်းတစ်နပ် လျှော့စားခိုင်းတာ မောင်မြင့်လှိုင်လက်ထက်ကြမှကြားဘူးပါတော့တယ်….ခင်ဗျား။

( ကိုဗလိုင် )

((( စာကြွင်းအနေနဲ့ အနည်းငယ် မောင်မြင့်လှိုင်ကိုထပ်မံပြောလိုတာက ဦးပုပ်စောင့်လည်း ထမင်းကို မနက်အစောကြီးတနပ်၊ နေ့ခင်း ၁၂ နာရီမထိုးခင်တနပ် စုစုပေါင်းတနေ့ နှစ်နပ်စားရပါတယ်။ ဧကန်တ ဒီလူဦးပုပ်မစောင့်ဘူးတာကျိန်းသေတယ်။ )))

( သမ္မတ- ဦးသိန်းစိန်ခင်ဗျား….ခင်ဗျားတို့အစိုးရအဖွဲ့ထဲမှာ သုံးမရတဲ့ခပ်ချောချောဝန်ကြီးတွေကိုမညောင်းခိုင်းသ၍

( Good government – ဂွတ်ဂါးဘားမန့်တ် ) ကောင်းမွန်တဲ့အစိုးရလည်း ဘယ်တော့မှဖြစ်လာမှာမဟုတ်ပါဘူး….ခင်ဗျား )

((( မှတ်ချက်။  ။ အတိုးပိနေသော တောင်သူဦးကြီးများကို စာနာမှုဖြင့် ဝိုင်းဝန်းကူညီပေးကြပါ  )))

ပြောပြန်ရင်လည်း လွန်တော့မယ် (၁)

578246_111403182374614_731253897_n

မြန်မာနိုင်ငံမှာ နိုင်ငံရေးအပြောင်းအလဲများစွာ ဖြစ်ပေါ်ခဲ့တဲ့ အခုအခြေအနေဟာ အရင်အခြေအနေ တွေနဲ့ နှိုင်းယှဉ်ကြည့်ရင်တော့ အကောင်းဆုံးလို့ ပြောစမှတ်ပြုရမယ့် အနေအထားပါလို့ တစ်ထစ်ချ ယုံရခက်တယ်ဆိုရင် စာရေးတဲ့ကျွန်တော့်ကို သို့လောသို့လော မေးချင်ပြောချင်ကြမယ်ထင်ပါတယ်။ ကျွန်တော် စစ်သားဟောင်းတစ်ဦးပါ။ တိတိပပပြောရရင်တော့ ကျွန်တော်မြန်မာ့နိုင်ငံရေးသမိုင်းတချို့ကို ထိတွေ့ခွင့်ရသူတစ်ဦးပေါ့လေ။ အခုတော့ သတင်းလေးတွေဖတ်ရင်း စဉ်းစားမိတာလေး မြင်မိတာလေးတွေ ချရေးမိတယ်။

ပြည်ထောင်စုအစိုးရအဖွဲ့ထဲမှာ ပြောင်းလဲမှုတွေလုပ်တဲ့အချိန် ကျွန်တော်ရင်တဖိုဖိုနဲ့စောင့်ကြည့် ဖူးပါတယ်။ ဒါပေမယ့် ရင်ဖိုရတာ အမောသားဖြစ်သွားစေတဲ့ အကြောင်းက အရင်ဝန်ကြီး ၆ ဦးကို မဖြုတ်ဘဲ သမ္မတက သူ့အနားကို ခေါ်ထာလိုက်ခြင်းပါပဲ။ တခြားသူတွေ ဘေးချိတ်လို့ အရင် စက်မှု (၁) ဝန်ကြီးဟောင်း ဦးစိုးသိန်း ပါလာတာကိုက တိုင်းပြည်နေ ပြည်သူလူထုအတွက် ရတက်မအေးစရာပါပဲ။ သူဟာ နေရာတကာ နေရာရလိုတဲ့အတွက် သူ့ကိုယ်သူ lobby လုပ်နေသူ တစ်ဦးလည်းဖြစ်တဲ့အပြင် မြန်မာ့ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဆိုတဲ့ ဥက္ကဌထိုင်ခုံမှာ အမြိုင့်သားထိုင်ရင်း တိုင်းပြည်ကို ရောင်းစားနေသူတစ်ဦးလည်းဖြစ်ပါတယ်။

ဦးစိုးသိန်းဆိုတာက တပ်မတော်ရေတပ်စခန်းမှုး အဆင့်လောက်ကနေ ရေတပ်ဦးစီးချုပ်၊ နောက်တော့ စက်မှုဝန်ကြီးအဆင့်ထိတက်ဖြစ်၊ အခု သမ္မတရုံး ဝန်ကြီးအဆင့်ထိ ရောက်နေတဲ့ ဒုသမ္မတတွေ နေရာပျောက်လောက်အောင်ကို သမ္မတကို အိပ်ထောင်ထဲ ထည့်ထားသူလို့ သူ့ကိုယ်သူကြုံးဝါးတတ်သူ တစ်ဦးဖြစ်ပါတယ်။ ဒါကိုလည်း သူအရင်လုပ်ခဲ့တဲ့ ဌာနတွေထဲမှာ ကြိုက်သလို စုံစမ်းလို့ရပါတယ်။

သူလုပ်ခဲ့တာတွေထဲက တိုင်းပြည်ရဲ့ဘဏ္ဍာငွေတွေ ဖြုန်းတီးပြစ်ခဲ့တဲ့ ဖြစ်စဉ်တွေထဲမှာ စက်မှု (၁/၂) ဝန်ကြီး၊ MIC ဥက္ကဌဘဝမှာတုန်းက ပြည်ပကနေ ပစ္စည်းဝယ်ရင် Board အဖွဲ့ဖွဲ့ပြီး အဲဒီအဖွဲ့ရဲ့ သဘောတူညီချက်၊ မဲခွဲဆုံးဖြတ်ချက်တွေ အမြင်တွေနဲ့ဝယ်ဖို့ သူ့ကို အထက်လူကြီးတွေအနေနဲ့ ညွှန်ကြား ထားပါတယ်။ ဒီမိုကရေစီနိုင်ငံဖြစ်တဲ့အတွက် တစ်ဦးတစ်ယောက်တည်း သဘောနဲ့ဘဏ္ဍာဖြုန်းတီးမှု မဖြစ်အောင် ဆိုတာကို ဒီစာဖတ်မိတဲ့ ကလေးကအစ နားလည်မယ်ထင်ပါတယ်။ ဒါပေမယ့်ပေါ့လေ။ ဦးစိုးသိန်းဆိုတာ ခေသူမဟုတ်ဘူးပဲ။ Board အဖွဲ့မဖွဲ့ဘဲ ဝန်ကြီးဌာနပိုင်တဲ့ ငွေတွေကို သူ့ခြေသူ့လက် သူ့စိတ်တိုင်းကျကုမ္ပဏီတွေနဲ့ ညှိနှိုင်းပြီး သူကိုယ်တိုင်ဝယ်ပါတယ်။ ပြီးတော့ ဝန်ကြီးဌာနအတွင်းမှာ စာရင်းတွေကို လိမ်လည်ပြခိုင်းပါတယ်။

ဝန်ကြီးဘဝတုန်းကတင်မဟုတ်ပါဘူး။ ရေတပ်ဦးစီးချုပ်ဘဝတုန်းက ရေတပ်အတွက် ပစ္စည်းတွေ ဝယ်တာမှာ သူကိုယ်တိုင် ကုမ္ပဏီတွေနဲ့ ညှိနှိုင်းပြီး ဝယ်ပါတယ်။ စီးပွားရေးလာဘ်မြင်တာ နိုင်ငံအတွက်လား သူ့အတွက်လားတော့ မသိပေမယ့် သေချာတာတော့ ရေတပ်မှာသုံးရတဲ့ 108 m frigate ၂ စီးကတော့ သုံးစားလို့မရဘူးဆိုတာ ရေတပ်အရာရှိတွေအသိပဲဖြစ်ပါတယ်။

လုပ်ချင်သလိုလုပ်တဲ့ ဥပဒေလွတ်လုပ်ရပ်တွေလည်း ရှိပါတယ်။ ကျွန်တော်အထက်မှာ ပြောခဲ့သလို အထက်လူကြီးတွေက သိပ်တော်သိပ်တတ်တယ်လို့ ချီးကျူးခံချင်တဲ့ သူတော်ယောင်စိုးသိန်းဟာ သူ့ကိုယ်သူ လည်း Lobby သိပ်လုပ်ပါတယ်ဆိုတာ တခြားကြောင့်မဟုတ်ပါဘူး။ ၂၀၀၉-၂၀၁၀ လောက်တုန်းက မြန်မာ့မော်တော်ယာဉ်နဲ့ ဒီဇယ်အင်ဂျင်ထုတ်လုပ်မှုလုပ်ငန်းကနေ အမြတ်ငွေကို ၂ ဆကျော်လောက် စာရင်းလိမ်ပြခိုင်းတဲ့ကိစ္စတစ်ခုလည်း ဖြစ်ခဲ့ပါတယ်။ ဒီကိစ္စမျိုးတွေရဲ့ ထုံးစံအတိုင်း ဇာတ်လမ်းပျောက်လုပ်ခဲ့ ပါတယ်။ သူလုပ်ခဲ့တဲ့နည်းလမ်းကတော့ ဘဏ္ဍာရေး ညွှန်ကြားရေးမှုးဖြစ်တဲ့ အမျိုးသမီးကို အငြိမ်းစားပေး လိုက်တာပါပဲ။ သူ့လုပ်ရပ်ကို အဲဒီတုန်းက ဘဏ္ဍာရေးညွှန်ကြားရေးမှုးဖြစ်သူလည်း ကောင်းကောင်း သိပါတယ်။

ပြည်သူ့ဘဏ္ဍာကို ဖောက်ထုတ်ရင်း အိပ်ထောင်ထဲထည့်ဖို့ကြိုးစားတဲ့ လုပ်ရပ်တွေထဲမှာ လုပ်ရပ် တစ်ခုဖြစ်တဲ့ အိန္ဒိယနိုင်ငံက တာတာကုမ္ပဏီကိစ္စလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ တာတာကုမ္ပဏီနဲ့ ပူးပေါင်းပြီးတော့ ၁၀ ဘီးကားတွေ တစ်နှစ်ကို အစီးရေ (၁၀၀)ထုတ်ဖို့အကြောင်းကို လွန်ခဲ့တဲ့ နှစ်တွေမှာ ဂျာနယ်တွေ မီဒီယာတွေထဲမှာ ပါခဲ့ဖူးတာကို မှတ်မိကောင်း မှတ်မိနိုင်မယ့်သူတွေ ရှိပါတယ်။ မကွေးမှာ စက်ရုံတည်တော့ ကားပစ္စည်းအစိတ်အပိုင်းတွေကို ဆေးစိမ်တဲ့စက်ဝယ်ဖို့ပြင်ပါတယ်။ အဲဒီစက်တန်ဘိုးက အမေရိကန်ဒေါ်လာ (၇)သန်းလောက် တန်ပါတယ်။ ကာလတန်ဘိုးနဲ့သင့်ရင် မြန်မာငွေကျပ်သိန်းပေါင်း ခြောက်သောင်းသုံးထောင်ကျော်ရှိပါတယ်။ ဒီငွေတွေဟာ စက်ရုံနေ့စားအလုပ်သမားပေါင်း ၁၀၀၀ အတွက် (၇)နှစ်စာ ရှိပါတယ်။ သေးသေးလေးမဟုတ်ပါဘူး။

အဲဒီစက်ကို ဒုတိယဝန်ကြီးအပါအဝင် အခြားသောပြောရေးဆိုခွင့် ရှိတဲ့သသူတွေက မလိုအပ်တဲ့ အတွက်မဝယ်ဖို့ ကန့်ကွက်ပေမယ့်လည်း တစ်ဦးတည်းသဘောနဲ့ ရအောင်ဝယ်ခဲ့ပါတယ်။ အဲသလို လုပ်ချင်သလို အာဏာကိုအသုံးချ၊ ပြည့်သူ့ဘဏ္ဍာကို စီရင်ချင်သလို စီရင်လိုက်လို့လည်း အကောင်းဖြစ် လာသလားဆိုတော့လည်း မဖြစ်လာပါဘူး။ စက်ရုံကြီးတော့ ကုန်ချင်သလောက်ကုန် ဆောက်ချင် သလိုဆောက်၊ ဝယ်ချင်တာတွေ စိတ်တိုင်းကျ ဝယ်လိုက်ပြီးတဲ့နောက်၊ ပွဲစားခတွေ အိပ်ထဲမြိုးမြိုးမြတ်မြတ် ထည့်လို့ အိန္ဒိယကနေ ၁၀ ဘီးကား အစီး (၈၀)လောက် သွင်းပြီး လုပ်ငန်းကိုရုတ်သိမ်းလိုက်ပါတယ်။ ဒါပေမယ့် စောစောကပြောခဲ့တဲ့ ဆေးစိမ်တဲ့စက်ဆိုတာ သုံးတောင်မသုံးလိုက်ရပါဘူး။ အဲဒီ သုံးမရတဲ့ စက်ကို ဒေါ်လာသန်းပေါင်းများစွာနဲ့ ဝယ်လိုက်ပြီး ဘဏ္ဍာကိုဖြုန်းတီးလိုက်တဲ့အတွက် အလုပ်သမား လူတန်းစားနဲ့ ပြည်သူလူထု နစ်နာခဲ့ပါတယ်။

(အပိုင်း ၂ မှာဆက်လက်ရှုစားပါခင်ဗျာ။)

အသေးစားချေးငွေ

finance3

မြန်မာနိုင်ငံမှာ စီးပွားရေး ကျပ်တည်းမှုတွေကို ထောက်ပြလာကြတာ များတယ်…. ဒါဖြင့် သူများနိုင်ငံတွေမှာလို Micro Financing အသေးစား ငွေချေးလုပ်ငန်း မရှိဘူးလားဆိုရင် Micro Financing တွေ မြန်မာပြည်မှာ ရှိတယ်၊ လုပ်လည်း လုပ်နေတယ်… UN ကလည်း ကမကထ လုပ်ပေးတယ်…. သိသလောက်လည်း PACT Myanmar တို့ ဘာတို့ ရှိတယ်…. ချေးငွေ ဆပ်တဲ့စနစ်က ၀ိုင်းကြီးချုပ်လို လုပ်ထားတယ်…. ဥပမာ အားဖြင့် လူ ၅ ယောက်တစ်စု ဖွဲ့လိုက်တယ်…. အဲ့အစုထဲက တစ်ယောက်ကို ပိုက်ဆံချေးတယ်….. အဲ့တစ်ယောက် မှန်မှန်ပြန်ဆပ်လို့ ကျေရင် နောက်တစ်ယောက်ကို ချေးတယ်……. အချင်းချင်း ပြန်ချုပ်တဲ့ စနစ်ပေါ့…….. ပိုက်ဆံချေးတဲ့လူ ပြန်မဆပ်ရင်တော့ အဲ့ဒိလူစုက ကျန်တဲ့လူတွေ စုဖွဲ့ပြန်လျော်ရတယ်……

အဲ့မှာ တစ်ယောကက်စပီး ငွေအကြေမဆပ်ပဲ စည်းကမ်းဖောက်တော့ ကျန်တဲ့လူတွေ သေရော…. ကိုယ်ချေးမယ့် အလှည့်မရောက်သေးဘူး အကြွေးပါ ဆပ်ပေးရတယ်…… ဒီလိုမျိုးတွေ ဖြစ်တာ ခဏခဏ တွေ့ရတယ်…… အဓိက လောင်းကစားနဲ့ အပျော်အပါး နှိပ်စက်မှုဒဏ်တွေလည်း ပါတယ်၊ လွယ်လွယ်ရ လွယ်လွယ်သုံးချင်တဲ့ စိတ်ဓါတ်တွေကြောင့်လည်း ပါတယ်……..

အဖွဲ့တစ်ဖွဲ့က စည်းကမ်းမရှိရင် ချေးမယ့်လူလည်း စည်းကမ်းနဲ့က မညီတော့ ထပ်ချေးဖို့က မဖြစ်နိုင်…… အဲ့ဒါတွေ အဆင်မပြေတာကနေ အောင်မြင်သင့်သလောက် မအောင်မြင်တာပဲ…… အဓိက လွယ်လွယ်ရရင် လွယ်လွယ်သုံးချင်တဲ့ အချောင်သမား စိတ်ဓါတ်တွေကိုလည်း အသိပညာပေးဖို့ လိုတယ်…. လောင်းကစားတွေလည်း ထိထိ ရောက်ရောက် နှိမ်နှင်းနိုင်ဖို့လိုတယ်….. ဒါကဘယ်လိုပဲ ကူညီကူညီ ပင်ကိုယ်စိတ်ဓါတ်ကို အသိဥာဏ်မြင့်တင်ပေးခြင်း၊ ပညာပေးခြင်း မလုပ်နိုင်သရွေ့ ဖြစ်လာမယ့် ကိစ္စတွေ…..

နောက်ပီး လက်ရှိ မြန်မာနိုင်ငံအပေါ် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ များလာရင်၊ ကမ္ဘာရွာဖြစ်ခြင်း အကျိုးဆက်အနေနဲ့ကတော့ လုပ်ငန်းသေးတွေ ထိခိုက်မှု ရှိလာမယ့် ကိစ္စတွေ ဖြစ်လာမှာပဲ…… ဥပမာ မြန်မာပြည်မှာ မက်ဒေါ်နယ်လို Fast Food ဆိုင်မျိုးတွေ အများကြီး လာဖွင့်မယ်ဆိုရင် သူတို့ရဲ့ ဖြုန်းအားကြီးမားမှုကြောင့် ဈေးသက်သက်သာသာနဲ့ ရောင်းနိုင်မယ်…. အဲ့ဒါဆိုရင် တစ်နိုင်တစ်ပိုင်၊ ထမင်းဆိုင်၊ မုန့်ဟင်းခါးဆိုင်တွေ နားသွားနိုင်တယ်….

စီပီ ကြက်သားဆိုင်တွေ ရန်ကုန်အနှံ့ဖွင့်ခါစက မအောင်မြင်လောက်ဘူးလို့ လူတွေ ခန့်မှန်းခဲ့ကြတယ်…. ဒါပေမယ့် အခုတော့ အတော့်ကို လည်ပါတ်နေတယ် ကြက်ကျော်တစ်တုံး ၅၀၀ ထမင်းတစ်နပ်ကို ကောင်းကောင်းစားလို့ ရတယ်လေ… အပြင်မှာ ဟင်းတစ်ခွက်က ၅၀၀ နဲ့က မအိုကေဘူးလေ…. အဲ့တော့ လုပ်ငန်းကြီးတွေ စီးဝင်လာရင် လုပ်ငန်းသေးတွေ ပျောက်သွားနိုင်မယ့်ကိစ္စတွေ၊ ပျောက်သွားမယ့် လုပ်ငန်းသေး လုပ်သူတွေကို နေရာပြန်ချထားရေး၊ အလုပ်အကိုင် ဖော်ဆောင်ရေး ဒါတွေ လိုလာပြန်ကော….. မလုပ်နိုင်ရင်တော့ အလုပ်လက်မဲ့ ဖြစ်ကုန်တဲ့အတွက်၊ စီးပွားရေး မကောင်းလာတဲ့အတွက် မကျေနပ်ပဲ ဆူမှာ ဆန္ဒပြမှာက သေခြာသလောက် ရှိပြန်တယ်…..

ဒီအတွက် အခြေခံလူတန်းစားနဲ့ တစ်နိုင်တစ်ပိုင် စီးပွားရေးသမားတွေအတွက် အသိဥာဏ် ပွင့်လင်းစေတဲ့ ပညာပေးခြင်းမျိုး များများလုပ်သင့်တယ် မြင်ပါတယ်….. အဆိုပါ အောက်ခြေ လူတန်းစားတွေဟာ အတန်းပညာမတတ်၊ ဘွဲ့မရကြလို့ ပညာပေးဖို့ ခဲယဉ်းတယ်လို့ ယူဆလို့ မရပါဘူး……. ပင်ကိုယ် သက်မွေးဝမ်းကြောင်း အသိတွေရှိနေတဲ့အတွက် စဉ်းစားဆင်ခြင် ဆုံးဖြတ်နိုင်တဲ့ အဆင့်မျိုးလေးဖြစ်အောင် ပံ့ပိုးနိုင်ရင် အဆင်ပြေမယ် ယူဆပါတယ်….. လူမှုဖူလုံရေး ၀န်ကြီးဌာနအနေနဲ့ ဒါတွေကို စနစ်တကျ ပြင်ဆင်လုပ်ဆောင်သင့်ပါတယ်….. နောက်မို့ဆိုရင်တော့ အချောင်သမား စိတ်ဓါတ်တွေ၊ လက်ရှိလုပ်ငန်း ရပ်တန့်သွားလို့ ဘာမှဆက်မလုပ်တတ်တဲ့ လူတွေအများစု ရှိနေသရွေ့ တိုင်းပြည် အေးချမ်းမယ်လို့ မမြင်မိပါ…..