Category Archives: ပစ်စာ

ဓမ္မစေတီခေါင်းလောင်း

1077388_268666556660857_1579143138261990949_o

ဘဘ ဦးစံလင်း ( မြေပုံ ) ခင်ဗျား….

ဝမ်းသာပါတယ် ဘဘ အခုလို ခေါင်းလောင်းကြီးကို ရှာဖွေနိုင် ( ဘဘ အပြောအရ ) တဲ့အတွက် အလွန်ပင်ဝမ်းသာရပါ၏…
ဘဘ ဒီလိုပဲပြောမယ်ဆိုတာ ကြိုတွက်ပြီးသားပါ ဘဘ ပြောထားတဲ့ရက် ကလည်း ပြည့်နေပြီ ဆိုတော့ ဘဘ ဒီလိုပဲ ပြောရတော့မှာပေါ့ ၊ ဘဘ တင် ဒါမျိုး ပြောတာမဟုတ်ပါဘူး ဘဘ အရင် ခေါင်းလောင်းကြီးကို ဆယ်ဖို့ ကြိုးစားခဲ့တဲ့ အဖွဲ့တိုင်း တွေ့ပြီလို့ပဲ ပြောခဲ့တာ , မတွေ့ဘူးလို့ဘယ်အဖွဲ့ကမှ မပြောခဲ့ဘူး, ခက်တာက တွေ့တယ်သာပြောကြတာ ကုန်းပေါ်ကိုတော့ အခုချိန်ထိ ရောက်မလာသေးဘူး..
တစ်ခုရှိတာက ဘဘ အရင် ရှာခဲ့တဲ့ ၁၁ ဖွဲ့ ကတော့ ခေါင်းလောင်းကို တွေ့ပြီ သို့သော် နည်းပညာလိုအပ်ချက်၊ အစီုးရရဲ့ ထောက်ပံ့မှု မရခြင်း,တွေ့ထားတာက ထုထည်ကြီးတဲ့ ဂျင်ပုံကြီး မို့ ခေါင်းလောင်းဆိုတာ ၁၀၀% မသေချာလို့ ဆိုပြီး ရိုးသားစွာ ဝန်ခံပြီး လက်လျော့ လိုက်ကြတယ်။

အခု ဘဘ ကြတော့ အရူးမို့လား မသိဘူး ထူးတယ်ခင်ဗျ …

ဘဘ က ဒါကြီးကို ဆယ်မယ်ဆိုပြီး Media အကြို ရှင်းလင်းပွဲ လုပ်ကတည်းက အရူးကွက်နဲ့ စခဲ့တာလေ …ဘဘ မှတ်မိမှာပါ..
ဘဘ ပဲ မျက်ရည် လည်ရွဲ နဲ့ ပထမ အခေါက်က တွေ့ပေမယ့် နဂါးတွေ စောင့်လို့ ဘဘ ကို ရေအောက်ထဲမှာ ဂုပ်ကို ဆွဲထားလို့ ဆယ်လို့မရခဲ့ဘူး
(ဂုပ်ကိုသာ ဆွဲ မထားဘူးဆိုရင် တစ်ခါတည်းပဲ ပွေ့ ယူလာတော့မလို) ဆိုပြီး Media ရှေ့မှာ မျက်ရည်နဲ့ မျက်ခွက် ငိုချင်းချ ပြီး အရူးကွက်စနင်းခဲ့တာ သားက မှတ်မိတယ်ခင်ဗျ….

Media ပွဲလဲ ပြီးရော ဘဘ ရဲ့ ခေါင်းလောင်းရှာပုံတော် စပြီဆိုပါတော့ အဲ့မှာလည်း ဘဘ လည်တယ်ခဗျ , စည်းပေါက်မယ် , မလိုအပ်တဲ့ ပြသနာ တွေ ဖြစ်လာမယ်ဆိုပြီး သတင်းမထုတ်ပြန်ဘူး ခင်ဗျ တစ်ကယ်တော့ ဘဘ မှာ ရေရေရာရာ ပြောစရာ သတင်းမှ မရှိတာ, ဘယ်သတင်းကိုထုတ်ပြန်မှာလဲ

ရှာပြီဟေ့ ဆိုတော့လည်း ရေအောက်ကြမ်းပြင် ပြတ်ရွေ့ခြင်းပထဝီ အနေအထား ပြောင်းလဲခြင်းဆိုတာတွေကို လုံးဝ ထည့်မတွက်ပဲ , လွန်ခဲ့တဲ့ နှစ်၄၀၀ လောက်က ကျသွားတဲ့ နေရာမှာပဲ ရေ တစွတ်စွတ် ငုပ် , radiator , metal detector တွေ မသုံးပဲ ရှာဖွေတဲ့ ဘဘ ရဲ့ ထင်ရာစိုင်း နည်းစနစ် တွေကိုအံ့သြ မိတာအမှန်ပဲ ခင်ဗျ။ အဲ့လိုနဲ့ ၁ ပတ်လောက်ကြာတော့ ဘဘ ထင်သလိုဖြစ်မလာတော့ အကျပ်ရိုက်ပြီ ,အဲ့ဒီမှာ ဘဘ ကို ကယ်လိုက်တာ နတ်စင်တစ်ရာ ဘုန်းကြီးခင်ဗျ။

ဘဘုန်းကလည်း နဂါးတွေ သိုက်တွေ လူဝင်စားတွေဆိုရင် ဘဘုန်းဂွင် တွေ ဆိုတော့ အခုရှာတဲ့နေရာကနေ ပေ ၂၀ လောက် ရွှေ့ရှာပါဆိုပြီး မိန့်တယ်ခင်ဗျ ….ဘဘ က လည်း နဂို ကတည်းက ဂယောင်ဆိုတော့ ဘဘုန်း ပြောတဲ့နေရာကို ရွှေ့ တယ်ခင်ဗျ ( မရွှေ့ရင်လည်း ဘဘ ဘာလုပ်ရမှန်းမှ မသိတော့တာ ) သောင်တူးစက်တောင် ပြောတဲ့နေရာ မရောက်သေးဘူး ဆရာတော်က ခေါင်းလောင်းတွေ့ပြီ ဆိုပြီး media တွေကို မိန့်လိုက်တယ် အဲ့လို ဘဘ တောင်မသိလိုက်ပဲ ဆရာတော်က ဖောလိုက်တော့ ဘဘ ရဲ့ ပြန်ကြားရေးတာဝန်ခံက ဘဘုန်းအရှက်မကွဲအောင် ခေါင်းလောင်းတော့တွေ့တယ် ဒါပေမယ့် ဓမ္မစေတီ မဟုတ်ဘူး ဆိုပြီး ထပ်ဖောရသေးတယ် , အဲ့ဒီ မှာ
ခေါင်းလောင်းက ၂ လုံးလား ဆိုပြီး media ကိုကိုမမ တို့ ယောင်စိန် တွေ ဖြစ်ကုန်ရော..
( ဘဘ တို့ အဖွဲ့က ရီရတာတော့ အမှန်ပဲ )

ဒါနဲ့ပဲ သောင်တူးစက်က ဘဘုန်း ထင်သလို ပြောလိုက်တဲ့နေရာ လည်းရောက်ရော ပွဲမစခင်ကတည်းက ဘဘ တတွတ်တွတ် ပြောနေတဲ့ ဘဘ သံယောဇဉ်ကြီးလှတဲ့ ဘဘ ရဲ့ အဓိက ဇတ်ကောင် နဂါးတွေ အပေါ်ကို ပိပါလေရောတဲ့။ အဲဒါကို အဲ့ ပိနေတဲ့ နဂါးထဲက တစ်ကောင်က လှည်းကူးမှာ နေတဲ့ အမယ်အိုကြီးကို ဝင်ပူးပြီး ဖယ်ပေးဖို့ ဖယ်မပေးရင် ခေါင်းလောင်းကို ဆယ်မရအောင် လုပ်ထားလိုက်မယ်ဆိုပြီး media ကနေတစ်ဆင့်ဖွလိုက်တယ် , ဒါပေမယ့် ဒီတစ်ခါတော့ ဘဘ နပ်သွားပြီ အရူးလိုလို ဘွားတော်လိုလို အဘွားကြီး ပြောတဲ့အတိုင်း မယောင် တော့ပဲ လုပ်စရာရှိတာ ဆက်လုပ်တယ်။ ဘဘ ရဲ့ hero နဂါးတွေ ဒုက္ခ ရောက်နေတာကို ဘဘ လက်ပိုက်ကြည့်နေကတည်းက နဂါး စောင့်တယ်လို့ ဘဘ ပြောခဲ့တာ ဖောကွက်( အရူးကွက် ) ဆိုတာ သိတဲ့လူကသိတယ် ဘဘရေ။

အခုတော့ ဘဘ ရဲ့ ပွဲသိမ်းရိုက်ချက် လာပြီ။ ခေါင်းလောင်းကိုတော့ တွေ့ပြီ ဒါပေမယ့် နဂါးထဲမှာ အကြီးဆုံး ရွှေရောင် နဂါးမင်းကြီးက ဆီမီးထွန်းပြီး ပူဇော် နေလို့ ဆယ်ဖို့ရက်ကို ခဏစောင့်ရအုံးမယ်လို့ ဘဘ ပြောပြီနော်။ ပွဲစပြီ ဆိုကတည်းက ဘာ တစ်လုံးမှ မပြောပဲ အ အ ကြီးလို နေလာတဲ့ ဘဘ က အခုတော့ သတင်းထုတ်ပြန်လိုက်ပြီပေါ့။ ကျွန်တော် အပေါ်မှာ ပြောခဲ့သလို ရှာတဲ့ အဖွဲ့တိုင်း တွေ့ပြီလို့ပြောပါတယ် ကုန်းပေါ်ကိုသာ မတင်နိုင်ကြတာ ပြည်သူလူထုကို မပြနိုင်ကြတာ အခု ဘဘ ကလည်း တွေ့တယ်လို့ပြောပြန်ပြီ။

ဒီတစ်ခါတော့ ကျွန်တော်တို့ မျက်ဝါးထင်ထင် တွေ့ဖူးအောင် , ဘဘ ကို တိုက်ခိုက်နေတဲ့ လူတွေ ပါးစပ်ပိတ်သွားအောင်. ဓမ္မစေတီခေါင်းလောင်းကြီး ဆိုတာ တစ်ကယ်ရှိပါလား ဆိုတာ ရှင်းသွားအောင် ဘဘ လုပ်နိုင်ပါ့မလား လို့ သံသယဝင်မိတယ် , ဘဘ ကလည်း အရူးလိုလို အထူးလိုလို ဂယောင်ဆိုတော့ ကျွန်တော်တို့ကတော့ မျက်စိရှေ့မှာ ခေါင်းလောင်းကြီးကို မြင်ရတော့မှပဲ ယုံတော့မယ် ဘဘရေ…။

နဂါးတွေ အကြောင်းကတော့ သူများတွေတော့မသိဘူး ကျွန်တော်ကတော့ ဘဘပြောနေတဲ့ နဂါး Story တွေဟာ ဘဘ ရဲ့ exit လို့ထင်မိတယ် …..ကမ္ဘာကျာ် လူလိမ်ကြီးတွေရဲ့ ဆိုရိုးစကားကလည်း ရှိတယ်လေ အဲဒါက “လိမ်တော့မယ်ဆိုရင် ကိုယ်ရှူးကိုယ်ပတ် အဖြစ်ကနေ လွတ်မြောက်အောင် ထွက်ပေါက် ဖန်တီးထားပါ ” ဆိုတဲ့ စကားပါပဲ အခု ဘဘလည်း ခေါင်းလောင်းကို ဆယ်မရဘူး ဆိုတဲ့အခါ အကြောင်းပြချက် ရအောင် နဂါး story တွေကို ပွဲမစခင်ကတည်းက ပြောလာတယ်လို့ ထင်မိပါကြောင်း။

အဲ့လိုမဟုတ်ဘဲ တစ်ကယ်ကို ခေါင်းလောင်းကြီး ကို ဆယ်နိုင်ပြီ ဆိုရင် ခေါင်းလောင်းတီးဖို့ ငပိရိုး နဲ့အတူ ရင်ခုန်စွာ စောင့်နေပါ့မယ် ဘဘ ရေ (ခေါင်းလောင်းက ငပိရိုး နဲ့ထိုးမှ အသံထွက်မယ်ဆိုလို့ ) 

ဘဘ လို ဂယောင်ကို ခင်တဲ့
ဖိုးသား ( ငပိရိုးနဲ့စောင့်နေသူ)

ဂျပန်တွေမသိတဲ့ရန်ကုန်

yangon

မဟာရန်ကုန် မြို့ ပြသယ်ယူပို့ဆောင်ရေးစီမံကိန်း (YUTRA)အတွက် ဂျပန် JICA က စီမံကိန်းအကြိုလေ့လာသုံးသပ်ချက်လုပ်ပြီး အချက်ကြီးကိုးခုကိုပြင်ဆင်ဖို့ လိုအပ်တယ်လို့ အကြံပြုထားပါတယ်..။ မီးပွိုင့်တွေ စနစ်တကျမရှိတာ၊ လမ်းပေါ် ဈေးရောင်းတာ၊ ကားတွေစည်းကမ်းမလိုက်နာတွေ..ပေါ့..။ အချက်အားလုံးဟာ အမှန်တွေချည်းပဲဆိုတော့ သိပ်တော့ ပြောစရာမရှိပါဘူး..။ ဒါပေမယ့် ဂျပန်တွေက ချို့ ယွင်းပျက်စီးနေတာတွေ စည်းကမ်းမရှိတာတွေ အဲဒီလို အပေါ်ယံတွေပဲ သိပြီး အဲဒါတွေဘာလို့ဖြစ်နေသလဲဆိုတာကိုသေချာမသိဘူးလို့ထင်ပါတယ်..။

မီးပွိုင့်လည်းမပျက်ဘူး..ဒါပေမယ့် ပွိုင့်ကင်းတဲတွေရှေ့ ကို ပိုက်ဆံပစ်ချပေးတတ်တဲ့လိုင်းကားတွေ ပွိုင့်ဝနားခေါင်းပြူလာရင် စိမ်းနေရင် ဘယ်လောက်ကြာကြာထပ်စိမ်းတယ်..နီနေရင် ရုတ်ချည်းထစိမ်းတဲ့ ပွိုင့်တွေရှိတာကို ဂျပန်တွေမသိဘူး..။

ကားအုံနာ အပွင့်ကြီးကြီးတွေကိုကြောက်ပြီး တာဝန်ရှိသူတွေမဖမ်းရဲတဲ့ စည်းကမ်းပျက် လိုင်းကားတွေရှိနေတာကို ဂျပန်တွေမသိဘူး..။ ဒီလိုကားမျိုးက ကားသမားတွေက ရပ်ကွက်ထဲ တုတ်နဲ့ ၀င်ရိုက်ရင်တောင် မဖမ်းနိုင်တာ၊ မဖမ်းရဲတာကို ဂျပန်တွေမသိဘူး..။

လမ်းပေါ် ဈေးရောင်းခွင့်သာ တရားဝင်မရှိတာ ဈေးကောက်မှန်မှန်ပေးပြီးမှ ဈေးရောင်းနေကြတယ်ဆိုတာကို ဂျပန်တွေမသိဘူး..။ ဒီဈေးသည်တွေကို ဖမ်းချင်တဲ့အချိန်ဖမ်းပြီး မဖမ်းချင်တဲ့အချိန် ဈေးကောက်တောင်းပြီး ပေးရောင်းထားတာကို ဂျပန်တွေမသိဘူး..။

သယံဇာတကြွယ်ဝပြီး တက္ကသိုလ်က နှစ်စဉ်သောင်းချီပြီးဘွဲ့ရပညာတတ်တွေရှိနေတဲ့ ဒီနိုင်ငံမှာ လမ်းဘေးဈေးရောင်းပြီး ၀မ်းစာကို ခက်ခက်ခဲခဲ ရှာစားနေရတဲ့ ဒီလို လမ်းဘေးဈေးသည်တွေ ဘာလို့များများလာသလဲ… ဂျပန်တွေမသိဘူး..။

မီးသတ်အလုပ်နဲ့ မဆိုင်လှပါဘဲ VIPမသာကားထွက်ဖို့အတွက်ကို ခါးကြားမှာ စကားပြောစက်ထိုးပြီး ခရာလေးမှုတ်ပြီး မလိုအပ်ဘဲ ကားတွေအကုန်ရပ်ခိုင်းတဲ့ မီးသတ်ရဲဘော်တွေကြောင့် ကားကြောတွေ ရပ်ရပ်သွားတာကို ဂျပန်တွေမသိဘူး..။ မသာတောင် VIP ရှိတာကို ဂျပန်တွေမသိဘူး..။

လမ်းပေါ်ရပ်ထားတဲ့ကား ကရိန်းနဲ့သွားဆွဲတာ စစ်သားကားဖြစ်နေလို့ ဖမ်းရမယ့်သူက မကျေနပ်တဲ့လူတွေရန်မပြုရဲအောင် လုံခြုံရေးပြန်စောင့်ပေးပြီး ကရိန်းဆရာက ထိုင်ကန်တော့ပြီး ပြန်လာကြရတဲ့ အဖြစ်တွေကို ဂျပန်တွေမသိဘူး..။

မြို့ တွင်းလမ်းတွေ..လမ်းကြိုလမ်းကြားတွေကောင်းဖို့အတွက် မဲဆွယ်ခါနီးမှ လာလာပြင်ပေးတတ်တဲ့ ပါတီအကြီးကြီးရှိတယ်ဆိုတာကို ဂျပန်တွေမသိဘူး..။

မြို့တွင်းမှာ အမှိုက်ကင်းစင်တဲ့ စံပြမြို့နယ်ဖြစ်ဖို့အတွက် အမှိုက်ကောက်ချင်တဲ့အခါ ကြိုတင်ခွင့်ပြုချက်လိုအပ်ပြီး ခွင့်မပြုရင် ဘယ်သူမှ အမှိုက်ကောက်လို့ မရဘူးဆိုတာကို ဂျပန်တွေမသိဘူး..။

လူသွားဖို့ ပလက်ဖေါင်းတွေပေါ်မှာ မီဒီယာကော်နာတို့ ဖုန်းရုံတို့ကို ခွင့်ပြုပေးထားရတဲ့ နောက်ကွယ်က အကြောင်းတရားတွေကို ဂျပန်တွေမသိဘူး..။ အဲဒါတွေကြောင့် လမ်းပေါ်တက်လျှောက်ရတဲ့ လမ်းသွားလမ်းလာတွေရှိနေရတာကို ဂျပန်တွေမသိဘူး..။

ရေ၀ပ်လို့ လမ်းတွေရေမြှုပ်ကုန်တဲ့အခါ ရေနုတ်မြောင်းနဲ့ ရေဆိုးထုတ်စနစ်ကို ပြင်စရာမလိုဘဲ လမ်းကို ကွန်ကရစ်ခင်းရမယ်ဆိုတဲ့ နည်းပညာဆန်းတွေ ကျွန်တော်တို့ဆီမှာ ရှိနေတာကို ဂျပန်တွေမသိဘူး..။

အဲဒီလို လမ်းခင်း၊ လမ်းပြင်တဲ့အချိန်တွေဟာ ကားအသွားအလာအများဆုံးအချိန်တွေဖြစ် နေလို့ ညဖက်ပြောင်းလုပ်ဖို့ လွှတ်တော်မှာ မေးတုန်းက အစီအစဉ်မရှိဘူးလို့ ခပ်တည် တည်ဖြေခဲ့တဲ့ တာဝန်ရှိသူတွေ ဒီမြို့တော်ကြီးကိုတာဝန်ယူထားတယ်ဆိုတာကို ဂျပန်တွေမသိဘူး..။

အ၀ိုင်းမှာ မီးပွိုင့်တပ်လိုက်ရင် လမ်းတွေပိုကျပ်ကုန်မယ်ဆိုတာကို တွေးကြည့်ရုံနဲ့ မသိဘဲ ချစမ်းကြည့်မှ ယုံတတ်တဲ့ လက်တွေ့သမားကြီးတွေ ဒီရန်ကုန်မြို့ ကြီးမှာ ရှိနေတယ်ဆိုတာကို ဂျပန်တွေမသိဘူး..။

ရပ်ကွက်ထဲ တူထုသံကြားတာနဲ့ ခွင့်ပြုချက်မရဘဲ သံရိုက်လို့ဆိုပြီး ဒါဏ်ရိုက်ဖို့ သက်ဆိုင်ရာဝန်ထမ်းတွေ ရောက်ချလာတတ်ပေမယ့် လမ်းတွေပေါ် ကျောက်ပုံ၊ အုတ်ပုံနဲ့ ဆောက်လုပ်ရေးလုပ်ငန်းကြီးတွေ လမ်းပိတ်လုပ်နေရင်တော့ မတွေ့မမြင်တတ်ကြတဲ့ ၀န်ထမ်းတွေရှိနေတာကို ဂျပန်တွေမသိဘူး..။

အဲဒီလိုလူတွေကို အရင်ဆုံး အမြစ်ပြတ်အောင် မဖယ်ရှားနိုင်ပဲနဲ့တော့ ဂျပန်မကလို့ သိကြားမင်းဆင်းလာပြီး မဟာစီမံကိန်းကြီး လာလုပ်လည်း အောင်မြင်မှာမဟုတ်ပါဘူး။ JICA နဲ့ ဂျပန်တွေရဲ့ မဟာရန်ကုန်မြို့ ပြ သယ်ပို့စီမံကိန်းကြီး အောင်မြင်ပါစေကြောင်း စေတနာကောင်းနဲ့ ဂျပန်တွေမသိတာလေးတွေကို ပြောပြရခြင်းဖြစ်ပါတယ်..။

ဗိုလ်ချုပ်သားသမီးတွေနဲ့စီးပွားရေး လက်ဝါးကြီးအုပ်မှု

၁။ ရဲတံခွန် ဆောက်လုပ်ရေး ။ လိပ်စာ- တာမွေမြို့နယ်။ ယုဇနပလာဇာ နောက်။ ပိုင်ရှင် အောင်ဇော်ရဲမြင့်က ဗိုလ်ချုပ် ရဲမြင့်သား။ အသက် – ၂၈ နှစ်ခန့်  ။ အရပ်- ၅ပေ ၇လက်မ ခန့် ။ အိမ်ထောင်ကွဲ ။ ၂၀၀၇ ခုနစ်မှာ မီးရထားဝန်ကြီးရဲ့ သမီး အေးမြသာနဲ့ လက်ထပ်တယ်။ အောင်ဇော်ရဲမြင့်က မူးယစ်ဆေးဝါးအလွန်အကျွံ သုံးစွဲပြီး ဆိုးသွမ်းလူငယ်တဦး ဖြစ်တယ်။ အခု လင်မယားကွဲနေတယ်။ မင်္ဂလာဆောင်ပြီး ၅လ လောက်အတွင်းမှာ ကွဲသွားတယ်။လက်ဖွဲ့ ငွေသိန်း ၁,၂၀၀ ကျော်ကျော် ရတယ်။ လင်မယား ကွဲတဲ့အခါလက်ဖွဲ့တွေကို အမျိုးသမီးက သိမ်းလိုက်တယ်။ စီးပွားရေးလောကမှာ မအေးမြသာကလည်း ငွေရရင် အကုန်လုပ်မယ်ဆိုတဲ့သူမျိုး ဖြစ်တယ် ။ Sunday Mart စီးပွားရေးလုပ်ငန်းမှာ သူမက တစိတ်တပိုင်းပါနေတယ်။

၂။ Sun Tac ပိုင်ရှင်က စစ်တိုင်းအောင်၊ သစ်တောဝန်ကြီး ဦးအောင်ဖုန်းရဲ့သား။ ဦးအောင်ဖုန်းမှာ စစ်တိုင်းအောင်နဲ့ စစ်သွေးအောင်ဆိုတဲ့ သားနှစ်ယောက် ရှိတယ်။ နှစ်ယောက်စလုံး အိမ်ထောင်ရှိတယ်။

၃။ ဆန်းဒေးမတ် Sunday Mart (အောင်ဇော်ရဲမြင့် မိန်းမ အေးမြသာ ပိုင်တယ်)

၎။ အောင်ရီဖြိုးနဲ့ Rose Hill Hospital (ပိုင်ရှင်က ဦးအောင်သောင်းသား)

၅။ Happy Noodel – ပိုင်ရှင်- ဗိုလ်ချုပ်ကျော်ဘ ချွေးမဟောင်း ။သူ့ သား ဦးအေးထွန်းက စပ်သန္တာနွဲ့  နဲ့  ထပ်ယူထား တယ်၊ ဦး ထွန်းနိုင်ရွှေ (ဗိုလ်ချုပ်သန်းရွှေသား) မိန်းမရဲ့  သမီး ။ ယခု လက် ရှိ ပုဂံလေကြောင်းမှာ တာဝန် ယူထား ။

၆။ MICT မှာ အောင်စိုးသာအစုရှယ်ပါတယ်။ သူက ၀န်ကြီးဦးစိုးသာရဲ့ သား။

၇။ MMS Company – Super Market and Hotel Business က ကျော်မျိုးညွန့် နဲ့ ပတ်သက်တယ်။ အသက်- ၃၂ နှစ်ခန့် ။ (သူက လယ်ယာ /ဆယ်မြောင်း ၀န်ကြီးဟောင်း ဗိုလ်ချုပ်ညွန့်တင်ရဲ့သား) ကျော်မျိုးညွန့်က ဒေါ်မြမြ၀င်း (ဂျပန်) သမီးနဲ့ယူထားတယ်၊၊ ကျော်မျိုးညွန့်အကြောင်းကို အောက်မှာ ဆက်လက်ဖေါ်ပြထား သေးတယ်၊၊

၈။ J & J မှာ ဗိုလ်ချုပ်သန်းရွှေသား ထွန်းနိုင်ရွှေက အမည်ခံပေးတယ်။ ရာခိုင်နှုန်းအလိုက် အကြံအဖန်ရတယ်။

၉။ Herritage Golf Club က ဗိုလ်ချုပ်ဝင်းလှိုင်ရဲ့သား ၀င်းထွေးလှိုင် ရှယ်ယာပါတယ်။ အသက် ၂၃ နှစ်ခန့်။

၁၀၊ Pacific High Tech စီးပွားရေးလုပ်ငန်းမှာ မင်းသက်ဦးပါတယ်။ သူ့ အဖေက သတ္တုတွင်းဝန်ကြီး ဗိုလ်ချုပ်အုန်းမြင့် ဖြစ်တယ်။ သူ့ကို ကိုမင်းလို့ ခေါ်ကြတယ်။ လုပ်ငန်းတော်တော်များများမှာလည်း သူ့ ရှယ်ယာတွေ ရှိတယ်။

၁၁၊ တော်ဝင် လျှပ်စစ်လုပ်ငန်းကို ဇင့်မြင်မောင် (ခ) စိုးစိုး (ဗိုလ်ချုပ်မြင့်မောင် သမီး) နဲ့ ၀ဏ္ဏ (ဗိုလ်ချုပ်ဝင်းမြင့်) သား တို့ စပ်တူလုပ်ကိုင်ခဲ့တယ်။ ဗိုလ်ချုပ် ၀င်းမြင့်သားက ကားတိုက်ပြီး ဆုံးသွားခဲ့တယ်။

၁၂၊ အမည်မသိသေးတဲ့ ဆေးခန်း (ဆက်လက်စုံစမ်းဖေါ်ထုတ်နေဆဲ) ၂၀၀၆ ခုနစ် ၊ ကြည်မြင်တိုင်ဖက်မှာ ဆေးခန်းအသစ်တခုရှိတယ်။ ဆေးခန်းရှယ်ယာတွေ အများစုကို ထင်ကျော်က ပိုင်တယ်။ ထင်ကျော်က အသက် ၄၀ နှစ်ခန့် ၊ သူက ဗိုလ်မှူးချုပ်ကျော်ဝင်း (ပြုတ်သွားတဲ့ ထောက်လှမ်းရေး။) သူ မိန်းမက ထွေးထွေးစိုးမင်း ဖြစ်တယ်။ ထင်ကျော်က သူအဖေ ထောက်လှမ်းရေးက ပြုတ်တော့ နိင်ငံခြားရေးဝန်ကြီးဌာနကနေ ဖယ်ရှားခံရတယ်။ ဂျပန်မှာရှိတဲ့ မြန်မာသံရုံးမှာ လုပ်ခဲ့ဘူးတယ်။ အလုပ်ကပြုတ်တဲ့အချိန်မှာ ဆေးခန်းဖွင့်ပြီး ပွနေတယ်။

၁၃၊ ဖြူစိန်ဆိုင်- ဗိုလ်ချုပ်တင်ဦး (သေဆုံး) ရဲ့ ဒုတိယသမီး ဖြုဖြူဦး (အဆိုတော်လုပ်တယ်။ ဖြူဆိုတဲ့နာမည်နဲ့ ဆိုတယ်။) ဗိုလ်ချုပ်ညွန့်တင်သား ကျော်မျိုးညွန့်နဲ့ တွဲခဲ့သေးတယ်။ ကျော်မျိုးညွန့်က ဒေါ်မြမြ၀င်း သမီး ရွှေယမင်းဦးနဲ့ ယူထားတယ်။ ဖြုဖြူဦးနဲ့လည်း ခုထိ တွဲနေသေးတယ်။ ကျော်မျိုးညွန့်က ဖြုဖြူဦး အတွက် – ဖြူ – ဆိုတဲ့ စိန်ဆိုင် ကို ဗိုလ်ချုပ်ဈေး မျက်နှာစာတန်းမှာ ဖွင့်ပေးထားတယ်။ ဖြူဖြူဦး အမက ချိုလဲ့ဦး ဖြစ်တယ်။ သူမက ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးသွားခဲ့တယ်။ သူ့ယောက်ျား မောင်မောင်ကျော်က စသုံးလုံး ဒုတိယ – ညွန်ကြားရေးမှူးချုပ် လက်ရှိတာဝန်ယူဆဲ။ ဗိုလ်ချုပ်ခင်ညွန့် တန်ခိုးထွားစဉ်က ဖြူဖြူဦးကို ဖမ်းဖို့ ကြိုးစားသေးတယ်။ ၂၀၀၄ ခုနစ်ဝန်းကျင်မှာ ဖြူဖြူဦး ဟောင်ကောင်း ရတနာပြပွဲကို သွားတယ်။ မြန်မာပြည်က ရတနာတွေကို ခိုးထုတ်တယ်။ ခင်ညွန့်ထောက်လှမ်းရေးအဖွဲ့က လေဆိပ်မှာဖမ်းတယ်။ ဒါပေမဲ့ ဖြူဖြူဦး ကိုယ်စား သူရဲ့ တပည့်မက အဖမ်းခံလိုက်ရတယ်။ အခုထိထောင်ထဲမှာပဲ ရှိတယ်။ ဒီမိန်းမက မကွေးဇာတိ ဖြစ်တယ်။ ဒီမိန်းနဲ့ ဗိုလ်မှူး မောင်မောင်ကျော်တို့ ငြိစွန်းခဲ့ဖူးတယ်။ ဒီမိန်းမဟာ အိမ်ထောင်ရှိသူ ဖြစ်တယ်။

၁၄၊ ဒိုင်းမွန်း ပဲလေ့စ် ကုမ္ပဏီ -က အင်လျားမြိုင်ထဲမှာ ရှိတယ်။ မဝေေ၀သာက ပိုင်ရှင်ဖြစ်တယ်။ သူမက အသက် ၅၀ ခန့်။သူမ အရင် ယောက်ျားက ဗိုလ်ကြီးမောင်မောင်သိန်း ဖြစ်တယ်။ သူမနဲ့ ဗိုလ်မှူး မောင်မောင်ကျော် (ဒုတိယညွန်ကြားရေးမှူးချုပ် ထောက်လှမ်းရေးနဲ့ ရည်ငံနေတယ်။)

၁၅၊ အေးရှားဝေါလ်ကုမ္ပဏီ အုပ်စု။ စတီဗင်လော – အသက် ၄၅ နစ်ခန့် ရှိတယ်။ တရုပ်ကိုးကန့်လူမျိုး၊ လောစစ်ဟန်ရဲ့ သား။ ရန်ကုန်စီးပွားရေး တက္ကသိုလ်က ဘွဲ့ရတယ်။ စင်္ကာပူသူနဲ့ အိမ်ထောင်ကျတယ်။ သူ့ ပါတနာရဲ့ မိန်းမကို သစ္စာဖေါက်ပြီး သူယူလိုက်တာ ဖြစ်တယ်။ တနိုင်ငံလုံးမှာသူ့ စီးပွားရေးတွေချည်းပဲ ဖြစ်တယ်။ ဥပမာ – ဆောက်လုပ်ရေး၊ ကြည်းမြင်တိုင်မှာ ကိုယ်ပိုင်ဆိပ်ကမ်းရှိတယ်။ လှည်းတန်းအ၀ိုင်းက မြေကွက်လပ်ကိုလည်း ပိုင်တယ်။ မန္တလေး-လားရှိုးလမ်းကိုလည်း သူပိုင်တယ်။ မူဆယ်အထိ ရောက်တယ်။ တရုံးလုံးက သူ့ ကိုဆရာကြီးလို့ ခေါ်မှ ကြိုက်တယ်။ ရန်ကုန်-အင်းစိန် လမ်းမပေါ်မှာ အများပိုင်မြေတွေကို မတရားသိမ်းယူခဲ့တယ်။ အိမ်ထောင်စုပေါင်း တထောင်ခန့်၊ လူဦးရေ တသောင်းခန့်ကို (နအဖ) စစ်အစိုးရနဲ့ပေါင်းပြီး ဖယ်ရှားခဲ့တယ်။ ဒီမြေကွက်ပေါ်မှာ နန်းတော်တမျှ အိမ်ဆောက်ပြီး နေထိုင်လျှက်ရှိတယ်။ သူအိမ်ကို Google Map မှာ ကြည့်နိုင်ပါတယ်။ သူ့ စီးပွားရေးလုပ်ငန်းတွေကို ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။

၁၆၊ အေဒင် ဆောက်လုပ်ရေးနဲ့ မရီနာ ရက်ဆီဒင့်- နေရာက ကမ္ဘာအေးဘုရားလမ်းမပေါ်မှာရှိတယ်။ ပိုင်ရှင်က ဦးချစ်ခိုင်။ အသက် ၆၀ ခန့်။ NLD လူဟောင်း။ ဗိုလ်ချုပ်မောင်အေးရဲ့ စနအ (တရိစ္ဆာန်ဖြစ်တယ်။)။

၁၇၊ ကမ္ဘောဇဘဏ် – ပိုင်ရှင်က ဦးအောင်ကိုဝင်း (ဆရာကျောင်း။) မောင်အေးရဲ့ စီးပွာရေး လက်ရုံး။

၁၈၊ ဗိုလ်ချုပ်ရွှေမန်း အမျိုးများအကြောင်း (မကြာမီ ဖေါ်ပြပါမည်။)

၁၉။ ယဉ်ဝင်းသူ MNT (Myan New Technology) အသက် ၃၀ကျော်။ပြည်ပမှာ အနေများ ။ ဗိုလ်ချုပ်မောင်အေးသမီး နန္ဒာအေးနဲ့ ဘာလိုလို အချစ်တော် ဖြစ်ခဲ့တယ်။ နန္ဒာအေးနဲ့ အစုစပ် ကွန်ပြူတာလုပ်ငန်းတွေကို လက်ဝါးကြီးအုပ် လုပ်ကိုင်ခွင့်ရခဲ့တယ်။ မြန်မာပြည်မှာရှိတဲ့ ကျောင်းတွေကို ကွန်ပြူတာသွင်းခွင့်ရတဲ့ တဦးတည်းသော ကန်ထရိုက်တာ ဖြစ်တယ်။ အရမ်းကြွယ်ဝ ချမ်းသာတယ်။ စီအန်ဂျီဓါတ်ငွေ့ရည် ပရောဂျက်ကိုလည်း လက်ဝါးကြီးအုပ် လုပ်ကိုင်ခွင့်ရနေတယ်။ ၀ိသမစီးပွားရေးသမားတွေထဲမှာ နာမည်သိပ်မထွက်ပေမဲ့ အချမ်းသာဆုံးလို့တောင် ခန့်မှန်းရတယ်။ ၆ မိုင်ခွဲ။ စွပ်ကျယ်စက်လမ်းမှာ နေတယ်။ နန္ဒာအေးရဲ့ အချစ်တော်ဖြစ်ခဲ့ဖူးတာကြောင့် မောင်အေးသမက် အောင်သောင်း သားက သူမကို ကြည့်မရ ဖြစ်နေတယ်။ ဆက်လက်ဖော်ပြပါမည်။

မန္တလေးဝန်ကြီးချုပ် ရဲမြင့်လေး

လယ်ယာမြေ၊ ရွှေထွက်မြေနှင့် ဘုရားတည်မည့်မြေများပါမကျန် သိမ်းယူနေသည့် ၀န်ကြီးချုပ်

Lt-Gen-YeMyintမန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ကန်ကောက်ရပ်ကွက်၊ အောင်ပင်လယ်ကန်ရိုးထိပ်တွင် ကြယ်ငါးပွင့် အဆင့်ရှိ ဟိုတယ်သစ်ကြီး ဆောက်လုပ်ပြီးစီး၍ လုပ်ငန်းများစတင်လည်ပတ်နေပြီဖြစ်ပါသည်။

မန္တလေးမြို့တော်ကြီးမှာ ကြယ်ငါးပွင့်အဆင့် ဟိုတယ်တည်ဆောက်ခြင်းမှာ မဆန်းပါ။ အဲဒီဟိုတယ်ကြီး ဘယ်လိုဖြစ်လာသလဲ၊ ဘယ်သူတွေနဲ့ဆက်နွယ်နေလဲဆိုတာက ဆန်းကြယ်ပါသည်။

၎င်းဟိုတယ် ဆောက်လုပ်ထားသည့်မြေမှာ ယခင်က တောင်သူလယ်သများများ၏ စိုက်ပျိုးမြေများဖြစ်ပြီး ထိုနေရာကို ယခင် လ.ပ.ခ တိုင်းမှူး ဗိုလ်ချုပ်ကြီး ရဲမြင့်မှ စွယ်တော်မြတ်စေတီတော် တည်ထားကိုးကွယ်ရန် သတ်မှတ်လျာထားခဲ့ပါသည်။ ဗိုလ်ချုပ်ကြီး ရဲမြင့် ပြောင်းရွှေ့သွားသောအခါ ယခု လက်ရှိ ၀န်ကြီးချုပ်တာဝန်ယူ ထားသူ ဗိုလ်ချုပ် ရဲမြင့်က လ.ပ.ခ တိုင်းမှူးဖြစ်လာပါသည်။ တိုင်းမှူးဖြစ်လာသောအခါ ဘုရားမတည်ဖြစ်လိုက် သော မြေနေရာရှိကြောင်းသိရှိသွားပြီး ၎င်း၏ လူယုံတပည့်ရင်း ဦးသိန်းတန် (ရွှေပြည်သာ ကျောက်မျက်ကုမ္ပဏီ) နှင့် ပူးပေါင်း၍ ၎င်းလယ်မြေများအား ရယူပြီး ဟိုတယ်ဆောက်လိုက်သည်။

နောက်တစ်ခုက ရွှေထွက်သည့်မြေများကိစ္စဖြစ်ပါသည်။ ၀န်ကြီးချုပ် ဦးရဲမြင့်သည် သပိတ်ကျင်းမြို့နယ် အတွင်းရှိ ရွှေထွက်ရှိရာ ရွှေတောမှ မြေကွက်များကို ဦးသိန်းတန်(ရွှေပြည်သာ ကျောက်မျက်ကုမ္ပဏီ)နှင့် ပူးပေါင်း၍ လိုက်လံသိမ်းဆည်းပြီးနောက် ၎င်း၏သားဖြစ်သူ ဗိုလ်ကြီး နိုင်လင်းအောင်အား တပ်မတော်မှထွက် စေလျက် အဆိုပါရွှေတောများကို ကိုယ်တိုင်ကြီးကြပ်ဆောင်ရွက်စေလျက်ရှိသည်မှာ ယခုတိုင်အောင်ဖြစ်ပါသည်။

မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးရဲမြင့်သည် လယ်ယာမြေ၊ ရွှေတောမြေများသာမက ယခင် တိုင်းမှူး ဘ၀တုန်းက ဒူးကြားမြေကိုလည်း သိမ်းယူခဲ့ဖူးသေးသည်။ ဖြစ်ပုံမှာ ၎င်းလက်ရှိပိုင်ဆိုင်နေထိုင်သော ဗိုလ်ချုပ်ရွာ ရှိ မြေကွက်တွင် ဒူးကြားမြေ (၁၂)ပေအား အုတ်တံတိုင်းခတ်ကာရံ၍ သိမ်းယူခဲ့သည်။ ယခု ၀န်ကြီးချုပ်ဘ၀တွင် လည်း မန္တလေးမြို့ ၆၄ လမ်းနှင့် ၃၈ လမ်းထောင့်၊ မဟာအောင်မြေမြို့နယ်၊ မဟာမြိုင် အပိုင်း(၂)ရှိ ၎င်းပိုင် မြေကွက် (၂)ကွက်တွဲနှင့် ကပ်လျက်ရှိသော မြေကွက် (၂)ကွက်တွဲအား ၀ယ်ယူကာ ၎င်းမြေကွက်ကြားရှိ ဒူးကြား လမ်း မြေ (၁၂)ပေအား အုတ်တံတိုင်းခတ်သိမ်းယူပြီး တရားဝင်ဂရန်ရရှိအောင် မန္တလေးစည်ပင်သို့ညွှန်ကြား ခိုင်းစေခဲသည်။ မြေကွက် (၄)ကွက်တွဲကို ၀န်ကြီးချုပ်၏သမီး ဒေါ်ဖြိုးမင်းသူ အမည်ပေါက် ဂရန်ဖြစ်အောင် အာဏာကိုအလွဲသုံးစားပြုလုပ်လျက် ရယူထားရှိခဲ့သည်။

ဒူးကြားမြေများကိုသိမ်းယူစဉ်က လျှို့ဝှက်စွာလုပ်ကိုင်ခဲ့သော်လည်း လျှို့ဝှက်ချက်ပေါက်ကြားသွား ချိန်တွင် ၀န်ကြီးချုပ်မှာ လွန်စွာဒေါသထွက်ပြီး မန္တလေးစည်ပင်မှဝမ်းထမ်းများကြောင့်ဟုစွပ်စွဲကာ စည်ပင်ဝန်ထမ်း (၂၀)ကျော်ကို နေရာပြောင်းရွှေ့ခြင်း အငြိမ်းစားယူစေခြင်းများ ပြုလုပ်အရေးယူခဲ့ပါသည်။ အရေးယူခံခဲ့ရသော ၀န်ထမ်းများမှာ မျက်ရည်မဆည်နိုင်အောင်ပင် စိတ်ထိခိုက်ခံစားခဲ့ကြရပါသည်။

ဆိုပါ ဒူးကြားလမ်းများမှာ မန္တလေး မြို့တည်နန်းတည် မင်းတုန်းမင်းတရားကြီးလက်ထက်မှစ၍ အင်္ဂလိပ် အစိုးရနှင့် ယခင်အစိုးရ အဆက်ဆက်အထိ အမှိုက်သိမ်းကားများဝင်ရန်၊ အရေးပေါ် မီးသတ်ကားများဝင်နိုင်ရန်  သတ်မှတ်ပြုလုပ်ပေးထားသော လမ်းကြားများဖြစ်ပါသည်။ ယခု ဒူးကြားမြေမရှိတော့သဖြင့် အရေးပေါ်ကိစ္စများ ဖြစ်ပွားလာပါက မည်သို့မျှဖြေရှင်းဆောင်ရွက်နိုင်တော့မည်မဟုတ်ပါ။

ဤကိစ္စများကို နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်ထံ အကျိုးအကြောင်းများဖြင့် တင်ပြခဲ့သော်လည်း မည်သည့်အကြောင်းကြောင့်ဟုမသိရပဲ ၀န်ကြီးချုပ်မှာ ယခုထိအရေးယူခံရခြင်းမရှိခဲ့ပါ။ ၀န်ကြီးချုပ်၏ ဥပဒေမဲ့ ဆောင်ရွက်ချက်၊ အာဏာအလွဲသုံးစားလုပ်၍ ဖိနှိပ်မှုများကို လက်မခံနိုင်ကြသူများက တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ၊ လူ့အခွင့်အရေးဆိုင်ရာကော်မတီ၊ တိုင်ကြားစာနှင့်အသနားခံစာကော်မတီများ သို့ စာရေးတင်ပြထားကြပါသည်။

အထက်တွင်ဖော်ပြခဲ့ပြီးဖြစ်သော ၀န်ကြီးချုပ် ဦးရဲမြင့်၏ အာဏာရှင်ဆန်ဆန် ပြုလုပ်နေမှုများကို မန္တလေး မြို့နေ ပြည်သူများ၊ စည်ပင်သာယာမှဝန်ထမ်းအားလုံးလည်း သိရှိကြပြီးဖြစ်သလို တစ်နိုင်ငံလုံးရှိပြည်သူများလည်း ဥပဒေအပေါ်တက်ထိုင်ပြီး အာဏာအလွဲသုံးစား ပြုမူလျက်ရှိသော မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးရဲမြင့် အကြောင်းကို သိရှိနိုင်ရန် တင်ပြခြင်းဖြစ်ပါသည်။

(မေးလ်ထဲ ပို့လာသော စာအား မျှဝေလိုက်ပါသည်။)

ပြည်သူ့ဆန္ဒဂျာနယ်ရဲ့ သောက်တလွဲလုပ်ရပ်

812716_306792539423290_1186379226_o

ပြည်သူ့ဆန္ဒဂျာနယ်က အယ်ဒီတာရဲခေါင်မဲမောင်ခေါ် ဦးနေမျိုးအေး နဲ့ ဒီနေ့ ဖုန်းပြောဖြစ်ပါတယ်။
သူ့စကားလေးတွေ ကောက်နှုတ်ကြည့်ချင်လို့။

– ဦးက အရင်ကကျောင်းအုပ်ကြီး။ စည်းမျဉ်းကို မချိုးဖောက်ဘူး။ စိတ်ချ။
( ကျောင်းအုပ်ကြီးဖြစ်တာနဲ့ ဒီကိစ္စနဲ့လုံးဝမဆိုင်)

ဂျာနယ်မှာရှင်းပြမယ် ဆိုတာက ဟုတ်ပါပြီ။ ဖေ့ဘွတ်ပေါ်က Page မှာရော ဘာမှ မဖြေရှင်းတော့ဘူးလားလို့မေးတော့ ..

– ဖေ့ဘွတ်ဆိုတာ မင်းသိတဲ့အတိုင်း ဘာမှမစဉ်းစားဘဲ ပြောချင်ရာပြော ရေးချင်ရာ ရေးနေကြတာ။ လိုင်းပေါ်က ကိစ္စကို စိတ်မ၀င်စားဘူး
( သူယူသုံးသွားတာ ဖေ့ဘွတ်ပေါ်က ကဗျာဆိုတာကို မေ့နေသလားမသိ)

နောက်ထွက်မယ့်ဂျာနယ်မှာ ဘယ်လို ဖြေရှင်းမှာလဲ ? ဟိန်းနာမည်အမှန်နဲ့ ကဗျာပြန်ထည့်ရုံနဲ့ အဆင်မပြေပါဘူး။ ဦးတို့ ဘယ်နည်းဘယ်ပုံမှားယွင်းခဲ့တယ်ဆိုတာကို အတိအလင်းတောင်းပန် ဖို့အစီအစဉ်ရှိပါသလား လို့ ကျွန်တော်မေးတော့ ..

– ဦးတို့မမှားပါဘူး။ မှားတယ်လို့မပြောပါနဲ့။ ဦးတို့တွေ့တာ ရှဲထားတဲ့ကဗျာကိုပဲတွေ့တာ။ ထပ်ကြည့်တော့လည်း အဆင့်ဆင့်ရှဲထားတာကိုပဲတွေ့တာ။ ဒါနဲ့ ဦးတင်လတ် ရဲ့နာမည်ကိုပဲ ဖော်ပြပြီး ခေါင်းစဉ်မပါလို့ ခေါင်းစဉ်တပ်လိုက်တာ။
(ဘယ်သူဘယ်ဝါရဲ့ကဗျာဆိုတာ မရှာတတ်လောက်အောင် ဖေ့ဘွတ်ကိုမသုံးတတ်ဘူးလား။ အဲ့လောက်တုံးသလား။ တော်ရုံတန်ရုံလူတစ်ယောက်ကို မေးလိုက်ရင်တောင် မူရင်းလင်ခ့်ကို ရနိုင်ဖို့မခက်တဲ့အခြေအနေ )

– ပြီးတော့ ဦးတို့က မဂ္ဂဇင်းမဟုတ်ဘူး။ ဂျာနယ်ဆိုတော့ အမြန်လုပ်ရတာ။ ဒီကဗျာလေး သိပ်ကောင်းတော့ ပြည်သူတွေကို ပြချင်တဲ့စိတ်နဲ့ ကဗျာဆရာကို မရှာဖြစ်တော့တာ။ ဖော်ပြလိုက်ရင် ကဗျာဆရာက ဘယ်သူဆိုတာပေါ်လာမှာပဲ။ ဒီတော့မှ ချီးမြှင့်လိုက်မယ်လို့ အစီအစဉ်ရှိပြီးသား ။
( မူရင်းရေးသူကို မရှာနိုင်သေးတော့ရော ဒီကဗျာမဖော်ပြနဲ့ပေါ့။ စုံစမ်းပြီး အသိပေးပြီးမှ ခွင့်ပြုချက်ရလို့ထည့်ရင် ဒီပြဿနာပေါ်လာစရာအကြောင်းမရှိ။ ဒီကဗျာကို ဖော်ပြရမှ သူတို့ဂျာနယ်ထုတ်လို့ရမှာလား။ စာမျက်နှာပြည့်မှာလား )

– ဒီကဗျာလေးကို စာမျက်နှာပေါ်တင်ပေးချင်တဲ့ ဆန္ဒနဲ့ …
( ဟိန်းသာ ဆန္ဒရှိရင် ဒီကဗျာ ပရင့်တက်မီဒီယာဘက်မှာ ပါတာ ကြာနေပြီ။ မဂ္ဂဇင်းတစ်ခုခု ဂျာနယ်တစ်ခုခုမှာ ပါတာကြာနေပြီ။ သူရေးတာ ဖေဖော်ဝါရီ ၁၃ မှာရေးတာ ။ သူတို့ဂျာနယ်က မတ် ၁၄ မှ ထွက်လာတာ ။ )

– ဒီကဗျာကိုသုံးပြီး ဂျာနယ်ရောင်းကောင်းအောင်လုပ်လို့တဲ့ဆန္ဒနဲ့မဟုတ် .
( ယုံကြည်နိုင်ဖွယ်မရှိ။ ရေးသူအမည်တောင် သေချာမသိခင်ကတည်းက ငမ်းငမ်းတက် ထည့်ရိုက်ပြီးမှ ဒီစကားမျိုးလာပြော။ သူတို့ page ကသတင်းတစ်ပုဒ်မှာ မသွဲ့သွဲ့ဝင်းကို မသွပ်သွပ်ဝင်းလို့ ရေးထား။ ဒီလိုအမှားမျိုးတွေနဲ့ ဂျာနယ်တစ်ခုကို ယုံကြည်ဖို့ အသင့်မဖြစ်သေး )

သူပြောသွားတဲ့ စကားရှိပါတယ်။ ဘယ်လိုဖြေရှင်းမှာလဲ မေးတော့ အခုထွက်မယ့်ဂျာနယ်ကို စောင့်ကြည့်ပေါ့တဲ့။ စောင့်ကြည့်သေးတာပေါ့။ သူ့စကားအသွားအလာအရတော့ ဒီကဗျာကိုပဲ ဟိန်းနာမည်နဲ့ထပ်ဖော်ပြမယ့် အနေအထားပဲရှိ။
ဒါကို မလိုချင်ပါ။ သူတို့ လွန်ကျူးခဲ့တယ် မှားယွင်းခဲ့တယ်ဆိုတာကို ပြည့်ပြည့်စုံစုံ ဖြေရှင်းတောင်းပန်ခြင်းမရှိရင် ကျွန်တော်တို့ ကျေနပ်ပေးစရာအကြောင်းမရှိပါ။ ဘာပဲဖြစ်ဖြစ် စောင့်ကြည့်ကြတာပေါ့ဗျာ။

ဘဏ္ဍာအခွန် အဂတိလိုက်စားမှုများ

542804_595648793783481_2060941888_n

ယနေ့ကာလ ဖြစ်ပေါ်နေသော အဂတိလိုက်စားမှု့များအနက် ပြည်တွင်းအခွန်ဌာနဧ။် အဂတိလိုက်စားမှု့သည် နိုင်ငံတော် ဘဏ္ဍငွေများအား ကိုယ်ကျိုးအတွက် သူဌေးဖြစ် ရယူနေကြချင်း ဖြစ်ပေသည်။

ပြည်တွင်းအခွန်ဧ။် ခြစားနေသောအခွန်ကောင်ခံမှု့ နည်းလမ်းများစွာအနက် နိုင်ငံတော်ဘဏ္ဍာ ငွေများပြားစွာဆုံးမှု ဖြစ်ပေါ်နေရခြင်း မှာအိမ်မြေရောင်းဝယ်မှု့များအပေါ် မသမာသော နည်းလမ်းဖြင့် အခွန်ကောက်ခံ နေခြင်းကြောင့်ဖြစ်ပေသည်။ အိမ်မြေ၀ယ်ယူသူတဦးအနေဖြင့် ဥပဒေအရ ပေးဆောင်ရမည့် အခွန်နှုန်းထားမှာ ယခင် ၁၅% (အခွန် ၈%+ တံဆိပ်ခေါင်းခွန် ၇% ) ၊ ယခု ၃၇% (အခွန် ၃၀% + တံဆိပ်ခေါင်းခွန် ၇%) ဖြစ်သော်လဲ မသမာမှု့များပြု လုပ်ခါ တံဆိပ်ခေါင်းခွန် အပါအ၀င် ယခင်အခွန်အပြီးအစီး ၁၀% မှ၁၂% အတွင်း ၊ ယခု ၂၅% မှ ၂၇% အတွင်း ရာခိုင်နှုန်းထားများဖြင့် မသမာမှု့ပြုလုပ်ခါ ညို့နှိုင်း ကောက်ယူကြခြင်းဖြစ်ပေသည်။

– ဥပမာ- အိမ်မြေရောင်ဝယ်မှု့တခုသည် (သိန်းငါးထောင်ကျပ်) ဖြစ်သည်ဆိုပါစို့ ၊ ပထမအဆင့်အနေဖြင့် တန်ဖိုး လျော့နည်း သတ်မှတ်ပေးရေးအတွက် တန်ဖိုးဖြတ်အဖွဲ့နှင့် ညို့နှိုင်းခါ အပေးအယူ လုပ်ရမည်ဖြစ်ပေသည်။ တန်ဖိုးဖြတ်အဖွဲ့မှ (သိန်းသုံးထောင်ကျပ်) သတ်မှတ်ပေးသည် ဆိုပါစို့ ၊ ဒုတိယအဆင့်နေဖြင့် ငွေဖြူမရှိသူဝယ် ယူသူမှပေးဆောင်ရမည့်အခွန်မှာ-

(၁) မူလတန်ဖိုး (သိန်ငါးထောင်ကျပ်) အပေါ်ဥပဒေအရ ၃၇% ဖြင့် (သိန်းပေါင်း တစ်ထောင့်ရှစ်ရာငါးဆယ်ကျပ်) (၂)တန်ဖိုးဖြတ်အဖွဲ့ သတ်မှတ်တန်ဖိုး (သိန်းသုံးထောင်ကျပ်)အပေါ်၃၇%ဖြင် (သိန်းတစ်ထောင့် တစ်ရာတစ်ဆယ် ကျပ်)
(၃) လုပ်ငန်းလက်ခံဝန်ထမ်းဖြင့် ညို့နိုင်းပြီး (သိန်းသုံးထောင်ကျပ်) အပေါ်အခွန်အပြီးအစီး ၂၇% (အခွန် ၂၀% +တံဆိပ်ခေါင်းခွန် ၇% ) ဖြင့် (သိန်းပေါင်းရှစ်ရာတစ်ဆယ်ကျပ် ) ဖြစ်ခါ ဖော်ပြပါငွေအား လုပ်ငန်းလက်ခံ ၀န်ထမ်းထံ အရစ်ကျစနစ်ဖြင့် ပေးလိုက်ရုံပင်ဖြစ်ပေသည်။

– လုပ်ငန်းလက်ခံဝန်ထမ်းသည် ဥပဒေအရ ၃၇%အပေါ်စာရွက်စာတမ်း အတုများဖန်တီးပြီး နည်းမျိုးစုံဖြင့် တွက်ချက် ပါတော့သည်။ လက်ခံထားသော ၂၇% အပေါ် အကျိုးမြတ် လာဘ်ငွေများများပေါ်အောင် ငွေဖြူစာရွက်အတုများ အားကြိမ်ဖန်များစွာ ပြန်လည်အသုံးပြုကြခြင်းဖြစ်ပါသည်။

တွက်ချက်မှု့အရအခွန်ငွေ ၁၇% ဖြစ်လျှင်လာဘ်ငွေ ၁၀% (သိန်သုံးရာကျပ်)၊ အခွန်ငွေ ၁၂% ဖြစ်လျှင်လာဘ်ငွေ ၁၅% (သိန်းလေးရာငါးဆယ်ကျပ်)၊ အခွန်ငွေ ၇% ဖြစ်ပါကလာဘ်ငွေ ၂၀% (သိန်းခြောက်ရာကျပ်) ဖြစ်ပါမည်။ အောက်ခြေမှတွက်ချက်တင်ပြမှု့များအား အထက်အဆင့်ဆင့်မှ ရာခိုင်နှုန်းအချိုးကျ ရယူပြီးဆောင်ရွက်နေကြချင်းဖြစ်ပါသည်။

ဖော်ပြပါဥပမာတွင် နိုင်ငံတော်အနေဖြင့် ရရှိမည့်အခွန်ငွေမှာ အနည်းဆုံး (သိန်းနှစ်ရာ့တစ်ဆယ်ကျပ်) မှအများဆုံး (သိန်းငါးရာ့ တစ်ဆယ်ကျပ်) ပမာနအတွင်းသာဖြစ်ပြီး နိုင်ငံတော်အခွန်ငွေ သိန်းပေါင်းမြောက်များစွာ ဆုံးရှူံးနေရသည်ကို အထင်အရှားတွေ့ မြင်ရမည်ဖြစ်ပါသည်။ –

ရန်ကုန်တိုင်းအတွင်းတွင် မရမ်းကုန်း၊ ဗဟန်း၊ ကမာရွတ်၊ လှိုင်၊ လသာ၊ တောင်ဥက္ကလာ၊ တာမွေ၊ စသည့် နံမည်ကြီးအခွန်ရုံးများ၊ တိုင်းနှင့်ပြည်နယ်ရှိ မြို့ကြီးများမှ အခွန်ရုံးများ၊ ကုမ္မဏီရုံးမှ အချို့ဝန်ထမ်းများသည် တန်ဖိုးကြီးအိမ်မြေကိစ္စရပ်များ၊ ပမာဏတန်ဖိုး အလွန်များပြားသော နိုင်ငံပိုင်မှ ပုဂ္ဂုလိကပိုင်ပြုလုပ်သော ကိစ္စရပ်များနှင့် အမှု့တွဲပေါင်းများစွာအား ရာခိုင်နှုန်းစားဖြင့် ညိုနှိုင်းလက်ခံပြီး နေပြည်တော်ဗဟို စီစစ်ရေးညွှန်ကြားရေးမှူးနှင့် အပေးအယူလုပ်ခါ မသမာမှု့ပြုလုပ်နေကြခြင်းဖြစ်ပါသည်။

နိုင်ငံတော်ဘဏ္ဍာငွေများဖြင့် ဇနီး၊ မိဘ၊ ယောက်ခမ…….အမည်ခံကာ တန်ဖိုးကြီးကားဝယ်၊ မြေ၀ယ်၊ တိုက်ဆောက်၊ မယားငယ်ယူ တို့ဖြင့်ချမ်းသာပိုင် ဆိုင်မှု့များမှာ ရရှိလစာ၊ ရာထူးအဆင့်တို့အရပြောမယုံ ပုံပြင်အဖြင့်သာ မှတ်ရမည်ဖြစ်ပါသည်။ –

သန့်ရှင်းသောအစိုးရ၊ ကောင်းမွန်သောအစိုးရ ဖြစ်စေရန်နှင့် ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရာတွင် ရသင့် ရထိုက်သော ဘဏ္ဍာငွေအား ရာခိုင်နှုန်းစားနေသော အကျင့်ပျက် ၀န်ထမ်းများကို ဖော်ထုတ်အရေးယူချင်း၊ ကိုယ့်ကျိုးအတွံက်သူဌေးဖြစ် ရယူထားသောအခွန်ဘဏ္ဍာငွေ များအားနိုင်ငံတော်သို့ ပြန်လည် ပေးသွင်းစေချင်းတို့ဖြင့် စံနမူနာပြ အရေးယူရန် အချိန်တန်ပြီ ဖြစ်ပါကြောင်း နိုင်ငံတော်အကျိုးအတွက်ရေးသားတင်ပြလိုက်ရပါတော့သည်။

အနှိမ်ခံ၊ အပယ်ခံ ၀န်ထမ်းများ

အာဏာသိမ်းဖို့ အခွင့်သာလေပြီလော?

Image

ကာချုပ်ကြီး မင်းအောင်လှိုင်က ၁၉ ကြိမ်တိုင် အာဏာသိမ်းဖူးသော ထိုင်းနိုင်ငံကို
သဘောကျလွန်းသည်ဟု သူ၏ ထိုင်းနိုင်ငံသို့ ဇန်နာဝါရီလ ၉ရက် ၂၀၁၂ ခုနှစ် အလည်ပတ်
မထွက်ခင် ကာကွယ်ရေးရုံတွင် ပြောကြားဘူးသည်။ ထိုင်းနိုင်ငံတွင်းမှ ကြိမ်ဖန်တေသော
နိုင်ငံတကာမှ ထောက်ခံသည့် အာဏာသိမ်းမှုမျိုးသို့ မင်းအောင်လှိုင်တို့ သွားချင်ကြသည်။
ထိုင်းနိုင်ငံကဲ့သို့ လိုအပ်သလိုအာဏာသိမ်းပြီး မိမိတို့လိုချင်သော နိုင်ငံရေးပုံစံသို့သွားနိုင်စေဖို့အပြင် နိုင်ငံတကာမှ မဆုတ်မယုတ် ထောက်ခံအားပေးသော မိမိတို့၏ဆောင်ရွက်မှုအား ထာဝရ
အသက်ဝင်စေရန် မင်းအောင်လှိုင်တို့ အကြီးကျယ်ပြင်ဆင်ကြိုးပမ်းနေကြသည်။
အာဏာသိမ်းရန် ကိစ္စမှာ အလွန်ပင် မလွယ်လွန်းလှပေ၊ အာဏာသိမ်းရန်အတွက်(1) စမ်းသပ်မှု၊(2) စိန်ခေါ်မှု၊ (3)အကွက်ရိုက်မှု၊(4) ဖန်တီးမှု၊(5) လုပ်ကြံမှု၊(6) ထိန်းချုပ်မှု။(7) ဦးတည်မောင်းနှင်နိုင်မှု ဆိုသော အချက်ကြီး (၇)ချက်နှင့်ပြည့်စုံမှသာလျှင် အာဏာသိမ်းရန် အဆင်ပြေနိုင်သည်။
(၁) စမ်းသပ်မှု
အာဏာသိမ်းရန် ပထမအရေးကြီးသော ဌာနမှာ ပြည်ထဲရေးနှင့် ကာကွယ်ရေး ဌာနဖြစ်သည်။
အာဏာရှင်ဟောင်းဦးနေ၀င်းက တိုင်းပြည်အား လိုအပ်သလိုအာဏာသိမ်းနိုင်ရန် ကာကွယ်ရေးဦးစီးချုပ်အပါဝင် ပြည်ထဲရေ၀န်ကြီး နှင့် အဖွဲ့အား ၁၉၈၈ ဇွန်လတွင် အရေးပေါ်အစည်းဝေးခေါ်
ယူခဲ့သည်ကို The Guardian သတင်းစာက ရေးသားဖေါ်ပြသည်။ထို့နောက် တိုင်းပြည်အာဏာ
မသိမ်းခင်း စမ်းသပ်မှုများကို ပြုလုပ်ကြလေသည်။ ပြည်ထဲရေးဌာနအောက်တွင်ရှိသော ရဲ နှင့်
လုံထိန်းများ မည်မျှ အမိန့်နာခံမှုရှိမရှိအား စမ်းသပ်သည့်အနေဖြင့် ကျောင်းသားပြည်သူများအား
နှိမ်နှင်းဖြိုခွဲ အကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ်ရန် အမိန့်နာခံမှုကို ဆန်းစစ်ကြသည်။ ၄င်းတို့၏
လက်နက်ကိုင် ရဲ ၀န်ထမ်းများမှ တသွေမတိမ်းလိုက်နာ ဆောင်ရွက်ပါက အမိန့်နာခံမှု
အောင်မြင်သော အဆင့်သို့ ရောက်သည်ဟု ကောက်ချက်ချလေ၏။ ယခုတွင်လည်း
မင်းအောင်လှိုင်တို့မှ အမိန့်နာခံမှုအား ဆန်းစစ်သည့်အနေဖြင့် လက်ပံတောင်း၊ မအူပင်
နှင့် အခြားသော ဒေသအလိုက်တွင် ရှိနေကြသော ရဲဝန်ထမ်းများအား အမိန့်နာခံမှုအား
တဆင့်ပြီးတဆင့် စမ်းသပ်နေကြသည်မှာ အောင်မြင်သလောက်ဖြစ်နေလေသည်။

(၂) စိန်ခေါ်မှု
အာဏာသိမ်းမှုများတွင် မလွဲမသွေတွေ့ကြုံရသော ပြည်တွင်း၊ပြည်ပ စိန်ခေါ်မှုများအား
ရင်ဆိုင်ရလေသည်ကို မင်းအောင်လှိုင်တို့ သိကြ၏၊ ပြည်တွင်းစိန်ခေါ်မှုတွင် လူထုအုံကြွမှု
နှင့် တိုင်းရင်းသားဒေသအသီးသီး၏ လက်နက်ကိုင်တော်လှန်လာကြမည်ဖြစ်သော
အနေထားအား ဆန်းစစ်ကြသည်။ ပြည်မအလယ်ခေါင်တွင် ရဲ၊ထောက်လှမ်းရေးနှင့်
သတင်းပေးများအပါဝင် လက်နက်ကိုင် စစ်တပ်အတော်အသင့်ဖြင့် ထိန်းချုပ်ထားနိုင်သော်ငြား
နယ်ချင်းထိစပ်သော ဒေသများတွင် လက်နက်ကိုင်တော်လှန်ပုန်ကန်သော အင်အာစုများအား
ချက်ခြင်း ထိန်းချုပ်ကိုင်တွယ်ရန် အလွန်ခက်သောကြောင့် ၁၉၈၈ စက်တင်ဘာ ၁၈ အာဏာမ
သိမ်းခင်ကာလတိုလေးမှာပင်တိုင်းရင်းသာနယ်မြေများသို့ ကြီးမာသော ခေတ်မှီလက်နက်များ
တပ်ဆင်ထားသည့် စစ်အင်အားများကို ပို့လွှတ်ထိန်းချုပ်သည့်အနေဖြင့် ရှမ်းပြည်နယ် မိုင်းယမ်းနှင့် ကရင်ပြည်နယ်တို့တွင် တိုက်ပွဲထိုးစစ်များ ဆင်နွဲနေပြီး ၊ အချို့တိုင်းရင်းသားဒေသများအား
ငြိမ်းချမ်းရေး အပစ်ခတ်ရပ်စဲထားရေးဆိုသော အသွင်များဖြင့် ဆွဲဆောင်ကိုင်တွယ်ခဲ့ကြသည်။
ယခုတွင်လည်း တိုင်းရင်းသားတော်လှန်ရေးအဖွဲ့စည်းများနှင့် အတော်တန်ပင် အလျှင်းသင့်နေကြပြီး တိုင်းရင်းသားခေါင်းဆောင်များ မလှုပ်သာ မပြောသာအခြေနေသို့ရောက်အောင် ဆွဲဆောင်ထား
ကြပြီး၊ ပြည်မမှ ထွက်ပြေးကာ နယ်စပ်တွင် တိုင်းရင်းသားများနှင့် ပူးပေါင်း တော်လှန်နိုင်သော
အခြေနေသို့ မရောက်လေအောင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုခရက်တစ်တပ်ဦး (ABSDF)ကိုပင် အခြေပြုတ်အောင် လှည့်ကွက်စုံဖြင့် အကုန်ရှင်းထုတ်နေသော အနေထားကို
တွေ့ရသည်။ (ABSDF) အင်အားအတော်တန်မြင့်မားအားကောင်းလာသော ကချင်ဒေသအား
ခဲတလုံးနှင့် ငှက် ၂ ကောင်ကို တခါတည်း ပြုတ်ကျအောင် ထိုးစစ်များ မရပ်တန့်ပဲ ဆက်လက်ပြုလုပ်နေသည်မှာ လုံးလုံးမရိုးသားသော အကြံစည်သစ်အတွက် ချီတက်နေကြခြင်းဖြစ်သည်။

(၃) အကွက်ရိုက်မှု
ပြည်သူများ မည်မျှ တော်လှန်ပုန်ကန်လိုသော ဆန္ဒအား သိလာစေရန် ပြည်သူများအား ထောင့်အမျိုးမျိုးမှ ချိမ်းခြောက်ခြင်း မတရားလုပ်ပြခြင်း လစ်လျူရှု့ခြင်း အဓမ္မကိုင်တွယ်ဖြေရှင်းမှုများအား ထုတ်သုံးပြခြင်းများဖြင့် ပြည်သူများဘက်မှ ပြန်လည်တုန့်ပြန်လာမှုများအတွက် စနစ်တကျ အကွက်ချကာ အရေးခင်းငယ်လေးများအား ဖန်တီးပေးသည်။ ယခု ရခိုင်ဒေသ၊ လက်ပံတောင်း၊ ဧရာဝတီတိုင်း စသောစသောနေရာများတွင် ငါးပွက်သကဲ့သို့ ပွက်ထမှုများအား ဖန်တီးကာ အကွက်ရိုက် စမ်းသပ်လေသည်။

(၄) ဖန်တီးမှု
ပြည်သူများနှင့် ကျောင်းသား လယ်သမား အလုပ်သမား ၊ သံဃာတော်များနှင့် လူတန်းစားအလွှာ
အသီးသီးတို့အား စည်းလုံးညီညွတ်မှုအား မည်မျှရှိသည်ကို စမ်းသပ်မှုများဖန်တီးလေသည်။
လက်ပံတောင်းအရေးခင်းတွင် သံဃာတော်များ၏ စည်းလုံးမှုတချို့နှင့် ပြည်တွင်းပြည်ပ မီဒီယာ
သမားများစည်းလုံးမှုတို့သည် မင်းအောင်လှိုင်တို့ အဖို့ သတိထားစရာဖြစ်ခဲ့ရသည့်အပြင် ယခု
အောင်မင်းတို့နှင် တွေ့ဆုံနေသော UNFC ဟုခေါ်သော ပြည်ထောင်စုတိုင်းရင်းသားများဖယ်ဒရယ်
ကောင်စီ၏ စည်းလုံးရေးအနေထားများကိုလည်း တိုက်ရိုက်စမ်းသပ်သည့်အနေဖြင့် ကချင်ဒေသစစ်ပွဲအပါဝင် ရှမ်းဒေသများအား စစ်ဆင်ရေးများပြုလုပ်ပြခြင်း၊ နိုင်ငံရေးပါတီဝင် အချင်းချင်း သဘောထားကွဲလွဲရေးများဖန်တီးပြီး ပါတီများအားနည်းလာအောင်ဖန်တီးနေကြသည့် အပြင်၊ တိုင်းရင်းသားနှင်
့ ပြည်မတွင်းမှ ပြည်သူများမည်မျှအတွေးမြင်တူညီကြသည်ကို မီဒီယာ နာမည်တုများနှင့် မဟုတ်မ
မှန် သတင်းဖြန့်ထုတ်ကာ စမ်းသပ်ခြင်းများ ပြုလုပ်နေပြီး တိုင်းရင်းသားများ ပြည်မနှင့် ပြည်ပ
အတိုက်ခံတို့ အချို့သော အယူဆကွဲလွဲမှုများတွင် မင်းအောင်လှိုင်တို့ဘက်က
အသာစီးရနေကြသည်။
(၅) လုပ်ကြံမှု
အာဏာလွယ်ကူချောမွေ့စွာသိမ်းယူနိုင်ရန် လုပ်ကြံမှုသည် ရှေးယခင်ကပင် ထွန်းကားခဲ့သည်။
ယခုလုပ်ကြံမှုတို့သည်ကား ရှေးယခင်က လုပ်ကြံမှုများနှင့် အလွန်ခြားနားကွဲပြားလေသည်။
အတိုက်ခံများ လက်နက်ကိုင်အင်အားစုများအတွင်း ဖြုတ်ထုတ်၇ှင်းများ ဖြစ်ပေါ်လာအောင်
ဖန်တီးသော လုပ်ကြံမှုများအပါဝင် နေပြည်တော်တွင်လည်း ၀န်ထမ်းများ ၀န်ကြီးများအား
အနားပေးခြင်း ရာထူးမှ ဖယ်ရှားမှုများပြုလုပ်ခြင်း မပြီးဆုံးနိုင်သော တရာစီရင်ရေးများဖြင့်
ဖန်တီးဖယ်ထုတ်ပြီး ပြစ်ဒဏ်ကင်းလွတ်သော အမိန့်များဖြင့် ဖယ်ရှားပြသပြီး ပြည်သူ၊ နိုင်ငံရေးပါတီများနှင့် နိုင်ငံတကာမှဝေဖန်မှုများပပျောက်ကာ၊ယုံကြည်မှုများရအောင်ဆောင်ရွက်ပြသလာ
သည်ကို သိသာမြင်သာနေသည်။
(၆) ထိန်းချုပ်မှု
ထိန်းချုပ်မှုအပိုင်းတွင် ကိုယ့်လူသူ့ဖက်သို့ ထိုးသွင်းသော နည်းဖြင့် နိုင်ငံရေးပါတီးများအတွင်းသို့၎င်း လူမှုရေးအသင်းဖွဲ့အပါဝင် သံဃာတော်များအကြားတွင်းသို့ ပုံစံပေါင်း ထောင်သောင်းများစွာဖြင့် မင်းအောင်လှိုင်တို့နှင် ၄င်းတို့၏ အားပြုပါတီ ကြံ့ဖွတ်ပါတီဝင်များအား အသုံးချကာဆောင်ရွက်နေပြီး လိုအပ်လာသည်နှင့် ချက်ခြင်းထိန်းချုပ်နိုင်ရန် အစီမံများပြုလုပ်နေသည်မှာ အတော်ပင် ထင်ထင်ရှား၇ှား သိသာလာသည်၊ ကြံ့ဖွတ် ဘောင်းဘီချွတ်များနှင့် စစ်ဝတ်များ လွှတ်တော်ထဲတွင် အသာစီးနေရာယူထားခွင့်အား နိုင်ငံတကာက လက်ခံအောင် အခြားသော အရပ်ဝတ်များဖြစ်သည့်
အရပ်သားလွှတ်တော် အမတ်များအား စနစ်တကျ ကြိုးကိုင်ထားနိုင်နေသည်။ ကြံဖွတ်
လွတ်တော်အမတ်များ၊ လွှတ်တော်ဥက္ကဌနှင့် ကြံဖွတ် ပါတီ ထိပ်ပိုင်းခေါင်ဆောင်များက
ဒေါ်အောင်ဆန်းစုကြည်နှင့် တံခါးမရှိ ဓားမရှိ အချိန်မရွေးတွေ့ဆုံ ၀င်ထွက်နေမှုများပြုလုပ်လာ
နေကြသည်။ အဆိုပါအချင်းရာသည် မင်းအောင်လှိုင်တို့အဖို့ ပိုကာပိုကာ အသာစီးရနေ၏၊

(ရ) ဦးတည်မောင်းနှင်နိုင်မှု
ဦးတည်မောင်းနှင်နိုင်ဖို့ အလွန်ပင်အရေးကြီးသော ကိစ္စဖြစ်လေသည်။ ဦးတည်မောင်းနှင်
နိုင်ရန်အထက်တွင်ဖေါ်ပြခဲ့သော အချက်လက်များအားဖန်တီးဆောင်ရွက်ပြီးလင့်ကစား၊
နိုင်ငံတော် လက်ရှိဘဏ္ဏာရေးဝန်ကြီးဌာန၏ နိုင်ငံတော်ငွေ ထိန်းသိမ်းကိုင်တွယ်ထားနိုင်မှု၊
သံတမန်ဆက်ဆံရေး နှင့် ရင်းနှီးမြုပ်နှံမှု၊ ကုန်သွယ်ရေးဆိုင်ရာကိစ္စတို့ဖြစ်၏၊ ၁၉၈၈
အာဏာသိမ်းချိန်က နေ၀င်းနှင့် ဆွေးနွေးအကွက်ချခဲ့သော စစ်ခေါင်းဆောင်များ ထိုကဲ့သို့
မစဉ်းစားသောကြောင့် နိုင်ငံတော် အာဏာသိမ်းပြီးသောကာလ၀ယ် ၀န်ထမ်း ယန္တယားပြန်လည်ထူထောင်နိုင်ရန် အခက်ခဲများစွာကြုံတွေကြရပြီး တရုတ်အား ချေသလုံးသွားဖက်ခဲ့ကြရသည့် အပြင်
၎င်းတို့ ချဉ်းကပ်ငွေချေးလို့ ရနိုင်မည်ဖြစ်သော ဥရောပနှင့် အာရှနိုင်ငံများထံ အောက်ကျ
နောက်ကျခံကာငွေချေးခဲ့ရသည့် သင်ခန်းစာများရှိခဲ့သည်။ ထို့အပြင် သံတမန်ဆက်ဆံရေး
အားနည်းအကျဉ်းတန်မှုများကြောင့် အတိုက်ခံပြည်သူဘက်က အားသာခဲ့ရပြီး နိုင်ငံတကာမှ
ဝေဖန်မှုများ နှင့် စီးပွါးရေးဒဏ်ခတ်ပိတ်ဆို့မှုများအား ဒီရေတက်သကဲ့သို့ အကြိမ်ကြိမ်ရင်ဆိုင်ကြုံ
တွေ့ခဲ့ရသောကြောင့် ယခုအခါ အတိုက်ခံများကို ပွဲထုတ်၊ပွဲလန်းများလုပ်ပေးပြီး နိုင်ငံတကာ ပိတ်ဆို့မှုများ အရှင်းပပျောက်အောင် အဖက်ဖက်က ကြိုးစားလာပြီး စစ်ရာဇ၀င်လူဆိုးကြီးများ
ခိုးခဲ့သုံးခဲ့သော ကြွေးမြီများအားလုံး အမေရိကန်ဒေါ်လာ သန်း(၉)ထောင်ကျော် လျော်ပစ်လာ
အောင် ဆောင်ရွက်လာကြလေသည်။ နိုင်ငံတကာက ကြွေးမြီများနှင့် ပိတ်ဆို့မှုများ
အတားဆီးသည် နောက်တကြိမ် လိုသလို အာဏာသိမ်းနိုင်ရန်အတွက် ဦးတည်မောင်းနှင်နိုင်ရန်
ကြီးမားသော အနှောင့်ယှက်များဖြစ်သည်ကို ယခု စစ်ခေါင်းဆောင်များက သင်ခန်းစာယူထားကြ
သည်။ ထို့ကြောင့် ယခုတကြိမ်အာဏာသိမ်း၇န်အားထုတ်မှုသည် ပြည်သူတို့၏ အကျိုးစီးပွားထက်
၎င်းတို့ စစ်တပ်အရာရှိတို့၏ အကျိုးစီးပွားချိန်ခွင်လျှာ အသာထွက်ရေးအတွက် ယခင်ထက်
နူးညံ့ညင်သာပြီး လူထုပိုင်ဆိုင်မှုနှင့် ရပိုင်ခွင့်တို့သည် အာလုံးဆုံးရှုံးသွားရပြီး ၄င်းတို့
စစ်အုပ်စုကိုပင် နိုင်ငံတကာမှ ခြေလွန်လက်လွန် ရင်းနှီးမြုပ်နှံထားပြီးဖြစ်သော
အခြေနေများကြောင့် ထောက်ခံ ကျားကန်ပေးထားနိုင်ပါသည်။သို့သော် ပြည်တွင်း အတိုက်ခံနှင့်
နိုင်ငံရေးခေါင်းဆောင်များအနေဖြင့်အသေးစိတ်သိမြင်ပြီး ပြင်ဆင်နိုင်လျှင် တိုင်းသူပြည်သားများ
အတွက် အနာဂတ်ကောင်းတခုတည်ဆောက်နိုင်မည်ဟု ယုံကြည်ပါသည်။
ထို့ကြောင့် စစ်ဘက်ဆိုင်ရာမှ သာသာကလေး တိုင်းပြည်အာဏာအား လှလှပပ
စကားလုံးလေးများဖြင့် ပြန်လည်သိမ်းယူဖို့ တဆင့်ပြီးတဆင့် အကောင်ထည်ဖေါ်
ဆောင်ရွက်လာသည်မှာ သိသာမြင်သာအောင် စူးစိုက်ကြည့်မည်ဆိုပါက အထက်တွင်
တင်ပြခဲ့သော အချက်လက်များထက်ပင် လေးနက်သော ကောက်ကြောင်းများစွာ
ရှိနေသေးကြောင်းတွေ့ရပြီး….အာဏာသိမ်းဖို့ အခွင့်သာလာနေပြီလော? ဟုပင် မေးခွန်းထုတ်
စဉ်းစားစရာ ဖြစ်နေပါ၏၊

ကျေးဇူးတင်ပါသည်

ဂိုလ်ရှယ်လေး

ပြောပြန်ရင်လည်း လွန်တော့မယ် (၂)

578246_111403182374614_731253897_n

စက်မှု (၁/၂) ဝန်ကြီးအနေနဲ့ လုပ်နေတဲ့အချိန်မှာ တရုတ်နိုင်ငံကထုတ်တဲ့ Landmark ကားတွေကို စက်မှု(၂)တံဆိပ် ခပ်တည်တည်နဲ့ကပ်ပြီး လူကြီးတွေနဲ့ စစ်တပ်က တပ်ရင်းမှုးတွေအတွက် Grand Tiger တွေပေးခဲ့ပါတယ်။ တရုတ်ကနေ တစ်စစီ ဝယ်လာတဲ့ မော်တော်ကားအပိုပစ္စည်းတွေကို ဒီမှာအကုန်တပ်ဆင် ပြီးတော့ စက်မှု(၂)တံဆိပ်ကို ခပ်တည်တည်နဲ့ ကပ်လိုက်တဲ့အခါမှာ ကမ္ဘာမှာ ဘယ်မှာမှမရှိဖူးသေးတဲ့ ဂိုဒေါင်တွေကနေ ကားထုတ်တဲ့စက်ရုံဖြစ်စေတဲ့ စနစ်ကို တည်ထောင်ခဲ့သူလည်း ဖြစ်ပါတယ်။

မော်တော်ကားတွေ သွင်းလာတာနဲ့ အားမရသေးဘဲ လိမ်တဲ့နေရာမှာ အကြီးကြီး ပီပီပြင်ပြင် လိမ်ဖို့ကြိုးစားတာမှာ မော်တော်ကားမှာတပ်ဆင်မယ့် စက်ယန္တရားတွေကို မလိုအပ်ဘဲ ဖင်မနိုင်ပဲ ပဲကြီးဟင်းသောက်သလို ဝယ်ယူတပ်ဆင်ပြန်ပါတယ်။ ဒေါ်လာသန်းနဲ့ချီပြီးပေးချေခဲ့ရတဲ့ ဂီယာထုတ်စက်ကို စက်ရုံအနေနဲ့ပါ တည်ဆောက်ပြီး ပြည်သူ့ဘဏ္ဍာကို ဖောက်ခဲ့ပြန်ပါတယ်။ စက်ရုံကနေ အခုထိ ဘာပစ္စည်းမှ ထုတ်လုပ်ခြင်းမရှိသေးဘူးဆိုတာလည်း စိတ်မကောင်းခြင်းများစွာနဲ့ သိရပါတယ်။ ဒီကြားထဲ ပြုပြင်ထိန်းသိမ်း စရိတ်တွေ၊ လုပ်ငန်းလည်ပတ်စရိတ်တွေ တိုးလာတာပဲအဖတ်တင်ပါတယ်။

ဒေါ်လာသန်းဂဏန်း ရင်းနှီးဝယ်ယူထားရတဲ့ ဒီစက်ပစ္စည်းများအတွက် ဘယ်သတင်းစာ ရှင်းလင်းပွဲ မှာမှထုတ်မပြောခဲ့သလို မသိချင်ယောင်ဆောင်နေသလိုပါ နေခဲ့ပါတယ်။ ပြည်သူ့ဘဏ္ဍာကို အလွဲသုံးစား လုပ်ရင်း သူ့အိပ်ထောင်ထဲကို ပွဲခအနေနဲ့ ဒေါ်လာငွေပမာဏများစွာ စီးဝင်နေတယ်ဆိုတာ သတိချပ်စေချင် ပါတယ်။ လူတကာအပေါ်မှာ ညာဝါးတတ်တဲ့ အကျင့်ကို လက်ကိုင်စွဲထားရင်း တပ်ကိုပါလိမ်လည်တဲ့ ကိစ္စတွေလည်း အများကြီးရှိပါသေးတယ်။

အဲဒီအထဲက ဗြောင်ကျကျညာဝါးလိုက်တဲ့ကိစ္စကတော့ ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်ရင်း သိသိနဲ့ခံလိုက်ရတဲ့ကိစ္စပါပဲ။ အိန္ဒိယကနေ သွင်းလာတဲ့ မြေသယ်ကား (၈)စီးကို ခပ်တည်တည်နဲ့ စက်မှု(၂) တံဆိပ်ကောက်ကပ်ပြီး လွှဲပြောင်းပေးလိုက်ပါတယ်။ ထော်လာဂျီစက်တစ်လုံးတောင် မထုတ်လုပ်နိုင်တဲ့ စက်မှု (၂)ရဲ့ နည်းပညာမြင့်မားမှုကို နိုင်ငံနေထိုင်သူ ပြည်သူလူထုလည်း ခန့်မှန်းလို့ရနိုင်သလို စစ်ဘက် အရာရှိကြီးတွေနဲ့ တပ်မတော်အသိုင်းအဝိုင်းများလည်း သိပြီးဖြစ်ပေမယ့်လည်း အထက်အုပ်ချုပ်သူ အရာရှိကြီးများနဲ့ အလွမ်းသင့်တဲ့ ဦးစိုးသိန်းကို ဘယ်သူမှ မလွန်ဆန်ဝံ့ဘူးဖြစ်နေရပါတယ်။

ဘယ်လိုပစ္စည်းကောင်းကို တွေ့သည်ပဲဖြစ်ပါစေ စက်မှု (၂) ထုတ်လုပ်သည် ဆိုတဲ့စကားမျိုးကို အရှက်မရှိပြောတဲ့ကိစ္စတွေထဲမှာ ရယ်ပွဲဖွဲ့စရာအကောင်းဆုံးဖြစ်စေခဲ့တဲ့ ကိစ္စကတော့ သာဂရမှာ ရေအားနဲ့ လျှပ်စစ်ထုတ်လုပ်တဲ့ တာဘိုင်စက်ထောင်တဲ့ ကိစ္စလည်း အပါအဝင်ဖြစ်ပါတယ်။ စက်ရုံကို တာဝန်ရှိ နိုင်ငံတော်အကြီးအကဲတွေ လာရောက်စစ်ဆေးတဲ့အခါ မျက်နှာလိုအားရ ပြောင်ကျကျညာလိုက်ရမှ ကျေနပ်သူ ဦးစိုးသိန်းဟာ တာဘိုင်စက်ကိုလက်ညှိုးထိုးပြီး စက်မှု (၂)က ထုတ်လုပ်ပါတယ်ဆိုပြီး ပြောခဲ့ပါတယ်။

ဒါ့အပြင် စိုးမင်းသန့်ဆိုတဲ့သူနဲ့ ပူးပေါင်းလို့ ကိုရီးယားကနေ ချွေလှေ့စက်တွေ ထင်သွင်းပြန်ပါတယ်။ ဒီချွေလှေ့စက်တွေကိုလည်း ထုံးစံအတိုင်း စက်မှု (၂) တံဆိပ်ကပ်ပြန်ပါတယ်။ မြန်မာနိုင်ငံမှာ ထုတ်လုပ်ဖို့ မဖြစ်နိုင်သေးတာတွေကို ထုတ်ပါတယ်ပြောပြီး သမ္မတကို လက်ဆောင် (၂)စီးပေးပြီး စက်မှု(၂)က ထုတ်ပါတယ်လို့ ပြောင်ကျကျ ညာပြောခဲ့ပါတယ်။  ဒီစက်တွေဟာ ကိုရီးယားကနေ သွင်းလာတယ်ဆိုတာ သမ္မတခမျာမယ် မသိတာလား သိသိနဲ့အညာခံရသလားဆိုတာ မစဉ်းစားတတ်အောင် ဖြစ်ရပါတယ်။

ကြားထဲမှာ ဖြတ်ပြီးစဉ်းစားမိတာက သူလုပ်ခဲ့တဲ့ ကိစ္စတွေဟာ အလိမ်အညာတွေ အပြည့်ဖြစ်နေတဲ့ အပြင်၊ ဒီလို ထင်ထင်ပေါ်ပေါ်ကြီး ညာနေခဲ့တာတွေဟာ ပြည်သူတွေအတွက်တော့ စိုးရိမ်စရာတွေအပြည့် ဖြစ်နေတယ်ဆိုတာ သိလာရပါတယ်။ လက်ရှိအနေအထားမှာ ဦးစိုးသိန်းဟာ သမ္မတရုံးဝန်ကြီး ဖြစ်ပါတယ်။ သမ္မတရုံးဟာ ကျွန်တော်သိသလောက် နိုင်ငံတော်ရဲ့အမြင့်ဆုံးပါပဲ။ နိုင်ငံတော်အုပ်ချုပ်မှု အမြင့်ဆုံးမှာ ရှိနေတဲ့သူတစ်ယောက်ရဲ့ အနားမှာရှိနေသူဟာ စိတ်ထားမပြည့်ဝတဲ့အပြင် အတွေးအခေါ်ပါ ချွတ်ချော်နေသူ၊ စကားကို လူကြီးတစ်ယောက်မဆန်စွာ ပြီးစလွယ်ပြောပြီး လိမ်လည်သူတစ်ယောက် ဖြစ်နေတယ် ဆိုတာကို နိုင်ငံတော်သမ္မတကြီးအနေနဲ့ စဉ်းစားသုံးသပ်စေချင်တဲ့အပြင် ပြည်သူလူထုအနေနဲ့လည်း သိထားဖို့ လိုအပ်ပါတယ်။
(အပိုင်း ၃ မှာဆက်လက်ရှုစားပါခင်ဗျာ။)

ပြောပြန်ရင်လည်း လွန်တော့မယ် (၁)

578246_111403182374614_731253897_n

မြန်မာနိုင်ငံမှာ နိုင်ငံရေးအပြောင်းအလဲများစွာ ဖြစ်ပေါ်ခဲ့တဲ့ အခုအခြေအနေဟာ အရင်အခြေအနေ တွေနဲ့ နှိုင်းယှဉ်ကြည့်ရင်တော့ အကောင်းဆုံးလို့ ပြောစမှတ်ပြုရမယ့် အနေအထားပါလို့ တစ်ထစ်ချ ယုံရခက်တယ်ဆိုရင် စာရေးတဲ့ကျွန်တော့်ကို သို့လောသို့လော မေးချင်ပြောချင်ကြမယ်ထင်ပါတယ်။ ကျွန်တော် စစ်သားဟောင်းတစ်ဦးပါ။ တိတိပပပြောရရင်တော့ ကျွန်တော်မြန်မာ့နိုင်ငံရေးသမိုင်းတချို့ကို ထိတွေ့ခွင့်ရသူတစ်ဦးပေါ့လေ။ အခုတော့ သတင်းလေးတွေဖတ်ရင်း စဉ်းစားမိတာလေး မြင်မိတာလေးတွေ ချရေးမိတယ်။

ပြည်ထောင်စုအစိုးရအဖွဲ့ထဲမှာ ပြောင်းလဲမှုတွေလုပ်တဲ့အချိန် ကျွန်တော်ရင်တဖိုဖိုနဲ့စောင့်ကြည့် ဖူးပါတယ်။ ဒါပေမယ့် ရင်ဖိုရတာ အမောသားဖြစ်သွားစေတဲ့ အကြောင်းက အရင်ဝန်ကြီး ၆ ဦးကို မဖြုတ်ဘဲ သမ္မတက သူ့အနားကို ခေါ်ထာလိုက်ခြင်းပါပဲ။ တခြားသူတွေ ဘေးချိတ်လို့ အရင် စက်မှု (၁) ဝန်ကြီးဟောင်း ဦးစိုးသိန်း ပါလာတာကိုက တိုင်းပြည်နေ ပြည်သူလူထုအတွက် ရတက်မအေးစရာပါပဲ။ သူဟာ နေရာတကာ နေရာရလိုတဲ့အတွက် သူ့ကိုယ်သူ lobby လုပ်နေသူ တစ်ဦးလည်းဖြစ်တဲ့အပြင် မြန်မာ့ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဆိုတဲ့ ဥက္ကဌထိုင်ခုံမှာ အမြိုင့်သားထိုင်ရင်း တိုင်းပြည်ကို ရောင်းစားနေသူတစ်ဦးလည်းဖြစ်ပါတယ်။

ဦးစိုးသိန်းဆိုတာက တပ်မတော်ရေတပ်စခန်းမှုး အဆင့်လောက်ကနေ ရေတပ်ဦးစီးချုပ်၊ နောက်တော့ စက်မှုဝန်ကြီးအဆင့်ထိတက်ဖြစ်၊ အခု သမ္မတရုံး ဝန်ကြီးအဆင့်ထိ ရောက်နေတဲ့ ဒုသမ္မတတွေ နေရာပျောက်လောက်အောင်ကို သမ္မတကို အိပ်ထောင်ထဲ ထည့်ထားသူလို့ သူ့ကိုယ်သူကြုံးဝါးတတ်သူ တစ်ဦးဖြစ်ပါတယ်။ ဒါကိုလည်း သူအရင်လုပ်ခဲ့တဲ့ ဌာနတွေထဲမှာ ကြိုက်သလို စုံစမ်းလို့ရပါတယ်။

သူလုပ်ခဲ့တာတွေထဲက တိုင်းပြည်ရဲ့ဘဏ္ဍာငွေတွေ ဖြုန်းတီးပြစ်ခဲ့တဲ့ ဖြစ်စဉ်တွေထဲမှာ စက်မှု (၁/၂) ဝန်ကြီး၊ MIC ဥက္ကဌဘဝမှာတုန်းက ပြည်ပကနေ ပစ္စည်းဝယ်ရင် Board အဖွဲ့ဖွဲ့ပြီး အဲဒီအဖွဲ့ရဲ့ သဘောတူညီချက်၊ မဲခွဲဆုံးဖြတ်ချက်တွေ အမြင်တွေနဲ့ဝယ်ဖို့ သူ့ကို အထက်လူကြီးတွေအနေနဲ့ ညွှန်ကြား ထားပါတယ်။ ဒီမိုကရေစီနိုင်ငံဖြစ်တဲ့အတွက် တစ်ဦးတစ်ယောက်တည်း သဘောနဲ့ဘဏ္ဍာဖြုန်းတီးမှု မဖြစ်အောင် ဆိုတာကို ဒီစာဖတ်မိတဲ့ ကလေးကအစ နားလည်မယ်ထင်ပါတယ်။ ဒါပေမယ့်ပေါ့လေ။ ဦးစိုးသိန်းဆိုတာ ခေသူမဟုတ်ဘူးပဲ။ Board အဖွဲ့မဖွဲ့ဘဲ ဝန်ကြီးဌာနပိုင်တဲ့ ငွေတွေကို သူ့ခြေသူ့လက် သူ့စိတ်တိုင်းကျကုမ္ပဏီတွေနဲ့ ညှိနှိုင်းပြီး သူကိုယ်တိုင်ဝယ်ပါတယ်။ ပြီးတော့ ဝန်ကြီးဌာနအတွင်းမှာ စာရင်းတွေကို လိမ်လည်ပြခိုင်းပါတယ်။

ဝန်ကြီးဘဝတုန်းကတင်မဟုတ်ပါဘူး။ ရေတပ်ဦးစီးချုပ်ဘဝတုန်းက ရေတပ်အတွက် ပစ္စည်းတွေ ဝယ်တာမှာ သူကိုယ်တိုင် ကုမ္ပဏီတွေနဲ့ ညှိနှိုင်းပြီး ဝယ်ပါတယ်။ စီးပွားရေးလာဘ်မြင်တာ နိုင်ငံအတွက်လား သူ့အတွက်လားတော့ မသိပေမယ့် သေချာတာတော့ ရေတပ်မှာသုံးရတဲ့ 108 m frigate ၂ စီးကတော့ သုံးစားလို့မရဘူးဆိုတာ ရေတပ်အရာရှိတွေအသိပဲဖြစ်ပါတယ်။

လုပ်ချင်သလိုလုပ်တဲ့ ဥပဒေလွတ်လုပ်ရပ်တွေလည်း ရှိပါတယ်။ ကျွန်တော်အထက်မှာ ပြောခဲ့သလို အထက်လူကြီးတွေက သိပ်တော်သိပ်တတ်တယ်လို့ ချီးကျူးခံချင်တဲ့ သူတော်ယောင်စိုးသိန်းဟာ သူ့ကိုယ်သူ လည်း Lobby သိပ်လုပ်ပါတယ်ဆိုတာ တခြားကြောင့်မဟုတ်ပါဘူး။ ၂၀၀၉-၂၀၁၀ လောက်တုန်းက မြန်မာ့မော်တော်ယာဉ်နဲ့ ဒီဇယ်အင်ဂျင်ထုတ်လုပ်မှုလုပ်ငန်းကနေ အမြတ်ငွေကို ၂ ဆကျော်လောက် စာရင်းလိမ်ပြခိုင်းတဲ့ကိစ္စတစ်ခုလည်း ဖြစ်ခဲ့ပါတယ်။ ဒီကိစ္စမျိုးတွေရဲ့ ထုံးစံအတိုင်း ဇာတ်လမ်းပျောက်လုပ်ခဲ့ ပါတယ်။ သူလုပ်ခဲ့တဲ့နည်းလမ်းကတော့ ဘဏ္ဍာရေး ညွှန်ကြားရေးမှုးဖြစ်တဲ့ အမျိုးသမီးကို အငြိမ်းစားပေး လိုက်တာပါပဲ။ သူ့လုပ်ရပ်ကို အဲဒီတုန်းက ဘဏ္ဍာရေးညွှန်ကြားရေးမှုးဖြစ်သူလည်း ကောင်းကောင်း သိပါတယ်။

ပြည်သူ့ဘဏ္ဍာကို ဖောက်ထုတ်ရင်း အိပ်ထောင်ထဲထည့်ဖို့ကြိုးစားတဲ့ လုပ်ရပ်တွေထဲမှာ လုပ်ရပ် တစ်ခုဖြစ်တဲ့ အိန္ဒိယနိုင်ငံက တာတာကုမ္ပဏီကိစ္စလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ တာတာကုမ္ပဏီနဲ့ ပူးပေါင်းပြီးတော့ ၁၀ ဘီးကားတွေ တစ်နှစ်ကို အစီးရေ (၁၀၀)ထုတ်ဖို့အကြောင်းကို လွန်ခဲ့တဲ့ နှစ်တွေမှာ ဂျာနယ်တွေ မီဒီယာတွေထဲမှာ ပါခဲ့ဖူးတာကို မှတ်မိကောင်း မှတ်မိနိုင်မယ့်သူတွေ ရှိပါတယ်။ မကွေးမှာ စက်ရုံတည်တော့ ကားပစ္စည်းအစိတ်အပိုင်းတွေကို ဆေးစိမ်တဲ့စက်ဝယ်ဖို့ပြင်ပါတယ်။ အဲဒီစက်တန်ဘိုးက အမေရိကန်ဒေါ်လာ (၇)သန်းလောက် တန်ပါတယ်။ ကာလတန်ဘိုးနဲ့သင့်ရင် မြန်မာငွေကျပ်သိန်းပေါင်း ခြောက်သောင်းသုံးထောင်ကျော်ရှိပါတယ်။ ဒီငွေတွေဟာ စက်ရုံနေ့စားအလုပ်သမားပေါင်း ၁၀၀၀ အတွက် (၇)နှစ်စာ ရှိပါတယ်။ သေးသေးလေးမဟုတ်ပါဘူး။

အဲဒီစက်ကို ဒုတိယဝန်ကြီးအပါအဝင် အခြားသောပြောရေးဆိုခွင့် ရှိတဲ့သသူတွေက မလိုအပ်တဲ့ အတွက်မဝယ်ဖို့ ကန့်ကွက်ပေမယ့်လည်း တစ်ဦးတည်းသဘောနဲ့ ရအောင်ဝယ်ခဲ့ပါတယ်။ အဲသလို လုပ်ချင်သလို အာဏာကိုအသုံးချ၊ ပြည့်သူ့ဘဏ္ဍာကို စီရင်ချင်သလို စီရင်လိုက်လို့လည်း အကောင်းဖြစ် လာသလားဆိုတော့လည်း မဖြစ်လာပါဘူး။ စက်ရုံကြီးတော့ ကုန်ချင်သလောက်ကုန် ဆောက်ချင် သလိုဆောက်၊ ဝယ်ချင်တာတွေ စိတ်တိုင်းကျ ဝယ်လိုက်ပြီးတဲ့နောက်၊ ပွဲစားခတွေ အိပ်ထဲမြိုးမြိုးမြတ်မြတ် ထည့်လို့ အိန္ဒိယကနေ ၁၀ ဘီးကား အစီး (၈၀)လောက် သွင်းပြီး လုပ်ငန်းကိုရုတ်သိမ်းလိုက်ပါတယ်။ ဒါပေမယ့် စောစောကပြောခဲ့တဲ့ ဆေးစိမ်တဲ့စက်ဆိုတာ သုံးတောင်မသုံးလိုက်ရပါဘူး။ အဲဒီ သုံးမရတဲ့ စက်ကို ဒေါ်လာသန်းပေါင်းများစွာနဲ့ ဝယ်လိုက်ပြီး ဘဏ္ဍာကိုဖြုန်းတီးလိုက်တဲ့အတွက် အလုပ်သမား လူတန်းစားနဲ့ ပြည်သူလူထု နစ်နာခဲ့ပါတယ်။

(အပိုင်း ၂ မှာဆက်လက်ရှုစားပါခင်ဗျာ။)

ဒါလည်း တစ်ဒုက္ခ

ကျွန်တော် သည် မလေးရှာနိုင်ငံသို့ ရောက်ရှိခဲ့ သည်မှာ လေးနှစ်ရှိခဲ့ ပါပြီး၊ ပထဆုံး မြန်မာ ပြည်မှ အေးဂျင်းတဦးရဲ့ ပို့ ဆောင်ပေးချက် အရ ပထစက်ရုံတခုတွင် အလုပ် လုပ်နေရာမှ တနှစ်လောက်အလုပ်လုပ် ခဲ့
ပြီး အပုံမှန်လစာမရရှိခဲ့ ခြင်း အိုတီ မရှိခဲ့ ခြင်းတို့ ကြောင့် အခြား အလုပ် ပြောင်း ခဲ့ ရာမှ သူငယ်ချင်း အားလုံး အိုဗာစတေဖြစ်ခဲ့ ရပါသည်။

လက်ရှိ အလုပ်မှာ အဆင်ပြေလည်း ပြေခဲ့ လို့မိသားစုတွေ ကိုယ်လည်း လစဉ်အိမ် ငွေပို့ နိုင်ခဲ့ ပါတယ်။

ဒီလိုအိုဗာစတေးဖြင့်နေထိုင်လာရင် ကံကောင်းစွာဖြင့် 2011 ခုနှစ်မှာ မလေးရှား အစိုးရမှ အိုဗာစတေးသမားများ ကိုယ် 6-p အစီစဉ်ဖြင့်ပါစစ် ထုပ်ပေးမယ် လို့ တရားဝင် ကြော်ငြညခဲ့ ပါတယ်။

ကျွန်တော် တို့ လည်း ၀မ်းသာအားရစွာဖြင့် 6-p များကိုယ် ယူပြီး၊ လို အပ် သည့် စာရွက်စာတမ်း အပြည့် အစုံဖြင့် မလေးရှာ နိုင်ငံ ကွာလာလမ်ပူမြို့ ရှိ မြန်မာ သံရုံးမှာ ၈လပိုင်း ၂၀၁၁ တွင် နိုင်ငံ ကူးလက်မှတ် အား လျှောက်ထားခဲ့ ပါသည်။

သံရုံးမှ ပတ်စ်ပိုစ် စာအုပ်များ ထုပ်ပေးပြီး ဟု သတင်းကြားသည့် အခါ သံရုံးသို့ သွားရောက်ခဲ့ ပါသည် သံရုံး သို့ ရောက်သောအခါ တာဝန်ရှိသူ များထံ စုံစမ်းသည့် အခါ၊ ကြော်ငြာ ဘုတ်တွင်သင့် အမည် ပါက
အမှတ်စဉ်ဖြင့် လာပြောလျှင် စာအုပ် ထုပ် ပေးမည်ဟု ပြောပါသည်။

ထို့ ကြောင့် ကျွန်တော် တို့ သူ ငယ် ချင်းတစုမှာ ကြော်ငြာဘုတ်တွင် ရှာ သော်လည်း တွေ့ သဖြင့်မေးမြန်းရာ ဒီအပတ်မပါလျှင် နောက် အပတ်ပါမည် ဟု ပြေားပါသည်။

ထို့ ကြောင့် နောက် တပတ ကြာသော် ကျွန် တော် တို့ သူ ငယ် ချင်း တစု သည် ကွာတာဘာရူး မြို့ မှ နောက် တကြိမ် မြန်မာ သံရုံး သို့ ချီတက်ခဲ့ ရပါသည်နံနက်ကားဖြင့်ကေအယ်သို့ လာရာ ညနေ မြန်မာ သံရုံး သို့ ရောက်ခဲ့ ပါသည် တည်းစရာနေရာမရှိသေားကြောင့် သံရုံး အရှေ့ တွင် ပလက်ဖေါင်းပေါ် အိပ်ပြီး မိုလင်းထိ စောင့် ခဲ့ ရပါသည်။

မိုးလင်တော့ ကြော်ငြာဘုတ်တွင် မိမိ အမည်ကို ရှာရာ မတွေ့ သဖြင့် မေးမည် ဟု လုပ် စဉ်မှာ စာအုပ်ထုပ်ယူခွင့်ရှိသူများ ဟုဆို ကာ မိုက် ဖြင့် အမည် များနှင့် လများ ကိုယ် ခေါ်ပါသည် ထို အထဲးတွင် ၉ လပိုင်း တင်ထားသည့် သူများ ပါ ပါ သည်။

အနီးတွင် ရှိသေား ပွဲစားဟု ယူဆ ရသောသူ တယောက် အားမေး မြန်း ကြည့်ရာ မင်း တို့ ၈ လ ပိုင်း တင် ထားတာတွေ မစောင့် နဲ့ ခေါ်မှာ လည်း မဟုတ် ဘူး အမြန်လို ချင်လျှင် ငါ လုပ် ပေးမယ် မလေးရှား ရင်း ဂစ် (၈၀၀) ပေးဟု တောင်း ဆိုပါ သည်။

ကျွန် တော် တို့ လည်း ဘာ မှ မပြောဘဲး ကောင်တာ သို့ တိုက် ရိုက် သွားမေး ခဲ့ ပါသည်၊ ကောင် တာရောက် သေားအခါ တင်းထားတဲ့ စာရွက်မှာ စီနေရာ နံပါတ်များ မရှိ ဟု ဆို ကာ မည်သို့ မှ မကူ ညီ နိုင် ကြောင်း ပြေားပါ သည်။

(၈) လပိုင်း တင်ထားသူ များမှာ မည်သို့ မှ စီနေရာ နံပါတ် မရရှိ ကြဘူး ဆိုတာ မလေးရှာမှာ နေထိုင်တဲ့ မြန်မာ တိုင်း သိကြပါတယ်၊ါးကြောင့် ဘယ်လို ဆက်လုပ် ၇မလည်း ဟုမေးရာ၊ နောက် ထပ် အသစ်ပြန် တင် ဟု ပြေားပါသည်။

ထို့ကြောင့် အဲ့ ဒီနေ့ မှာ ဘဲ မိတ္တူ အားလုံး ပြန်ကူး၊ဓါတ်ပုံ ရိုက် ပြီးဖိုင် သုံးစုံ ပြန်တင်ခဲ့ ပါသည်။

ဒီလို နဲ့ တင်ထားပြီး စောင့် ခဲ့ ရာ တပတ်လည်းမရ တစ်လ လည်း မရ နဲ့ အမျိုးမျိုး ဒုက္ခရောက်ခဲ့ ရပါ သည်၊ ဒီလိုနဲ့ မလေးရှား နိုင်ငံ ထုပ် မြန်မာ စာစောင်များတွင် မြန်မာ သံရုံး မှ တရား ၀င် ပွဲးစား ကိုယ်စလှယ် များ ကိုယ် ခွင့်ပေးထားသည် ဟု ကြော်ငြာများ ကိုယ် ဖတ် ရသည့် အတွက်၊

ကျွန် တော် တို့ သူ ငယ် ချင်း များ လည်း ထပ် မစောင့် တော့ ဘဲ ၁၀ လ ပိုင်း တွင် မိမိ တို့ နေ ထိုင် ရာ မြို့ အထိ ရောက် လာ သေား သံရုံး ကိုယ် စလှယ် ဟု ဆို သူထံ လူပေါင်း ၁၆၀ လောက် ဖေါင်ဖြည့် စာရွက် စာတမ်များနှင့် ကျသင့်ငွေ ရင်းဂစ်မလေးရှာ(၇၅၀)းပေးပြီး စာအုပ် များလျှောက် ထားကြပါ သည်။

သိပ် မကြာပါ (၁၂)ရက် အတွင်း စာအုပ် နှင့် တကွာ သံရုံ တွင့် ငွေ သွင်း ထားသော ငွေ သွင်း ချလံ အ၀ါရောင် (၄၈၀) ကိုယ်ရရှိ
ပါသည်၊ သူငယ် ချင်း များ ကိုယ် ဖုန်းဖြင်မေးမြန်းစုံစမ်းရာမှာ ငွေသွင်း ချလံ အ၀ါ ပါတယ်ဆို သေချာပါတယ် ဟုပြောပါသည်။

ထို့ ကြောင့် ကျွန် တော် တို့ လည်း သဌေ ကို စာအုပ်ပေးပြီး ပါ မစ်များ ကိုယ် လုပ် လိုက် ပါတယ်၊ဒီလို နဲ့ နေလာရင် မှာ မာမစ်လည်း ရပြီး ဆိုတော့ ၁၀ လပိုင်း ၂၀၁၂ က မြန်မာ ပြည်ခဏပြည်လည် မည်ဟု ဌေတွင်ခွင့် တိုင် ကာ ကေအယ် သို့ သူငယ် ချင်း နှစယောက် ထွက်ခဲ့ ပါသည်။

ကေအယ် ရောက် လို့ သော်တာနဒီတွင်လေယာဉ် လက် မှတ် ၀ယ်တော့ မှ ကောင်တာမှာ ရှိတဲ့ သူက မင်းတို့ စာအုပ်က အစစ် မဖြစ်နိုင် ဟုပြေားမှ သိရပါတယ်၊ ကျွန် တော် တို့ လည်း ချလံ အ၀ါကိုယ် ထုပ် ပြရာ ချလံ ကတော့ အစစ်ဖြစ်နိုင်တယ်ဒါပေမဲ့ စာအုပ်တော့ အစစ်မဖြစ်နိုင်ဘူး ဟုပြောပါသည် သေချာ အောင် မင်းတို့ သံရုံး သွား စစ်ပါလာ ဟု ပြောရာ ကျွန်တော် တို့ လည်း စိတ်မကောင်းစွာဖြင့် သံရုံသို့ ထွက်ခဲ့ ပါသည်။

သံရုံးရောက် တော့ ကောင် တာတွင် သွားပြီး မေးမရဲးလို့ သံရုံး စားသောက်ဆိုင်မှာ တယောက် ကိုယ် အကူ အညီ တောင်းရာ သူတို့ စစ်ပေး သည်မှာ ကျွန် တော် တို့ စာအုပ်များ သည်
အတုဖြစ်နေကြောင်း တိတိကျကျ သိခဲ့ ရပါသည်။

ထို့ ကြောင့် ဘာ ဆက်လုပ် ရမှန်း မသိလို့ ဟောတယ်ပြန် အိပ်ဆွဲးပြီး လက်ရှိ အလုပ်လုပ်နေသေား ကွာတာဘာရူးမြို့ သို့ နှစ်ယောက် သား ပြန့် ရပါသည်။

ကျွန် တော် တို့ ၁ လပိုင်း ၂၀၁၃ စာအုပ် အတုမှ အစစ် သို့ လဲရန် ကွာလာန်ပူမြန်မာ သံရုံး သို့ ချီတက်လာ ခဲ့ ပါပြီး၊ သံရုံး ကိုယ် ရောက် တော့ ကောင် တာမှာ မေးလိုက် ပါတယ်
ထုံးဆံ အတိုင်း အဆူ အငေါက် ကိုယ် အရင် ခံရပါတယ်။

ပြီးတော့ မှ သူတို့ က သံရုံး ၀င်း အတွင်းမှာ ဖွင့်ထားတဲ့ စားသောက်ဆိုင် ကိုယ်ညွှန်းပါတယ်၊ အမည်တော့ ကျွန် တော် မဖေါ်ပြ ချင်တော့ပါဘူး
သူ့ ပုံစံက တရုတ်လိုပါ၊သူနဲ့ တွေ့ တော့ စကားပြေားရတာ အဆင်ပြေပါတယ်။

သံရုံး ကလည်း သူ့ ကိုယ်လွဲးထားပါတယ် လို့ ပြောပါတယ်၊ ဒီလို နဲ့ ကျသင့် ငွေ ကိုယ် မေး လိုက် တော့ ရင်းဂစ် မလေး
ရှား(၁၅၀၀) တောင်းပါတယ်၊ကျွန် တော် တို့ လညှ်းရှင်းပြပါတယ်။

ကျွန် တော် တို့ တွေ အရင်က အတု မိလို့ (၇၅၀) လည်း ရှုံးပြီးပြီး၊ အခု (၁၅၀၀) ဆိုတော့ ကျွန်တော် တို့ လည်း ဘယ် လို မှ မတတ်
နိုင်လို့ပါ လို့ ပြေားတော့၊ ဒါက သူ တို့ နဲ့ မဆိုင်ဘူးလို့ မာမာတည်တည်နဲ့ ပြေားပါတယ်၊ ကျွန် တော် တို့ လည်း တာဝန်ရှသူ အကြီးအကဲးနဲ့ တွေ့ ပြီးအသနားခံတင်ပြမယ် လို့ ပြေားတော့ တွေ့ ခွင့်မရပါဘူး။

ဒီလို နဲ့ ကျွန် တော် တို့ တွေ အေအယ် မြို့ထဲးမှ ဒီအလုပ်လုပ်တဲ့ ဆိုင်တွေ၊ ရုံး ခန်းတွေ စုံစမ်းတယ်၊ မြန်မာ သံရုံး နဲ့ ပတ်သက်ပါတယ် ဆိုတဲ့ဆိုင် တွေ ကလည်း တာဝန်ယူလုပ်ပေးမယ် ဒါပေ မဲ့ အနည်းဆုံး
ရင်းဂစ် (၁၆၀၀) လောက်ပေး ရမယ် လို့ ပြောပါတယ်။

ဒီနေရာမှာ စာဖတ်သူများ စဉ်းစားပေးကြပါ၊ ကျွန် တော် တို့ အတွက် ဖွင့် ထားပေးတဲ့ မြန်မာ သံရုံးကမြန်မာ နိုင်ငံသားတွေ အတွက် ဘာ မှ လုပ် မပေး နိုင်ဘဲ သံ ရုံးက လွဲးထားပေးတဲ့ သူတွေ ဆီမှာတော့
လုပ်ချင်တာအကုန်လုပ်လို့ ရတယ် ဆိုတာသဘာဝ မကျဘူး လို့ ထင်ပါတယ်ခင်ဗျာ။

ကျွန်တော် တို့ ဒီလို စာအုပ် အတု နဲ့ ဆုံရခြင်း အကြောင်းကတော့ အဓိက တရာခံက မြန်မာ သံရုံး က တာဝန်ရှိသူတွေပါ အစကတည်းက မြန်မာ သံရုံးမှ တာဝန်ရှိသူတွေက ကိုယ်စလှယ် တွေ ခွင့် မပြုရင် ကျွန် တော် တို့ လည်း ဒီ လို ဒုက္ခ ဖြစ်စရာမရှိပါ ဘူး။

လက်ရှိ ကေအယ် တွင် ကျွန် တော် တို့ လေ့ လာ သလောက် ကြားသလောက်ကတော့၊ကျွန် တော် တို့ လို့ ပတ်စ် ပိုစ် အတုထိသူတွေ အယောက် ပေါင်း နှစ်ထောင် ကျော် လောက် ရှိမည် ဟု ခန့် မှန်း ကြပါတယ်၊ စုံစမ်းလို့ ရသလောက် ကတော့ လက်ရှိသုံရုံးက ကိစ္စအ၀၀ ကိုယ် ကိုယ်စလှယ်ပွဲစား၊ စိန်နန်းတော် ကုန်ပဏီ ပိုင်ရှင် ဗိုလ်မှုး သိန်း သန်း ဆို သူအား လွဲပြောင်းပေးထား သည်ဟု သိရပါသည်။

သံရုံး စား သောက် ဆိုင်အတွင်မှာ ကျွန်တော့ ထံ စာအုပ် အသစ်လှဲ ရန် ရင်းဂစ် (၁၅၀၀) တောင်းသူမှာ ဗိုလ်မှုး သိန်းသန်း တပည့် ဖြစ်ပါသည်။
ကျွန်တော် တို့ လည်း မကျေနပ်ကြ သဖြင့် သံရုံမှ လူ ကြီးများ နှင့် တွေ့ရန် ကြိုးစားမည်ဟု ဆုံးဖြတ်ပြီးနေ့ စဉ်သံရုံ သို့ ရောက်ရှိခဲ့ ပါ သည်။

လက်ရှိ သံရုံး မှာ မြင်တွေ့ နေရတဲ့ ပြည်သူတွေ အပေါ် မတရာ
နည်းမျိုးစုံနဲ့ ခေါင်းပုံဖြတ်နေတဲ့ အရာအချို့ ကိုယ် တင် ပြပေလိုက် ပါ့မယ်။
သံရုံးသို့ ရောက် လာကြသော မြန်မာ ပြည်သားများ သံရုံး သို့ ငွေ သွင်း စရာရှိလျှင် မြန်မာ သံရုံး ကောင်တာ မှ တိုက် ရိုက် လက မခံ ဘဲ စိန်နန်းတော် ဗိုလ်မှုသိန်းသန်း ဖွင့်ထားသော သံရုံး အတွင်မှ
ကောင်တာ တွင် ပေး သွင်းရသည်။

ငွေသွင်း ချလံ တဆောင်လျှင် ရင်ဂစ် ၁၀ မှ ရင် ၂၀ ထိယူပါသည်၊
သံရုံး မှ တိုက် ရိုက် ငွေ လက် ခံလျှင် ရသည့် တိုင် အောင်၊ နည်းမျိုးစုံ သုံးပြီးခေါင်းပုံ ဖြတ်ခြင်း လက်ရှိ မြန်မာ နိုင်ငံ ကူး လက် မှတ် အသစ်လှဲ လှယ် လို ပါက၊ သံရုံး တွင် လာ စရာမလို ဘဲ စိန်နန်းတော်
ဗိုလ်မှုး သိန်း သန်းတွင် စာအုပ်ဖို့ +၂၅၀ ပေးလျင် ရပါ သည်။

လက်ရှိ သံရုံးတွင် ဖွင့်လှစ်ထားသေားစားသောက်ဆိုင်မှာ လွန် ခဲ့ သည့် သံအမတ်ပြီး ဦလှမောင် လက်ထက် မှ စပြီး ကိုထွန်း ကြည် ရှမ်းတောင်တန်းမှ ဖွင့် ခဲ့ ပါသည် ယ္ခုအခါ၊ စိန်နန်းတော် ဗိုလ်မှုး သိန်း
သန်နှင့် သံရုံး ပေါင်းပြီး ထွန်း ကြည်အာ သံ ရုံး အတွင်းမှ နှင်ထုပ်ပြီး လက်ရှိစိန်နန်းတော်ဗိုလ်မှုး သိန်းသန်းမှ ဖွင်လှစ် ထားကြောင်း သိရသည်။

နိဂုံး ချပ် အနေနဲ့ တင်ပြ ချင်တာက သံရုံးနဲ့ ပတ်သက်ပြီး၊ ကျွန်တော် တို့ ပြည် သူတွေ ကိုယ် ကူညီမှု့မပေးနိုင်ဘဲ ခရိုနီတွေကိုယ် ဒီထက် ပိုပြီး ကြီးပွါးချမ်းသာအောင် လုပ် ပေးနေတာ က သဘာဝ မကျဘူးလို့ ထင်ပါတယ်၊ မြန်မာ ပြည်မှာ ကျွန် တော် တို့ ပြည်သူတွေ အတွက် ပလုပ် အကိုင် အခွင့် အလမ်း လည်း ရှာမပေးနိုင်၊ ပြည်ပမှာ လာရောက် အလုပ် လုပ် ကိုင်တော့ လည်း၊ မကူညီ တဲ့ အပြင် နည်းမျိုး စုံ ဖြင့်
ခေါင်ပုံ ဖြတ်နေတာက၊ တကယ်လူ မဆန် တဲ့ လုပ်ရပ် တွေ လို့ မြင်ပါတယ်။

ဒီသတင်း ကိုယ် ဖတ်ပြီး သက်ဆိုင်ရာလူကြီး မင်းများမှ ကျွန်တော် တို့ မလေးရှားမှာ ရှိကြတဲ့ မြန်မာ ပြည်သူပြည်သားများ ကိုယ် တတ် နိုင်သလောက် ကူညီ ကယ် တင်ပေးကြပါ လို့ အမေတ္တာရပ်ခံ အသနားခံ တင်ပြအပ် ပါတယ်။

မလေး ရှားမှာ ရှိ တဲ့ လူမှု ကူညီ ရေး အဖွဲ့ ကတော့ လို အပ်တဲ့ စာရွက် စာတမ်း အသံဖိုင်များ၊ဓါတ်ပုံများ၊ ကျွန်တော် တို့ ထံ မှ ယူပြီး နိုင်ငံ ခြားရေး ၀န် ကြီး ဌါန အထိ တိုင်ပေး ပါမည်ဟုလည်း ပြောပါ သည်။

အကောင်းဆုံးကတော့ မလေးရှား နိုင်ငံ မှာ စာ အုပ် အတုထိထားသူတွေ ကိုယ် အတတ် နိုင်ဆုံး သက်သာစွာဖြင့် စာအုပ်များ ပြန်လည် လှဲယူ ခွင့်ရှိရန် တင်ပြပါ သည်။

အားလုံးကို လေးစားစွာဖြင့်
မလေးရှား နိုင်ငံတွင်ဒုက္ခရောက်နေသူများ

warranty အား တာဝန်မယူပေးနိုင်သော လူလိမ် KMD ကုမ္ပဏီ

ကျွန်တော် lenovo S850e ဆိုတဲ့ ဖုန်းကို KMD ကနေ လွန်ခဲ့တဲ ၅ လ လောက်က ၀ယ်ခဲ့ပါတယ်။ ဖုန်းက Android 4.0.3 ဖြစ်ပြီး Service ရော၊ part ရော တစ်နှစ် Warranty ပေးပါတယ်လို့ သူတို့က ပြောပါတယ်။ အခု အဲဒီ ဖုန်းက LOGO ပဲ ပေါ်ပြီး Boot မတက်တော့လို့ KMD ကို သွားပြီး ပြောပြတော့ User Fault ဘာမှ မပါတော့ Firmware ပြန်တင်ပေးမယ်ဆိုပြီး တစ်ရက် KMD မှာ ထားခဲ့ရပါတယ်။ နောက်နေ့ကျတော့ ဖုန်းဆက်ပြီးမေးကြည့်တော့ KMD က သူတို့ဆီမှာ Firmware မရှိလို့ နှစ်လ လောက်ကြာမယ်တဲ့။

ဒီ ကိစ္စကို သူတို့ တာဝန်မယူနိုင်ဘူးတဲ့။ သြော် သောက်ကျိုးနည်း LENOVO Authorized Company ကြီး ပါလား။ Lenovo Authorized ရပြီးသား COMPANY ကြီးက Firmware လေး တစ်ခု ပြန်တင်တာကို နှစ်လလောက် စောင့်ရမယ်တဲ့။ ဒီတော့ ဆုံးဖြတ်လိုက်တယ် ဒီလို တာဝန်မယူနိုင်တဲ့ COMPANY နဲ့ LENOVO ပစ္စည်းတွေ လုံးဝ မ၀ယ်တော့ဘူး။

ဒီလို Authorized Company ကိုယ်တိုင်တောင် ချို့ယွင်းနေတဲ့ ပစ္စည်းတွေ ချက်ချင်း တာဝန်မယူပေးနိုင်ရင် မြန်မာပြည်ထဲမှာ KMD ကုမ္ပဏီအနေနဲ့ LENOVO ပစ္စည်းတွေ လုံးဝမရောင်းပါနဲ့။

ကျွန်တော် ဘယ်သူ့ကိုမှ ထိုးနှက်ပြောတာမဟုတ်ပါဘူး။
Service ကို ချက်ချင်း တာဝန်မယူနိုင်တဲ့(သို့) မကျွမ်းကျင်တဲ့ ပညာရှင်တွေနဲ့ ဖွဲ့စည်းထားတဲ့ လိမ်စားနေသော Lenovo Authorized KMD ကုမ္ပဏီ နဲ့ PRODUCT တွေကို အားလုံး ရှောင်ရှားနိုင်အောင် အားလုံးပဲ ဒီပို့လေးကို SHARE ရှဲ လုပ်ပေးကြပါ။

ကျွန်တော်မကျေနပ်ပါဘူး။ စင်ကာပူမှာဆိုရင် သုံးရက်အတွင်း ပြန်မပြင်နိုင်ရင် အသစ်လဲပေးရပါတယ်။ သုံးရက်ထက်ကျော်ရင် တရားစွဲလို့ရပါတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ ဒီလို ပြသနာကို မကျေနပ်ရင် ဘယ်လိုလုပ်ရပါမလဲ။

(ကိုရွှေထူးရဲ့မေးလ်ထဲဝင်လာတဲ့ သတင်းကို ဖော်ပြပေးလိုက်ပါတယ်။ မြန်မာ့စီးပွားရေး ဦးမော့လာအောင် ကြိုးပမ်းဆောင်ရွက်နေချိန်လည်း ဖြစ်ပါတယ်။ ဒီလိုအချိန်မျိုးတွေမှာ ဒီလိုကိစ္စတွေဖြစ်နေ ကြားနေရတာ မြင်ရတာ တကယ်စိတ်မကောင်းဖြစ်ရပါတယ်။ ကိုရွှေထူးအနေနဲ့လည်း တကယ် ကိုယ်ချင်းစာပါတယ်။ customer service ဆိုတာ ဘယ်ဆီဘယ်ဝယ် အရုပ်ရေးပြီး ကြည့်ရမလိုဖြစ်နေချိန် မဟုတ်တော့ပါဘူး။ တကယ်ကို ဂရုစိုက်သင့်ပါတယ်။)

ဆောင်းတွင်းအိပ်မက်

လူဆိုတာ တစ်နေ့တခြား လိုချင်တာ လိုအပ်တာတွေ ပြည့်အောင်ဖြည့်ဖို့ ကြိုးစားရုန်းကန်ရင်း ဘဝကို ဖြတ်သန်းရတယ်မဟုတ်လား။ ဖုန်းဆိုလည်း ဖုန်းမို့လို့ ကိုင်ချင်၊ ကားဆိုလည်း ကားမို့လို့စီးချင်နဲ့။ ဈေးသက်သာ၊ အရည်အသွေးကောင်း ဆိုတာလေးနဲ့ လိုအပ်နေတဲ့ကွက်လပ်ကလေးကို ဖြည့်မယ်ဆိုရင်တော့ ပိုလို ပိုလို့ကောင်းဆိုတာမျိုးပေါ့လေ။

ကိုဖိုးသိတို့ရွှေမြန်မာနိုင်ငံမယ် သိပ်ဟော့ဖြစ်သွားတဲ့ ကိစ္စတစ်ခုတော့ ရှိဖူးသဗျ။ တခြားတော့ မဟုတ်ဘူး ဖုန်းတွေကို ၅၀၀၀ ကျပ်နဲ့ရမယ်ဆိုတဲ့ ဟိုအစ်ကိုကြီးပြောတဲ့ ရွှေပြည်တံခွန်ကုမ္ပဏီဆိုလား။ မီဒီယာတွေလည်း ၅၀၀၀ တန်လေးများ ရလာမလားရည်ရွယ်ချက်နဲ့ ရယ် အစိုးရကို တစ်နည်းမဟုတ်တစ်နည်း ကြပ်ချင်တဲ့ရည်ရွယ်ချက်ရယ်နဲ့ ကမ်းကုန်အောင်ဖွ။ အစိုးရလည်း ခေတ်တွေစနစ်တွေပြောင်းပါတယ်၊ ပြည်သူကိုအခြေခံတဲ့ အုပ်ချုပ်ရေးဖြစ်တဲ့ စည်ကမ်းပြည့်ဝ ဒီမိုကရေစီလို့ အော်မိလေတော့ လိုက်လျောရလေမလားနဲ့ ဗျာများခဲ့တဲ့အချိန်၊ တချို့တချို့များ ၅၀၀၀ တန် SIM Card ရရှိရေး လှုပ်ရှားမှုတွေတောင် လုပ်လိုက်ကြတဲ့အချိန်တွေ မှတ်မိနေလိမ့်မယ်ထင်ရဲ့။

အမှန်အတိုင်းပြောရရင်တော့ ရွှေပြည်တံခွန်လည်း ဘာသဘောနဲ့ ဒီလိုတွေပြောတယ်သေချာမသိဘူး။ သမ္မတရုံးကိုစာတင်ထားတယ်ပြောပေမယ့် သူ့မှာ အများပိုင်ကုမ္ပဏီဖွင့်ခွင့် လိုင်စင်တောင် မကျသေး။ ဆက်သွယ်ရေး ကိစ္စအတွက် အတွေ့အကြုံဆိုတာ ဝေလာဝေးဗျ။ သူဘယ်နားက ဘယ်လိုပေါ်လာသလဲဆိုတာလည်း ဘယ်သူမှမသိ။ အဲဒီသူရဲ့ နောက်ကြောင်း ဘာဆိုတာလည်း ဘယ်သူမှဇောင်းပေးမဖော်ပြချင်။ အဲဒီသူကတော့ နိုင်ငံတော်နဲ့ ပြည်သူလူထုအတွက် ဆိုပြီး ပြောတာနဲ့ပဲ မီဒီယာဖွချက်နဲ့ နေ့ချင်းညချင်းကို စင်ပေါ်ဝုန်းခနဲရောက်လာတယ်။ ခုတော့လည်း ပုံပြင်လေးတစ်ပုဒ်ပါပဲဆိုတဲ့ သီချင်းလေးများတောင် ကိုဖိုးသိ ငြီးမိပါသေးရဲ့။

ရွှေပြည်တံခွန်ဟာ မီဒီယာအုပ်စုတွေ လော်ဘီလုပ်တာနဲ့တင် ရှေ့ကိုတော်တော်ရောက်လာတယ်ဗျ။ ဒါပေသိ ကိုဖိုးသိတို့ တတွေ ရွှေပြည်တံခွန်ကို အာရုံကျနေချိန်မတော့ တခြားသော ဧရာမကုမ္ပဏီကြီးတစ်ခုကလည်း ဖုန်းလိုင်းတွေ အခမဲ့ချပေးဖို့အတွက် အသည်းအသန်ကြိုးစားနေတယ်ဆိုတာ ဘယ်သူမှမသိလိုက်ဘူး။ သူတို့ရဲ့ ကုမ္ပဏီအုပ်စုကြီးမှာ သက်ဆိုင်ရာ infrastructure ရှိပြီးသား။ ဆက်သွယ်ရေးနဲ့  ပတ်သက်တဲ့ လုပ်ငန်းတွေလည်း လက်ရှိလုပ်နေပြီးသား။ သူတို့အနေနဲ့ သမ္မတကြီးဆီကိုတင်ပါတယ်။ သမ္မတရုံးကနေ ကူးသန်းရောင်းဝယ်ရေး ကော်မရှင်ရယ် မြန်မာ့ဆက်သွယ်ရေးရယ် သက်ဆိုင်ရာကုမ္ပဏီကြီးရဲ့  ထိပ်သီးအရာရှိကြီးတွေရယ် တွေ့ဆုံဆွေးနွေးပါဆိုတဲ့ အကြောင်းကြားစာထွက်လာပါတယ်။ အကြောင်းကြားစာအရ တွေ့ကြဆွေးနွေးကြတယ်ပေါ့။ ဒီကိစ္စကို ကိုဖိုးသိ သိလိုက်ရတာ ဟိုတလောဆီကမှပါ။ ဒါတောင် အဲဒီကုမ္ပဏီကြီးရဲ့ ထိပ်တန်းအရာရှိကြီးတစ်ဦးဆီကနေ သက်သေ အထောက်အထားနဲ့တကွ သိလာရတာ။

နည်းနည်းလောက်စဉ်းစားကြည့်ရရင်ဖြင့် မြန်မာ့ဆက်သွယ်ရေးက ငါးသိန်းနဲ့ဖုန်းလိုင်းတွေ ရောင်းနေချိန် ငါးထောင်နဲ့ ရွှေပြည်တံခွန်ထလုပ်တာတောင် သက်ဆိုင်သူတို့ အကြပ်ရိုက်နေချိန်မယ် အလကားပေးမယ် ဆိုတဲ့ ကုမ္ပဏီကြီးရဲ့လုပ်ဆောင်ချက်ကိုဘယ်သူမှ လော်ဘီမလုပ်ကြသလို မြန်မာ့ဆက်သွယ်ရေးကော မြန်မာ့စီးပွားရေးကော်မရှင်က ဦးစိုးသိန်းတို့ကော လှုပ်တောင်မလှုပ်ချင်ကြတော့ဘူး။

တိုင်းပြည်ကောင်းစားရေးအတွက် အသက်ပင်သေသေ ဒီကိစ္စကိုသဘောမတူနိုင် အချိန်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်သည်နဲ့ တွေ့တော့တာပါပဲခင်ဗျာ။ ပြုပြင်ပြောင်းလဲရေးခေါင်းစဉ်အောက်မှာ  ပြုပြင်ပြောင်းလဲရေးလုပ်နေတာ တကယ်ကော ပြောင်းလဲမှု ရှိရဲ့လား။ စိုးသိန်းခေါင်းဆောင်တဲ့ လည်သလိုလုပ်စား၊ စားဖားတွေရဲ့ နည်းနည်းလေးမှသူတို့အတွက်မကျန် ပြည်သူအတွက် ကြည့်စရာမလိုဘူးဆိုတဲ့သူတွေရဲ့ လုပ်ရပ်ကတော့ စာတင်လောက်ပါတယ်။ ငါးထောင်တန်တုန်းက ဒီကိစ္စကိုလက်မခံနိုင်ဘူးပြောနေရင် အလကားပေးမယ့်အစီအစဉ်ရှိတဲ့ ဒီလုပ်ငန်းကြီးရဲ့ ကြိုးစားမှုက သဲထဲရေသွန်ဖြစ်ကုန်တော့တယ်။

တချို့ကိစ္စတွေက စောင့်ကြည့်ရင်း အဖြေပေါ်တယ်။ တချို့ကိစ္စတွေက ချက်ခြင်းအဖြေပေါ်တယ်။ တချို့ကိစ္စတွေကတော့ စုံးစုံးမြုပ်သွားတတ်တယ်။ စောင့်ကြည့်လည်း ဒီအဖြေ၊ ချက်ခြင်းလည်း ဒီအဖြေအတိုင်း စုံးစုံးမြုပ်သွားသော တန်ဘိုးနည်း GSM လိုင်းများအတွက်တော့ MEC ရယ် MPT ရယ်မှာ တာဝန်အပြည့်အဝရှိပါတယ်။ လူတိုင်း လူနေမှုအဆင့်အတန်း မြင့်မားစေရေးအတွက် ပြည်သူ့မျက်နှာ နည်းနည်းလေးမှမထောက် လုပ်ရက်လိုက်လေခြင်း စိုးသိန်းနဲ့အပေါင်းပါတို့ရယ်။

ဖိုးသိ

ဗိုလ်လောင်းတွေဘဝ

သို့

ဒီမိုဝေယံ မှတဆင့် တပ်ချူပ်ကြီးနှင့် ကျင့်ချူပ်ကြီး သိသာပါရန်

ပြင်ဦးလွင် တပ်မတော်နည်းပညာ တက္ကသိုလ်မှ ညစ်ပတ်ကောက်ကျစ် အနိုင်ကျင့်ဗိုလ်ကျမှုများအား တင်ပြခြင်း

ကျွန်တော်တို့ ပြင်ဦးလွင်တပ်မတော်နည်းပညာ တက္ကသိုလ်တွင် တပ်ခွဲကိုင်အရာရှိများမှ ဗိုလ်လောင်းများအပေါ် မတရားရိုက်နှက် နှိပ်စက်ခြင်း ၊ လစာများအား မတရားဖြတ်တောက်မှုများပြုလုပ်နေပါသည်။

၁။ တပ်ခွဲမူးဗိုလ်ကြီး ဇေယျာအောင် (ကြည်း) ၄၄၅၆၇ သည် ပြင်ဦးလွင်မြို့တွင်းရှိ KTV ၊ မာဆက် ဆိုင်များသို့ သွားရောက် သောင်းကျန်းသဖြင့် ၎င်းသုံးဖြုံးသောငွေများအား ဗိုလ်လောင်းများထံမှ အကြောင်းအမျိုးမျိုးပြရ်ျ ကောက်ခံနေပါသည်။ ဖြတ်တောက်ခံရပြီးလစာငွေ ၆၀၀၀၀ သာရသော ငွေထဲမှ နောက်ထပ်တခါ တိုက်ပုံအင်္ကျီကြေး ဟုဆိုကာ ပထမနှစ်မှ စတုတ္ထနှစ် အထိ ဗိုလ်လောင်းများထံမှ တစ်ယောက် ၉၅၀၀ကျပ် ထပ်မံဖြတ်ပါသည်။ ကျွန်တော်တို့ ဧ။် လစာမှာ နိုင်ငံတော်မှ သတ်မှတ်ပေးထားသည့် လစာအား တကြိမ်မှ အပြည့်အ၀မရရှိခဲ့ဘူးပါ ယခုဆိုလျှင် ၅၀၀၀၀ ကျပ်သာရရှိပါသည်။

၂။ တာဝန်ကျ အရာရှိများမှာလည်း ဗိုလ်လောင်းများအား နှစ်ပေပတ်လည်ရှိသော တုတ်များနှင့် တန်းစီကွင်းထဲတွင် ခေါင်း ၊ မျက်နှာတို့အား မတရားရိုက်နေသောကြောင့် ဗိုလ်လောင်းများမှာ ခေါင်းကွဲ၊ မျက်နှာ စုတ်ပြတ် ဒဏ်ရာများ သင်းတန်းသားများ ရရှိနေပါသည်။

၃။ အနော်ရထာမှ အရာရှိက စပရိန်ကြိုးနှင့် ရိုက်သောကြောင့် ဗိုလ်လောင်းများခေါင်းကွဲ၊ မေးရိုးကျိုးသွားကြပါသည်။ ထိုကဲ့သို့ မတရား အနိုင်ကျင့် နှိပ်စက် ညှင်းပန်းနေသော အရာရှိများအား တပ်ချူပ်ကြီးနှင့် ကျင့်ချူပ် တို့ဖော်ထုတ် အရေးယူ ဆောင်ရွှက်ပေးပါရန် တိုင်ကြားအပ်ပါသည်။
နည်းပညာတက္ကသိုလ် ဗိုလ်လောင်းများ

ဒီမိုဝေယံ