Category Archives: Artical

တရုတ်လူမျိုးတစ်ဦးရဲ့ စီးပွားရေး ဈေးကွက် အပိုင်သိမ်းမှု

Lo Ping Zhong (aka Steven Law, aka Tun Myint Naing) the head of Asia World in Toronto, June 5, 2014.   Credit: Asia Pacific Foundation of Canada.  Note small file size.  [PNG Merlin Archive]

Lo Ping Zhong (aka Steven Law, aka Tun Myint Naing) the head of Asia World in Toronto, June 5, 2014. Credit: Asia Pacific Foundation of Canada. Note small file size. [PNG Merlin Archive]

တရုတ်လူမျိုး ဦးထွန်းမြင့်နိုင်(Asia World)က ရန်ကုန်လေဆိပ်ကို ဘယ်လိုချယ်လှယ်ခဲ့ သလဲဆိုတာ နည်းနည်း ထပ်ပြောပါမယ်။ တကယ်တော့ လေဆိပ်တစ်ခုရဲ့ အော်ပရေတာ အနေနဲ့ ပွင့်လင်းမြင်သာမှုရှိရမယ့်ကိစ္စတွေမှာ မရှင်း မလင်းဖြစ်နေ တာတွေ အတွက် ဝေဖန်စရာတွေ ရှိနေပါတယ်။ ရိုးသားမှုနဲ့ ပွင့်လင်းမြင်သာမှုဆိုတာက ဒွန်တွဲနေတဲ့အရာတွေပါ။

Airport Operator အနေနဲ့ လေဆိပ်မှာရှိတဲ့ ဆိုင်တွေရဲ့ Space Allocation ကို စီမံခန့်ခွဲခွင့်ရှိပေမယ့် ကိုယ့် သဘောနဲ့ကိုယ် လုပ်လို့မရပါဘူး။ မြင်သာ၊ထင်သာရှိတဲ့ စနစ်နဲ့ လုပ်ရပါမယ်။ (ဈေးတစ်ဈေးမှာ ဈေးခေါင်း က သူ့ဆိုင်နဲ့ သူ့ရဲ့ဆွေမျိုးအသိုင်းအ၀ိုင်းတွေအပေါင်းအသင်းတွေကျတော့
နေရာကောင်းမှာပေးပြီး၊ ကျန်တဲ့ ဆိုင်တွေကို ချောင်ထိုးတဲ့အလုပ်လုပ်လို့ မရသလိုပေါ့။) တင်ဒါတွေ ခေါ်ရပါမယ်။ ဈေးနူန်းတွေ တိုးပြီးတောင်း တာကရော ဘယ်စနစ်အပေါ်အခြေခံပြီး တောင်းတာလဲ။

Airport Operator အတွက် တင်ဒါတောင်းခံခဲ့တုန်း က ဘယ်လိုစည်းမျဉ်း၊စည်းကမ်းသတ်မှတ်ချက်တွေ ရှိခဲ့လဲ။ မြေဧကဘယ်လောက်ငှားခွင့်ရပြီး တစ်ဧက ဘယ် လောက်နူန်းလဲ။ အရင်းကြေ ကာလဘယ လောက်တွက်ပြီး ၀င်ငွေရပေါက်ရလမ်းတွေ ဘယ်လိုဖော်ပြခဲ့လဲပေါ့။ ဒါတွေကို ပွင့်လင်းမြင်သာအောင် ရှင်း မပြဘဲ ကိုယ်သတ်မှတ်ချင်တဲ့ဈေးနူန်းသတ်မှတ်ပြီး တောင်းတယ်ဆိုရင်တော့ မဖြစ်သင့်ဘူးပေါ့။

ဒါက မြေ နေရာလောက်ပဲရပြီး လေဆိပ်အသစ်ကြီးဆောက်နေရတာလဲ မဟုတ်ဘူး။ Existing Facility တွေ သုံးပြီး Extension လုပ်ရတဲ့ သဘောဘဲရှိတာ။

အထက်မှာဖော်ပြခဲ့သလို ၂.၇.၂၀၁၂ ရက်နေ့မှာ ဟံသာဝတီ လေဆိပ်ကိစ္စ DCA က ချပြရှင်းလင်းပုံက ဟံသာဝတီလေဆိပ်ကို ဆွဲထားတဲ့ Schedule တွေ အတိုင်းလုပ်ပြီး ပြီးသွားရင် ရန်ကုန်လေဆိပ်က Domestic Airline လောက်ပဲ ကျန်ခဲ့ပြီး General Aviation ကိစ္စအဓိကလုပ်ရမှာ။ ဟံသာဝတီလေဆိပ်ကို အထောက် အကူပြုတဲ့ လေဆိပ်အနေနဲ့ပဲ ရှိတော့မှာမယ့်အနေအထားပေါ့။ ခရီးသည် (၅.၄) သန်းလောက် handle လုပ်နိုင်တဲ့ Facility ရှိဖို့ပဲ အဓိကလုပ်ရမှာ။

ဒါက ဟံသာဝတီလေဆိပ် အတွက် Successful Tenderer နဲ့ back up Tenderer တွေနဲ့ ဆွေးနွေး တဲ့အပိုင်းမှာလည်း အဓိကအချက် အနေနဲ့ ပါနေတာ။ အခုတော့ ဦးစိုးသိန်းနဲ့ ပေါင်းပြီး ခရီးသည် သန်း ၂၀ လောက် handle လုပ်နိုင်တဲ့ အဆင့် အထိ ကျိုးစားနေတယ်ဆိုတော့ တစ်ဖက်က ဟံသာဝတီလေဆိပ် Project ကို ပျက်အောင်လုပ်နေတယ်ဆိုတာ မပေါ်လွင်ဘူးလား။ ဟံသာဝတီလေဆိပ်ပြီးလို့ ပြောင်းသွားရင် သူ့ရဲ့ ၀င်ငွေက ကျသွားမှာလေ။ နိုင်ငံအတွက် မဟုတ်ဘဲ သူတို့အတွက်ပဲလုပ်နေတယ်ဆိုတာ မထင်ရှားဘူးလား။

DCA က ပြည်တွင်းလေဆိပ် (၃၀)ကိုလည်း PPP (Public Private Partnership) လုပ်ဖို့ အဆိုပြုလွှာ တွေ လက်ခံခဲ့ပြီးမှ ဥပဒေတွေ၊နည်းဥပဒေတွေ မရှိသေးလို့၊ မထုတ်ပြန်ရသေးလို့ဆိုပြီး စောင့်နေခဲ့တယ်လို့ပဲ နားလည်ထားတာ၊ အခုတော့ ဘာဥပဒေတွေနဲ့ လုပ်နေကြတာလဲ။ ဒီလိုပွင့်လင်းမြင်သာမှု မရှိတဲ့အချက်တွေက နိုင်ငံတိုးတက်ရေးကို အဓိကမထား တဲ့လုပ်ရပ်တွေလို့ပဲ ကောက်ချက်ရတော့မှာပါဘဲ။

ဆားပုလင်းသာဂိ

ဘယ်ပါတီကိုကြည့်မလဲ

ရွေးကောက်ပွဲတစ်ခုမှာ လူနဲ့ပါတီ ဘာကို ကြည့်ရမှာလဲဆိုတဲ့ ဆွေးနွေးမှုလေးတွေ ဒီရက်ပိုင်းမှာ ဝေဝေစီစီပဲ ဖြစ်နေကြတယ်။ တချို့က ပါတီကိုပဲ ကြည့်ပါလို့ ပြောတယ်။ တချို့က လူကိုပဲ ကြည့်သင့်တယ်လို့ ပြောတယ်။ တချို့ကတော့ ပါတီရော လူရော ကြည့်ရမှာပေါ့လို့ ပြောဆိုဆွေးနွေးကြတယ်။

ကျွန်တော့်သဘောထားလည်း မေးကြတယ်။ ရွေးကောက်ပွဲတစ်ခုမှာ ဘာကို ကြည့်ကြရမလဲတဲ့။

ကျွန်တော်ကတော့ ရိုးရိုးပဲ မြင်ပါတယ်။ ရွေးကောက်ပွဲတစ်ခုမှာ ဘာကို ကြည့်ကြမလဲဆိုတာထက်အရင် ရွေးကောက်ပွဲတစ်ခုကနေ ဘာကို လိုချင်ကြတာလဲဆိုတာကို သိအောင်လုပ်သင့်ပါတယ်။ အခု ကျင်းပတော့မယ်လို့ မျှော်လင့်ရတဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲကြီးကနေ ကျွန်တော်တို့ ဘာတွေ လိုချင်ပါသလဲ။

၁။ တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ မျှော်လင့်ကြတယ်။
(မဲပေးခွင့်ရှိသူတိုင်း မဲပေးခွင့် ရချင်ကြတယ်။ ကိုယ်ပေးတဲ့မဲကို ကိုယ်ပေးတဲ့အတိုင်း မှန်မှန်ကန်ကန် ရေတွက်စေချင်ကြတယ်။ ရေတွက်တဲ့အချိန် မဲတွေ စုစည်းတဲ့အချိန်တွေမှာ အများရှေ့မှာ ထင်သာမြင်သာ လုပ်တာမျိုးကို ဖြစ်စေချင်ကြတယ်။ ရေတွက်လို့ရတဲ့မဲကို တိတိကျကျ ကြေငြာစေချင်ကြတယ်။ ကြိုတင်မဲတွေ ရှိခဲ့မယ်ဆိုရင်လည်း ၂၀၁၀လိုမျိုး ကြိုတင်မဲတွေ မဖြစ်စေချင်ကြဘူး။ ပယ်မဲတွေ ရှိလာမယ်ဆိုရင်လည်း စည်းမျဉ်းစည်းကမ်းအတိုင်း ပယ်တဲ့ ပယ်မဲတွေပဲ ဖြစ်စေချင်ကြတယ်။)

၂။ ရွေးကောက်ပွဲပြီးနောက် အနိုင်ရတဲ့သူတွေကို အချိန်နဲ့တပြေးညီ ကြေငြာပေးစေချင်ကြတယ်။
(အဲဒီလိုကြေငြာပေးလိုက်တဲ့ ရွေးကောက်ပွဲအောင်နိုင်သူတွေကို ရွေးကောက်ပွဲရှုံးတဲ့သူကပဲဖြစ်ဖြစ်၊ တခြားတစ်ယောက်ယောက်ကပဲဖြစ်ဖြစ် တရားမဲ့မှုပြုကျင့်ခဲ့ပါတယ်လို့ ရွေးကောက်ပွဲကော်မရှင်ကို တိုင်ကြားမှု ရှိလာရင်လည်း မှန်မှန်ကန်ကန်စစ်ဆေးပြီး ပွင့်ပွင့်လင်းလင်း ကြေငြာတာမျိုးကို လိုချင်ကြတယ်။)

၃။ ရွေးကောက်ပွဲကနေ ရွေးချယ်ပေးလိုက်တဲ့ ကိုယ်စားလှယ်တွေ ပါဝင်တဲ့ လွှတ်တော်အသစ်ကို သတ်မှတ်အချိန်မှာ ခေါ်ယူစေချင်ကြတယ်။
(ဒါမှသာ လွှတ်တော်အသစ်က တရားဝင် အလုပ်တွေ စလုပ်နိုင်မယ်။ လွှတ်တော်အသစ်နဲ့ အစိုးရအဟောင်းတို့ သုံးလလောက် တွဲပြီး အလုပ်တွေ လုပ်ဖို့ရှိတယ်။ လွှတ်တော်အသစ်က ရွေးချယ်လိုက်တဲ့ အစိုးရအဖွဲ့အသစ်ကလည်း အစိုးရဟောင်းနဲ့ ညှိနှိုင်းလွှဲပြောင်းစရာတွေကို ညှိနှိုင်းဆောင်ရွက်ဖို့ အချိန်ပိုရမယ်။)

၎။ အစိုးရအသစ်ကို ဖွဲ့စည်းမယ့် အရည်အချင်းပြည့်ဝတဲ့ သမ္မတအသစ်ကို ရွေးကောက်တင်မြှောက်နိုင်စေချင်ကြတယ်။
(၂၀၀၈ အခြေခံဥပဒေအရ အစိုးရအဖွဲ့ကို သမ္မတကသာ ရွေးချယ်ဖွဲ့စည်းခွင့် ရှိတာမို့ သမ္မတဘယ်သူဖြစ်မယ်က အရေးကြီးပါတယ်။ သမ္မတကိုလည်း ပြည်သူက တိုက်ရိုက်ရွေးချယ်ခွင့်မရှိဘဲ လွှတ်တော်မှာ ပြည်သူ့လွှတ်တော်ရွေးကောက်ခံ ကိုယ်စားလှယ်များ၊ အမျိုးသားလွှတ်တော် ရွေးကောက်ခံ ကိုယ်စားလှယ်များ၊ ပြည်သူနဲ့အမျိုးသားက တပ်မတော်သားကိုယ်စားလှယ်များဆိုပြီး အဖွဲ့သုံးဖွဲ့က သုံးယောက်အဆိုပြုရမယ်။ ပြီးရင် မဲဝိုင်းပေးပြီး မဲအများဆုံးရသူက သမ္မတဖြစ်မှာပါ။ ဒီအတွက် မဲအများဆုံးပေးနိုင်ဖို့ ရွေးကောက်ပွဲမှာ အများဆုံးနိုင်တဲ့ ပါတီက အခွင့်အရေးအရှိဆုံးဖြစ်ပါတယ်။)

၅။ အစိုးရသစ်ကို အစိုးရဟောင်းက ကြည်ကြည်သာသာ အာဏာလွှဲပေးစေချင်ကြတယ်။
(ဒီမိုကရေစီစနစ်ကို တကယ်သွားချင်တယ်ဆိုရင် ရွေးကောက်ပွဲရလာဒ်ကို တန်ဖိုးထား လေးစားကြရမှာ ဓမ္မတာပဲဖြစ်ပါတယ်။ ချစ်လို့၊ မုန်းလို့၊ ကြောက်လို့၊ မသိလို့ဆိုတဲ့ အဂတိတရားတွေ မပါဘဲ အာဏာကို တည်ကြည်ဖြောင့်မတ်စွာ လွှဲပေးရမှာဖြစ်ပါတယ်။)

၆။ ၂၀၂၀မှာ နောက်ထပ် ရွေးကောက်ပွဲရှိသေးတယ်ဆိုတဲ့ မျှော်လင့်ချက်ကို ရှင်သန်ချင်ကြတယ်။
(၂၀၀၈ အခြေခံဥပဒေအရ အစိုးရနဲ့ လွှတ်တော်ရဲ့ သက်တမ်းဟာ ငါးနှစ်တစ်ကြိမ်ဖြစ်တာမို့ ငါးနှစ်တစ်ကြိမ်တိုင်းမှာ ရွေးကောက်ပွဲတွေရှိနေပြီး ပြည်သူလူထုလိုလားတဲ့ အစိုးရဆိုတာတွေကို စိတ်ကြိုက်ရွေးချယ်ခွင့်ရှိတယ်ဆိုတဲ့ မျှော်လင့်ချက်ကို ပြည်သူတိုင်းက အာမခံချက်ရှိရှိနဲ့ ယုံကြည်ချင်ကြတာဖြစ်ပါတယ်။)

၇။ ပိုကောင်းတဲ့ အစိုးရတစ်ရပ်ကို လိုချင်ကြတယ်။
(လူသားတွေဟာ မျောက်ကနေ လူဖြစ်လာတယ်လို့ ဒါဝင်က ဆိုပါတယ်။ တစ်ဆင့်ချင်း တိုးတက်ဖွံ့ဖြိုးလာတဲ့ သဘောလို့ ရှင်းပြပါတယ်။ လူဖြစ်လာတော့လည်း ကျောက်ခေတ်လူကနေ ကြေးခေတ် သံခေတ် အဆင့်ဆင့် တိုးတက်လာတယ်။ လူနေမှုစနစ်တွေ ဖွံ့ဖြိုးပြောင်းလဲလာတယ်။ ဝတ်တာစားတာ သုံးတာတွေ တီထွင် ဆန်းသစ်လာတယ်။ လူတွေဟာ အမြဲတမ်း ပိုကောင်းတာတွေဖြစ်လာဖို့ပဲ ကြိုးစားနေကြတယ်။ ရှာဖွေဆန်းသစ်မှုတိုင်းဟာ အခုထက် ပိုကောင်းတာ တစ်ခုဖြစ်လာဖို့ ရည်ရွယ်ကြတယ်။ ဒါကြောင့် အစိုးရဆိုတာကိုလည်း အရင်အစိုးရထက် ပိုကောင်းတဲ့အစိုးရကိုပဲ လူထုက လိုချင်ကြတယ်။)

ဒီအချက်တွေဟာ ရွေးကောက်ပွဲကနေ သာမန်ပြည်သူတွေ (မဲပေးခွင့်ရှိတဲ့ မဲဆန္ဒရှင်တွေရော၊ မဲပေးဖို့ အသက်မပြည့်သေးသူတွေရော၊ မဲပေးခွင့်မရှိပေမယ့် ဒီနိုင်ငံထဲမှာ နေထိုင်သူတွေရော) လိုချင်ကြတဲ့ အချက်တွေဖြစ်ပါတယ်။

ကိုယ်လိုချင်တာတွေကို ကိုယ့်ဖာသာရှင်းရှင်းလင်းလင်း သိရှိနားလည်ပြီဆိုရင်တော့ အဲဒီ လိုချင်တာတွေဖြစ်စေဖို့ ဘာတွေကို ကြည့်ရမယ်ဆိုတာ ဆက်စဉ်းစားသင့်ပါတယ်။

ရွေးကောက်ပွဲမှာ မဲပေးဖို့အတွက် ဘာကို ကြည့်ကြမလဲ။ ပါတီကိုလည်း ကြည့်ရမယ်။ ပါတီရဲ့ မူဝါဒကိုလည်း ကြည့်ရမယ်။ ပါတီက ရွေးချယ်လိုက်တဲ့ လူကိုလည်းကြည့်ရပါမယ်။ ဒီသုံးခုက အစဉ်လိုက် ကြည့်ရမှာဖြစ်ပါတယ်။

၁။ ပထမဦးစားပေးက ပါတီကို ကြည့်ရမယ်။ ဒီပါတီရဲ့ သမိုင်းကို ကြည့်ရမယ်။ ဒီပါတီရဲ့ ဆောင်ရွက်မှုတွေကို ကြည့်ရမယ်။ ပါတီတစ်ရပ်ဟာ ပြည်သူထဲက ပြည်သူတွေကပဲ ရည်ရွယ်ချက်ကောင်းနဲ့ ကိုယ့်ဖာသာ စုစည်းတည်ထောင်ထားတာ ဖြစ်ရမယ်။ တစ်စုံတစ်ယောက်က အမိန့်နဲ့ ဖွဲ့စည်းပေးထားတာမျိုး မဖြစ်ရဘူး။ အမိန့်ပေးသူရှိရင် အမိန့်ဆိုတာရယ် အမိန့်နာခံရခြင်းရယ် ရှိတယ်။ ပြည်သူ့အကျိုးနဲ့ အမိန့်ပေးသူရဲ့ အမိန့်ကို နာခံရခြင်းနဲ့ဟာ တိုက်ရိုက်အချိုးကျချင်မှ ကျမယ်။ ပြည်သူတွေ အကျိုးရှိဖို့အတွက်ဆိုရင် အမိန့်ပေးသူရဲ့ အမိန့်ကို လိုက်နာစရာမလိုတဲ့ ပါတီမျိုးကို ရွေးချယ်ကြရပါမယ်။

၂။ ပါတီရဲ့ မူဝါဒဆိုတာမှာ စာရွက်ပေါ်ရေးထားတဲ့ မူဝါဒမျိုးကို ဖတ်ကြည့်ရုံနဲ့ မလုံလောက်ပါ။ စာရွက်ပေါ်မှာ ရေးထားတာနဲ့ သူတို့လက်တွေ့အကောင်အထည်ဖော်နေတာတွေ ကိုက်ညီရဲ့လား စဉ်းစားကြရမှာဖြစ်ပါတယ်။ မူဝါဒစာအုပ်ထဲမှာတော့ ပြည်သူတွေ အကျိုးကို သယ်ပိုးဆောင်ရွက်ပါမယ်လို့ ပြောထားမယ်။ လက်တွေ့မှာတော့ ပြည်သူတွေဟာ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲဖြစ်နေကြရမယ်ဆိုရင် ဒီပါတီဟာ သူ့မူဝါဒကို သူ့ဖာသာတောင် မလေးစားဘူးလို့ ပြောရပါမယ်။ ပါတီတစ်ခုရဲ့ လက်တွေ့ကျင့်သုံးနေတဲ့ မူဝါဒဟာ နိုင်ငံသားအများစု အကျိုးရှိဖို့အတွက်ပဲ ဖြစ်ရပါမယ်။ လူတစ်ဦးတစ်ယောက် ဒါမှမဟုတ် တစ်စုတစ်ဖွဲ့ကိုသာ ချမ်းသာပါစေ၊ လိုရာပြည့်ပါစေ၊ ထင်တိုင်းလုပ်နိုင်ပါစေဆိုပြီး အကောင်အထည်ဖော် ဆောင်ရွက်နေတာဆိုရင် အဲဒီလိုပါတီမျိုးကို မရွေးချယ်သင့်ဘူး။

၃။ နောက်ဆုံးအဆင့်က လူကို ကြည့်ရမယ်။ လူကိုကြည့်တဲ့အခါမှာ နှစ်ပိုင်းခွဲကြည့်ရမယ်။ ခေါင်းဆောင်ကိုကြည့်ရမယ်။ နောက်လိုက်တွေကို ကြည့်ရမယ်။ ခေါင်းဆောင်က ပြည်သူတွေကို နှိပ်စက်လိုသူလား။ နှိပ်စက်ခဲ့ဖူးသလား။ ဒီခေါင်းဆောင်ရဲ့ ဦးဆောင်မှုနောက်မှာ တိုင်းပြည်ဟာ ပိုဆင်းရဲခဲ့သလား။ ပိုချမ်းသာလာသလား။ ဒီခေါင်းဆောင်က သူ့ရဲ့ ပြည်သူပေါ်ထားတဲ့ သဘောထားကို ပြောင်းလဲဖို့ ဆန္ဒရှိရဲ့လား။ ဒီခေါင်းဆောင်မှာ မကောင်းတဲ့ အလေ့အထ အပြုအမူတွေရှိခဲ့ဖူးရင် အဲဒါတွေကို အခုထိ ဆက်လက်စွဲကိုင် ကျင့်သုံးနေတုန်းပဲလား။ အမှန်တကယ် ပြောင်းလဲပြီလား။ ပါတီရဲ့ ခေါင်းဆောင်ဟာ နိုင်ငံတကာမှာရော ဂုဏ်ပြောင်သူဖြစ်ရဲ့လား။ နိုင်ငံတကာမှာ ဂုဏ်မပြောင်တောင် ပြည်တွင်းမှာ အများက ကြည်ညိုရတဲ့ ဂုဏ်ပုဒ်ရှိသူ ဟုတ်ရဲ့လား။ ပြီးရင်တော့ ဒီခေါင်းဆောင်နောက်က လိုက်မယ့် နောက်လိုက်တွေကို ကြည့်ရမယ်။ နောက်လိုက်တွေဟာ ကိုယ်ပိုင်အသံရှိရဲ့လား။ မကျေနပ်ရင် မတရားဘူးထင်ရင် ပြောရဲဆိုရဲတဲ့လူတွေလား။ တစ်သွေးတစ်သံ တစ်မိန့်နဲ့ မှားနေလည်း အမှားအတိုင်း ဆက်သွားမယ်ဆိုတဲ့ လူတွေလား။ ကိုယ့်အသံတောင် မထွက်ရဲဘဲ ငြိမ်ကုပ်နေတတ်တဲ့ လူတွေလား။ ပြည်သူအပေါ် မတရားပြုမူတာ တစ်ခုခုကိုတွေ့ခဲ့ရင် မတရားဘူးလို့ ပြောဖို့နေနေသောသာ အလိုအတူအလိုပါနဲ့ ခေါင်းဆောင်ခိုင်းတဲ့အတိုင်း နှိပ်စက်ကလူပြုမယ့်သူတွေလား။ ပြည်သူ့အကျိုးကို တကယ်လိုလားကြတာလား။ ခိုင်းလို့ ပါတီဝင်ကြ၊ ရွေးကောက်ပွဲဝင်ကြတာလား။ ပြည်သူကို အကျိုးပြုဖို့ ရာခိုင်နှုန်းများတဲ့ ပါတီခေါင်းဆောင်နဲ့ ပါတီနောက်လိုက်တွေကို ကြည့်ပြီး ရွေးချယ်ကြရပါမယ်။

ရွေးကောက်ပွဲမှာ မဲပေးတယ်ဆိုတာ ကိုယ့်မြို့နယ်မှာ ဘယ်ပါတီက ဘယ်သူပြိုင်တယ်ဆိုတာလောက်ကို ကြည့်ပြီး မဲထည့်လို့မရပါဘူး။ ကိုယ့်မြို့နယ်က မဲပေးလိုက်တဲ့ ကိုယ်စားလှယ်ဟာ လွှတ်တော်ထဲရောက်ရင် ပထမဦးဆုံး ဘယ်လိုအစိုးရအဖွဲ့ကို ဖွဲ့ပေးမယ့် သမ္မတလောင်းကို မဲပေးမယ့်သူလည်းက အရင်စပြီး စစ်ဆေးရပါမယ်။ ပြည်သူကို မထေမဲ့မြင်ပြုမယ့်၊ ပြည်သူ့အကျိုးထက် ကိုယ်ကျိုးစီးပွားကိုသာ ဦးစားပေးမယ့်၊ ပြည်သူကို နှိပ်စက်ကလူပြုမယ့် အစိုးရအဖွဲ့မျိုးကို ဦးဆောင်ဖွဲ့စည်းမယ့် သမ္မတလောင်းကို ရွေးချယ်မယ့်သူမျိုးဆိုရင် အမျိုးအရင်းကြီဖြစ်နေရင်တောင် မဲမပေးသင့်ပါဘူး။ ကိုယ့်အမျိုးထဲက တစ်ယောက် လွှတ်တော်ကိုယ်စားလှယ်ဖြစ်လို့ ဂုဏ်ယူရမှာက နည်းနည်း၊ ကိုယ့်ကို သူရွေးလိုက်တဲ့ မဟုတ်မဟတ် သမ္မတနဲ့ အပေါင်းအပါ လူဆိုးလူကြမ်းဝန်ကြီးတွေပါမယ့် အစိုးရအဖွဲ့က နှိပ်စက်မှာက များများဖြစ်နေလို့ပါ။

ကိုယ်ပိုင်အသိဥာဏ်နဲ့ ရေရှည်ကို မျှော်တွေးပြီး ဆုံးဖြတ်ကြရမှာဖြစ်ပါတယ်။

ကျွန်တော်တို့နိုင်ငံဟာ သူများနိုင်ငံတွေနောက်မှာ နောက်ကောက်ကျ ကျန်ခဲ့တယ်။ ကျွန်တော်တို့နိုင်ငံဟာ ဆင်းရဲတဲ့နိုင်ငံအဖြစ် ရပ်တည်နေရတယ်။ ကျွန်တော်တို့နိုင်ငံမှာ အလုပ်အကိုင်အခွင့်အလမ်းတွေနည်းလို့ သူများနိုင်ငံတွေမှာ ရရာအလုပ်ကို တရားဝင်ရော တရားမဝင်ရော နိုင်ငံသားတွေ မျက်နှာအောက်ချပြီး သွားလုပ်နေကြရတယ်။

အာဆီယံအဆင့်သာမဟုတ်ဘူး။ အာရှအဆင့်မှာပါ နိုင်ငံကြီးတစ်နိုင်ငံဖြစ်ဖို့ အခွင့်အလမ်းတွေ ရခဲ့ဖူးပေမယ့် ကျဆုံးခဲ့ရတဲ့ ကျွန်တော်တို့ရဲ့ အမိမြန်မာနိုင်ငံတော်ကြီးဟာ ရောက်ရှိသင့်တဲ့အဆင့်ကို ပြန်ရောက်ဖို့ သင့်ပါပြီ။

ကျွန်တော်တို့တွေနေထိုင်တဲ့
ကျွန်တော်တို့ရဲ့ အမိမြန်မာနိုင်ငံတော်ကြီးဟာ…

ပြောင်းလဲဖို့ အချိန်တန်ပါပြီ။

အားလုံးက မေးနေကြပြီ ဦးခင်ရီ

132722716_31n

၂၀၁၄ ခုနှစ် သြဂုတ် ၃၀ ရက်က မြန်မာနိုင်ငံရဲ့ ရှေ့ပြေးလူဦးရေစာရင်းဟာ ၅၁၄၁၉၄၂၀ ဦးရှိတယ်လို့ ထုတ်ပြန်ခဲ့ပြီးတဲ့နောက်မှာတော့ ပြည်သူတွေကြားထဲမှာ သံသယဂယက် ရိုက်သွားခဲ့တယ်။

၂၀၀၈ မှာ မြန်မာနိုင်ငံရဲ့ လူဦးရေဟာ ၅၈ သန်းနီးပါးရှိတယ်။ ၂၀၁၀ မှာ မြန်မာနိုင်ငံရဲ့ လူဦးရေသည် အနီးစပ်ဆုံး ၅၉ သန်းဝန်းကျင်ရှိတယ်လို့ နိုင်ငံတော်က ထုတ်ပြန်ထားပါတယ်။

ဒီစာရင်းအရဆိုရင် လေးနှစ်လောက်အတွင်းမှာ လူဦးရေရှစ်သန်းလောက် ပျောက်သွားတဲ့သဘောပါ။ တစ်နှစ် လူဦးရေနှစ်သန်းနှုန်း လျော့ကျသွားသလို ဖြစ်နေပါပြီ။

အဲဒီအတွက်လည်း ပြည်သူတွေကြားမှာ မေးခွန်းတွေမြောက်မြားစွာ ပေါ်ထွက်လာတာဖြစ်ပါတယ်။ နှစ်စဉ် ပြည်ပထွက်တဲ့ လူဦးရေ သန်းနဲ့ချီလို့လား၊ ၂၀၁၀ တုန်းက ထုတ်ပြန်ခဲ့တာ အမှားကြီးလား၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကြီးကို ထောက်ခံခဲ့တဲ့ လူဦးရေစာရင်းက အတုကြီးလား၊ ဒါမှမဟုတ် အခု ထုတ်ပြန်တဲ့စာရင်းက မှားယွင်းနေတာလားဆိုတဲ့ မေးခွန်းပေါင်းများစွာ ထွက်လာခဲ့ပါတယ်။

ဒီနေ့ခေတ်မှာတော့ ဘယ်ကရောက်လာမှန်းမသိတဲ့ ဒေါသထွက်နေတဲ့ လူအုပ်ကြီးက ရောက်ရောက်လာတတ်သလိုပဲ ၂၀၁၀ တုန်းကလည်း ဘယ်ကရောက်လာမှန်းမသိတဲ့ ကြိုတင်မဲထုပ်ကြီးတွေနဲ့ အသည်းကြားကမဲပြားတွေ ဖုံးအုပ်ခံခဲ့ရတာ ရှိခဲ့လေတော့ ပြည်သူတွေ မေးမယ်ဆို မေးလောက်ပါတယ်။

လူဦးရေစာရင်းဆိုတာ လာမယ့်ရွေးကောက်ပွဲတွေအတွက် အင်မတန်အရေးကြီးတဲ့ အခြေခံစာရင်းပါ။

ထုတ်ပြန်တဲ့ စာရင်းအပေါ် ဝေဖန်မှုတွေ မြင့်တက်လာနေတဲ့ အချိန်မှာပဲ စက်တင်ဘာ ၇ ရက်မှာ ကြားဖြတ်ရွေးကောက်ပွဲ မလုပ်တော့ဘူးလို့ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ကြေညာလိုက်ခဲ့တဲ့အတွက်လည်း မေးခွန်းတွေက ပိုမေးလာခဲ့ပြန်ပါတယ်။

၂၀၁၄ ခုနှစ် သြဂုတ် ၃၀ ရက်က မြန်မာနိုင်ငံ ရှေ့ပြေးလူဦးရေစာရင်းအရ ၅၁ သန်းကျော်ရှိတယ်လို့ ထုတ်ပြန်ခဲ့တာက လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီဖြစ်ပါတယ်။

ပြည်ထောင်စုဝန်ကြီး ဦးခင်ရီလို့ ဆိုလိုက်တာနဲ့ အရင်ရဲချုပ်တာဝန် ယူခဲ့စဉ်က ဗုံးပေါက်ကွဲမှုတွေ၊ ငါးလောင်းပြိုင်လူသတ်မှုလို အမှုကြီးတွေအတွက် သတင်းစာရှင်းလင်းပွဲတွေမှာ ပြောကြားရှင်းလင်းခဲ့မှုတွေနဲ့ တကယ်လက်တွေ့လုပ် မပြနိုင်သေးတာတွေနဲ့တွဲမြင်ပြီး အခုသန်းခေါင်းစာရင်း ထုတ်ပြန်တဲ့အပေါ်မှာလည်း အရင်လိုမဖြစ်အောင် မေးကြမြန်းကြ ထောက်ပြကြရတာလို့ ဆိုလာခဲ့ကြပါတယ်။

ဗုံးသုံးလုံးပေါက်ကွဲမှုနဲ့ ရဲချုပ်ရှင်းတမ်း

၂၀၀၅ ခုနှစ် မေ ၇ ရက်က ရန်ကုန်ကုန်သွယ်မှုဗဟိုဌာန၊ Junction 8 စင်တာ၊ ဒဂုံစင်တာ စတဲ့သုံးနေရာမှာ ငါးမိနစ်စီခြားပြီး ဗုံးသုံးလုံး ထပ်ဆင့်ပေါက်ကွဲခဲ့ပါတယ်။

လူပေါင်း ၁၉ ယောက်သေဆုံးပြီး လူပေါင်း ၁၅၀ နဲ့အထက် ဒဏ်ရာရာခဲ့တဲ့ ဗုံးသုံးလုံးပေါက်ကွဲမှုအတွက် မေ ၁၆ ရက်မှာ ပြန်ကြားရေးဝန်ကြီးဦးကျော်ဆန်း၊ ဘဏ္ဍာ/အခွန်၊ ပြည်ထဲရေး၊ ကျန်းမာရေး စသည်ဖြင့် ၀န်ကြီးဌာနအတော်များများက ၀န်ကြီးတွေဦးဆောင်ပြီး သတင်းစာရှင်းလင်းပွဲ လုပ်ပါတယ်။ အဲဒီရှင်းလင်းပွဲမှာ ရဲချုပ်ဗိုလ်မှူးချုပ်ခင်ရီလည်း ပါဝင်ခဲ့ပါတယ်။

ရှင်းလင်းပွဲကို ခြုံကြည့်ရင် ယွက်ဆစ်ဦးစီး SSA, KNU, KNPP, NCUB, NCGUB, ABSDF အဖွဲ့တွေနဲ့ အပေါင်းအပါတွေက လုပ်တာဖြစ်တယ်ဆိုပြီး ဖောက်ခွဲဖို့သင်တန်းပေးသူတွေ၊ ကြီးကြပ်သူတွေ၊ သင်တန်းတက်သူတွေကို နာမည်နဲ့တကွ ရှင်းလင်းခဲ့ကြတယ်။ အဲဒီအထဲမှာ ဖောက်ခွဲရေးသင်တန်းပို့ချတယ်၊ အဲဒီအဖွဲ့ကို အနီးကပ်ကြီးကြပ်သူတွေကိုပါ နာမည်နဲ့တကွ ထုတ်ပြန်ရှင်းလင်းခဲ့ကြပါတယ်။

ဒါပေမဲ့ အဲဒီအမည်တွေထဲမှာ ပါတဲ့သူတချို့ဟာ အခုမြန်မာနိုင်ငံထဲမှာပဲ အေးရာအေးကြောင်း နေထိုင်လုပ်ကိုင်နေကြတာတွေ့ရတော့ တိုင်းသိပြည်သိ ကမ္ဘာသိ ရှင်းခဲ့လင်းခဲ့ ထုတ်ပြန်ခဲ့တာတွေက အမှားကြီးထုတ်ပြန်ခဲ့တာလား၊ မမှားဘူးဆိုရင်ရော ဘာကြောင့်လဲဆိုပြီး အားလုံးက သတိတရနဲ့ ပြန်မေးနေကြပြီ ဦးခင်ရီခင်ဗျာ။

ငါးလောင်းပြိုင်နဲ့ ရဲချုပ်ရှင်းတမ်း

၂၀၀၈ ခုနှစ် မတ် ၃ ရက်က တက္ကသိုလ်ရိပ်သာလမ်း စိမ်းလဲ့ကန်သာလမ်းသွယ်မှာ ငါးလောင်းပြိုင်လူသတ်မှုဖြစ်ပွားခဲ့ပြီး ပြည်သူတွေကြားမှာလည်း ဟိုးလေးတစ်ကျော် ဖြစ်သွားခဲ့တယ်။

အဲဒီ နာမည်ကျော်မှုခင်းကြီးနဲ့ ပတ်သက်ပြီး ၂၀၀၈ ခုနှစ် ဇွန် ၂၆ ရက်က နေပြည်တော်မှာကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမ၀င်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားအပြီးမှာ ပြည်တွင်းပြည်ပ သတင်းစာဆရာများနှင့် တွေ့ဆုံမေးမြန်းရာမှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်ဗိုလ်မှူးချုပ်ခင်ရီက ရှင်းလင်းခဲ့ပါတယ်။

ရဲချုပ်က “ငါးလောင်းပြိုင်လူသတ်မှုကိုလည်း ကျွန်တော်တို့ တိုက်ရိုက်နေ့စဉ် ကိုင်တွယ်ဆောင်ရွက်နေပါတယ်။ အမှုတိုးတက်မှုတွေလည်း ရှိပါတယ်။ မှန်းပေးတာတွေလည်း ရှိပါတယ်။ မှန်းထားတာတွေလည်း ရှိပါတယ်။ မှန်းထားတယ်ဆိုတာလည်း အရမ်းမှန်းထားတာ မဟုတ်ပါဘူး။ ထွက်ချက်တွေအရ အချက်အလက်တွေစုထားတာ ရှိပါတယ်” လို့ ပြောကြားခဲ့တာပါ။

၂၀၁၅ မေလကျမှ နောက်ဆုံးထုတ်ပြန်မှာဆိုတဲ့အတွက် အဲဒီအချိန်ကျရင်တော့ ပျောက်နေတဲ့ လူဦးရေကိုးသန်း ပြန်ရှာတွေ့နိုင်ပါစေ။ ၂၀၁၀ တုန်းက ဘာမှန်းမသိပဲရောက်လာတဲ့ ကြိုတင်မဲထုပ်ကြီးတွေနဲ့ ပြည်သူတွေရဲ့အသည်းကြားက မဲပြားတွေ ဖုံးအုပ်ခံခဲ့ရပြီးပါပြီ . . . . .

ရဲချုပ်ကထပ်ပြီးတော့ “အဲဒါက On-going Case ပါ။ လမ်းကြောင်းတွေဖွင့် ဆောင်ရွက်နေပါတယ်။ နီးပြီလို့ပဲ ပြောပါရစေ။ စစ်ချက်အများကြီး လုပ်နေတယ်။ လုပ်လည်း လုပ်ထားပြီးပြီ။ သို့သော်လည်း သက်သေနဲ့ တရားစွဲဖို့ကိစ္စတွေ ကြန့်ကြာနေတာပါ။ နေ့စဉ်နဲ့အမျှ ဆောင်ရွက်နေပါတယ်။ မူးယစ်ဆေးဝါးအမှုနဲ့ပဲ ပတ်သက်မလား၊ လောင်းကစားအမှုနဲ့ပဲ ပတ်သက်မလား။ ကျောက်သံပတ္တမြားနဲ့ပဲ ပတ်သက်မလား။ မိသားစုအမွေကိစ္စနဲ့ပဲ ပတ်သက်မလား။ နည်းလမ်းပေါင်းစုံနဲ့ ဆောင်ရွက်နေပါတယ်။ ပေါ်တဲ့လမ်းကြောင်းတွေလည်း ရှိပါတယ်။ တကယ်လို့ ဒီကိစ္စအပြင်ကို သတင်းပေါက်သွားရင် တရားခံအစစ်က ငုပ်သွားမှာလည်း စိုးတယ်” လို့လည်း ရှင်းလင်းပြောကြားခဲ့ပါသေးတယ်။

အဲဒီကတည်းက နီးပြီလို့ပြောခဲ့ပေမယ့် ယခုအချိန်အထိ ခြောက်နှစ်ကျော်ကြာသည့်တိုင် ငါးလောင်းပြိုင်လူသတ်မှုမှာ မပေါ်ပေါက်သေးတာကရော ဘာကြောင့်လဲ၊ အားလုံးက သတိတရနဲ့ မေးနေကြပြန်ပြီ ဦးခင်ရီခင်ဗျာ။

ရွှေပြည်သာဗုံးကွဲမှုနဲ့ ရဲချုပ်ရှင်းတမ်း

၂၀၀၈ ခုနှစ် ဇူလိုင် ၁ ရက်က ရွှေပြည်သာမြို့နယ် အမှတ် (၆) ရပ်ကွက်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း ရုံးအောက်ထပ် ရုံးခန်းအ၀င်အ၀မှာ ဗုံးပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။

အဲဒီ ရွှေပြည်သာဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်ပြီးတော့ ၂၀၀၈ ခုနှစ် စက်တင်ဘာ ၇ ရက်မှာ သတင်းစာရှင်းလင်းပွဲလုပ်ခဲ့ပြီး ရဲချုပ်ဗိုလ်မှူးချုပ်ခင်ရီက ရှင်းလင်းပြောကြားမှုတွေ လုပ်ခဲ့ပါတယ်။

ဖမ်းဆီးရမိတဲ့အကြောင်း၊ ဖမ်းဆီးရမိသူတွေကို စစ်ဆေးခဲ့ပြီး သိရှိရတာတွေ၊ ဖမ်းဆီးရမိသူတွေနဲ့ သူတို့နဲ့ဆက်စပ်ပတ်သက်တဲ့ အဖွဲ့တွေအကြောင်းကိုလည်း အမည်နာမနဲ့တကွ ဖော်ထုတ်ရှင်းလင်းခဲ့ပါတယ်။

ဖမ်းမိတဲ့သူတွေကို စစ်ဆေးချက်အရ ပြည်တွင်း/ပြည်ပ ချိတ်ဆက်ပြီး ပြည်ဖျက်စီမံကိန်းဆောင်ရွက်နေတဲ့ အဖွဲ့အစည်းဝင်အချို့ကိုပါ ထပ်မံဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့တယ်။ အဲဒီအဖွဲ့က NGD ခေါ် မျိုးဆက်သစ် မဟာမိတ်များအဖွဲ့ ဖြစ်တယ်ဆိုတဲ့ အကြောင်းကိုလည်း ပြောကြားရှင်းလင်းခဲ့ပါတယ်။

အဲဒီ NGD အဖွဲ့ကို ဘယ်သူတွေရဲ့ ကူညီပံ့ပိုးမှုနဲ့ ဖွဲ့တယ်ဆိုတာကိုပါ အတိအကျ ဖော်ပြခဲ့တာပါ။ ဥပမာ-အဲဒီအဖွဲ့ကို ကူညီထောက်ပံ့တဲ့အထဲမှာ ပြည်သစ်ညွှန့်ဝေ၊ မိုးသီးဇွန်တို့ပါတယ်။ သူတို့ ပံ့ပိုးမှုနဲ့ ဖွဲ့စည်းခဲ့တာလို့ ပြောထားခဲ့တယ်။

ဖော်ပြခံရတဲ့သူတွေဟာ ပြည်တွင်းကိုလည်း ပြန်ဝင်ခွင့်ရခဲ့တာ တွေ့ရတော့ အဲဒီတုန်းက ရှင်းလင်းခဲ့တာက မမှန်ခဲ့တာလား၊ ဒါမှမဟုတ် ဘာကြောင့်လဲဆိုတာကိုလည်း အားလုံးက မေးနေကြပြီ ဦးခင်ရီခင်ဗျာ။

X2O မဏ္ဍပ်ဗုံးကွဲမှုနဲ့ ရဲချုပ်ရှင်းတမ်း

၂၀၁၀ ပြည့်နှစ် ဧပြီ ၁၅ ရက် X2O သင်္ကြန်မဏ္ဍပ်ရှေ့မှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ၁၀ ဦးသေ ၁၆၈ ဦး ဒဏ်ရာရခဲ့ပါတယ်။

ဒီအမှုနဲ့ပတ်သက်လို့ ၂၀၁၀ ပြည့်နှစ် မေ ၆ ရက်မှာ သတင်းစာရှင်းလင်းပွဲလုပ်ခဲ့ပြီး ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီကပဲ ရှင်းလင်းပြောကြားခဲ့ပါသေးတယ်။

ရဲချုပ်က ကျူးလွန်သူတွေရဲ့ အမည်တွေကိုပါ ဖော်ထုတ်ရှင်းလင်းခဲ့ပြီး ကိုယ်တိုင်ကျူးလွန်သူတစ်ဦးကို ဖမ်းဆီးရမိပြီး နောက်ကွယ်မှ အထောက်အကူပြု ကြိုးကိုင်နေသူတွေကိုပါ ဖော်ထုတ်နိုင်ခဲ့တယ်လို့ ရှင်းလင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဖမ်းဆီးရမိသူက ကိုဖြိုးဝေအောင်ဖြစ်ပြီး နောက်ပိုင်းမှာ သေဒဏ်အထိ ချမှတ်ခံခဲ့ရသူ ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ် သြဂုတ် ၃ ရက်မှာ နိုင်ငံတော်သမ္မတ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာပေမယ့် ၂၀၁၃ ခုနှစ် ဇန်န၀ါရီ ၄ ရက်မှာ အသည်းကင်ဆာနဲ့ ကွယ်လွန်ခဲ့ရပါတယ်။
ဒါပေမဲ့ ကိုဖြိုးဝေအောင်ဟာ မတရားစွပ်စွဲခံခဲ့ရတာ ဖြစ်တဲ့အကြောင်း သူ့ရဲ့မိသားစုက တရားဝင်သတင်းစာရှင်းလင်းပွဲပြန်လုပ်ပြီး ဖြေရှင်းခဲ့ကြပါတယ်။

ဒီကိစ္စအပေါ်မှာလည်း ကိုယ်တိုင်ကျူးလွန်ခဲ့သူလို့ တိုင်းသိပြည်သိရှင်းလင်းခဲ့၊ အပြစ်ပေးခဲ့ လုပ်ခဲ့တာတွေဟာ မမှန်တာတွေဘဲလား၊ ဒါမှမဟုတ် ဘယ်လိုကြောင့်လဲဆိုတာ အားလုံးက သတိတရနဲ့ ပြန်မေးနေကြပြီ ဦးခင်ရီခင်ဗျာ။

ကြားဖြတ်ရွေးကောက်ပွဲနဲ့ သန်းခေါင်စာရင်း

လူဦးရေသန်းခေါင်စာရင်းဆိုတာ နိုင်ငံရဲ့အသက်ပါ။ သန်းခေါင်စာရင်း အနီးစပ်ဆုံးမှန်ကန်မှု၊ ဒါမှမဟုတ် အကြီးအကျယ်ကွဲလွဲမှုဟာ ရွေးကောက်ပွဲပေါ်ကို တိုက်ရိုက်ပတ်သက်နေမှာ မလွဲပါဘူး။

အခုတော့ မြန်မာနိုင်ငံရဲ့ ရှေ့ပြေးလူဦးရေစာရင်းဟာ ၅၁ သန်းကျော်လို့ ထုတ်ပြန်ပြီးတဲ့နောက်မှာ ဝေဖန်မှုတွေ မြင့်တက်လာတယ်။ နိုင်ငံတကာက တွက်ချက်ထားတာတွေရော၊ အရင်တုန်းက နိုင်ငံတော်က ထုတ်ပြန်ခဲ့တဲ့ စာရင်းတွေနဲ့ရော တော်တော်ကွာခြားကုန်တဲ့အတွက်ပါ။

သန်းခေါင်စာရင်းအပေါ် ဝေဖန်မှုတွေ မြင့်တက်နေချိန်မှာပဲ တိုက်ဆိုင်တာလား ဘာလား၊ ပတ်သက်တာလား မပတ်သက်တာလား ပြောဖို့ခက်ပေမယ့် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ကြားဖြတ်ရွေးကောက်ပွဲ မလုပ်တော့ဘူးလို့ ကြေညာလိုက်လို့ ဘာကြောင့်လဲဆိုတဲ့မေးခွန်းတွေ ထပ်ထွက်လာပြီဖြစ်တယ်။

နောက်ဆုံးအခွင့်အရေးတစ်ခုနဲ့ ဦးခင်ရီ

ဘယ်လိုပဲဖြစ်ဖြစ် သန်းခေါင်စာရင်း အနီးစပ်ဆုံး မှန်ကန်မှုဟာ တစ်နိုင်ငံလုံးအတွက် အရေးပါနေတာ ထင်ရှားပါတယ်။

ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောပါတယ်။ ဒါက ရှေ့ပြေးစာရင်းပဲဖြစ်ပြီး နိုင်ငံခြားရောက် အလုပ်လုပ်နေသူတွေ၊ ကျောင်းတက်နေသူတွေ မပါသေးဘူးလို့ ဆိုထားပါတယ်။ လ၀က ကလည်း ၂၀၁၅ မေကျမှပဲ သန်းခေါင်စာရင်း နောက်ဆုံးရလဒ်ကို ထုတ်ပြန်မှာလို့ ရှင်းလင်းထားပါတယ်။

ဒီအခွင့်အရေးလေးတစ်ခု ကျန်နေသေးတဲ့အတွက်လည်း ပြည်ထောင်စုဝန်ကြီးဦးခင်ရီကို မေးခွန်းတွေထုတ်နေကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။

၂၀၁၅ မေလကျမှ နောက်ဆုံးထုတ်ပြန်မှာဆိုတဲ့အတွက် အဲဒီအချိန်ကျရင်တော့ ပျောက်နေတဲ့ လူဦးရေကိုးသန်း ပြန်ရှာတွေ့နိုင်ပါစေ။

၂၀၁၀ တုန်းက ဘာမှန်းမသိပဲရောက်လာတဲ့ ကြိုတင်မဲထုပ်ကြီးတွေနဲ့ ပြည်သူတွေရဲ့အသည်းကြားက မဲပြားတွေ ဖုံးအုပ်ခံခဲ့ရပြီးပါပြီ။

ပြည်သူတွေအတွက် နိုင်ငံအတွက် အရေးပါဆုံးစာရင်းဖြစ်လို့ အရင်တုန်းက ရှင်းလင်းခဲ့တဲ့ ဗုံးပေါက်ကွဲမှု၊ လူသတ်မှု အမှုကြီးတွေလို ပြောခဲ့တာနဲ့ ဖြစ်လာတာ၊ ရှင်းခဲ့တာနဲ့ ဒီနေ့လက်တွေ့ဖြစ်နေတာတွေလို အကွဲကွဲ အလွဲလွဲတွေ ထပ်အဖြစ်ခံလို့မရတဲ့ စာရင်းဖြစ်လို့ ကွဲလွဲမှုထပ်မဖြစ်ဖို့ အားလုံးက မေးနေကြရတာပါ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီခင်ဗျာ။ 

မြန်မာနိုင်ငံဘဏ်လောကနှင့် အခက်အခဲများ (၂၀၁၁)

၂၀၀၃ခုနှစ် ဘဏ်များလဲပြိုမှု
===================
၁၉၆၃ခုနှစ်တွင် ပုဂ္ဂလိကဘဏ်လုပ်ငန်းများကို ပြည်သူပိုင်သိမ်းခဲ့ရာမှ ၁၉၉၂ခုနှစ်တွင် ပြန်လည်လုပ်ကိုင်ခွင့် ပြုခဲ့ပါသည်။ ပုဂ္ဂလိကဘဏ် ၂၁ ဘဏ် ဖွင့်လှစ်လုပ်ကိုင်ခဲ့သည်။ ၁၉၉၇ခုနှစ်တွင် Prime Commercial Bank ကို ငွေကြေးဆိုင်ရာ မလျော်မကန်ပြုမှုအတွက် ထိန်းချုပ်မှုပြုလုပ်ခဲ့သဖြင့် ပုဂ္ဂလိကဘဏ် ၂၀ဘဏ်သာ ကျန်ရှိသည်။

၂၀၀၀ခုနှစ်နောက်ပိုင်းတွင် ဘဏ်မဟုတ်သော ငွေရေးကြေးရေး လုပ်ငန်းတချို့ပေါ်ပေါက်ခဲ့သည်။ အကျိုးဆောင်ဟု အမည်တပ်ပြီး အများပြည်သူထံမှ ငွေစုငွေချေးပုံစံ အပ်နှံငွေလက်ခံလျက် အကျိုးအမြတ် ပြန်လည်ထုတ်ပေးသော လုပ်ငန်းများဖြစ်သည်။ အကျိုးဆောင်လုပ်ငန်းများသည် စုဆောင်းရရှိသည့် ငွေကြေးများကို စွန့်စားမှုများသလို အကျိုးအမြတ်လည်းများသည့် ရေတိုလုပ်ငန်းများနှင့် ဈေးနှုန်းတက်စ ပြုလာသော အိမ်ခြံမြေဈေးကွက်တွင် ရင်းနှီးမြှုပ်နှံခဲ့ကြသည်။ အကျိုးဆောင်လုပ်ငန်းများ အပြိုင်အဆိုင်ဖြစ်လာကြရာမှ အမြတ်ပြန်လည်ထုတ်ပေးခြင်းကို အမြင့်ဆုံး တစ်လလျှင် ၇%၊ တစ်နှစ်တွင် ၈၄% အထိ ပေးမည်ဟု ကတိပြုလျက် ငွေကြေးစုဆောင်းမှုများ ပြုလုပ်ခဲ့ကြသည်။ ၂၀၀၂ခုနှစ်နှောင်းပိုင်းတွင် ဈေးကွက်အတွင်း ဖြစ်ပေါ်လာသော အပြောင်းအလဲများကြောင့် အကျိုးဆောင်လုပ်ငန်းများတွင် ငွေကြပ်တည်းမှုဖြစ်ပေါ်ခဲ့ပြီး လုပ်ငန်းတစ်ခုပြီးတစ်ခု ဖျက်သိမ်းခဲ့ကြသည်။ အများပြည်သူသို့ ငွေပြန်ပေးမှုမပြုလုပ်ဘဲ တစ်ဖက်သတ် ဖျက်သိမ်းမှုများ ပြုလုပ်ခဲ့သဖြင့် အများပြည်သူသည် ငွေရေးကြေးရေးလုပ်ငန်းများအပေါ် ယုံကြည်မှု ပျက်ယွင်းလာခဲ့သည်။ ယင်းအချိန်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ သုံးသပ်ချက်စာတမ်းတစ်စောင် ရေးသားခဲ့ပြီး အကျိုးဆောင်လုပ်ငန်းများ ပြိုလဲမှုသည် ဘဏ်လုပ်ငန်းများသို့ ကူးစက်နိုင်သဖြင့် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်သင့်ကြောင်း ၀န်ကြီးဌာနမှ တဆင့် အစိုးရအဖွဲ့သို့ တင်ပြခဲ့သည်။ ၄င်းစာတမ်းသည် နိုင်ငံ၏ နံပါတ်၃ အဆင့်အထိသာ ရောက်ရှိခဲ့ပြီး အထက်သို့ ဆက်လက်တင်ပြရန် ငြင်းဆိုခံခဲ့ရသဖြင့် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ခွင့် မရခဲ့ပါ။

၂၀၀၃ခုနှစ်တွင်ဘဏ်များ၌ ငွေအပ်နှံထားသူများအကြား ကောလဟာလဖြစ်ပေါ်ရာမှ အလုံးအရင်းဖြင့် ငွေပြန်ထုတ်ခြင်းများ နေ့စဉ်ရက်ဆက်ဖြစ်ပေါ်လာခဲ့သည်။ ပုဂ္ဂလိကဘဏ်များမှ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ အကူအညီတောင်းခံခဲ့သည်။ အစိုးရအဖွဲ့မှ တာဝန်ရှိသူများကလည်း ၄င်းကိစ္စကို ကိုင်တွယ်ဖြေရှင်းရန် ကြိုးစားခဲ့ကြသည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် အစိုးရငွေတိုက်စာချုပ်အပေါင်ခံခြင်း၊ မြေပိုင်ဆိုင်မှုအပေါင်ခံခြင်းများ ပြုလုပ်ခြင်းနည်းဖြင့် ဖြေရှင်းပေးခဲ့သည်။ အစိုးရအဖွဲ့မှ တာဝန်ရှိသူ ဦးဆောင်သည့် အဖွဲ့မှလည်း ဘဏ်များမှ ချေးငွေယူထားသည့် စီးပွားရေးလုပ်ငန်းရှင်များထဲမှ နိုင်ငံတော်စီမံကိန်း ဆောင်ရွက်နေသူများကို ၄င်းလုပ်ငန်းအတွက် ကြိုတင်ငွေပေးချေမှုများ ပြုလုပ်ခဲ့ပြီး ဘဏ်များသို့ အကြွေးပြန်ဆပ်ရန် တိုက်တွန်းခဲ့သည်။ မဆပ်မနေရပုံစံမဟုတ်သဖြင့် ချက်ချင်းပေးဆပ်ခြင်းမပြုသူများ ရှိခဲ့သည်။

မြန်မာနိုင်ငံဘဏ်များအသင်းကလည်း အများပြည်သူသို့ ငွေထုတ်ပေးခြင်းကို အကန့်အသတ်ဖြင့် ထုတ်ပေးရန် ဆုံးဖြတ်ဆောင်ရွက်စေခဲ့သည်။ ယင်းအတွက် ဘဏ်များကို ယုံကြည်မှု ပိုမိုမဲ့လာခဲ့သည်။ ယင်းအချိန်တွင် အမေရိကန်ပြည်ထောင်စု၊ ဘဏ္ဍာရေးဝန်ကြီးဌာနမှ အာရှဓနဘဏ် နှင့် မြန်မာမေဖလားဝါးဘဏ်များအား တရားမ၀င်ငွေကြေးများနှင့် ပတ်သက်မှုရှိကြောင်း ထုတ်ပြန်မှုထွက်လာခဲ့ပြီး၊ မြန်မာနိုင်ငံ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနမှ ၄င်းဘဏ်နှစ်ခုကို ဘဏ်လုပ်ငန်းဆက်လက်လုပ်ဆောင်ခြင်း မပြုစေဘဲ စစ်ဆေးရေးအဖွဲ့ဖြင့် စစ်ဆေးခဲ့သည်။ ယင်းနောက် ၄င်းဘဏ်နှစ်ခုကို ဘဏ်လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင် ရုတ်သိမ်းခဲ့သည်။
၂၀၀၃ခုနှစ် ဘဏ်များအရေးအခင်းအပေါ်တွင် အမြင်နှစ်မျိုး ရှိခဲ့ပါသည်။ ပထမအမြင်မှာ ဘဏ်များသည် စည်းမျဉ်းစည်းကမ်းများကို အတိအကျ လိုက်နာမှုမရှိဘဲ သာမန်စီးပွားရေးလုပ်ငန်းများ ကဲ့သို့ အကျိုးအမြတ်ကိုသာ ကြည့်ပြီးဆောင်ရွက်ခဲ့ကြသဖြင့် ခိုင်မာမှုမရှိဘဲ ပြိုလဲခဲ့ရသည်ဆိုသော အမြင်ဖြစ်သည်။ ဒုတိယအမြင်မှာ သက်ဆိုင်ရာမှဖြေရှင်းမှုပုံစံအားနည်းခြင်း၊ ကြိုတင်ပြင်ဆင်မှုနည်းခြင်းနှင့် ဗဟိုဘဏ်၏ ဘဏ်များအားကျောထောက်နောက်ခံ ပေးမှုမရှိခြင်းတို့ကြောင့်သာ ဘဏ်များပြိုလဲခဲ့ရသည် ဆိုသော အမြင်ဖြစ်သည်။ အမှန်တကယ်မှာမူ နိုင်ငံအဆင့် (Macro Level) ကိုင်တွယ်ဖြေရှင်းဖူးသည့် အတွေ့အကြုံမရှိခြင်းနှင့် ဘဏ်များကို သာမန်လုပ်ငန်းများကဲ့သို့ ရှုမြင်ကိုင်တွယ်ခဲ့သဖြင့် ဘဏ်များ ပြိုလဲခဲ့ရခြင်းဖြစ်သည်။ ယင်းနောက်တွင် ဘဏ်လုပ်ငန်းများ ပုံမှန်အခြေအနေရောက်ရန် သုံးနှစ်အချိန်ယူ၍ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ အနီးကပ်ကြီးကြပ် ဆောင်ရွက်ခဲ့ရသည်။

၂၀၀၃ခုနှစ် ဘဏ်များပြိုလဲမှု၏ အကျိုးဆက်အဖြစ် ဘဏ်များအပေါ်တွင် တင်းကြပ်သော နေ့စဉ်စောင့်ကြည့်နည်းစနစ်ကို ဗဟိုဘဏ်မှ ကျင့်သုံးခဲ့သလို၊ ၀န်ဆောင်မှု တော်တော်များများကိုလည်း ဆက်လက် လုပ်ကိုင်ရန်ခွင့်မပြုတော့ဘဲ အပ်ငွေလက်ခံခြင်း၊ ခိုင်မာသည့် မြေပိုင်ဆိုင်မှုအပေါ်တွင် ငွေထုတ်ချေးစေခြင်းနှင့် ငွေလွှဲလုပ်ငန်းများကဲ့သို့ အခြေခံဘဏ်လုပ်ငန်းများကိုသာ လုပ်ကိုင်ကြရန် ညွှန်ကြားခဲ့သည်။ မြန်မာနိုင်ငံငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေ(၁၉၉၀)တွင် မည်သို့ပင် ဆိုထားစေကာမူ များစွာသော ညွှန်ကြားချက်များကို ဗဟိုဘဏ်က လွှမ်းမိုးထုတ်ပြန်ခဲ့ပြီး ဘဏ်များ၏ လုပ်ငန်းဆောင်ရွက်မှုများကို ထိန်းချုပ်ခဲ့သည်။

၂၀၀၅ခုနှစ်တွင် မြန်မာယူနီဗာဆယ်ဘဏ်ကို တရားမ၀င်ငွေကြေးများနှင့် ပတ်သက်သည်ဟု ကြေငြာခဲ့ပြီး ဘဏ်လုပ်ငန်းလိုင်စင် ရုတ်သိမ်းခဲ့သဖြင့် ပုဂ္ဂလိကဘဏ် ၁၅ဘဏ်သာ ကျန်ရှိတော့သည်။

ဘဏ်သစ်လေးဘဏ်ပေါ်ပေါက်လာခြင်း
===========================
၂၀၁၀ခုနှစ်ဇွန်လတွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ၏ ညွှန်ကြားချက်အရ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနသည် ဘဏ်လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ကို စီးပွားရေးလုပ်ငန်းရှင် လေးဦးအား ချထားပေးမည်ဖြစ်ကြောင်း ခေါ်ယူတွေ့ဆုံပြီး၊ ဘဏ်လုပ်ငန်းလိုင်စင် လျှောက်ထားရန်အတွက် လိုအပ်သော ပြင်ဆင်မှုများကို ပြုလုပ်စေခဲ့သည်။ ဇူလိုင်လတွင် ဘဏ်လုပ်ငန်းလိုင်စင်များကို ပေးအပ်ခဲ့သည်။ သြဂုတ်လတွင် ပုဂ္ဂလိကဘဏ်သစ် လေးဘဏ်သည် နေပြည်တော်တွင် ဖွင့်လှစ်ခဲ့ပြီး၊ မြန်မာနိုင်ငံတွင် ပုဂ္ဂလိကဘဏ် ၁၉ ဘဏ် ဖြစ်လာခဲ့ပါသည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ယခင်ဘဏ်များကို ထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်းများအတိုင်း အခြေခံဘဏ်လုပ်ငန်းများကိုသာ ဘဏ်သစ်လေးဘဏ်ကို လုပ်ကိုင်စေခဲ့သည်။
အပြောင်းအလဲနှစ် ၂၀၁၁
၂၀၁၁ခုနှစ် ဧပြီလတွင် အစိုးရသစ် ပြောင်းလဲသွားသည်။ အသစ်တက်လာသော နိုင်ငံတော်အစိုးရသည် များစွာသော အပြောင်းအလဲများကို ချက်ချင်းဆောင်ရွက်ခဲ့သည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်စေရေးကို အခြေခံသော အပြောင်းအလဲများကို ဖော်ဆောင်ရန် ကဏ္ဍပေါင်းစုံအတွက် အမိန့်ကြေငြာစာများ ထုတ်ပြန်ခဲ့သည်။ ထုတ်ပြန်ချက်များတွင် နိုင်ငံတော်အစိုးရအဖွဲ့၏ စေတနာကို မြင်ရသော်လည်း အကောင်အထည်ဖော်ပေးရသည့် ဌာနဆိုင်ရာများတွင် တချို့အသင့်မဖြစ်ခြင်း၊ တချို့တာဝန်မယူခြင်းနှင့် တချို့ဟန်ပြလုပ်ပြကြခြင်းများအကျင့်ပါနေခြင်းတို့ကြောင့် အစိုးရ၏ စေတနာကို ရာနှုန်းပြည့် အကောင်အထည်ဖော်နိုင်မှု မရှိသည်ကို တွေ့ရသည်။ မည်သို့ပင်ဆိုစေ ပြောင်းလဲခြင်းက အားလုံးအတွက် ပိုကောင်းလာစေသည်ဟု သုံးသပ်ရမည်ဖြစ်သည်။

၂၀၁၁ခုနှစ်စီးပွားရေး
===============
အစိုးရမပြောင်းမီကတည်းက မြန်မာနိုင်ငံ၏ စီးပွားရေးသည် အကျဘက်သို့ ဦးတည်နေသည်။ ၂၀၀၇ခုနှစ် သံဃာအရေးအခင်းနောက်ပိုင်းတွင် ခရီးသွားလုပ်ငန်းများထိခိုက်လာခဲ့သလို၊ ၂၀၀၈ခုနှစ် နိုင်ငံတကာ ငွေကြေးအကျပ်အတည်းသည်လည်း မြန်မာနိုင်ငံသို့ သွယ်ဝိုက်သည့်နည်းဖြင့် ထိခိုက်စေခဲ့သည်။ နှစ်ရှည်လများ စီးပွားရေးပိတ်ဆို့ခံရမှုကလည်း နိုင်ငံ၏ စီးပွားရေးကို ကုစားရန် နည်းလမ်းမရှိဖြစ်စေခဲ့သည်။ ရင်းနှီးမြှုပ်နှံစရာ ဈေးကွက်များ ပျောက်ဆုံးလာခဲ့သလို နယ်စပ်ကုန်သွယ်မှုမှာလည်း နိုင်ငံရေးအခြေအနေအရ ယခင်ကထက် လျော့နည်းလာခဲ့သည်။ ဒေါ်လာငွေတန်ဖိုး ကျဆင်းလာချိန်တွင် မြန်မာငွေတန်ဖိုးကို အလိုက်သင့်လိုက်မချခဲ့သဖြင့် မြန်မာကျပ်ငွေမှာ ရှိသင့်သည်ထက် ပိုမို မာလာခဲ့သည်။ ဒေါ်လာနှင့် လဲလှယ်မှုတွင် မြန်မာကျပ်ငွေဈေးမာနေသော်လည်း မြန်မာကျပ်ငွေ၏ ပြည်တွင်းတန်ဖိုးမှာ တက်မလာသဖြင့် ကုန်ပစ္စည်း၊ လုပ်အားတို့နှင့် လဲလှယ်မှုနှုန်းမှာ တစ်စတစ်စ ပိုမိုကြီးမြင့်လာခဲ့သည်။ ယင်းအတွက် နိုင်ငံခြားပို့ကုန်များမှာ ပြည်တွင်းထုတ်လုပ်ခ မြင့်မားလာမှုနှင့် ၁၀% အခွန်ပေးဆောင်ရမှုများကြောင့် တွက်ချေကိုက်မှုမရှိဘဲ ပို့ကုန်လုပ်ငန်းများ ရပ်ဆိုင်းရသည်အထိ တစ်စတစ်စ အခြေအနေဆိုးလာခဲ့သည်။ နေပြည်တော်တည်ဆောက်ခဲ့မှုကလည်း နိုင်ငံတော်ဘဏ္ဍာကိုများစွာ ကုန်ကျစေခဲ့သည်။

ဘဏ်လုပ်ငန်းများအပေါ်ဖြေလျှော့ခြင်း
==========================
၂၀၁၁ခုနှစ်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၏ ညွှန်ကြားချက်အရ ပုဂ္ဂလိကဘဏ်များ အပေါ်တွင် တင်းကြပ်ထားသည်များကို ဖြေလျှော့မှုများ စတင်ပြုလုပ်လာခဲ့သည်။
(၁) ဘဏ်များသည် မတည်ရင်းနှီးငွေ (Paidup Capital) ၏ ၁၀ဆကိုသာ အပ်ငွေလက်ခံရမည် ဆိုခြင်းကို ရုတ်သိမ်းပေးခဲ့သည်။
(၂) ကုန်ပစ္စည်းလက်ရောက်ပေါင်(Pledge of Goods) အဖြစ် ဆန်၊ ပဲ၊ နှမ်း သုံးမျိုးကို ပြန်လည်လုပ်ကိုင်ခွင့်ပြုခဲ့သည်။
(၃) ရွှေအပေါင်(Pledge of Gold) ကို ပြန်လည်လုပ်ကိုင်ခွင့်ပြုခဲ့သည်။
(၄) အပ်ငွေစာရင်းလက်ကျန်ကိုအပေါင်ပြု၍ငွေချေးခြင်း(Lending against Lien on Balance of Deposit Account) ကို ပြန်လည်ခွင့်ပြုခဲ့သည်။
(၅) အငှားဝယ်စနစ် (Hire Purchase) ပြန်လည်လုပ်ကိုင်ခွင့်ပေးခဲ့ပါသည်။
(၆) အလိုအလျှောက်ငွေထုတ်စက် (ATM) များကို ပြန်လည်စမ်းသပ်သုံးစွဲခွင့်ပြုခဲ့သည်။
(၇) ငွေစက္ကူအစား ပလတ်စတစ်ကတ်များအသုံးပြုနိုင်ရန် (Debit Card) စနစ်ကို စမ်းသပ်သုံးစွဲခွင့် ပြုခဲ့သည်။
(၈) ငွေပေးချေမှုအဖြစ် POS (Point of Sale) စနစ်ကိုလည်း စမ်းသပ်ခွင့်ပြုခဲ့သည်။
(၉) Internet Online မှတဆင့် ဘီလ်ပေးဆောင်ခြင်းများကို စတင်ခွင့်ပြုခဲ့သည်။
(၁၀) နိုင်ငံခြားငွေလဲလှယ်ရေးကောင်တာ(Money Changer)များ (၅၀)ခုခွင့်ပြုပေးခဲ့သည်။
(၁၁) နိုင်ငံခြားဘဏ်လုပ်ငန်း (Foreign Banking) လုပ်ကိုင်လိုသော ဘဏ်များကို တင်ပြလျှောက်ထားစေပြီး၊ ပုဂ္ဂလိကဘဏ်(၁၁)ဘဏ်ကို လိုင်စင်ချပေးခဲ့သည်။
(၁၂) ပြည်ပနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသားများမှ တရားဝင် ငွေလွှဲနိုင်ရန် ငွေလွှဲလုပ်ငန်းကို လုပ်ကိုင်လိုသော ဘဏ် (၄)ဘဏ်သို့ ခွင့်ပြုချက်ချပေးခဲ့သည့်အပြင် အလုပ်သမားများ ပေးဆောင်ရမည့် အခွန်ငွေကိုလည်း ကင်းလွတ်ခွင့်ပြုပေးခဲ့သည်။
ယင်းကဲ့သို့ ဖြေလျှော့မှုများနှင့် ၀န်ဆောင်မှုလုပ်ငန်းအသစ်များ ခွင့်ပြုပေးခဲ့သဖြင့် ပုဂ္ဂလိကဘဏ်များအကြား လုပ်ငန်းများပိုမိုသွက်လာခဲ့ပါသည်။

ဘဏ်တိုးနှုန်းများလျှော့ချခြင်း
===================
ဘဏ်တိုးနှုန်းများကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ စုငွေအပေါ်တွင် တစ်နှစ်လျှင် ၁၂%ပေးရန်၊ ချေးငွေအပေါ်တွင် တစ်နှစ်လျှင် ၁၇% ကောက်ခံရန် ညွှန်ကြားထားပါသည်။ အစိုးရငွေတိုက်စာချုပ်များမှာ နှစ်နှစ်စာချုပ်(၁၀.၅%)၊ သုံးနှစ်စာချုပ်(၁၁%)နှင့် ငါးနှစ်စာချုပ်(၁၁.၅%)စသဖြင့် သတ်မှတ်ထုတ်ပေးပါသည်။ အတိုးများကို သုံးလတစ်ကြိမ် ထုတ်ပေးခြင်း၊ ကောက်ခံခြင်းများ ပြုလုပ်ရန် ညွှန်ကြားထားပါသည်။

၂၀၁၁ခုနှစ် စက်တင်ဘာလတွင် အတိုးနှုန်းများကို လျှော့ချကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ကြေငြာပါသည်။ စုငွေအပေါ်ပေးသော အတိုးကို ၁၀% ထက် မနည်းစေရန်၊ ချေးငွေအပေါ်ကောက်ခံသော အတိုးကို ၁၅% ထက်မပိုစေရန်ဟူသော ပျော့ပြောင်းသည့် မူဝါဒဖြင့် ကြေငြာပါသော်လည်း ဘဏ်များအားလုံး ညှိနှိုင်းပြီး ၁၀%နှင့် ၁၅%သာ ထားကြရန် အများသဘောတူ ဆုံးဖြတ်ကြပါသည်။ အစိုးရငွေတိုက်စာချုပ်များ၏ အတိုးနှုန်းများကိုမူ ပြောင်းလဲခြင်းမရှိခဲ့ပါ။

၂၀၁၁ခုနှစ် ဒီဇင်ဘာလတွင် အတိုးနှုန်းများကို ထပ်မံလျှော့ချမည်ဖြစ်ကြောင်း ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှ မြန်မာနိုင်ငံဘဏ်များအသင်းအစည်းအဝေးအဖွင့်မိန့်ခွန်းတွင် ရုတ်တရက်ထည့်သွင်းပြောဆိုခဲ့ပါသည်။ စုငွေအပေါ်တွင် တစ်နှစ်လျှင် ၈%ထက် မနည်းစေရန်၊ ချေးငွေအပေါ်တွင် ၁၃%ထက် မပိုစေရန်နှင့် အစိုးရငွေတိုက်စာချုပ်များကိုလည်း နှစ်နှစ်စာချုပ်(၈.၇၅%)၊ သုံးနှစ်စာချုပ်(၉%)နှင့်ငါးနှစ်စာချုပ်(၉.၅%)စသဖြင့် ပြောင်းလဲမည်ဖြစ်ကြောင်း ကြေငြာခဲ့သည်။ ယခင်ဝယ်ယူထားသော ငွေတိုက်စာချုပ်များကိုမူ မူလအတိုးနှုန်းအတိုင်း ပေးအပ်မည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

နိုင်ငံတစ်ခု၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်း နှေးကွေးနေလျှင်၊ နိုင်ငံ၏ ငွေဖောင်းပွမှုနှုန်းအတက်အကျရှိလာလျှင်နှင့် အိမ်နီးချင်းနိုင်ငံများ၏ ဘဏ်တိုးနှုန်းများထက် များပြားနေလျှင် ဗဟိုဘဏ်များသည် ဘဏ်တိုးနှုန်းများကို ယခုကဲ့သို့ အတိုးအလျှော့ ပြုလုပ်လေ့ရှိပါသည်။ သီဝရီအရ မှန်ကန်သော်လည်း နိုင်ငံ၏ စီးပွားရေးအခြေအနေနှင့် ရင်းနှီးမြှုပ်နှံနိုင်သည့်ဈေးကွက်အနေအထားကိုလည်း ထည့်သွင်းတွက်ချက်ပြီးမှသာ ဘဏ်တိုးနှုန်းများကို အတိုးအလျှော့ ပြုလုပ်သင့်ပါသည်။

ယခုမြန်မာနိုင်ငံ၏ စီးပွားရေးမှာ တိုးတက်မှုမရှိဘဲ ကျဆင်းလျက်ရှိပါသည်။ ငွေဖောင်းပွနှုန်းမှာ ၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ်တွက်ချက်မှုအရ ၈%ခန့်ရှိသည်ဟု သိရှိရပါသည်။ အိမ်နီးချင်းနိုင်ငံများ၏ ဗဟိုဘဏ်အတိုးနှုန်းများမှာ ၂%မှ ၁၂.၆၇%ခန့်အထိ ရှိကြောင်းတွေ့ရှိရပါသည်။

မြန်မာနိုင်ငံတွင်ရင်းနှီးမြှုပ်နှံရန်နှင့် ငွေကြေးကစားရန် ဈေးကွက်အလွန်နည်းပါးပါသည်။ ကျပ်ငွေဈေးမာနေမှုကြောင့် ဒေါ်လာနှင့်လဲလှယ်ရာတွင် ကျပ်ငွေအနည်းငယ်သာရရှိပြီး၊ ပြည်တွင်းကုန်ကြမ်းများနှင့် လုပ်အားခများကို ပြန်လည်ပေးချေရာတွင်မူ ကျပ်ငွေမှာ တန်ဖိုးမရှိ ဖြစ်နေပြန်သဖြင့် ပြည်ပပို့ကုန်လုပ်ငန်းများသည် ရပ်တန့်လုနီးပါး ဖြစ်နေသည်။ ငွေဖောင်းပွမှုနှုန်း လျော့နည်းလာသည်ဆိုသော်လည်း ကုန်ဈေးနှုန်းများမှာ အကျမရှိဘဲ ဆက်တက်နေသည်။ မော်တော်ယာဉ်လိုင်စင်များ အသစ်ထုတ်ပေးသဖြင့် မူလကားများ၏ တန်ဖိုး ထက်ဝက်ကျော် ကျဆင်းသွားသည်။ မြေဈေးများမှာ အဆမတန်တက်နေပြီး၊ ဈေးမရှိသော မြေများမှာလည်း အရောင်းအ၀ယ် မရှိသလောက်ပင်ဖြစ်သည်။ ၁၉၉၅ခုနှစ်တွင် ဂျပန်နိုင်ငံ ဒိုင်ဝါကုမ္ပဏီနှင့် ပူးပေါင်းတည်ထောင်ထားသော စတော့ရှယ်ယာဈေးကွက်မှာလည်း အများပိုင်ကုမ္ပဏီ မရှိသလောက် နည်းပါးခြင်း၊ နိုင်ငံတကာနှင့် မချိတ်ဆက်နိုင်ခြင်းတို့ကြောင့် လူအများကြား ရေပန်းမစားဘဲ နာမည်ခံဈေးကွက်သာ ဖြစ်နေသည်။ ယင်းအချက်များကြောင့် ဘဏ်တိုးချလိုက်သော်လည်း ဘဏ်မှ အပ်နှံငွေများကို ထုတ်ယူပြီး ပြင်ပတွင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ခြင်းမှာ မရှိသလောက်ဖြစ်နေသည်။

ထို့ကြောင့် ပထမအကြိမ် ဘဏ်တိုးများ ချရာတွင် မည်သည့်ပြောင်းလဲမှုမျှ မရှိခဲ့ပါ။ ယင်းအတွက်ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနအနေဖြင့် ဘဏ်များမှ ရရှိသော ကိန်းဂဏန်းများအရ အပ်ငွေများ များပြားနေပြီး၊ ချေးငွေများ နည်းပါးနေခြင်းကြောင့် ဘဏ်တိုးများကို ယခုကဲ့သို့ သုံးလအကြာတွင် ထပ်မံလျှော့ချရန် ဆုံးဖြတ်ကြေငြာခဲ့ခြင်း ဖြစ်သည်။ သို့သော် ပြည်တွင်းစီးပွားရေးအခြေအနေ ကောင်းမွန်မှုမရှိခြင်းကြောင့် ဘဏ်တိုးချလိုက်ခြင်းသည် ငွေအပ်နှံထားသူများအနေဖြင့် ဘဏ်မှ ငွေထုတ်ပြီး ရင်းနှီးမြှုပ်နှံစရာဈေးကွက်မရှိဖြစ်နေရာမှ ၄င်းတို့၏ စုဆောင်းငွေများသည် အဖတ်မတင်ဘဲ စားသောက်သုံးစွဲမှုများထဲတွင် ပါဝင်သွားပြီး စုဆောင်းငွေ ဆုံးရှုံးသွားခြင်းမျိုး ဖြစ်ပေါ်လာနိုင်သည်ဟု ဘဏ်လုပ်ငန်းပညာရှင်များကသုံးသပ်ကြသည်။

လောင်စာဆီဈေးတက်လိုက်ခြင်း၊ လျှပ်စစ်မီတာခတက်ခြင်း၊ အမေရိကန်ဒေါ်လာဈေးကို မြင့်တက်ရန် ဆေးမီးတိုနည်းလမ်း မျိုးစုံဖြင့် ကြိုးစားနေခြင်းနှင့် ဌာနတချို့မှ ပွင့်လင်းမြင်သာမှုနှင့် အလွတ်သဘောပြောခြင်းကို မကွဲကြသဖြင့် မသေချာသော စီမံကိန်းများအကြောင်း ထုတ်ပြန်ပြောဆိုမှုများရှိခဲ့ပြီး မသေချာသောဈေးကွက်များတွင် အများပြည်သူတို့ အရောင်းအ၀ယ် မှားယွင်း လုပ်ကိုင်မိကြခြင်းများရှိနေခြင်းများကြောင့် ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်အတွက် ငွေဖောင်းပွမှုနှုန်းသည် (၈%)ထက်တိုးလာစေမည်ဟု တွက်ဆမှုများရှိပါသည်။ ယင်းအတွက် ငွေဖောင်းပွနှုန်းထက် ပိုနည်းသော ဘဏ်တိုးနှုန်း(၈%)သည် ဘဏ်များတွင် ငွေအပ်နှံထားသူများကို ငွေပြန်လည်ထုတ်စေမည်ဖြစ်သလို၊ အပ်ငွေနည်းပါးလာမှုကြောင့် ဘဏ်များမှ စီးပွားရေးလုပ်ငန်းများသို့ ချေးငွေထုတ်ပေးနိုင်မှုမှာလည်း လျော့နည်းလာမည်ဖြစ်သည်။ ယင်းအကျိုးဆက်သည် တည်ဆောက်ဆဲ နိုင်ငံတစ်ခု၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို တစ်စိတ်တစ်ပိုင်း ထိခိုက်နိုင်လာသလို နိုင်ငံ၏ ငွေရေးကြေးရေးလောက တည်ငြိမ်မှုကိုလည်း အထိုက်အလျှောက် ထိပါးလာနိုင်ပါသည်။

ငွေစက္ကူရိုက်နှိပ်ခြင်း
=============
ငွေစက္ကူရိုက်နှိပ်ခြင်းကို မြန်မာနိုင်ငံသည် ကိုယ်ပိုင်စက်ဖြင့် ရိုက်နှိပ်ပါသည်။ ယခင်က Thomas De La Rue (နိုင်ငံပေါင်း ၁၅၀အတွက် ငွေစက္ကူရိုက်နှိပ်ပေးနေသော ကုမ္ပဏီ)တွင် ငွေစက္ကူများကို ရိုက်နှိပ်ခဲ့သော်လည်း မြန်မာ့ဆိုရှယ်လစ်ခေတ်တွင် ပြည်ပအရင်းရှင်ကုမ္ပဏီတစ်ခုပေါ်တွင် နိုင်ငံ၏ ငွေစက္ကူများကို ရိုက်နှိပ်နေရခြင်းသည် စွန့်စားမှုရှိသည်ဟု ယူဆခဲ့ပြီး ကိုယ်ပိုင်စက်များ ၀ယ်ယူ၍ ပြည်တွင်းတွင် ရိုက်နှိပ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ ပြည်တွင်းတွင် စက်များဝယ်ယူ၍ အသုံးပြုရသဖြင့် လုံခြုံရေးဆိုင်ရာ နောက်ဆုံးပေါ်စက်များကို ထပ်မံရင်းနှီးမြှုပ်နှံမှု မပြုလုပ်နိုင်ခြင်း၊ ပြည်ပမှ စက္ကူတင်သွင်းရခြင်း၊ မှင်တင်သွင်းရခြင်း၊ စက်ပစ္စည်းအစိတ်အပိုင်းများတင်သွင်းရခြင်း စသော အခက်အခဲများ ရှိလာခဲ့ပါသည်။ စီးပွားရေးပိတ်ဆို့ခံရမှုနောက်တွင် ပိုမိုခက်ခဲခဲ့ပါသည်။ မြန်မာကျပ်ငွေမှာလည်း တန်ဖိုးမရှိသဖြင့် တစ်ရာကျပ်တန်ထုတ်လုပ်ခသည် တစ်ရာကျပ်မကဖြစ်လာခဲ့ပြီး ထပ်မံမထုတ်လုပ်နိုင်သဖြင့် ငွေအကြွေရှားပါးမှုများ ဖြစ်ပေါ်လာခဲ့သည်။ ၄င်းအပြင် ငွေစက္ကူရိုက်နှိပ်နေမှု ပမာဏကို ထင်သာမြင်သာ မထုတ်ပြန်ခြင်းကြောင့်လည်း ငွေရေးကြေးရေးဈေးကွက်တွင် ကောလဟာလတစ်ခုဖြစ်တိုင်း ကမောက်ကမဖြစ်မှုများနှင့် ငွေတန်ဖိုးကျမှုများ ဖြစ်ပေါ်ခဲ့ပါသည်။

လက်တွေ့ဘဏ်လုပ်ငန်းများ
===================
ဖြေလျှော့မှုများပြုလုပ်ပေးခဲ့သော်လည်း လက်တွေ့အကောင်အထည်ဖော်ရာတွင် အခက်အခဲများ ရှိနေပြီး ၄င်းအခက်အခဲများကို ဘဏ်များမှ တင်ပြသော်လည်း သက်ဆိုင်ရာမှ ကိုင်တွယ်ဖြေရှင်းပေးခြင်း မပြုနိုင်သေးကြောင်း တွေ့ရှိရသည်။ (၂၀၁၁)

(၁) ကုန်ပစ္စည်းလက်ရောက်ပေါင်(ဆန်၊ပဲ၊နှမ်း)
ကုန်ပစ္စည်းကို အပေါင်ထားပြီး ရရှိလာသည့်ငွေကြေးဖြင့် နောက်ထပ်တစ်ရာသီ စိုက်ပျိုးလုပ်ကိုင်နိုင်ရန် ရည်ရွယ်သော်လည်း၊ ကုန်ပစ္စည်းရောင်းချလိုသောအချိန်တွင် ငွေအကြေဆပ်မှသာ ထုတ်ယူရောင်းချခွင့်ရှိသဖြင့် နောက်ထပ်တစ်ရာသီစာစိုက်ပျိုးထားသည်များကလည်း မထွက်သေး၊ ပစ္စည်းပြန်ရွေးယူရန် ငွေကြေးကလည်း မရှိသဖြင့် လက်တွေ့တွင် အသုံးပြုသူမရှိသလောက်ဖြစ်ပါသည်။

(၂) ATM များနှင့် Debit Card များအသုံးပြုခြင်း
ငွေစက္ကူရိုက်ထုတ်ရမှု သက်သာစေရန်နှင့် ငွေအကြွေရှားပါးမှုကို ဖြေရှင်းရန်အတွက် စတင်အသုံးပြုခွင့်ပြုခဲ့ခြင်းဖြစ်သည်။ သို့သော် နိုင်ငံတကာ ဘဏ်များတွင် ကျင့်သုံးသကဲ့သို့ မူလဖွင့်လှစ်ထားသော ငွေစုစာရင်းနှင့် ချိတ်ဆက်ခွင့်မပေးဘဲ သီးခြားငွေစာရင်းတစ်ခုထပ်ဖွင့်ရမည်ဟု ဗဟိုဘဏ်မှ ညွှန်ကြားခဲ့သည်။ ယင်းအတွက် အများပြည်သူသည် ကတ်အသုံးပြုရန် စာရင်းတစ်ခု၊ မိမိ၏ မူလစုငွေစာရင်းတစ်ခုဖြင့် စာရင်းနှစ်ခုဖွင့်လှစ်ရပါသည်။ ကတ်အသုံးပြုသည့်စရင်းကို အတိုးမပေးခိုင်းပါ။ အများပြည်သူအနေဖြင့် စုငွေအပေါ်အတိုးလည်းရပြီး၊ ၄င်းတို့၏ ငွေစုစာရင်းနှင့် တိုက်ရိုက်ချိတ်ဆက်ပေးပါက ယခုကတ်စနစ်ကို ပိုမိုနှစ်ခြိုက်စွာ အသုံးပြုကြမည်ဖြစ်ပါသည်။

(၃) ငွေစုစာရင်းမှတစ်ပတ်လျှင်တစ်ကြိမ်သာထုတ်ခွင့်ပြုခြင်း
ဘဏ်မတည်ငြိမ်မှုများဖြစ်ခဲ့ခြင်းသည် ငွေအပ်နှံထားသူများအား ငွေကို စိတ်ကြိုက်ပြန်လည် ထုတ်ယူခွင့်ပြုခဲ့သောကြောင့်ဖြစ်သည်ဟူသော ကောက်ချက်အရ ငွေစုစာရင်းမှ ငွေကို တစ်ပတ်လျှင် တစ်ကြိမ်သာ ထုတ်ပေးရန် ညွှန်ကြားထားပါသည်။ နိုင်ငံတကာတွင် မိမိ၏ ငွေစုစာရင်းမှ အကြိမ်အရေအတွက် အကန့်အသတ်မရှိ ထုတ်ယူနိုင်ပါသည်။ ငွေအပ်နှံသူအနေဖြင့် တစ်ပတ်တွင် တစ်ကြိမ်ထက်မကသော ငွေထုတ်စရာအကြောင်းများ ရှိနိုင်ပါသည်။ ယင်းတစ်ပတ်တွင် တစ်ကြိမ် ကန့်သတ်ချက်ကြောင့် ငွေစုစာရင်းနှင့် Debit Card ကို ချိတ်ဆက်မရခြင်းလည်းဖြစ်ပါသည်။

(၄) Internet Banking များအပြည့်အ၀ခွင့်မပြုသေးခြင်း
အင်တာနက်ပေါ်မှ ဘီလ်ပေးဆောင်ခြင်းတစ်ခုကိုသာ ခွင့်ပြုထားပြီး၊ ငွေလက်ကျန်စစ်ဆေးခြင်း၊ ငွေလွှဲပြောင်းပေးခြင်း စသော Internet Banking လုပ်ငန်းများကိုလည်း လုပ်ကိုင်ခွင့်မပြုသေးပါ။ (၂၀၁၁)

(၅) ငွေလဲကောင်တာများနှင့်ငွေဈေးသတ်မှတ်ခြင်း
နေ့စဉ်ငွေဈေးနှုန်းကို သိမ်ဖြူလမ်းရှိဘဏ်(၆)ဘဏ်ပါဝင်သော အဖွဲ့မှ သတ်မှတ်ပါသည်။ ယင်းသို့သတ်မှတ်ရာတွင် နိုင်ငံတကာငွေကြေးဈေးကွက်အနေအထား၊ ကမ္ဘာ့ရွှေဈေး၊ ပြည်တွင်းကုန်သွယ်ရေးအခြေအနေနှင့် စီးပွားရေးသတင်းများပေါ်မူတည်ပြီး သတ်မှတ်ရမည် ဖြစ်သော်လည်း သိမ်ဖြူငွေလဲဌာနသည် ပထမနေ့က မှောင်ခိုငွေဈေး၏ အတက်အကျ အလားအလာကိုသာ ကြည့်ပြီး ဆုံးဖြတ်နေသဖြင့် စံဝင်သော စိတ်ချရသည့် ငွေဈေးနှုန်းကို မရရှိပါ။ ၄င်းငွေဈေးသည် ပြင်ပပေါက်ဈေးထက် အမြဲတမ်း ၅ကျပ်မှ ၂၀အထိ များတတ်ပါသည်။ တစ်ခါတရံ ပြင်ပ မှောင်ခိုဈေးနှုန်းက ပိုများသွားသည်များလည်း ရှိခဲ့ပါသည်။ ကောင်တာဖွင့်ထားသော ဘဏ်များအားလုံးသည် ၄င်းငွေဈေးကို ယခင်က အတိအကျလိုက်နာရသဖြင့် ပေါက်ဈေးထက်များသော နှုန်းထားဖြင့် ၀ယ်ယူရသလို ဖြစ်ခဲ့ပါသည်။ ယင်းအတွက် ဘဏ်များသည် ၄င်းတို့နစ်နာမှုမရှိစေရန် ငွေလာလဲသူများထံမှ မလိုအပ်သော စာရွက်စာတမ်းများတောင်းပြီး အလွယ်တကူလဲလှယ်၍ မရစေရန် ဆောင်ရွက်ကြပါသည်။ ယခုအခါ ကောင်တာများအား သိမ်ဖြူဈေးနှုန်းနှင့် ၀.၈% အတက်အကျပြုလုပ်၍ ၀ယ်ယူရောင်းချနိုင်ကြောင်း ဗဟိုဘဏ်မှ ညွှန်ကြားထားပါသည်။ နိုင်ငံတော်မှလည်း တရားဝင်ငွေလဲနှုန်းကို ဧပြီလ ၁ရက်နေ့မှ စတင်ပြီး ၈၀၀ ကျပ် သတ်မှတ်မည်ဟု ကြားသိရပါသည်။(၂၀၁၁)

(၆) နိုင်ငံခြားဘဏ်လုပ်ငန်း
နိုင်ငံခြားဘဏ်လုပ်ငန်းလုပ်ပိုင်ခွင့်ကို ဘဏ် ၁၁ ဘဏ်အား လိုင်စင်ထုတ်ပေးထားသော်လည်း စီးပွားရေးပိတ်ဆို့မှုကြောင့် နိုင်ငံတကာဘဏ်များမှ ၄င်းဘဏ်များနှင့် ချိတ်ဆက်လုပ်ကိုင်ရန် ငြင်းဆိုကြပါသည်။ အီရန်နိုင်ငံနှင့် ငွေကြေးဆက်သွယ်မှုလုပ်ခဲ့သဖြင့် ၂၀၀၉ခုနှစ်က နိုင်ငံတကာဘဏ်တချို့သည် ဒဏ်ငွေသန်းပေါင်းများစွာ ပေးဆောင်ခဲ့ရဖူးပါသည်။ ယင်းအတွက် နိုင်ငံတကာဘဏ်များသည် မြန်မာနိုင်ငံမှ ဘဏ်များနှင့် ချိတ်ဆက်လုပ်ကိုင်ဝံ့ခြင်း မရှိကြပါ။ ၄င်းအပြင် ပြည်တွင်းဘဏ်များကို လိုင်စင်သာပေးထားပြီး အများပြည်သူ၏ နိုင်ငံခြားငွေကို လက်ခံစာရင်းဖွင့်လှစ်ပေးခြင်းကို လုပ်ခွင့်မပြုခြင်းနှင့် TT/LC ကဲ့သို့သော ကုန်သွယ်မှုလုပ်ငန်းများ ပြုလုပ်ခွင့်မပေးခြင်းများ ရှိနေပါသေးသည်။ သို့ဖြစ်ပါ၍ လိုင်စင်ထုတ်ပေးထားသော်လည်း နိုင်ငံခြားဘဏ်လုပ်ငန်းများ ထင်သလောက် ဖွံ့ဖြိုးတိုးတက်မှု မရှိပါ။ (၂၀၁၁)

(၇) နိုင်ငံတကာမှအလုပ်သမားများငွေလွှဲခြင်း
နိုင်ငံတကာမှ အလုပ်သမားများ မြန်မာနိုင်ငံသို့ငွေလွှဲရန် ဘဏ် ၄ ဘဏ်(ကမ္ဘောဇဘဏ်၊ သမ၀ါယမဘဏ်၊ အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်၊ ဧရာဝတီဘဏ်)ကို ခွင့်ပြုခဲ့ပါသည်။ ၄င်းဘဏ်များမှာ မြန်မာနိုင်ငံဘက်မှ တရားဝင်ခွင့်ပြုချက်ရသော်လည်း စီးပွားရေးပိတ်ဆို့မှုကြောင့် တစ်ဖက်နိုင်ငံများတွင် တရားဝင်လိုင်စင်လျှောက်ထား၍ မရပါ။ ၄င်းနိုင်ငံမှ လိုင်စင်ရှိပြီးသားကုမ္ပဏီများနှင့် ပူးပေါင်းလုပ်ကိုင် ရပါသည်။ ၄င်းအပြင် ငွေလွှဲခြင်းမှာ ပြည်ပမှာ ပြည်တွင်းသို့ လွှဲသကဲ့သို့ ပြည်တွင်းကုမ္ပဏီများမှလည်း ပြည်ပသို့ ပစ္စည်းဝယ်ယူခြင်းအတွက် ငွေပြန်လွှဲခြင်းများရှိသဖြင့် အပြန်အလှန် (Inward/ Outward) ငွေလွှဲခြင်းကို ခွင့်ပြုသင့်ပါသည်။ ယခုအချိန်တွင် ပြည်ပမှ ပြည်တွင်းသို့ လွှဲခြင်းကိုသာ ခွင့်ပြုထားပါသေးသည်။

(၈) ချေးငွေအပေါ်ကန့်သတ်မှုများ
ချေးငွေထုတ်ပေးခြင်းသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို တစ်ဖက်တစ်လမ်းက အထောက်အကူ ပြုပါသည်။ လုပ်ငန်းလုပ်ကိုင်လိုသော လုပ်ငန်းရှင်များသည် ချေးငွေရယူလျက် လုပ်ငန်းတိုးချဲ့ လုပ်ကိုင်ကြပြီး၊ အလုပ်အကိုင်အခွင့်အလမ်းနှင့် အခွန်အခများရရှိခြင်းက မြင်သာသော အကျိုးအမြတ်များဖြစ်ပါသည်။ နိုင်ငံတကာတွင် အလားအလာရှိသော လုပ်ငန်းစီမံချက်ကို ရေးဆွဲပြီး ချေးငွေရယူနိုင်ပါသည်။ မြန်မာနိုင်ငံတွင်မူ မြေပိုင်ဆိုင်မှုရှိမှသာ ၄င်းမြေကို အာမခံပစ္စည်းအဖြစ်ထားပြီး ၄င်းမြေတန်ဖိုး၏ ၄၀%ကို ချေးငွေအဖြစ် ရယူနိုင်ပါသည်။ တိုက်ခန်းများ၊ ဆိုင်ခန်းများကို အာမခံပစ္စည်းအဖြစ် ထားခွင့်မရှိပါ။ ယင်းအတွက် စွန့်ဦးတီထွင်လုပ်ငန်းရှင်များနှင့ှ်နြ များ ပေါ်ပေါက်မှုနည်းပါးပြီး မူလချမ်းသာပြီးသူများကသာ ဈေးကွက်ကို လက်ဝါးကြီးအုပ် လုပ်ကိုင်နေကြခြင်း ဖြစ်ပါသည်။
၎င်းအပြင် ချေးငွေကာလကိုလည်း တစ်နှစ်သာ ခွင့်ပြုပါသည်။ လုပ်ငန်းတစ်ခုအနေဖြင့် ချေးငွေကို တစ်နှစ်အတွင်း ပြန်ဆပ်နိုင်မှု နည်းပါသည်။ နှစ်ရှည်ချေးနိုင်ကြောင်း၊ အာမခံပစ္စည်းမဲ့ချေးပေးနိုင်ကြောင်း ဥပဒေတွင်ပါဝင်သော်လည်း ဗဟိုဘဏ်မှ သီးခြားညွှန်ကြားချက်ဖြင့် တားမြစ်ထားပါသည်။

(၉) ကွန်ဒိုမီနီယံဥပဒေမရှိခြင်း
ကွန်ဒိုမီနီယံဥပဒေမရှိသဖြင့် တိုက်ခန်းဝယ်ယူထားသူများသည် ၄င်းတို့၏ တိုက်ခန်းကို ပိုင်ဆိုင်ခွင့်မရှိကြပါ။ တစ်စုံတစ်ရာ ပြိုကျမှုဖြစ်ခဲ့လျှင် မူလမြေပိုင်ဆိုင်သူကသာ မြေပြန်ရမည်ဖြစ်သည်။ ယင်းအတွက်ကြောင့် တိုက်ခန်းများ၊ ဆိုင်ခန်းများကို ဘဏ်တွင်အာမခံပစ္စည်းအဖြစ် အသုံးပြု၍ မရခြင်းဖြစ်ပါသည်။

(၁၀) ချက်လက်မှတ်သုံးစွဲမှုနည်းပါးခြင်း
ချက်လက်မှတ်အပေါ် ယုံကြည်မှုနည်းပါးသဖြင့် အသုံးမပြုကြပါ။ ယင်းအတွက် ငွေသားဖြင့် ပေးချေမှုများ အများအပြားပြုလုပ်နေကြရပါသည်။ မိမိငွေစာရင်းတွင် ငွေမရှိဘဲ ချက်လက်မှတ်ရေးပေးပါက အရေးယူနိုင်သော ခိုင်မာသည့် ဥပဒေတစ်ရပ်ရှိလျှင် ချက်လက်မှတ်၏ အာမခံနိုင်မှု ပိုမိုကောင်းမွန်လာမည်ဖြစ်ပါသည်။ ချက်လက်မှတ်အသုံးများလာလျှင် ကုန်သွယ်မှုလည်း ပိုမိုသွက်လက်လာမည်ဖြစ်သည်။

(၁၁) ဘဏ်ခွဲဖွင့်လှစ်ခြင်းကိုကန့်သတ်ခြင်း
ဘဏ်ခွဲဖွင့်လှစ်ခြင်းအတွက် အကန့်အသတ်များစွာ ရှိပါသည်။ ငှားဖွင့်သော အဆောက်အဦမဖြစ်ရ။ ၀ယ်ယူဖွင့်လှစ်ရသည်။ ယင်းအတွက် နောင်ကို နေရာပြောင်းရွှေ့လိုလျှင် အခက်အခဲဖြစ်ပါသည်။ တိုက်ခန်းတွင်မဖွင့်လှစ်ရ။ ယင်းအတွက် လူစည်ကားသော ရန်ကုန်မြို့လယ်တွင် ဖွင့်လှစ်ရန် ခက်ခဲပါသည်။ လူစည်ကားသော Shopping Center များတွင် မဖွင့်ရ။ ယင်းအတွက် ဘဏ်နှင့် ဆက်သွယ်လိုသူများသည် သီးခြားအချိန်ပေးပြီး ဘဏ်သို့လာရပါသည်။ တစ်နှစ်လျှင် ၁၀ဘဏ်ထက် ပိုမဖွင့်ရ။ ရန်ကုန်နှင့် မန္တလေးတွင် တစ်နှစ်လျှင် ၂ဘဏ်ထက် ပိုမဖွင့်ရ။ စသော ကန့်သတ်ချက်များသည် ၂၀၁၀ခုနှစ်တွင်မှ ထုတ်ပြန်ခဲ့သော ကန့်သတ်ချက်များဖြစ်ပါသည်။
ဘဏ်ခွဲများများဖွင့်လှစ်နိုင်လျှင် ဘဏ်အသုံးပြုသူများပိုမိုအဆင်ပြေပါမည်။ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုဖြစ်ပေါ်လာပါမည်။ ဘဏ်သို့သွားလာရသော စရိတ်စကသက်သာခြင်းကလည်း စီးပွားရေးတိုးတက်မှုကို အထောက်အပံ့ပေးပါသည်။ သို့သော် မြန်မာနိုင်ငံတွင် ဘဏ်ခွဲဖွင့်လှစ်ခြင်းကို ကန့်သတ်ထားပြီး ဘဏ်လုပ်ငန်းလိုင်စင်များကိုမူ အများအပြားထုတ်ပေးခဲ့ပါသည်။ ဆက်လက်၍ ဘဏ်လုပ်ငန်းလိုင်စင်များ ထပ်မံထုတ်ပေးရန်လည်း စီစဉ်နေပါသည်။
ထိုင်းနိုင်ငံတွင် ပြည်တွင်း ဘဏ် ၁၇ ဘဏ်ရှိပါသည်။ စင်္ကာပူနိုင်ငံတွင် ပြည်တွင်းဘဏ် ၆ ဘဏ်သာ ရှိပါသည်။ ဘဏ်ခွဲပေါင်း ထောင်နှင့်သောင်းနှင့်ချီပြီး ရှိကြပါသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိကဘဏ် ၁၉ဘဏ်ရှိပြီး၊ ဘဏ်ခွဲ ၂၀၀ သာရှိပါသည်။ ဘဏ်ခွဲများကို ယခုထက်ပိုပြီး လွတ်လပ်စွာ ဖွင့်လှစ်ခွင့်ပြုသင့်ပါသည်။ (၂၀၁၁)

(၁၂) နိုင်ငံတကာဘဏ်များဖွင့်လှစ်ခွင့်ပြုရန်ပြင်ဆင်ခြင်း
လက်ရှိမြန်မာနိုင်ငံတွင် နိုင်ငံတကာဘဏ်များကို ကိုယ်စားလှယ်ရုံးအဖြစ်သာ ဖွင့်လှစ်ခွင့်ပြုပါသည်။ ဘဏ်ခွဲအဖြစ် ဖွင့်လှစ်ခွင့်မပြုပါ။ မကြာမီဖွင့်လှစ်ခွင့်ပြုရန် ဗဟိုဘဏ်မှ ပြင်ဆင်နေပါသည်။ အထူးသဖြင့် ဗီယက်နမ်နိုင်ငံမှ BIDV ဘဏ်နှင့် တရုတ်နိုင်ငံမှ ICBC ဘဏ်များသည် ကိုယ်စားလှယ်ရုံးအဆင့်မှ ဘဏ်ခွဲအဆင့်သို့ တိုးမြှင့်ဖွင့်လှစ်ခွင့်ရရန် ၄င်းတို့၏ အစိုးရများမှတဆင့် မြန်မာနိုင်ငံအစိုးရကို မပြတ်တောင်းဆိုမှုများ ပြုလုပ်နေကြပါသည်။ မြန်မာနိုင်ငံ၏ ဘဏ်လုပ်ငန်းများအခြေအနေမှာ ပြည်တွင်းတွင် အကြီးဆုံးဘဏ်ဖြစ်သော ကမ္ဘောဇဘဏ်သည်ပင်လျှင် ထိုင်းနိုင်ငံ၏ အငယ်ဆုံးဘဏ်အဆင့်သာရှိသည်ကို တွေ့ရှိရပါသည်။ ယင်းအတွက် နိုင်ငံတကာဘဏ်များကို ချက်ချင်းဖွင့်လှစ်ခွင့်ပေးလိုက်လျှင် ပြည်တွင်းဘဏ်လုပ်ငန်းများကို ထိခိုက်စေမည်ဖြစ်ပါသည်။ ခွင့်ပြုလိုလျှင် ပြည်တွင်းဘဏ်များနှင့် ဖက်စပ်လုပ်စေသော စနစ်ကို စတင်ခွင့်ပြုသင့်ပါသည်။ (၂၀၁၁)

နိဂုံးချုပ်
======
နိုင်ငံတစ်ခုအတွက် ငွေရေးကြေးရေးကဏ္ဍသည် အထူးပင် အရေးကြီးလှပါသည်။ စည်းကမ်းတကျဖြစ်ရပါမည်။ တိကျပြီး အခြေအနေအချိန်အခါအရ ပြုလွယ်ပြင်လွယ်သော ဥပဒေရှိရပါမည်။ နိုင်ငံတကာ စံနှုန်းများကို အမြဲမပြတ်လေ့လာနေရပါမည်။ ပြည်တွင်း ကုန်သွယ်မှုအနေအထားနှင့် အိမ်နီးချင်းနိုင်ငံများ၊ ကုန်သွယ်ဖက်နိုင်ငံများ၏ အခြေအနေကို မပြတ်စောင့်ကြည့်လေ့လာနေပြီး လိုအပ်သော ချိန်ညှိမှုများကို အချိန်နှင့်တပြေးညီ ပြုလုပ်ပေးနိုင်ရပါမည်။ နိုင်ငံ၏ ဘဏ္ဍာရေးမူဝါဒ၊ နိုင်ငံ၏ ငွေရေးကြေးရေးမူဝါဒများသည် လက်တွေ့ကျရပါမည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်တွင် နားလည်တတ်ကျွမ်းသော ပညာရှင်အဖွဲ့ရှိရပါမည်။ နိုင်ငံတကာငွေကြေးအဖွဲ့အစည်းများနှင့် မပြတ်တိုင်ပင်ဆွေးနွေးနေခြင်းများ ရှိရပါမည်။ပြည်တွင်းအခြေအနေတစ်ခုတည်းကို တွက်ဆပြီး အမိန့်များနှင့် ညွှန်ကြားချက်များကို မထုတ်ပြန်သင့်ပါ။
အမျိုးသားအကျိုးစီးပွား (National Interest) ကို အခြေခံသော ငွေရေးကြေးရေး မူဝါဒကို ကိုင်ဆွဲထားရပါမည်။ ၄င်းအပြင် ငွေရေးကြေးရေးလောကအတွက် အဓိကအခန်းကဏ္ဍမှ ပါဝင်သော ဘဏ်လုပ်ငန်းများနှင့် အခြားငွေရေးကြေးရေးလုပ်ငန်းများကို မပြတ်စောင့်ကြည့်ခြင်း၊ တိကျစွာအရေးယူခြင်း၊ ခိုင်မာစွာအထောက်အပံ့ပေးခြင်းတို့ကို နိုင်ငံအဆင့် စဉ်းစားစီမံတတ်ရန်လိုပါသည်။
ပြောင်းလဲခြင်းသည် မပြောင်းလဲခြင်းထက် များစွာ ကောင်းသည်ဟု ဆိုသော်လည်း ငွေရေးကြေးရေးကဏ္ဍတွင်မူ မှန်ကန်သောပြောင်းလဲခြင်းမဟုတ်ပါက နိုင်ငံနှင့်ချီသော နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာနိုင်သဖြင့် မူဝါဒချမှတ်ပြောင်းလဲလိုသူများသည် ဘက်စုံထောင့်စုံမှ ပညာရှင်များ၊ အတွေ့အကြုံရှိသူများကို တိုင်ပင်ဆောင်ရွက်ပြီးမှသာ လိုအပ်သော ပြောင်းလဲမှုများကို သတိကြီးစွာထား၍ ဆောင်ရွက်သင့်သည်ဟု ယူဆမိပါသည်။ နိုင်ငံ၏ ငွေရေးကြေးရေးသည် အခြားသော ကဏ္ဍများကို ကဏ္ဍအလိုက် မိမိတို့ဆိုင်ရာရည်မှန်းချက်များကို ဖြောင့်ဖြောင့်တန်းတန်း ရောက်ရှိ ပြီးမြောက်စေရန် အဓိက အထောက်အပံ့ဖြစ်သဖြင့် အထူးပင် အလေးထားဂရုပြုသင့်ပါသည်။

Suspend Coffee

download

ကျွန်တော်တို့သူငယ်ချင်းနှစ်ယောက်ကော်ဖီဆိုင်တစ်ခုထဲ ကိုဝင်ပြီးကော်ဖီနှစ်ခွက် မှာတယ်..ပြီးတော့ မလှမ်းမကမ်းမှာရှိ တဲ့စားပွဲမှာထိုင်ဖို့လျှောက်သွားလိုက်တယ်…

စားပွဲမှာနေရာယူဖို့ပြင်ဆင်နေတုန်းပဲ ဆိုင်ထဲကို ရုပ်ရည်သန့်သန့်ပြန့်ပြန့်နဲ့ နှစ်ယောက်ဝင်လာပြီး ကော်ဖီမှာပါတယ်…

မှာပုံက ကော်ဖီငါးခွက် ၂ခွက် ကကျွန်တော်တို့သောက်ဖို့ သုံးခွက်ကိုတော့ suspended(ဆိုင်းငံ့)ထားပေးပါ..

ကျွန်တော်လည်းမှာထားတဲ့ကော်ဖီမလာသေးတာကတစ်ကြောင်း ကျွန်တော့်ရှေ့တည့်တည့်မှာရောက် နေတာတစ်ကြောင်းကြောင့် ဆက်ကြည့်နေမိတယ်.. သူတို့ ကော်ဖီငါးခွက်ဖိုးရှင်းတယ်…

ပြီးတော့ ကော်ဖီနှစ်ခွက်ယူပြီး ပြန်ထွက်သွားတယ်..

ကျွန်တော့် သူငယ်ချင်း ကိုမေးမိတယ်..အဲ့ဒီ Suspended(ဆိုင်းငံ့) ထားတဲ့ကော်ဖီတွေက ဘာလုပ် တာလဲဆိုတော့… သူကလည်း ငါ့သူငယ်ချင်းမင်းဆက်စောင့်ကြည့်ကွာ တွေ့လိမ့်မယ်လို့ပြောတော့ ကျွန်တော်လည်း ဘာမှဆက် မမေးမိဘဲ ရောက်လာတဲ့ကော်ဖီကို သောက်နေလိုက်တယ်…

စိတ်ထဲမှာတော့ ဘာပါလိမ့်ဆိုတာ ကို စဉ်းစားနေမိတယ်… နောက်တော့ မိန်းကလေးနှစ်ယောက်ရောက်လာတယ်..ကော်ဖီနှစ်ခွက် မှာတယ်..ပိုက်ဆံရှင်းပြီးပြန်ထွက်သွားတယ်..

နောက်တစ်ခါ ရှေ့နေသုံးယောက်ရောက်လာတယ် … ကော်ဖီ(၇)ခွက်မှာတယ်..၃ခွက်က ငါတို့အတွက် ကျန်တဲ့လေးခွက်က suspended(ဆိုင်းငံ့) လို့ပြောပြီး ပိုက်ဆံရှင်းတယ်… ကျွန်တော် တော်တော်လေးကိုစိတ်ဝင်စားမိနေပြီ…

ဒီ suspended (ဆိုင်းငံ့)ကော်ဖီဆိုတာဘာလဲ???

အတွေးတွေများရင် ဆိုင်ရှေ့က ရှုခင်းအလှအပလေးတွေနဲ့ ဖြတ်လျှောက် သွားတဲ့လူတွေကို ကြည့်နေမိတယ်…

အဲ့ဒီအချိန်မှာပဲ အ၀တ်အစားနွမ်းနွမ်းပါးပါးနဲ့ သူတောင်းစားပုံစံလူတစ်ယောက် ဆိုင်ထဲဝင်လာတယ်…

မ၀ံ့မရဲနဲ့ counter နားကပ်သွားပြီး Suspended Coffee(ဆိုင်းငံ့) ကော်ဖီလေးများ ရှိသလားဗျာ.. တဲ့…

ကျွန်တော်ကောင်းကောင်း သဘောပေါက်သွား တယ်…

ဆိုင်ရှင်က ပြုံးပြပြီး ကော်ဖီတစ်ခွက်ပေးလိုက်တယ်…

ဆိုင်လေးရဲ့ ချောင်ကျကျတစ်နေရာမှာ အဲ့ဒီပုဂ္ဂိုလ်ကော်ဖီ ထိုင်သောက်နေလေရဲ့….

ကျွန်တော် အားလုံးကိုရှင်းသွားပါပြီ..

လူတွေက သူတို့ စား သောက်ဖို့အပြင် နွမ်းပါးတဲ့သူတွေနဲ့ မတတ်နိုင်တဲ့သူတွေအတွက် coffee နဲ့ စားစရာသောက် စရာတွေကို Suspended (ဆိုင်းငံ့)အဖြစ် ငွေကြိုရှင်းခဲ့ကြတာပါ…

ဒီရိုးရာဓလေ့ဟာ အီတလီနိုင်ငံ (Naples City)ကနေစခဲ့တာဖြစ်ပြီးတော့ အခုတော့ နိုင်ငံတော်တော်များများကိုပြန့် နှံ့လို့ နေပါပြီ..

တစ်ချို့နေရာတွေမှာဆိုရင် ကော်ဖီတင်မကပဲ Sandwich ဒါမှမဟုတ် စားစရာတွေတောင် Suspended အနေနဲ့ရှိနေပါပြီ…

ကျွန်တော်ဒီစာလေးကိုဖတ်မိတဲ့အချိန်တုန်းက မျက်ရည်တောင်လည်မိတယ်.. သူတို့ရဲ့ လူသားချင်းစာ နာမှု..ကြင်နာမှု၊နွေးထွေးမှု မေတ္တာဓာတ်တွေကို ကျွန်တော့်စိတ်ကို လှုပ်ခတ်စေလို့ ကျွန်တော် ဘာသာပြန်ပြီး တင်ပေးလိုက်ပါတယ်..

ကျွန်တော်တို့ဗုဒ္ဒဘာသာ မြန်မာနိုင်ငံမှာလဲ ဒီလို ချစ်စရာကောင်းတဲ့ အလေ့အထလေးတွေရှိရင်အရမ်းကောင်းမှာပဲလို့ကျွန်တော်တွေးမိတယ်…

ညှိုးနွမ်းနေတဲ့မျက်နှာ တွေနဲ့ ကလေးငယ်တွေ..
သက်ကြီးရွယ်အိုတွေ ညီငယ်ညီမငယ် အဖေအိုအမေအိုကြီးတွေ
လမ်းဘေးမှာ အော်ဟစ် ညည်းညူတောင်းခံနေမယ့်အစား ထမင်းဆိုင်တစ်ဆိုင်သွားပြီး ငွေကြိုရှင်းထားတဲ့ ထမင်း တစ်ထုတ်လောက်ရှိ မလားဆိုပြီး တောင်းခံ ရတာ ပိုပြီးသိက္ခာရှိမယ်ထင်တယ်…

ပြောနေတာကြာတယ်.. လက်ထဲမှာ ပိုက်ဆံ၃၀၀-၄၀၀ လောက်ပိုနေလို့ ထမင်းတစ်ထုတ်နဲ့ အရွက်ကြော်သို့ ကြက်ဥကြော်လောက်နဲ့ ငွေကြိုရှင်းထားရင်း ဗိုက်ဆာနေတဲ့ ညီငယ်ညီမငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေကို ကြင်နာမှုနဲ့ နွေးထွေးမှုနဲ့ ကုသိုလ်ယူတဲ့ အလေ့အထလေးတွေ စတင်လိုက်ကြရအောင်ဗျာ…

ထမင်းဆိုင်၊လက်ဖက်ရည်ဆိုင်ပိုင်ရှင်တွေ တစ်ခြား မုန့်နဲ့စားသောက် စရာပိုင်ရှင်တွေ ကလည်း ဒီကုသိုလ်ရတဲ့ ဓလေ့… အလေ့အထလေး မြန်မာနိုင်ငံမှာဖြစ်မြောက်သွားအောင် တောင်းတဲ့သူတွေ များရှိခဲ့ရင် မျက်နှာမရှုံ့ဘဲ ကြင်နာတဲ့အကြည့်နဲ့ ၀န်ဆောင်မှုပေးနိုင်ကြပါစေလို့ ကျွန်တော် တောင်းဆိုပါတယ်…

ဒီ Post လေးကို Like လုပ်ပါ..Share ပါ… ဒီ အလေ့အထလေးကို မြန်မာနိုင်ငံ မှာဖြစ်မြောက်လာအောင် တစ်ယောက် တစ်အား ၂၀၀-၃၀၀ ကစလို့ ၀ိုင်းဝန်း ကူညီကြပါလို့ပြောချင်ပါတယ်…

ဘာလဲဟ သူရိယအလင်း

10655379_815346731829233_8405278339153902424_o၀င်္ကဘာလမ်းမှာရှိတဲ့ စာပေစိစစ်ရေးရုံးက ပုံနှိပ်မီဒီယာများကြားတွင်တော့ ဂျပန်ခေတ် ကင်ပေတိုင်ရုံးလိုပင် ကျော်ကြား၏။ စကားလုံးတိုင်း၊ ၀ါကျတိုင်းအပြင် ဓါတ်ပုံ၊ ကာတွန်းပါ မကျန် သေချာစိစစ် ဖြတ်တောက်သည်။ လုံးဝ အမှားအယွင်းမခံ။

ရုံးတင်သည့် ဒုက္ခ၊ ရုံးကျ ပြန်မှတ်ရသည့် ဒုက္ခ၊ စာပြန်ပြင်ရသည့် ဒုက္ခ၊ ဖလင်ပြန်ထုတ်ရသည့် ဒုက္ခ ရေးလို့ပင် မကုန်။ များမြောင်လှသည်။

သမ္မတကြီး ဦးသိန်းစိန်လက်ထက် ဖြေလျော့မှုအဖြစ် စာပေစိစစ်ရေးသို့ တင်စရာမလို လွတ်လပ်စွာ ထုတ်ဝေဖြန့်ချိခွင့် ရလားသည်။ ဒါပေသိ ပုံနှိပ်မီဒီယာများကား စည်းဝါးမလွတ်။ စာနယ်ဇင်း ကျင့်ဝတ်ကို စောင့်ထိန်းပြီး ရေးသားထုတ်ဝေခဲ့ကြသည်။

ထိုအချိန်တွင် မိုးဟိန်း ဆိုသူက ဦးစီးပြီး သူရိယအလင်း၊ သူရိယနေ၀န်း၊ အခု နောက်ဆုံး အာရှအလင်းဆိုပြီး ကျင့်ဝတ်စောင့်ထိန်းမှုမရှိ ဂျာနယ်ရောင်းကောင်းရုံ အဖွအရှုပ် အတင်းအဖျင်းများကို ဦးစားပေးပြီး ဂျာနယ်တစ်စောင် ထုတ်ဝေလာခဲ့သည်။

သူရိယအလင်းဂျာနယ်၏ ရေးသားမှုများသည် စာနယ်ဇင်းကျင့်ဝတ်နှင် မကိုက်ညီဟု မြန်မာဂျာနယ်လစ်ကွန်ယက်က ထုတ်ပြန်ကြေငြာခဲ့သလို The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်၌ “ပြည်သူလူထုအတွက် မည်သည့်အကျိုးမျှမရှိဘဲ မိမိတို့၏ စာစောင်ရောင်းကောင်းရုံ အဖွအရှုပ် အတင်းအဖျင်းများ ရေးသားခဲ့သည့် ‘သူရိယနေ၀န်း’ ကဲ့သို့သော စာစောင်မျိုး၏ လုပ်ရပ်သည် ဒီမိုကရေစီကို အထင်သေးအောင် ပြုလုပ်သည့် Distortion of Democracy သာဖြစ်သည်။ ယင်းသည် အရေးကြီးသော ပင်မဒီမိုကရေစီ လမ်းကြောင်းမှနေ၍ ရည်ရွယ်ချက်ရှိရှိဖြင့် အာရုံလွှဲခြင်းဖြစ်သည်” ဟု ရေးသား သတိပေးခဲ့ကြသည်။

စာနယ်ဇင်းလွတ်လပ်ခွင့် ပေးသည်ဟု ဆိုသော်လည်း အရေးအသား တင်ပြပုံများနှင့် ပတ်သက်၍ စာနယ်ဇင်း မီဒီယာများကို တရားစွဲမှုများရှိခဲ့သလို အချို့မှာ နှစ်ရှည်ထောင်ကျခြင်းများပင် ရှိခဲ့သည်။

သို့ရာတွင် တရားလက်လွတ် ပရမ်းပတာ ရေးနေသည့် သူရိယနေ၀န်း(အာရှအလင်း)ကဲ့သို့ ဂျာနယ်ကို ဘာကြောင့် အရေးမယူသလဲ စဉ်းစား၍မရပါ။ သူရိယနေ၀န်းက ပုဂ္ဂိုလ်ရေး ပုတ်ခတ် ရေးသားနေသူများတွင် အငြိမ်းစား ယူသွားသည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေမှစ ခရိုနီများအလယ် လက်ရှိ တာဝန်ထမ်းဆောင်နေသည့် ဌာနဆိုင်ရာများမှ ၀န်ထမ်းများပင် ပါဝင်ပါသည်။

စာနယ်ဇင်း မီဒီယာများကို အရေးယူ ဖမ်းဆီးထောင်ချခြင်းများ ရှိနေသော်လည်း အာရှအလင်း မပါဝင်ခြင်းကို အံ့သြတကြီး ဖြစ်မိကြောင်းပါခင်ဗျား …..

အလုပ်သင်သတင်းထောက်လေး ‪#‎YN‬

ရန်ကုန်မြို့သစ်စီမံကိန်းနောက်ကွယ်မှ

ပြည်သူတွေ စိတ်ဝင်စားနေတဲ့ ရန်ကုန်မြို့သစ် စီမံကိန်း နောက်ကွယ်က
တရုတ်လူမျိုး ရှောင်စန်း ။
================================================
ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်အစည်းအဝေးတွင် ရုတ်တရက် တင်လိုက်သော ကြည့်မြင်တိုင် တစ်ဖက်ကမ်း အေးရွာတွင် အကောင်အထည်ဖော်မည့် ရန်ကုန်မြို့သစ် စီမံကိန်အကြောင်း ပွက်လောရိုက် နေကြသည်။ ယင်း၏ အကျိုးဆက်အဖြစ် သြဂုတ်လ ၂၉ရက်နေ့တွင်မူ နိုင်ငံတော်ပိုင် သတင်းစာများတွင် တင်ဒါခေါ်ပြီးမှ ဆောင်ရွက်မည်
ဖြစ်ကြောင်း ပြန်လည်ကြေညာခဲ့ရသည်။ ထိုအေးရွာမြို့သစ် စီမံကိန်းကို ၂၀၁၃ခုနှစ် ဒီဇင်ဘာလတွင် ဖွဲ့စည်းလိုက်သော မြန်မာ့စေတနာ မြို့သစ် အများပိုင် ကုမ္ပဏီက အကောင်အထည်ဖော်ရန် မူလက လက်သိပ်ထိုး စီစဉ်ခဲ့ကြသည်။

ထိုကုမ္ပဏီ အပါအ၀င် Yangon Crown ကုမ္ပဏီ၊ Crown Advance ကုမ္ပဏီတို့၏ ပိုင်ရှင် အစစ်ကိုလည်း ပြည်သူများ သိလိုလာကြသည်။ ထိုကုမ္ပဏီများတွင် နာမည် ထည့်မထား သော်လည်း အမှန်ပိုင်ဆိုင်သူ နှစ်ဦးမှာ ရှောင်စန်းနှင့် ရှောင်စွတ်ဆိုသည့် တရုတ် ညီအစ်ကိုဖြစ်သည်။

ညီဖြစ်သူ ရှောင်စွတ်သည် တရုတ်နိုင်ငံမှ အင်ဂျင်နီယာဘွဲ့ ရထားသူဖြစ်ပြီး မြန်မာစကားကို ကောင်းစွာ မပြောတတ် ပေ။ ရှောက်စန်းသည် လွန်ခဲ့သည့် (၁၅)နှစ်က ယူနန်ပြည်နယ်မှ ၀င်ရောက်လာသည့် တရုတ်လူမျိုးဖြစ်ပြီး သူ၏ ဇနီးမှာ ယူနန်ပြည်နယ် အစိုးရအဖွဲ့ဝင်တစ်ဦး၏ သမီးဖြစ်ပြီး ကူမင်မြို့တွင် နေထိုင်သည်။

ရှောက်စန်းသည် တရုတ်နယ်စပ်မှ ၀ါယာကြိုးများကို ပြည်တွင်းသို့ တရားမ၀င် ခိုးသွင်းရင်း ယခင်ဆောက်လုပ်ရေး ၀န်ကြီး ဗိုလ်ချုပ်ခင်မောင်မြင့် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဘ၀ကရင်းနှီးခဲ့သည်။ဗိုလ်ချုပ်ခင်မောင်မြင့်၏ အကူအညီဖြင့်ပင် ဆောက်လုပ်ရေးလောကထဲသို့ ရောက်လာခဲ့သည်။

ရှောင်စန်း လူမသိသူမသိ ရရှိခဲ့သော ဆောက်လုပ်ရေး လုပ်ငန်းများမှာ ပုသိမ်-သလပ်ခွာ ကားလမ်း (မော်တင်စွန်း ကားလမ်း)၊ ပခုက္ကူတံတားတွင် ဘိုးပိုင်လုပ်ငန်း အားလုံး၊ ညောင်တုန်း တံတားတွင် ဘိုးပိုင်လုပ်ငန်း အားလုံး၊ ဘိုကလေး ကျွဲခြံရေကျော် တံတား ဆောက်လုပ်ရေး၊ တောင်ကြီးမြို့နယ်နှင့် မိုင်းပွန်မြို့နယ်တွင် လျှပ်စစ်ရုံးများ ဆောက်လုပ်ရေး၊ တောင်ကြီးမြို့ အစိုးရ ၀န်ထမ်းအိမ်ရာ ဆောက်လုပ်ရေး၊ ဟံသာဝတီကားဝင်းကို ရန်ကုန်စည်ပင်နှင့် အကျိုးတူပူးပေါင်း ဆောင်ရွက်ခွင့်၊ လင့်လမ်းဘဏ်ရိပ်သာကို ကျပ်၈ဘီလျံဖြင့် ၀ယ်ယူခွင့်၊ မကွေး ကံပြားကားလမ်းဖောက်လုပ်ရေး၊ ငမိုးရိပ်တံတား ဆောက်လုပ်ရေး၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် မြေတူးဖော်ရေး လုပ်ငန်းတို့ ဖြစ်သည်။

မြန်မာ့စေတနာ မြို့သစ် အများပိုင် ကုမ္ပဏီကို တရားဝင် မဖွဲ့စည်းမီကပင် ထိုမြို့သစ်အတွက် အဆောက်အဦး ဒီဇိုင်းများမှာ၂၀၁၃ခုနှစ် အောက်တိုဘာလတွင် ရေးဆွဲခဲ့ပြီးဖြစ်သည်။

ရှောင်စန်းသည် Yangon Crown ကုမ္ပဏီအမည်ဖြင့် Standard ၀ါယာကြိုးများ ထုတ်နေသလို၊ မြောင်းတကာ စက်မှုဇုန်တွင်လည်း သံချောင်းလုံး စက်ရုံဟု အမည်တပ်ထားသော သံမဏိ စက်ရုံတစ်ရုံ ပိုင်ဆိုင်ထားသည်။

ရှောင်စန်းသည် သူ၏ ကုမ္ပဏီများတွင် သူ၏လူယုံ မြန်မာလူမျိုးများ အမည်ကိုသာ ထည့်သွင်းလေ့ရှိသည်။ ဗိုလ်ကြီး အုန်းကျော်မြင့်၏ နိုင်ငံတော် လုပ်ကြံမှုတွင် အစိုးရသက်သေ လုပ်သွားသူ ဗိုလ်ကြီးဝင်းသိန်း၏ သားမက် မျိုးသိန်းထွေး ခေါ် သားပု၊ အောင်ကမ္ဘာ အောင်စိန်တို့ နှင့်အတူ ရှောင်စန်းသည် ပြည်သူ့ရင်ပြင်ကိုလည်း  Natutal World တို့ပြည်သား ကုမ္ပဏီ အမည်ဖြင့် နှစ်ရှည်ငှားရမ်းခွင့် ရထားသည်။ မည်သူမှ သတိမထား မိလိုက်သော်လည်း ရှောင်စန်းသည် ဦးသိန်းစိန် ၀န်ကြီးချုပ်ဘ၀ဖြင့် ပခုက္ကူတံတားတည်ဆောက်မှု စစ်ဆေးစဉ်ဦးသိန်းစိန်၏ ဘေးတွင်ကပ်လျက်ရပ်ပြီး ရှင်းပြနေပုံသည် နိုင်ငံပိုင် သတင်းစာများ မျက်နှာဖုံးတွင် ပါဝင်ခဲ့ဖူးသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို အိုင်ဗင်ဟိုနှင့် ၀မ်ပေကွင် အလွဲအပြောင်းတွင် ပျောက်ဆုံးသွားသော ကြေးနီတန် ၃၀၀သည် ရှောင်စန်း၏ Yangon Crown ၀ါယာစက်ရုံ ဂိုဒေါင် အတွင်းမှ ပြန်မိသော်လည်း ရှောင်စန်းသည် တစ်စုံတစ်ရာ အရေးယူခံရခြင်း မရှိခဲ့ပေ။

ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးမြင့်ဆွေ၏ သားမက် သြစတြေးလျ နိုင်ငံသား ခံယူထားသူ ဦးတာရာ မြင့်ဆွေသည် ရှောင်စန်း၏ Yangon Crown ကုမ္ပဏီတွင် ဒါရိုက်တာတစ်ဦး ဖြစ်သည်။ ယခင်ဆောက်လုပ်ရေး ၀န်ကြီး ဗိုလ်ချုပ် ခင်မောင်မြင့်၏ သူငယ်ချင်းများ ဖြစ်သော ဗိုလ်သင်တန်း အပတ်စဉ်(၄၉)မှ ဗိုလ်မှူးကြီး ခင်မောင်မြင့်၊ ဗိုလ်မှူးကြီး ဌေးအောင်၊ ဗိုလ်မှူးကြီး လှတင့်နှင့် ယခင်ယာဉ်ထိန်း တပ်ဖွဲ့မှူး ရဲမှူးကြီး အောင်နိုင်တို့သည် ရှောင်စန်းထံတွင် ရာထူးကြီးများ ရယူထားသည်။

ရန်ကုန် မြို့သစ်စီမံကိန်းမှာ အများပြည်သူ ယခုမှ သိရှိသော်လည်း ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီကပင် မည်သည့် ခွင့်ပြုချက်မှ မကျသေးမီ ဆောက်လုပ်ရေးလုပ်ငန်းများ စတင်ဆောင်ရွက်ပြီး အဆောက်အဦးများ စတင် ဆောက်လုပ်နေပြီ ဖြစ်သည်။

ယခုမီဒီယာများနှင့် အများပြည်သူ ကန့်ကွက်မှတင်ဒါခေါ်မည်ဟု ကြေညာခဲ့သော်လည်း အေးရွာတွင် လယ်မြေဧက ထောင်ချီဝယ်ယူပြီး ဖြစ်သော ရှောင်စန်းမှလွဲပြီး အခြားမည်သူမှ တင်ဒါအောင်မြင်လိမ့်မည်မဟုတ်။ ထိုအချိန်တွင် ရှောင်စန်း မျက်လှည့်ပြထားမည့် ကုမ္ပဏီတစ်ခုက မည်သို့မည်ပုံ ရယူသွားမည်ကို စောင့်ကြည့်ရပေဦးမည်ဖြစ်သည်။

ယနေ.ထုတ် Tomorrow သတင်းဂျာနယ် မျက်နှာဖုံးသတင်းဆောင်းပါး

ုနိုင်ငံ့ဝန်ထမ်းတွေ ဘယ်တော့မှ ပြည်သူကို ကူမလဲ

Thai-Myanmar နယ်စပ်ဘုရားသုံးဆူ နယ်စပ်မျဉ်းပေါ်မှာကျနော်ရပ်နေပါတယ် နောက်ကိုခြေတလှမ်းဆုတ်ရင် မြန်မာမြေပဲ့ ကျနော့်နောက်မှာမြင်နေရတာက မြန်မာပိုင်နက် ဘုရားသုံးဆူမြို့ပါ ထိုင်းဖက်ခြမ်းနဲ့ယှဉ်လိုက်ရင် အလံတိုင်တခုပဲမြင့်ပြီး ကျန်တာအကုန်နိမ့်ပါတယ်။

ကျနော့်ညာဖက်ခြမ်းမှာက ထိုင်းလဝကဂိတ်ရုံးလေးတည်ရှိပြီး ထိုင်းတွေ Border Pass လုပ်ပြီးမြန်မာပြည်ဖက်ကိုဝင်နေကြတာတွေ့ပါတယ်။ အာ့နဲ့ပြောရအုံးမယ် အဲလိုထိုင်းတွေဝင်နေတော့ ကိုယ်လည်းသူတို့နောက်က တန်းစီပြီးဝင်လိုက်ပါတယ်။ ကိုယ့်အလှည့်ရောက်လို့ ဘဒ်ပချာချွန်(ထိုင်းမှတ်ပုံတင်)ဆိုပြီးတောင်းတော့ မြန်မာပတ်စပို့ကိုထုတ်ပြလိုက်ပါတယ်။

အဲဒီမှာ ထိုင်းလဝကကမျက်ကလူးဆန်ပြာဖြစ်သွားပြီး…ဟာ!! ဖမာ့ပဲ့..သွားလို့မရဘူး..ခွန်ထိုင်းပဲ့သွားလို့ရတယ် မင်းလာရာလမ်းကအခုပြန်လှည့် ပိုင်း…ပိုင်း..ဆိုပြီးနှင်လွှတ်ပါတယ်။ ကျနော်လည်း တော်တော်ကြောင်သွားပါတယ် ဗမာပြည်ထဲကို ဗမာဝင်လို့မရဘူး ခွန်ထိုင်းပဲ့ဝင်လို့ရတယ်ဆိုတော့။

အာ့နဲ့အပြင်ထွက်လာပြီးရပ်နေတုန်း ဗမာတယောက်ရောက်လာပြီး အကိုသုံးဆူဖက်ဝင်မလို့လား ကျနော်ဌာနကလူနဲ့ ညှိပေးမယ်လေ ဘတ် ၂၀၀ ပေးရမယ်ဆိုပြီးလာပြောပါတယ်။ အဲလိုပြောခိုက်မှာပဲ့ ခုနက ထိုင်းလဝကက ကျနော့်ကိုလက်ရပ်ခေါ်လိုက်ပါတယ်။ ကိုယ်လည်းထင်မိတာ ဒီထိုင်းခုမှစိတ်ကောင်းဝင်လို့သွားခိုင်းတာထင်ပြီး သူ့ဆီလျှောက်လာပါတယ်။ အဲမှာ သူပြောပြတယ် မင်းပတ်စပို့နဲ့က ဒီဂိတ်တွေကဝင်လို့မရဘူး ပုံမှန်ဂိတ် (ရနောင်း၊မဲဆောက်တို့လို) တွေကပဲ့ဝင်လို့ရတယ်ပေါ့။ ခုနကမြန်မာရဲနဲ့လုပ်စားနေတဲ့ကောင်တွေက

မင်းဆီကလိုင်းရိုက်ခ လည်းယူမယ်။ ပြီးတော့နောက်ရဲကို လက်ကုတ်ပြီး မင်းကိုပတ်စပို့နဲ့ဝင်လာတာကိုအကြောင်းပြုပြီး ထပ်နွှာမယ်။ မင်းတို့ဖမာ့အာဏာပိုင်တွေအကျင့်မင်းလည်းသိမှာပါ။

ပြန်လှည့်ပြီး တရားဝင်ဂိတ်တွေကပဲဝင်ပါ တခြားအပေါက်တွေရှိတယ် မင်းဝင်သွားလည်း ဘုရားသုံးဆူက သေးသေးလေး။ သူတို့ ချက်ချင်းရှာတွေ့တယ် လာရစ်ကြမှာ လို့ပြောပြပါတယ်။ အာ့နဲ့ကျနော်လည်း မဝင်ဖြစ်တော့ပဲ အနီးနားက ဗမာမတယောက်ရောင်းနေတဲ့ထမင်းဆိုင်မှာဝင်းစားပြီး ဖြစ်လာတဲ့အကြောင်း ပြောပြပါတယ်။ အဲဒီအမကြီးလည်းပြောတယ်။ ပတ်စပို့ရှိမှန်း မြန်မာဖက်ကအာဏာပိုင်တွေသိသွားရင် မဝင်တာပဲ့ကောင်းတယ်တဲ့ အဲသလိုနဲ့ခံရတဲ့လူပေါင်းများပြီလို့ပြောပါတယ်။ ကျနော်လည်း စံခဘူရီမြို့ထဲလိုင်းကားစီးပြီးပြန်ဝင်လာပါတော့တယ်။

လမ်းမှာစဉ်းစားမိတယ်။ ထိုင်းအာဏာပိုင်တွေဟာ ဘယ်လိုအခြေနေပဲ့ဖြစ်နေပစေ သူတို့ထိုင်းတွေ အချင်းချင်းကူညီတာပဲရှိတယ်။ ပျော့ကွက်ရှာပြီးမရစ်ကြမလုပ်စားကြဘူး။ မြန်မာအာဏာပိုင်ဆိုသူတွေ နိုင်ငံဝန်ထမ်း ဆိုသူတွေကတော့ အမြဲလိုလို အရပ်သားပြည်သူဆို အားနည်းချက်ရှာ ရစ်မယ် ညှစ်မယ် ရှာစားဖို့ပဲ အာရုံစိုက်နေကြတယ်။

ရှက်ဖို့ကောင်းတာက ဒီလုပ်ရပ်ကို ထိုင်းတွေတောင်သိနေပြီ….ဘယ်ခေတ်ဘယ်ခါကျမှပဲ့ နိုင်ငံဝန်ထမ်း အာဏာပိုင်တွေ ပြည်သူကိုကူညီတဲ့ခေတ်ရောက်ပါ့မလဲ..???

မေမြတ်နိုးနဲ့သရဖူကိစ္စ

998433_731923663514941_2016410539_n 139969788851f6ea_l may_myat_noe_02 maymyatnoe www.mmdailystar.com (13) i i
မြန်မာအလှမယ် မေမြတ်နိုးကို သရဖူရုတ်သိမ်းတာနဲ့ ပတ်သတ်ပြီး ပြောစရာလေး တွေရှိလာပါတယ်၊ အေဂျင်စီက လှနုထွန်းနဲ့ မေမြတ်နိုးတို့ကြား ဘယ်လိုတွေကတိကဝတ်တွေ ရှိခဲ့လဲတော့ သေချာမသိဘူး၊ အခုကြားထဲက ဝင်လာတဲ့ ကိုရီးယားအဖွဲ့ အစည်းအကြောင်းကို ပြောချင်တယ်၊ နိုင်ငံကိုယ်စားပြုမယ်တစ်ယောက်ကို ဒေါ်လာတစ်သိန်းတန် (တကယ်ကောတန်ရဲလား မသိ) သရဖူယူပြီးရှောင်နေပါတယ်ဆိုပြီး ကြေငြာချက်ထုတ်လိုက်ကတည်းက အဲ့ဒီအဖွဲ့အစည်းရဲ့ ကလေးကလားဆန်မှုနဲ. မရိုးသားမှုကို ဖော်ပြလိုက်သလိုပါပဲ။

နောက်ပြီး မေမြတ်နိုး ကိုရီးယားကိုမိခင်နှင့်အတူသွားတဲ့အပေါ်မှာရော အဲ့ဒီအဖွဲ့ အစည်းက မိခင်ကို ပြန်လွှတ်ပြီး မေမြတ်နိုးတစ်ယောက်ထဲနေခဲ့ဖို့ ဖိအားပေးတာကလည်း အဲ့ဒီအဖွဲ့အစည်းရဲ့ မရိုးသားမှုကို သိသာစေပါတယ်၊ အသက် နှစ်ဆယ်မပြည့်သေးတဲ့ မိန်းခလေးတစ်ယောက်ကို ဘယ်လိုမိဘက နိုင်ငံရပ်ခြားမှာတစ်ယောက်ထဲ ထားခဲ့နိုင်မလဲ၊ စဉ်းစားကြည့်ကြပါ၊ နောက်ထပ် ထပ်ပြီးမသင်္ကာစရာကတော့ ပြီးခဲ့တဲ့နှစ်တွေက လာရောက်ယှဉ်ပြိုင်ခဲ့တဲ့မယ်တွေထဲက သုံးယောက်ဟာ ထွက်ပြေးလို့ လေဆိပ်ထိတောင် လိုက်ဖမ်းယူရတယ်ဆိုတဲ့ သတင်းဟာလည်း ထွက်ပေါ်လာတယ်။

At the 2011 pageant Amy Willerton, a contestant representing Wales, along with a number of other contestants, claimed the pageant had been fixed after the girl representing Venezuela was apparently placed runner-up of the talent round before she had competed. Led by Willerton, the contestants demanded answers from organisers and later made claims that some contestants had been offered automatic top-ranking placements in exchange for sex, by organisers. The events were filmed by Willerton and other contestants (which were later uploaded to YouTube under the  title “Confessions of a Beauty Queen” and spread throughout the pageant industry). Subsequently, she and the representatives from Aletha Shepherd of Guyana and Costa Rica] and Pamela Peralta … fled their hotel to the airport, claiming the pageant organisers had tried to keep them
there against their will and had followed them to the airport to stop them escaping.The Korean National Police Agency and organizers denied all accusations.Willerton claimed that the organizers bribed the police officers.

ပထမဆုံးနှစ်မှာပဲ ကိုရီးယားအလှမယ် ဂျန်အန်းအာ ထိပ်ဆုံးအဆင့်ဝင်နိုင်ဖို့ ကာမကို အလှူတော်ပေးခဲ့ရတယ်စွပ်စွဲခံရပြီး ပြိုင်ပွဲကနေနုတ်ထွက် ဗြိတိန်အလှမယ် အေမီဝီလာတန်ကလည်း ပြိုင်ပွဲစီစဉ်သူတွေက လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်စော်ကားဖို့ကြံစည်လို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း တစ်ကမ္ဘာလုံးသိအောင် ရင်ဖွင့်ပြောပြခဲ့ရတဲ့အဖွဲ့အစည်း။ ခု အဲဒီအဖွဲ့အစည်းက မြန်မာတစ်မျိုးသားလုံး ကိုစော်ကားတာတော့ လက်မခံနိုင်ပါဘူး။

ဒီလိုမျိုးအခြေအနေမှာ မေမြတ်နိုးဘက်ကနေပြီးတော့ နိုင်ငံသားတစ်ယောက်အနေနဲ့ မားမားမတ်မတ်ရပ်တည်ရပါလိမ့်မယ်၊ သမိုင်းကြောင်းမကောင်းခဲ့တဲ့ ကိုရီးယားအဖွဲ့အစည်းကိုရော၊ မယ်တွေအပေါ်မှာ ကာကွယ်ရပ်တည်မှုလုံးဝမရှိပဲ ကိုယ့်အတွက်ပဲရှေ့တန်းတင်ပြီး ထိမ်းချုပ်ထားချင်တဲ့ လှနုထွန်းရဲ့အေဂျင်စီကိုရော၊ ဘာမှန်းညာမှန်းမသိ နိုင်ငံခြားတိုင်းပြည်က တခုခုရေးလိုက်၊ပြောလိုက်ရင် ကိုယ့်နိုင်ငံသားဘက်က သေသေချာချာ မစုံစမ်းမလေ့လာပဲ ရေးတတ်တဲ့သူတွေကိုရောသတိပေးချင်ပါတယ်။

Miss Asia Pacific World ဟာ စတင်တည်ထောင်တာ သုံးနှစ်တာဘဲရှိပါသေးတယ် ကိုရီးယားအနုပညာအမည်ခံအေဂျင်စီတွေဟာ သူတို့ရဲမော်ဒယ်တွေ သရုပ်ဆောင်တွေကို လုပ်ငန်းအောင်မြင်ဖိုအတွက် လူကိုချရင်းနှီးခိုင်းလေ့ ရှိပါတယ်။( သေသေချာချာဆက်စုံစမ်းရင် လူကုန်ကူးမှုလို.တောင် ခေါင်းစဉ်တပ်လို.ရနိုင်တယ် )

လွန်ခဲ့တဲ့လေးနှစ်လောက် အဲလိုမျိုး အတင်းစေခိုင်းလို သက်သေသွားတဲ့ ကိုရီးယား သရုပ်ဆောင်ရဲသေတမ်းစာမှာပါတဲ့ အချက်အလက်တွေကြောင့် သူဌေးတချိုနဲ့ ရုပ်သံဒါရိုက်တာတချို အရေးယူခံခဲ့ရပါတယ်။ APW organization Korea က ပွဲလုပ်တာ သုံးနှစ်ဘဲရှိပေမယ့် မေမြတ်နိုးနဲ့ပါဆိုရင် သရဖူသိမ်းတဲ့ အဖြစ်မျိုးက ၃ ကြိမ်ရှိပြီး လိုကြားပါတယ်ခင်ဗျာ။

မေမြတ်နိုးတစ်ယောက်ထဲကို လက်ညှိုးထိုးနေလို့တော့မပြီးဘူး။ ဘာတဲ့ …အလှမယ်ကို ထိန်းချုပ်မရလို့ အဲဒီအဖွဲ့အစည်းဆီကို လှမ်းတိုင်တယ်လို့လည်းကြားတယ်။ အဲဒီသူတွေရော ဒီလိုတန်းမရှိတဲ့ အဖွဲ့အစည်းနဲ့ ချိတ်ဆက်ဆောင်ရွက်ပြီး ပြည်တွင်းက ရိုက်စားလုပ်နေကြတဲ့ ပြိုင်ပွဲဝင်စေခဲ့ကြတဲ့သူတွေရော အားလုံးကိုရှုတ်ချပါတယ်။

စက်တင်ဘာ ၂ ရက် မေမြတ်နိုးရဲ့ ရှင်းလင်းပွဲဆီကနေလည်း နောက်ကွယ်မှာ ဖြစ်နေတဲ့လှို့ ၀ှက်ချက်တွေအားလုံးကို ပွင့်ပွင့်လင်းလင်းချပြရင်ဖွင့်ဖို့လည်းမျှော်လင့်နေပါတယ်။ တစ်နိုင်ငံလုံးကို ကိုရီးယားက ၃ နှစ်လောက်သာရှိသေးတဲ့ နံမည်ပျက်ရှိတဲ့၊ ဘာမဟုတ်တဲ့ အဖွဲ.အစည်းတစ်ခုက စော်ကားတာခံလိုက်ရတာ ရင်နာလို့မဆုံးဘူးးး။ လေးစားလျက်…။။

မိုက်ကယ်မိုးမြင့် (သို့) ပြိုင်ဘက်ကင်းရေနံသူဌေးကြီး

Moe-Myint

မိုက်ကယ်မိုးမြင့်

မြန်မာ့စွမ်းအင်ဝန်ကြီးဌာန၏ ရေနံတွင်းလေးခုကို တူးဖော်လုပ်ကိုင်ခွင့်ကို ရရှိသွားကြောင်း ကြေညာစာကို ၀မ်းသာအားရ ဝှေ့ယမ်းပြရင်း ဦးမိုးမြင့်က ရုံးခန်းထဲသို့ လမ်းလျှောက်ဝင်လာသည်။ လောလောလတ်လတ် ပရင့်ထုတ်ယူလာခဲ့သည့် အခြားနိုင်ငံတကာကုမ္ပဏီကြီးဆယ်ခု ပါဝင်နေသည့် ထိုကြေညာချက်က ပြည်တွင်းစွမ်းအင်လုပ်ငန်း ကျွမ်းကျင်သူများ ပြောကြားကြသော သတင်းစကားများ မှန်ကန်နေကြောင်း သက်သေပြနေပါသည်။ ဦးမိုးမြင့်က သည်နယ်ပယ်တွင်တော့ ပြိုင်ဘက်မရှိဘူးဆိုသည့်စကားပင် ဖြစ်ပါသည်။

“ဒီပြဿနာကတော့ဗျာ လူတွေတော်တော်များများက ကျွန်တော့်ကို လာဆက်သွယ်နေကြတာပဲ။ စွမ်းအင်အကြံပေးဆိုတာတွေပေါ့။ သူတို့ ဘာလို့ ကျွန်တော့်ကိုတွေ့ချင်မှန်း ကျွန်တော်မသိဘူး။ ဒါကြောင့် အဲဒီလူတွေကို ကြိုးစားပြီး ရှောင်နေရတယ်”ဟု အလုပ်စားပွဲမှာထိုင်ပြီး နေရာယူရင်း ဦးမိုးမြင့်ကပြောလိုက်သည်။
လူတွေက ဦးမိုးမြင့်ကို ဘာကြောင့်တွေ့ချင်နေရသလဲဆိုသည့် အကြောင်းရင်းကား ကောင်းစွာရှိပါသည်။ စစ်အာဏာရှင်စနစ်မှ လွတ်မြောက်ပြီး မြန်မာနိုင်ငံက လမ်းပွင့်လာသည့်အချိန်တွင် မိုက်ကယ်ဟုသိကြသည့် ဦးမိုးမြင့်က အမေရိကန်နိုင်ငံ၌ပင် စီးပွားရေးလုပ်နိုင်သူအဖြစ် နိုင်ငံတကာစွမ်းအင်ကုမ္ပဏီကြီးများကပင် အကျိုးတူဖက်စပ်လုပ်ကိုင်လိုကြသည့် လုပ်ငန်းရှင်တစ်ယောက်ဖြစ်ပါသည်။ နိုဝင်ဘာ ၁၅ ရက်တွင် လေလံဖွင့်မည့် မြန်မာ့ကမ်းလွန်ရေနံလုပ်ကွက်များအတွက် နိုင်ငံတကာကုမ္ပဏီတော်တော်များများက သူနှင့်ဖက်စပ်လုပ်ကိုင်လိုနေကြသည်။

လွန်ခဲ့သော အနှစ်လေးဆယ်အတွင်း ဦးမိုးမြင့်က အလုပ်အမျိုးမျိုးကို လုပ်ခဲ့သူဖြစ်၏။ စစ်အာဏာရှင်တစ်ဦး၏ လေယာဉ်ပျံကို မောင်းပေးဖူးသူ၊ မြန်မာနိုင်ငံကို နိုင်ငံတကာအရေးယူပိတ်ဆို့ထားမှုကို တောင့်ခံထားနိုင်ခဲ့သူ၊ အမေရိကန်အစိုးရက သူ့ကို နာမည်ပျက်စာရင်းသွင်းထားမှုကို အောင်မြင်စွာ ပယ်ဖျက်နိုင်ခဲ့သူတစ်ဦး စသည်ဖြင့်ဖြစ်ပါသည်။

“တစ်ခါတလေတော့ အမှန်အတိုင်းလုပ်ရတာ သိပ်ခက်တယ်။ ဒါပေမဲ့ ရေရှည်အကျိုးခံစားရတယ်”ဟု သူကဆိုသည်။
ယခုအခါတွင် ၎င်းက သူ့ စိတ်ကြိုက်စီးပွားရေးလုပ်ငန်းကိုသာ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်သွားရန် စိတ်အားထက်သန်နေပါသည်။ စွမ်းအင်ကုမ္ပဏီ ၆၁ ခု တင်ဒါလျှောက်ထားသည့် ကမ်းလွန်ရေနံလုပ်ခွင့် လိုင်စင်ချပေးမှုသည် မြန်မာနိုင်ငံနှင့် ဦးမိုးမြင့် နှစ်အစိတ်နီးပါး ကျင်လည်ခဲ့သည့် စွမ်းအင်လုပ်ငန်းအတွက် ပြောစမှတ်ပြုရသည့် လေလံပွဲတစ်ခုဖြစ်ပါသည်။

ရန်ကုန်မြို့တွင် ပညာသင်ကြားခဲ့သည့် ဦးမိုးမြင့်က မြန်မာ့ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ထက် နှစ်အနည်းငယ်နောက်ကျပြီး ရန်ကုန်အင်္ဂလိပ်မက်သဒစ်ကျောင်းတွင် ပညာဆည်းပူးခဲ့သူဖြစ်သည်။ ဘန်ကောက်နှင့် အမေရိကန်နိုင်ငံ အနောက်ဗာဂျီးနီးယားတို့တွင်လည်း ပညာသင်ကြားခဲ့သည်။ ရူပဗေဒဘာသာရပ်ဖြင့် ဘွဲ့ရခဲ့၏။ လေယာဉ်မှူးအဖြစ် သင်တန်းတက်ခဲ့ပြီး မြန်မာအစိုးရလေကြောင်းလိုင်းတွင် ၁၃ နှစ်ကျော်ကြာ အမှုထမ်းခဲ့သည်။ သူက မြန်မာနိုင်ငံကို နိုင်ငံတကာနှင့် အဆက်ဖြတ်ခဲ့ပြီး ၂၆ နှစ်ကြာ အာဏာရှင်အဖြစ် အုပ်ချုပ်ခဲ့သူ ဦးနေ၀င်းစီးသည့် လေယာဉ်ကို မောင်းခဲ့သည့် လေယာဉ်မှူးဖြစ်သည်။

ဦးမိုးမြင့်ကတော့ သူသည် ဦးနေ၀င်းကို စကားပင် ကောင်းကောင်းမပြောခဲ့ဖူးပါဟုဆိုသည်။ သူ့မိဘနှစ်ဦးမှာ ၁၉၈၇ ခုနှစ်က ခြောက်လအတွင်း ရှေ့ဆင့်နောက်ဆင့်ဆိုသလို ကွယ်လွန်ခဲ့သောအခါ မြန်မာနိုင်ငံအနေအထားများကို သူစိတ်ပျက်လာပြီး ၀န်ထမ်းဘ၀မှ အလုပ်ထွက်ခဲ့ကာ မြန်မာပြည်မှ ထွက်ခွာသွားခဲ့သည်။ “အစိုးရဆီမှာ တာဝန်ထမ်းဆောင်နေကြတဲ့ လူတွေအားလုံးပဲ စိတ်ပျက်နေခဲ့ကြတယ်။ ဘယ်သူမှမပျော်ကြဘူး”ဟု ပုဆိုးအပြာရောင်ကို ကော်လာကတုံးရှပ်အဖြူရောင်အင်္ကျီနှင့် တွဲဝတ်ဆင်ထားသည့် ဦးမိုးမြင့်ကဆိုပါသည်။
ထိုကဲ့သို့ ရင်နာစရာအဖြစ်အပျက်များက ဦးမိုးမြင့်ကို စွမ်းအင်လုပ်ငန်း၌ ခြေချနိုင်အောင် လမ်းဖွင့်ပေးခဲ့ပါသည်။ စကော့တလန်က Galsgow တက္ကသိုလ်တွင် ဘူမိဗေဒပညာရှင်အဖြစ် သင်ကြားခဲ့သည့် သူ့အဖေက Shell ရေနံကုမ္ပဏီတွင် အတိုင်ပင်ခံအဖြစ် လုပ်ခဲ့ဖူးသည်။ ဦးမိုးမြင့်က ထိုရင်းနှီးသောဆက်ဆံမှုကို သူက ဆက်လက်ထိန်းသိမ်းချင်သည်။

Shell က လူတွေကပြောတယ်။ “မင်းက လေယာဉ်မောင်းတဲ့သူတစ်ယောက်ပဲ။ ဘူမိဗေဒပညာရှင်မဟုတ်ဘူး”တဲ့။ အဲဒီမှာ ကျွန်တော်ကလည်း ပြန်ပြောတယ်။
“ငါ့ကိုခြောက်လပဲ အချိန်ပေးပါ။ နောက်မှ ငါတို့ထပ်ပြောတာပေါ့” လို့။ ဒါ ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်းထဲကို ကျွန်တော် ရောက်လာခဲ့တဲ့ပုံပါပဲ”

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်က လေကြောင်းပစ္စည်းတင်ပို့သူနှစ်ဦး၏ အမှုဆောင်အဖြစ် နှစ်အနည်းငယ်ကြာ လုပ်ပြီးသည့်အခါတွင် ဦးမိုးမြင့်က မြန်မာနိုင်ငံသို့ ပြန်လာခဲ့သည်။ ရေနံလုပ်ငန်းဝန်ဆောင်မှုကုမ္ပဏီဖြစ်သည့် မြင့်နှင့်ရောင်းရင်းများကုမ္ပဏီကို တည်ထောင်သည်။ သူ့ကုမ္ပဏီ၏၀န်ဆောင်မှုများတွင် သယ်ယူပို့ဆောင်ရေးမှ အခမ်းအနားပြင်ဆင်သည်အထိ ပါဝင်သည်။ သူ၏ဖောက်သည်များထဲတွင် ပြင်သစ်တိုတယ်။ မလေးရှားမှ ပထရွန်နာ။ ကိုရီးယားရေနံကော်ပိုရေးတို့ ပါဝင်သည်။ ၁၉၉၆ တွင် သူက MPRL E & P အမည်ရှိ သူ၏ အဓိကကုမ္ပဏီကို တည်ထောင်သည်။ ထိုကုမ္ပဏီက အမေရိကန်ဘိတ်ကာဟုခ်ျကုမ္ပဏီနှင့် ဖက်စပ်လုပ်ကိုင်ပြီး ရေနံတွင်းများကို လုပ်ကိုင်ခဲ့သည်။ ၁၉၉၉ ခုနှစ်တွင် အမေရိကန်ကုမ္ပဏီက မြန်မာမှ လုပ်ငန်းပြန်ရုပ်သွားသောအခါ ဦးမိုးမြင့်က လုပ်ငန်းကို အပြည့်အ၀တာဝန်ယူလိုက်သည်။

ဦးမိုးမြင့်က ၎င်း၏ကုမ္ပဏီများကို တည်ထောင်လုပ်ကိုင်နေစဉ်အတွင်း မြန်မာနိုင်ငံ၏ အခြေအနေကလည်း ပိုမိုဆိုးရွားလာ၏။ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို စစ်အစိုးရက အာဏာလွှဲပြောင်းဖို့ ငြင်းဆန်ခဲ့သည်။ နိုင်ငံတကာအရေးယူပိတ်ဆို့မှုများကြောင့် နိုင်ငံခြားကုမ္ပဏီများ မြန်မာနိုင်ငံမှ စွန့်ခွာကြသည်။ အနောက်နိုင်ငံများ၏ ဖိအားများအောက်တွင် ဦးမိုးမြင့်က ပြည်တွင်းကလူများကို အလုပ်အကိုင် ပံ့ပိုးပေးနိုင်သည်ဟုဆိုသောစိတ်ဖြင့် ၎င်း၏ကုမ္ပဏီအလုပ်များကို လုပ်ကိုင်ခဲ့သည်။ အစိုးရနှင့်ဆက်စပ်သော လုပ်ငန်းများတွင် သူ၏ ဆောင်ရွက်မှုများအတွက် သတိပေးချက်များ ရှင်းလင်းသေချာအောင် ရေးစေခဲ့ပြီး လာဘ်ပေးလာဘ်ယူမှုများ မရှိရအောင် လုပ်ခဲ့သည်။

“အားလုံးကို ရှင်းရှင်းလင်းလင်းဖြစ်အောင် ကျွန်တော်လုပ်တယ်။ ဘာမှဖုံးဖိထားစရာမရှိဘူး”
၂၀၀၈ ခုနှစ်တွင် စစ်အစိုးရနှင့် ပတ်သက်မှုကြောင့် အမေရိကန်အစိုးရက ဦးမိုးမြင့်ကို အမေရိကန်နိုင်ငံသို့ ခရီးသွားလာခွင့်ဗီဇာပိတ်ခဲ့သည်။ သို့သော်လည်း ၎င်း၏တောင်းဆိုမှုကြောင့် နောက်နှစ်တွင် ပြန်ပေးခဲ့သည်။ ၀ီကီလိခ်ကြေးနန်းများ ပေါက်ကြားချက်အရ ဦးမိုးမြင့်သည် စစ်အစိုးရနှင့်ရင်းနှီးသည်မှာ မှန်သော်လည်း အောင်မြင်ပြီး တရားဥပဒေအရ လုပ်ဆောင်သော စီးပွားရေးသမားတစ်ယောက်ဟု အမေရိကန်သံရုံးက သုံးသပ်ခဲ့သည်ဟုဆိုသည်။
လုပ်ဖော်ကိုင်ဖက် စီးပွားရေးလုပ်ငန်းရှင်များက ဦးမိုးမြင့်၏ စိတ်ထားရိုးသားမှုနှင့် စည်းကမ်းကြီးမှု၊ နည်းပညာဘက်တွင် ထိရောက်အောင်မြင်မှုများကို ချီးကျူးကြသည်။

ယခုအချိန်ကတော့ ဦးမိုးမြင့်၏ ရွှေခေတ်ပင်ဖြစ်သည်။ သူက အနီရောင်လေဆာပန်ဖြင့် နံရံပေါ်ရှိ မြေပုံပေါ်က ကမ်းလွန်ရေနံတွင်း ၃၀ ကို ထိုးပြလျက်ရှိသည်။

နိုင်ငံတကာကုမ္ပဏီများအနေဖြင့် မြန်မာနိုင်ငံတွင် ကမ်းလွန်ရေနံလုပ်ကွက် ၁၁ ခုကို လုပ်ကိုင်လိုပါက ပြည်တွင်းကုမ္ပဏီများနှင့် တွဲလုပ်ရမည်ဟူသော သတ်မှတ်ချက်ရှိသည်။ သူက လုပ်ငန်းရှင်အချို့နှင့် ဆွေးနွေးပြောကြားထားပြီး အချို့နှင့်ပူးပေါင်းဆောင်ရွက်ရန် သဘောတူပြီးဖြစ်သည်ဟု ဦးမိုးမြင့်ကဆိုသည်။
“ကျွန်တော် ထင်တာတော့ သူတို့တွေ သေချာသုံးသပ်ကြည့်တဲ့အခါ ကုမ္ပဏီတော်တော်များများက သူတို့နဲ့ အတူတွဲလုပ်လို့မရဘူးဆိုတာ သဘောပေါက်သွားကြတယ်”

၂၀၁၁ ခုနှစ်တွင် မြန်မာနိုင်ငံစစ်အစိုးရက အရပ်သားအစိုးရထံ အာဏာလွှဲပြောင်းပေးလိုက်သောအခါ စီးပွားရေးအခွင့်အလမ်းများ ပေါ်လာပြီး နိုင်ငံတကာကုမ္ပဏီများက ဘာကြောင့် ရုတ်တရက် သူ့အနားမှာ ၀ိုင်းလာရသလဲဆိုသည်ကို ဦးမိုးမြင့်က ကောင်းစွာသဘောပေါက်ပါသည်။ မြန်မာကဲ့သို့ ကမ္ဘာ့ဘဏ်၏ သတ်မှတ်ချက်အဆင့်အနိမ့်ဆုံးဖြစ်သော နိုင်ငံတစ်ခုတွင် သူ့ကုမ္ပဏီများကို မရှိမဖြစ် ဖြစ်စေရသည့် သမိုင်းကြောင်းရာဇ၀င်ကို ကောင်းစွာ သူကသိရှိသည်။ ရေနံတူးဖော်ရေးလေလံနှင့်ပတ်သက်ပြီး သူက ယခုကဲ့သို့ သုံးသပ်မှတ်ချက်ပေးခဲ့ပါသည်။

“ဒေသရဲ့ ဘူမိဗေဒအနေအထားနဲ့ပတ်သက်ပြီး ကျွန်တော်တို့မှာ ဗဟုသုတအများကြီးရှိတယ်။ ဒါကြောင့် ကျွန်တော်တို့မှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိပါတယ်”

(Financial Times သတင်းစာဆောင်းပါးရှင် Micheal Peel ရေးသားသည့် Moe Myint Myanmar’s go to tycoon ဆောင်းပါးကို ထားထားမြင့် ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)

အမေရိကန် ဒဏ်ခတ်သူများ စာရင်းက ဘယ်သူတွေ လွတ်ကြမလဲ

Crony

မြန်မာ စစ်အစိုးရလက်ထက်က ခရိုနီလို့ သတ်မှတ်ခံထားသူတွေထဲက တချို့ဟာ အမေရိကန်ပြည်ထောင်စုရဲ့ နာမည်ပျက်စာရင်း သွင်းခံထားရာကနေ ပယ်ဖျက်ပေးဖွယ် ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းက အမေရိကန်နိုင်ငံခြားရေး ဌာနက အရာရှိတချို့နဲ့ အမေရိကန်ရဲ့ နာမည်ပျက်စာရင်းဝင် မြန်မာစီးပွားရေး လုပ်ငန်းရှင်တချို့နဲ့ ရန်ကုန်မှာ တွေ့ဖြစ်ခဲ့ကြပါတယ်။

အမေရိကန် အရာရှိတွေကလည်း ခရိုနီလို့သတ်မှတ်ခံထားရတဲ့ မြန်မာသူဋ္ဌေးတွေ ဒီမိုကရေစီရေးကို ရှေးရှုရင် နာမည်ပျက်စာရင်းက ပယ်ဖျယ်ဖွယ် ရှိတယ်ဆိုတာ ပြောလာကြတယ်။

စာရင်းက လွတ်ဖို့ စစ်တပ်နဲ့ ရှင်းရှင်းနေဖို့နဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ မလုပ်ဖို့ လိုတယ်လို့ အမေရိကန်အစိုးရအရာရှိတွေက ဆိုတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် အလုပ်သမား ရေးရာ ဆိုင်ရာ လက်ထောက်ဝန်ကြီး တွမ်မာလင်နော့စကီးက ဧရာဝတီကို မကြာသေးခင်က ” စစ်တပ်နဲ့ စီးပွားရေး အဆက်အသွယ်ဖြတ်လိုက်ပြီလား၊ မြေယာ သိမ်းယူမှုကို ရှောင်ရှားခြင်း အပါအ၀င် လူ့အခွင့် အရေးကို လေးစားသလား၊ အရပ်ဖက်ဥပဒေတွေကို လိုက် နာသလားဆိုတာ ကျနော်တို့ ကြည့်သွားပါမယ်။ ဒီအရာတွေကို ပြသနိုင်ဖို့ အကောင်းဆုံး နည်းလမ်းတခုကတော့ စီးပွားရေး ပိုင်ဆိုင်မှုများအတွက် ယုံကြည်နိုင်လောက်တဲ့ လွတ်လပ်တဲ့ စာရင်းစစ် စနစ်ကို အသုံးပြုဖို့ နဲ့ သူတို့ရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေမှာ ယုံကြည်နိုင်လောက်တဲ့ လွတ်လပ်တဲ့ လူမှုရေးနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှု အကဲဖြတ်မှုတွေရှိဖို့ ဖြစ်ပါတယ်။ ဒီကိစ္စမှာ ကုသိုလ်ဖြစ် လှူဒါန်းမှုတွေကို ထည့်သွင်းစဉ်းစားမှာ မဟုတ်ပါဘူး ဆိုတာ ရှင်းလင်းအောင်ပြောထားပြီး ဖြစ်ပါတယ်။ သူတို့ ပိုက်ဆံကို ဘယ်လို သုံး သလဲဆိုတာက အရေး မကြီးပါဘူး။ သူတို့ပိုက်ဆံ ဘယ်လိုရှာသလဲ ဆိုတာက အရေးကြီးပါတယ်” လို့ ပြောဆိုခဲ့တယ်။

ဦးသိန်းစိန်အစိုးရ တက်လာအပြီး အမေရိကန်နိုင်ငံက အရပ်သားနိုင်ငံရေးသမားများအဖြစ် ပြောင်းလဲခဲ့တဲ့ သမ္မတဦးသိန်းစိန်နဲ့ ၂၀၀၈ ခုနှစ်က မြောက်ကိုရီးယားနိုင်ငံသို့ ချစ်ကြည်ရေး ခရီးသွားရောက်ခဲ့တဲ့ ပြည်သူလွှတ်တော် ဥက္ကဌ ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်းတို့ကို ဒဏ်ခတ်မှုစာရင်းက ပယ်ဖျက်ပေးခဲ့တယ်။

ဒါပေမယ့် မြန်မာလုပ်ငန်းရှင်ကြီးတွေကို မပယ်ဖျက်သေးတာကြောင့် မြန်မာနိုင်ငံက စီးပွားရေးလက်တွဲဖက်တွေလို့ မြင်ကြတဲ့  အမေရိကန် စီးပွားရေးသမားတွေက ဆူဆူညံညံ တောင်းဆိုလာနေကြတာကတကြောင်း၊ တရုတ်ဩဇာအောက်က ရုန်းထွက်လာနေတဲ့ မြန်မာကို လက်မလွှတ်ချင်ဘဲ ဆုပေးချင်တာက တကြောင်းကြောင့် ဒဏ်ခတ်မှုစာရင်းကို ပြင်ဖို့ လုပ်လာကြပါတယ်။။

ဇန်န၀ါရီလ လလယ်ပိုင်းတုန်းကလည်း ရန်ကုန်မြို့မှာ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Derek Mitchell က မြန်မာလုပ်ငန်းရှင်ကြီးများနဲ့ တွေ့ဆုံခဲ့ပြီး အမေရိကန် ဘဏ္ဍာရေး ၀န်ကြီးဌာနက ဒဏ်ခတ်မှု စာရင်းအတွင်းက နာမည်အချို့ကို မကြာမီ ဖယ်ရှားပေးတော့မယ်လို့ သတင်းကောင်းပေးခဲ့ပါသေးတယ်။

အမေရိကန်အစိုးရ နိုင်ငံခြားရေးဌာနက စီးပွားရေး၊ ကုန်သွယ်မှု ဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Charles H. Rivkin လည်း ရှေ့လ ရန်ကုန်ကိုလာပြီး မြန်မာစီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့ဖို့ရှိပါတယ်။ ဒဏ်ခတ်မှုစာရင်းကို ပြန်ပြင်ရာမှာ သူ့ခရီးစဉ်က အရေးပါပါလိမ့်မယ်။

၂ဝ၁၂ ခုနှစ်ကတည်းက အမေရိကန်ပြည်ထောင်စုက မြန်မာအပေါ် တားဆီး ပိတ်ပင်အရေးယူထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို တော်တော်များများကို ဖြေလျှော့လာတာပါ။ ကိုကာကိုလာ ကုမ္ပဏီနဲ့ Western Union တို့လို ကုမ္ပဏီတွေကတော့ မြန်မာနိုင်ငံမှာ အခုဆိုရင် ရင်းနှီးမြှုပ်နှံနေကြပြီဖြစ်ပါတယ်။ ဒီအပြင် နောက်ထပ် အမေရိကန်ကုမ္ပဏီတွေကလည်း မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံချင်နေကြပါတယ်။

ဒါပေမယ့် မြန်မာနိုင်ငံတွင်းမှာ အမေရိကန်ကုမ္ပဏီတွေနဲ့ တွဲလုပ်မယ့် ငွေပင်ငွေရင်း အလုံးအရင်း ရှိသူတွေ တော်တော်များများက SDN လို့ ခေါ်တဲ့ ဒဏ်ခတ်မှု စာရင်း အမည်ပျက် စာရင်းဝင်ဖြစ်နေတာကြောင့် အမေရိကန်ဘက်က ကုမ္ပဏီတွေက မြန်မာခရိုနီတွေရဲ့ ကုမ္ပဏီတွေနဲ့ စီးပွားရေး အတူလုပ်ရင် ဥပဒေအရ မလွယ်တဲ့ အခြေအနေ ဆိုက်နေတာပါ။

လတ်တလောမှာပဲ အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနက နာမည်ပျက်စာရင်း သွင်းထားတဲ့ မြန်မာကုမ္ပဏီပေါင်း ၁၂ဝ လောက်နဲ့ တသီးပုဂ္ဂလတွေ တော်တော်များများ ရှိနေတာပါ။

မြန်မာကုမ္ပဏီတွေကို အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက နာမည်ပျက်စာရင်းသွင်းတာကလည်း ၂ဝ၁၁ ခုနှစ်မတိုင်ခင်ထိ မြန်မာနိုင်ငံကို စစ်အုပ်ချုပ်ရေးနဲ့ အုပ်စိုးခဲ့တဲ့ စစ်ဗိုလ်ချုပ်ကြီးတွေနဲ့ နီးစပ်ဆက်နွယ်ပြီး အခွင့်ထူးတွေ ခံစားခဲ့ကြလို့ဖြစ်တယ်။

ဆယ်စုနှစ်တွေနဲ့ ချီတဲ့ စစ်အုပ်ချုပ်ရေး သဘောအရ စီးပွားရေးကို စစ်တပ်ကပဲ အများဆုံး ထိန်းချုပ်ခဲ့တာဖြစ်ပြီး ကုမ္ပဏီတွေကလည်း မြန်မာ အစိုးရစစ်တပ်နဲ့ နက်နက်ရှိုင်းရှိုင်း ဆက်နွယ် ထိစပ်ကြရတာဖြစ်ပြီး အခုထိလည်း ဒီအရှိန်က ရှိနေဆဲပဲလို့ ကျွမ်းကျင်သူတွေက ဆိုကြပါတယ်။

“ တိုင်းပြည်မှာ အဓိက စီးပွားရေးကို လုပ်ဆောင်ကြသူ အများစုဟာ အခုထိလည်း သီးခြား ပစ်မှတ်ထား ဒဏ်ခတ်ခံထားရဆဲပါဘဲ” လို့ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှု ဆိုင်ရာ အထူးပြု ရှေ့နေ Erich Ferrari က Wall Street Journal သတင်းစာကို ပြောထားပါတယ်။

အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ လွန်ခဲ့တဲ့ ရက်ပိုင်းက မြန်မာနိုင်ငံသွားစဉ် နာမည်ပျက်စာရင်းထဲ ရှိနေတဲ့ မြန်မာစီးပွားရေး လုပ်ငန်းရှင် မက်စ် ဦးဇော်ဇော် ပိုင်ဆိုင်တဲ့ ဟိုတယ်တခုမှာ တည်းခိုခဲ့တဲ့ကိစ္စဟာ အမေရိကန်အစိုးရရဲ့ ကြိုတင်အချက်ပြမှုလည်း ဖြစ်ကောင်းဖြစ်နေနိုင်ပါတယ်။

အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက နာမည်ပျက်စာရင်းဝင်လူ ပိုင်ဆိုင်တဲ့ ဟိုတယ်မှာ တည်းခိုလို့ အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှု ဆိုင်ရာ ပြဌာန်းချက်ကို ချိုးဖောက်ရာမကျဘူးလို့ တုံ့ပြန်ဖြေရှင်းခဲ့ရပါတယ်။

ဒါပေမယ့် ဦးဇော်ဇော်ပိုင် ဟိုတယ်မှာ တည်းခိုတာဟာ အကျိုးတုန့်ပြန်ချက် နည်းမယ်ဆိုတာ အမေရိကန်တွေ တွက်ချက်ပြီးမှ ဆုံးဖြတ်ခဲ့ပုံပါ။

၂၀၁၁ ခုနှစ်ကုန်မှာ နိုင်ငံခြားရေးဝန်ကြီးဖြစ်ခဲ့တဲ့ ဟေလာရီကလင်တန် နေပြည်တော် လာတုန်းကလည်း ဦးဇော်ဇော်လို နာမည်သိပ်မဆိုးတဲ့ ဦးချစ်ခိုင်ပိုင်တဲ့ သင်္ဂဟဟိုတယ်မှာ ရွေးချယ်တည်းခိုသွားခဲ့ဖူးပါတယ်။

ဓမ္မစေတီခေါင်းလောင်း

1077388_268666556660857_1579143138261990949_o

ဘဘ ဦးစံလင်း ( မြေပုံ ) ခင်ဗျား….

ဝမ်းသာပါတယ် ဘဘ အခုလို ခေါင်းလောင်းကြီးကို ရှာဖွေနိုင် ( ဘဘ အပြောအရ ) တဲ့အတွက် အလွန်ပင်ဝမ်းသာရပါ၏…
ဘဘ ဒီလိုပဲပြောမယ်ဆိုတာ ကြိုတွက်ပြီးသားပါ ဘဘ ပြောထားတဲ့ရက် ကလည်း ပြည့်နေပြီ ဆိုတော့ ဘဘ ဒီလိုပဲ ပြောရတော့မှာပေါ့ ၊ ဘဘ တင် ဒါမျိုး ပြောတာမဟုတ်ပါဘူး ဘဘ အရင် ခေါင်းလောင်းကြီးကို ဆယ်ဖို့ ကြိုးစားခဲ့တဲ့ အဖွဲ့တိုင်း တွေ့ပြီလို့ပဲ ပြောခဲ့တာ , မတွေ့ဘူးလို့ဘယ်အဖွဲ့ကမှ မပြောခဲ့ဘူး, ခက်တာက တွေ့တယ်သာပြောကြတာ ကုန်းပေါ်ကိုတော့ အခုချိန်ထိ ရောက်မလာသေးဘူး..
တစ်ခုရှိတာက ဘဘ အရင် ရှာခဲ့တဲ့ ၁၁ ဖွဲ့ ကတော့ ခေါင်းလောင်းကို တွေ့ပြီ သို့သော် နည်းပညာလိုအပ်ချက်၊ အစီုးရရဲ့ ထောက်ပံ့မှု မရခြင်း,တွေ့ထားတာက ထုထည်ကြီးတဲ့ ဂျင်ပုံကြီး မို့ ခေါင်းလောင်းဆိုတာ ၁၀၀% မသေချာလို့ ဆိုပြီး ရိုးသားစွာ ဝန်ခံပြီး လက်လျော့ လိုက်ကြတယ်။

အခု ဘဘ ကြတော့ အရူးမို့လား မသိဘူး ထူးတယ်ခင်ဗျ …

ဘဘ က ဒါကြီးကို ဆယ်မယ်ဆိုပြီး Media အကြို ရှင်းလင်းပွဲ လုပ်ကတည်းက အရူးကွက်နဲ့ စခဲ့တာလေ …ဘဘ မှတ်မိမှာပါ..
ဘဘ ပဲ မျက်ရည် လည်ရွဲ နဲ့ ပထမ အခေါက်က တွေ့ပေမယ့် နဂါးတွေ စောင့်လို့ ဘဘ ကို ရေအောက်ထဲမှာ ဂုပ်ကို ဆွဲထားလို့ ဆယ်လို့မရခဲ့ဘူး
(ဂုပ်ကိုသာ ဆွဲ မထားဘူးဆိုရင် တစ်ခါတည်းပဲ ပွေ့ ယူလာတော့မလို) ဆိုပြီး Media ရှေ့မှာ မျက်ရည်နဲ့ မျက်ခွက် ငိုချင်းချ ပြီး အရူးကွက်စနင်းခဲ့တာ သားက မှတ်မိတယ်ခင်ဗျ….

Media ပွဲလဲ ပြီးရော ဘဘ ရဲ့ ခေါင်းလောင်းရှာပုံတော် စပြီဆိုပါတော့ အဲ့မှာလည်း ဘဘ လည်တယ်ခဗျ , စည်းပေါက်မယ် , မလိုအပ်တဲ့ ပြသနာ တွေ ဖြစ်လာမယ်ဆိုပြီး သတင်းမထုတ်ပြန်ဘူး ခင်ဗျ တစ်ကယ်တော့ ဘဘ မှာ ရေရေရာရာ ပြောစရာ သတင်းမှ မရှိတာ, ဘယ်သတင်းကိုထုတ်ပြန်မှာလဲ

ရှာပြီဟေ့ ဆိုတော့လည်း ရေအောက်ကြမ်းပြင် ပြတ်ရွေ့ခြင်းပထဝီ အနေအထား ပြောင်းလဲခြင်းဆိုတာတွေကို လုံးဝ ထည့်မတွက်ပဲ , လွန်ခဲ့တဲ့ နှစ်၄၀၀ လောက်က ကျသွားတဲ့ နေရာမှာပဲ ရေ တစွတ်စွတ် ငုပ် , radiator , metal detector တွေ မသုံးပဲ ရှာဖွေတဲ့ ဘဘ ရဲ့ ထင်ရာစိုင်း နည်းစနစ် တွေကိုအံ့သြ မိတာအမှန်ပဲ ခင်ဗျ။ အဲ့လိုနဲ့ ၁ ပတ်လောက်ကြာတော့ ဘဘ ထင်သလိုဖြစ်မလာတော့ အကျပ်ရိုက်ပြီ ,အဲ့ဒီမှာ ဘဘ ကို ကယ်လိုက်တာ နတ်စင်တစ်ရာ ဘုန်းကြီးခင်ဗျ။

ဘဘုန်းကလည်း နဂါးတွေ သိုက်တွေ လူဝင်စားတွေဆိုရင် ဘဘုန်းဂွင် တွေ ဆိုတော့ အခုရှာတဲ့နေရာကနေ ပေ ၂၀ လောက် ရွှေ့ရှာပါဆိုပြီး မိန့်တယ်ခင်ဗျ ….ဘဘ က လည်း နဂို ကတည်းက ဂယောင်ဆိုတော့ ဘဘုန်း ပြောတဲ့နေရာကို ရွှေ့ တယ်ခင်ဗျ ( မရွှေ့ရင်လည်း ဘဘ ဘာလုပ်ရမှန်းမှ မသိတော့တာ ) သောင်တူးစက်တောင် ပြောတဲ့နေရာ မရောက်သေးဘူး ဆရာတော်က ခေါင်းလောင်းတွေ့ပြီ ဆိုပြီး media တွေကို မိန့်လိုက်တယ် အဲ့လို ဘဘ တောင်မသိလိုက်ပဲ ဆရာတော်က ဖောလိုက်တော့ ဘဘ ရဲ့ ပြန်ကြားရေးတာဝန်ခံက ဘဘုန်းအရှက်မကွဲအောင် ခေါင်းလောင်းတော့တွေ့တယ် ဒါပေမယ့် ဓမ္မစေတီ မဟုတ်ဘူး ဆိုပြီး ထပ်ဖောရသေးတယ် , အဲ့ဒီ မှာ
ခေါင်းလောင်းက ၂ လုံးလား ဆိုပြီး media ကိုကိုမမ တို့ ယောင်စိန် တွေ ဖြစ်ကုန်ရော..
( ဘဘ တို့ အဖွဲ့က ရီရတာတော့ အမှန်ပဲ )

ဒါနဲ့ပဲ သောင်တူးစက်က ဘဘုန်း ထင်သလို ပြောလိုက်တဲ့နေရာ လည်းရောက်ရော ပွဲမစခင်ကတည်းက ဘဘ တတွတ်တွတ် ပြောနေတဲ့ ဘဘ သံယောဇဉ်ကြီးလှတဲ့ ဘဘ ရဲ့ အဓိက ဇတ်ကောင် နဂါးတွေ အပေါ်ကို ပိပါလေရောတဲ့။ အဲဒါကို အဲ့ ပိနေတဲ့ နဂါးထဲက တစ်ကောင်က လှည်းကူးမှာ နေတဲ့ အမယ်အိုကြီးကို ဝင်ပူးပြီး ဖယ်ပေးဖို့ ဖယ်မပေးရင် ခေါင်းလောင်းကို ဆယ်မရအောင် လုပ်ထားလိုက်မယ်ဆိုပြီး media ကနေတစ်ဆင့်ဖွလိုက်တယ် , ဒါပေမယ့် ဒီတစ်ခါတော့ ဘဘ နပ်သွားပြီ အရူးလိုလို ဘွားတော်လိုလို အဘွားကြီး ပြောတဲ့အတိုင်း မယောင် တော့ပဲ လုပ်စရာရှိတာ ဆက်လုပ်တယ်။ ဘဘ ရဲ့ hero နဂါးတွေ ဒုက္ခ ရောက်နေတာကို ဘဘ လက်ပိုက်ကြည့်နေကတည်းက နဂါး စောင့်တယ်လို့ ဘဘ ပြောခဲ့တာ ဖောကွက်( အရူးကွက် ) ဆိုတာ သိတဲ့လူကသိတယ် ဘဘရေ။

အခုတော့ ဘဘ ရဲ့ ပွဲသိမ်းရိုက်ချက် လာပြီ။ ခေါင်းလောင်းကိုတော့ တွေ့ပြီ ဒါပေမယ့် နဂါးထဲမှာ အကြီးဆုံး ရွှေရောင် နဂါးမင်းကြီးက ဆီမီးထွန်းပြီး ပူဇော် နေလို့ ဆယ်ဖို့ရက်ကို ခဏစောင့်ရအုံးမယ်လို့ ဘဘ ပြောပြီနော်။ ပွဲစပြီ ဆိုကတည်းက ဘာ တစ်လုံးမှ မပြောပဲ အ အ ကြီးလို နေလာတဲ့ ဘဘ က အခုတော့ သတင်းထုတ်ပြန်လိုက်ပြီပေါ့။ ကျွန်တော် အပေါ်မှာ ပြောခဲ့သလို ရှာတဲ့ အဖွဲ့တိုင်း တွေ့ပြီလို့ပြောပါတယ် ကုန်းပေါ်ကိုသာ မတင်နိုင်ကြတာ ပြည်သူလူထုကို မပြနိုင်ကြတာ အခု ဘဘ ကလည်း တွေ့တယ်လို့ပြောပြန်ပြီ။

ဒီတစ်ခါတော့ ကျွန်တော်တို့ မျက်ဝါးထင်ထင် တွေ့ဖူးအောင် , ဘဘ ကို တိုက်ခိုက်နေတဲ့ လူတွေ ပါးစပ်ပိတ်သွားအောင်. ဓမ္မစေတီခေါင်းလောင်းကြီး ဆိုတာ တစ်ကယ်ရှိပါလား ဆိုတာ ရှင်းသွားအောင် ဘဘ လုပ်နိုင်ပါ့မလား လို့ သံသယဝင်မိတယ် , ဘဘ ကလည်း အရူးလိုလို အထူးလိုလို ဂယောင်ဆိုတော့ ကျွန်တော်တို့ကတော့ မျက်စိရှေ့မှာ ခေါင်းလောင်းကြီးကို မြင်ရတော့မှပဲ ယုံတော့မယ် ဘဘရေ…။

နဂါးတွေ အကြောင်းကတော့ သူများတွေတော့မသိဘူး ကျွန်တော်ကတော့ ဘဘပြောနေတဲ့ နဂါး Story တွေဟာ ဘဘ ရဲ့ exit လို့ထင်မိတယ် …..ကမ္ဘာကျာ် လူလိမ်ကြီးတွေရဲ့ ဆိုရိုးစကားကလည်း ရှိတယ်လေ အဲဒါက “လိမ်တော့မယ်ဆိုရင် ကိုယ်ရှူးကိုယ်ပတ် အဖြစ်ကနေ လွတ်မြောက်အောင် ထွက်ပေါက် ဖန်တီးထားပါ ” ဆိုတဲ့ စကားပါပဲ အခု ဘဘလည်း ခေါင်းလောင်းကို ဆယ်မရဘူး ဆိုတဲ့အခါ အကြောင်းပြချက် ရအောင် နဂါး story တွေကို ပွဲမစခင်ကတည်းက ပြောလာတယ်လို့ ထင်မိပါကြောင်း။

အဲ့လိုမဟုတ်ဘဲ တစ်ကယ်ကို ခေါင်းလောင်းကြီး ကို ဆယ်နိုင်ပြီ ဆိုရင် ခေါင်းလောင်းတီးဖို့ ငပိရိုး နဲ့အတူ ရင်ခုန်စွာ စောင့်နေပါ့မယ် ဘဘ ရေ (ခေါင်းလောင်းက ငပိရိုး နဲ့ထိုးမှ အသံထွက်မယ်ဆိုလို့ ) 

ဘဘ လို ဂယောင်ကို ခင်တဲ့
ဖိုးသား ( ငပိရိုးနဲ့စောင့်နေသူ)

ဇွဲနေဝင်းနှင့် တစ်ညတာ

ရန်ကုန်မြို့ကြီးဝန်းကျင်တစ်ခုလုံး တ၀ုန်းဝုန်းနှင့် မိုးရွာနေ၏… 

ညနေ (၆နာရီ ၄၀) ဟိုတယ်တွင်းသို့ အနက်ရောင် ကားတစ်စီး အရိန်နှင့် မောင်းဝင်လာသည်။

ဟိုတယ်မန်နေဂျာမှ ၀န်ထမ်းများ နားနေခန်းသို့ ဟိုတယ်ဝန်ထမ်းအားလုံး (၁၆) ယောက်ကို ခေါ်လိုက်၍ အရေးပေါ်ပြောစရာရှိသည်ဟု အကြောင်းပြခဲ့သည်။

သို့သော် ဟိုတယ်၏ (၃)ထပ်မြောက် စူပါဖန်စီ ( Super Fancy ) ဟုခေါ်သော ရေအေး ရေနွေး ချိုးခန်းအပြင် ၄၈ လက်္မ ဖန်သားပြင်ပြားပြားနက်နက်တီဗွီ နှစ်လုံးနှင့် အင်တာနက် အပါဝင် ဆာရောင်းဆောင်း တပ်ဆင်ထားသော အခန်းအမှတ် (၁၆) အား သန့်ရှင်းရေးလုပ်ပေးနေကြသော သူများ ကျန်နေခဲ့သည့်အပြင် အထူးစူပါ ခန်းများအား လိုက်လံ၍ အစားသောက်ထည့်ပေးနေရသော ဆားဗစ် များလည်း ရောက်မလာသေး၍ ဟိုတယ်မန်နေဂျာကြီး အတော်ကြီးကိုပင် ဒေါပွကာ လက်နှစ်ဖက်လုံးဖြင့် သူ၏ ခေါင်းကို ကြမ်းကြမ်းကြီးပင် ကုတ်လေသည်။
ဟိုတယ်ဝန်ထမ်းများအားလုံး နားနေခန်းမှ ကျန်နေသူများအားစောင့်နေကြရင် တီးတီးတွတ်တွတ်ပြောကြလေသည်မှာ “တခုခုတော့ တခုခုပဲ…ဒီလောက် အသဲသန်ဖြစ်နေတာဆိုရင် လူကြီး တယောက် ယောက်က အတိုမလေးနဲ့ လာတည်းမယ့်ပုံတော့ ရှိတယ်” ဟုပင်ဖြစ်သည်။

ရန်ကုန်ဟိုတယ်သည် စစ်ဗိုလ်ချုပ်အချို့ ၀န်ကြီး အချို့နှင့် ခရိုနီတချို့တို့ကလည်း မကြာမကြာ အိမ်ကမယားအား ငြီးငွေ့၍ သွေးနုသားနုလေးများဖြင့် လာရောက်၍ လန်းဆန်းကြသော နေရာလည်း ဖြစ်သည်။

လွန်ခဲ့သည့် နှစ် (၂၀၁၃) ဒီဇင်ဘာလကြီးမှာပင် ညကြီးမင်းကြီး လမ်းတခြမ်းသာခင်းတတ်သော လွှတ်တော်အမတ်ကြီး ဆံပင်အတုတပ်ပြီး ညကြီးသန်းခေါင်း မျက်မှန် ထူထူ နက်နက်ဖြင့် လုံးပေါက်လှတိုနံ့နံ့လေးတယောက်နှင့် လာတည်းဘူးသော အတွေ့ကြုံကို ဟော်တယ် ၀န်ထမ်းအချို့က ရရှိထားခဲ့ဘူးသည်။ ထိုအချိန်က ယခုလောက်ပင် တင်းတင်းကြပ်ကြပ်ဖြင့် မန်မဲကာ ၀န်ထမ်းများအား ယခု နားနေခန်းသို့ ၀င်ရောက်ခိုင်းခြင်းမ၇ှိပဲ မျက်ရိပ်မျက်ကဲမျှလောက်ဖြင့်သာ ပြသ၍ ရှောင်ခိုင်းခဲ့ဘူးသည်။

ယခုမှာတော့ နားနေခန်းတွင်းသို့ မရောက်လာသူများ ဘာတွေလုပ်နေကြသလဲဆိုသော အမူရာမှာ ကျီးကန်းတောင်းမှောက် မျောက်ဆပ်ပြာဖမ်းသလိုမျိုး ဖြစ်နေသည်။ ဒီတခါပို၍ အရေးကြီးပုံပေါ်နေသည်။ ပို၍ ထူးခြားသော ဟန်ပန်များ ဖြစ်နေသည်မှာ အံ့စရာဟု စိတ်ထဲမှ ၀န်ထမ်းအချို့ မကြေမနပ်ဖြစ်နေကြသည်။

သိပ်မကြာ နောက်ထပ် ၁၀ မိနစ်လောက်မျှကြာသောအခါ ဟိုတယ်မန်နေဂျာမှ ဒီနေ့တော့လူလဲ ကောင်းကောင်းမစုံဘူး ခေါ်လိုက်ရင် ဒီအတိုင်းပဲ ဟိုလူ့ကို စောင့် သည်လူ့ကိုစောင့်နေရတာနဲ့ ပြောစရာတွေ မပြောဖြစ်တာက များခဲ့ပြီး မနက်ဖြန်မှ အားလုံးကို ဟိုတယ်အရေးပေါ် စည်းကမ်းနဲ့ပတ်သက်လို့ ပြောတော့မယ် ဟုဆိုကာ ကိုယ့်အလုပ်ကိုယ်သွားလုပ်ကြဆိုသဖြင့် နားနေခန်းမှ ပြန်ထွက်လာခဲ့ကြရသည်။
ညသန်းခေါင်ကျော် (၂)နာရီလောက်တွင် အခန်း(၁၆)မှ (ခြောက်သိန်း) တန်သော သြစတေးလျှဝိုင်အရက်အား အထူးမှာလာသည်။ ဒေါ်လာနှင့် ဆိုလျှင် အမေရိကန်ဒေါ်လာ (ခြောက်ရာကျော် ခုနှစ်ရာ)နီးပါးလောက် ဖြစ်မည်ထင်သည် ။

အဆိုပါ ၀ိုင်အား ဟိုတယ်ဝန်ထမ်းများ အတော်တန် မထိရဲကြပါ….မတော်တဆ ကျကွဲသွားလျင် (၃)လစာလောက် တပြားမှမရပဲ ကျွန်လုံးလုံးဖြစ်ရလေမည်။ သို့ကြောင့် ဟိုတယ်မန်နေဂျာကြီးကိုယ်တိုင် သူနှစ်သက်သော အကူတယောက်ဖြင့် သွားရောက်ကာ ပို့ရသည်။

သိပ်မကြာပါ အခန်း(၁၆) မှပင် အိပ်ယာခင်းများမကြိုက်၍ ညကြီးသန်းခေါင် ဖြစ်နေလင့်ကစားလဲခိုင်းရန်ပြောလာလေသည်။ ဒီတခါ ဟိုတယ်မန်နေဂျာကြီး ချွေးဇောပြန်လေပြီး…အကြောင်းမှာ သူမလုပ်တတ်သော အလုပ်ဖြစ်နေ၍ သန်းရှင်းရေးနှင့် အထူးခန်းဒီဇိုင်းဝန်းထမ်းကိုစေလွှတ်လိုက်ရတော့သည်…သူဖုံးထားချင်သမျှလည်း အားလုံးပေါ်တော် မူခဲ့လေသည်။

တိုင်းပြည်အား (၂၆) နှစ်ကြား ဖိနှပ်သတ်ဖြတ်၍ ဆွေခုနှစ်ဆက် မျိုးခုနှစ်ဆက် စားမကုန်အောင် ခိုးခဲ့လေသော သုတ်သာန်ရောက် အာဏာရှင် ဦးနေ၀င်း၏ အငယ်ဆုံး မြေးကလေး ဇွဲနေ၀င်းတည်းခိုနေသော အခန်းဖြစ်နေသည်။ သူတယောက်ထဲမဟုတ်ပါ ၊ အဖိုး၏ ချေရာအား ထပ်ချပ်မကွာ ထပ်တူ ချနင်း နေပုံတော့ ရှိလေသည်။ သူ၏ ဘေးတွင် ရင်ဟိုက်ဟိုက် ည၀တ် ပိုသား အဖြူနုနုဖြင့် မှီနေသူမှာ ယနေ့ပြုပြင်ပြောင်းလဲရေးခေတ်အား ခါးစောင်းတင်ထားသော မော်ဒယ် သန္တာလှိုင်ဖြစ်နေသည်။

နှစ်ယောက်လုံးရီဝေနေကြသည်။ တွန်းတိုက်ပွတ်သတ်နေသည်။ အချစ်မှာ မျက်စေ့မရှိဟု ကြားဘူးသော်ငြား ယခု အရှက်ပါမရှိ ဖြစ်နေသည်။ ဟော်တယ်ဝန်ထမ်းတချို့လဲ ရှက်ကိုး ရှက်ကန်းဖြစ်ရသဖြင့် သွက်သွက်ကလေး လုပ်ငန်းဆောင်ရွက်ကာ ပြန်ထွက်ခဲ့ကြသည်။ သို့သော် သူတို့ကမည်မျှ တည်းခိုပြီး မည်သို့ ဂဂျီဂဂျောင်ကျမည်ကိုတော့ ရင်ထိပ်ထိပ်ဖြင့် ဟိုတယ်မန်နေဂျာကြီးကိုယ်တိုင်ပင် ကြောင်းကျနေပုံပင်ရသည်။
ထိုနေ့ မိုးလင်းသွားသည်..၀န်ထမ်းများ အချိန်လဲလှယ်၍ပြန်ကြသည်.. သို့သော် အခန်း(၁၆) သတင်းကိုတော့ နေခင်း ၀န်ထမ်းများအား ညဆိုင်း ၀န်ထမ်းများအချို့က ဖေါက်သယ်ဈေးနှင့် ရသေလာက် မှီသလောက် ရောင်းခဲ့ကြသည်။ နေခင်း ၀န်ထမ်းများ အဆိုရ အခန်း(၁၆)မှ အဖိုးကြီးမြေးနှင့် မော်ဒယ်မတို့ မျက်မှန်နက်များဖြင့် ကတိုက်ကရိုက်ဆင်းလာပြီး နေခင်း (၁၁)နာ၇ီတွင် အမေ၇ိကန်ထုတ်ဇိမ်ခံ လင်းကွန်း နဗီဂေတာ (Lincoln Navigator) ကားအမျိုးစားဖြင့် ပြန်ထွက်သွားကြသည်။ ဟိုတယ်သန့်ရှင်းရေးသမားများ အခန်း(၁၆)သို့ သွားရောက်၍ ရှင်းလင်းရသည်။

အမှိုက်ပုံးအတွင်းမှ ကွန်ဒွန် (၃) ခုတွေ့သည် အိပ်ယာခင်း တော်တော်ကြီး ကြေနေသည်။ ၀ိုင်အရက်ပုလင်း တစက်မျှလောက်မကျန်အောင် လျှာချွန်ချွန်ဖြင့် ပုလင်းထဲသို့တိုင် ထိုးသွင်း၍ နှစ်ယောက်သား အတူ စုပ်ကြလျှက်ကြ သွားခဲ့ပုံပေါ်သည်။ စေတနာတော့အလွန်ကောင်းပုံရသည် စားပွဲပေါ်တွင် မြန်မာငွေ (၅) သိန်း ၀န်ထမ်းများအတွက် ဘောက်ဆူးထားခဲ့သည်။ ဟိုတယ် မန်နေဂျာကြီးမှာ အားလုံး သိမ်းလိုက်သည်။

သို့သော် စာရေးသူ စဉ်းစားမိသည်..မော်ဒယ်သန္တာလှိုင်နှင့် အာဏာရှင်ဦးနေ၀င်း၏ မြေးအကြီးဆုံး အေးနေ၀င်းတို့ ထောင်မကျခင်ကပင် တိတ်တိတ်ပုန်း မီးခွက်မှုတ်နေခဲ့ဘူးသည်။ အေးနေ၀င်းထောင်မှပြန်ထွက်လာသောအခါ နှစ်ဦးသား အလွမ်းသယ်၍ ရှစ်မိုင်ခြံကြီးထဲတွင် (၄)ရက်မျှ ချွေထွက်ကျလေဘူးသည်။ ယခု ဘာကြောင့် အငယ်ဆုံးညီလေးက အကိုကြီး၏ အသီးကို ခူးစားခဲ့ရသနည်း..

ထို့အပြင် ထောင်ကထွက်လာသည်ကပင် ယနေ့ထိဘာအလုပ်မှမလုပ်ကြသော အဆိုပါ အာဏာရှင် ဦးနေ၀င်း၏ မြေးများအဖို့ အလွန်များပြားသော ငွေများဖြင့် ယခုကဲ့သို့ မေယ်ဒယ်မလေးများနှင့် လိုက်လံ ဇိမ်ခံနေသော ငွေကြေးများ ဘယ်ကရသနည်း ဘယ်သူက ပေးထားသနည်း ဘယ်လိုဘာကြောင့်သုံးနိုင် ဖြုံန်းနိုင်နေသနည်း….သနည်း…သနည်း …ဟုပင်

စာဖတ်သူများကို ကျေးဇူးတင်ပါသည်
သတင်းအမှန်ဖြစ်ပါသည်

Black propaganda

Chesm-I Ali, c.4500 BC. A choice small red buff bowl with black linear additions in paint. A fine example and in perfect condition for such and ancient item.

Character Assassination

Character Assassination ဟူသည်မှာ နာမည်သေအောင်သတ်ခြင်း ဖြစ်ပါသည်။ အထူးသဖြင့် လူသိများသူတစ်ဦး လူပုံအလယ် မထွက်ရဲအောင် နာမည်ကို သတ်ဖြတ်ခြင်း ဟု ဆိုရမည်ထင်သည်။ ထိုသို့သော နာမည်သေအောင် လုပ်ခြင်းများကို မီဒီယာစစ်ပွဲများ ကာလတွင် နိုင်ငံရေး၊ စီးပွားေ၇းနှင့် အနုပညာ အသိုင်းအဝိုင်းတို့တွင် လုပ်တတ်ကြပါသည်။

ထိုသို့သော လုပ်ကြံမှုတွင် ပါဝင်တတ်သည့် လက္ခဏာများမှာ

-တစ်ဝက်မှန်တစ်ဝက်မှားအချက်အလက်များ
-ကောလဟာလများ
-အပိုချဲ့ကားဖော်ပြချက်များ
-တမင်လုပ်ကြံဖန်တီးထားသော အချက်အလက်များဖြင့် လူယုတ်မာ ဖြစ်အောင်ဖန်တီးမှုများ

စသည့် လုပ်ရပ်များ ပါဝင်တတ်ပါသည်။

ထိုသို့သော နာမည်ဖျက်ခြင်းအားဖြင့် လူတစ်ဦးသည် သူ၏ မိသားစု၊ သူ၏ အသိုင်းအဝန်း မှ အပစ်ပယ်ခံရလျက် တစ်သက်လုံးစိတ်ဒဏ်ရာရသွားစေတတ်ခြင်းမျိုးဖြစ်စေရန်အထိ ခံစားရနိုင်သည်။

တစ်ဝက်မှန် တစ်ဝက်မှား အချက်အလက်များသည် မီဒီယာဝါဒဖြန့်အင်အားယှဉ်ပွဲတွင် အလွန်ထိရောက်သော နည်းများဖြစ်သည်။ အမှန်အချက်အလက်များကို ကိုးကားလျက် လူအများမသိနိုင်သော အမှားများ ထည့်သွင်းကာ ဤသို့သော အမှန်များရှိသည်ဖြစ်ရာ ထိုသတင်းသည် ဟုတ်လောက်၏ ဟု လူများ ထင်ယောင်ထင်မှား ဖြစ်အောင် လုပ်တတ်ကြခြင်း ဖြစ်သည်။

နမူနာ ပြပါမည်။ လက်ပံတောင်းတောင်ကိစ္စ ဖြစ်စဉ် ဒေါ်အောင်ဆန်းစုကြည် သွားပါသည်။ ထိုနေရာသို့ရောက်သောအခါ ဒေါ်စုနှင့်အစိုးရပေါင်း၍ လယ်သမားများကို ရိုက်နှက်နေပြီ ဟု ဖော်ပြကြသည်ကို အမှတ်ရနေခဲ့မိပါသည်။ အစိုးရက ဆန္ဒပြသူများကို ရိုက်နှက်ခဲ့ခြင်းသည် သူ၏ စရိုက်၊ လူအများသိသော အမှန်ဖြစ်ပါသည်။ ထိုအမှန်ကို အမှီပြုလျက်၊ ဒေါ်စုနှင့် လက်ပံတောင်း ဆန္ဒပြသူများအကြားတင်းမာမှုသတင်းများကို အခြေပြုလျက် ဖော်ပြခြင်းသည် ဒေါ်စုကို နာမည်သေအောင် နိုင်ငံရေးလုပ်ကြံခြင်း ဖြစ်ပါသည်။

ထို့ပြင်ကောလဟာလများ လွှင့်ထုတ်ခြင်း ကိုလဲ နမူနာတွေ့ရမည်။ ဥပမာကြည့်ရလျှင် ဒေါ်အောင်ဆန်းစုကြည်မှာ သမီးရှိသည်ဟူသည့် သတင်းမျိုး၊ နောက် မင်းသမီးတစ်ဦးလင်နောက်လိုက်သည် ဟူသည့်သဘောမျိုး၊ နေပြည်တော်မှ စစ်ဗိုလ်ချုပ် ဘယ်သူ ဘယ်ဝါ အသံနက်ကြီးဖြင့် ဘယ်လို ထအော်ဟူသည့် သဘောမျိုးများသည် ကောလဟာလ လွှင့်ခြင်းများဖြစ်ပါသည်။ ရည်ရွယ်ချက်ကတော့ လူထုအကြား နာမည်ယိုင်ဆင်းသွားအောင် စိတ်ဓါတ်ရေးရာအရ ထိုးနှက်ခြင်း။

တမင်လုပ်ကြံဖန်တီးထားသော အချက်များကို လေ့လာကြည့်မည်ဆိုလျှင် လတ်တလောအမှု။ ဒေါ်စုက သီတဂူဆရာတော်ကြီးအား လက်အုပ်ချီနေသည့်ပုံတွင် ဆရာတော်ကြီးပုံကိုဖျောက်လျက် ကျန် ဘာသာခြားများအား လက်အုပ်ချီနေသည်င့်္အသွင် ဖန်တီးမှုမျိုးဖြစ်ပါသည်။ ထို့ပြင် သမ္မတဦးသိန်းစိန် မျက်ရည်ကျသည်ဟူသည့် ဖန်တီးချက်မျိုးလဲ ပါပါသည်။ ထိုအချက်မျိုးများသည် လုပ်ကြံဖန်တီးထားကာ နာမည်သေအောင် လုပ်ကြံသတ်ဖြတ်ခြင်းထဲတွင် အကျုံးဝင်ပါသည်။

နောက်ဝိသေသတစ်မျိုးမှာ Ad Hominem ဟု ခေါ်တတ်သောသဘောမျိုးဖြစ်ပါသည်။ အလွယ်နားလည်အောင် ဥပမာပေးရလျှင် မြန်မာ မိန်းခလေးတစ်ဦးကို လူငယ်တစ်ဦးက သူနှင့်အတူ အိပ်ပြီးသား ဟု လိုက်လံပြောကြားခြင်းမျိုးဖြစ်ပါသည်။ ထိုမိန်းခလေးသည် ထိုကိစ္စကို လိုက်လံဖြေရှင်းလေလေ ပို၍ သိက္ခာကျ နစ်နာလေလေ ဥပမာမျိုးဖြစ်ပါသည်။ ထိုကိစ္စကို အွန်လိုင်းပေါ်တွင်လဲ မကြာခဏ တွေ့ရတတ်ပါသည်။ ဥပမာ စစ်အစိုးရကို လူအများက မုန်း၏။ လူတစ်ဦးတစ်ယောက်ကို စစ်အစိုးရဘက်သားဟု စွပ်စွဲလျှင် နာမည်သေမည်ဖြစ်၏။ ထိုအခါ စွပ်စွဲပြ၏။ ထိုသို့စွပ်စွဲခြင်းကို ထိုသူက မဟုတ်မှန်ကြောင်း ရှင်းပြ၏။ ထိုသို့ရှင်းပြလေလေ စစ်အစိုးရနှင့် ထိုသူအကြား ပတ်သက်မှု ဟူသည့် အဆိုယူဆချက်မှာ လူအများ စိတ်ထဲ အကြိမ်ရေ ပိုမိုများများ ဝင်လေဖြစ်ကာ အနည်းဆုံး သံသယအဖြစ်ခံရခြင်းဟူသည့် ရလာဒ်တွင် အဆုံးသတ် သွားတတ်လေသည်။ ထိုသို့ဖြစ်ရပ်များကို ပဒေသရာဇ်ခေတ် အင်အားပြိုင် အမတ်များ၊ အာဏာရှင်လက်ထက် ပါဝါလယ်ဗယ်တူများ ကြားတွင် သံသယဝင်အောင် ကုန်းချောသည့်နေရာတွင် သုံးတတ်လေသည်။

နိုင်ငံေ၇းတွင် လူတစ်ဦးတစ်ယောက်ကို အင်အားနှင့်အသုံးချလျက် နာမည်ဖျက်ခြင်းသည် အာဏာရှင်တိုင်းပြည်များတွင် အဖြစ်များပါသည်။ နှစ် နှစ်ဆယ်ကျော် သတင်းစာများတွင် ဒေါ်အောင်ဆန်းစုကြည်၏ နာမည်ကို မည်သို့ပုံစံဖြင့် တွေ့ခဲ့ရပါသနည်း။

ထိုသို့သော အချက်အလက်များသည် စိတ်ဓါတ်စစ်ဆင်ရေးဟူသော ခေါင်းစဉ်ကြီးအောက်တွင် အကျုံးဝင်ပါသည်။ ထိုအရာနှင့် ဆင်တူလျက် ထိတ်လန့်ဖွယ်ကောင်းသော ဖြစ်ရပ်တစ်မျိုးမှာ Black Propaganda ဟုခေါ်သည့် စိတ်ဓါတ်စစ်ဆင်ရေးတစ်မျိုးဖြစ်ပါသည်။ လူတစ်ဦးသည် သင့်အဖွဲ့ထဲမှာရှိသည်။ ထိုလူက သင်ကော သင့်ရောင်းရင်းများကိုပါ တစ်ခုခု ဖြစ်အောင် မီးထိုးပေးမည်။ ထိုသို့အားဖြင့် သင်တို့အားလုံးသည် သူဖြစ်စေချင်သော လမ်းကြောင်းအတိုင်း လိုက်ပါလှုပ်ရှားကြတော့သည်။ ဥပမာ ပေးရလျှင် ဘာသာရေးအဓိကရုဏ်းများကြားတွင် မျိုးချစ်စိတ်ရှိသော လူများကို အခြောက်များဟု ဆွပေးကာ သွေးဆူလာအောင် လုပ်ခြင်းမျိုးဖြစ်ပါသည်။ အလားတူပင် မွတ်ဆလင်အုပ်စုများကြားတွင်လဲ သွေးစည်းညီညွတ်ခြင်းကို ပြကြ ဟူသည့် သဘောမျိုးကို အများအပြားတွေ့ရပါသည်။ ရံဖန်ရံခါ တွင် ထိုသို့သော ဖြစ်ရပ်များတွင် နှစ်ဖက်ချွန်များသည် စိမ့်ဝင်လျက် ဆွပေးပြီး အလျှိုလျှိပျောက်ကွယ်သွားတတ်ပါသည်။

နိုင်ငံရေးနယ်တွင် နာမည်သေအောင် လုပ်ကြံခြင်းသည် စိတ်ဓါတ်စစ်ဆင်ရေး တစ်မျိုးဖြစ်ပါသည်။ လူမှုရေးနယ်ပယ်တွင် မူ အမုန်းတရားကြောင့် ဖြစ်တတ်ပါသည်။ ထိုသို့သော နာမည်လုပ်ကြံခြင်းများသည် လူ့ကျင့်ဝတ်အရ မှားယွင်းသည်ဟု ခံယူကျင့်သုံးကြပါသည်။

တစ်တိုင်းပြည်လုံး နလပိန်းတုန်းထင်နေလား

w6_6

ရန်ကုန်မြစ်ဝနှင့် ပင်လယ်ထွက်ပေါက်ကို ပိတ်ဆို့ထားသကဲ့သို့ ဖြစ်စေမည့် မြို့သစ်စီမံကိန်းဝင် ဧရိယာပြပုံအား Google Map မှတစ်ဆင့် တွေ့ရစဉ် (ပုံကြီး)၊ ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်နှင့် ခရိုင်များပြမြေပုံ (ပုံသေး)

(၁)
တိုင်းပြည်ရဲ့ သယံဇာတတွေ အကုန်လုံးကို ရောင်းစားခဲ့ကြပြီးပါပြီ။ ကျောက်စိမ်း၊ တွင်းထွက်၊ သစ် နောက်ဆုံး အမျိုးသမီးတွေကိုပါမချန် တရုတ်အတွက် ပို့ကုန်လုပ်ခဲ့ကြပြီးပါပြီ။ အခုချိန်မှာ ရန်ကုန်မြို့ရဲ့ နှလုံးသည်းပွတ်၊ မြန်မာနိုင်ငံရဲ့ နှလုံးသည်းပွတ်၊ ပင်လယ်ထွက်ပေါက်နဲ့နီးပြီး တန်ဖိုးအရှိဆုံး မြေနေရာကို ရောင်းစားဖို့ ပြင်ဆင်လာတာ တွေ့ရပါတယ်။

ဩဂုတ် ၂၂ ရက်မှာလုပ်ခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် နဝမပုံမှန် အစည်းအဝေးမှာ ဒီကိစ္စ ပေါ်ပေါက်လာပါတယ်။ ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က ရန်ကုန်မြို့သစ် စီမံကိန်းကို ကြည့်မြင်တိုင်၊ ဆိပ်ကြီးခနောင်တိုနဲ့ တွံတေးမြို့နယ်တွေမှာရှိတဲ့ မြေဧက ၃ဝဝဝဝ ပေါ်မှာ အကောင်အထည်ဖော်မယ်လို့ ဆိုတယ်။ စီမံကိန်းကို မြန်မာ့စေတနာမြို့သစ် အများပိုင်ကုမ္ပဏီက အကောင်အထည်ဖော်မယ်။ မြို့သစ်စီမံကိန်းပြုလုပ်မယ့် မြေတွေအတွက် လယ်ယာမြေ ဥပဒေပုဒ်မ ၂၉ အရ ခွင့်ပြုချက်ရထားပြီးပြီ။ မြို့မြေအဖြစ် သတ်မှတ်ဖို့ တည်ဆဲဥပဒေတွေနဲ့အညီ ဆောင်ရွက်နေပြီလို့ ပြောတယ်။

စီမံကိန်းအတွက် ရင်းနှီးမြှုပ်နှံမှုကို ငွေကျပ်ဘီလျံ ၇ဝဝဝ၊ အမေရိကန်ဒေါ်လာ ရှစ်ဘီလျံနဲ့ သုံးနှစ်အတွင်း ရာခိုင်နှုန်း ၇ဝ ပြီးအောင် လုပ်မယ်။ ကုမ္ပဏီက အဆင့်မြင့် တန်ဖိုးနည်းအိမ်ရာ ၂ဝဝဝဝ၊ မိဘမဲ့ကလေးဦးရေ ၂ဝဝဝ အတွက် အဆင့်မြင့်ကျောင်း တစ်ကျောင်း၊ ဘိုးဘွား ၂ဝဝဝ ဆံ့ အဆင့်မြင့်ရိပ်သာ တစ်ခု၊ ခြောက်လမ်းသွား မြစ်ကူးတံတား ငါးစင်းကို နိုင်ငံတော်ကို ပြန်လှူ မယ်လို့ ဦးလှမြင့်က ပြောခဲ့ပါတယ်။ စီမံကိန်း ဧရိယာအတွင်းက လယ်ယာလုပ်ကိုင်သူတွေ၊ ကျေးရွာငယ်တွေမှာ နေထိုင်သူတွေကို နစ်နာမှုမရှိအောင် မြေသိမ်းမှုတွေအပေါ် ကုမ္ပဏီက လုံးဝတာဝန်ယူ ညှိနှိုင်းဖြေရှင်းပေးမယ်ဆိုတဲ့ အချက်တွေလည်း ပါပါတယ်။

မြို့သစ်အတွက် လိုအပ်မယ့် လျှပ်စစ်မီး၊ ရေ၊ မီးဘေးလုံခြုံရေးတွေကိုလည်း လုံလောက်စွာထားပေးမယ်။ မြို့သစ်စိမ်းလန်းစိုပြည်ရေးအတွက်လည်း လုပ်မယ်လို့ဆိုတယ်။

(၂)
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေကိုယ်စား မြို့တော်ဝန်ဦးလှမြင့်က လွှတ်တော်မှာ သဝဏ်လွှာဖတ်ရင်း မြို့ပြသစ်စီမံကိန်းအကြောင်း ပြောခဲ့တာပါ။ လွှတ်တော်ရဲ့ အကြံပြုချက် တောင်းခံတာမဟုတ်သလို လုပ်ဖို့ဆုံးဖြတ်ထားတဲ့ စီမံကိန်းတစ်ခုကို ဝတ်ကျေတန်းကျေ အသိပေးပြောတဲ့ ပုံစံမျိုးပါ။

ဒီလိုမပြောမီမှာ စီမံကိန်းအကြောင်းအရာကို လျှို့ဝှက်ခဲ့ပါတယ်။ လျှို့ဝှက်ရတဲ့ အကြောင်းရင်းက စီမံကိန်းအတွက် ပြင်ဆင်မှုတွေ လုပ်တဲ့အခါ မလိုလားအပ်တဲ့ ရှုပ်ထွေးမှုတွေ ပေါ်လာနိုင်တဲ့အတွက် စီမံကိန်းသတင်း လုံခြုံမှုကို ကန့်သတ်ခဲ့ရတယ်လို့ ဦးလှမြင့်က ပြောပါတယ်။ သူ့ရဲ့ပြောဆိုမှုကို လွှတ်တော်ကိုယ်စားလှယ်တွေက လက်မခံပါဘူး။ ပြည်သူလူထုအတွက်လည်း အံ့ဩစရာ ဖြစ်ခဲ့ပါတယ်။ အံ့ဩတယ်ဆိုတာထက် စိုးရိမ်စိတ်တွေ ပိုများခဲ့တာပါ။

မြို့သစ်စီမံကိန်းနဲ့ ပတ်သက်ပြီး ပြည်သူလူထု စိုးရိမ်ခဲ့ကြတဲ့ အဓိကအချက် နှစ်ချက်ရှိပါတယ်။ (၁) အချက်က ဒီစီမံကိန်းကို ဘာကြောင့်လျှို့ဝှက် ရေးဆွဲခဲ့တာလဲ။ (၂) အချက်က စီမံကိန်းကို အကောင်အထည်ဖော်မယ့် မြန်မာ့စေတနာ မြို့သစ်အများပိုင် ကုမ္ပဏီဆိုတာ ရုတ်တရက်ပေါ်လာတဲ့ကုမ္ပဏီ ဖြစ်တဲ့အချက်ပါ။ ဘာတွေလုပ်နေမှန်း မသိရသလို ဘယ်သူတွေ ပိုင်ဆိုင်ထားမှန်းလည်း မသိပါဘူး။

အခုချိန်အထိ အခြေအမြစ် အတိအကျ မသိရ၊ ရေရေရာရာ ဘာမှမသိရသေးတဲ့ ကုမ္ပဏီတစ်ခုကို အရေးပါတဲ့ စီမံကိန်းတစ်ခု လက်လွတ်စပယ် ပေးခဲ့တယ်လို့ အထင်ရောက်စေတဲ့ ဒီကိစ္စရဲ့နောက်ကွယ်မှာ ဘာတွေဘယ်လို ပတ်သက်မှုရှိနေလဲ။

(၃)
၂ဝ၁၂ ခုနှစ်အတွင်းပဲ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ အစီအစဉ်၊ သမ္မတရုံးရဲ့ ခွင့်ပြုချက်နဲ့ ပေါ်ပေါက်လာတဲ့ တန်ဖိုးနည်း၊ တန်ဖိုးမျှတအိမ်ရာ စီမံကိန်းဆိုတာ ပေါ်လာခဲ့တယ်။ တန်ဖိုးနည်းအိမ်ရာဆိုတဲ့ ခေါင်းစဉ်အောက်မှာ ခရိုနီတွေကို လုပ်ငန်းလုပ်ကိုင်ခွင့်ပေးခဲ့ပြီး တိုက်ခန်းတစ်ခန်း ကြမ်းခင်းဈေး ကျပ်သိန်း ၃ဝဝ ခန့် သတ်မှတ်ခဲ့တာကြောင့် ရန်ကုန်မြို့တွင်း ကန်ထရိုက်တိုက်ခန်းတွေရဲ့ ဈေးနှုန်းဟာ နှစ်ဆခွဲသုံးဆအထိ မြင့်တက်သွားပါတယ်။

အိမ်ပိုင်၊ တိုက်ခန်းပိုင်မရှိတဲ့သူတွေ မဆိုထားနှင့် အိမ်ပိုင်၊ တိုက်ခန်းပိုင်ဝယ်ဖို့ ငွေစုထားတဲ့သူတွေတောင် အခုချိန်ထိ မဝယ်နိုင်တဲ့ အခြေအနေ ဖြစ်ကုန်ပါတယ်။ တန်ဖိုးနည်းအိမ်ရာ စီမံကိန်းဆိုတာ ရေနစ်သူကို ဝါးကူထိုးသလို ဖြစ်ခဲ့ပါတယ်။

ဩဂုတ် ၂ဝ ရက်မှာ သမ္မတဦးသိန်းစိန်က လက်ရှိဆောင်ရွက်နေတဲ့ Effortable Housing Project လုပ်တဲ့အခါ ရန်ကုန်၊ မန္တလေးကိုသာ ဦးစားပေးမနေဘဲ တောင်ကြီး၊ မော်လမြိုင်၊ ပုသိမ်၊ တောင်ငူ၊ မုံရွာ၊ မကွေး၊ စစ်တွေစတဲ့ မြို့တွေမှာပါ ဆင်းရဲတဲ့သူတွေ၊ အိုးမဲ့အိမ်မဲ့ ဖြစ်နေသူတွေ နေထိုင်နိုင်အောင် သက်သာတဲ့ဈေးနှုန်းနဲ့ Public Housing Project တွေကို အကောင်အထည်ဖော်ဖို့လိုကြောင်း ပြောပါတယ်။

သမ္မတပြောပြီးလို့ နှစ်ရက်အကြာ ဩဂုတ် ၂၂ ရက်မှာ ရန်ကုန်မြို့သစ်စီမံကိန်း ထွက်ပေါ်ခဲ့တယ်။ လျှို့ဝှက်စီမံကိန်းတစ်ခု ဖြစ်နေခဲ့တယ်။ ဒီစီမံကိန်းကို ရေရေရာရာ ဘာမှမသိရသေးတဲ့ ကုမ္ပဏီတစ်ခုက အကောင်အထည်ဖော်မယ်။

ရန်ကုန်မြို့သစ် စီမံကိန်းကို အကောင်အထည်ဖော်မယ့် မြန်မာ့စေတနာမြို့သစ် အများပိုင်ကုမ္ပဏီအကြောင်း သိဖို့လိုပါတယ်။

(၄)
မြန်မာ့စေတနာမြို့သစ် အများပိုင်ကုမ္ပဏီကို ၂ဝ၁၃ ခုနှစ် ဒီဇင်ဘာမှာ မှတ်ပုံတင်ခဲ့ပါတယ်။ သူတို့ကုမ္ပဏီ မှတ်ပုံတင်တဲ့အချိန်မှာ ကုမ္ပဏီရဲ့ မတည်ရင်းနှီးငွေက ငွေကျပ်တစ်ဘီလျံ (ကျပ်သန်း ၁ဝဝဝ) ပဲရှိပါတယ်။ အခု ရန်ကုန်မြို့သစ် စီမံကိန်းအတွက် ဒီကုမ္ပဏီက ရင်းနှီးမြှုပ်နှံမယ်လို့ ပြောထားတဲ့ ပမာဏက အမေရိကန်ဒေါ်လာ ၁၅ ဘီလျံ (ငွေကျပ်ဘီလျံ ၁၅ဝဝဝ နီးပါး) ဖြစ်ပါတယ်။

ငွေကျပ်တစ်ဘီလျံကို မတည်ရင်းနှီး မြှုပ်နှံထားတဲ့ ကုမ္ပဏီတစ်ခုက ငွေကျပ် ဘီလျံ ၁၅ဝဝဝ နီးပါး ရင်းနှီးမြှုပ်နှံမယ့် စီမံကိန်းအတွက် ဘယ်ငွေတွေနဲ့ ရင်းနှီးမြှုပ်နှံမလဲ။ တကယ်လို့ ငွေကျပ်ဘီလျံ ၁၅ဝဝဝ နီးပါး ရင်းနှီးမြှုပ်နှံမယ်ဆိုရင် နိုင်ငံတော်ကို အခွန်ငွေအနည်းဆုံး ဘီလျံ ၅ဝဝဝ ပေးဆောင်ထားပြီးဖြစ်တဲ့ ရလမ်းပြနိုင်မယ့်ငွေဖြစ်ဖို့ လိုပါတယ်။

ဒါပေမဲ့ ပြည်တွင်းအခွန်ဦးစီးဌာနက ကောက်ခံရရှိတဲ့ အခွန်ငွေစုစုပေါင်းကို ပြန်ကြည့်တဲ့အခါ ပြီးခဲ့တဲ့နှစ် တစ်နိုင်ငံလုံး ပြည်သူတွေပေးဆောင်ခဲ့တဲ့ အခွန်ငွေဟာ ငွေကျပ်ဘီလျံ ၃၅ဝဝ ပဲ ရှိခဲ့ပါတယ်။

ဒါကြောင့် မြန်မာ့စေတနာမြို့သစ် အများပိုင်ကုမ္ပဏီရဲ့ အခွန်ငွေပေးဆောင်မှုကို ဘယ်လိုပြနိုင်မလဲ။ ဒီလိုမှမဟုတ် ပြည်ပကရရှိတဲ့ ငွေကြေးတွေနဲ့ လုပ်ဆောင်မှာလားဆိုတာကို ဆန်းစစ်ဖို့လိုပါတယ်။

ကုမ္ပဏီကို တည်ထောင်ခဲ့သူဟာ ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေး မြေနေရာကို စီးပွားဖြစ်အဆောက်အအုံရောင်းချခွင့် ရရှိထားတဲ့ ကုမ္ပဏီဖြစ်တယ်။ အဲဒီကုမ္ပဏီမှာ တရုတ်လုပ်ငန်းရှင်တွေ ပါဝင်ပတ်သက်နေတယ်လို့ ဆောက်လုပ်ရေးလုပ်ငန်းရှင် အသိုင်းအဝိုင်းက ပြောပါတယ်။

(၅)
ရန်ကုန်မြို့သစ် စီမံကိန်းကိုလုပ်မယ့် အများပိုင်ကုမ္ပဏီမှာ တရုတ်လုပ်ငန်းရှင်တွေ အဓိကပါဝင်နေတယ်ဆိုတဲ့ သတင်းအတွက် သီးခြားအတည်ပြုချက် မရပါဘူး။ ဒါပေမဲ့ ရန်ကုန်မြို့သစ် စီမံကိန်းရဲ့ နောက်ကွယ်မှာ တရုတ်လုပ်ငန်းရှင်တွေ ပါဝင်ပတ်သက်နေတယ်ဆိုတဲ့ သတင်းက ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေပါတယ်။

ဒီစီမံကိန်းကို စီးဆင်းလာမယ့် ငွေကြေးတွေဟာ တရုတ်နိုင်ငံမှာလုပ်နေတဲ့ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး ကိစ္စတွေနဲ့ ဆက်နွှယ်နေနိုင်ပါတယ်။

တရုတ်သမ္မတ ရှီကျင်ပင်းလက်ထက်မှာ တရုတ်အစိုးရအဖွဲ့တွင်း အကျင့်ပျက်ခြစားမှု၊ လာဘ်ပေးလာဘ်ယူမှုတွေ ပပျောက်အောင် အပြင်းအထန် အရေးယူနေတာပါ။ သူ့လက်ထက်မှာ အဆင့်အသီးသီးမှာ ရှိနေတဲ့ ပါတီအရာရှိပေါင်း နှစ်သိန်းနီးပါး စစ်ဆေးခံနေရပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ လုပ်ငန်းလုပ်ကိုင်နေတဲ့ CNPC ကုမ္ပဏီ ဒုတိယဥက္ကဋ္ဌဟောင်း အပါအဝင် အဲဒီကုမ္ပဏီက တာဝန်ရှိသူ ၄၅ ဦးဟာ စစ်ဆေးမေးမြန်း ခံထားရပါတယ်။ ၂ဝ၁၃ ခုနှစ် ဩဂုတ်လထဲမှာပဲ CNPC အဆင့်မြင့်အုပ်ချုပ်ရေး အရာရှိလေးဦးကို လာဘ်စားမှုနဲ့ ရေးယူခဲ့ပါတယ်။ အဂတိလိုက်စားမှု၊ အကျင့်ပျက်ခြစားမှုတွေနဲ့ပတ်သက်လို့ ပြင်းပြင်းထန်ထန် အရေးယူတာတွေအပြင် တခြားလှုပ်ရှားမှုတွေကိုလည်း တရုတ်အစိုးရက စောင့်ကြည့်နေပါတယ်။ ရာထူးအပြောင်းအရွှေ့ ကိစ္စတွေမှာ ပိုင်ဆိုင်မှုတွေကို တရားဝင်ကြေညာစေတာအပြင် အကျင့်ပျက်ခြစားမှုတွေနဲ့ ပတ်သက်လို့ မသင်္ကာစရာတွေ့ရင်လည်း တိုင်ကြားဖို့ ပြည်သူတွေနဲ့ မီဒီယာတွေကို တပ်လှန့်ထားပါတယ်။

တရုတ်အစိုးရရဲ့ လုပ်ဆောင်မှုဟာ တရုတ်နိုင်ငံအတွက် ကောင်းတဲ့အခြေအနေ ဖြစ်ပေမယ့် မြန်မာနိုင်ငံအတွက် စိုးရိမ်စရာ ဖြစ်နေပါတယ်။ အဓိက အကြောင်းရင်းက တရုတ်နိုင်ငံက ငွေမည်းတွေ မြန်မာနိုင်ငံထဲကို စီးဆင်းလာနိုင်တဲ့အချက် ဖြစ်ပါတယ်။

တရုတ်နိုင်ငံက ငွေမည်းတွေ မြန်မာနိုင်ငံထဲ ရောက်နေပြီလား။ ရန်ကုန်မြို့သစ် စီမံကိန်းမှာ ပါဝင်ပတ်သက်နေသူတွေဟာ တရုတ်လုပ်ငန်းရှင်တွေ ဖြစ်တယ်ဆိုရင် သူတို့က မြန်မာပြည်ဖွား တရုတ်တွေလား။ ဒီကုမ္ပဏီမှာ ပါဝင်ပတ်သက်နေသူတွေကို အများပြည်သူသိအောင် ထုတ်ပြန်ရမယ်။ တကယ်လို့ တရုတ်လုပ်ငန်းရှင်တွေ ပါဝင်ပတ်သက်နေတာ အမှန်ဆိုရင် သူတို့တွေရဲ့မှတ်ပုံတင်၊ ကိုယ်ရေးရာဇဝင်နဲ့ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေအရ မြန်မာနိုင်ငံသားတွေ တကယ်ဟုတ်၊ မဟုတ် ဆိုတာကိုပါ ဖော်ထုတ်ရပါလိမ့်မယ်။

(၆)
မြန်မာနိုင်ငံရဲ့ အိမ်ခြံမြေရောင်းဝယ်ရေး လုပ်ငန်းတွေမှာ တရုတ်တွေ ဝင်ရောက်ဈေးကစားနေတယ်ဆိုတဲ့ အချက်က အိမ်ခြံမြေ အကျိုးဆောင်တွေကြားမှာ အခိုင်အမာ ပြောဆိုနေတာ ဖြစ်ပါတယ်။

တစ်ဖက်မှာလည်း မြန်မာနိုင်ငံ ငွေမည်းစီးဆင်းမှု မြင့်မားလာခြင်းက ငွေကြေးစနစ် ယိုင်လဲနိုင်ခြေဖြစ်ဖို့ အကြောင်းတစ်ခု ဖြစ်နေပြီလို့ မြန်မာနိုင်ငံ ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးတပ်ဖွဲ့ (FIU) က ပြောထားပါတယ်။

သူတို့ပြောဆိုချက်တွေအရ ဘိန်း၊ မူးယစ်ဆေးဝါး၊ မှောင်ခိုလုပ်ခဲ့သူတွေထဲက ရာခိုင်နှုန်း ၅ဝ ကျော် အများစုဟာ အိမ်ဝယ်၊ မြေဝယ်၊ ကားဝယ်ပြီး ဘဏ်ထဲထည့်ခဲ့ကြတယ်လို့ ဆိုပါတယ်။ ငွေကြေးခဝါချမှုနဲ့ တိုက်ရိုက်သက်ဆိုင်နေတဲ့ ငွေမည်းတွေ မြန်မာနိုင်ငံထဲ ဘယ်လောက်စီးဆင်းနေလဲဆိုတာ မှန်းဆရခက်ပါတယ်။

အခုချိန်မှာ ငွေကြေးခဝါချမှု၊ ငွေမည်းစီးဆင်းမှု သတင်းတွေနဲ့အတူ မြန်မာနိုင်ငံရဲ့ စီးပွားရေးတစ်ခုလုံး ပြိုကျသွားနိုင်တဲ့အထိ ကိုင်လှုပ်နိုင်တဲ့ သက်ရောက်မှုရှိနိုင်တဲ့ ရန်ကုန်မြို့သစ် စီမံကိန်းဟာ အမှန်တကယ်ပဲ စိုးရိမ်စရာကောင်းပါတယ်။

(၇)
ဒီစီမံကိန်းကို အကောင်အထည်ဖော်တဲ့သူတွေ၊ အကောင်အထည်ဖော်ဖို့ ခွင့်ပြုတဲ့သူတွေအားလုံးဟာ အကြံကြီးတာလား။ အကြံပက်စက်တာလား။ ပြည်သူလူထုနဲ့ နိုင်ငံတစ်နိုင်ငံလုံးကို နလပိန်းတုံးလို့ ထင်တာလား။ ဒီလို အတွေးရောက်စေပါတယ်။ ဘာလို့လဲဆိုတော့ ဒီစီမံကိန်း ဧရိယာဟာ ရန်ကုန်မြို့သစ်တွေ အားလုံးထဲမှာ သန်လျင်မြို့သစ်၊ သီလဝါမြို့သစ်၊ မင်္ဂလာဒုံမြို့သစ် အားလုံးထဲမှာ ဒီနေရာဟာ ရန်ကုန်မြို့ရဲ့ အချက်အချာကျပြီး မြို့ထဲနဲ့ ခဲတစ်ပစ်ပဲကွာတဲ့ အနေအထားမှာရှိတဲ့ နေရာဖြစ်တယ်။ သူနဲ့ ခဲတစ်ပစ်သာရှိတဲ့ ရန်ကုန်မြို့ထဲမှာ တစ်စတုရန်းပေကို ကျပ်နှစ်သိန်းကနေ သိန်း ၂ဝ ရှိပါတယ်။

ဆိုလိုတဲ့အဓိပ္ပာယ်က တစ်ဧကကို ရန်ကုန်မြို့ထဲမှာ အနိမ့်ဆုံးဈေးနဲ့ တွက်ရင်တောင် အမေရိကန်ဒေါ်လာ ၁ဝ သန်းရှိတယ်။ အမြင့်ဆုံးဈေးနဲ့တွက်ရင် ဒေါ်လာသန်း ၁ဝဝ၊ ၁၅ဝ လောက် ရှိတယ်။ ဒီခဲတစ်ပစ်သာ ရှိတဲ့နေရာမှာ မြေကွက်ရဲ့ဈေးနှုန်းဟာ မပြုပြင်ရသေးတဲ့ အခြေအနေမှာ ဒေါ်လာဘီလျံ ၂ဝဝဝ လောက်တန်တယ်။ သန်း ၁ဝဝ နဲ့ တံတားငါးစင်း ထိုးပြီးသွားလို့ တစ်ဘီလျံနဲ့ အခြေခံအဆောက်အအုံတွေ တည်ဆောက်ပြီးလို့ ပြုပြင်ပြီးသွားတဲ့အချိန်မှာ ဘီလျံဒေါ်လာ ၅ဝဝဝ အထိ ဖြစ်သွားနိုင်ပါတယ်။ ဒီဧရိယာရဲ့ အကျယ်အဝန်းက စင်ကာပူရဲ့ လေးပုံတစ်ပုံရှိတယ်။ ရှန်ဟိုင်းရဲ့ Pu Dong ဧရိယာလောက် ရှိတယ်။ ဟောင်ကောင်ရဲ့ Kowloon ကျွန်းနီးပါးလောက် ရှိတယ်။

နောက်တစ်ချက်က ဒီနေရာကို ရွေးချယ်ထားတဲ့သူဟာ ကွမ်းခြံကုန်းမှာ စုစုပေါင်း မဂ္ဂါဝပ် ၃၂၇ဝ အထိ ထွက်ရှိနိုင်မယ့် ကျောက်မီးသွေး လျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်းနဲ့ ဆက်စပ်နေပါတယ်။ ဒီမြို့ပြ စီမံကိန်းအတွက် ဒီဓာတ်အားပေးစက်ရုံကို ကြိုတင်တည်ဆောက်ထားဖို့ ကြိုးစားခဲ့ပုံရပါတယ်။ ကွမ်းခြံကုန်း ကျောက်မီးသွေး လျှပ်စစ်ဓာတ်အားပေးစက်ရုံကို တည်ဆောက်မယ့် ကုမ္ပဏီက အေးရှားဝေါလ်ကုမ္ပဏီ အုပ်စုခွဲဖြစ်တဲ့ ကောင်းမြတ်သောမြေကုမ္ပဏီ ဖြစ်ပါတယ်။

ဩဂုတ် ၂၄ ရက်ထုတ် အစိုးရသတင်းစာတွေမှာလည်း ကွမ်းခြံကုန်းမှာတည်ဆောက်မယ့် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကိစ္စနဲ့ ပတ်သက်ပြီး ရှင်းလင်းခဲ့တဲ့သတင်းကို ဖော်ပြခဲ့ပါတယ်။ စက်ရုံကိစ္စနဲ့ပတ်သက်ပြီး ဒေသခံတွေနဲ့ ညှိနှိုင်းခဲ့တဲ့အကြောင်း၊ စက်ရုံပြီးသွားရင် ရန်ကုန်နဲ့ ကွမ်းခြံကုန်းတဝိုက်မှာ ဘယ်လိုအကျိုးဖြစ်ထွန်းကြောင်း စတာတွေကို မြို့သစ်စီမံကိန်း သတင်းနဲ့အတူ ချိန်သားကိုက် ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ ဒီဖော်ပြချက်ကို ကြည့်ခြင်းအားဖြင့် မြို့သစ်စီမံကိန်းနဲ့ ကျောက်မီးသွေးစီမံကိန်းစက်ရုံဟာ ကြိုတင်အကွက်ချထားတာ ဖြစ်နေပါတယ်။ မြို့သစ်စီမံကိန်းနဲ့ အေးရှားဝေါလ်ကုမ္ပဏီကလည်း ပတ်သက်နေနိုင်ပါတယ်။

အေးရှားဝေါလ်ဟာ မြို့သစ်စီမံကိန်းကို ကြိုတင်သိရှိပြီး တွက်ချက်ထားပုံရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီစီမံကိန်းကို လုပ်ခဲ့သူတွေဟာ အကြံကြီးတဲ့သူတွေဖြစ်ပြီး ဒီနောက်ကွယ်မှာ တရုတ်ကုမ္ပဏီတွေ ဒါမှမဟုတ် ဟောင်ကောင်က တရားမဝင်ငွေကြေးတွေ ရှိနေနိုင်ပါတယ်။

(၈)
ဒီကိစ္စရဲ့နောက်ကွယ်မှာ ဘယ်သူတွေ ပါဝင်ပတ်သက်လဲ။ ဒီလို မြို့သစ်ကိစ္စဟာမျိုးက အစိုးရကပဲလုပ်ရတာ ဖြစ်ပါတယ်။ ဒီလောက် ဧရိယာတန်ဖိုးကြီးတဲ့ မြေတွေကို အစိုးရက မြေသိမ်းဖို့အတွက် ဥပဒေပြုရပါမယ်။ မြေပိုင်ရှင်တွေကို လျော်ကြေးပေးရမယ်။ ဘယ်လောက်လျော်ကြေးပေးမယ်ဆိုတာကို ဥပဒေနဲ့အညီ ပြောရမယ်။ တစ်ဧကကို သိန်း ၁ဝဝ၊ ၂ဝဝ ပေါက်ရင် ၅ဝဝ ထက်ပိုမပေးဘူး။ မရောင်းချင်တဲ့သူတွေကို မြေဘယ်လောက်ပေးမယ်။ တိုက်ခန်းပေးမယ်။ ရောင်းချင်တဲ့သူတွေကို ကာလပေါက်ဈေးက အခု ၁ဝဝ ရှိရင် ၂ဝဝ ပေးမယ်။ ဒီလိုမျိုး ဥပဒေပြုပြီး သိမ်းရမယ့်ဟာမျိုးကို လက်လွတ်စပယ်နဲ့ ကုမ္ပဏီတစ်ခု၊ ဘာမှ အခြေအမြစ် ခိုင်ခိုင်မာမာမပြနိုင်သေးဘဲ နိုင်ငံတကာမှာ ရှယ်ယာရောင်းစားမယ့် ကုမ္ပဏီတစ်ခုကို လွယ်လင့်တကူပေးတာဟာ အကြံပက်စက်လွန်းပါတယ်။

သူတို့လုပ်မယ့်ပုံစံက ရှင်းပါတယ်။ ငွေနည်းနည်းနဲ့ ရင်းနှီးမြှုပ်မယ်။ ပြီးတဲ့အခါ ပြည်ပနိုင်ငံတစ်ခုမှာ ကုမ္ပဏီကို listed လုပ်ပြီး နိုင်ငံတကာကလူတွေကို ရှယ်ယာရောင်းမှာ ဖြစ်ပါတယ်။

၂ဝ၁၂ ခုနှစ်တုန်းက ရန်ကုန်မြို့တိုးချဲ့ဖို့ သမ္မတဦးသိန်းစိန်က မြေဧကလေးသောင်းကို ခွင့်ပြုပေးခဲ့တယ်ဆိုတဲ့ သတင်းထွက်ခဲ့ပြီး ကြည့်မြင်တိုင်တစ်ဖက်ကမ်းမှာရှိတဲ့ အေးရွာဘက်မှာ ခရိုနီတွေနဲ့ လုပ်ငန်းရှင်တွေရဲ့ မြေကစားမှုတွေ ဖြစ်ခဲ့ပါတယ်။ အေးရွာဘက်ခြမ်း မြေကစားမှုတွေမှာ တစ်ဧက ငွေကျပ် ၁၈ သိန်းကနေ သိန်း ၁၆ဝ အထိ ဖြစ်သွားချိန်မှာ ရပ်သွားပြီး တရုတ်တွေ ဝင်ကစားပါတယ်။ တစ်ဖက်မှာလည်း ရန်ကုန်တစ်ဖက်ခြမ်းကို ကိုရီးယားနိုင်ငံဘက်က တံတားထိုးမယ့် အစီအစဉ်ကို ရပ်ဆိုင်းလိုက်ပါတယ်။

အဲဒီအချက်တွေကလည်း အခုထုတ်ပြောလာတဲ့ ရန်ကုန်မြို့သစ် စီမံကိန်းအတွက် ကြိုတင်အကွက်ချစီမံကိန်း ဖြစ်နိုင်ပါတယ်။

(၉)
အခုလုပ်မယ့် စီမံကိန်းအရ ကြည့်မြင်တိုင်၊ ဆိပ်ကြီးခနောင်တိုနဲ့ တွံတေးမြို့နယ်တွေအပြင် နောက်ထပ် ဒလ၊ ကွမ်းခြံကုန်း ပယ်လယ်ထွက်ပေါက်အထိ ထပ်ချဲ့နိုင်တဲ့ ဧရိယာတွေ ရှိနေတယ်။

နောက်ပြီး ဒီနေရာဟာ ရန်ကုန်မြို့ရဲ့ နှလုံးသည်းပွတ်တင် မကဘူး။ တိုင်းပြည်မှာ မြေနေရာအကျယ်ဆုံးနဲ့ တန်ဖိုးအရှိဆုံးမြေနေရာ ဖြစ်ပါတယ်။ ဒါကို လက်လွတ်စပယ် ရောင်းစားခဲ့တာက လုံးဝမဖြစ်နိုင်ဘူး။ အခုဖြစ်နေတဲ့ပုံစံက ရောင်းစားစရာမရှိတော့ နောက်ဆုံး ပင်လယ်ဘက်ထွက်ပေါက်ကို ရောင်းစားသလို ဖြစ်နေပါတယ်။

စီမံကိန်းရဲ့ နောက်ကွယ်မှာ တရုတ်ကုမ္ပဏီတွေ ရှိနိုင်တာဖြစ်လို့ တိုင်းပြည်ရဲ့ အချက်အချာ၊ ဆိပ်ကမ်း၊ ပင်လယ်နဲ့နီးတဲ့ ထွက်ပေါက်တစ်ခုကို လက်လွတ်စပယ် ရောင်းစားခဲ့ခြင်းရဲ့ နောက်ကွယ်က ကိစ္စတွေကို စုံစမ်းဖော်ထုတ်ရပါမယ်။

အများပိုင်ကုမ္ပဏီ ဆိုပေမယ့် ဒီနောက်ကွယ်မှာ တရုတ်တွေပဲ ရှိနိုင်ပါတယ်။ ဒီစီမံကိန်းကို ပြည်တွင်းကလူတွေ မရင်းနှီးနိုင်ဘူး။ ဒီနောက်ကွယ်မှာ နိုင်ငံခြားကုမ္ပဏီတစ်ခုက ငွေကြေးထောက်ပံ့မှု ရှိနိုင်ပါတယ်။ ဒါကြောင့် ငွေကြေးစုံစမ်းထောက်လှမ်းရေးတပ်ဖွဲ့က ပထမဆုံး ဖော်ထုတ်ရမယ့်ကိစ္စက ဒီစီမံကိန်း ဖြစ်လာပါပြီ။

စုံစမ်းလို့ မရဘူးဆိုတာကိုတော့ မဖြစ်နိုင်ပါဘူး။ ၂ဝ၁၁ ခုနှစ်တုန်းက အိမ်ခြံမြေပိုင်ဆိုင်မှု ကိစ္စတွေနဲ့ အမှုဖြစ်ခဲ့တဲ့ ဂျပန်နိုင်ငံသားတစ်ဦးရဲ့ အမှုကိုတောင် ဖော်ထုတ်နိုင်ပြီး ပြည်နှင်ဒဏ်ပေးခဲ့ဖူးပါတယ်။ သတင်းမီဒီယာတွေရဲ့ နောက်ကွယ်မှာ ဘယ်အဖွဲ့အစည်းတွေက ထောက်ပံ့နေသလဲဆိုတဲ့ အချက်သိဖို့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ခဲ့သေးတာပဲ။

(၁၀)
အခုစီမံကိန်းကို လုပ်ကိုင်မယ့် အများပိုင်ကုမ္ပဏီက လူတွေရဲ့ ပိုင်ဆိုင်မှုတွေကိုလည်း ဖော်ထုတ်ရပါမယ်။ လက်ရှိအချိန် မြန်မာနိုင်ငံမှာ အများပိုင်ကုမ္ပဏီလို့ ပြောပေမယ့် အများပိုင်တာ တစ်ခုမှမရှိသေးဘဲ ခရိုနီတွေပဲ ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။

အခုလောလောဆယ်မှာလည်း တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်တွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေကြားထဲမှာ နာမည်ပျက်တွေ အများကြီးဖြစ်နေတယ်။ သူတို့သားသမီးတွေ၊ သူတို့မိသားစုဝင်တွေရဲ့ လုပ်ငန်းတွေက အရမ်းကျယ်ပြန့်နေပါတယ်။ တိုင်းဒေသကြီးတွေကို အာဏာခွဲဝေပေးတဲ့ အချိန်ကစပြီးတော့ အဂတိလိုက်စားမှု၊ ခြစားမှုတွေက တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်တွေကြားထဲမှာ ပျံ့နှံ့နေတာ ဖြစ်ပါတယ်။

တိုင်းပြည်က ဖွတ်မွဲပြာစု ဖြစ်ရတဲ့အထဲ ရှိသမျှ သယံဇာတတွေကို ရောင်းစားလို့ကုန်လို့ နောက်ဆုံးအချိန်မှာ ဒီဟာကိုပါ ထပ်ရောင်းစားမယ်။ တိုင်းပြည်ရဲ့ အသည်းနှလုံး၊ ရန်ကုန်မြို့ရဲ့ အသည်းနှလုံး။ ပင်လယ်ဘက်ထွက်ပေါက် အကြီးဆုံး အကောင်းဆုံးမြေနေရာ။ မြန်မာတစ်ပြည်လုံးမှာ တန်ဖိုးအရှိဆုံး မြေနေရာကို ရောင်းစားမယ်ဆိုတာကို လုံးဝလက်မခံနိုင်ဘူး။ ပြည်သူလူထုက လက်ခံလို့မရဘူး။

အခုချိန်မှာ အစိုးရအနေနဲ့ လုပ်ရမှာက စီမံကိန်းနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ရမှာပါ။ ပြီးမှ စီမံကိန်းလုပ်ကိုင်ခွင့်အတွက် ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီအားလုံး ပါဝင်မယ့် Developer တွေကိုခေါ်ပါ။ ဒီလိုခေါ်ပြီးမှ စီမံကိန်းအတွက် လွတ်လပ်စွာ ယှဉ်ပြိုင်လုပ်ကိုင်ခွင့်ပေးပါ။ ဒါမှသာလျှင် တရားဥပဒေနဲ့ကိုက်ညီပြီး မှန်ကန်မျှတမှုရှိတဲ့ စီမံကိန်း ထွက်ပေါ်လာမှာပါ။

(၁၁)
ဒီစီမံကိန်းရဲ့ တန်ဖိုးဟာ အကောင်အထည်ဖော်ပြီးသွားရင် အမေရိကန်ဒေါ်လာ ဘီလျံထောင်နဲ့ချီပြီး တန်ဖိုးရှိမယ့်နေရာ ဖြစ်ပါတယ်။ အခုရင်းနှီးမှာက ၁၅ ဘီလျံပဲ ရှိပါတယ်။

ဒီကိစ္စမှာ အေးရှားဝေါလ်ကုမ္ပဏီလည်း ပတ်သက်မှုရှိနိုင်ပါတယ်။ အေရှားဝေါလ်နောက်ကွယ်မှာ တရုတ်တွေ ပတ်သက်မှုရှိတယ်။ ငွေမည်းတွေ ပတ်သက်မှုရှိတယ်။ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း ပါဝင်ပတ်သက်နေတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်နေပါတယ်။

အေးရှားဝေါလ်ကုမ္ပဏီဟာ တရုတ်ကအဓိကလုပ်ကိုင်နေတဲ့ စီမံကိန်းတွေမှာ ပတ်သက်နေပါတယ်။ မြန်မာနိုင်ငံ အထက်ပိုင်း မြစ်ဆုံစီမံကိန်း၊ မြန်မာနိုင်ငံ အလယ်ပိုင်းတစ်လျှောက်လုံးကို ဖြတ်ပြီးသွယ်တန်းထားတဲ့ ကျောက်ဖြူ-ကူမင်း ရေနံပိုက်လိုင်းတွေမှာ ပတ်သက်နေပါတယ်။

အခု ရန်ကုန်မြို့ကိုပိတ်ဆို့ပြီး ပင်လယ်ထွက်ပေါက် တစ်ခုလုံးကိုယူမယ့် ရန်ကုန်မြို့သစ် စီမံကိန်းမှာလည်း အေးရှားဝေါလ်ကုမ္ပဏီက ကင်းကင်းရှင်းရှင်း မရှိပြန်ဘူး။ ဒီသုံးခုစလုံးမှာ အေးရှားဝေါလ်ကုမ္ပဏီနဲ့ တရုတ်လုပ်ငန်းရှင်တွေ ပတ်သက်နေတာဟာ တိုက်ဆိုင်မှု မဟုတ်တော့ပါဘူး။

မြစ်ဆုံစီမံကိန်းကိစ္စမှာ အကျိုးအမြတ်တွေကို တရုတ်ဘက် ရွှန်းရွှန်းဝေပြောခဲ့ပါတယ်။ လက်ပံတောင်းတောင် စီမံကိန်းမှာလည်း ဒီအတိုင်းပါပဲ။ လက်တွေ့မှာ ဖြစ်မလာပါဘူး။ ရန်ကုန်မြို့သစ် စီမံကိန်းကိစ္စမှာလည်း မြို့တော်ဝန်ဦးလှမြင့်က အကျိုးအမြတ်တွေအကြောင်း ပြောခဲ့တာဟာ မြစ်ဆုံ၊ လက်ပံတောင်းကိစ္စတွေမှာ တရုတ်တွေပြောတာနဲ့ အတူတူလို ဖြစ်နေပါတယ်။

အထူးသဖြင့် မြစ်ဆုံစီမံကိန်း၊ လက်ပံတောင်းတောင်စီမံကိန်း၊ ရထားလမ်းစီမံကိန်း အစရှိတဲ့ တရုတ်စီမံကိန်းတွေနဲ့ ပတ်သက်လာရင် ဒီစီမံကိန်းမှာ ပါဝင်ပတ်သက်ခဲ့သူတွေဟာ ပြည်သူတွေကို နလပိန်းတုံးလို ထင်ခဲ့တာလား။ တစ်တိုင်းပြည်လုံးကို နလပိန်းတုံးလို ထင်ခဲ့တာလား။ အခု ရန်ကုန်မြို့သစ် စီမံကိန်းဆိုပြီး ရန်ကုန်ကို တရုတ်တွေ ရောက်လာပြီလား။ ပြည်သူတွေက နလပိန်းတုံးတွေ မဟုတ်ပါဘူး။

ဂျပန်တွေမသိတဲ့ရန်ကုန်

yangon

မဟာရန်ကုန် မြို့ ပြသယ်ယူပို့ဆောင်ရေးစီမံကိန်း (YUTRA)အတွက် ဂျပန် JICA က စီမံကိန်းအကြိုလေ့လာသုံးသပ်ချက်လုပ်ပြီး အချက်ကြီးကိုးခုကိုပြင်ဆင်ဖို့ လိုအပ်တယ်လို့ အကြံပြုထားပါတယ်..။ မီးပွိုင့်တွေ စနစ်တကျမရှိတာ၊ လမ်းပေါ် ဈေးရောင်းတာ၊ ကားတွေစည်းကမ်းမလိုက်နာတွေ..ပေါ့..။ အချက်အားလုံးဟာ အမှန်တွေချည်းပဲဆိုတော့ သိပ်တော့ ပြောစရာမရှိပါဘူး..။ ဒါပေမယ့် ဂျပန်တွေက ချို့ ယွင်းပျက်စီးနေတာတွေ စည်းကမ်းမရှိတာတွေ အဲဒီလို အပေါ်ယံတွေပဲ သိပြီး အဲဒါတွေဘာလို့ဖြစ်နေသလဲဆိုတာကိုသေချာမသိဘူးလို့ထင်ပါတယ်..။

မီးပွိုင့်လည်းမပျက်ဘူး..ဒါပေမယ့် ပွိုင့်ကင်းတဲတွေရှေ့ ကို ပိုက်ဆံပစ်ချပေးတတ်တဲ့လိုင်းကားတွေ ပွိုင့်ဝနားခေါင်းပြူလာရင် စိမ်းနေရင် ဘယ်လောက်ကြာကြာထပ်စိမ်းတယ်..နီနေရင် ရုတ်ချည်းထစိမ်းတဲ့ ပွိုင့်တွေရှိတာကို ဂျပန်တွေမသိဘူး..။

ကားအုံနာ အပွင့်ကြီးကြီးတွေကိုကြောက်ပြီး တာဝန်ရှိသူတွေမဖမ်းရဲတဲ့ စည်းကမ်းပျက် လိုင်းကားတွေရှိနေတာကို ဂျပန်တွေမသိဘူး..။ ဒီလိုကားမျိုးက ကားသမားတွေက ရပ်ကွက်ထဲ တုတ်နဲ့ ၀င်ရိုက်ရင်တောင် မဖမ်းနိုင်တာ၊ မဖမ်းရဲတာကို ဂျပန်တွေမသိဘူး..။

လမ်းပေါ် ဈေးရောင်းခွင့်သာ တရားဝင်မရှိတာ ဈေးကောက်မှန်မှန်ပေးပြီးမှ ဈေးရောင်းနေကြတယ်ဆိုတာကို ဂျပန်တွေမသိဘူး..။ ဒီဈေးသည်တွေကို ဖမ်းချင်တဲ့အချိန်ဖမ်းပြီး မဖမ်းချင်တဲ့အချိန် ဈေးကောက်တောင်းပြီး ပေးရောင်းထားတာကို ဂျပန်တွေမသိဘူး..။

သယံဇာတကြွယ်ဝပြီး တက္ကသိုလ်က နှစ်စဉ်သောင်းချီပြီးဘွဲ့ရပညာတတ်တွေရှိနေတဲ့ ဒီနိုင်ငံမှာ လမ်းဘေးဈေးရောင်းပြီး ၀မ်းစာကို ခက်ခက်ခဲခဲ ရှာစားနေရတဲ့ ဒီလို လမ်းဘေးဈေးသည်တွေ ဘာလို့များများလာသလဲ… ဂျပန်တွေမသိဘူး..။

မီးသတ်အလုပ်နဲ့ မဆိုင်လှပါဘဲ VIPမသာကားထွက်ဖို့အတွက်ကို ခါးကြားမှာ စကားပြောစက်ထိုးပြီး ခရာလေးမှုတ်ပြီး မလိုအပ်ဘဲ ကားတွေအကုန်ရပ်ခိုင်းတဲ့ မီးသတ်ရဲဘော်တွေကြောင့် ကားကြောတွေ ရပ်ရပ်သွားတာကို ဂျပန်တွေမသိဘူး..။ မသာတောင် VIP ရှိတာကို ဂျပန်တွေမသိဘူး..။

လမ်းပေါ်ရပ်ထားတဲ့ကား ကရိန်းနဲ့သွားဆွဲတာ စစ်သားကားဖြစ်နေလို့ ဖမ်းရမယ့်သူက မကျေနပ်တဲ့လူတွေရန်မပြုရဲအောင် လုံခြုံရေးပြန်စောင့်ပေးပြီး ကရိန်းဆရာက ထိုင်ကန်တော့ပြီး ပြန်လာကြရတဲ့ အဖြစ်တွေကို ဂျပန်တွေမသိဘူး..။

မြို့ တွင်းလမ်းတွေ..လမ်းကြိုလမ်းကြားတွေကောင်းဖို့အတွက် မဲဆွယ်ခါနီးမှ လာလာပြင်ပေးတတ်တဲ့ ပါတီအကြီးကြီးရှိတယ်ဆိုတာကို ဂျပန်တွေမသိဘူး..။

မြို့တွင်းမှာ အမှိုက်ကင်းစင်တဲ့ စံပြမြို့နယ်ဖြစ်ဖို့အတွက် အမှိုက်ကောက်ချင်တဲ့အခါ ကြိုတင်ခွင့်ပြုချက်လိုအပ်ပြီး ခွင့်မပြုရင် ဘယ်သူမှ အမှိုက်ကောက်လို့ မရဘူးဆိုတာကို ဂျပန်တွေမသိဘူး..။

လူသွားဖို့ ပလက်ဖေါင်းတွေပေါ်မှာ မီဒီယာကော်နာတို့ ဖုန်းရုံတို့ကို ခွင့်ပြုပေးထားရတဲ့ နောက်ကွယ်က အကြောင်းတရားတွေကို ဂျပန်တွေမသိဘူး..။ အဲဒါတွေကြောင့် လမ်းပေါ်တက်လျှောက်ရတဲ့ လမ်းသွားလမ်းလာတွေရှိနေရတာကို ဂျပန်တွေမသိဘူး..။

ရေ၀ပ်လို့ လမ်းတွေရေမြှုပ်ကုန်တဲ့အခါ ရေနုတ်မြောင်းနဲ့ ရေဆိုးထုတ်စနစ်ကို ပြင်စရာမလိုဘဲ လမ်းကို ကွန်ကရစ်ခင်းရမယ်ဆိုတဲ့ နည်းပညာဆန်းတွေ ကျွန်တော်တို့ဆီမှာ ရှိနေတာကို ဂျပန်တွေမသိဘူး..။

အဲဒီလို လမ်းခင်း၊ လမ်းပြင်တဲ့အချိန်တွေဟာ ကားအသွားအလာအများဆုံးအချိန်တွေဖြစ် နေလို့ ညဖက်ပြောင်းလုပ်ဖို့ လွှတ်တော်မှာ မေးတုန်းက အစီအစဉ်မရှိဘူးလို့ ခပ်တည် တည်ဖြေခဲ့တဲ့ တာဝန်ရှိသူတွေ ဒီမြို့တော်ကြီးကိုတာဝန်ယူထားတယ်ဆိုတာကို ဂျပန်တွေမသိဘူး..။

အ၀ိုင်းမှာ မီးပွိုင့်တပ်လိုက်ရင် လမ်းတွေပိုကျပ်ကုန်မယ်ဆိုတာကို တွေးကြည့်ရုံနဲ့ မသိဘဲ ချစမ်းကြည့်မှ ယုံတတ်တဲ့ လက်တွေ့သမားကြီးတွေ ဒီရန်ကုန်မြို့ ကြီးမှာ ရှိနေတယ်ဆိုတာကို ဂျပန်တွေမသိဘူး..။

ရပ်ကွက်ထဲ တူထုသံကြားတာနဲ့ ခွင့်ပြုချက်မရဘဲ သံရိုက်လို့ဆိုပြီး ဒါဏ်ရိုက်ဖို့ သက်ဆိုင်ရာဝန်ထမ်းတွေ ရောက်ချလာတတ်ပေမယ့် လမ်းတွေပေါ် ကျောက်ပုံ၊ အုတ်ပုံနဲ့ ဆောက်လုပ်ရေးလုပ်ငန်းကြီးတွေ လမ်းပိတ်လုပ်နေရင်တော့ မတွေ့မမြင်တတ်ကြတဲ့ ၀န်ထမ်းတွေရှိနေတာကို ဂျပန်တွေမသိဘူး..။

အဲဒီလိုလူတွေကို အရင်ဆုံး အမြစ်ပြတ်အောင် မဖယ်ရှားနိုင်ပဲနဲ့တော့ ဂျပန်မကလို့ သိကြားမင်းဆင်းလာပြီး မဟာစီမံကိန်းကြီး လာလုပ်လည်း အောင်မြင်မှာမဟုတ်ပါဘူး။ JICA နဲ့ ဂျပန်တွေရဲ့ မဟာရန်ကုန်မြို့ ပြ သယ်ပို့စီမံကိန်းကြီး အောင်မြင်ပါစေကြောင်း စေတနာကောင်းနဲ့ ဂျပန်တွေမသိတာလေးတွေကို ပြောပြရခြင်းဖြစ်ပါတယ်..။

အမိုးမရှိတဲ့ကောင်းကင်

10628616_675892365818207_5307380505194354581_n

အရှင်ဓမ္မပီယ

ဝမ်းသာစရာကောင်းတာက ရုပ်ရှင်မိသားစုနဲ့ဘုန်းဘုန်းတို့ နဲ့ ပြောခွင့်ကြုံတာပေါ့လေ၊ ကျောင်းဆရာ ဆရာမတွေဟာ တိုင်းပြည်ရဲ့ ဗိသုကာတွေလို့ တင်စားပြောကြတယ်၊ ဘုန်းဘုန်းတို့ရုပ်ရှင်ဒါရိုက်တာတွေ ရုပ်ရှင်ဇာတ်ညွှန်းတွေဟာ တကယ်တမ်းကျ တိုင်းပြည်ရဲ့ Spiritual ဗိသုကာတွေပါ။ စိတ်ပိုင်းဆိုင်ရာပြုပြင်ဖို့ အင်မတန်မှ မျက်စိပွင့်နားပွင့် အတွက် ပထမဆုံးလမ်းကြောင်းကြီးပါ။ အနာဂတ်မှာ ရုပ်ရှင်သူ/ရုပ်ရှင်သားတွေကို မေတ္တာရပ်ခံတာ ဒီဇာတ်ကားလေးပြောသွားတာ ဘုန်းဘုန်းသဘောကျပါတယ်။ မေတ္တာ နဲ့ကရုဏာနဲ့ပြောသွားတဲ့အခါ ဒါမျိုးလေးတွေကို များများအသွင်ဖော်ဆောင်လို့ရှိရင် ဘုန်းဘုန်းတို့လူမျိုး ဘယ်ဘာသာဝင်ဖြစ်ဖြစ် အတိုင်းတာ တစ်ခုတော့ Mindset Change သွားမယ်။

ရတနာ့မေတ္တာဦးမြင့်ဆွေ

ဒီကားတ၀က်လောက်မှာပဲ ကရုဏာရသ မြောက်တယ် မေတ္တာတရားရဲ့ အရိပ်အရောင်တွေ ကျွန်တော်တို့ ဗုဒ္ဓဘာသာတွေ ထေရ၀ါဒဗုဒ္ဓဘာသာ စစ်စစ်တွေခံယူတားတဲ့ စိတ်ပိုင်းဆိုင်ရာ ကရုဏာရသနဲ့မေတ္တာတရားကို ဒီကားမှာ ထင်ထင်ရှားရှားတွေ့ရပါတယ်။ ဒေါသတွေ မောဟတွေ ရိုင်းပျတဲ့ မြင်ကွင်းပြောဆိုချက်တွေ ဒီကားထဲမှာ လုံးဝမပါဝင်ပါဘူး၊ ပါဝင်တဲ့လူတွေရဲ့ တကယ့်မိတ်ကပ်မလိမ်းဘဲရိုက်ထားတဲ့ ဟာတွေ တကယ့်အဖြစ် တကယ့်ရသ ဒီနေရာမှာ ကရုဏာရသ ကဲနေတာ တွေ့ရတယ် အင်မတန် ကျွန်တော်တို့ ထေရ၀ါဒဗုဒ္ဓဘာသာအတွက် အင်မတန် အကျိုးရှိတဲ့ ဇာတ်ကားလေးပါ။ လတ်တလော မြန်မာနိုင်ငံမှာ ဘာသာရေးပဋိပက္ခရှိနေတဲ့ အထူးသဖြင့် ဗုဒ္ဓဘာသာဟာ အကြမ်းဖက်ဝါဒကို ကျင့်သုံးနေတယ်ဆို တဲ့ ကောလဟာလကိုချေဖျက်တဲ့အချက်ကို တွေ့ရပါတယ်၊ တကယ့်အောက်ခြေမှာ ဘာသာမတူပေမယ့်လဲ ချစ်ကြည် ရင်နှီးစွာနေထိုင်တဲ့ ကူညီတဲ့ မိသားစု မေတ္တာတရား၊ ဗုဒ္ဓဘာသာအမျိုးသမီးရဲ့မေတ္တာတရားကို ဒီမှာ ထင်ထင်ရှားရှားတွေ့ရတယ်၊ ဒါအင်မတန်ကို ကမ္ဘာရော၊ မြန်မာနိုင်ငံအတွင်းမှာရော ပြောဆိုရေးသား၊ Facebookပေါ်မှာတင်ပြီးတော့ စွပ်စွဲနေကြတဲ့ ဟာတွေကို တကယ်ချေဖျက်ပေးပါတယ်။

ဦးအေးလွင်

ကျွန်တော် အလေးအနက်ပြောချင်ပါတယ်…ဒီဇာတ်ကားကို ရိုက်ကူးကြတဲ့ ဒါရိုက်တာများကိုလည်း ချီးကျူးပါတယ်။ ဆက်လက်ပြီးတော့လည်း ကြိုးစားပါ။ လူငယ်မျိုးဆက်သစ်က အာဃာတနှင့် အမုန်းတရားကို လက်မခံဘူးဆိုတာကို ကျွန်တော်တို့ ပြပြီးတော့ ကျွန်တော်တို့လူကြီးတွေကို ပညာပေးပေးပါ။ ဒါကိုလည်း ဆက်လက်ပြီးတော့ ပြသနိုင်အောင် ကြိုးစားပေးပါ။

ကိုမြအေး

အရင်ဆုံးပြောရရင် ရုပ်ရှင်ရိုက်တဲ့ ကျွန်တော့်ညီအကိုမောင်နှမတွေကို အရင်ချီးကျူးချင်ပါတယ်။ မျိုးဆက်သစ်ဟာလန်းဆန်းတယ် အတွေးအခေါ်ရှိတယ်ဆိုတာကို ထင်ထင်ရှားရှား မြင်ရတဲ့အတွက်ပါ။ အားလည်းရှိပါတယ်၊ အားလည်းရပါတယ်၊ ဒီရုပ်ရှင်မှာ ရုပ်ရှင်တကားအနေနဲ့ကြည့်ရမယ်ဆိုရင် မတူကွဲပြားတဲ့ ယဉ်ကျေးမှုရှု့ထောင့်က ချဉ်းကပ်မယ်ဆိုရင် ဗုဒ္ဓဘာသာဝင် အမျိုးသမီးတစ်ယောက်ရဲ့ကြီးမားတဲ့မေတ္တာတရားကို တွေ့ရပါတယ်။ ခြုံပြောရရင် ဒီရုပ်ရှင်ဟာတဖက်စောင်းနင်းမရှိဘူးလို့ ကျွန်တော်မြင်ပါတယ်။ ဘာလို့လဲဆိုတော့ရုပ်ရှင်ထဲမှာပါတဲ့ သရုပ်ဆောင်တွေ အကုန်ပြောသွားတဲ့စကားတွေ၊ အလုပ်ရော ပြကွက်တွေမှာရော တဖက်စောင်းနင်ဖြစ်စေတဲ့အရာ မရှိဘူးလို့မြင်ပါတယ်။ နောက်တစ်ခု ဒီရုပ်ရှင်မှာ ဗုဒ္ဓဘာသာရဲ့ကြီးမားတဲ့မေတ္တာစွမ်းအားရဲ့ အမျိုးသမီးကဏ္ဍကိုထုတ်ဖော်ပြသတယ်လို့ ကျွန်တော်မြင်ပါတယ်၊ တကယ်လည်းဟုတ်ပါတယ်။ မိတ္ထိလာမှာ အစ္စလမ်ဘာသာဝင်(၈၀၀)ကျော်ကို ကယ်တင်ခဲ့တဲ့ဆရာတော်တပါးရှိခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော်မြင်တာက လူသားတွေကိုလူသားတွေလို့မြင်တဲ့ မျိုးဆက်သစ်တစ်ခုက တင်ပြတဲ့ Documentary Film ဟာ အရမ်းတန်ဖိုးရှိပါတယ်၊ ချီးကျူးပါတယ် ၊လေးစားပါတယ်လို့ ပြောချင်ပါ တယ်။
……………………………………………..

ဟိန္ဒူဘာသာရေးခေါင်းဆောင် ဒေါက်တာလှထွန်း

ဒီရုပ်ရှင်နဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ ဟိန္ဒူဘာသာရေး ရှု့ထောင့်ဘက်က ထူးထူးခြာခြားပြောစရာတောင် မရှိပါဘူး။ ပြဖို့သင့်တယ်။ ပြရင်လူတွေမှာ ပဋိပက္ခတွေမှာ အတူတကွနေထိုင်ခြင်း၊ တစ်ယောက်နဲ့တစ်ယောက် မေတ္တာရှိခြင်း၊ တစ်ယောက်နဲ့တစ်ယောက်သနားခြင်း ဆိုတဲ့သင်ခန်းစာကို ရပါတယ်။ကျွန်တော်တို့ဟိန္ဒူအနေနဲ့ ဘာမှကန့်ကွက်စရာ မရှိပါဘူး။

ခရစ်ယန်ဘာသာရေးခေါင်းဆောင် ဒေါက်တာစောလှိုင်ဘွား

ဒီရုပ်ရှင်ဟာ တကယ့်ကို ဘာသာရေး အနှစ်သာရ၊ လူ့အခွင့်အရေးအနှစ်သာရတွေကို အပြည့်အ၀ဖော်ညွှန်းပေးတဲ့ ရုပ်ရှင်ဖြစ်ပါ တယ်။ ဒါကြောင့်မို့ လို့ စောစောကပြောတဲ့ ခွင့်ပြုချက်ဆိုတဲ့ကိစ္စကို ကျွန်တော်နားလည်တာက ခွင့်ပြုချက်ရပါတယ် (ဟုတ်တယ်နော်) ။ ခွင့်ပြုချက်ရတယ်။ သို့သော်ခုနက ပြောတဲ့စိုးရိမ်မှုတွေကြောင့် မပြဖြစ်တာ…ကျွန်တော်လည်း အဲဒီလိုပဲနားလည်တယ် ။ ခွင့်ပြုချက်မရတဲ့ ရုပ်ရှင်မဟုတ်ဘူး၊ ဒါကြောင့်မို့လို့ မပြဖြစ်တဲ့ရုပ်ရှင်ပါ၊ စိုးရိမ်မှုတွေကြောင့်ပါ။ ကျွန်တော်တို့ MIT မှာလာပြီးပြပါလို့။ အခုလည်းကျွန်တော်တို့က ပထမရတဲ့ကားတွေပဲပြဖို့ပြောတယ်။ ဒီကားလေးပါ ထည့်ပြပေးပါလို့ ကျွန်တော် မေတ္တာရပ်ခံ ချင်ပါတယ်။ ကျေးဇူးအများကြီးတင်ပါတယ်။

ကရင်အမျိုးသမီးဖွံ့ဖြိုးရေးအဖွဲ့/ အမျိုးသမီး ငြိမ်းချမ်းရေးရှေ့ဆောင်ကွန်ယက် ဆူဇန်နော်လှလှစိုး

ရုပ်ရှင်လေးကြည့်ပြီးတော့ ကျွန်မ အင်မတန်မှ မုဒိတာပွားရပါတယ်။ နောက်ပြီးတော့ ရိုက်ခဲ့တဲ့ ညီအကိုမောင်နှမတွေကိုလည်း အထူးပဲ ချီးကျူးပါတယ်လို့။ ဒီရုပ်ရှင်ကို မပြဖြစ်ဘူးလို့ ကြားလိုက်ရတယ်… ကြားလိုက်တော့ တော်တော်စိတ်မကောင်းဖြစ်တယ်။ ဘာလဲဆိုတော့… ဒီရုပ်ရှင် အကြောင်းလည်း ကျွန်မနည်းနည်းတော့သိထားတယ်ပေါ့နော်။ အဲဒီတုန်းကတော့ ခြိမ်းခြောက်မှုတွေ၊ ကန့်ကွက်မှုတွေကြောင့်ပေါ့နော်။ အဲလိုမျိုးမပြဖြစ်တာလို့ သိရတယ်။ ကျွန်မဆိုရင်တော့ ပြသာပြ။ သူတို့ရုပ်ရှင်ရုံ မီးလာရှို့မယ် သူတို့ရှို့ရဲမလား။ ရုပ်ရှင် ရုံပိုင်ရှင်ကကောခွင့်ပြုမလား အဲလိုမျိုးပေါ့နော်။ ဘာလို့လဲဆိုတော့ သူတို့နည်းနည်းစမ်းကြည့်တယ်။ အဲတော့.. ကျွန်မတို့ဘက်က နောက်ဆုတ်သွားတယ်.. ဒါသူတို့အောင်မြင်သွားတယ်။ ကျွန်မကတော့ဒါ…လုံးဝလက်မခံဘူး။ ကျွန်မသာဆိုလို့ ရှိရင်တော့… ဒါကိုဆက်ပြမှာပဲပေါ့နော်။ ဒါကျွန်မတို့ ကောင်းတဲ့အလုပ်လုပ်တာ ဒါဆက်လုပ်ရမှာပဲ။ အဲဒါကြောင့်မို့လို့ ကျွန်မဒီမှာ အားပေးချင်တာပေါ့နော် ဒီလိုဇာတ်ကားမျိုးတွေကိုဆက်ပြီးတော့ ရိုက်ပါဖြန့်ပါ။

ဦးဝင်းလှိုင်

ဖိတ်ကြားတဲ့ ဒါရိုက်တာနဲ့ ဆရာဦးဖေမြင့်ကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ ဒီရုပ်ရှင်ကားလေးကြည့်ရတာ မိနစ်(၂၀) အစိတ်ပဲ ကြာပါတယ်။ ဒါပေမဲ့ ရုပ်ရှင်ကားလေးဟာ အဓိပ္ပါယ်ပြည့်ဝပြီး ထူးခြားလေးနက်တဲ့ စကားလုံးများနဲ့အဆုံးသတ်သွားခဲ့တယ်။ အတော် မင်္ဂလာရှိပါတယ်။ ဒီရုပ်ရှင်လေးဟာ မေတ္တာတရားကို တကယ်ဖော်ပြခဲ့တာပါ။ အစၥလမ္ဘာသာ၊ ဗုဒၶဘာသာ။ ဘာသာတွေကို ခဏဖယ်လိုက်ပြီးတော့… ကြွလာပွင့်တော်မူပြီးလေခဲ့သမျှသော ဘုရားရှင်များရဲ့အခြေခံတရားဟာ မေတ္တာပါ။ မေတ္တာသာမရှိရင်၊ ကရုဏာသာမရှိရင် လူတွေလိုချင်တဲ့ငြိမ်းချမ်းရေး မရနိုင်ပါဘူး။ မေတ္တာရယ်၊ ကရုဏာရယ်၊ ပညာရယ်ပေါင်းမှ ငြိမ်းချမ်းရေးရမှာပါ။

စာရေးဆရာ ထင်လင်းဦး (Wisdom Villa )

ဘာသာတရားက ကျွန်တော်တို့ကိုလူတိုင်းကို ချစ်ခင်ဖို့အတွက် သွန်သင်ဆုံးမတယ်လို့ ကျွန်တော်တို့နားလည်ပါတယ်။ ကျွန်တော်တို့စိတ်နှလုံးသားတွေက နူးညံ့ပျော့ပျောင်းရမယ်။ လူတိုင်းအပေါ်မှာ ကျွန်တော်တို့က ကြင်နာမှုရှိရမယ်။ ငိုနေတဲ့လူတစ်ယောက်ကို ဘယ်ဘာသာဝင်လဲလို့မေးပြီးမှ ချော့မြှူအားပေးရမယ်ဆိုရင် ကျွန်တော်တို့စိတ်ဓါတ်ခွန်အား တော်တော်နည်းနေပြီ။ တော်တော်ကိုနည်းနေပြီလို့ ကျွန်တော်တို့အဲလိုမြင်ရပါတယ်။ အဲတော့ ကျွန်တော်လက်ခံထားတဲ့အတိုင်းအတာကတော့ ဘာသာတရားက ကျွန်တော်တို့နှလုံးသားတွေရဲ့ နူးညံ့မှုနဲ့ လူသားချင်းချစ်ခင်မှုကို သွန်သင်တယ်။ ကျွန်တော်တို့ အဲဒါကိုလိုက်နာကြဖို့ပါ။ ဘာသာတရားကိုကာကွယ်ဖို့အတွက် လူတွေကိုမုန်းပြီးတော့ ရန်ပြုနေဖို့ဆိုတာ ကျွန်တော်တို့အတွက် မဖြစ်နိုင်ဘူး။ နောက်တစ်ချက်ကလူမျိုးဆိုတာ ကျွန်တော်တို့ ဗမာလူမျိုး၊ အိန္ဒိယလူမျိုး၊ တရုတ်လူမျိုးဆိုပြီး ပြောကြတယ်။ ဒါပေမယ့် အဲဒီ့လူမျိုးကို လူစိတ်ရှိစေချင်တာ လူစိတ်ရှိတဲ့ အမျိုးအနွယ်ကိုသာ ကျွန်တော်တို့က လူမျိုးလို့ခေါ်ကြရင်မကောင်းဘူးလား။ သတ်မှတ်ကြရင်မကောင်းဘူးလားလို့၊ ပြောခဲ့ချင်ပါတယ်။

ကိုမြတ်စံ

ကျွန်တော်ကတော့ မျိုးဆက်သစ်လူငယ်တွေကိုပိုချီးကျူးတယ်။ အော် သူတို့ ဖန်တီးတတ်ပါလားလို့… တချို့အနုပညာတွေမှာ အနုပညာကို ၀ါဒဖြန့်ချိရေးလက်နက်တစ်ခုအဖြစ် အစိုးရ(သို့) တစ်ချို့အဖွဲ့အစည်းတွေမှာ သုံးတယ်။ ဒါပေမယ့် အနုပညာရဲ့ သဘောကရှင်းပါတယ်။ အနုပညာကိုဖော်ကြူးသူ၊ တင်ဆက်သူက သူ့ရဲ့ ရင်တွင်းဖြစ်ခံစားချက်ကိုပဲဒါမှမဟုတ် လူ့အဖွဲ့အစည်းရဲ့ အဖြစ်အပျက်တွေရဲ့ အခြေအနေကို သူနားလည်သလို သူခံစားသလို တင်ဆက်ထားတာ။ ကြည့်ရှုသူတွေနှင့် ခံစားသူတွေကသာ ကိုယ့်ရှု့ထောင့်၊ ကိုယ့်နေရာကနေ အခံစိတ်တွေနဲ့ ဒါမှမဟုတ် မကြည်စိတ်တွေနဲ့ ခံစားမြင်ကြတယ်။
………………………………………..

မင်းထင်ကိုကိုကြီး

“The Open Sky” ရုပ်ရှင်ဟာ ကျွန်တော်ဖန်တီးခဲ့တာ မဟုတ်ပါဘူး။ ဒါပေမဲ့… တကယ်လို့ ကျွန်တော်လည်း “The Open Sky” ရုပ်ရှင်လို ဘာသာမတူတဲ့ အမျိုးသမီးကြီး(၂)ဦးကြားမှာရှိတဲ့ မေတ္တာတရား၊ ကရုဏာတရားကို အခြေခံပြီး အဲဒီ အမျိုးသမီး(၂)ဦးရဲ့ ငြိမ်းချမ်းရေးတောင့်တသံကို ပေါ်လွင်အောင် မှတ်တမ်းရုပ်ရှင်တစ်ခု ဖန်တီးရတော့မယ်ဆိုပါစို့။ အဲဒီအချိန်မှာ အစ္စလမ်ဘာသာဝင် တစ်ဦးဦးက ကျွန်တော့်ဇက်ပေါ်ဒါးတင်ပြီး “ငါတို့ ဗလီတွေ မီးရှို့ခံရတာ၊ ငါတို့ဘာသာဝင်တွေ အသတ်ခံရတာ ထည့်ကိုထည့်ရမယ်”လို့လည်း ခြိမ်းခြောက်လာမယ်ဆိုပါစို့။ ကျွန်တော့်ဇက်ကိုသာ ဖြတ်ချသွားပါ။ အမျက် ဒေါသတွေ ၊အာဃာတတွေ၊ အမုန်းတွေ ပွားများစေမယ့် နောက်ခံအဖြစ်အပျက်တွေ၊ အရုပ် အသံတွေကို ထည့်မှာ မဟုတ်ပါဘူး။ အဲဒီလိုပါပဲ။ ဗုဒ္ဓဘာသာဝင် တစ်ယောက်ယောက်က ကျွန်တော့်ဇက်ပေါ် ဒါးတင်ပြီး “ငါတို့ သံဃာ အသတ်ခံရတာ၊ ငါတို့အမျိုးကောင်းသမီး အဓမ္မ အကျင့်ခံရတာ ထည့်ကိုထည့်ရမယ်” လို့လည်း ခြိမ်းခြောက်လာမယ်ဆိုပါစို့။ ကျွန်တော့်ဇက်ကိုသာ ဖြတ်ချသွားပါ။ အမျက် ဒေါသတွေ၊ အာဃာတတွေ၊ အမုန်းတွေ ပွားများစေမယ့် နောက်ခံအဖြစ်အပျက်တွေ၊ အရုပ် အသံတွေကိုထည့်မှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ အဲဒီရုပ်ရှင်ဟာ အာဃာတတွေ၊ အမျက် ဒေါသတွေ၊ အမုန်းတရားတွေ မဆုံးအောင် တိုးပွားပြီး အသစ်အသစ်သော ပဋိပက္ခတွေ ဖြစ်လာစေဖို့ ရည်ရွယ်တာမဟုတ်တဲ့အတွက်ကြောင့်ပါပဲ။ ကြည့်မိတဲ့သူရဲ့ စိတ်ထဲ ရင်ထဲမှာ မေတ္တာတရားနဲ့ ကရုဏာတရားကိုသာ ဖြစ်စေလိုတဲ့ စေတနာထားမယ်ဆိုရင် အဲသည်လို အကြမ်းဖက် ရက်စက်မှု အဖြစ်အပျက် အရုပ်အသံတွေ ထည့်စရာလိုတယ်လို့ ကျွန်တော် မယုံကြည်ပါဘူး။

18th Aug 2014
Human Dignity Film Institute

ဆန်းစစ်မှုများအောက်မှ မြန်မာသူဌေးကြီး ဦးတေဇ

tay-za_400

‘‘သူတို့က ကမ္ဘာ့ပုလိပ်ကြီး လုပ်နေ တာလေ’’

မြန်မာသူဌေးကြီး ဦးတေဇ က ဆိုဖာနောက်ကို မှီချလိုက်ရင်း အမေရိကန်အစိုးရကို ပြစ်တင်ဝေ ဖန်လိုက်သည်။ သူထိုင်နေသည့် မိကျောင်းသားရေဆိုဖာပေါ်ကို သူမွေးထားသည့် ဝက်ဝံပေါက် လေးက ကုပ်တက်ဖို့ကြိုးစားနေ သည်။အမေရိကန်နိုင်ငံက သူ့စီး ပွားရေးလုပ်ငန်းများကို တင်းကျပ်နေသည့်အပေါ်နှင့် အရာရှိများက သူ၏ ငွေလွှဲပြောင်းမှုမှန်သမျှကိုစောင့်ကြည့်နေသည့် အပေါ် သူကပြောဆိုလိုက်သည်။ ဦးတေဇစကားပြောချိန်တွင် အနားတွင် မျက်ခြည်မပြတ်စောင့်ကြည့်နေသည့်ဝန်ထမ်းက ဝက်ဝံပေါက်စ နှစ်ကောင်ကြောင့် ကော်ဇောမ ပျက်စီးရန် အခါအားလျော်စွာ ဝင်ထိန်းနေသည်။ မြန်မာနိုင်ငံ မြောက်ဖျားတွင် ဝက်ဝံအမေကြီးကိုဒေသခံတစ်ဦးက သတ်ဖြတ် လိုက်ပြီးသည့်နောက် ထို ဝက်ဝံသားပေါက်နှစ်ကောင်ကို ဦးတေဇက ယူမွေးခဲ့သည်။ ထူးဆန်းရှား ပါးသော တိရစ္ဆာန်များနှင့် ရန်ကုန်မြို့က သူ၏ခမ်းနားထည်ဝါသည့် အိမ်တော်ကြီး၏ နောက်ကွယ်တွင်တော့ သူ၏စီးပွားရေးအင် ပါယာကြီးသည် စီးပွားရေးကျူး ကျော်မှုများခံနေရသည်ဟု ဦး တေဇက ဆိုသည်။ အမေရိကန် အရာရှိများက သူ့ကို နှောင့်ယှက် ပေးနေသည်ဟု သူကစွပ်စွဲလိုက်သည်။ ယင်းအထဲတွင် မြောက်ကိုရီးယားနှင့် ပတ်သက်နေသည့် ကုမ္ပဏီများနှင့် ငွေလွှဲပြောင်းခဲ့သည်ဟု သံသယရှိသည့် စင်ကာပူက သူ၏ရင်းနှီးမြှုပ်နှံမှုဘဏ်စာရင်းကိုလည်း အပိတ်ခံခဲ့ရသည်။

အသက်(၅၀)အရွယ် ဦးတေ ဇသည် ဝါရှင်တန်အတွက် ပြဿနာတစ်ရပ်ဖြစ်သည်။ ရင်းနှီးမြှုပ် နှံသူများနှင့် လေ့လာသူများ အဆိုအရ မြန်မာနိုင်ငံ၏ အင်အားအကြီးဆုံး စီးပွားရေးသမားများကို စီးပွားရေးဆက်လက်ပိတ်ဆို့အ ရေးယူခြင်းက နှစ် ၅၀ နီးပါး အထီးကျန်အစိုးရအုပ်ချုပ်မှုမှ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး ပစ်မှတ်ကို ပြည့်မီရန် နှောင့်နှေးစေမည်ဟု ဆို သည်။

အရပ်သားတစ်ပိုင်းအစိုးရ ပြုပြင်ပြောင်းလဲရေးတစ်ပိုင်း အစိုးရက အာဏာရနေသော်လည်း အမေရိကန်အရာရှိများက လူ့အခွင့်အရေးချိုးဖောက်မှုကြီးမားစွာ ကျူးလွန်ခဲ့သည့် ယခင်စစ်အစိုးရကို ထောက်ခံပံ့ပိုးပေးခဲ့သည့် စီး ပွားရေးသမားများကို လုပ်ခွင့်ပေး လိုသည့်ပုံ မတွေ့ရပါ။

‘‘ခရိုနီတွေက သူတို့အိတ် ကပ်အတွက်ပဲ ကြည့်နေတာပါ။ သူတို့က လူထုအကျိုးစီးပွားအ တွက် ဘာမှလုပ်ပေးမှာမဟုတ် ဘူး’’ဟု ရီပက်ဘလေကန်အမတ် စတိဗ်ရှာဘော့က ပြောဆိုလိုက် သည်။ သူက မြန်မာအရာရှိများ နှင့် ကန့်သတ်ဆက်ဆံမှုပြုရေး မူကြမ်းကို တင်သွင်းသူဖြစ်သည်။

ဦးတေဇကမူ အမေရိကန် စီးပွားရေးပိတ်ဆို့အရေးယူမှု၏ နောက်ဆက်တွဲရိုက်ခတ်မှုက သူ့ ကိုယ်ပိုင်မိသားစုနှင့် ဆက်နွှယ် ပတ်သက်နေသူများကိုသာမက သူပိုင်ဆိုင်သည့် ထူးကုမ္ပဏီမှ ဝန် ထမ်းသုံးသောင်းကိုပါ ထိခိုက်စေ သည်ဟု ဆိုသည်။ ယင်းသည် စီးပွားရေး၏ ကဏ္ဍတိုင်းလိုလိုအ ပေါ် သက်ရောက်သည်ဟု ဆို သည်။

ဥပမာအားဖြင့်ဆိုလျှင် အ မေရိကန်လုပ် စက်ပိုင်းအပိုပစ္စည်း များကို ဈေးကွက်တွင်ပေါက်သည့်ဈေးဖြင့် သူဝယ်ယူခွင့်မရခဲ့သည့် အတွက်လည်း ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်း ဒေါ်လာသန်း ၉၀ ကျော် အရှုံးပေါ်ခဲ့သည့် အဲပုဂံလေကြောင်းလိုင်းကို ပိတ်ပစ်ဖို့ ဖြစ်လာနိုင်သည်ဟု သူက ပြောဆိုသည်။

ဧပြီ ၁၇ ရက်စွဲဖြင့် စင်ကာ ပူရှိ United Oversea Bank က ပေးပို့လာသည့်စာကို သူက ထုတ် ပြသည်။ သူ၏ ဘဏ်စာရင်းကိုးခု ကို ပိတ်လိုက်ကြောင်း အကြောင်း ကြားစာဖြစ်သည်။ စာတွင် အ ကြောင်းပြချက်ကို ပေးမထားပါ။ ယင်းကိစ္စနှင့်ပတ်သက်ပြီး မေးမြန်းချက်ကိုလည်း ဘဏ်က တုံ့ပြန်ဖြေကြားခဲ့ခြင်းမရှိပါ။ ဦးတေဇကတော့ တရုတ်နိုင်ငံရှိ ကုမ္ပဏီများသို့ သူငွေလွှဲပြောင်းသည့်ကိစ္စနှင့်ပတ်သက်ပြီး အမေရိကန်အရာရှိများက မေးခွန်းထုတ်လာ သည့်အပေါ် စင်ကာပူဘဏ်က စိုးရိမ်နေခြင်းဖြစ်သည်ဟု ဆိုသည်။ ယင်းတရုတ်ကုမ္ပဏီများက မြောက်ကိုရီးယားနှင့် ဆက်နွှယ်နေသည် ဟု ယူဆရသည်။

စင်ကာပူအခြေစိုက် သူ၏ ကုမ္ပဏီ 4G Investment နှင့် ပတ်သက်ပြီး သူ့အားဆက်သွယ် မေးမြန်းလာသည့် အမေရိကန် အရာရှိများက ယင်းငွေကြေးလွှဲ ပြောင်းမှုအချို့ကို တွေ့ရှိသွားခဲ့ သည်။ ဦးတေဇ၏ညီဖြစ်သူ ဦး သီဟက ၂၀၁၃ ခုနှစ် ဇွန်လထဲတွင် အမေရိကန်သံရုံးကိုယ်စားလှယ်နှစ်ဦးနှင့် ရန်ကုန်မြို့တွင် တွေ့ဆုံခဲ့သည်။

‘‘သူတို့က မြောက်ကိုရီးယား အကြောင်းမေးတယ်။ မြောက်ကို ရီးယားနဲ့ တစ်နည်းနည်းပတ်သက် မှုရှိသလားဆိုတာ ကျွန်တော်တို့ က တကယ်ပဲမသိတာပါ’’

ရန်ကုန်ရှိ အမေရိကန်သံရုံး ကို ယင်းတွေ့ဆုံမှုနှင့်ပတ်သက်ပြီး မေးမြန်းရာတွင် တစ်စုံတစ်ရာ ပြောဆိုရန် ငြင်းဆိုလိုက်ပြီး အမေရိကန်ဘဏ္ဍာရေးဌာနသို့ စုံစမ်းမေးမြန်းရန် လွှဲပေးလိုက်သည်။ ‘‘တချို့ကိစ္စရပ်များအပေါ် တစ်စုံတစ်ရာပြောဆိုခြင်းမပြုရန် ဟူ သောမူဝါဒ’’အရဟု ဆိုသည်။

ဦးတေဇက သူ၏ 4G နှင့် အခြားကုမ္ပဏီများဖြစ်သည့် Asia Pioneer Impex၊ တရုတ်ကုမ္ပဏီ များဖြစ်သည့် Fanwell, Goldtec Trading Group, Win Trade World Wide, Ocean Wide Trading (Hong Kong), Fortune Sun International Trading များသို့ ငွေလွှဲပြောင်းမှု မှတ်တမ်းများကို Forbes Asia ကို ထုတ်ပြသည်။

အမေရိကန်ဘဏ္ဍာရေးဝန် ကြီးဌာနက ယင်းကုမ္ပဏီများထဲ မှ အနည်းဆုံး တစ်ခုဖြစ်သည့် Fortune Sun သည် မြောက်ကိုရီး ယား Tunchon စီးပွားရေးဘဏ်မှ တည်ထောင်ထားသည့် ရုပ်ပြ ကုမ္ပဏီဖြစ်ကြောင်း ဝိကီလိခ်က ၂၀၀၉ ခုနှစ် ဇူလိုင် သံတမန်ကြေး နန်းသတင်း ထုတ်ဖော်ချက်တွင် ဖော်ပြထားသည်။ ကုလသမဂ္ဂက Tunchon ကို ၂၀၀၉ ခုနှစ်တွင် စီးပွားရေးအရ အရေးယူပိတ်ဆို့ ထားပြီးယင်းသည် ‘‘လက်နက် များ၊ ဒုံးကျည်များနှင့် ယင်းတို့ကို ထုတ်လုပ်ရာတွင် အသုံးပြုသည့် ကုန်ပစ္စည်းများရောင်းချမှုတွင် ငွေကြေးအရ အဓိကတာဝန်ရှိ သည်’’ ဟု ဆိုသည်။

ဦးတေဇကတော့ သူသည် မြန်မာအစိုးရကိုယ်စား ငွေပေးချေခြင်းဖြစ်သည်ဟု ဆိုသည်။ အစိုးရအတွက် လောင်စာများတင် သွင်းခြင်းလုပ်ငန်းတွင် သူက ဦး ဆောင်နေပြီး ကမ္ဘာ့ဈေးကွက်မှ ဝယ်ယူခွင့်ပိတ်ပင်ခံထားရသည့် မြန်မာအစိုးရအတွက် ဒေါ်လာ ငွေသန်း ၃၀၀ လွှဲပြောင်းပေးခဲ့ ကြောင်း ပြောဆိုသည်။ ငွေလွှဲ ပြောင်းမှုမှတ်တမ်းများအရ For-tune Sun သို့ ငွေပေးချေမှု အများစုသည် ယခင်စစ်အစိုးရလက် အောက်တွင် ပြုလုပ်ခဲ့ခြင်းဖြစ် သော်လည်း ပေးချေမှုတစ်ခုကမူ အစိုးရသစ်တက်လာသည့် ၂၀၁၁ ခုနှစ် နိုဝင်ဘာတွင် ပြုလုပ်ခဲ့ သည်။

အတိတ်က သတင်းအချက် အလက်များ (သို့မဟုတ်) လက်ရှိ အချက်အလက်များနှင့်ပတ်သက် ပြီး မြန်မာ၏ မြောက်ကိုရီးယား နှင့် ဆက်နွှယ်ပတ်သက်မှုက ဖုံးဖိ မရဖြစ်နေသည်။ မည်သို့ပင်ဖြစ် စေ သူ့မှာရွေးစရာလမ်းမရှိခဲ့ဘဲ အရာရှိများခိုင်းသလို လုပ်နေရ ကြောင်း ဦးတေဇက တစ်စိုက် မတ်မတ်ဆိုနေသည်။ ‘‘အစိုးရက ဘာပဲခိုင်းခိုင်း ကျွန်တော်က လုပ် ရတာပဲ’’

မြန်မာနိုင်ငံ ယခင်စစ်အစိုးရ အာဏာပိုင်များက ဦးတေဇတို့လို လုပ်ငန်းရှင်သူဌေးမျိုးအပေါ် မှီခို ပြီး စီးပွားရေးလုပ်ကိုင်ခဲ့ကြသည်။ လူအများက ခရိုနီဟုသိထားကြ ပြီး သူတို့သည် စီးပွားရေးပိတ်ဆို့ မှုကို တစ်ပတ်ရိုက်ပြီး လှည့်ပတ် လုပ်ကိုင်သည့် ကျွမ်းကျင်သူများ ဖြစ်လာသည်။ စစ်အစိုးရ၏ သူ ကောင်းပြုမှုများစွာရရှိခဲ့ပြီး သစ် တောထုတ်ကုန်မှ ကားတင်သွင်း မှုအထိ လုပ်ပိုင်ခွင့်များ လှိုင်လှိုင် ရခဲ့သူများဖြစ်သည်။

ဩစတြေးလျနိုင်ငံ မက်ကွာ ဟာတက္ကသိုလ်မှ မြန်မာ့စီးပွား ရေးဆိုင်ရာ ကျွမ်းကျင်သူရှောင် တားနားက ဦးတေဇ နဝတဟု လူသိများသည့် မြန်မာစစ်အစိုးရ ကိုယ်စား ယခုလို မြောက်ကိုရီး ယားနှင့် ဆက်နွှယ်နေသည့် ကုမ္ပဏီကို ငွေပေးချေခြင်းသည် အံ့ဩစရာလုံးဝမရှိပါကြောင်း ပြောဆိုလိုက်သည်။

‘‘အစိုးရကိုယ်စား ဒီလိုငွေ လွှဲပြောင်းမှုမျိုးလုပ်တယ်ဆိုတာ က နဝတခေတ်တစ်လျှောက်လုံး မှာ ခရိုနီကုမ္ပဏီတွေအတွက် ပုံမှန်လုပ်ငန်းတစ်ခုဖြစ်နေပါတယ်’’ဟု ရှောင်တားနားက ပြောသည်။ သေချာမသိသေးသည်မှာ ထိုကဲ့သို့ ပြုံးယန်းနှင့်မြန်မာ အဆက်အဆံ ဆက်လက်ရှိ၊ မရှိဆိုတာပဲ ဖြစ်သည်။

အမေရိကန်ဘဏ္ဍာရေးဝန် ကြီးဌာနက ဦးတေဇကို အရေးယူ ပိတ်ဆို့မှုအတွက် အထူးသတ် မှတ်ထားသည့်ပုဂ္ဂိုလ်များစာရင်း တွင် ၂၀၀၈ ခုနှစ်က ထည့်သွင်း ထားသည်။ စစ်အစိုးရအတွက် စစ်တပ်အတွက် စစ်သုံးပစ္စည်း များနှင့် လေယာဉ်များဝယ်ယူခြင်း အပါအဝင် ပံ့ပိုးပေးမှုများကြောင့် ဖြစ်ကြောင်း ထိုစဉ်က ထုတ်ပြန်ခဲ့ သည့် စာများအရ သိရသည်။

နောက်ထပ် စီးပွားရေးပိတ်ဆို့အရေးယူမှုစာရင်းဝင်ပုဂ္ဂိုလ် တစ်ဦးဖြစ်သူ စီးပွားရေးလုပ်ငန်း ရှင်ဦးဝင်းအောင်က အမေရိကန် သည် ကောလာဟလများအပေါ် အခြေခံပြီး လူများကို စာရင်းပြု စုနေသည်ဟု ပြောဆိုလိုက်သည်။ ‘‘မေးစရာကတော့ အတော်များ တာပဲ။ ဘယ်ကသတင်းတွေကိုရသလဲ။ အဲဒီရတဲ့သတင်းတွေ ဘယ်လောက်အထိမှန်ကန်စိတ် ချရသလဲ’’ဟု သူက မေးခွန်းထုတ် သည်။

ဦးတေဇက ရုရှားလုပ် MI-17 ရဟတ်ယာဉ်များကို ရောင်းချ ကြောင်း ဝန်ခံပြောဆိုသည်။ မြန်မာစစ်တပ်အတွက် အပိုပစ္စည်းကို ဆက်လက်ပံ့ပိုးပေးနေပြီး စက်ပိုင်းဆိုင်ရာဝန်ဆောင်မှုစာချုပ်ကို ဆက်လက်ချုပ်ဆိုထားကြောင်းလည်း ပြောဆိုလိုက်သည်။ သို့ရာတွင် အခြားလက်နက်ရောင်းချမှုများ မပြုလုပ်ကြောင်း ငြင်းဆိုလိုက်သည်။ ရုရှားများကို မြန်မာစစ်ခေါင်းဆောင်များနှင့် မိတ်ဆက်ပေးခဲ့ပြီးသည့်နောက် ညှိနှိုင်းမှုများကို သူတို့ဘာသာဆက်လက်လုပ်ဆောင်ကြခြင်းဖြစ်သည်ဟု ဆိုသည်။

‘‘သူတို့က အစိုးရတစ်ခုနဲ့ တစ်ခုအကြား တိုက်ရိုက်လုပ်ခဲ့ ကြတာပါ။ ကျွန်တော်တို့က အစည်းအဝေးခန်းထဲကိုတောင် မဝင်ရဘူး’’

ဝိကီလိခ်က ထုတ်ပြန်လိုက် သည့် ၂၀၀၇ ခုနှစ် သံတမန်ကြေး နန်းသတင်းတွင် ဦးတေဇကို ယခင်စစ်အစိုးရ၏ အတွင်းလူအဖြစ် ဖော်ပြထားသည်။ သူ့ကို ‘‘နံပါတ်၁ ခရိုနီစီးပွားရေးသမား’’ဟု ဖော်ပြထားသည်။ သူသည် စစ်အစိုးရခေါင်းဆောင်များကို ဖောဖောသီသီဧည့်ခံပြီး အမြတ်အစွန်းများသော စီးပွားရေးသဘောတူညီချက်အများစုကို ရယူခဲ့သည်ဟု ဆိုသည်။

ပါမောက္ခရှောင်တားနားက တော့ ဦးတေဇ၏ ခရိုနီသူဌေးပုံ ရိပ်မှာ ဆင်းရဲနွမ်းပါးလှသည့် စီးပွားရေးရှိသည့်နိုင်ငံတစ်ခုတွင် သူ၏ဟိတ်ဟန်ကြီးလှသည့် နေထိုင်ပုံကြောင့် ပိုကြီးသယောင်ချဲ့ကားခံထားရခြင်းဖြစ်ကြောင်းဆိုသည်။ ‘‘သူ့ရဲ့ပြိုးပြိုးပြက်ပြက်နေပုံတွေကြောင့် သူ့ကို လူဆိုးအခန်းမှာထည့်ပြလို့ သိပ်ကောင်းသွားတာပေါ့’’

အမေရိကန်အစိုးရက အရပ်ဘက်နိုင်ငံရေးသမားများအဖြစ် ပြောင်းလဲသွားသည့် ယခင်စစ်အရာရှိများစွာကို သူတို့၏ ပစ်မှတ်ထား ပိတ်ဆို့အရေးယူ သည့် လူပုဂ္ဂိုလ်များစာရင်းမှ ဖယ် ရှားပေးခဲ့သည်။ ယင်းအထဲတွင် သမ္မတဦးသိန်းစိန်နှင့် ၂၀၀၈ ခုနှစ် တွင် ပြုံးယန်းသို့ သွားရောက်ခဲ့ သည့် ဗိုလ်ချုပ်ဟောင်းလွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်းတို့လည်း ပါဝင် သည်။ သို့ရာတွင် ဦးတေဇနှင့် တခြားလုပ်ငန်းရှင်ကြီးများ စာရင်းတွင် ကျန်ရစ်နေသည်။ သူတို့ကို ဖက်စပ်လုပ်ကိုင်မည့်သူများအဖြစ် မြင်ထားကြသည့် ဝင်ရောက်ရင်းနှီးမြှုပ်နှံလိုသူ အမေရိကန် စီးပွားရေးသမားအများအပြားအတွက် အတော် ပင်စိတ်ပျက်စရာဖြစ်နေသည်။

‘‘အမေရိကန်ကုမ္ပဏီအများ စုက အဲဒီစာရင်းကို ပြန်ပြီးပြင် ဆင်စေချင်တယ်။ အဲဒီလူပုဂ္ဂိုလ် တွေနဲ့ ကုမ္ပဏီတွေကို စာရင်းက ဖယ်ပေးလို့ရရင် ပယ်ဖျက်ပေးစေ ချင်ကြတယ်’’ဟု DFDL ဥပဒေ အကျိုးဆောင်အဖွဲ့မှ ရှေ့နေစီလီ ယမ်ဂရင်းလီက ပြောဆိုလိုက် သည်။ သူက မြန်မာနိုင်ငံရှိ အမေ ရိကန်ကုန်သည်ကြီးများအသင်း ၏ ဥက္ကဋ္ဌလည်းဖြစ်သည်။

ဇန်နဝါရီလလယ်တွင် ကုန် သည်ကြီးများအသင်းဝင်များက ရန်ကုန်မြို့ရှိ ပြန်လည်မွမ်းမံပြင် ဆင်ထားသော ဗြိတိသျှခေတ် အဆောက်အအုံတစ်ခု၏ စား သောက်ဆိုင်၌ စုဝေးခဲ့ကြသည်။ ထိုနေရာတွင် အမေရိကန်သံအမတ်ကြီး ဒဲရစ်မစ်ချယ်က သူ တို့ကို သတင်းကောင်းတချို့ပါး လိုက်သည်။ ဘဏ္ဍာရေးဝန်ကြီး ဌာနက ပစ်မှတ်ထားပိတ်ဆို့အရေးယူထားသူစာရင်းမှ တချို့ကို မကြာမီဖယ်ရှားပေးတော့မည်။ ‘‘နောက်ဆုံးအကြိမ် ဘဏ္ဍာရေးဝန်ကြီးဌာနနဲ့ ကျွန်တော်စကားပြောတော့ သူတို့က လပိုင်းလောက်ပဲလိုတော့တယ်လို့ ပြောတယ်’’

ခြောက်လကြာပြီးချိန်တွင် မည်သူတစ်ဦးတစ်ယောက်ကိုမျှ စာရင်းမှဖယ်ရှားခြင်းမရှိခဲ့။ ဝါရှင် တန်အတွင်း သတင်းများအရ ယင်းသို့ရွှေ့ဆိုင်းခြင်းသည် ဝါရှင် တန်နှင့် နေပြည်တော် နှစ်ရပ် စလုံးတွင် နိုင်ငံရေးအပြောင်းအလဲများရှိနေ၍ဟု ဆိုသည်။ မြန်မာအစိုးရ ကတိပြုထားသည့် ပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်များနောက်ပြန်လှည့်နေသည့် အပေါ်အမေရိကန်နိုင်ငံရေးသမားများနှင့် လူ့အခွင့်အရေး အဖွဲ့များက အပြစ်တင်နေကြသည်။

‘‘ပြီးခဲ့တဲ့ ၁၈ လအတွင်း ပြုပြင်ပြောင်းလဲရေးမှာ တိုးတက်မှု နည်းနည်းလေးပဲရှိခဲ့တာကြောင့် စာရင်းထဲကနေ ဘယ်သူကိုမှပယ် ဖျက်မပေးဖို့ ပြည်တွင်းမှာ ဖိအား တွေများနေတယ်’’ဟု ဝါရှင်တန် အခြေစိုက် Project 2049 In-stitute အကြံပေးအဖွဲ့မှ ကယ် လီကူရီးက ဆိုသည်။ ယင်းအဖွဲ့ သည်အာရှ၏ လုံခြုံရေးကိစ္စရပ် များအပေါ် အဓိကလေ့လာနေ သည့်အဖွဲ့ဖြစ်သည်။

မြန်မာနိုင်ငံနှင့် ဆက်လက် ပူးပေါင်းဆောင်ရွက်ရေးကို ဆန့် ကျင်ပြီး စည်းရုံးနေသူများထဲတွင် လွှတ်တော်အမတ်ချာဘော့ လည်းပါဝင်သည်။ သူက လူနည်းစုမွတ်စလင်များကို ဖိနှိပ်နေမှုကို ရပ်တန့်ရေးမြန်မာအစိုးရအား ဖိအားများပေးရန်တောင်းဆိုသည့် မူကြမ်းကို တင်သွင်းခဲ့သူဖြစ်သည်။

ပစ်မှတ်ထားအရေးယူသူ လူပုဂ္ဂိုလ်များကို စာရင်းမှပယ် ဖျက်ခြင်းက မှားယွင်းသော အဓိပ္ပာယ် သက်ရောက်စေနိုင် သည်ဟု ချာဘော့က ဆိုသည်။ ‘‘အမေရိကန်ကုမ္ပဏီတွေက ဒီခရို နီတွေနဲ့ ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် စီးပွားရေး ပူးပေါင်းလုပ်မှာကို ကျွန်တော်မထောက်ခံပါဘူး’’ဟု သူက ပြောဆိုလိုက်သည်။

သို့သော်လည်း ပြီးခဲ့သည့် ဇွန်လကုန်ပိုင်းတွင် ပိတ်ဆို့အရေး ယူခံထားရသော လူပုဂ္ဂိုလ်များကို အမေရိကန်ဘဏ္ဍာရေးနှင့် နိုင်ငံ ခြားရေးဝန်ကြီးဌာနမှ အရာရှိများ က ရန်ကုန်မြို့တွင်ဖိတ်ခေါ်ပြီး တွေ့ဆုံခဲ့သည်။ ယင်းစာရင်းမှ ပယ်ဖျက်ခံရရန် မည်သို့မည်ပုံ ဆောင်ရွက်ရမည်ဆိုသည်ကို ရှင်းလင်းပြခဲ့သည်။ လိုအပ်ချက် များမှာ စစ်တပ်နှင့် ဆက်နွှယ်ပတ် သက်ခြင်းမပြုရန်၊ လုပ်ငန်းတွင် ထင်သာမြင်သာရှိစွာ ဆောင်ရွက် ရန်တို့ဖြစ်သည်။ ယင်းအချက်က ဦးတေဇတို့လိုလုပ်ငန်းရှင်သူဌေး များအတွက် ဝါရှင်တန်က အတိုက်အခံများထက်ပင်လျှင် စိန်ခေါ်မှု ကြီးမားနိုင်ပါသည်။

#Ref Forbes

http://www.forbes.com/sites/forbesasia/2014/07/23/burmese-tycoon-tay-za-under-scrutiny/

မင်းကြီး မင်းလေး ပွဲမှာ စီရင်ခဲ့တဲ့ တရား

mandalay1

မြန်မာပြည်မှာ ကျင်းပတဲ့ နတ်ပွဲတွေ ထဲမှာ တောင်ပြုန်းပွဲဟာ အကြေအညာ စုံစုံလင်လင် စည်စည်ကားကား လာရောက်ကြတဲ့ ပွဲပါပဲ။ အနယ်နယ်အရပ်ရပ်က မန္တလေးကို ရောက်လာကြပြီး မန္တလေးကနေ တောင်ပြုန်းကို ကားနဲ့၊ မီးရထားနဲ့ သွားလာကြတယ်။ အရင်ခေတ်တုန်းက တောင်ပြုန်းကို လှေတွေနဲ့သွားကြတယ်။ မန္တလေး ဈေးချိုတော်ရဲ့ အနောက်ဘက်က ကပ်စီးတဲ့ ရွှေတချောင်းမြောင်းကနေ တောင်ပြုန်းအထိ လှေတွေနဲ့ သွားကြ တယ်ဆိုရင် အတော် အံ့ဩကြမှာ ပါပဲ။

ဒီလိုသွားကြတာ ကျနော်တို့တောင်မှ မမီခဲ့ပါဘူး။   ကျနော်တို့ မိဘများခေတ် ဖြစ်မှာပေါ့။ “နှဲကုပ်သို” လို့ အမည်ရတဲ့ ရွှေတချောင်းမြောင်းဟာ ဘိုးတော်ဘုရား လက်ထက်ကတည်းက မတ္တရာကနေ အမရပူရ နေပြည်တော် တက်သိမ်းအင်း အထိ ဖောက်သွယ်ခဲ့တဲ့ မြောင်း ဖြစ်ပါတယ်။ တာပေါင်း ၂၇၀ဝ ရှည်သတဲ့။

လယ်တွေကို ရေပေးဝေဖို့ အပြင် မတ္တရာနဲ့ အမရပူရ နေပြည်တော် ဆက်သွယ်သွားလာရေး အတွက် ရေလမ်း အဖြစ် အသုံးပြုခဲ့တာ ပေါ့။ ရတနာပုံ ခေတ်မှာတော့ ရွှေတချောင်းမြောင်း အမည်နဲ့ ရေရှင် ရေကောင်းတွေ စီးဆင်းခဲ့ပြီး မတ္တရာ နယ်မှာ လယ်ရေ ပေးဝေရေးနဲ့ မန္တလေး ရွှေမြို့တော်မှာ သုံးရေ ချိုးရေ သုံးရေ အတွက် သာမက မတ္တရာနယ် က သစ်သီးသစ်နှံ တွေကို မန္တလေး ဈေးချိုတော်ဆီ လှေများနဲ့ ပို့ဆောင်ဖို့ အသုံးဝင် ခဲ့တယ်။

တောင်ပြုန်း ပွဲတော်အခါ ရောက်ရင် လူစည်ကားတဲ့ ဈေးချိုတော် ကနေ လှေတွေနဲ့ ဆိုင်းတွေ ဗုံတွေနဲ့ တောင်ပြုန်းပွဲတော်ဆီ ရွှေတချောင်းမြောင်း အတိုင်း  သွားကြတာ တဲ့။ သီပေါမင်းခေတ်မှာ တောင်ပြုန်းပွဲတော် ကျင်းပတဲ့ အခါ ပွဲတော်အုပ်ချုပ်ရေး အတွက် ရနောင်မောင်မောင်တုတ်ကို လွှဲအပ်ထားတာ တဲ့။ သိကြတဲ့ အတိုင်းပဲ ရနောင်မောင်မောင်တုတ် ဆိုတာက သီပေါဘုရင်ရဲ့ “သူ့ဓားနှင့် မသေစေရ” လို့ ပစားပေးထားခဲ့ရ သူပါ။

ဒီတော့ တောင်ပြုန်းပွဲကို ရနောင်မောင်မောင် တုတ်လက် ဝကွက်အပ်ထားတဲ့ အခါ ပွဲတော်နဲ့ ပတ်သက်တဲ့ မှုခင်းမှုရာတွေ ကိုလည်း နေပြည်တော်က လွှတ်ရုံး အဆင့်ဆင့်ဆီ တရားနည်းလမ်းကျစွာ ဥပဒေနဲ့အညီ ဓမ္မသတ် ရာဇသတ်များနဲ့ အညီ တက်ရောက်စရာ မလိုဘူး။ ရနောင်မောင်မောင်တုတ်ရဲ့ တဦးတည်း အမိန့်အာဏာနဲ့ သဘောကျ စီရင်စေရတယ်။

တောင်ပြုန်းပွဲ ဆိုတာကလည်း အခုမှ မဟုတ်ဘူး။ ရတနာပုံ ခေတ်ကတည်းက မူးယစ်ရမ်းကား အပျော်ကြူးကြတဲ့ပွဲလို့ ဆိုတယ်။ ခိုးကြမယ်၊ ဝှက်ကြမယ်။ တိုက်ကြမယ်၊ သတ်ကြမယ်၊ ရိုက်ကြမယ်။ အဲ.. အဲ… မိန်းကလေးတွေကို ကာယိနြေ္ဒ ပျက်အောင် စော်ကားကြမယ်။ ဒီလိုကိုး။ ဒီတော့ ပွဲတော်တွင်း အပြစ်ကျူးလွန်သူ မှန်သမျှ၊ အပြစ်ကျူးလွန် သူလို့ ယူဆသူ မှန်သမျှ၊ မျက်မုန်းကျိုးသူ မှန်သမျှ၊ အမိန့် အာဏာ ဖီဆန်သူ မှန်သမျှ ထင်ရင်ထင်သလို၊ မထင်ရင် မထင်သလို ရနောင်မောင်မောင်တုတ်ရဲ့ တဦးတည်း သဘောနဲ့ တရားစီရင် သတဲ့။ ရှင်းပါတယ်။ “ရနောင့်တရားရုံး” ရဲ့ စီရင်ချက်က တမျိုးတည်းပါပဲ။ “သတ်စေ” ပေါ့။

ဒီတော့ မန္တလေးကနေ တောင်ပြုန်းကို ပွဲတော် လာသူတွေ ဖီးလိမ်း၊ ဝတ်စား ပြင်ဆင်ပြီး ဆိုင်းသံ ဗုံသံ တညံညံနဲ့ ပျော်ပျော်ပါးပါး အများဆုံး လာကြတဲ့ လမ်းဖြစ်တဲ့ ရွှေတချောင်းမြောင်း ပေါင်မှာ မန္တလေး ရွှေမြို့တော်က အထွက်၊ တောင်ပြုန်း ပွဲခင်းအထိ မြောင်းဘေး တလျှောက်မှာ ကားစင်တွေ ဆင်ထားသတဲ့။ အဲဒီ ကားစင်တွေမှာ ရာဇဝတ်သားလို့ ယူဆသူတိုင်းကို  ကားစင်တင်  သတ်တယ်။

သတ်ပြီးရင် သုဿာန်တွေမှာ ချက်ချင်းမြှုပ်နှံတာ မဟုတ်ဘူး။ ကားစင်ပေါ်မှာပဲ ရင်ကိုခွဲ၊ အတွင်းက ကလီစာတွေ နုတ်၊ တော်ရာမြှုပ်ပြီး ကျန် လူသေကောင်ကြီးကို ကားစင်ပေါ်မှာပဲ ခြေကားရား လက်ကားရားနဲ့ ရေနံချေး သုတ်ထားတာ ပွဲတော်ပြီးတဲ့ အထိ ဒီအတိုင်း ထားသတဲ့။

ဒါကြောင့် တောင်ပြုန်းပွဲလာကြတဲ့ ပွဲတော်လာ တွေထဲက မိန်းမပျို၊ မိန်းမအိုတွေ၊ အသည်းငယ်တဲ့ ယောက်ျားသား တွေဟာ မန္တလေးရွှေမြို့တော် အိုးဘိုရပ် လွန်တာနဲ့ ရွှေတချောင်းမြောင်းအတိုင်း ခပ်လှမ်းလှမ်းက ကားစင်ကြီးတွေ ရိုးတိုးရိပ်တိတ် အမြင်မှာတင် လှေဝမ်းမှာ မှောက်ပြီး မျက်နှာဝှက်ကြ ဆိုသကိုး။ ပွဲတော်လာသူတွေ ရနောင်ရဲ့ အမိန့်အာဏာ မဖီဆန်ရဲအောင် ကြိုပြီး သတိပေးတဲ့ သဘောပေါ့။

တောင်ပြုန်းပွဲတော်ရက် အတွင်း ဖြစ်ပွားတဲ့ အမှုအခင်းကို ချုပ်ရင်ချုပ်၊ သတ်ရင်သတ်၊ လွှတ်ရင် လွှတ်၊ ပွဲတော် အတွင်းမှာပဲ အပြီးစီရင်ရတာတဲ့။ အဲဒီ အမှုအခင်းကို ဒီ့ပြင်ရုံး အထိ သယ်ယူ မလာရဘူးတဲ့။ တောင်ပြုန်းပွဲ အတွင်းပဲ အပြတ်စီရင်၊ ဒီလိုကိုး။ ဒါကို “တောင်ပြုန်းတရား” လို့ ခေါ်သတဲ့။

ဒီအစဉ် အလာကြောင့် နောက်ပိုင်းမှာ အမှုအခင်း တခုခုကို တရားနည်းလမ်းအရ သက်သေသက္ကာရနဲ့ ဥပဒေကြောင်း အရ စစ်ဆေး၊ ရှေ့နေ ရှေ့ရပ်နဲ့ လျှောက်လဲ၊ ခုံရုံး အဆင့်ဆင့်နဲ့ ဥပဒေကြောင်း အရ တရားနည်း လမ်းကျစွာ ဆုံးဖြတ်၊ အပြစ်မပေးဘဲ တဦးတယောက်၊ တဖွဲ့ရဲ့ အာဏာနဲ့၊ လုပ်ပိုင်ခွင့်နဲ့ မျက်စိ စုံမှိတ်ပြီး တချက်လွှတ် အမိန့်ချ အပြစ်ပေးရင် “တောင်ပြုန်း တရား စီရင်တယ်” လို့ ပြောစမှတ် ရှိကြတယ်။

“တောင်ပြုန်းတရား” ဆိုတာ ရေမြေလိုက်တာ နေမှာပေါ့။ တရုတ်ပြည်က အနော်ရထာမင်း ပြန်အလာ၊ တောင်ပြုန်း ရပ်မှာ စစ်နားတုန်း ဆုတောင်း ပြည့်စေတီ တည်တယ် မဟုတ်လား။ ပြည်သူပြည်သား၊ မင်းမှုထမ်းတွေနဲ့ တဦးချင်းစီ လုပ်အားနဲ့ စေတီတည်တော့ ကလေးအရွယ် ရွှေဖျဉ်းကြီး၊ ရွှေဖျဉ်းလေးတို့ အပျော်မက်ပြီး စေတီတော်မှာ လုပ်အားဒါန မပါနိုင်ဘဲ အုတ် ၂ ချပ်လပ်ရော မဟုတ်လား။ ဒီအပြစ် အတွက် ဘုရင်က မြေးတော် ရွှေဖျဉ်းကြီး၊ ရွှေဖျဉ်းလေး ညီနောင်ကို ရွှေကြိမ်လုံးနဲ့ ဆုံးမလိုက်ပါဆိုတာကို မင်းအလိုလိုက် မင်းကြိုက်လိုက်ရုံမက သည်းသည်း လှုပ်တွေက လွန်ကြိုးနဲ့တုပ်ပြီး ဝါးရင်းတုတ်နဲ့ ရိုက် သတ်လိုက်တာ မဟုတ်လား။

ဒီအစဉ်အလာ၊ ဒီရေခံ မြေခံကြောင့် ထင်ပါရဲ့၊ သီပေါမင်း လက်ထက်၊ ရနောင် မောင်မောင်တုတ် လက်ထက် တောင်ပြုန်း ပွဲတော်ကို “ဝ” ကွက်  အပ်ထားချိန်  ရာဇဝင်တွင်လောက်တဲ့ “တောင်ပြုန်းတရား” ဆိုတာ ပြောစမှတ် ဖြစ်ခဲ့ကြရ တာပါပဲ။

ကျနော်တို့လည်း  နတ်ဖြစ်သွားတဲ့  မင်းကြီး မင်းလေးရဲ့ အာဏာစက်က တပြည်လုံး ဖြန့်ကြက် သွားခဲ့ ထင်ပါရဲ့။ “တောင်ပြုန်းတရား” အစီအရင်တွေ ဆယ်စုနှစ်ပေါင်း များစွာ တပြည်လုံး ခါးကော့အောင် ခံခဲ့ရပြီပဲ။ အခုလည်း “တောင်ပြုန်းတရား” အစီအရင်များက လွတ်ကြပါပြီလား။     ။

ဆူးငှက် (ဧရာဝတီမဂ္ဂဇင်း)

ပြည်သူ့  ပိုက်ဆံ ငါ့ ပိုက်ဆံ လုပ်ခဲ့တဲ့ ဦးနေဝင်း ရဲ့ငွေမဲ များ

10533675_249257885284900_7952844248869451583_n

အာဏာရှင်ဟောင်း ဦးနေဝင်းနှင့် ယင်း၏မြေး အေးနေဝင်း

၁၉၆၂ ခုနှစ် တွင် အာဏာ သိမ်းပြီး နောက် မြန်မာ နိုင်ငံ ကို ၂၆ နှစ် ကြာ အုပ်စိုးသွား ခဲ့ သည့် အာဏာရှင်ဟောင်း ဦးနေ၀င်း အား သူ ၏ နောက်ဆုံး နေ့  များ တွင် ကမ္ဘာ က အဆင်း ရဲ ဆုံး နိုင်ငံ မှ အချမ်းသား ဆုံး လူသား အဖြစ် သိထားခဲ့ကြသည်။

ဦးနေ၀င်းလက်ထက် မဆလ ခောတ် တွင် သူ နှင့် တပြေးညီ ချမ်းသာ ကြွယ်ဝ သူ မရှိ ခဲ့ဘဲ သူ တစ်ဦး တည်းသာဒေါ်လာ ဘီလျှံ နှင့် ချီ ပြီး ပြိုင် ဘက် မရှိ ချမ်းသာ ကြွယ်ဝခဲ့ သည်။ ၁၉၈၈ ခုနှစ် သြဂုတ်လ တွင် နိုင်ငံ ရေး ကန့် လန့် ကာ နောက် ကွယ် သို့  ၀င်ရန် ရက်ပိုင်း အလို တွင် အမေရိကန် စီပွား ရေး မဂ္ဂဇင်း ဖောဘ် နှင့် နယူစ်ဝိခ် မဂ္ဂဇင်း က အာဏာရှင် ကြီး ဦးနေ၀င်း ပိုင် ဆိုင် မှု မှာ ဒေါ်လာ ငါးဘီလျှံ ထက် မနည်း ရှိကြောင်း ရေးသားခဲ့ ကြသည်။

ဂျာမဏီ သံအမတ် တစ်ဦး ကို ကိုးကား ပြီး အောအင်ဒီးယား ရေဒီယို က ၁၉၈၈ ခုနှစ် စက်တင် ဘာလ တွင် သတင်း ထုတ် လွှင့် မှု ဉ် ဘီလျှံ နှင့် ချီ ကာ ချမ်းသာစေခဲ့သည့် ဦးနေ၀င်း ၏ ၀င်ငွေ များသည်နိုင်ငံ တကာ အကူအညီ များ ကို အလွဲ သုံးစား လုပ်ခြင်း ၊ သံယံဇာတ နှင့် ဘိန်းမှ လွဲ ၍ အခြား ဘာမှ မရှိ ဟုဖြေကြား ခဲ့သည်။

၁၉၇၄ ခုနှစ် တွင် အနောက် ဂျာမဏီ နိုင်ငံ က တနင်္သာရီတိုင်း ထားဝယ်ခရိုင် ဟိန္ဒားသတ္တုတွင်းစီမံကိန်းအတွက် မတ်ငွေ ၁၈ သန်း ချေးငှားသည်။ မတ်ငွေ ၁၈ သန်း သည် ဒေါ်လာ တစ်သန်း တန့်  သတ္တု သန့် စင် စက် ၊ အလုပ်သမား နားနေဆောင် ၊၀န်ထမ်း အိမ်ရာ နှင့် ဆေးပေးခန်း တစ်ခု သာ အဖတ် တင်ခဲ့ ပြီး ကျန် မတ်ငွေ ၁၆ သန်း ကျော် ခန့် မှ ပျောက်ခြင်းမ လှ ပျောက် သွား ခဲ့ ရသည်။

ခြောက် နှစ် ခန့်  အကြာ တွင် မည် ကာမတ္တ စက်ရုံ အဆင့် သာ ရှိသည့် ဟိန္ဒား သတ္တု တွင်း အတွက် ဂျပန်မှ ယန်း သန်း တစ်ထောင် ကျော် ထုတ် ချေး မှ ကောင်း မွန်းစွာ လည် ပတ် နိုင်ခဲ့သည်။

ဟိန္ဒား၊ ကံဘောက် ၊ ဟာမြင်းကြီး သတ္တုတွင်းများ အတွက် ဂျပန် မှာ ငွေချေးသည်။ အာရှ ဖွံ့ ဖြိုးရေး ဘဏ်မှ တနင်္သာရီ ဒေသ ၏ ပုလဲ လုပ်ငန်း နှင့် ရေငန် ငါးဖမ်း လုပ်ငန်း အတွက် အမေရိကန် ဒေါ်လာ သန်း ၁၀၀ကျော် ချေး ငှားသည် ပုလဲ လုပ်ငန်း အတွက် ဒေါ်လာ သန်း ၂၀ နီး ပါး သာ အသုံး ပြု ခဲ့ ပြီး ငါး ၊ ပုဇွန် မွေးမြူ ခြင်း လုပ်ငန်း မှာ ဒုံရင်း အတိုင်း သာ ရှိ ခဲ့သည်။

၁၉၆၀ ခုနှစ် နောက်ပိုင်း ဂျ ပန် က ချမ်းသာ လာချိန် စစ်လျှော်ကြေး ငွေ များ ပေး အပ် သလို ၊ စစ်တွင်းက နီပွန် တပ်မတော် ၏ လက်ချက် ဖြင့် မြန်မာ ပြည်သူများ နာကျင် ခံစား ခဲ့ ရမှု များ ကို ပြေပျောက်စေခြင်း အလို့  ငှာ နှစ် စဉ် ဂျပန် ယန်းငွေ သန်း ထောင် နှင့် ချီ ပြီး ကူညီ သလို နှစ်စဉ် အတိုး မဲ့ ချေး ငွေများလည်း ချေး ငှား သည် ဂျ ပန် က မြန်မာ နိုင်ငံ ကို ပေး အပ် သည့် စစ်လျှော် ကြေး ငွေ များ အနက်ကောင်းကောင်း ခမ်းခမ်း ဆို၍ လောပိတ ရေအား လျှပ် စစ် စက် ရုံ နှင့် ရန်ကုန် – မန္တလေး လမ်းမ ကြီးသာ အ ဖတ် တင် သည်။ အမေရိကန် ဒေါ်လာ သန်း နှင့် ချီ သည့် ဂျ ပန် ယန်းငွေ အချို့  ကား ကြက်ပျောက် ငှက် ပျောက် ပင် ဖြစ်ခဲ့ ရ သည်။

မြန်မာ ထက် ပို ပြီး လျှော်ကြေးငွေ ပို အရ နည်းခဲ့ သည့် စင်္ကာ ပူ ကျွန်း က ခေါင်းဆောင် များ က တော့ ဂျ ပန် ပေးငွေ ဖြင့် တိုင်း ပြည် ကို အာရှ ကျားလေးကောင် စာရင်း ၀င်စေ ပြီး ဖွံ့  ဖြိုး တိုးတက် စေခဲ့သည်။ ဗိုလ်ချုပ် ကြီး နေ၀င်း အာဏာ သိမ်းစဉ် က ကွာလမ်လာပူ မြို့  စွန် ဆို လျှင် လျှပ် စစ် မီးပင် မရှိသည့် မလေးယား ခေါ် မလေး ရှားလည်း ဂျ ပန် ချေးငွေ ၊ ကမ္ဘာ့  ဘဏ် ချေးငွေ များဖြင့် ခုန် ပျံ ကျော်လွှားချမ်းသာ ခဲ့သည်။

စက် မှု ဖွံ့  ဖြိုး ပြီး အနောက် ဂျာမဏီ က မြန်မာ နိုင်ငံ ကို နှစ် စဉ် မတ် ငွေ လေးသန်း ခန့်  ကူညီ သည် ၊မတ် ငွေ လေး သန်း သည် ထို အချိန် က ဆို လျှင် ပျဉ်းမ ပင် နို့ ချက် စက် ရုံ ၁၀ ရုံ ထက် မနည်း တည်ဆောက် လို့  ရ သော် လည်း တစ်နေ့  တွင် နို့  ဆီ တန် ချိန် အနည်း ငယ် သာ ကျ သည့် နို့  ချက် စက်ရုံ တစ်ခု သာ ဖတ်ဖတ်မည် တည်ဆောင် နိုင်ခဲ့သည်။

ဦးနေ၀င်း လက်ထက် တွင် တိုင်းရင်းသား နှင့် နယ်စပ် ဒေသ များ ဉ် စီမံ ကိန်း ကြီး များ ကို ပိုမို တိုးမြှင့် လုပ်ဆောင်ခဲ့သည်။ ထိုသို့  လုပ်ဆောင်ခြင်း မှာ နယ်စပ် ဒေသ ဖွံ့  ဖြိုးရေး ကို လို လားခြင်း ကြောင့် လည်း မဟုတ် ၊နိုင်ငံ အနှံ အပြား တပြေး ညီ တိုးတက် စေရန် ရည်သန် သည့် စိတ်ရင်း မှန် လည်း မဟုတ် ချေ ။ လက်နက် ကို သောင်း ကျန်း သူ သူပုန် များ ထိမ်းချုပ် ထားသည့် ဒေသ နှင့် နီးသည့် နေရာ များ တွင် စီမံကိန်းများ ပြု လုပ်ခြင်း ဖြင့် ၁ ) စီမံကိန်း များ ကို သူ ပုန် များ မိုင်းထောင် ခြင်း ၀င်ရောက် တိုက်ခိုက် ခြင်း စသည့် အဖျ က် လုပ်ရပ် များ (ဥပမာ – ဆိုရှယ်လစ် ခေတ် တစ်လျှောက်လုံး လောပိတ ကို သူပုန် ၀င် သည် ဟု
သော ၀ါဒဖြန့်  သတင်း ဖြင့် လျှပ် စစ် မီး အမှောင် ချ ကာ တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့  များ ကို ပြည်သူများ က မုန်းစေခဲ့သည်။ ထို့  နောက် ပျက် စီးသွား သည့် စီမံ ကိန်း ပြု ပြင် ရန် နိုင်ငံ တကာ ဘဏ်များတွင် ချေး ငွေ ရယူ ပြီး ငွေကြေး မသမာ မှု များ ပြု လုပ်ခဲ့သည်။

ဤ သည်ကား ဦးနေ၀င်း ၏ အာဏာ ၊ ငွေ ကြေး တို့  နှင့် ပတ်သက် လာ လျှင် တစ်ချ က် ခုတ် နှစ် ချ က် ပြတ် အယူ အဆ လည်း ဖြစ်သည်။ ထို အကြောင်း နှင့် ပတ်သက် ပြီး ဖက်ဒရယ် မူ ကြောင့် အာဏာသိမ်း ရပါသည် ဆို သည့် မြန်မာ့ အသံ အာဏာသိမ်း မိန့် ခွန်း ကို ရေးသား ပေး ခဲ့ သည့် တော်လှန်ရေး ကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှုးကြီး အောင်ကြီး နောင်တွင် ဒီမိုကရေစီ လိုလာသူ ဖြစ်လာခဲ့သည့် ဦးအောင်ကြီး က ၁၉၈၈ခုနှစ် ထုတ် သူ ၏ ၄၁ မျက် နှာ စာ တမ်း တွင် ဦးနေ၀င်း ၏ စီမံကိန်းများ နှင့် ပတ်သက် ပြီး တို့ ထိ ထားခဲ့သည်။

တင်ကျော်ကျော်စိုး၊ ၊ FNG on July 27, 2014