Tag Archives: မြန်မာ

ဝဋ်ဆိုတာ ဘ၀မကူးပါဘူး ဦးဆန်းဆင့်ရယ်

U San Sint

ကျွန်တော် တပ်မတော်က ဒုက္ခိတဘ၀နဲ့ ပင်စင်ယူခဲ့ရတဲ့ အရာရှိတစ်ဦးပါ။ ပြီးခဲ့တဲ့ အပတ်က ဂျာနယ် တစ်စောင်မှာ သာသနာရေး ၀န်ကြီးဟောင်း ဦးဆန်းဆင့်ကို ဒုတိယအကြိမ် ရုံးထုတ်လာတော့ မတရား ခံရတာပါလို့ ငယ်သံပါအောင် အော်နေတာကို ဖတ်လိုက် မြင်လိုက်ရတယ်။ လူအများကို မတရားလုပ်ခဲ့တဲ့ လူတစ်ယောက်ဟာ ကိုယ့်အလှည့်ကျမှ ကြောက်လန့် နေတာကို မြင်ရတော့ ကျွန်တော် ပြုံးမိလိုက်ပါတယ်။ မဟုတ်တာတွေ လုပ်ခဲ့တဲ့ အကျိုးဆက်အဖြစ် လောကီငရဲမှာ ဘ၀မကူးပဲ ခံရတော့မှာကို သိနေတဲ့ ကြောက်စိတ်နဲ့ သူအော်ခဲ့တာဖြစ်တယ်။

သူမတရားလုပ် ခံခဲ့ရသူတွေထဲမှာ တစ်ယောက် အပါအ၀င်ဖြစ်တဲ့ ကျွန်တော်က ဟိုးတုန်းက အခြေအနေတွေကို မနေ့တစ်နေ့ကလိုပဲ မျက်စိထဲ ပြန်မြင်ယောင်မိတယ်။ ကျွန်တော်ဟာ ဗိုလ်ချုပ် ဆန်းဆင့် စစ်ရာထူးခန့်ချုပ်တုန်းက ဘ၀ပျက်ခဲ့ရတဲ့ အရာရှိတွေထဲက တစ်ယောက်ပေါ့။ သူ့သားနဲ့ စီးပွားယှဉ်ဘက် ဖြစ်ခဲ့တဲ့ ကျွန်တော့်ကို သေရွာပို့ပစ်မယ်လို့ ကြိမ်းဝါးပြီး စစ်ထောက်ချုပ်ရုံးကနေ အဲဒီ့ ကာလက စစ်ဆင်ရေး အကြမ်းတမ်းဆုံးဖြစ်တဲ့ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ ခလရ(၃၉)ကို ပြောင်းပစ်တာ ခံခဲ့ရပါတယ်။ အဲဒီမှာပဲ စစ်ဆင်ရေး တစ်ခုမှာ မိုင်းထိပြီး ကျွန်တော် ဒုက္ခိတဘ၀ ရောက်ခဲ့ရပါတယ်။

သူ့သားနဲ့ စီးပွားရေးတစ်ခုတည်း ဆိုတာလည်း မသိပါဘူး။ စီးပွားပြိုင်ဖက် ဖြစ်သွားတယ်ဆိုတာလည်း ကျွန်တော် မသိပါဘူးလို့ တောင်းပန်ပြီး သိန်း ၁၅၀တန် ခြင်းတောင်းတစ်တောင်းနဲ့ ကန်တော့ပန်းဆင်ပြီး ကတိပေးခဲ့ရပါတယ်။ အဲဒါကြောင့် ပို့ဆောင်ရေး ၀န်ကြီးဌာနကို ဒုက္ခိတဘ၀နဲ့ ပြောင်းရွှေ့ တာဝန် ထမ်းဆောင်စေလို့ ဦးဆန်းဆင့်က အမိန့်တော် ချမှတ်လိုက်ပါတော့တယ်။

ပို့ဆောင်ရေး ၀န်ကြီးဌာနကို ရောက်ပြီး တာဝန်ထမ်းဆောင်ချိန်မှာ ကိုယ်ပိုင် စီးပွားရေးလေးတစ်ခုတော့ လုပ်မှ မိသားစု အဆင်ပြေမယ်ဆိုပြီး ရေသန့်စက်လေးတစ်ခု ထောင်လိုက်ပါတယ်။ ကံဆိုးမ သွားလေရာ မိုးလိုက်လို့ ရွာတာပဲလား။ ဦးဆန်းဆင့် သားကပဲ ရှိသမျှ စီးပွားရေး အကုန်လုပ်နေသလားတော့ မသိပါဘူး။ သူ့သားနဲ့ နောက်တစ်ကျော့ စီးပွားရေးတူနေ ပြန်တာကြောင့် အရပ်ဖက် ၀န်ကြီးဌာနကို ရောက်ပြီးကာမှ တပ်မတော်ကို ပြန်လည်ခေါ်တဲ့ အမိန့်ထုတ်ပြီး စစ်တရားရုံးနဲ့ ထောင်ခုနစ်နှစ် ချပစ်မယ်လို့ ကြွေးကြော်ပြီး စစ်တရားရုံးဖွဲ့ပြီး ကျွန်တော့်ကို စစ်ပြန်ပါတော့တယ်။ နောက်ဆုံးမတော့ ကျွန်တော့်ရေသန့်စက်ကို သူ့ကိုထိုးအပ်ရတဲ့အပြင် သိန်းပေါင်းများစွာ သူ့ကိုကန်တော့ပြီး ရန်ငြိုးရှိရင် ပြေပါစေတော့ရယ်လို့ နယ်ဘက် ၀န်ကြီးဌာနကိုလည်း မပြောင်းရဲတော့ပဲ သူသနားလို့ပေးတဲ့ ဆေးပင်စင်နဲ့ပဲ စစ်ဆင်ရေး ဒုက္ခိတဘ၀နဲ့ ကျွန်တော့်ဘ၀ အဆုံးသတ် ခဲ့ရပါတယ်။

ကျွန်တော့်နာမည်ကို မဖော်ပြပေမယ့် သူ့ရဲ့မတရား လုပ်ဆောင်မှုတွေကြောင့် တပ်မတော်က အရာရှိကြီးတွေရော၊ ၀န်ကြီးဌာနက အရာရှိကြီးတွေပါ။ ဒီစာဖတ်ရင် သိလောက်အောင် မတရား ဆောင်ရွက်ခဲ့တဲ့ ဗိုလ်ချုပ်ဆန်းဆင့်ဟာ ဘ၀မကူးပဲ ၀ဋ်လည်နေပြီးလားဆိုတာ ကျွန်တော် လက်ညှိုးထိုးပြီး အဘ ဗိုလ်ချုပ် ဆန်းဆင့်နဲ့ ဇနီး အန်တီနန်းကို မေးလိုက်ချင်ပါရဲ့ဗျာ။

စစ်ဆင်ရေးဒုက္ခိတ အငြိမ်းစား အရာရှိတစ်ဦး

အားလုံးက မေးနေကြပြီ ဦးခင်ရီ

132722716_31n

၂၀၁၄ ခုနှစ် သြဂုတ် ၃၀ ရက်က မြန်မာနိုင်ငံရဲ့ ရှေ့ပြေးလူဦးရေစာရင်းဟာ ၅၁၄၁၉၄၂၀ ဦးရှိတယ်လို့ ထုတ်ပြန်ခဲ့ပြီးတဲ့နောက်မှာတော့ ပြည်သူတွေကြားထဲမှာ သံသယဂယက် ရိုက်သွားခဲ့တယ်။

၂၀၀၈ မှာ မြန်မာနိုင်ငံရဲ့ လူဦးရေဟာ ၅၈ သန်းနီးပါးရှိတယ်။ ၂၀၁၀ မှာ မြန်မာနိုင်ငံရဲ့ လူဦးရေသည် အနီးစပ်ဆုံး ၅၉ သန်းဝန်းကျင်ရှိတယ်လို့ နိုင်ငံတော်က ထုတ်ပြန်ထားပါတယ်။

ဒီစာရင်းအရဆိုရင် လေးနှစ်လောက်အတွင်းမှာ လူဦးရေရှစ်သန်းလောက် ပျောက်သွားတဲ့သဘောပါ။ တစ်နှစ် လူဦးရေနှစ်သန်းနှုန်း လျော့ကျသွားသလို ဖြစ်နေပါပြီ။

အဲဒီအတွက်လည်း ပြည်သူတွေကြားမှာ မေးခွန်းတွေမြောက်မြားစွာ ပေါ်ထွက်လာတာဖြစ်ပါတယ်။ နှစ်စဉ် ပြည်ပထွက်တဲ့ လူဦးရေ သန်းနဲ့ချီလို့လား၊ ၂၀၁၀ တုန်းက ထုတ်ပြန်ခဲ့တာ အမှားကြီးလား၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကြီးကို ထောက်ခံခဲ့တဲ့ လူဦးရေစာရင်းက အတုကြီးလား၊ ဒါမှမဟုတ် အခု ထုတ်ပြန်တဲ့စာရင်းက မှားယွင်းနေတာလားဆိုတဲ့ မေးခွန်းပေါင်းများစွာ ထွက်လာခဲ့ပါတယ်။

ဒီနေ့ခေတ်မှာတော့ ဘယ်ကရောက်လာမှန်းမသိတဲ့ ဒေါသထွက်နေတဲ့ လူအုပ်ကြီးက ရောက်ရောက်လာတတ်သလိုပဲ ၂၀၁၀ တုန်းကလည်း ဘယ်ကရောက်လာမှန်းမသိတဲ့ ကြိုတင်မဲထုပ်ကြီးတွေနဲ့ အသည်းကြားကမဲပြားတွေ ဖုံးအုပ်ခံခဲ့ရတာ ရှိခဲ့လေတော့ ပြည်သူတွေ မေးမယ်ဆို မေးလောက်ပါတယ်။

လူဦးရေစာရင်းဆိုတာ လာမယ့်ရွေးကောက်ပွဲတွေအတွက် အင်မတန်အရေးကြီးတဲ့ အခြေခံစာရင်းပါ။

ထုတ်ပြန်တဲ့ စာရင်းအပေါ် ဝေဖန်မှုတွေ မြင့်တက်လာနေတဲ့ အချိန်မှာပဲ စက်တင်ဘာ ၇ ရက်မှာ ကြားဖြတ်ရွေးကောက်ပွဲ မလုပ်တော့ဘူးလို့ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ကြေညာလိုက်ခဲ့တဲ့အတွက်လည်း မေးခွန်းတွေက ပိုမေးလာခဲ့ပြန်ပါတယ်။

၂၀၁၄ ခုနှစ် သြဂုတ် ၃၀ ရက်က မြန်မာနိုင်ငံ ရှေ့ပြေးလူဦးရေစာရင်းအရ ၅၁ သန်းကျော်ရှိတယ်လို့ ထုတ်ပြန်ခဲ့တာက လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီဖြစ်ပါတယ်။

ပြည်ထောင်စုဝန်ကြီး ဦးခင်ရီလို့ ဆိုလိုက်တာနဲ့ အရင်ရဲချုပ်တာဝန် ယူခဲ့စဉ်က ဗုံးပေါက်ကွဲမှုတွေ၊ ငါးလောင်းပြိုင်လူသတ်မှုလို အမှုကြီးတွေအတွက် သတင်းစာရှင်းလင်းပွဲတွေမှာ ပြောကြားရှင်းလင်းခဲ့မှုတွေနဲ့ တကယ်လက်တွေ့လုပ် မပြနိုင်သေးတာတွေနဲ့တွဲမြင်ပြီး အခုသန်းခေါင်းစာရင်း ထုတ်ပြန်တဲ့အပေါ်မှာလည်း အရင်လိုမဖြစ်အောင် မေးကြမြန်းကြ ထောက်ပြကြရတာလို့ ဆိုလာခဲ့ကြပါတယ်။

ဗုံးသုံးလုံးပေါက်ကွဲမှုနဲ့ ရဲချုပ်ရှင်းတမ်း

၂၀၀၅ ခုနှစ် မေ ၇ ရက်က ရန်ကုန်ကုန်သွယ်မှုဗဟိုဌာန၊ Junction 8 စင်တာ၊ ဒဂုံစင်တာ စတဲ့သုံးနေရာမှာ ငါးမိနစ်စီခြားပြီး ဗုံးသုံးလုံး ထပ်ဆင့်ပေါက်ကွဲခဲ့ပါတယ်။

လူပေါင်း ၁၉ ယောက်သေဆုံးပြီး လူပေါင်း ၁၅၀ နဲ့အထက် ဒဏ်ရာရာခဲ့တဲ့ ဗုံးသုံးလုံးပေါက်ကွဲမှုအတွက် မေ ၁၆ ရက်မှာ ပြန်ကြားရေးဝန်ကြီးဦးကျော်ဆန်း၊ ဘဏ္ဍာ/အခွန်၊ ပြည်ထဲရေး၊ ကျန်းမာရေး စသည်ဖြင့် ၀န်ကြီးဌာနအတော်များများက ၀န်ကြီးတွေဦးဆောင်ပြီး သတင်းစာရှင်းလင်းပွဲ လုပ်ပါတယ်။ အဲဒီရှင်းလင်းပွဲမှာ ရဲချုပ်ဗိုလ်မှူးချုပ်ခင်ရီလည်း ပါဝင်ခဲ့ပါတယ်။

ရှင်းလင်းပွဲကို ခြုံကြည့်ရင် ယွက်ဆစ်ဦးစီး SSA, KNU, KNPP, NCUB, NCGUB, ABSDF အဖွဲ့တွေနဲ့ အပေါင်းအပါတွေက လုပ်တာဖြစ်တယ်ဆိုပြီး ဖောက်ခွဲဖို့သင်တန်းပေးသူတွေ၊ ကြီးကြပ်သူတွေ၊ သင်တန်းတက်သူတွေကို နာမည်နဲ့တကွ ရှင်းလင်းခဲ့ကြတယ်။ အဲဒီအထဲမှာ ဖောက်ခွဲရေးသင်တန်းပို့ချတယ်၊ အဲဒီအဖွဲ့ကို အနီးကပ်ကြီးကြပ်သူတွေကိုပါ နာမည်နဲ့တကွ ထုတ်ပြန်ရှင်းလင်းခဲ့ကြပါတယ်။

ဒါပေမဲ့ အဲဒီအမည်တွေထဲမှာ ပါတဲ့သူတချို့ဟာ အခုမြန်မာနိုင်ငံထဲမှာပဲ အေးရာအေးကြောင်း နေထိုင်လုပ်ကိုင်နေကြတာတွေ့ရတော့ တိုင်းသိပြည်သိ ကမ္ဘာသိ ရှင်းခဲ့လင်းခဲ့ ထုတ်ပြန်ခဲ့တာတွေက အမှားကြီးထုတ်ပြန်ခဲ့တာလား၊ မမှားဘူးဆိုရင်ရော ဘာကြောင့်လဲဆိုပြီး အားလုံးက သတိတရနဲ့ ပြန်မေးနေကြပြီ ဦးခင်ရီခင်ဗျာ။

ငါးလောင်းပြိုင်နဲ့ ရဲချုပ်ရှင်းတမ်း

၂၀၀၈ ခုနှစ် မတ် ၃ ရက်က တက္ကသိုလ်ရိပ်သာလမ်း စိမ်းလဲ့ကန်သာလမ်းသွယ်မှာ ငါးလောင်းပြိုင်လူသတ်မှုဖြစ်ပွားခဲ့ပြီး ပြည်သူတွေကြားမှာလည်း ဟိုးလေးတစ်ကျော် ဖြစ်သွားခဲ့တယ်။

အဲဒီ နာမည်ကျော်မှုခင်းကြီးနဲ့ ပတ်သက်ပြီး ၂၀၀၈ ခုနှစ် ဇွန် ၂၆ ရက်က နေပြည်တော်မှာကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမ၀င်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားအပြီးမှာ ပြည်တွင်းပြည်ပ သတင်းစာဆရာများနှင့် တွေ့ဆုံမေးမြန်းရာမှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်ဗိုလ်မှူးချုပ်ခင်ရီက ရှင်းလင်းခဲ့ပါတယ်။

ရဲချုပ်က “ငါးလောင်းပြိုင်လူသတ်မှုကိုလည်း ကျွန်တော်တို့ တိုက်ရိုက်နေ့စဉ် ကိုင်တွယ်ဆောင်ရွက်နေပါတယ်။ အမှုတိုးတက်မှုတွေလည်း ရှိပါတယ်။ မှန်းပေးတာတွေလည်း ရှိပါတယ်။ မှန်းထားတာတွေလည်း ရှိပါတယ်။ မှန်းထားတယ်ဆိုတာလည်း အရမ်းမှန်းထားတာ မဟုတ်ပါဘူး။ ထွက်ချက်တွေအရ အချက်အလက်တွေစုထားတာ ရှိပါတယ်” လို့ ပြောကြားခဲ့တာပါ။

၂၀၁၅ မေလကျမှ နောက်ဆုံးထုတ်ပြန်မှာဆိုတဲ့အတွက် အဲဒီအချိန်ကျရင်တော့ ပျောက်နေတဲ့ လူဦးရေကိုးသန်း ပြန်ရှာတွေ့နိုင်ပါစေ။ ၂၀၁၀ တုန်းက ဘာမှန်းမသိပဲရောက်လာတဲ့ ကြိုတင်မဲထုပ်ကြီးတွေနဲ့ ပြည်သူတွေရဲ့အသည်းကြားက မဲပြားတွေ ဖုံးအုပ်ခံခဲ့ရပြီးပါပြီ . . . . .

ရဲချုပ်ကထပ်ပြီးတော့ “အဲဒါက On-going Case ပါ။ လမ်းကြောင်းတွေဖွင့် ဆောင်ရွက်နေပါတယ်။ နီးပြီလို့ပဲ ပြောပါရစေ။ စစ်ချက်အများကြီး လုပ်နေတယ်။ လုပ်လည်း လုပ်ထားပြီးပြီ။ သို့သော်လည်း သက်သေနဲ့ တရားစွဲဖို့ကိစ္စတွေ ကြန့်ကြာနေတာပါ။ နေ့စဉ်နဲ့အမျှ ဆောင်ရွက်နေပါတယ်။ မူးယစ်ဆေးဝါးအမှုနဲ့ပဲ ပတ်သက်မလား၊ လောင်းကစားအမှုနဲ့ပဲ ပတ်သက်မလား။ ကျောက်သံပတ္တမြားနဲ့ပဲ ပတ်သက်မလား။ မိသားစုအမွေကိစ္စနဲ့ပဲ ပတ်သက်မလား။ နည်းလမ်းပေါင်းစုံနဲ့ ဆောင်ရွက်နေပါတယ်။ ပေါ်တဲ့လမ်းကြောင်းတွေလည်း ရှိပါတယ်။ တကယ်လို့ ဒီကိစ္စအပြင်ကို သတင်းပေါက်သွားရင် တရားခံအစစ်က ငုပ်သွားမှာလည်း စိုးတယ်” လို့လည်း ရှင်းလင်းပြောကြားခဲ့ပါသေးတယ်။

အဲဒီကတည်းက နီးပြီလို့ပြောခဲ့ပေမယ့် ယခုအချိန်အထိ ခြောက်နှစ်ကျော်ကြာသည့်တိုင် ငါးလောင်းပြိုင်လူသတ်မှုမှာ မပေါ်ပေါက်သေးတာကရော ဘာကြောင့်လဲ၊ အားလုံးက သတိတရနဲ့ မေးနေကြပြန်ပြီ ဦးခင်ရီခင်ဗျာ။

ရွှေပြည်သာဗုံးကွဲမှုနဲ့ ရဲချုပ်ရှင်းတမ်း

၂၀၀၈ ခုနှစ် ဇူလိုင် ၁ ရက်က ရွှေပြည်သာမြို့နယ် အမှတ် (၆) ရပ်ကွက်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း ရုံးအောက်ထပ် ရုံးခန်းအ၀င်အ၀မှာ ဗုံးပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။

အဲဒီ ရွှေပြည်သာဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်ပြီးတော့ ၂၀၀၈ ခုနှစ် စက်တင်ဘာ ၇ ရက်မှာ သတင်းစာရှင်းလင်းပွဲလုပ်ခဲ့ပြီး ရဲချုပ်ဗိုလ်မှူးချုပ်ခင်ရီက ရှင်းလင်းပြောကြားမှုတွေ လုပ်ခဲ့ပါတယ်။

ဖမ်းဆီးရမိတဲ့အကြောင်း၊ ဖမ်းဆီးရမိသူတွေကို စစ်ဆေးခဲ့ပြီး သိရှိရတာတွေ၊ ဖမ်းဆီးရမိသူတွေနဲ့ သူတို့နဲ့ဆက်စပ်ပတ်သက်တဲ့ အဖွဲ့တွေအကြောင်းကိုလည်း အမည်နာမနဲ့တကွ ဖော်ထုတ်ရှင်းလင်းခဲ့ပါတယ်။

ဖမ်းမိတဲ့သူတွေကို စစ်ဆေးချက်အရ ပြည်တွင်း/ပြည်ပ ချိတ်ဆက်ပြီး ပြည်ဖျက်စီမံကိန်းဆောင်ရွက်နေတဲ့ အဖွဲ့အစည်းဝင်အချို့ကိုပါ ထပ်မံဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့တယ်။ အဲဒီအဖွဲ့က NGD ခေါ် မျိုးဆက်သစ် မဟာမိတ်များအဖွဲ့ ဖြစ်တယ်ဆိုတဲ့ အကြောင်းကိုလည်း ပြောကြားရှင်းလင်းခဲ့ပါတယ်။

အဲဒီ NGD အဖွဲ့ကို ဘယ်သူတွေရဲ့ ကူညီပံ့ပိုးမှုနဲ့ ဖွဲ့တယ်ဆိုတာကိုပါ အတိအကျ ဖော်ပြခဲ့တာပါ။ ဥပမာ-အဲဒီအဖွဲ့ကို ကူညီထောက်ပံ့တဲ့အထဲမှာ ပြည်သစ်ညွှန့်ဝေ၊ မိုးသီးဇွန်တို့ပါတယ်။ သူတို့ ပံ့ပိုးမှုနဲ့ ဖွဲ့စည်းခဲ့တာလို့ ပြောထားခဲ့တယ်။

ဖော်ပြခံရတဲ့သူတွေဟာ ပြည်တွင်းကိုလည်း ပြန်ဝင်ခွင့်ရခဲ့တာ တွေ့ရတော့ အဲဒီတုန်းက ရှင်းလင်းခဲ့တာက မမှန်ခဲ့တာလား၊ ဒါမှမဟုတ် ဘာကြောင့်လဲဆိုတာကိုလည်း အားလုံးက မေးနေကြပြီ ဦးခင်ရီခင်ဗျာ။

X2O မဏ္ဍပ်ဗုံးကွဲမှုနဲ့ ရဲချုပ်ရှင်းတမ်း

၂၀၁၀ ပြည့်နှစ် ဧပြီ ၁၅ ရက် X2O သင်္ကြန်မဏ္ဍပ်ရှေ့မှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ၁၀ ဦးသေ ၁၆၈ ဦး ဒဏ်ရာရခဲ့ပါတယ်။

ဒီအမှုနဲ့ပတ်သက်လို့ ၂၀၁၀ ပြည့်နှစ် မေ ၆ ရက်မှာ သတင်းစာရှင်းလင်းပွဲလုပ်ခဲ့ပြီး ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီကပဲ ရှင်းလင်းပြောကြားခဲ့ပါသေးတယ်။

ရဲချုပ်က ကျူးလွန်သူတွေရဲ့ အမည်တွေကိုပါ ဖော်ထုတ်ရှင်းလင်းခဲ့ပြီး ကိုယ်တိုင်ကျူးလွန်သူတစ်ဦးကို ဖမ်းဆီးရမိပြီး နောက်ကွယ်မှ အထောက်အကူပြု ကြိုးကိုင်နေသူတွေကိုပါ ဖော်ထုတ်နိုင်ခဲ့တယ်လို့ ရှင်းလင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဖမ်းဆီးရမိသူက ကိုဖြိုးဝေအောင်ဖြစ်ပြီး နောက်ပိုင်းမှာ သေဒဏ်အထိ ချမှတ်ခံခဲ့ရသူ ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ် သြဂုတ် ၃ ရက်မှာ နိုင်ငံတော်သမ္မတ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာပေမယ့် ၂၀၁၃ ခုနှစ် ဇန်န၀ါရီ ၄ ရက်မှာ အသည်းကင်ဆာနဲ့ ကွယ်လွန်ခဲ့ရပါတယ်။
ဒါပေမဲ့ ကိုဖြိုးဝေအောင်ဟာ မတရားစွပ်စွဲခံခဲ့ရတာ ဖြစ်တဲ့အကြောင်း သူ့ရဲ့မိသားစုက တရားဝင်သတင်းစာရှင်းလင်းပွဲပြန်လုပ်ပြီး ဖြေရှင်းခဲ့ကြပါတယ်။

ဒီကိစ္စအပေါ်မှာလည်း ကိုယ်တိုင်ကျူးလွန်ခဲ့သူလို့ တိုင်းသိပြည်သိရှင်းလင်းခဲ့၊ အပြစ်ပေးခဲ့ လုပ်ခဲ့တာတွေဟာ မမှန်တာတွေဘဲလား၊ ဒါမှမဟုတ် ဘယ်လိုကြောင့်လဲဆိုတာ အားလုံးက သတိတရနဲ့ ပြန်မေးနေကြပြီ ဦးခင်ရီခင်ဗျာ။

ကြားဖြတ်ရွေးကောက်ပွဲနဲ့ သန်းခေါင်စာရင်း

လူဦးရေသန်းခေါင်စာရင်းဆိုတာ နိုင်ငံရဲ့အသက်ပါ။ သန်းခေါင်စာရင်း အနီးစပ်ဆုံးမှန်ကန်မှု၊ ဒါမှမဟုတ် အကြီးအကျယ်ကွဲလွဲမှုဟာ ရွေးကောက်ပွဲပေါ်ကို တိုက်ရိုက်ပတ်သက်နေမှာ မလွဲပါဘူး။

အခုတော့ မြန်မာနိုင်ငံရဲ့ ရှေ့ပြေးလူဦးရေစာရင်းဟာ ၅၁ သန်းကျော်လို့ ထုတ်ပြန်ပြီးတဲ့နောက်မှာ ဝေဖန်မှုတွေ မြင့်တက်လာတယ်။ နိုင်ငံတကာက တွက်ချက်ထားတာတွေရော၊ အရင်တုန်းက နိုင်ငံတော်က ထုတ်ပြန်ခဲ့တဲ့ စာရင်းတွေနဲ့ရော တော်တော်ကွာခြားကုန်တဲ့အတွက်ပါ။

သန်းခေါင်စာရင်းအပေါ် ဝေဖန်မှုတွေ မြင့်တက်နေချိန်မှာပဲ တိုက်ဆိုင်တာလား ဘာလား၊ ပတ်သက်တာလား မပတ်သက်တာလား ပြောဖို့ခက်ပေမယ့် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ကြားဖြတ်ရွေးကောက်ပွဲ မလုပ်တော့ဘူးလို့ ကြေညာလိုက်လို့ ဘာကြောင့်လဲဆိုတဲ့မေးခွန်းတွေ ထပ်ထွက်လာပြီဖြစ်တယ်။

နောက်ဆုံးအခွင့်အရေးတစ်ခုနဲ့ ဦးခင်ရီ

ဘယ်လိုပဲဖြစ်ဖြစ် သန်းခေါင်စာရင်း အနီးစပ်ဆုံး မှန်ကန်မှုဟာ တစ်နိုင်ငံလုံးအတွက် အရေးပါနေတာ ထင်ရှားပါတယ်။

ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောပါတယ်။ ဒါက ရှေ့ပြေးစာရင်းပဲဖြစ်ပြီး နိုင်ငံခြားရောက် အလုပ်လုပ်နေသူတွေ၊ ကျောင်းတက်နေသူတွေ မပါသေးဘူးလို့ ဆိုထားပါတယ်။ လ၀က ကလည်း ၂၀၁၅ မေကျမှပဲ သန်းခေါင်စာရင်း နောက်ဆုံးရလဒ်ကို ထုတ်ပြန်မှာလို့ ရှင်းလင်းထားပါတယ်။

ဒီအခွင့်အရေးလေးတစ်ခု ကျန်နေသေးတဲ့အတွက်လည်း ပြည်ထောင်စုဝန်ကြီးဦးခင်ရီကို မေးခွန်းတွေထုတ်နေကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။

၂၀၁၅ မေလကျမှ နောက်ဆုံးထုတ်ပြန်မှာဆိုတဲ့အတွက် အဲဒီအချိန်ကျရင်တော့ ပျောက်နေတဲ့ လူဦးရေကိုးသန်း ပြန်ရှာတွေ့နိုင်ပါစေ။

၂၀၁၀ တုန်းက ဘာမှန်းမသိပဲရောက်လာတဲ့ ကြိုတင်မဲထုပ်ကြီးတွေနဲ့ ပြည်သူတွေရဲ့အသည်းကြားက မဲပြားတွေ ဖုံးအုပ်ခံခဲ့ရပြီးပါပြီ။

ပြည်သူတွေအတွက် နိုင်ငံအတွက် အရေးပါဆုံးစာရင်းဖြစ်လို့ အရင်တုန်းက ရှင်းလင်းခဲ့တဲ့ ဗုံးပေါက်ကွဲမှု၊ လူသတ်မှု အမှုကြီးတွေလို ပြောခဲ့တာနဲ့ ဖြစ်လာတာ၊ ရှင်းခဲ့တာနဲ့ ဒီနေ့လက်တွေ့ဖြစ်နေတာတွေလို အကွဲကွဲ အလွဲလွဲတွေ ထပ်အဖြစ်ခံလို့မရတဲ့ စာရင်းဖြစ်လို့ ကွဲလွဲမှုထပ်မဖြစ်ဖို့ အားလုံးက မေးနေကြရတာပါ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီခင်ဗျာ။ 

မိုက်ကယ်မိုးမြင့် (သို့) ပြိုင်ဘက်ကင်းရေနံသူဌေးကြီး

Moe-Myint

မိုက်ကယ်မိုးမြင့်

မြန်မာ့စွမ်းအင်ဝန်ကြီးဌာန၏ ရေနံတွင်းလေးခုကို တူးဖော်လုပ်ကိုင်ခွင့်ကို ရရှိသွားကြောင်း ကြေညာစာကို ၀မ်းသာအားရ ဝှေ့ယမ်းပြရင်း ဦးမိုးမြင့်က ရုံးခန်းထဲသို့ လမ်းလျှောက်ဝင်လာသည်။ လောလောလတ်လတ် ပရင့်ထုတ်ယူလာခဲ့သည့် အခြားနိုင်ငံတကာကုမ္ပဏီကြီးဆယ်ခု ပါဝင်နေသည့် ထိုကြေညာချက်က ပြည်တွင်းစွမ်းအင်လုပ်ငန်း ကျွမ်းကျင်သူများ ပြောကြားကြသော သတင်းစကားများ မှန်ကန်နေကြောင်း သက်သေပြနေပါသည်။ ဦးမိုးမြင့်က သည်နယ်ပယ်တွင်တော့ ပြိုင်ဘက်မရှိဘူးဆိုသည့်စကားပင် ဖြစ်ပါသည်။

“ဒီပြဿနာကတော့ဗျာ လူတွေတော်တော်များများက ကျွန်တော့်ကို လာဆက်သွယ်နေကြတာပဲ။ စွမ်းအင်အကြံပေးဆိုတာတွေပေါ့။ သူတို့ ဘာလို့ ကျွန်တော့်ကိုတွေ့ချင်မှန်း ကျွန်တော်မသိဘူး။ ဒါကြောင့် အဲဒီလူတွေကို ကြိုးစားပြီး ရှောင်နေရတယ်”ဟု အလုပ်စားပွဲမှာထိုင်ပြီး နေရာယူရင်း ဦးမိုးမြင့်ကပြောလိုက်သည်။
လူတွေက ဦးမိုးမြင့်ကို ဘာကြောင့်တွေ့ချင်နေရသလဲဆိုသည့် အကြောင်းရင်းကား ကောင်းစွာရှိပါသည်။ စစ်အာဏာရှင်စနစ်မှ လွတ်မြောက်ပြီး မြန်မာနိုင်ငံက လမ်းပွင့်လာသည့်အချိန်တွင် မိုက်ကယ်ဟုသိကြသည့် ဦးမိုးမြင့်က အမေရိကန်နိုင်ငံ၌ပင် စီးပွားရေးလုပ်နိုင်သူအဖြစ် နိုင်ငံတကာစွမ်းအင်ကုမ္ပဏီကြီးများကပင် အကျိုးတူဖက်စပ်လုပ်ကိုင်လိုကြသည့် လုပ်ငန်းရှင်တစ်ယောက်ဖြစ်ပါသည်။ နိုဝင်ဘာ ၁၅ ရက်တွင် လေလံဖွင့်မည့် မြန်မာ့ကမ်းလွန်ရေနံလုပ်ကွက်များအတွက် နိုင်ငံတကာကုမ္ပဏီတော်တော်များများက သူနှင့်ဖက်စပ်လုပ်ကိုင်လိုနေကြသည်။

လွန်ခဲ့သော အနှစ်လေးဆယ်အတွင်း ဦးမိုးမြင့်က အလုပ်အမျိုးမျိုးကို လုပ်ခဲ့သူဖြစ်၏။ စစ်အာဏာရှင်တစ်ဦး၏ လေယာဉ်ပျံကို မောင်းပေးဖူးသူ၊ မြန်မာနိုင်ငံကို နိုင်ငံတကာအရေးယူပိတ်ဆို့ထားမှုကို တောင့်ခံထားနိုင်ခဲ့သူ၊ အမေရိကန်အစိုးရက သူ့ကို နာမည်ပျက်စာရင်းသွင်းထားမှုကို အောင်မြင်စွာ ပယ်ဖျက်နိုင်ခဲ့သူတစ်ဦး စသည်ဖြင့်ဖြစ်ပါသည်။

“တစ်ခါတလေတော့ အမှန်အတိုင်းလုပ်ရတာ သိပ်ခက်တယ်။ ဒါပေမဲ့ ရေရှည်အကျိုးခံစားရတယ်”ဟု သူကဆိုသည်။
ယခုအခါတွင် ၎င်းက သူ့ စိတ်ကြိုက်စီးပွားရေးလုပ်ငန်းကိုသာ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်သွားရန် စိတ်အားထက်သန်နေပါသည်။ စွမ်းအင်ကုမ္ပဏီ ၆၁ ခု တင်ဒါလျှောက်ထားသည့် ကမ်းလွန်ရေနံလုပ်ခွင့် လိုင်စင်ချပေးမှုသည် မြန်မာနိုင်ငံနှင့် ဦးမိုးမြင့် နှစ်အစိတ်နီးပါး ကျင်လည်ခဲ့သည့် စွမ်းအင်လုပ်ငန်းအတွက် ပြောစမှတ်ပြုရသည့် လေလံပွဲတစ်ခုဖြစ်ပါသည်။

ရန်ကုန်မြို့တွင် ပညာသင်ကြားခဲ့သည့် ဦးမိုးမြင့်က မြန်မာ့ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ထက် နှစ်အနည်းငယ်နောက်ကျပြီး ရန်ကုန်အင်္ဂလိပ်မက်သဒစ်ကျောင်းတွင် ပညာဆည်းပူးခဲ့သူဖြစ်သည်။ ဘန်ကောက်နှင့် အမေရိကန်နိုင်ငံ အနောက်ဗာဂျီးနီးယားတို့တွင်လည်း ပညာသင်ကြားခဲ့သည်။ ရူပဗေဒဘာသာရပ်ဖြင့် ဘွဲ့ရခဲ့၏။ လေယာဉ်မှူးအဖြစ် သင်တန်းတက်ခဲ့ပြီး မြန်မာအစိုးရလေကြောင်းလိုင်းတွင် ၁၃ နှစ်ကျော်ကြာ အမှုထမ်းခဲ့သည်။ သူက မြန်မာနိုင်ငံကို နိုင်ငံတကာနှင့် အဆက်ဖြတ်ခဲ့ပြီး ၂၆ နှစ်ကြာ အာဏာရှင်အဖြစ် အုပ်ချုပ်ခဲ့သူ ဦးနေ၀င်းစီးသည့် လေယာဉ်ကို မောင်းခဲ့သည့် လေယာဉ်မှူးဖြစ်သည်။

ဦးမိုးမြင့်ကတော့ သူသည် ဦးနေ၀င်းကို စကားပင် ကောင်းကောင်းမပြောခဲ့ဖူးပါဟုဆိုသည်။ သူ့မိဘနှစ်ဦးမှာ ၁၉၈၇ ခုနှစ်က ခြောက်လအတွင်း ရှေ့ဆင့်နောက်ဆင့်ဆိုသလို ကွယ်လွန်ခဲ့သောအခါ မြန်မာနိုင်ငံအနေအထားများကို သူစိတ်ပျက်လာပြီး ၀န်ထမ်းဘ၀မှ အလုပ်ထွက်ခဲ့ကာ မြန်မာပြည်မှ ထွက်ခွာသွားခဲ့သည်။ “အစိုးရဆီမှာ တာဝန်ထမ်းဆောင်နေကြတဲ့ လူတွေအားလုံးပဲ စိတ်ပျက်နေခဲ့ကြတယ်။ ဘယ်သူမှမပျော်ကြဘူး”ဟု ပုဆိုးအပြာရောင်ကို ကော်လာကတုံးရှပ်အဖြူရောင်အင်္ကျီနှင့် တွဲဝတ်ဆင်ထားသည့် ဦးမိုးမြင့်ကဆိုပါသည်။
ထိုကဲ့သို့ ရင်နာစရာအဖြစ်အပျက်များက ဦးမိုးမြင့်ကို စွမ်းအင်လုပ်ငန်း၌ ခြေချနိုင်အောင် လမ်းဖွင့်ပေးခဲ့ပါသည်။ စကော့တလန်က Galsgow တက္ကသိုလ်တွင် ဘူမိဗေဒပညာရှင်အဖြစ် သင်ကြားခဲ့သည့် သူ့အဖေက Shell ရေနံကုမ္ပဏီတွင် အတိုင်ပင်ခံအဖြစ် လုပ်ခဲ့ဖူးသည်။ ဦးမိုးမြင့်က ထိုရင်းနှီးသောဆက်ဆံမှုကို သူက ဆက်လက်ထိန်းသိမ်းချင်သည်။

Shell က လူတွေကပြောတယ်။ “မင်းက လေယာဉ်မောင်းတဲ့သူတစ်ယောက်ပဲ။ ဘူမိဗေဒပညာရှင်မဟုတ်ဘူး”တဲ့။ အဲဒီမှာ ကျွန်တော်ကလည်း ပြန်ပြောတယ်။
“ငါ့ကိုခြောက်လပဲ အချိန်ပေးပါ။ နောက်မှ ငါတို့ထပ်ပြောတာပေါ့” လို့။ ဒါ ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်းထဲကို ကျွန်တော် ရောက်လာခဲ့တဲ့ပုံပါပဲ”

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်က လေကြောင်းပစ္စည်းတင်ပို့သူနှစ်ဦး၏ အမှုဆောင်အဖြစ် နှစ်အနည်းငယ်ကြာ လုပ်ပြီးသည့်အခါတွင် ဦးမိုးမြင့်က မြန်မာနိုင်ငံသို့ ပြန်လာခဲ့သည်။ ရေနံလုပ်ငန်းဝန်ဆောင်မှုကုမ္ပဏီဖြစ်သည့် မြင့်နှင့်ရောင်းရင်းများကုမ္ပဏီကို တည်ထောင်သည်။ သူ့ကုမ္ပဏီ၏၀န်ဆောင်မှုများတွင် သယ်ယူပို့ဆောင်ရေးမှ အခမ်းအနားပြင်ဆင်သည်အထိ ပါဝင်သည်။ သူ၏ဖောက်သည်များထဲတွင် ပြင်သစ်တိုတယ်။ မလေးရှားမှ ပထရွန်နာ။ ကိုရီးယားရေနံကော်ပိုရေးတို့ ပါဝင်သည်။ ၁၉၉၆ တွင် သူက MPRL E & P အမည်ရှိ သူ၏ အဓိကကုမ္ပဏီကို တည်ထောင်သည်။ ထိုကုမ္ပဏီက အမေရိကန်ဘိတ်ကာဟုခ်ျကုမ္ပဏီနှင့် ဖက်စပ်လုပ်ကိုင်ပြီး ရေနံတွင်းများကို လုပ်ကိုင်ခဲ့သည်။ ၁၉၉၉ ခုနှစ်တွင် အမေရိကန်ကုမ္ပဏီက မြန်မာမှ လုပ်ငန်းပြန်ရုပ်သွားသောအခါ ဦးမိုးမြင့်က လုပ်ငန်းကို အပြည့်အ၀တာဝန်ယူလိုက်သည်။

ဦးမိုးမြင့်က ၎င်း၏ကုမ္ပဏီများကို တည်ထောင်လုပ်ကိုင်နေစဉ်အတွင်း မြန်မာနိုင်ငံ၏ အခြေအနေကလည်း ပိုမိုဆိုးရွားလာ၏။ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို စစ်အစိုးရက အာဏာလွှဲပြောင်းဖို့ ငြင်းဆန်ခဲ့သည်။ နိုင်ငံတကာအရေးယူပိတ်ဆို့မှုများကြောင့် နိုင်ငံခြားကုမ္ပဏီများ မြန်မာနိုင်ငံမှ စွန့်ခွာကြသည်။ အနောက်နိုင်ငံများ၏ ဖိအားများအောက်တွင် ဦးမိုးမြင့်က ပြည်တွင်းကလူများကို အလုပ်အကိုင် ပံ့ပိုးပေးနိုင်သည်ဟုဆိုသောစိတ်ဖြင့် ၎င်း၏ကုမ္ပဏီအလုပ်များကို လုပ်ကိုင်ခဲ့သည်။ အစိုးရနှင့်ဆက်စပ်သော လုပ်ငန်းများတွင် သူ၏ ဆောင်ရွက်မှုများအတွက် သတိပေးချက်များ ရှင်းလင်းသေချာအောင် ရေးစေခဲ့ပြီး လာဘ်ပေးလာဘ်ယူမှုများ မရှိရအောင် လုပ်ခဲ့သည်။

“အားလုံးကို ရှင်းရှင်းလင်းလင်းဖြစ်အောင် ကျွန်တော်လုပ်တယ်။ ဘာမှဖုံးဖိထားစရာမရှိဘူး”
၂၀၀၈ ခုနှစ်တွင် စစ်အစိုးရနှင့် ပတ်သက်မှုကြောင့် အမေရိကန်အစိုးရက ဦးမိုးမြင့်ကို အမေရိကန်နိုင်ငံသို့ ခရီးသွားလာခွင့်ဗီဇာပိတ်ခဲ့သည်။ သို့သော်လည်း ၎င်း၏တောင်းဆိုမှုကြောင့် နောက်နှစ်တွင် ပြန်ပေးခဲ့သည်။ ၀ီကီလိခ်ကြေးနန်းများ ပေါက်ကြားချက်အရ ဦးမိုးမြင့်သည် စစ်အစိုးရနှင့်ရင်းနှီးသည်မှာ မှန်သော်လည်း အောင်မြင်ပြီး တရားဥပဒေအရ လုပ်ဆောင်သော စီးပွားရေးသမားတစ်ယောက်ဟု အမေရိကန်သံရုံးက သုံးသပ်ခဲ့သည်ဟုဆိုသည်။
လုပ်ဖော်ကိုင်ဖက် စီးပွားရေးလုပ်ငန်းရှင်များက ဦးမိုးမြင့်၏ စိတ်ထားရိုးသားမှုနှင့် စည်းကမ်းကြီးမှု၊ နည်းပညာဘက်တွင် ထိရောက်အောင်မြင်မှုများကို ချီးကျူးကြသည်။

ယခုအချိန်ကတော့ ဦးမိုးမြင့်၏ ရွှေခေတ်ပင်ဖြစ်သည်။ သူက အနီရောင်လေဆာပန်ဖြင့် နံရံပေါ်ရှိ မြေပုံပေါ်က ကမ်းလွန်ရေနံတွင်း ၃၀ ကို ထိုးပြလျက်ရှိသည်။

နိုင်ငံတကာကုမ္ပဏီများအနေဖြင့် မြန်မာနိုင်ငံတွင် ကမ်းလွန်ရေနံလုပ်ကွက် ၁၁ ခုကို လုပ်ကိုင်လိုပါက ပြည်တွင်းကုမ္ပဏီများနှင့် တွဲလုပ်ရမည်ဟူသော သတ်မှတ်ချက်ရှိသည်။ သူက လုပ်ငန်းရှင်အချို့နှင့် ဆွေးနွေးပြောကြားထားပြီး အချို့နှင့်ပူးပေါင်းဆောင်ရွက်ရန် သဘောတူပြီးဖြစ်သည်ဟု ဦးမိုးမြင့်ကဆိုသည်။
“ကျွန်တော် ထင်တာတော့ သူတို့တွေ သေချာသုံးသပ်ကြည့်တဲ့အခါ ကုမ္ပဏီတော်တော်များများက သူတို့နဲ့ အတူတွဲလုပ်လို့မရဘူးဆိုတာ သဘောပေါက်သွားကြတယ်”

၂၀၁၁ ခုနှစ်တွင် မြန်မာနိုင်ငံစစ်အစိုးရက အရပ်သားအစိုးရထံ အာဏာလွှဲပြောင်းပေးလိုက်သောအခါ စီးပွားရေးအခွင့်အလမ်းများ ပေါ်လာပြီး နိုင်ငံတကာကုမ္ပဏီများက ဘာကြောင့် ရုတ်တရက် သူ့အနားမှာ ၀ိုင်းလာရသလဲဆိုသည်ကို ဦးမိုးမြင့်က ကောင်းစွာသဘောပေါက်ပါသည်။ မြန်မာကဲ့သို့ ကမ္ဘာ့ဘဏ်၏ သတ်မှတ်ချက်အဆင့်အနိမ့်ဆုံးဖြစ်သော နိုင်ငံတစ်ခုတွင် သူ့ကုမ္ပဏီများကို မရှိမဖြစ် ဖြစ်စေရသည့် သမိုင်းကြောင်းရာဇ၀င်ကို ကောင်းစွာ သူကသိရှိသည်။ ရေနံတူးဖော်ရေးလေလံနှင့်ပတ်သက်ပြီး သူက ယခုကဲ့သို့ သုံးသပ်မှတ်ချက်ပေးခဲ့ပါသည်။

“ဒေသရဲ့ ဘူမိဗေဒအနေအထားနဲ့ပတ်သက်ပြီး ကျွန်တော်တို့မှာ ဗဟုသုတအများကြီးရှိတယ်။ ဒါကြောင့် ကျွန်တော်တို့မှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိပါတယ်”

(Financial Times သတင်းစာဆောင်းပါးရှင် Micheal Peel ရေးသားသည့် Moe Myint Myanmar’s go to tycoon ဆောင်းပါးကို ထားထားမြင့် ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)

ဂျပန်တွေမသိတဲ့ရန်ကုန်

yangon

မဟာရန်ကုန် မြို့ ပြသယ်ယူပို့ဆောင်ရေးစီမံကိန်း (YUTRA)အတွက် ဂျပန် JICA က စီမံကိန်းအကြိုလေ့လာသုံးသပ်ချက်လုပ်ပြီး အချက်ကြီးကိုးခုကိုပြင်ဆင်ဖို့ လိုအပ်တယ်လို့ အကြံပြုထားပါတယ်..။ မီးပွိုင့်တွေ စနစ်တကျမရှိတာ၊ လမ်းပေါ် ဈေးရောင်းတာ၊ ကားတွေစည်းကမ်းမလိုက်နာတွေ..ပေါ့..။ အချက်အားလုံးဟာ အမှန်တွေချည်းပဲဆိုတော့ သိပ်တော့ ပြောစရာမရှိပါဘူး..။ ဒါပေမယ့် ဂျပန်တွေက ချို့ ယွင်းပျက်စီးနေတာတွေ စည်းကမ်းမရှိတာတွေ အဲဒီလို အပေါ်ယံတွေပဲ သိပြီး အဲဒါတွေဘာလို့ဖြစ်နေသလဲဆိုတာကိုသေချာမသိဘူးလို့ထင်ပါတယ်..။

မီးပွိုင့်လည်းမပျက်ဘူး..ဒါပေမယ့် ပွိုင့်ကင်းတဲတွေရှေ့ ကို ပိုက်ဆံပစ်ချပေးတတ်တဲ့လိုင်းကားတွေ ပွိုင့်ဝနားခေါင်းပြူလာရင် စိမ်းနေရင် ဘယ်လောက်ကြာကြာထပ်စိမ်းတယ်..နီနေရင် ရုတ်ချည်းထစိမ်းတဲ့ ပွိုင့်တွေရှိတာကို ဂျပန်တွေမသိဘူး..။

ကားအုံနာ အပွင့်ကြီးကြီးတွေကိုကြောက်ပြီး တာဝန်ရှိသူတွေမဖမ်းရဲတဲ့ စည်းကမ်းပျက် လိုင်းကားတွေရှိနေတာကို ဂျပန်တွေမသိဘူး..။ ဒီလိုကားမျိုးက ကားသမားတွေက ရပ်ကွက်ထဲ တုတ်နဲ့ ၀င်ရိုက်ရင်တောင် မဖမ်းနိုင်တာ၊ မဖမ်းရဲတာကို ဂျပန်တွေမသိဘူး..။

လမ်းပေါ် ဈေးရောင်းခွင့်သာ တရားဝင်မရှိတာ ဈေးကောက်မှန်မှန်ပေးပြီးမှ ဈေးရောင်းနေကြတယ်ဆိုတာကို ဂျပန်တွေမသိဘူး..။ ဒီဈေးသည်တွေကို ဖမ်းချင်တဲ့အချိန်ဖမ်းပြီး မဖမ်းချင်တဲ့အချိန် ဈေးကောက်တောင်းပြီး ပေးရောင်းထားတာကို ဂျပန်တွေမသိဘူး..။

သယံဇာတကြွယ်ဝပြီး တက္ကသိုလ်က နှစ်စဉ်သောင်းချီပြီးဘွဲ့ရပညာတတ်တွေရှိနေတဲ့ ဒီနိုင်ငံမှာ လမ်းဘေးဈေးရောင်းပြီး ၀မ်းစာကို ခက်ခက်ခဲခဲ ရှာစားနေရတဲ့ ဒီလို လမ်းဘေးဈေးသည်တွေ ဘာလို့များများလာသလဲ… ဂျပန်တွေမသိဘူး..။

မီးသတ်အလုပ်နဲ့ မဆိုင်လှပါဘဲ VIPမသာကားထွက်ဖို့အတွက်ကို ခါးကြားမှာ စကားပြောစက်ထိုးပြီး ခရာလေးမှုတ်ပြီး မလိုအပ်ဘဲ ကားတွေအကုန်ရပ်ခိုင်းတဲ့ မီးသတ်ရဲဘော်တွေကြောင့် ကားကြောတွေ ရပ်ရပ်သွားတာကို ဂျပန်တွေမသိဘူး..။ မသာတောင် VIP ရှိတာကို ဂျပန်တွေမသိဘူး..။

လမ်းပေါ်ရပ်ထားတဲ့ကား ကရိန်းနဲ့သွားဆွဲတာ စစ်သားကားဖြစ်နေလို့ ဖမ်းရမယ့်သူက မကျေနပ်တဲ့လူတွေရန်မပြုရဲအောင် လုံခြုံရေးပြန်စောင့်ပေးပြီး ကရိန်းဆရာက ထိုင်ကန်တော့ပြီး ပြန်လာကြရတဲ့ အဖြစ်တွေကို ဂျပန်တွေမသိဘူး..။

မြို့ တွင်းလမ်းတွေ..လမ်းကြိုလမ်းကြားတွေကောင်းဖို့အတွက် မဲဆွယ်ခါနီးမှ လာလာပြင်ပေးတတ်တဲ့ ပါတီအကြီးကြီးရှိတယ်ဆိုတာကို ဂျပန်တွေမသိဘူး..။

မြို့တွင်းမှာ အမှိုက်ကင်းစင်တဲ့ စံပြမြို့နယ်ဖြစ်ဖို့အတွက် အမှိုက်ကောက်ချင်တဲ့အခါ ကြိုတင်ခွင့်ပြုချက်လိုအပ်ပြီး ခွင့်မပြုရင် ဘယ်သူမှ အမှိုက်ကောက်လို့ မရဘူးဆိုတာကို ဂျပန်တွေမသိဘူး..။

လူသွားဖို့ ပလက်ဖေါင်းတွေပေါ်မှာ မီဒီယာကော်နာတို့ ဖုန်းရုံတို့ကို ခွင့်ပြုပေးထားရတဲ့ နောက်ကွယ်က အကြောင်းတရားတွေကို ဂျပန်တွေမသိဘူး..။ အဲဒါတွေကြောင့် လမ်းပေါ်တက်လျှောက်ရတဲ့ လမ်းသွားလမ်းလာတွေရှိနေရတာကို ဂျပန်တွေမသိဘူး..။

ရေ၀ပ်လို့ လမ်းတွေရေမြှုပ်ကုန်တဲ့အခါ ရေနုတ်မြောင်းနဲ့ ရေဆိုးထုတ်စနစ်ကို ပြင်စရာမလိုဘဲ လမ်းကို ကွန်ကရစ်ခင်းရမယ်ဆိုတဲ့ နည်းပညာဆန်းတွေ ကျွန်တော်တို့ဆီမှာ ရှိနေတာကို ဂျပန်တွေမသိဘူး..။

အဲဒီလို လမ်းခင်း၊ လမ်းပြင်တဲ့အချိန်တွေဟာ ကားအသွားအလာအများဆုံးအချိန်တွေဖြစ် နေလို့ ညဖက်ပြောင်းလုပ်ဖို့ လွှတ်တော်မှာ မေးတုန်းက အစီအစဉ်မရှိဘူးလို့ ခပ်တည် တည်ဖြေခဲ့တဲ့ တာဝန်ရှိသူတွေ ဒီမြို့တော်ကြီးကိုတာဝန်ယူထားတယ်ဆိုတာကို ဂျပန်တွေမသိဘူး..။

အ၀ိုင်းမှာ မီးပွိုင့်တပ်လိုက်ရင် လမ်းတွေပိုကျပ်ကုန်မယ်ဆိုတာကို တွေးကြည့်ရုံနဲ့ မသိဘဲ ချစမ်းကြည့်မှ ယုံတတ်တဲ့ လက်တွေ့သမားကြီးတွေ ဒီရန်ကုန်မြို့ ကြီးမှာ ရှိနေတယ်ဆိုတာကို ဂျပန်တွေမသိဘူး..။

ရပ်ကွက်ထဲ တူထုသံကြားတာနဲ့ ခွင့်ပြုချက်မရဘဲ သံရိုက်လို့ဆိုပြီး ဒါဏ်ရိုက်ဖို့ သက်ဆိုင်ရာဝန်ထမ်းတွေ ရောက်ချလာတတ်ပေမယ့် လမ်းတွေပေါ် ကျောက်ပုံ၊ အုတ်ပုံနဲ့ ဆောက်လုပ်ရေးလုပ်ငန်းကြီးတွေ လမ်းပိတ်လုပ်နေရင်တော့ မတွေ့မမြင်တတ်ကြတဲ့ ၀န်ထမ်းတွေရှိနေတာကို ဂျပန်တွေမသိဘူး..။

အဲဒီလိုလူတွေကို အရင်ဆုံး အမြစ်ပြတ်အောင် မဖယ်ရှားနိုင်ပဲနဲ့တော့ ဂျပန်မကလို့ သိကြားမင်းဆင်းလာပြီး မဟာစီမံကိန်းကြီး လာလုပ်လည်း အောင်မြင်မှာမဟုတ်ပါဘူး။ JICA နဲ့ ဂျပန်တွေရဲ့ မဟာရန်ကုန်မြို့ ပြ သယ်ပို့စီမံကိန်းကြီး အောင်မြင်ပါစေကြောင်း စေတနာကောင်းနဲ့ ဂျပန်တွေမသိတာလေးတွေကို ပြောပြရခြင်းဖြစ်ပါတယ်..။

အမိုးမရှိတဲ့ကောင်းကင်

10628616_675892365818207_5307380505194354581_n

အရှင်ဓမ္မပီယ

ဝမ်းသာစရာကောင်းတာက ရုပ်ရှင်မိသားစုနဲ့ဘုန်းဘုန်းတို့ နဲ့ ပြောခွင့်ကြုံတာပေါ့လေ၊ ကျောင်းဆရာ ဆရာမတွေဟာ တိုင်းပြည်ရဲ့ ဗိသုကာတွေလို့ တင်စားပြောကြတယ်၊ ဘုန်းဘုန်းတို့ရုပ်ရှင်ဒါရိုက်တာတွေ ရုပ်ရှင်ဇာတ်ညွှန်းတွေဟာ တကယ်တမ်းကျ တိုင်းပြည်ရဲ့ Spiritual ဗိသုကာတွေပါ။ စိတ်ပိုင်းဆိုင်ရာပြုပြင်ဖို့ အင်မတန်မှ မျက်စိပွင့်နားပွင့် အတွက် ပထမဆုံးလမ်းကြောင်းကြီးပါ။ အနာဂတ်မှာ ရုပ်ရှင်သူ/ရုပ်ရှင်သားတွေကို မေတ္တာရပ်ခံတာ ဒီဇာတ်ကားလေးပြောသွားတာ ဘုန်းဘုန်းသဘောကျပါတယ်။ မေတ္တာ နဲ့ကရုဏာနဲ့ပြောသွားတဲ့အခါ ဒါမျိုးလေးတွေကို များများအသွင်ဖော်ဆောင်လို့ရှိရင် ဘုန်းဘုန်းတို့လူမျိုး ဘယ်ဘာသာဝင်ဖြစ်ဖြစ် အတိုင်းတာ တစ်ခုတော့ Mindset Change သွားမယ်။

ရတနာ့မေတ္တာဦးမြင့်ဆွေ

ဒီကားတ၀က်လောက်မှာပဲ ကရုဏာရသ မြောက်တယ် မေတ္တာတရားရဲ့ အရိပ်အရောင်တွေ ကျွန်တော်တို့ ဗုဒ္ဓဘာသာတွေ ထေရ၀ါဒဗုဒ္ဓဘာသာ စစ်စစ်တွေခံယူတားတဲ့ စိတ်ပိုင်းဆိုင်ရာ ကရုဏာရသနဲ့မေတ္တာတရားကို ဒီကားမှာ ထင်ထင်ရှားရှားတွေ့ရပါတယ်။ ဒေါသတွေ မောဟတွေ ရိုင်းပျတဲ့ မြင်ကွင်းပြောဆိုချက်တွေ ဒီကားထဲမှာ လုံးဝမပါဝင်ပါဘူး၊ ပါဝင်တဲ့လူတွေရဲ့ တကယ့်မိတ်ကပ်မလိမ်းဘဲရိုက်ထားတဲ့ ဟာတွေ တကယ့်အဖြစ် တကယ့်ရသ ဒီနေရာမှာ ကရုဏာရသ ကဲနေတာ တွေ့ရတယ် အင်မတန် ကျွန်တော်တို့ ထေရ၀ါဒဗုဒ္ဓဘာသာအတွက် အင်မတန် အကျိုးရှိတဲ့ ဇာတ်ကားလေးပါ။ လတ်တလော မြန်မာနိုင်ငံမှာ ဘာသာရေးပဋိပက္ခရှိနေတဲ့ အထူးသဖြင့် ဗုဒ္ဓဘာသာဟာ အကြမ်းဖက်ဝါဒကို ကျင့်သုံးနေတယ်ဆို တဲ့ ကောလဟာလကိုချေဖျက်တဲ့အချက်ကို တွေ့ရပါတယ်၊ တကယ့်အောက်ခြေမှာ ဘာသာမတူပေမယ့်လဲ ချစ်ကြည် ရင်နှီးစွာနေထိုင်တဲ့ ကူညီတဲ့ မိသားစု မေတ္တာတရား၊ ဗုဒ္ဓဘာသာအမျိုးသမီးရဲ့မေတ္တာတရားကို ဒီမှာ ထင်ထင်ရှားရှားတွေ့ရတယ်၊ ဒါအင်မတန်ကို ကမ္ဘာရော၊ မြန်မာနိုင်ငံအတွင်းမှာရော ပြောဆိုရေးသား၊ Facebookပေါ်မှာတင်ပြီးတော့ စွပ်စွဲနေကြတဲ့ ဟာတွေကို တကယ်ချေဖျက်ပေးပါတယ်။

ဦးအေးလွင်

ကျွန်တော် အလေးအနက်ပြောချင်ပါတယ်…ဒီဇာတ်ကားကို ရိုက်ကူးကြတဲ့ ဒါရိုက်တာများကိုလည်း ချီးကျူးပါတယ်။ ဆက်လက်ပြီးတော့လည်း ကြိုးစားပါ။ လူငယ်မျိုးဆက်သစ်က အာဃာတနှင့် အမုန်းတရားကို လက်မခံဘူးဆိုတာကို ကျွန်တော်တို့ ပြပြီးတော့ ကျွန်တော်တို့လူကြီးတွေကို ပညာပေးပေးပါ။ ဒါကိုလည်း ဆက်လက်ပြီးတော့ ပြသနိုင်အောင် ကြိုးစားပေးပါ။

ကိုမြအေး

အရင်ဆုံးပြောရရင် ရုပ်ရှင်ရိုက်တဲ့ ကျွန်တော့်ညီအကိုမောင်နှမတွေကို အရင်ချီးကျူးချင်ပါတယ်။ မျိုးဆက်သစ်ဟာလန်းဆန်းတယ် အတွေးအခေါ်ရှိတယ်ဆိုတာကို ထင်ထင်ရှားရှား မြင်ရတဲ့အတွက်ပါ။ အားလည်းရှိပါတယ်၊ အားလည်းရပါတယ်၊ ဒီရုပ်ရှင်မှာ ရုပ်ရှင်တကားအနေနဲ့ကြည့်ရမယ်ဆိုရင် မတူကွဲပြားတဲ့ ယဉ်ကျေးမှုရှု့ထောင့်က ချဉ်းကပ်မယ်ဆိုရင် ဗုဒ္ဓဘာသာဝင် အမျိုးသမီးတစ်ယောက်ရဲ့ကြီးမားတဲ့မေတ္တာတရားကို တွေ့ရပါတယ်။ ခြုံပြောရရင် ဒီရုပ်ရှင်ဟာတဖက်စောင်းနင်းမရှိဘူးလို့ ကျွန်တော်မြင်ပါတယ်။ ဘာလို့လဲဆိုတော့ရုပ်ရှင်ထဲမှာပါတဲ့ သရုပ်ဆောင်တွေ အကုန်ပြောသွားတဲ့စကားတွေ၊ အလုပ်ရော ပြကွက်တွေမှာရော တဖက်စောင်းနင်ဖြစ်စေတဲ့အရာ မရှိဘူးလို့မြင်ပါတယ်။ နောက်တစ်ခု ဒီရုပ်ရှင်မှာ ဗုဒ္ဓဘာသာရဲ့ကြီးမားတဲ့မေတ္တာစွမ်းအားရဲ့ အမျိုးသမီးကဏ္ဍကိုထုတ်ဖော်ပြသတယ်လို့ ကျွန်တော်မြင်ပါတယ်၊ တကယ်လည်းဟုတ်ပါတယ်။ မိတ္ထိလာမှာ အစ္စလမ်ဘာသာဝင်(၈၀၀)ကျော်ကို ကယ်တင်ခဲ့တဲ့ဆရာတော်တပါးရှိခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော်မြင်တာက လူသားတွေကိုလူသားတွေလို့မြင်တဲ့ မျိုးဆက်သစ်တစ်ခုက တင်ပြတဲ့ Documentary Film ဟာ အရမ်းတန်ဖိုးရှိပါတယ်၊ ချီးကျူးပါတယ် ၊လေးစားပါတယ်လို့ ပြောချင်ပါ တယ်။
……………………………………………..

ဟိန္ဒူဘာသာရေးခေါင်းဆောင် ဒေါက်တာလှထွန်း

ဒီရုပ်ရှင်နဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ ဟိန္ဒူဘာသာရေး ရှု့ထောင့်ဘက်က ထူးထူးခြာခြားပြောစရာတောင် မရှိပါဘူး။ ပြဖို့သင့်တယ်။ ပြရင်လူတွေမှာ ပဋိပက္ခတွေမှာ အတူတကွနေထိုင်ခြင်း၊ တစ်ယောက်နဲ့တစ်ယောက် မေတ္တာရှိခြင်း၊ တစ်ယောက်နဲ့တစ်ယောက်သနားခြင်း ဆိုတဲ့သင်ခန်းစာကို ရပါတယ်။ကျွန်တော်တို့ဟိန္ဒူအနေနဲ့ ဘာမှကန့်ကွက်စရာ မရှိပါဘူး။

ခရစ်ယန်ဘာသာရေးခေါင်းဆောင် ဒေါက်တာစောလှိုင်ဘွား

ဒီရုပ်ရှင်ဟာ တကယ့်ကို ဘာသာရေး အနှစ်သာရ၊ လူ့အခွင့်အရေးအနှစ်သာရတွေကို အပြည့်အ၀ဖော်ညွှန်းပေးတဲ့ ရုပ်ရှင်ဖြစ်ပါ တယ်။ ဒါကြောင့်မို့ လို့ စောစောကပြောတဲ့ ခွင့်ပြုချက်ဆိုတဲ့ကိစ္စကို ကျွန်တော်နားလည်တာက ခွင့်ပြုချက်ရပါတယ် (ဟုတ်တယ်နော်) ။ ခွင့်ပြုချက်ရတယ်။ သို့သော်ခုနက ပြောတဲ့စိုးရိမ်မှုတွေကြောင့် မပြဖြစ်တာ…ကျွန်တော်လည်း အဲဒီလိုပဲနားလည်တယ် ။ ခွင့်ပြုချက်မရတဲ့ ရုပ်ရှင်မဟုတ်ဘူး၊ ဒါကြောင့်မို့လို့ မပြဖြစ်တဲ့ရုပ်ရှင်ပါ၊ စိုးရိမ်မှုတွေကြောင့်ပါ။ ကျွန်တော်တို့ MIT မှာလာပြီးပြပါလို့။ အခုလည်းကျွန်တော်တို့က ပထမရတဲ့ကားတွေပဲပြဖို့ပြောတယ်။ ဒီကားလေးပါ ထည့်ပြပေးပါလို့ ကျွန်တော် မေတ္တာရပ်ခံ ချင်ပါတယ်။ ကျေးဇူးအများကြီးတင်ပါတယ်။

ကရင်အမျိုးသမီးဖွံ့ဖြိုးရေးအဖွဲ့/ အမျိုးသမီး ငြိမ်းချမ်းရေးရှေ့ဆောင်ကွန်ယက် ဆူဇန်နော်လှလှစိုး

ရုပ်ရှင်လေးကြည့်ပြီးတော့ ကျွန်မ အင်မတန်မှ မုဒိတာပွားရပါတယ်။ နောက်ပြီးတော့ ရိုက်ခဲ့တဲ့ ညီအကိုမောင်နှမတွေကိုလည်း အထူးပဲ ချီးကျူးပါတယ်လို့။ ဒီရုပ်ရှင်ကို မပြဖြစ်ဘူးလို့ ကြားလိုက်ရတယ်… ကြားလိုက်တော့ တော်တော်စိတ်မကောင်းဖြစ်တယ်။ ဘာလဲဆိုတော့… ဒီရုပ်ရှင် အကြောင်းလည်း ကျွန်မနည်းနည်းတော့သိထားတယ်ပေါ့နော်။ အဲဒီတုန်းကတော့ ခြိမ်းခြောက်မှုတွေ၊ ကန့်ကွက်မှုတွေကြောင့်ပေါ့နော်။ အဲလိုမျိုးမပြဖြစ်တာလို့ သိရတယ်။ ကျွန်မဆိုရင်တော့ ပြသာပြ။ သူတို့ရုပ်ရှင်ရုံ မီးလာရှို့မယ် သူတို့ရှို့ရဲမလား။ ရုပ်ရှင် ရုံပိုင်ရှင်ကကောခွင့်ပြုမလား အဲလိုမျိုးပေါ့နော်။ ဘာလို့လဲဆိုတော့ သူတို့နည်းနည်းစမ်းကြည့်တယ်။ အဲတော့.. ကျွန်မတို့ဘက်က နောက်ဆုတ်သွားတယ်.. ဒါသူတို့အောင်မြင်သွားတယ်။ ကျွန်မကတော့ဒါ…လုံးဝလက်မခံဘူး။ ကျွန်မသာဆိုလို့ ရှိရင်တော့… ဒါကိုဆက်ပြမှာပဲပေါ့နော်။ ဒါကျွန်မတို့ ကောင်းတဲ့အလုပ်လုပ်တာ ဒါဆက်လုပ်ရမှာပဲ။ အဲဒါကြောင့်မို့လို့ ကျွန်မဒီမှာ အားပေးချင်တာပေါ့နော် ဒီလိုဇာတ်ကားမျိုးတွေကိုဆက်ပြီးတော့ ရိုက်ပါဖြန့်ပါ။

ဦးဝင်းလှိုင်

ဖိတ်ကြားတဲ့ ဒါရိုက်တာနဲ့ ဆရာဦးဖေမြင့်ကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ ဒီရုပ်ရှင်ကားလေးကြည့်ရတာ မိနစ်(၂၀) အစိတ်ပဲ ကြာပါတယ်။ ဒါပေမဲ့ ရုပ်ရှင်ကားလေးဟာ အဓိပ္ပါယ်ပြည့်ဝပြီး ထူးခြားလေးနက်တဲ့ စကားလုံးများနဲ့အဆုံးသတ်သွားခဲ့တယ်။ အတော် မင်္ဂလာရှိပါတယ်။ ဒီရုပ်ရှင်လေးဟာ မေတ္တာတရားကို တကယ်ဖော်ပြခဲ့တာပါ။ အစၥလမ္ဘာသာ၊ ဗုဒၶဘာသာ။ ဘာသာတွေကို ခဏဖယ်လိုက်ပြီးတော့… ကြွလာပွင့်တော်မူပြီးလေခဲ့သမျှသော ဘုရားရှင်များရဲ့အခြေခံတရားဟာ မေတ္တာပါ။ မေတ္တာသာမရှိရင်၊ ကရုဏာသာမရှိရင် လူတွေလိုချင်တဲ့ငြိမ်းချမ်းရေး မရနိုင်ပါဘူး။ မေတ္တာရယ်၊ ကရုဏာရယ်၊ ပညာရယ်ပေါင်းမှ ငြိမ်းချမ်းရေးရမှာပါ။

စာရေးဆရာ ထင်လင်းဦး (Wisdom Villa )

ဘာသာတရားက ကျွန်တော်တို့ကိုလူတိုင်းကို ချစ်ခင်ဖို့အတွက် သွန်သင်ဆုံးမတယ်လို့ ကျွန်တော်တို့နားလည်ပါတယ်။ ကျွန်တော်တို့စိတ်နှလုံးသားတွေက နူးညံ့ပျော့ပျောင်းရမယ်။ လူတိုင်းအပေါ်မှာ ကျွန်တော်တို့က ကြင်နာမှုရှိရမယ်။ ငိုနေတဲ့လူတစ်ယောက်ကို ဘယ်ဘာသာဝင်လဲလို့မေးပြီးမှ ချော့မြှူအားပေးရမယ်ဆိုရင် ကျွန်တော်တို့စိတ်ဓါတ်ခွန်အား တော်တော်နည်းနေပြီ။ တော်တော်ကိုနည်းနေပြီလို့ ကျွန်တော်တို့အဲလိုမြင်ရပါတယ်။ အဲတော့ ကျွန်တော်လက်ခံထားတဲ့အတိုင်းအတာကတော့ ဘာသာတရားက ကျွန်တော်တို့နှလုံးသားတွေရဲ့ နူးညံ့မှုနဲ့ လူသားချင်းချစ်ခင်မှုကို သွန်သင်တယ်။ ကျွန်တော်တို့ အဲဒါကိုလိုက်နာကြဖို့ပါ။ ဘာသာတရားကိုကာကွယ်ဖို့အတွက် လူတွေကိုမုန်းပြီးတော့ ရန်ပြုနေဖို့ဆိုတာ ကျွန်တော်တို့အတွက် မဖြစ်နိုင်ဘူး။ နောက်တစ်ချက်ကလူမျိုးဆိုတာ ကျွန်တော်တို့ ဗမာလူမျိုး၊ အိန္ဒိယလူမျိုး၊ တရုတ်လူမျိုးဆိုပြီး ပြောကြတယ်။ ဒါပေမယ့် အဲဒီ့လူမျိုးကို လူစိတ်ရှိစေချင်တာ လူစိတ်ရှိတဲ့ အမျိုးအနွယ်ကိုသာ ကျွန်တော်တို့က လူမျိုးလို့ခေါ်ကြရင်မကောင်းဘူးလား။ သတ်မှတ်ကြရင်မကောင်းဘူးလားလို့၊ ပြောခဲ့ချင်ပါတယ်။

ကိုမြတ်စံ

ကျွန်တော်ကတော့ မျိုးဆက်သစ်လူငယ်တွေကိုပိုချီးကျူးတယ်။ အော် သူတို့ ဖန်တီးတတ်ပါလားလို့… တချို့အနုပညာတွေမှာ အနုပညာကို ၀ါဒဖြန့်ချိရေးလက်နက်တစ်ခုအဖြစ် အစိုးရ(သို့) တစ်ချို့အဖွဲ့အစည်းတွေမှာ သုံးတယ်။ ဒါပေမယ့် အနုပညာရဲ့ သဘောကရှင်းပါတယ်။ အနုပညာကိုဖော်ကြူးသူ၊ တင်ဆက်သူက သူ့ရဲ့ ရင်တွင်းဖြစ်ခံစားချက်ကိုပဲဒါမှမဟုတ် လူ့အဖွဲ့အစည်းရဲ့ အဖြစ်အပျက်တွေရဲ့ အခြေအနေကို သူနားလည်သလို သူခံစားသလို တင်ဆက်ထားတာ။ ကြည့်ရှုသူတွေနှင့် ခံစားသူတွေကသာ ကိုယ့်ရှု့ထောင့်၊ ကိုယ့်နေရာကနေ အခံစိတ်တွေနဲ့ ဒါမှမဟုတ် မကြည်စိတ်တွေနဲ့ ခံစားမြင်ကြတယ်။
………………………………………..

မင်းထင်ကိုကိုကြီး

“The Open Sky” ရုပ်ရှင်ဟာ ကျွန်တော်ဖန်တီးခဲ့တာ မဟုတ်ပါဘူး။ ဒါပေမဲ့… တကယ်လို့ ကျွန်တော်လည်း “The Open Sky” ရုပ်ရှင်လို ဘာသာမတူတဲ့ အမျိုးသမီးကြီး(၂)ဦးကြားမှာရှိတဲ့ မေတ္တာတရား၊ ကရုဏာတရားကို အခြေခံပြီး အဲဒီ အမျိုးသမီး(၂)ဦးရဲ့ ငြိမ်းချမ်းရေးတောင့်တသံကို ပေါ်လွင်အောင် မှတ်တမ်းရုပ်ရှင်တစ်ခု ဖန်တီးရတော့မယ်ဆိုပါစို့။ အဲဒီအချိန်မှာ အစ္စလမ်ဘာသာဝင် တစ်ဦးဦးက ကျွန်တော့်ဇက်ပေါ်ဒါးတင်ပြီး “ငါတို့ ဗလီတွေ မီးရှို့ခံရတာ၊ ငါတို့ဘာသာဝင်တွေ အသတ်ခံရတာ ထည့်ကိုထည့်ရမယ်”လို့လည်း ခြိမ်းခြောက်လာမယ်ဆိုပါစို့။ ကျွန်တော့်ဇက်ကိုသာ ဖြတ်ချသွားပါ။ အမျက် ဒေါသတွေ ၊အာဃာတတွေ၊ အမုန်းတွေ ပွားများစေမယ့် နောက်ခံအဖြစ်အပျက်တွေ၊ အရုပ် အသံတွေကို ထည့်မှာ မဟုတ်ပါဘူး။ အဲဒီလိုပါပဲ။ ဗုဒ္ဓဘာသာဝင် တစ်ယောက်ယောက်က ကျွန်တော့်ဇက်ပေါ် ဒါးတင်ပြီး “ငါတို့ သံဃာ အသတ်ခံရတာ၊ ငါတို့အမျိုးကောင်းသမီး အဓမ္မ အကျင့်ခံရတာ ထည့်ကိုထည့်ရမယ်” လို့လည်း ခြိမ်းခြောက်လာမယ်ဆိုပါစို့။ ကျွန်တော့်ဇက်ကိုသာ ဖြတ်ချသွားပါ။ အမျက် ဒေါသတွေ၊ အာဃာတတွေ၊ အမုန်းတွေ ပွားများစေမယ့် နောက်ခံအဖြစ်အပျက်တွေ၊ အရုပ် အသံတွေကိုထည့်မှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ အဲဒီရုပ်ရှင်ဟာ အာဃာတတွေ၊ အမျက် ဒေါသတွေ၊ အမုန်းတရားတွေ မဆုံးအောင် တိုးပွားပြီး အသစ်အသစ်သော ပဋိပက္ခတွေ ဖြစ်လာစေဖို့ ရည်ရွယ်တာမဟုတ်တဲ့အတွက်ကြောင့်ပါပဲ။ ကြည့်မိတဲ့သူရဲ့ စိတ်ထဲ ရင်ထဲမှာ မေတ္တာတရားနဲ့ ကရုဏာတရားကိုသာ ဖြစ်စေလိုတဲ့ စေတနာထားမယ်ဆိုရင် အဲသည်လို အကြမ်းဖက် ရက်စက်မှု အဖြစ်အပျက် အရုပ်အသံတွေ ထည့်စရာလိုတယ်လို့ ကျွန်တော် မယုံကြည်ပါဘူး။

18th Aug 2014
Human Dignity Film Institute

မင်းကြီး မင်းလေး ပွဲမှာ စီရင်ခဲ့တဲ့ တရား

mandalay1

မြန်မာပြည်မှာ ကျင်းပတဲ့ နတ်ပွဲတွေ ထဲမှာ တောင်ပြုန်းပွဲဟာ အကြေအညာ စုံစုံလင်လင် စည်စည်ကားကား လာရောက်ကြတဲ့ ပွဲပါပဲ။ အနယ်နယ်အရပ်ရပ်က မန္တလေးကို ရောက်လာကြပြီး မန္တလေးကနေ တောင်ပြုန်းကို ကားနဲ့၊ မီးရထားနဲ့ သွားလာကြတယ်။ အရင်ခေတ်တုန်းက တောင်ပြုန်းကို လှေတွေနဲ့သွားကြတယ်။ မန္တလေး ဈေးချိုတော်ရဲ့ အနောက်ဘက်က ကပ်စီးတဲ့ ရွှေတချောင်းမြောင်းကနေ တောင်ပြုန်းအထိ လှေတွေနဲ့ သွားကြ တယ်ဆိုရင် အတော် အံ့ဩကြမှာ ပါပဲ။

ဒီလိုသွားကြတာ ကျနော်တို့တောင်မှ မမီခဲ့ပါဘူး။   ကျနော်တို့ မိဘများခေတ် ဖြစ်မှာပေါ့။ “နှဲကုပ်သို” လို့ အမည်ရတဲ့ ရွှေတချောင်းမြောင်းဟာ ဘိုးတော်ဘုရား လက်ထက်ကတည်းက မတ္တရာကနေ အမရပူရ နေပြည်တော် တက်သိမ်းအင်း အထိ ဖောက်သွယ်ခဲ့တဲ့ မြောင်း ဖြစ်ပါတယ်။ တာပေါင်း ၂၇၀ဝ ရှည်သတဲ့။

လယ်တွေကို ရေပေးဝေဖို့ အပြင် မတ္တရာနဲ့ အမရပူရ နေပြည်တော် ဆက်သွယ်သွားလာရေး အတွက် ရေလမ်း အဖြစ် အသုံးပြုခဲ့တာ ပေါ့။ ရတနာပုံ ခေတ်မှာတော့ ရွှေတချောင်းမြောင်း အမည်နဲ့ ရေရှင် ရေကောင်းတွေ စီးဆင်းခဲ့ပြီး မတ္တရာ နယ်မှာ လယ်ရေ ပေးဝေရေးနဲ့ မန္တလေး ရွှေမြို့တော်မှာ သုံးရေ ချိုးရေ သုံးရေ အတွက် သာမက မတ္တရာနယ် က သစ်သီးသစ်နှံ တွေကို မန္တလေး ဈေးချိုတော်ဆီ လှေများနဲ့ ပို့ဆောင်ဖို့ အသုံးဝင် ခဲ့တယ်။

တောင်ပြုန်း ပွဲတော်အခါ ရောက်ရင် လူစည်ကားတဲ့ ဈေးချိုတော် ကနေ လှေတွေနဲ့ ဆိုင်းတွေ ဗုံတွေနဲ့ တောင်ပြုန်းပွဲတော်ဆီ ရွှေတချောင်းမြောင်း အတိုင်း  သွားကြတာ တဲ့။ သီပေါမင်းခေတ်မှာ တောင်ပြုန်းပွဲတော် ကျင်းပတဲ့ အခါ ပွဲတော်အုပ်ချုပ်ရေး အတွက် ရနောင်မောင်မောင်တုတ်ကို လွှဲအပ်ထားတာ တဲ့။ သိကြတဲ့ အတိုင်းပဲ ရနောင်မောင်မောင်တုတ် ဆိုတာက သီပေါဘုရင်ရဲ့ “သူ့ဓားနှင့် မသေစေရ” လို့ ပစားပေးထားခဲ့ရ သူပါ။

ဒီတော့ တောင်ပြုန်းပွဲကို ရနောင်မောင်မောင် တုတ်လက် ဝကွက်အပ်ထားတဲ့ အခါ ပွဲတော်နဲ့ ပတ်သက်တဲ့ မှုခင်းမှုရာတွေ ကိုလည်း နေပြည်တော်က လွှတ်ရုံး အဆင့်ဆင့်ဆီ တရားနည်းလမ်းကျစွာ ဥပဒေနဲ့အညီ ဓမ္မသတ် ရာဇသတ်များနဲ့ အညီ တက်ရောက်စရာ မလိုဘူး။ ရနောင်မောင်မောင်တုတ်ရဲ့ တဦးတည်း အမိန့်အာဏာနဲ့ သဘောကျ စီရင်စေရတယ်။

တောင်ပြုန်းပွဲ ဆိုတာကလည်း အခုမှ မဟုတ်ဘူး။ ရတနာပုံ ခေတ်ကတည်းက မူးယစ်ရမ်းကား အပျော်ကြူးကြတဲ့ပွဲလို့ ဆိုတယ်။ ခိုးကြမယ်၊ ဝှက်ကြမယ်။ တိုက်ကြမယ်၊ သတ်ကြမယ်၊ ရိုက်ကြမယ်။ အဲ.. အဲ… မိန်းကလေးတွေကို ကာယိနြေ္ဒ ပျက်အောင် စော်ကားကြမယ်။ ဒီလိုကိုး။ ဒီတော့ ပွဲတော်တွင်း အပြစ်ကျူးလွန်သူ မှန်သမျှ၊ အပြစ်ကျူးလွန် သူလို့ ယူဆသူ မှန်သမျှ၊ မျက်မုန်းကျိုးသူ မှန်သမျှ၊ အမိန့် အာဏာ ဖီဆန်သူ မှန်သမျှ ထင်ရင်ထင်သလို၊ မထင်ရင် မထင်သလို ရနောင်မောင်မောင်တုတ်ရဲ့ တဦးတည်း သဘောနဲ့ တရားစီရင် သတဲ့။ ရှင်းပါတယ်။ “ရနောင့်တရားရုံး” ရဲ့ စီရင်ချက်က တမျိုးတည်းပါပဲ။ “သတ်စေ” ပေါ့။

ဒီတော့ မန္တလေးကနေ တောင်ပြုန်းကို ပွဲတော် လာသူတွေ ဖီးလိမ်း၊ ဝတ်စား ပြင်ဆင်ပြီး ဆိုင်းသံ ဗုံသံ တညံညံနဲ့ ပျော်ပျော်ပါးပါး အများဆုံး လာကြတဲ့ လမ်းဖြစ်တဲ့ ရွှေတချောင်းမြောင်း ပေါင်မှာ မန္တလေး ရွှေမြို့တော်က အထွက်၊ တောင်ပြုန်း ပွဲခင်းအထိ မြောင်းဘေး တလျှောက်မှာ ကားစင်တွေ ဆင်ထားသတဲ့။ အဲဒီ ကားစင်တွေမှာ ရာဇဝတ်သားလို့ ယူဆသူတိုင်းကို  ကားစင်တင်  သတ်တယ်။

သတ်ပြီးရင် သုဿာန်တွေမှာ ချက်ချင်းမြှုပ်နှံတာ မဟုတ်ဘူး။ ကားစင်ပေါ်မှာပဲ ရင်ကိုခွဲ၊ အတွင်းက ကလီစာတွေ နုတ်၊ တော်ရာမြှုပ်ပြီး ကျန် လူသေကောင်ကြီးကို ကားစင်ပေါ်မှာပဲ ခြေကားရား လက်ကားရားနဲ့ ရေနံချေး သုတ်ထားတာ ပွဲတော်ပြီးတဲ့ အထိ ဒီအတိုင်း ထားသတဲ့။

ဒါကြောင့် တောင်ပြုန်းပွဲလာကြတဲ့ ပွဲတော်လာ တွေထဲက မိန်းမပျို၊ မိန်းမအိုတွေ၊ အသည်းငယ်တဲ့ ယောက်ျားသား တွေဟာ မန္တလေးရွှေမြို့တော် အိုးဘိုရပ် လွန်တာနဲ့ ရွှေတချောင်းမြောင်းအတိုင်း ခပ်လှမ်းလှမ်းက ကားစင်ကြီးတွေ ရိုးတိုးရိပ်တိတ် အမြင်မှာတင် လှေဝမ်းမှာ မှောက်ပြီး မျက်နှာဝှက်ကြ ဆိုသကိုး။ ပွဲတော်လာသူတွေ ရနောင်ရဲ့ အမိန့်အာဏာ မဖီဆန်ရဲအောင် ကြိုပြီး သတိပေးတဲ့ သဘောပေါ့။

တောင်ပြုန်းပွဲတော်ရက် အတွင်း ဖြစ်ပွားတဲ့ အမှုအခင်းကို ချုပ်ရင်ချုပ်၊ သတ်ရင်သတ်၊ လွှတ်ရင် လွှတ်၊ ပွဲတော် အတွင်းမှာပဲ အပြီးစီရင်ရတာတဲ့။ အဲဒီ အမှုအခင်းကို ဒီ့ပြင်ရုံး အထိ သယ်ယူ မလာရဘူးတဲ့။ တောင်ပြုန်းပွဲ အတွင်းပဲ အပြတ်စီရင်၊ ဒီလိုကိုး။ ဒါကို “တောင်ပြုန်းတရား” လို့ ခေါ်သတဲ့။

ဒီအစဉ် အလာကြောင့် နောက်ပိုင်းမှာ အမှုအခင်း တခုခုကို တရားနည်းလမ်းအရ သက်သေသက္ကာရနဲ့ ဥပဒေကြောင်း အရ စစ်ဆေး၊ ရှေ့နေ ရှေ့ရပ်နဲ့ လျှောက်လဲ၊ ခုံရုံး အဆင့်ဆင့်နဲ့ ဥပဒေကြောင်း အရ တရားနည်း လမ်းကျစွာ ဆုံးဖြတ်၊ အပြစ်မပေးဘဲ တဦးတယောက်၊ တဖွဲ့ရဲ့ အာဏာနဲ့၊ လုပ်ပိုင်ခွင့်နဲ့ မျက်စိ စုံမှိတ်ပြီး တချက်လွှတ် အမိန့်ချ အပြစ်ပေးရင် “တောင်ပြုန်း တရား စီရင်တယ်” လို့ ပြောစမှတ် ရှိကြတယ်။

“တောင်ပြုန်းတရား” ဆိုတာ ရေမြေလိုက်တာ နေမှာပေါ့။ တရုတ်ပြည်က အနော်ရထာမင်း ပြန်အလာ၊ တောင်ပြုန်း ရပ်မှာ စစ်နားတုန်း ဆုတောင်း ပြည့်စေတီ တည်တယ် မဟုတ်လား။ ပြည်သူပြည်သား၊ မင်းမှုထမ်းတွေနဲ့ တဦးချင်းစီ လုပ်အားနဲ့ စေတီတည်တော့ ကလေးအရွယ် ရွှေဖျဉ်းကြီး၊ ရွှေဖျဉ်းလေးတို့ အပျော်မက်ပြီး စေတီတော်မှာ လုပ်အားဒါန မပါနိုင်ဘဲ အုတ် ၂ ချပ်လပ်ရော မဟုတ်လား။ ဒီအပြစ် အတွက် ဘုရင်က မြေးတော် ရွှေဖျဉ်းကြီး၊ ရွှေဖျဉ်းလေး ညီနောင်ကို ရွှေကြိမ်လုံးနဲ့ ဆုံးမလိုက်ပါဆိုတာကို မင်းအလိုလိုက် မင်းကြိုက်လိုက်ရုံမက သည်းသည်း လှုပ်တွေက လွန်ကြိုးနဲ့တုပ်ပြီး ဝါးရင်းတုတ်နဲ့ ရိုက် သတ်လိုက်တာ မဟုတ်လား။

ဒီအစဉ်အလာ၊ ဒီရေခံ မြေခံကြောင့် ထင်ပါရဲ့၊ သီပေါမင်း လက်ထက်၊ ရနောင် မောင်မောင်တုတ် လက်ထက် တောင်ပြုန်း ပွဲတော်ကို “ဝ” ကွက်  အပ်ထားချိန်  ရာဇဝင်တွင်လောက်တဲ့ “တောင်ပြုန်းတရား” ဆိုတာ ပြောစမှတ် ဖြစ်ခဲ့ကြရ တာပါပဲ။

ကျနော်တို့လည်း  နတ်ဖြစ်သွားတဲ့  မင်းကြီး မင်းလေးရဲ့ အာဏာစက်က တပြည်လုံး ဖြန့်ကြက် သွားခဲ့ ထင်ပါရဲ့။ “တောင်ပြုန်းတရား” အစီအရင်တွေ ဆယ်စုနှစ်ပေါင်း များစွာ တပြည်လုံး ခါးကော့အောင် ခံခဲ့ရပြီပဲ။ အခုလည်း “တောင်ပြုန်းတရား” အစီအရင်များက လွတ်ကြပါပြီလား။     ။

ဆူးငှက် (ဧရာဝတီမဂ္ဂဇင်း)

ဝန်ကြီးဟောင်း ဦးအောင်သောင်းနဲ့ ဘီလီယံဒေါ်လာ ပိုင်ဆိုင်မှု (ပထမပိုင်း)

Aung_Thaung

ငတက်ပြားအစ

ဦးအောင်သောင်းဟာ တောင်သာနယ် ကျောက်ကာရွာ ဇာတိဖြစ်တယ်။ ဒါပေမယ့် သူ့ကိုယ်သူ (အင်္ဂလိပ်တော်လှန်တဲ့ မြင်းခေါင်း ဗိုလ်ရာညွန်ဇာတိ ကျောက်ကာနဲ့ ကပ်ရက်) ၀ဲလောင်ရွာ ဇာတိ လိုလို လိမ်ပြောလေ့ရှိတယ်။ ဒါကြောင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက သူ့ကို ၀ဲလောင်သားလို့ မကြာခဏ ခေါ်လေ့ရှိတယ်။

ဦးအောင်သောင်းဟာ OTS-30 ကျောင်းဆင်းဖြစ်ပြီး နမခ ဗျူဟာမှူး ဗိုလ်မှူးကြီးအဆင့်ဖြင့် စစ်တပ်မှာ အမြင့်ဆုံးရာထူးသာ ရရှိခဲ့ပါတယ်။ န၀တခေတ် မကွေးတိုင်း တ၀တဥက္ကဌအဖြစ် နမခတိုင်းမှူး ဗိုလ်ချုပ်ထွန်းကြည်က မြှောက်စားထားခဲ့ပါတယ်။ ဗိုလ်ချုပ်ထွန်းကြည် ကုန်သွယ်ရေးဝန်ကြီး ဖြစ်သွား ချိန်မှာ မန္တလေးတိုင်းစစ်ဌာနချုပ်ရှိ နန်းတွင်းဧည့်ရိပ်သာမှာ ဦးအောင်သောင်းအား ခေါ်တွေ့ခဲ့ပြီး သူနဲ့ အတူ လိုက်ဖို့ တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် ကုန်သွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ ကုန်သွယ်လယ်ယာ ဦးဆောင်ညွှန်ကြားရေးမှူး ရက်ပိုင်းသာ လုပ်နေချိန်မှာ မိတ်ဆက်စားပွဲ ကျင်းပပြီး ကုန်သွယ်ရေး ဒု-၀န်ကြီးအဖြစ် ဗိုလ်ချုပ် ထွန်းကြည်က ထိုးတင်ခဲ့ပါတယ်။ ဦးသန်းရွှေအား ဦးအောင်သောင်းရဲ့ အဖားတော်မှုကြောင့် ကုန်သွယ်ရေး ၀န်ကြီးဌာနကနေ မွေး/ရေ၀န်ကြီးအဖြစ် ဆက်လက် ရာထူးတိုးခဲ့ပါတယ်။

သူ့ရဲ့အမျိုး စစ်ဆေးရုံ (၂) မှာ ဆေးကုသမှုခံယူခဲ့စဉ်က မွေးမြူရေးဝန်ကြီး ဦးအောင်သောင်းဟာ လက်ဆောင်ပဏာများစွာနဲ့ ကုသမှု ပါရဂူဆရာဝန်များအား ပေးကမ်းခဲ့လို့ ခွဲစိတ်ခန်းအထိ ၀င်ကြည့် ခွင့်ရခဲ့ပါတယ်။ န၀တခေတ် စက်မှု (၁) ၀န်ကြီး ဦးစိန်အောင် ကွယ်လွန်သွားချိန်မှာ မွေး/ရေ၀န်ကြီးမှ စက်မှု (၁) ၀န်ကြီးအဖြစ် ပြောင်းရွှေ့ခဲ့ပါတယ်။ စက်မှု (၁) ၀န်ကြီးဌာနမှာ သာပေါင်း စက္ကူစက်ရုံ စီမံကိန်းနှင့် စပ်လျဉ်းပြီး တရုတ်ကုမ္ပဏီနဲ့ အဂတိလိုက်စားမှု လုပ်နေတာကို ထောက်လှမ်းရေးက ခြေရာခံလိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီအချိန်ကတည်းက သူ့ကို ထောက်လှမ်းရေးတွေက ဖြုတ်ဖို့ ကြံစည်နေတာမို့ ဦးသန်းရွှေကို ပြေးကပ်သလို ဦးမောင်အေးကိုလည်း သူ့သား ဗိုလ်ပြည်အောင်နဲ့ ဦးမောင်အေး သမီး နန္ဒာအေးကို ရအောင် ယူခိုင်းပြီး အကာအကွယ်ယူလိုက်တယ်လို့ သိရပါတယ်။

စက်မှု (၁) ၀န်ကြီးအဖြစ် လုပ်ခဲ့ချိန် ၂၀၀၄ နောက်ပိုင်းမှာ စက်မှု (၁) စက်ရုံတွေက လိမ်ထားတာ တော်တော်များများကို ဆိုးခဲ့ပြီး မလည်မပတ်နိုင်အောင်ဘဲ ဖြစ်နေပါတယ်။ အစိုးရသစ် တက်လာတော့ စက်မှု (၁) ကို ဖြုတ်လိုက်တာမို့ ၀န်ကြီးဦးအောင်သောင်းဟာ စားလို့ဝါးလို့ရတဲ့ ပိုက်ဆံတွေကို UOB, OCBC ဘဏ်တွေမှာ အပ်ထားတာဖြစ်ကြောင်း သိရှိရပါတယ်။

သူ့သား ဦးနေအောင်ကတော့ အောင်ရီဖြိုးကုမ္ပဏီ စတင်တည်ထောင်ပြီး နောက်ပိုင်းမှာ တစတစ ချမ်းသာလာကာ IGE ကုမ္ပဏီအကောင့်တွေနဲ့ ဒေါ်လာဘီလျံပေါင်းများစွာ အပ်နှံထားတယ်လို့ သိရှိရပါတယ်။

လက်ရှိကြံ့ခိုင်ရေးနဲ့ အစိုးရအဖွဲ့ထဲမှာ သူအရင်တုန်းက လာဘ်စားခဲ့တာ အရေးယူခံရမှာစိုးလို့ နေရာတခုရအောင်ယူပြီး ကုပ်ကပ်နေတယ်လို့ သိရှိရပါတယ်။ ယခင် တနသာင်္ရီတိုင်း ၀န်ကြီးချုပ် ဦးခင်ဇော် ပြုတ်တဲ့ကိစ္စမှာလည်း သူ့လက်ချက်မကင်းကြောင်း ဆိုပါတယ်။ ဦးအောင်သောင်းဟာ ဘယ်လောက်အထိ လိမ်ညာလာဘ်စားသလဲဆိုရင် ကျောက်ဆည်မှာ စွပ်ကျယ်စက်ရုံဖွင့်ပွဲလုပ်ရာမှာ စက်ရုံက ကောင်းစွာ မလည်နိုင်သေးတာမို့ တရုတ်နယ်စပ်ကနေ စွပ်ကျယ်တွေ ၀ယ်၊ ပြီးရင် စက်မှု (၁) တံဆိပ်တပ်ကာ သူ့စက်ရုံကနေ ထုတ်တဲ့ပုံစံမျိုးလုပ်ပြီး လိမ်ညာခဲ့ပါတယ်။

ဒီလိုလိမ်ခဲ့တာကို ဦးသန်းရွှေ သိရှိခဲ့ဟန်မတူကြောင်း အစိုးရအဖွဲ့ရုံးနဲ့ နီးစပ်သူများက ပြောဆို ခဲ့ပါတယ်။ ဒါ့အပြင် ၀န်ကြီးဟောင်း ဦးအောင်သောင်းဟာ နေရာရချင်တာမို့ ကြံ့ခိုင်ရေးကို ဂိုဏ်းတွေ ကွဲအောင် လုပ်ဖို့အထိ သူ့မှာ အကြံအစည်ရှိနေတယ်လို့ ကြားသိရပါတယ်။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာလည်း အဆင်မပြေတာကြောင့် သမ္မတကတော့ သူ့ကို မကြိုက်ဟန်တူကြောင်း စည်းလုံးခြင်းရဲ့ အင်အား ၀က်ဘ်ဆိုက်မှာ တဆင့် တင်ပြထားပါတယ်။

အဂတိလိုက်စားမှု ၀န်ခံပြီ

မြန်မာစစ်ခေါင်းဆောင်တွေ အဂတိလိုက်စားမှုမှာ ပါဝင်ပတ်သက်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပေမယ့် ပါဝင်ပတ်သက်ကြောင်း ဝန်ခံတဲ့ စစ်ခေါင်းဆောင်ဆိုတာ မရှိခဲ့ပါဘူး။ ဒါပေမယ့် အဂတိလိုက်စားမှုမှာ စက်မှု (၁) ဝန်ကြီးကတော်နဲ့ သားသမီးတွေ ပါဝင်ပတ်သက်နေတယ်ဆိုတာ စက်မှု (၁) ဝန်ကြီးဦးအောင်သောင်းကိုယ်တိုင် ပထမဆုံးအကြိမ် ဝန်ခံခဲ့တယ်။

ဝန်ကြီးဦးအောင်သောင်းရဲ့ ဇနီးနဲ့သားသမီးတွေကို စက်မှု (၁) ဝန်ကြီးဌာန လက်အောက်ခံ စက်ရုံ တွေမှာ အလာမခံဖို့နဲ့ လာရင်လည်း လက်မခံပါနဲ့ဆိုတဲ့ ညွှန်ကြားချက်ကို ဝန်ကြီး ဦးအောင်သောင်း ကိုယ်တိုင် လက်မှတ်ထိုးပြီး စက်မှု (၁) ဝန်ကြီးဌာနတွင်း မကြာခင်က ဖြန့်ဝေခဲ့တယ်။

ဝန်ကြီးဦးအောင်သောင်းရဲ့ ဇနီးနဲ့သားသမီးတွေ စက်မှု (၁) လက်အောက်ခံ စက်ရုံတချို့ရဲ့ အဂတိ လိုက်စားမှုမှာ ပါဝင်ပတ်သက်နေတယ်ဆိုတာ စသုံးလုံးက စစ်ဆေးအပြီးမှာ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်က ဝန်ကြီးဦးအောင်သောင်းကို သတိပေးခဲ့တာပါ။ မကြာခင် ဝန်ကြီးဦးအောင်သောင်းက ခုလို ညွှန်ကြားချက် ထုတ်ပြန်ခဲ့တာဖြစ်တယ်လို့ စုံစမ်းသိရပါတယ်။

မြန်မာစစ်အစိုးရအဆက်ဆက် ၄၇ နှစ် သက်တမ်းတလျှောက် ဝန်ကြီးကတော်နဲ့ မိသားစု အဂတိ လိုက်စားမှုကြောင့် ဝန်ကြီးကိုယ်တိုင် တရားဝင် တားမြစ်မိန့်ထုတ်ပြန်ခဲ့တာ ဒါ ပထမဆုံးအကြိမ်ဖြစ်လို့ ကျန်တဲ့ နေပြည်တော် ဝန်ကြီးဌာနတွေပါ အံ့အားတသင့် ဖြစ်ကုန်ပါတယ်။

မိသားစုလိုက် ခိုးကြပြီ

မကြာခင်လပိုင်းအတွင်း ဖြစ်ပွားခဲ့တဲ့ စက်မှု (၁) လက်အောက်ခံ ဇေယျဝတီသကြားစက် ကြံခင်း ပိုင်ဆိုင်မှုကိစ္စအမှုမှာ ဝန်ကြီးဦးအောင်သောင်းရဲ့ ဇနီးလွှတ်ထားသူနဲ့ ဝန်ကြီးဦးအောင်သောင်းရဲ့ အတွင်းလူနှစ်ဦး ပြဿနာဖြစ်ခဲ့တယ်လို့ သိရပါတယ်။ စစ်တပ်ပိုင် မြန်မာ့ဦးပိုင်လီမိတက်ကိုလွှဲမယ့် ဇေယျဝတီသကြားစက်က စက်အရန်ပစ္စည်းတွေ ပျောက်ဆုံးနေလို့ မြန်မာ့ဦးပိုင်လီမိတက်က သကြားစက်ကို လက်မခံလို့ စသုံးလုံးက ဝင်စစ်ရတဲ့အဖြစ် ရောက်ခဲ့တယ်လို့ စက်ရုံအရာရှိတဦးက ပြောပါတယ်။

ဝန်ကြီးဦးအောင်သောင်းရဲ့ သားပိုင်တဲ့ IGE ကုမ္ပဏီမှာ သားဖြစ်သူ ကိုနေအောင်က မန်နေဂျင်းဒါရိုက်တာ ဖြစ်ပြီး ဦးအောင်သောင်းရဲ့ သားလည်းဖြစ် ဒု-ဗိုလ်ချုပ်မှူးကြီးမောင်အေးရဲ့ သမက်လည်းဖြစ်တဲ့ ဗိုလ်မှူးပြည့်အောင်က ဒါရိုက်တာဖြစ်တယ်လို့ အီးယူက ထုတ်ပြန်ထားတဲ့ မြန်မာ စစ်ခေါင်းဆောင်မိသားစုများ နာမယ်ပျက်စာရင်းမှာ ပါရှိပါတယ်။

မြန်မာ့ရေနံနဲ့ သဘောဝဓာတ်ငွေ့လုပ်ငန်းအတွက် တင်ဒါအများစုကို ဦးအောင်သောင်းသားပိုင်တဲ့ အိုင်ဂျီအီးကုမ္ပဏီကိုသာ တဖက်သတ် အနိုင်ပေးခဲ့တာ များတယ်လို့ အမည်မဖော်လိုတဲ့ ရေနံအရာရှိ တဦးကလည်း ပြောပါတယ်။ တကယ်တော့ ဦးအောင်သောင်းသားပိုင်တဲ့ အိုင်ဂျီအီးကုမ္ပဏီက သွင်းတဲ့ စက်ပစ္စည်းတွေဟာ တရုတ်လုပ် ခပ်ညံ့ညံ့ပစ္စည်းတွေကို ဈေးကြီးကြီးနဲ့ တင်သွင်းခဲ့တာလို့ စုံစမ်း သိရပါတယ်။

အိုင်ဂျီအီးကုမ္ပဏီနဲ့ တရုတ်ကုမ္ပဏီ ပေါင်းပြီးသွင်းတဲ့ အရည်အသွေးမမီတဲ့ စက်ပစ္စည်းတွေကို ဘာကြောင့် မြန်မာ့ရေနံနဲ့သဘောဝဓာတ်ငွေ့လုပ်ငန်းက ဝယ်သုံးရသလဲလို့ တင်ဒါပြိုင်ဘက် ကုမ္ပဏီ တချို့က မေးခွန်းထုတ်ခဲ့ပါတယ်။

သာပေါင်းစက္ကူစက် တည်စကလည်း အဂတိလိုက်စားမှုတွေ ရှိနေကြောင်း စက်မှု (၁) ဒုတိယ ဝန်ကြီးဟောင်း ဗိုလ်ချုပ်ကျော်ဝင်းက သတင်းပို့လိုက်လို့ ဗိုလ်ချုပ်ခင်ညွှန့်က အသေးစိတ် စစ်ဆေး ခဲ့ပေမယ့် အရေးမယူနိုင်ခဲ့ဘူးလို့ ခေတ်ပြိုင်ဆောင်းပါးရှင် ဗိုလ်ထက်မင်းက ရေးခဲ့ပါတယ်။ ဒါပေမယ့် သာပေါင်းပျော့ဖတ်စက်ရုံကို တရုတ်ကုမ္ပဏီအကူအညီနဲ့ တည်ဆောက်ရာမှာ တရုတ်ကုမ္ပဏီက ဦးအောင်သောင်းကို ဒေါ်လာ ၁ သန်း ကော်မရှင်ပေးရတယ်လို့ရန်ကုန် အနောက်တိုင်း သံတမန်တချို့က သံသယရှိကြောင်း ပြောခဲ့ပါတယ်။

ပိုင်ဆိုင်မှုတွေ ဒေါ်လာသန်းထောင်ချီ

ကနေ့ဆိုရင် ဝန်ကြီးဦးအောင်သောင်းရဲ့ ပိုင်ဆိုင်မှုတွေဟာ ဒေါ်လာသန်းပေါင်းများစွာ ရှိနိုင်ပါတယ်။ မြန်မာနိုင်ငံတလွှား သားသမီးနာမည်နဲ့ ထားတဲ့ စက်ရုံတွေ၊ ခြံမြေတွေ၊ အပမ်းဖြေ ဥယျာဉ်တွေ၊ ကိုယ်ပိုင်တိုက်တာတွေ အများအပြားဖြစ်ပါတယ်။

ဝန်ကြီးဦးအောင်သောင်းဟာ တချိန်က မကွေးတိုင်း ဗျူဟာမှူး ဗိုလ်မှူးကြီးအဆင့်ကနေ မကွေးတိုင်း ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ဥက္ကဌ၊ ဒီ့နောက် ကုန်သွယ်ရေးဦးစီးဌာန ညွန်ကြားရေးမှူးချုပ်နဲ့ မကြာခင် ဦးအောင်သောင်း ဒု-ဝန်ကြီး၊ ဝန်ကြီး အဆင့်ဆင့်ဖြစ်လာခဲ့တာပါ။ ဒါပေမယ့် ဦးအောင်သောင်းဟာ ညွန်ကြားရေးမှူးချုပ်ဘဝမှာကတည်းက လာဒ်စားမှုအရာမှာ ထင်ရှားခဲ့သူ ဖြစ်တယ်လို့ ရန်ကုန်မြို့က ဝါရင့်နိုင်ငံရေးသမားကြီး သခင်ချန်ထွန်းက ထောက်ပြပါတယ်။

အဂတိလိုက်စားမှုမှာ နာမည်ဆိုးနဲ့ ကျော်ကြားနေတဲ့ ဝန်ကြီးဦးအောင်သောင်းရဲ့ ပိုင်ဆိုင်မှုတွေကို အိမ်ယာပိုင်ဆိုင်မှု၊ ခြံမြေပိုင်ဆိုင်မှု၊ စက်ရုံပိုင်ဆိုင်မှု … စသဖြင့် ခွဲကြည့်မှ ပိုပြီး သရုပ်ပေါ်လွင်မှာ ဖြစ်ပါတယ်။

အိမ်ယာပိုင်ဆိုင်မှုအပိုင်းကို ကြည့်ရင် ရန်ကုန် သမိုင်းချည်စက်နားမှာ နန်းတော်လို ဆောက်ထားတဲ့ အိမ်ကြီးဟာ ဦင်္းအောင်သောင်း ပိုင်တဲ့အိမ် ဖြစ်ပါတယ်။ ဒီအိမ်ကြီးကို စက်မှု (၁) ဝန်ကြီးဌာနနဲ့ စီးပွား ဖက်စပ်လုပ်နေတဲ့ ပုဂ္ဂလိက ကုမ္ပဏီတွေ အကူအညီနဲ့ ဆောက်လုပ်ခဲ့တာဖြစ်တယ်လို့ လုပ်ငန်းရှင် တဦးက ပြောပါတယ်။ အသေးစိတ်ကို ဒီမိုဝေယံဘလော့ဆိုက်က ခုလို ဖော်ပြ ထားပါတယ်။

ဒုတိယပိုင်း ဆက်လက်ရှုစားပါ။

မောင်ဆောက် ( ကျောက်ကာ )

ဦးပိုင်ဘယ်လဲ? ဘာတွေလုပ်နေလဲ? ဘယ်သူတွေအတွက်လဲ?

စစ်တပ်ဆိုတာ နိုင်ငံရဲ့ Budget ( ရသုံးမှန်းခြေ ငွေစာရင်း ) ကနေ
နိုင်ငံအတွက် ကာကွယ်ရေး အသုံးစားရိတ်ဆိုတဲ့ခေါင်းစဉ်အောက်မှာ
ပြည်သူ့ဘဏ္ဍာ သုံးစွဲရတဲ့ နိုင်ငံတော် ကာကွယ်ဖို့ သက်သက်ရှိရမယ့် အဖွဲ့အစည်းတစ်ခုပဲဖြစ်တယ်…

သူလဲ ကျန်တဲ့ Public Servant တွေလို ကျန်တဲ့ ဝန်ကြီးဌာန တွေလို ပြည်သူ့ဝန်ထမ်း သက်သက်ပဲ… လက်နက်ကိုင် ပြီး ပြည်သူကို အနိုင်ကျင့်ပိုင်ခွင့်ဆိုတာ ဝေလာဝေး စစ်တပ်ပိုင် စီးပွားရေး လုပ်ငန်းတွေ ထူထောင်ပြီး ရသမျှ တင်ဒါ လုပ်ပိုင်ခွင့်တွေ အကုန်သိမ်းကျုံးယူဖို့ဆိုတာ စဉ်းစားဥာဏ်ရှိတဲ့ သူတိုင်း လုပ်သင့် မလုပ်သင့် ဆိုတဲ့ သဘောကို နားလည်တယ်…

ဒါပေမယ့် မြန်မာနိုင်ငံမှာ ဦးပိုင်ရှိတယ်…
အရှည်ကောက်ပြောရရင် ပြည်ထောင်စု မြန်မာနိုင်ငံ စီးပွားရေး ဦးပိုင် လီမိတက် ဆိုတဲ့ နာမည် နဲ့ မြန်မာ့ စီးပွားရေး က နေရာတော်တော်များများမှာ လက်ဝါးကြီးအုပ် အရင်းရှင် စနစ်နဲ့ လုပ်ပိုင်ခွင့် မှန်သမျှ ကို စစ်တပ်အာဏာ အလွဲသုံးစားပြုပြီး စိုးမိုးနေတာ ကြာလှပေါ့ ဟိုနေရာလဲ သူတို့  ပါခဲ့တယ်… ဒီနေရာလဲ သူတို့  ပါခဲ့တယ်…

သူတို့  ဦးပိုင် စထောင်ရတဲ့ ရည်ရွယ်ချက် ၄ ရပ်လဲရှိတယ်… အဲဒါတွေက
၁ ။ တပ်မတော်သားများနှင့် ယင်းတို့ ၏ မှီခိုသူ ဇနီး သားသမီးများ သက်သာချောင်ချိရေး
၂ ။ စစ်မှုထမ်းဟောင်းများနှင့် ယင်းတို့ ၏ မှီခိုသူ ဇနီး သားသမီးများ သက်သာချောင်ချိရေး
၃ ။ ပြည်သူလူထု သက်သာချောင်ချိရေးအား အထောက်အကူဖြစ်စေရေး
၎ ။ နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုကို အထောက်အကူဖြစ်စေရေး.. ဆိုတဲ့ ရည်ရွယ်ချက် ၄ ရပ်ပဲဖြစ်တယ်…

အဲဒီမှာ မေးစရာ မေးခွန်းတွေက တပ်မတော်သားများ စစ်မှုထမ်းဟောင်းများ နှင့် ယင်းတို့၏ မှီခိုသူ ဇနီး သားသမီးများ သက်သာချောင်ချိရေး ကို ရည်ရွယ်ချက် သီးသန့် အနေနဲ့ ထည့်ထားပြီး ဘယ်လောက်ထိ သူတို့ ရဲ့ စားဝတ်နေရေး ကို တစ်ထောင့်တစ်နေရာကနေ တာဝန်ယူဖြည့်ဆည်း ပေးနေလဲ ဆိုတာပါ…

နောက် မေးခွန်းတစ်ခုကတော့ အစိုးရ တာဝန် တစ်ရပ်ဖြစ်တဲ့ ပြည်သူလူထု သက်သာချောင်ချိရေး မှာ တပ်မတော်သားများ စစ်မှုထမ်းဟောင်းများ ဆိုတဲ့ ခေါင်းစဉ်အောက်က ပဂ္ဂိုလ်တွေကို ဘာ့ ကြောင့် ပြည်သူ စာရင်းထဲ မသွင်းပဲ သပ်သပ်ထားရတာလဲ ဆိုတဲ့ မေးခွန်းပဲဖြစ်ပါတယ်…

စေ့စေ့တွေးမှ ရေးရေးပေါ်တဲ့ ကိစ္စမျိုးတော့ မဟုတ်ပါဘူး…
ရှင်းရှင်းပြောရင် အပေါ်က မေးခွန်းတစ်ခုကို အဖြေ ပေးသွားတာကတော့ စစ်တပ် ယူနီဖောင်းအဟောင်းအနွမ်းလေးတွေနဲ့ လက်ထဲမှာ ဗိုလ်ချုပ် အောင်ဆန်း စာအုပ် ဒေါ်အောင်ဆန်းစုကြည် စာအုပ်လေးတွေကိုင်ပြီး လမ်းထဲမှာ ဈေးထဲမှာ ကားမှတ်တိုင်မှာ နေရာစုံမှာ လိုက်ရောင်းနေကြရတဲ့ စစ်မှုထမ်းဟောင်းတွေကို အမြဲလိုလိုတွေ့နေရလို့ပါပဲ…

ဗိုလ်ကနေ ဗိုလ်ကြီး အဆင့်ရှိ In Service တော်တော်များများ နဲ့  သူတို့ရဲ့ မှီခိုသူ မိသားစု တော်တော်များများမှာလဲ ဆိုင်ရာပိုင်ရာ အဆက်အသွယ် အတွယ်အကပ် နေရာကောင်း နောက်ခံ ဘက်ဂရောင်းသာ တောင့်တင်းခိုင်မာမှု မရှိရင် ဘယ်လို ရပ်တည်ကြရသလဲ ဆိုတာ အဲဒီအသိုင်းအဝိုင်း ပတ်ဝန်းကျင်နဲ့ နီးစပ်သူ တော်တော်များများလဲ သတိထားမိကြမှာပါ…

ဒါဆို သူတို့ ရဲ့  သက်သာချောင်ချိရေး အတွက် ဆိုပြီး စစ်တပ် တစ်ခုအနေနဲ့နိုင်ငံတော် ကာကွယ်ရေးအဖွဲ့အစည်းတစ်ခုအနေနဲ့ စီးပွားရေး မလုပ်သင့်တဲ့ အနေအထားမှာ ပြောင်ပြောင်တင်းတင်း စီးပွားရေး လုပ်နေတဲ့ ဦးပိုင် အနေနဲ့ ဘာကြောင့်များ သူတို့ ကို လှည့်မကြည့်ပဲ ပစ်ထားတာလဲ…

ဘယ်သူတွေက ဘယ်လိုရပြီး ဘယ်လောက်ထောနေတဲ့ အချိန်မှာ ကိုယ့်အောက်က အဖွဲ့အစည်းတူ ညီအကိုတွေ ဘယ်လို အနေအထားမျိုးနဲ့ ရပ်တည် စားသောက်နေရသလဲ ဆိုတာ စဉ်းစားပေးဖို့ ကောင်းတယ် လို့ မြင်မိတယ်…

ပြည်သူလူထု သက်သာချောင်ချိရေးအား အထောက်အကူဖြစ်စေရေး ဆိုတဲ့
ရည်ရွယ်ချက်ကြီးကတော့ တော်တော် ရီဖို့ကောင်းမှာပါ….
ဘာကြောင့်လဲ ဆိုတော့ တကယ် သက်သာချောင်ချိသွားတာက
အခွင့်အထူးခံ ရေပေါ်ဆီ Elite လူတန်းစား သပ်သပ်တစ်ရပ် ပဲ ဖြစ်ပြီး ထုံးစံအတိုင်း ကျောမွဲ နင်းပြား ပြည်သူလူတန်းစားကတော့ ပျောက်မသွားတဲ့ အပြင် ပိုပိုသာ ဆိုးလာခဲ့တာ အားလုံးမျက်မြင် ကိုယ်တွေ့ဖြစ်နေလို့ပါပဲ…

သူတို့  တကယ်ကြည့်ခဲ့တာက ပြည်သူလူထု အကျိုးသာ ဖြစ်ခဲ့မယ်ဆိုရင် လက်ပံတောင်းကြေးနီစီမံကိန်း လိုမျိုး ကိုယ့်သဘောနဲကိုယ် ပွင့်လင်းမြင်သာမှု မရှိတဲ့ ဖက်စပ်စာချုပ်တွေ လုပ်ပိုင်ခွင့် တွေ ပေးခဲ့မှာ မဟုတ်ပါဘူး ကိုယ့်တိုင်းပြည် ကိုယ့်သယံဇာတတွေကိုသာ နှမြောတတ်ခဲ့ရင် ကမ္ဘာကို ကိုယ့်ပြည်တွင်းထွက် သယံဇာတ ပစ္စည်းတွေကို သူခိုးဈေးနဲ့ လက်သိပ်ထိုး ရောင်းခဲ့မှာ မဟုတ်ဘူး… အများကြီး အများကြီးပါ…
ဒါတွေပြောရင် တစ်ထောင့်တစ်ည ပုံပြင်စာအုပ် ကုန်သွားလိမ့်မယ်…
အဲဒီအကြောင်းတွေ ထိုင်ပြောလို့ ကုန်နိုင်ဖွယ် မမြင်ဘူး…

နောက်ဆုံး ရည်ရွယ်ချက်ကတော့ နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက် အကူဖြစ်စေရေး ဆိုတဲ့ ခေါင်းစဉ်ပဲဖြစ်တယ်
အဲဒီမှာ သူတို့  စာမတတ် ပညာမတတ်မှန်း သေချာသွားတော့တာပဲ…
အပြည့်အဝဈေးကွက် ယှဉ်ပြိုင်မှု ( Perfect Competition ) မရှိတဲ့
တစ်ဦးတည်းချယ်လှယ်ချုပ်ကိုင်သော ဈေးကွက် ( Monopoly Market ) မှာ
ဘယ်လိုမျိုး သုံးစွဲသူ တွေရဲ့ စိတ်ကျေနပ်မှုအပေါ် ဖြည့်ဆည်းပေးနိုင်စွမ်းတွေ
အသစ်အသစ်သော နည်းပညာ တွေ သုံးစွဲပြီး သုံးစွဲသူတွေအပေါ် ဝန်ဆောင်မှုပေးခြင်းတွေ တစ်ဦးတည်း ဈေးကွက်ကို ချုပ်ကိုင်ချယ်လှယ်ပြီး မရှိမဲ့ ရှိမဲ့ ပြည်သူတွေရဲ့ ချွေးနှဲစာ ပိုက်ဆံတွေကို မတရား ဂုတ်သွေးစုတ် ယူတဲ့ နည်းလမ်းတွေဟာ Economics ကို စိတ်ဝင်စား တတ်ကျွမ်းလို့
နိုင်ငံအတွက် အလုပ်လုပ်တယ်လို့ ထင်ကိုမထင်ရပဲ ကိုယ့်ရဲ့ မိခင်နိုင်ငံတော်က ပေးထားတဲ့ စစ်တပ်အာဏာကို ကိုယ့်အကျိုးစီးပွား အတွက် လက်တစ်လုံးခြား အသုံးပြုရုံသက်သက်ဆိုတာ ထင်ရှားတဲ့အပြင်
ကိုယ့်အသိုင်းအဝိုင်း ကိုယ့်မိသားစု ကိုယ့်ဆွေမျိုး ကိုယ့်အဖွဲ့အစည်း ကောင်းစားရေး သက်သက်ကိုသာ ရှေးရှုတဲ့ Nepotism ဆန်ဆန် လှုပ်ရှားသွားတဲ့ အပြုအမူ စစ်စစ်တွေကိုသာ တွေ့မြင်ခဲ့ကြရတော့
ဒီရည်ရွယ်ချက်လဲ ကောင်းရဲ့ နဲ့  မြောင်းထဲ ရောက်သွားခဲ့ရပြန်တယ်လို့ စိတ်နာနာ ရင်နာနာ စိတ်မကောင်းစွာနဲ့ပဲ ထပ်သတ်မှတ်ရတော့မှာ ပဲဖြစ်ပါတယ်…

ဒီလို ကိစ္စတွေ ဟာ ကိုယ့်တာဝန် ကိုယ့်နေရာ ကိုယ့်အရည်အချင်း ကိုယ်မသိလို့ ဖြစ်လာတဲ့ ပြဿနာတွေလို့ပဲ သတ်မှတ်ရမှာပါ…. ရှင်းရှင်းပြောရရင် မြန်မာစကားပုံ ဒူးနေရာဒူး တော်နေရာတော် ဆိုတဲ့သဘောပါ…

လက်က လက်အလုပ်လုပ်…ခြေက ခြေအလုပ်လုပ်…ခေါင်းက ခေါင်းအလုပ်လုပ်ရင် ဒါမျိုး နိုင်ငံ ချွတ်ချုံမွဲကျသွားမှာ မဟုတ်ပါဘူး
LDC ( Least Develop Country ) စာရင်းထဲ ရောက်သွားမှာမဟုတ်ပါဘူး….

ဒီမိုကရေစီ နိုင်ငံတော်သစ်ကြီးဆီကို တစ်လှမ်းပြီးတစ်လှမ်း
လျှောက်နေပါတယ်လို့ ပြောနေ ကြေငြာနေတဲ့ ဒီအချိန်မှာ ပြုပြင်သင့်တဲ့ ကိစ္စတွေကတော့ ဒုနဲ့ ဒေးပါပဲ…

အဲဒီပြုပြင်သင့်တဲ့ ကိစ္စတော်တော်များများရဲ့ ထိပ်ဆုံးမှာကြယ်ပွင့်ပြ အနေနဲ့ တည်ရှိနေတဲ့ Issue ကတော့ အနာဂတ် ပြည်ထောင်စု မြန်မာနိုင်ငံတော် နဲ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် ရဲ့ အခန်း ကဏ္ဍပဲဖြစ်ပါတယ်.. ဦးပိုင် ဘာလဲ ဘယ်လဲ ဆိုတာလဲ မေးခွန်း အထုတ်သင့်ဆုံးအချိန်ပဲ ဖြစ်ပါတယ်..

နိုင်ငံအတွက် အကျိုးမပြုတော့တဲ့ ခေတ်စနစ် အဆိုး အဟောင်းတွေကို ပြုပြင်ပြီး အနာဂတ် နိင်ငံတော် သစ်တည်ဆောက်ရမယ့် အချိန်မှာ ဦးပိုင် သည် အုတ်လား သဲလား… ဒါမှမဟုတ် တုတ်လား ဂဲလား ဆိုတာ သေသေချာချာ ပြရတော့မယ့် အချိန်ရောက်ပြီလို့ သတိပေးတိုက်တွန်းရင်း….

Rioting Condition in Meikhtila, Burma

မတ်လ ၂၀ ရက်နေ့ နံနက်ပိုင်းက ရွှေအရောင်းအ၀ယ် ပြုလုပ်ရာမှ စတင်ခဲ့သော မိတ္ထီလာမြို့မှ ပဋိပက္ခအခြေများမှာ မတ်လ ၂၁ ရက်နေ့ ညနေပိုင်းအချိန်ထိ ပြန်လည်တည်ငြိမ်မှု မရှိသေးသော်လည်း ယမန်နေ့ညပိုင်းကလောက် ပြင်းထန်ဆိုးရွားမှု မရှိတော့ကြောင်း Eleven Media Group သတင်းထောက်၏ သတင်းပေးပို့မှုအရ သိရပါသည်။

ဆူပူမှုများအား ထိန်းသိမ်းရန်အတွက် ယမန်နေ့ညက ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့သော်လည်း ဆူပူသူ လူစုလူဝေးမှာ နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့ကြပြီး သေဆုံးသူ ငါးဦးနှင့် ဒဏ်ရာရရှိသူ ၂၂ ဦးရှိကြောင်း မိတ္ထီလာ ပြည်သူ့ဆေးရုံမှ တာဝန်ကျ ဆရာဝန်တစ်ဦးက မွန်းတည့် ၁၂ နာရီအချိန်တွင် ပြောကြားပါသည်။

A

C b

 

ပို့ကုန် ၁၅၂၊ သွင်းကုန် ၁၆၆

လာမည့် ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာရေးနှစ်အစ မတ်လဆန်းမှ စတင်ပြီး ပို့ကုန် ၁၅၂ မျိုး၊ သွင်းကုန် ၁၆၆ မျိုး လိုင်စင်လျှောက်ထားရန် မလိုဘဲ ပို့ကုန်သွင်းကုန် လုပ်ငန်းများ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာခဲ့သည်။

”အလိုအလျောက် လိုင်စင်ထုတ်ပေးနေတဲ့ ပို့ကုန် ၁၅၂ မျိုး၊ သွင်းကုန် ၁၆၆ မျိုးကို အရင်ခွင့်ပြုပေးတာပါ။ လာမယ့် ဧပြီလ ၁ ရက်နေ့မှာ အရေးကြီးနဲ့ ကန့်သတ်ကုန်စည်တွေက လွဲလို့ ကျန်တဲ့ကုန်စည်အားလုံးကို ခွင့်ပြုသွားမှာပါ” ဟု ကုန်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါသည်။

ယခုကဲ့သို့ လိုင်စင်လျှောက်ထားရန် မလိုဘဲ ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်ခွင့်သည် ပထမအဆင့်ဖြစ်ပြီး ဧပြီလ ၁ ရက်နေ့တွင် ဒုတိယအဆင့် ထပ်မံဖြေလျှော့မည် ဖြစ်သည်။ ထိုသို့ဖြေလျှော့ရာတွင် အရေးတကြီး ကုန်စည်များနှင့် ဥပဒေကြောင်းအရ ဝန်ကြီးဌာနမှ တားမြစ်ထားသော ကုန်စည်များမှအပ ကျန်ပို့ကုန်သွင်းကုန် ကုန်စည်များကို လိုင်စင်လျှောက်ထားရန် မလိုဘဲ ကုန်သွယ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ညှိနှိုင်း၍ ခွင့်ပြုပေးသွားမည် ဖြစ်သည်။

တိုတိုထွာထွာသတင်းများ

(1) လက်ပံတောင်းတောင် သပိတ်စခန်းဖြိုခွင်းမှုနှစ်လပြည့် ဆန္ဒထုတ်ဖော်

လက်ပံတောင်းတောင် သပိတ်စခန်းများ ဖြိုခွင်း ခံရခြင်း နှစ်လ ပြည့်မြောက်သည့် ယနေ့ ဇန်နဝါရီလ၂၉ ရက်နေ့တွင် စီမံကိန်း ဒေသခံ ပြည်သူများ က မြန်မာဝမ်ပေါင် ကုမ္ပဏီရှေ့ ရှိ ပုသိမ်၊ မုံရွာ အဝေးပြေး လမ်းမကြီး ပေါ်တွင် ဆန္ဒ ထုတ်ဖော်ခဲ့ရာ လက်ပံတောင်းတောင် စီမံကိန်း ဖျက်သိမ်းရေး၊ ပုဒ်မ၁၄၄ ထုတ်ပြန်ထားမှုအား ပယ်ဖျက်ပေးရေး၊ ပြည်သူများ၏ နစ်နာချက် လွှတ်တော်က အမြန်ဆောင်ရွက်၊ သပိတ်စခန်း ဖြိုခွင်းမှုတွင် ပါဝင်ခဲ့သူ များအား အမြန်ဆုံး အရေးယူပေးရေး နှင့် လက်ပံတောင်းတောင် အရေး ဆောင်ရွက်သူ များအား ဖမ်းဆီး ထားမှုများ ချက်ချင်းလွှတ် စသည့် အချက် ၅ချက်အား တောင်းဆို ခဲ့ကြောင်း ယင်း ဆန္ဒထုတ်ဖော်မှုတွင် ပါဝင်ခဲ့သူ တစ်ဦးက ပြောကြားသည်။

http://www.facebook.com/media/set/?set=a.526446080708989.117887.158797964140471&type=1

(2) အီလက်ထရောနစ် ဥပဒေသစ်ရေးဆွဲ၍ အဟောင်းအားပယ်ဖျက်မည်

အီလက်ထရွန်းနစ်ဥပဒေပြစ်မူနှင့် ပြစ်ဒဏ်မှာ ခေတ်နှင့်မလျှော်ညီတော့သဖြင့် ပြင်ဆင်ပယ်ဖျက်သွားမည်ဖြစ်ကြောင်း ဆက်သွယ်ရေး၊ သတင်း အချက်အလက်နှင့် နည်းပညာဝန်းကြီးဌာန ဒုတိယ၀န်ကြီး ဦးသောင်းတင်က ပြောကြားခဲ့သည်။
ဦးသိန်းညွှန့်ရဲ့ဆွေးနွေးချက်တွေက ခေတ်စနစ်အရလိုက်လျောညီထွေမှုရှိပြီး လျှော်ကန်သင့်မြတ်ပါကြောင်း တွေ့ရှိရပါတယ်”ဟု ဒုတိယ၀န်ကြီးဦးသောင်းတင်က ပြောကြားခဲ့သည်။

http://www.facebook.com/permalink.php?story_fbid=121755461333411&id=263177123702774

(3) Myanmar Times အင်္ဂလိပ်အယ်ဒီတာချုပ် ဒန်ကလေ တရားစွဲခံရ
အင်္ဂလိပ်-မြန်မာ နှစ်ဘာသာနဲ့ထုတ်ဝေနေတဲ့ မြန်မာတိုမ်းဂျာနယ်ရဲ့ အင်္ဂလိပ်ဘာသာ အယ်ဒီတာချုပ် မစ်စတာ ရော့စ်ဒန်ကလီကို Myanmar Consolidated ကုမ္ပဏီရဲ့ ဒါရိုက်တာက ကိုယ်ထိလက်ရောက် ကျူးလွန်မှုအပါအ၀င် ပုဒ်မ နှစ်ခုနဲ့ ကျောက်တံတား ရဲစခန်းမှာ မနေ့ကပဲ အမှုဖွင့်လိုက်ပါတယ်။

(4) အများပြည်သူ နားနေရာ ပန်းခြံအချို့အား အိမ်ရာစီမံကိန်းများအဖြစ် စီစဉ်မှုများရှိနေ

ရန်ကုန်မြို့ရှိ အများပြည်သူ အပန်းဖြေရာ ပန်းခြံအချို့အား အိမ်ရာစီမံကိန်းများအဖြစ် ဆောက်လုပ်ရန် စီစဉ်မှုများ ရှိနေသည်ဟု သတင်းရရှိသည်။

ရန်ကုန်မြို့ ရှစ်မိုင်လမ်းဆုံရှိ မြိုင်ဟေ၀န် ပန်းခြံနေရာ၊ ကမ္ဘာအေး စေတီလမ်းနှင့် တက္ကသိုလ်ရိပ်သာ လမ်းထောင့်ရှိ ကုက္ကိုင်းပန်းခြံတို့တွင် အိမ်ရာစီမံကိန်းများ ဆောက်လုပ်ရန် စီစဉ်မှုများ ရှိနေသည်ဟု သတင်းများ ထွက်ပေါ်နေသည်။ See more,

http://www.first-11.com/index.php?option=com_content&view=article&id=17650:2013-01-30-04-43-17&catid=43:2009-11-10-07-39-09&Itemid=111

(5) မိုဘိုင်းဆင်းကတ်ဈေး နှစ်သောင်းကျပ် ဖြစ် မဖြစ် ဆက်သွယ်ရေး အရှုပ်တော်ပုံ ရှင်းပြီးမှ သိမည်

လတ်တလော ဖြစ်ပွားနေသော ဆက်သွယ်ရေး အရှုပ်တော်ပုံကို ရှင်းလင်းပြီး မှသာ တန်ဖိုးနည်း မိုဘိုင်း ဆင်းကတ်ဈေးကို သိရှိမည်ဟု သမ္မတရုံး ဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဦးစိုးသိန်းက ပြောသည်။

http://www.thithtoolwin.net/2013/01/popular-myanmar-news-journal-01-30-13-1.html

(6) ကျောက်မျက်ရတနာလုပ်ကွက်သစ် ထပ်ချပေးတော့မည် မဟုတ်

ကျောက်မျက်ရတနာ လုပ်ကွက်အသစ်များ ထပ်မံချထားပေးတော့မည်မဟုတ်ဟု သတ္တုတွင်းဝန်ကြီးဌာနမှ တရားဝင်ထုတ်ပြန်လိုက်သည်။

မြန်မာ့ကျောက်မျက်ရတနာ လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးကော်မတီ၏ ၁/၂ဝ၁၃ အစည်း အဝေး ဆုံးဖြတ်ချက်အရ ကျောက် မျက်နှင့် ကျောက်စိမ်း လုပ်ကွက် အသစ်များ ထပ်မံချထားမပေးတော့ ခြင်းသည် ဇန်နဝါရီလ ၂၉ ရက် နေ့တွင်စတင်အသက်ဝင်မည်ဟု သတ္တု တွင်းဝန်ကြီးဌာနမှ ပြောခွင့်ရ တစ် ဦးက ပြောသည်။ See more,

http://popularmyanmar.com/mpaper/2013/01/%e1%80%b1%e1%80%80%e1%80%ba%e1%80%ac%e1%80%80%e1%80%b9%e1%80%99%e1%80%ba%e1%80%80%e1%80%b9%e1%80%9b%e1%80%90%e1%80%94%e1%80%ac%e1%80%9c%e1%80%af%e1%80%95%e1%80%b9%e1%80%80%e1%80%bc%e1%80%80%e1%80%b9/

(7) ဆက်သွယ်ရေးလုပ်ငန်းအရာရှိ ၈ ဦးကို အလွဲသုံးစားလုပ်မှုနဲ့ တရားစွဲဆိုခံရ

ဆက်သွယ်ရေးနဲ့ သတင်းအချက် အလက်ဝန်ကြီးဌာန လက်အောက်ခံ ဌာနတစ်ခုဖြစ်တဲ့ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း အထွေထွေမန်နေဂျာ ဦးသိန်းဦးနဲ့ အခြားအဆင့်မြင့်အရာရှိ ၇ ဦး ကို နေပြည်တော်မှာရှိတဲ့ ရဲစခန်းတစ်ခုမှာ နိုင်ငံပိုင် ပစ္စည်း အလွဲသုံးစားလုပ်မှုနဲ့ အမှုဖွင့်အရေးယူထား တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ အရာရှိတစ်ဦးက RFA ကိုဒီကနေ့ အတည်ပြု ပြောကြားလိုက်ပါတယ်။ See more,

https://www.facebook.com/pages/Myanmar-Online-News/459386844101959?ref=stream#!/photo.php?fbid=525137500860226&set=a.459462620761048.101426.459386844101959&type=1&theater

(8) စစ်ကိုင်း တံတား အနီးတွင် နိုင်ငံတကာ ဆိပ်ကမ်း ဆောက်မည်
စစ်ကိုင်း တံတား အထက် ဧရာဝတီ မြစ်ကမ်း တစ်လျှောက်တွင် နိုင်ငံတကာ အဆင့်မီ ဆိပ်ကမ်း တစ်ခု ဖြစ်လာရန် စီစဉ်နေကြောင်း မန်း တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။ See more,

http://yoyarlay.com/biz/local-biz/33994-2013-01-29-06-06-13

(9) နာမည်ကျော် Carlsberg ဘီယာအုပ်စုနှင့် မြန်မာ MGS အုပ်စု အကျိုးတူပူးပေါင်းပြီး ဘီယာထုတ်လုပ်ရောင်းချမည်

နာမည်ကျော် Carlsberg ဘီ ယာအုပ်စုနှင့် မြန်မာ MGS ကုမ္ပဏီများအုပ်စု အကျိုးတူပူးပေါင်းပြီး ဘီယာထုတ်လုပ်ရောင်းချမည် ဖြစ်ကြောင်း MGS(Myanmar Golden Star) ကုမ္ပဏီထံမှ သတင်းရရှိပါသည်။ See more,

http://news-eleven.com/index.php?option=com_content&view=article&id=17660:-carlsberg—mgs—&catid=42:2009-11-10-07-36-59&Itemid=112

(10) နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု နည်းဥပဒေ ဇန်န၀ါရီ ၃၁တွင် ပြဋ္ဌာန်းမည်
ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံသူများ မျှော်လင့်နေသည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု နည်းဥပဒေကို ဇန်န၀ါရီ ၃၁ ရက်တွင် ထုတ်ပြန်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ သတင်းရရှိသည်။ See more,

လေယာဉ်ကွင်းအကြောင်း ပြောချင်တာလေးတွေ

ရင်ထဲကလိကလိ ဖြစ်နေတာ အတော်ကြာပါပြီ။ ပြောချင်တာလေးတွေ ချပြ ပြောပြချင်လိုက်တာမှ ဟိုဘက်ရောက်နေတာနဲ့ပဲ စာအနေနဲ့ချရေးလိုက်ရတယ်။ ဒီရက်ပိုင်းတွေမှာ ကိုရွှေထူးလည်း ဗျာတွေများ အလုပ်တွေရှုပ်နေလိုက်တာ ရေးနေကျ စာတွေ မရေးဖြစ်တာ ကြာပါပြီကောလား။ တခြားတော့ မဟုတ်ပါဘူး။ မြန်မာနိုင်ငံထဲမှာ ရှိနေ၊ လက်ရှိလည်း အသုံးပြုနေရတဲ့ လေကြောင်းလိုင်း ကိစ္စတွေပေါ့။ ကိုရွှေထူး လေကြောင်းလိုင်းတွေအကြောင်း ကောင်းကောင်းသိအောင် လိုက်စုံစမ်းရတယ်။ ဒါပေမယ့် သိပ်တောင်မမေးလိုက်ရပါဘူး ဘယ်လောက်များ ပြောချင်နေတယ်မသိ ချက်ခြင်းအဖြေတွေ ရလာပါတယ်။

မြန်မာနိုင်ငံရဲ့ လေဆိပ်တွေ အခြေအနေ အရင်ပြောပြရရင် နှစ်ပေါင်း ၄၀ လောက် သုံးခဲ့ရတဲ့ NDB (Non Directional Beacon) လေကြောင်းလမ်းညွှန်စက်တွေ သုံးနေတုန်းပဲ။ လေယာဉ် ဘယ်နားက ဘယ်လိုဆင်း ဆိုတဲ့ကိစ္စတွေကို ညွှန်ကြားပေမယ့် စက်ရဲ့ သက်တမ်းက ကိုရွှေထူး နှဖူးရိုက်မိလောက်အောင်ပါပဲ။ NDB ဟာ လေယာဉ်တစ်စင်း ကွင်းကိုဆင်းမယ်ဆိုရင် ဖြစ်ပေါ်နေတဲ့ ရာသီဥတုအခြေအနေတွေ၊ အနေအထားတွေ ထုတ်လွှင့်ဖမ်းယူတဲ့ကိရိယာဖြစ်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ အားနည်းချက်က ရာသီဥတုဒဏ်၊ တောင်ခိုးများကြောင့် အဆက်အသွယ် လမ်းညွှန်မှုဖမ်းယူတဲ့နေရာမှာ အခက်အခဲဖြစ်စေပါတယ်။

လေယာဉ်တစ်စင်းဟာ အမြင့်ပေပေါင်း သောင်းနဲ့ချီတဲ့ အမြင်မှာပျံသန်းရပါတယ်။ မျက်မြင်နဲ့ မောင်းလို့ရတဲ့ အနေအထားမဟုတ်ပါဘူး။ Station ကနေ ရရှိတဲ့ သတင်းအချက်အလက်တွေကို စီစစ်ပြီးမှ pilot က ထိန်းကျောင်း မောင်းနှင်ရပါတယ်။ လမ်းကြောင်းနဲ့ပတ်သက်တဲ့ အချက်အလက်တွေ ဖမ်းယူဖို့ အခက်အခဲ ဖြစ်မယ်ဆိုရင် ဘယ်လောက်တောင် ကသောင်းကနင်းနိုင်ပြီး အန္တရာယ်ကြီးမားတယ်ဆိုတာ စဉ်းစားနိုင်မယ်လို့ ထင်ပါတယ်။ မျက်မမြင်တစ်ယောက် ချောက်ကမ်းပါးမှာ လမ်းလျှောက်နေသလိုပဲ အချိန်မရွေး အသက်ဆုံးနိုင်ပါတယ်။

AFTN လို့ခေါ်တဲ့ Aeronautical Fixed Telecommunication Network တွေကိုလည်း ဂျပန် ကုမ္ပဏီတစ်ခုဖြစ်တဲ့ Taisei co., ကနေ တည်ဆောက်ပေးခဲ့တာ ဆယ်စုနှစ်တစ်ခုကျော်လောက်တောင် ကြာခဲ့ပြီဆိုပဲ။ ဒါတောင် လေယာဉ်ကွင်းအားလုံး AFTN ကိုမသုံးနိုင်သေးပါဘူး။ HF Frquency ကိုသာ Flight Information System ကို လုံးဝအားထားအသုံးပြုနေရပါသေးတယ်။

နောက်တစ်ခု အရေးကြီးဆုံးက Instrument Landing System လို့ခေါ်တဲ့ ILS စနစ်ဖြစ်ပါတယ်။ လေယာဉ်ဆင်းရင် ဘေးအန္တရာယ်အကင်းဆုံး အနေအထားဆင်းနိုင်ဖို့အတွက် အချက်ပြစနစ် ဖြစ်ပါတယ်။ ဒါကို မြို့သုံးမြို့ဖြစ်တဲ့ ရန်ကုန်၊ နေပြည်တော်နဲ့ မန္တ္တလေးတို့မှာပဲ သုံးနိုင်ပါတယ်။ ဘာလို့မသုံးနိုင်တာလည်း မေးရင် ဘတ်ဂျက်ကြောင့်ပါလို့ဖြေပါတယ်။ ဒါ လေဆိပ်မှာ မဖြစ်မနေ လိုအပ်နေတဲ့ ကိစ္စ ဖြစ်တဲ့အတွက် နိုင်ငံတော်အနေနဲ့ရော နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေ ဘောင်တွေမူဝါဒတွေပါ မေ့ထားပြီး ရသမျှ သပိတ်ဝင်အိတ်ဝင် ကိုယ်ကောင်းစားရေးပဲကြည့်နေတဲ့ မြန်မာ့ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဌ ဦးစိုးသိန်းတစ်ယောက် ရှင်းလင်းစေချင်မိတယ်။

နောက်တစ်ချက်က မြန်မာနိုင်ငံရဲ့ ဝေဟင်ပိုင်နက် ဖြတ်ကျော်ပျံသန်းနေတဲ့ လေယာဉ်အစင်းရေ ၅၀၀ ကနေ ၁၀၀၀ ထိရှိပါတယ်။ အဲဒီ ဝေဟင်ပိုင်နက်ကို အသုံးပြုတဲ့အတွက် မြန်မာနိုင်ငံဟာ လစဉ်ဒေါ်လာ သန်းပေါင်းများစွာ ဝင်ငွေရနေပါတယ်။ ဒါပေမယ့် လေယာဉ်ကွင်းတွေ လေဆိပ်တွေရဲ့ အခြေအနေဟာ ICAO လို့ခေါ်တဲ့ International Civil Aviation Organization ရဲ့ စံသတ်မှတ်ချက်တွေရဲ့အောက်ကို ရောက်နေခဲ့တာ နှစ်ပေါင်း (၂၀) ကျော်ရှိနေပြီလို့ ဝမ်းနည်းစွာသိရပါတယ်။

အဆိုးတကာ အဆိုးဆုံးအချက်တွေထဲမှာတော့ Fire Fighting system တွေပြည့်စုံ လုံလောက်အောင် မရှိတဲ့အပြင် ရှိနေတာတွေလည်း Maintenance မလုပ်နိုင်တဲ့အတွက် ပျက်စီး ယို့ယွင်းကုန်တယ်လို့ သိရတယ်။ ဘယ်လောက်တောင် အောက်ဆုံးထိပို့ဦးမလဲဆိုတာ မစဉ်းစားတတ်တော့ပါဘူး။

တိုင်းပြည်နဲ့လူမျိုး အဆင့်မြင့်တင်စေချင်ရင်၊ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေ ကောင်းမွန်စွာ ဆောင်ရွက်နိုင်စေဖို့ ဆိုရင်တော့ ဒါတွေ ဒါတွေကို ပြင်စေချင်တယ်။ လေယာဉ်ပျက်ကြလို့ သေရင် အလကားနေရင်း လူ့အသတ်တွေ ဆုံးရှုံးပါတယ်။ MIC ကိုရော DCA ရဲ့ တာဝန်ရှိသူများပါ အကောင်းဆုံးဖြေရှင်းစေချင်ပါတယ်။

တိုတိုထွာထွာသတင်းများ

(1) ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် အပါအ၀င် လေဆိပ် ၆ ခု၌ လေကြောင်းလမ်းညွှန် စက်ပစ္စည်းများ တပ်ဆင်ရန် ဂျပန်အစိုးရ ကူညီမည်

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် အပါအ၀င် မြန်မာနိုင်ငံရှိ လေဆိပ် ၆ ခု၌ လေကြောင်းလမ်းညွှန် စက်ပစ္စည်းများ တပ်ဆင်နိုင်ရန် ဂျပန်အစိုးရမှ ကူညီသွားမည်ဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ ညောင်ဦး လေဆိပ်၊ ဟဲဟိုး လေဆိပ်၊ သံတွဲ လေဆိပ်၊ ထားဝယ် လေဆိပ်နှင့် ရန်ကုန်မြို့ရှိ လေကြောင်းပညာသိပ္ပံတို့တွင် လေကြောင်းလမ်းညွှန်စက်ပစ္စည်းများ၊ Weather Observing System တပ်ဆင်ရန်နှင့် အခြားလေကြောင်းဘက်ဆိုင်ရာ စက်ပစ္စည်းများ တပ်ဆင်ပေးရန် ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ အတွင်းက မြန်မာနိုင်ငံ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနနှင့် JICA တို့အကြား ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။ See more,
 
(2) ရန်ကုန်မြို့နှင့် မိုင် ၅၀ နီးပါးကွာဝေးသော တိုက်ကြီးမြို့အနီးကို ဗဟိုပြု၍ အင်အားအနည်းငယ်ရှိ မြေငလျင်တစ်ခု လှုပ်ခတ်

၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ ၂၀ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့နှင့် မိုင် ၅၀ နီးပါး ကွာဝေးသော တိုက်ကြီးမြို့အနီးကို ဗဟိုပြု၍ အင်အားရစ်ခ်ျတာစကေး ၃ ဒသမ ၅ အဆင့်၊ အင်အား အနည်းငယ်ရှိ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ သိရှိရသည်။

ဇန်န၀ါရီလ ၂၀ ရက်၊ နံနက် ၆ နာရီ၊ ၂၆ မိနစ်၊ ၄၀ စက္ကန့်အချိန်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ အနောက်မြောက်ဘက် (၃၅) မိုင်ခန့် ကွာဝေးသော တိုက်ကြီးမြို့၏ အရှေ့တောင်ဘက် သုံးမိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အားရစ်ခ်ျတာစကေး ၃ ဒသမ ၅အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ထားချက်များအရ သိရှိရသည်။ See more,

http://www.news-eleven.com/index.php?option=com_content&view=article&id=17488:2013-01-22-05-05-10&catid=43:2009-11-10-07-39-09&Itemid=111

(3) ရန်ကုန်မြို့တော်၏ အနာဂတ်မြို့ပြစီမံကိန်း၌ ယာဉ်ကြောပိတ်ဆို့မှုများ လျော့နည်းစေမည့် ရထားပို့ဆောင်ရေးစနစ်အား တိုးမြှင့်ရန် အဆိုပြုထား

ရန်ကုန်မြို့တော်၏ အနာဂတ် မြို့ပြစီမံကိန်း၌ သယ်ယူပို့ဆောင်ရေးကဏ္ဍ၌ ယာဉ်ကြောပိတ်ဆို့မှုများ လျော့နည်းစေမည့် ရထားပို့ဆောင်ရေးစနစ်အား တိုးမြှင့်ရန်အတွက် မဟာရန်ကုန် မြို့ပြဖွံ့ဖြိုးရေး မဟာဗျူဟာ စီမံကိန်း ကြားဖြတ်အစီရင်ခံစာ (၂) တွင် အဆိုပြုတင်ပြထားကြောင်း သိရသည်။

မဟာရန်ကုန် မြို့ပြဖွံ့ဖြိုးရေး မဟာဗျူဟာ စီမံကိန်းအား ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် JICA တို့ ပူးပေါင်းရေးဆွဲလျက်ရှိရာ စီမံကိန်းအတွက် ၃၉ မြို့နယ်ရှိ အိမ်ထောင်စုများအား လေ့လာစစ်တမ်းကောက်ယူမှုများကို ပြုလုပ်ကာ ကြားဖြတ်အစီရင်ခံစာ (၂) ကို ဇန်န၀ါရီ လဆန်းပိုင်းတွင် စီမံကိန်း ဦးဆောင်ကော်မတီ တတိယအကြိမ် အစည်းအဝေးတွင် တင်ပြခဲ့ပြီးဖြစ်ကြောင်း သိရသည်။See more,

http://www.news-eleven.com/index.php?option=com_content&view=article&id=17483:2013-01-22-04-29-47&catid=43:2009-11-10-07-39-09&Itemid=111

 

(4)မယ်ရီဘရောင်း စားသောက်ဆိုင် နှစ်ဆယ် ခန့် မြန်မာနိုင်ငံတွင် ဖွင့်မည်

မလေးရှား အခြေစိုက် အသင့်စား အစားအသောက်များ ရောင်းချသော မယ်ရီဘရောင်း စားသောက်ဆိုင်များ ကို မြန်မာနိုင်ငံတွင် ဆိုင်ခွဲနှစ်ဆယ် ခန့် ဖွင့်လှစ်သွားရန် ပြည်တွင်း ကုမ္ပဏီတစ်ခုနှင့် သဘောတူစာချုပ် ချုပ်ဆိုခဲ့ကြောင်း အဆိုပါ ကုမ္ပဏီမှ အုပ်ချုပ်မှု ဒါရိုက်တာ နန်စီလျူး၏ ပြောကြားချက်ကို ကိုးကား၍ မလေးရှား အခြေစိုက် ဘနာမာ သတင်းဌာနမှ ဇန်နဝါရီလ ၁၆ ရက်နေ့က ဖော်ပြသည်။

“မြန်မာနိုင်ငံမှာတော့ ကျွန်မတို့က ပထမဆုံးသော အသင့်စား အစားအသောက်ရောင်းချတဲ့ နိုင်ငံခြားကုမ္ပဏီ ဖြစ်လာမှာပါ၊ ဝယ်လိုအား မြင့်မားတဲ့ နေရာမှာ ဘယ်လို ဝန်ဆောင်မှုကောင်းကောင်းတွေ ပေးရမယ် ဆိုတာကို ကျွန်မတို့မှာ အတွေ့အကြုံကောင်းတွေ ရှိနေပါတယ်”ဟု သူမက ပြောကြား ခဲ့ကြောင်း အဆိုပါ သတင်းဌာနမှ ဖော်ပြထားသည်။ See more,

http://www.facebook.com/thevoiceweekly/posts/522682361085361

 

(5) မြန်မာနိုင်ငံရှိ ဟိုတယ်နှင့် စီးပွားရေး အဆောက်အအုံကဏ္ဍ၌ နိုင်ငံခုနစ်နိုင်ငံမှ အမေရိကန်ဒေါ်လာ ၁၄၁၆ ဒသမ ၉၁၉ သန်း မြှုပ်နှံထားပြီး စင်ကာပူက ထိပ်ဆုံးမှ ရပ်တည်
 

မြန်မာနိုင်ငံရှိ ဟိုတယ်နှင့် စီးပွားရေး အဆောက်အအုံကဏ္ဍ၌ နိုင်ငျံပါင်း ခုနစ်နိုင်ငံက အမေရိကန်ဒေါ်လာ ၁၄၁၆ ဒသမ ၉၁၉ သန်း ရင်းနှီးမြှုပ်နှံထားပြီး ယင်းအနက် စင်ကာပူနိုင်ငံက ထိပ်ဆုံးမှ ရပ်တည်နေကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာနမှ ထုတ်ပြန်ထားသော အချက်အလက်များအရ သိရှိရသည်။

မြန်မာနိုင်ငံတွင် ဟိုတယ်နှင့် စီးပွားရေးအဆောက်အအုံများ ရင်းနှီးမြှုပ်နှံ ဆောက်လုပ်လျက် လုပ်ငန်းလည်ပတ်ခြင်းကို စင်ကာပူ၊ ထိုင်း၊ ဂျပန်၊ ဟောင်ကောင်၊ မလေးရှား၊ ဗြိတိန်၊ ဗီယက်နမ်နိုင်ငံတို့မှ ၀င်ရောက်မြှုပ်နှံထားပြီး စင်ကာပူနိုင်ငံသည် ဟိုတယ်နှင့် စီးပွားရေးအဆောက်အအုံ ၁၂ ခုတွင် အမေရိကန်ဒေါ်လာ ၅၉၇ ဒသမ ၇၅၆ သန်းဖြင့် ထိပ်ဆုံးမှ ရပ်တည်နေခြင်းဖြစ်သည်။ See more,

http://www.news-eleven.com/index.php?option=com_content&view=article&id=17494:2013-01-22-06-58-11&catid=99:2011-04-10-07-08-41&Itemid=174

 

(6) မြန်မာလူမျိုးများ ပြည်ပသို့ သွားရောက်မှု များလာ၍ ခရီးသွားဝန်ဆောင်မှု အခွင့်အရေး အပြည့်အ၀ ရရှိရန်အတွက် ခေတ်နှင့်မလျော်ညီတော့သည့် Myanmar Tourism Law အား ပြင်ဆင်နိုင်ရေး တင်ပြထား

ယခုနှစ်များအတွင်း မြန်မာလူမျိုးများ ပြည်ပသို့ ခရီးသွားရောက်မှုသည် မြင့်တက်လာသည့်အတွက် ခရီးသွားဝန်ဆောင်မှုများနှင့် ပတ်သက်၍ အခွင့်အရေး အပြည့်အ၀ရရှိရန် Myanmar Tourism Law အား ပြင်ဆင်နိုင်ရေး တင်ပြထားကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဒေါက်တာအောင်မြတ်ကျော်က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံရှိ ခရီးသွား ကုမ္ပဏီများသည် ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာနမှ လုပ်ငန်းလိုင်စင် ရယူဆောင်ရွက်ရာတွင် ပြည်တွင်းသို့ လာရောက်သော နိုင်ငံခြားသား ခရီးသွားများကိုသာ ခရီးလှည့်လည်သွားလာရေး၌ ၀န်ဆောင်မှုပေးရန် ဆောင်ရွက်ခွင့်ရှိပြီး ပြည်ပသို့ မြန်မာလူမျိုးများအား ခရီးစဉ်များ ပို့ဆောင်မှုအတွက်ကိုမူ ဥပဒေအရ ခွင့်ပြုထားခြင်းမရှိကြောင်း၊ လက်ရှိပို့ဆောင်နေကြသော ခရီးသွား ကုမ္ပဏီများသည် မိမိအစီအစဉ်ဖြင့်သာ စီစဉ်ပို့ဆောင်နေကြခြင်းဖြစ်ကြောင်း သိရှိရသည်။ See more,

http://www.news-eleven.com/index.php?option=com_content&view=article&id=17491:———myanmar-tourism-law—&catid=42:2009-11-10-07-36-59&Itemid=112

 

(7) နှစ်(၃၀)ရန်ကုန်မြို့ပြစီးပွားရေးဇုန်အတွက် မြေဧက(၇၀၀)လိုအပ်နေ

မဟာရန်ကုန်မြို့ပြစီမံကိန်း၏ စီးပွားရေးဇုန်တည်ဆောက်နိုင်ရန် မြေဧက (၇၀၀) ခန့် လိုအပ်မည် ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီမှ သိရသည်။

၂၀၄၀ ခုနှစ် စက်မှုကဏ္ဍတွင် အလုပ်သမား ငါးသိန်းကျော် တိုးနိုင်ဖွယ်ရှိသောကြောင့် စီးပွားရေးဇုန်များ တည်ဆောက်ရန်အတွက် မြေဧကများ လိုအပ်နေခြင်းဖြစ်သည်။

ယခုလက်ရှိ ရန်ကုန်မြို့တွင် စက်မှုဇုန် (၂၄)ဇုန်ရှိပြီး အသုံးမပြုသော မြေလွတ်များအပါအ၀င် ဧကပေါင်း ငါးထောင်ကျော်ရှိကြောင်းကို မြို့ပြစီမံကိန်းဌာနခွဲမှ လက်ထောက်ဌာနမှူး ဦးဝင်းလှိုင်ထွန်းက ပြောသည်။ See more,

http://www.myitmakhamediagroup.com/detail.php?newid=3741

မြန်မာများ၊ ခွေးများ မဝင်ရ

“အစ်ကိုကြီးရေ.. သတင်းထူးပါတယ်၊ သတင်းထူး” လို့ အော်ပြီး မနက်စောစောကြီး ရောက်လာသူ
ကတော့ တပည့်ကျော် မောင်ဆိတ်သိုးပေါ့ခင်ဗျာ။

“မင်းကလည်းကွာ၊ အခုမှ အိပ်ရာထစ ရှိသေးတယ်။ ငါက ကျန်းမာရေး ဂျာနယ်ထုတ်တာ။ ဘာ
သတင်းထူးမှ မလိုဘူး။ သတင်းဂျာနယ်တွေသာ အဲဒီ မင်းသတင်းထူးသွားပေးလိုက်”ဆိုပြီး ပြော
လိုက်တော့ မောင်ဆိတ်သိုးက မျက်နှာငယ်လေးနဲ့

“ဒီသတင်းက အစ်ကိုကြီးလက်နဲ့ရေးမှ ရမှာ။ သတင်း ဂျာနယ်တွေသွားပေးရင် ထူးမခြားနား ဇာတ်
ဖြစ်မှာစိုးလို့ အားကိုးတကြီးလာခဲ့တာ။ ပြီးတော့ဒီကိစ္စက အရေးကြီးတယ်။ ကျွန်တော်တို့နိုင်ငံမှာ
ကျွန်တော်တို့ လူမျိုးကို စော်ကားတဲ့ကိစ္စ ဖြစ်နေလို့” အဲဒီလို မောင်ဆိတ်သိုးပါးစပ်က မပြောစဖူး
ပြောလိုက်တော့ မာဂျေလည်း မျက်စိကျယ်သွားတယ်။

ဒါနဲ့ “ကဲ ဆိုစမ်းပါဦး၊ မင်းရဲ့ကိုယ့်လူမျိုးကိုစော်ကားခံရတဲ့ကိစ္စကြီး။ ငါတို့လူမျိုးကအစော်ကားခံနေ
ရတာကြာပါပြီ”

“ဒီလိုဗျ၊ အခု ကျွန်တော်တို့နိုင်ငံထဲကို နိုင်ငံခြားသားတွေ အတော်လာကြတယ်။ အဲဒီအထဲမှာ
ကိုရီးယားတွေ၊ ယိုးဒယား တွေ၊ ဂျပန်တွေက မဟုတ်မဟတ်တွေ လုပ်နေတာတွေ့လို့။ သူတို့က
ဒီမှာ အိမ်ကြီးကြီးတစ်လုံး ငှားတယ်ဗျာ။ ပြီးရင် သူတို့ဆီကလာတဲ့ တိုးရစ်တွေအတွက် အခန်းတွေ
ဖွဲ့ပြီး ငှားစားတယ်။ သူတို့ရုံး က သူတို့လူမျိုးစကားပြန်နဲ့ တစ်နိုင်ငံလုံး လျှောက်လည်တယ်ဗျာ။
သူတို့လူမျိုး ဖွင့်ထားတဲ့ဆိုင်တွေမှာ စားတယ်။ နောက်ဆုံးမတော့ ကျွန်တော်တို့နိုင်ငံမှာ သူတို့ ယိုခဲ့
တာတွေပဲ ကျန်ခဲ့တော့တယ်”

“အဲဒါက ဟိုတယ်ခရီးတို့၊ အခွန်ဦးစီးတို့၊ ကုမ္ပဏီမှတ်ပုံတင်ရုံးတို့နဲ့ ဆိုင်တယ် ထင်တာပဲ။ ပြည်တွင်း
က တိုးဂိုက်လို့ ခေါ်တဲ့ ခရီးသွားလမ်းညွှန်တွေကိုတော့ ဟိုလိုမ၀တ်ရ၊ ဒီလိုမ၀တ်ရ၊ ဟိုအခွန်ဆောင်၊
ဒီစည်းကမ်းလိုက်နာနဲ့၊ ပြည်ပကနေ ပြည်တွင်းကို တရားမ၀င်လာလုပ်နေ တဲ့သူတွေကိုတော့ ဖမ်းဖို့
ဆီးဖို့၊ အရေးယူဖို့ ဘာဥပဒေမှမရှိဘူး ထင်ပါတယ်ကွာ။ ဗိုလ်တထောင်ဘိုးဘိုးကြီးနတ်ကွန်းမှာ
ယိုးဒယားတိုးဂိုက်က သူ့လူမျိုးတွေကို ဘိုးဘိုးကြီးပွဲတင်ပေးနေတာတောင် ငါ တွေ့ဖူးတယ်။
အောင်မယ် တာဝန်ကျ ဘုရားလူကြီး ပွဲတင်ပေးတာထက်တောင် စနစ်ကျသေး”

“အဲဒီလိုလုပ်နေကြတော့ ဒီကောင် တွေက အိမ်ငှားခပဲပေးရတာလေ။ ကျန်တဲ့ငွေအားလုံး သူတို့
အိတ်ထဲ ရောက်ရုံမက ဟိုတယ်နဲ့ပတ်သက်တဲ့ အခွန်အခ တွေ၊ ကျွန်တော်တို့နိုင်ငံက မနာပေဘူး
လား။ ပြည်တွင်းက ခရီးသွားလမ်းညွှန် တွေ မနစ်နာပေဘူးလား”

“တော်စမ်းပါမောင်ဆိတ်သိုးရယ်၊ တာဝန်ရှိတဲ့ အဖွဲ့အစည်းတွေတောင် မသိချင်ယောင်ဆောင်နေ
တာ။ ငါတို့က အနေသာကြီး”

“ခင်ဗျားကြီးလို နိုင်ငံခြားသား ဘာလုပ်လုပ် အကောင်းထင်နေသူတွေကြောင့် တိုင်းပြည်က
ဗိုလ်ချုပ်ပြောသလို ဖာနိုင်ငံဖြစ်တော့မယ်”

“ဟေ့ကောင် တိုးတိုးပြော။ ငါတို့နိုင်ငံက ဖြစ်နေတာကြာပြီ။ ခုမှ တစ်ရေးလာနိုး မနေနဲ့”

“ဟမ်၊ အဲဒါ ခင်ဗျားကြီးတို့လို စာရေးဆရာတွေမှာ၊ မီဒီယာတွေမှာ တာဝန်ရှိတယ်လေ”

“ဘာဆိုင်လို့လဲ၊ အခုမီဒီယာတွေက ပိုက်ဆံရမယ့်သတင်း၊ ဟုတ်ဟုတ် မဟုတ်ဟုတ် ဇာတ်နာမယ့်
သတင်းတွေပဲ ရေးနေကြတာကို။ အဲဒီလိုရေးမှလည်း တွက်ခြေကိုက်တာလေ”

“သွားပါပြီဗျာ၊ နိုင်ငံတော့ စုံးစုံးမြုပ်ပါပြီ”

“ငါ့လာမပြောနဲ့၊ တာဝန်ရှိသူတွေကို သွားပြော။ အင်အားကြီးပါတယ်ဆိုတဲ့ မီဒီယာတွေကို သွား
ပြော။ ငါက သူတို့ ဆီမှာ ကော်လံစားနဲ့ စာရေးနေရတဲ့ အဆင့်ပဲရှိတာ”

“ဒီထက်ဆိုးတာ ပြောစရာကျန်သေးတယ်။ အခု ရန်ကုန်မှာ မြန်မာမ၀င်ရ ဆိုတဲ့ စားသောက်ဆိုင်
တွေ၊ ဘားတွေ စဖွင့်နေကြပြီ”

“ဒါတော့ ဆိုးတယ်ဟေ့။ သူ့ကျွန်ဘ၀တုန်းက မျက်နှာဖြူတွေက ပဲခူးကလပ်မှာ မြန်မာများ၊ ခွေးများ
ဝင်ခွင့်မပြုဆိုပြီး ဆိုင်းဘုတ်ချိတ်ခဲ့လို့ အတော်ဆူသွားခဲ့ဖူးတယ်။ ကမ်းနားလမ်းက စထရင်းဟိုတယ်
မှာလည်း အရှေ့တိုင်းသားများတည်းခွင့်မပြုဆိုတဲ့စာကပ်ခဲ့ဖူးတယ်။ အခုက ကိုယ့်မင်းကိုယ့်ချင်း
နိုင်ငံလေ ကွာ။ ဒီလိုလုပ်လို့ ဘယ်ရမလဲ”

“လုပ်နေကြလို့ ပြောတာပေါ့ဗျ။ တစ်နေ့က ရွှေဂုံတိုင်မီးပွိုင့်နားရှိတဲ့ ဟိုတယ်အပေါ်ဆုံးက ဘားကို
သူငယ်ချင်းတစ် ယောက်နဲ့ ရောက်သွားတာ။ နိုင်ငံခြားသားမှ၊ ဒါမှမဟုတ် ဂျပန်စကားပြောတတ်မှ
ဝင်ရမယ်ဆိုလို့ စိတ်ဆိုးပြီး ပြန်လာခဲ့ရတယ်။ ပြီးတော့ ခန့်ထားတဲ့ ဘားမယ်လေးတွေက မြန်မာမ
ငယ်ငယ် ချောချောလေးတွေကို တစ်လသုံးသိန်း ပေး ခန့်ထားတယ်တဲ့။ ပြီးတော့ ဆိုင်အားလုံး ည
၁၁ နာရီ ပိတ်ရပေမယ့် မနက် ၂ နာရီအထိ ခပ်တည်တည်နဲ့ ဖွင့်နေသတဲ့။ ပိုင်ရှင်က နိုင်ငံခြားသား
တဲ့။

“ဒီသတင်းက ငါ့အတွက် အရေးကြီးသဟေ့”

“ဒီတော့ ခင်ဗျားကြီးက မြန်မာများ၊ ခွေးများ မ၀င်ရ ဇာတ်တစ်ပတ်လည်ခြင်းဆိုပြီး ရေးတော့မယ်
ပေါ့”

“မရေးပါဘူး၊ ဂျပန်စကားလေး ထမင်းစား ရေသောက်သင်ပြီး အဲဒီဘားက မြန်မာမလေးတွေ ဘယ်
လောက်ချောလဲသွားကြည့်မလို့။ စားပွဲထိုးကို သုံးသိန်း ပေးခန့်တယ်ဆိုကတည်းက..အဟေ ဟေ..
ဟေ”

“အောင်မယ်လေးဗျာ၊ ကျွန်တော့်မှာ တော့ ခင်ဗျားကို အားကိုးတကြီး ပြောလိုက်ရတာ”

“ဒီမယ် လူကလေး မောင်ဆိတ်သိုး၊ တာဝန်ရှိတဲ့သူတွေတောင် မသိတာလား၊ မသိချင်ယောင်
ဆောင်နေတာလား၊ ဘယ်သူနဲ့ ဘယ်လိုပိုင်လို့ ဒီလိုတွေ လုပ်နေကြမှန်းမသိဘဲ ရမ်းရေးလို့ မရပေ
ဘူး။ ငါက အမတ်လည်းမဟုတ်၊ တရားဥပဒေစိုးမိုးရေးမှာ တာဝန်ရှိတဲ့သူလည်းမဟုတ်၊ သတင်း
ဂျာနယ်ထုတ်ခွင့်ရသူလည်းမဟုတ်နဲ့ ဘာကောင်မှမဟုတ်ဘူး လေကွာ။ အဲဒီအစား ရောတိရောရာ
ငါလည်းပါ ဆိုသလို ဂျပန်စကားလေး သင်ပြီးသွားစားတာ၊ ဘားမယ်လေးတွေ နဲ့ ပရောပရည်လုပ်
တာကမှ အနေအစား ချောင်မလားလို့ပါ”လို့လည်း ပြောလိုက်ရော မောင်ဆိတ်သိုးက ဒေါသတွေ
ထွက်ပြီး ခင်ဗျားကြီးတို့လိုလူတွေကြောင့် တိုင်းပြည်ဒုက္ခရောက်နေတာ၊ လူမျိုး ပြုတ်တော့မှာဆိုပြီး
စိတ်ဆိုးတကြီးနဲ့ ပြန်သွားလေရဲ့။

နို့ မာဂျေပြောတာ ဘာမှားလို့လဲဗျာ။ ကိုယ်က ဘာမှလုပ်လို့ရတဲ့ကောင်မှ မဟုတ်တာ။ မီဒီယာက
နေ ရေးပြနေတော့လည်း သက်ဆိုင်ရာတာဝန်ရှိသူတွေက အဖက်လုပ်ပြီး ဘာများအရေး တယူ
လုပ်လို့လဲ။ အသက်ကြီးမှ သူများအမုန်းတော့ မခံနိုင်ပေါင်ဗျာ။

တိုတိုထွာထွာသတင်းများ

news

လယ်ယာကဏ္ဍ၊ ဟိုတယ် လုပ်ငန်းနှင့် အထူး စီးပွားရေးဇုန် စက်မှုလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှု အကောင် အထည်ဖော်ရေး ဆွေးနွေး

ပြည်ထောင်စု မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌ သမ္မတရုံး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးစိုးသိန်း ဦးဆောင်သော ပြည်ထောင်စု ဝန်ကြီးများ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် များနှင့် စင်ကာပူနိုင်ငံ ရင်းနှီးမြှုပ်နှံမှု အဖွဲ့ Wilmar Investment Holding Pte., Ltd. ဒုတိယ ဥက္ကဋ္ဌ Mr. George Yeo ဦးဆောင်သော အဖွဲ့တို့သည် ယနေ့ နံနက် ၁၁ နာရီခွဲတွင် မြန်မာနိုင်ငံ၏ လယ်ယာ ကဏ္ဍဆိုင်ရာ အဆင့်မြင့် စက်ရုံများ တည်ဆောက် ရေးလုပ်ငန်း ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံရေး၊ ကမ္ဘာ့အဆင့်မီ ဟိုတယ်များ တည်ဆောက်ရေး၊ သီလဝါ ဆိပ်ကမ်း တည်ဆောက်ရေးနှင့် ခေတ်မီ အဆင့်မြင့် ဆန်စက်များ၊ ခေတ်မီ အဆင့်မြင့် သကြားစက်များ၊ ဆီသန့်စက်များ၊ ဓာတ်မြေသြဇာ စက်ရုံများ တည်ဆောက်ရေး လုပ်ငန်း များအား ရင်းနှီးမြှုပ်နှံ အကောင် အထည်ဖော်ရန် သမ္မတရုံး ဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ဆွေးနွေးကြရာ ပြည်ထောင်စု ဝန်ကြီး ဦးစိုးသိန်းနှင့် ပြည်ထောင်စု ဝန်ကြီးများ၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များက ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်း များကို ဆွေးနွေး ကြသည်။

http://www.myawady.net.mm/allnews/localnews/item/4187-2013-01-12-09-03-43

၂၀၁၃ -၂၀၁၄ ခုနှစ်အတွင်း နိုင်ငံတကာချေးငွေ ဒေါ်လာ သန်းပေါင်း ၉၀၀ ကျော် ချေးယူရန် လျာထားပြီး တရုတ်၊ အိန္ဒိယနှင့် ဂျပန်နိုင်ငံများမှ အများဆုံး ချေးယူရန် လျာထား 

[ Eleven Media Group _ Sunday, 13 January 2013 ]

၂၀၁၃-၂၀၁၄ ခုနှစ်အတွင်း ပြည်ထောင်စု အစိုးရအဖွဲ့အတွက် နိုင်ငံတကာချေးငွေ ‘အမေရိကန်ဒေါ်လာ ၉၀၀ ဒသမ ၃၉ သန်းကျော်’ ချေးယူရန် လျာထားပြီး တရုတ်၊ အိန္ဒိယနှင့် ဂျပန်နိုင်ငံများမှ အများဆုံး ချေးယူရန် လျာထားကြောင်း ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် အမျိုးသား စီမံကိန်း ရင်းနှီးမြှုပ်နှံမှု လျာထားချက်များ (မူကြမ်း) နောက်ဆက်တွဲ -၂(ဂ) တွင် ပါရှိသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အထနှေးတာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေကြောင့် မဟုတ်

ဒီနေရာမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေဟာ မက်လုံးဆွဲဆောင်မှု ရှိပါလျက်နဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေ လာရောက်ဆွေးနွေးတာ များပြီး လက်တွေ့ ချက်ချင်း ဟုန်းခနဲ ထမလာတဲ့အပေါ် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဥပဒေရဲ့ အားနည်းချက် ရှိတာမဟုတ်တဲ့အကြောင်း တင်ပြလိုခြင်း ဖြစ်ပါတယ်။

ဒါဆိုရင် ဘာကြောင့်လည်းဆိုတဲ့ ယူဆချက် အမြင်များအနက်မှ နိုင်ငံရေးစနစ် တည်ငြိမ်မှု လိုအပ်ချက်တစ်ခုတည်းကြောင့်လို့ မဆိုနိုင်ပါဘူး။ ယခင်ဖြစ်တည် ကြာရှည်ခဲ့သော နိုင်ငံရေးစနစ်နဲ့ အုပ်ချုပ်ရေးယန္တရားစနစ်ကို ယုံကြည်မှုမရှိသေးတာက စခဲ့ခြင်းဖြစ်ပါတယ်။

https://www.facebook.com/TheTradeTimes

ထုတ်လုပ်မှုစရိတ်အလွန်မြင့်မားလျက်ရှိသည့်အတွက် ပုဇွန်မွေးမြူရေးလုပ်ငန်းများ အိမ်နီးချင်းနိုင်ငံများနှင့်ပင် မယှဉ်နိုင်

လက်ရှိ ‘ပြည်တွင်းရှိ ပုစွန်မွေးမြူရေးလုပ်ငန်းများ’ သည် အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက ထုတ်လုပ်မှုစရိတ်သည် အလွန်အမင်းမြင့်မားလျက်
ရှိပြီး ပြည်ပထွက်ကုန်များနှင့် မယှဉ်ပြိုင်နိုင်သည့်အတွက် လုပ်ငန်းများ အားလုံးနီးပါးခန့် ရပ်ဆိုင်းလျက်ရှိကြောင်း ‘မြန်မာနိုင်ငံ ပုစွန်လုပ်ငန်းရှင်များအသင်း’
ဥက္ကဋ္ဌ ဦးနှင်းဦးကဆိုသည်။

“ပြိုင်လို့ ဘယ်ရမလဲ ဒီကထုတ်လုပ်မှု စရိတ်ကြီးတယ်လေ။ ဒီကပုစွန်ဈေးနဲ့ဆိုရင် ထိုင်းကကိုက်တာပေါ့။ ဒါကြောင့် အိမ်ထဲမှာနေတဲ့ ကျွန်တော် တို့က မရောင်းနိုင်ဘဲ သူတို့ကလာရောင်းနေတာပေါ့” ဟု ゞင်းက ရှင်းပြသည်။

ယင်းအခြေအနေများကြောင့် ဈေးကွက်ဝယ်လိုအား သဘောအရ ပြည်ပ ပုစွန်များ ပြည်တွင်းဈေးကွက်များသို့ ဝင်ရောက်လာခြင်းဖြစ်ကြောင်း ဦးနှင်းဦး
ကဆိုသည်။

 

တိုတိုထွာထွာသတင်းများ

news

1) ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်တွင် မကြာမီ ဆောက်လုပ်သွားမည့် ဧရာဝဏ်နှင့် ရတနာအိမ်ရာစီမံကိန်းနှစ်ခုအတွင်း နှစ် ၆၀ မြေဂရန် ပိုင်ဆိုင်ထားသူများ ရှိနေပြီး အဆိုပါ မြေပိုင်ရှင်များမှ ပေါင်နှံခွင့်၊ ရောင်းချခွင့်၊ ပြန်လည်ပိုင်ဆိုင်ခွင့် ရရှိလိုကြောင်း သတင်းရရှိသည်။ အဆိုပါ အိမ်ရာစီမံကိန်း မြေနေရာအား ၁၉၉၁ ခုနှစ်က မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနမှ မြေဧက ၂၂၀ ခန့်အပေါ်တွင် မြေကွက်ပေါင်း ၄၄၀၀ ရောင်းချပေးခဲ့သည်။ ထိုစဉ်က တိုက်ခန်းတစ်ခန်း ကျပ်သုံးသိန်းဝန်းကျင်သာရှိစဉ် အဆိုပါ မြေကွက်တစ်ကွက်အတွက် ကျပ်နှစ်သိန်းနှင့် ကျပ်တစ်သိန်းခွဲ စသည့် မြေအနေအထားအလိုက် ပေးချေခဲ့ရကြောင်း မြေကွက်ပိုင်ရှင်တစ်ဦးဖြစ်သူ ဦးမင်းတလဥာဏ်က ပြောသည်။

http://www.news-eleven.com/index.php?option=com_content&view=article&id=17163:2013-01-04-10-29-13&catid=43:2009-11-10-07-39-09&Itemid=111

2) မြန်မာနိုင်ငံအတွင်း Coca-Cola စက်ရုံတည်ထောင်ခွင့်အား MIC မှ ချထားပေးလိုက်ပြီဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ချက်များအရ သိရသည်။ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် MIC ၏ (၃၉/၂၀၁၂) ကြိမ်မာက် အစည်းအဝေးမှ ခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း၊ Coca-Cola Pinya Beverages Myanmar Ltd အမည်ဖြင့် လျှောက်ထားခြင်းဖြစ်ကြောင်း၊ ရေသန့်ကိုပါ ထုတ်လုပ်ရောင်းချမည်ဖြစ်ကြောင်း သိရသည်။

http://www.news-eleven.com/index.php?option=com_content&view=article&id=17160:-coca-cola-mic-coca-cola-&catid=99:2011-04-10-07-08-41&Itemid=174

3) အမေရိကန်သမ္မတ ဘာရတ်အိုဘားမား မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် ခရီးစဉ်အပြီး အမေရိကန်နိုင်ငံရှိ Institute Of International Education(IIE) မှ တက္ကသိုလ်ကိုးခုနှင့် မြန်မာနိုင်ငံရှိ အစိုးရတက္ကသိုလ်များ ပူးပေါင်းကာ အဆင့်မြင့် ပညာရေးကို မြှင့်တင်ရန်နှင့် Academic ပိုင်းဆိုင်ရာ ကိစ္စရပ်များ ပူးပေါင်းလုပ်ဆောင်ရန် International Academic Partnership Program(IAPP) အစီအစဉ် တစ်ရပ်ကို ၂၀၁၂ခုနှစ်၊ နိုဝင်ဘာ နောက်ဆုံးပတ်က ထုတ်ပြန်ခဲ့သည်။

အဆိုပါ အစီအစဉ်အရ မြန်မာနှင့် အမေရိကန် တက္ကသိုလ်များ အဆင့်မြင့် ပညာရေးကဏ္ဍအတွက် ပညာရေး ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ရန်  အမေရိကန် တက္ကသိုလ်များဆိုင်ရာ အဆင့်မြင့်ကိုယ်စားလှယ် အဖွဲ့တစ်ဖွဲ့ မြန်မာနိုင်ငံသို့ ယခုနှစ် ဖေဖော်ဝါရီလအတွင်း လာရောက်မည်ဖြစ်ကြောင်း သိရသည်။

Read More ===>http://www.news-eleven.com/index.php?option=com_content&view=article&id=17154:2013-01-04-07-07-23&catid=42:2009-11-10-07-36-59&Itemid=112

4) “ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ၂၀၀၈ ကို Android ဖုန်းများတွင် အသုံးပြုနိုင်”

ရန်ကုန်၊ ဇန်န၀ါရီ ၃

လက်ရှိနိုင်ငံတွင် ကျင့်သုံးနေသည့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ၂၀၀၈ ကို Android ဖုန်းများတွင် အလွယ်တကူ အသုံးပြုဖတ်ရှုနိုင်ရန် မြန်မာအင်တာနက်လုပ်ငန်းမှ Andriod mobile app(beta version)ကို ထုတ်လုပ်ဖြန့်ချိလိုက်ပြီဟု သိရသည်။

mizzimaburmese.com/news/business/10688-2013-01-04-09-29-18.html

5) မြန်မာနိုင်ငံနှင့် ကိုရီးယားနှစ်နိုင်ငံကြား လေကြောင်းလိုင်းများကို အကန့်အသတ်မဲ့ ပျံသန်းခွင့် ပြုတော့မည်ဟု ပို့ဆောင်ရေးဝန်ကြီးဌာန၊ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။.

6) မြစ်ဆုံရေကာတာ ဆက်လုပ်ရေး တွန်းအားမပေးရန် တောင်းဆို ပဋိပက္ခတွေဖြစ်နေတဲ့ ကချင်ပြည်နယ်မှာ မြစ်ဆုံရေကာတာဆက်လုပ်ရေး တွန်းအားမပေးဖို့ မြန်မာနိုင်ငံမြစ်ချောင်းများကွန်ရက်က တရုတ်အစိုးရကို တောင်းဆိုလိုက်ပါတယ်။

e.dvb.no/archives/35072

7) လာမယ့်လွှတ်တော်အတွင်း ခေတ်စနစ်နဲ့ မညီတဲ့ ဥပဒေတွေ ပြင်ဖို့၊ ဖျက်ဖို့၊ အသစ်ပြဋ္ဌာန်းဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်အမတ်တွေအနေနဲ့ ပြင်ဆင်ထားတယ်လို့ သိရှိရပါတယ်။
အခုလအတွင်း  ပြန်လည်ကျင်းပမယ့် လွှတ်တော်မှာ နိုင်ငံတော်ဘတ်ဂျက်နဲ့ အခြားအရေးကြီး ဥပေဒတွေ ပြဋ္ဌာန်းဖို့ ရှိတာကြောင့် အရင်လွှတ်တော်တွေထက် အချိန်ပိုယူရမယ်လို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဇန်န၀ါရီ ၁ ရက်က ပြောကြားလိုက်ပါတယ်။

ပြည်ပသို့ တင်ပို့ရာတွင် အကောက်ခွန်ဆိုင်ရာ သက်သာခွင့်များရရှိ

မြန်မာ့ပို့ကုန်များ ပြည်ပသို့ တင်ပို့ရာတွင် အကောက်ခွန်ဆိုင်ရာ သက်သာခွင့်များရရှိရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပင်ရင်းနိုင်ငံ သက်သေခံလက်မှတ်များကို စိစစ်ခွင့်ပြုထုတ်ပေးလျက်ရှိကြောင်း အဆိုပါဝန်ကြီးဌာနမှ သတင်းရရှိပါသည်။

တစ်ဖက်သတ် အကောက်ခွန် သက်သာခွင့်ဆိုင်ရာအစီအစဉ်(GSP) အရ အီးယူ ၂၇ နိုင်ငံအပါအ၀င် အခြားဖွံ့ဖြိုးပြီး နိုင်ငံများဖြစ်သည့် ဂျပန်၊ ဆွစ်ဇာလန်၊ အမေရိကန်၊ သြစတြေးလျ၊ ကနေဒါ၊ နယူးဇီလန်၊ နော်ဝေနှင့် တူရကီနိုင်ငံတို့ကပေးသော အကောက်ခွန်ကင်းလွတ်ခွင့်၊ သက်သာခွင့်များကိုလည်း သတ်မှတ်ပြဋ္ဌာန်းထားသော ပင်ရင်းနိုင်ငံ စည်းမျဉ်းများဖြင့် မြန်မာပို့ကုန် လုပ်ငန်းရှင်များက လျောက်ထားရယူနိုင်ကြောင်းလည်း သိရသည်။

လက်ရှိတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပေးသော အကောက်ခွန်သက်သာခွင့်ရှိသည့် ပင်ရင်းနိုင်ငံ သက်သေခံလက်မှတ်များတွင် ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံများက တင်ပို့သော ပို့ကုန်ပစ္စည်းများအတွက် ဖွံ့ဖြိုးပြီး နိုင်ငံများက တစ်ဖက်သတ်ပေးသော အကောက်ခွန်ဆိုင်ရာ ယေဘုယျအခွင့်အရေးပေးသော စနစ်(GSP, Form A) ၊ ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံများက တင်ပို့သော ပို့ကုန်များအတွက် ကိုရီးယားနိုင်ငံက တစ်ဖက်သတ် အကောက်ခွန်ကင်းလွတ်သက် သာခွင့်အစီအစဉ် (Preferential Treatment for LDCs From Kore) ၊ အိန္ဒိယနိုင်ငံက ပေးအပ်သော အကောက်ခွန် ကင်းလွတ်သက်သာခွင့် အစီအစဉ်(Duty Free Tariff Prefernce From India-DFTP Scheme)တို့ ပါဝင်ကြောင်း သိရသည်။

ထို့ပြင် လွတ်လပ်သော ကုန်သွယ်မှုဒေသဆိုင်ရာ အပြန်အလှန် အကောက်ခွန်သက်သာခွင့်ရှိသည့် ပင်ရင်းနိုင်ငံ သက်သေခံလက်မှတ်များကိုလည်း ထုတ်ပေးလျက်ရှိကြောင်း သိရှိရသည်။

လွတ်လပ်သောကုန်သွယ်မှု ဒေ သဆိုင်ရာ အပြန်အလှန်အကောက်ခွန် သက်သာခွင့်ရှိသည့် ပင်ရင်းနိုင်ငံ သက်သေခံလက်မှတ်များမှာ ASEAN Trade in Goods Agreement(ATIGA Form-D)၊ ASEAN-China Free Trade Area (Form-E)၊ ASEAN-Korea Free Trade Area(Form AK)၊ ASEAN-Japan Comprehensive Economic Partnership(Form-AJ) ၊ ASEAN-India Free Trade Area(Form-AI)၊ESifh ASEAN-Australia and New Zealand Free Trade Area(Form-AANZ) တို့ဖြစ်ကြောင်း သိရှိရပါသည်။

လွတ်လပ်သော ကုန်သွယ်မှု ဒေသဆိုင်ရာ အပြန်အလှန် အကောက်ခွန်သက်သာခွင့် ပေးခြင်းကြောင့် မြန်မာနိုင်ငံအနေဖြင့်လည်း ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ် အောက်တိုဘာလအထိ မြန်မာနိုင်ငံသို့ အာဆီယံနိုင်ငံများမှ သွင်းကုန်များအပေါ် အကောက် ခွန်သက်သာခွင့်ပေးရမှု တန်ဖိုးကျပ် သန်းပေါင်း ၄၁၅၇ဒသမ ၆၄သန်း ကျော်အထိ ရှိနေကြောင်းစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။

အာဆီယံ လွတ်လပ်သော ကုန်သွယ်မှုနယ်မြေ (AFTA) နှင့် ဆွေး နွေးဘက်နိုင်ငံများ လွတ်လပ်သော ကုန်သွယ်မှုနယ်မြေ(ACFTA, AK FTA, AJ FTA,A ANZ FTA ) အတွက် အကောက်ခွန် သက်သာခွင့် ရရှိစေရန် သက်ဆိုင်ရာနိုင်ငံမှ ထုတ်လုပ်သည့် ပင်ရင်းနိုင်ငံသက်သေခံ လက်မှတ်ပုံစံ(ATIGA Form D)များ လိုအပ်ကြောင်း၊ လက်ရှိတွင် အကောက်ခွန် လျော့ပေါ့ပေးသည့် အစီအစဉ်တွင် ပါဝင်သည့် ပင်ရင်းနိုင်ငံ သက်သေခံလက်မှတ်ကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ နယ်စပ်ကုန်သွယ်ရေးဦးစီးဌာနတို့မှ သတ်မှတ်ထားသည့် ရုံးနှင့် နယ်စပ်ဝင်ပေါက်တို့တွင် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံမှ လက်ခစားအထည်ချုပ်လုပ်ငန်းများက ဂျပန်၊ ဂျာမနီ၊ ဆွစ်ဇာလန်၊ ဘယ်လ်ဂျီယမ်နှင့် နယ်သာလန်နိုင်ငံများသို့ တင်ပို့ခြင်းများအတွက် GSP လျောက်ထား ခြင်းများ ရှိကြောင်း၊ ကိုရီးယားနိုင်ငံကပေးသော တစ်ဖက်သတ် အကောက်ခွန်ကင်းလွတ်သက်သာခွင့် အစီအစဉ်ဖြင့်လည်း ကိုရီးယားနိုင်ငံသို့ အထည်အမြောက်အမြား တင်ပို့နေကြောင်းလည်း သိရှိရပါသည်။

http://www.first-11.com/index.php?option=com_content&view=article&id=17053:2012-12-28-07-28-22&catid=99:2011-04-10-07-08-41&Itemid=174

တိုတိုထွာထွာ သတင်းများ

news_1

(1)အဲပုဂံ လေယာဉ်မတော်တဆ

ဟဲဟိုးတွင် အဲပုဂံ လေယာဉ် မတော်တဆမှု ကြောင့် ကွယ်လွန်သွားခဲ့သော ဦးသိန်းတန် (ခ) ဦးပြား နှင့် မနွယ်လင်းရှိန် တို့အတွက် ရက်လည် ဆွမ်းကျွေး လှူဒါန်းပွဲကို ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် ကုန်းမြင့်ရွာ၊ ဘန့်ဘွေး ဘုန်းကြီးကျောင်း တွင် ပြုလုပ်ခဲ့သည်။ See more,

https://www.facebook.com/excellencemedia#!/photo.php?fbid=389009741190565&set=a.389009657857240.96026.322396224518584&type=1&theater

(2) NLD ပညာရေးရံပုံငွေပွဲ

ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်တွင် ကျင်းပလျက်ရှိသော “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ယက်
(၂)နှစ်ပြည့် အခမဲ့ပညာဒါနကျောင်းများရန်ပုံငွေရှာဖွေရေး
ဂီတပွဲတော်” အတွက် AGD Bank, Air Bagan နှင့် Bagan
Entertainment တို့မှ အလှူငွေကျပ် သိန်း ၇၀၀ ကို
ပေးအပ်လှူဒါန်းခဲ့ရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်မှ လက်ခံပေးခဲ့ပါသည်။ See more,

https://www.facebook.com/freedomnewsgroup.mm#!/freedomnewsgroup.mm

(3) NLD ရဲ့ ပညာရေးကွန်ရက်ဖျော်ဖြေပွဲကနေ အလှုငွေ ၂၆၅၄ သိန်းကျော်ရရှိ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက်ရဲ့ နှစ်ရက်ကြာ ကျင်းပခဲ့တဲ့ အခမဲ့ပညာဒါနကျောင်း များ ရန်ပုံငွေရှာဖွေရေး ဈေးရောင်းပွဲနဲ့ ဂီတပွဲတော်ကနေ အလှူငွေစုစုပေါင်းငွေကျပ် သိန်း ၂၆၅၄ သိန်းကျော် ရရှိခဲ့တယ်လို့ သိရပါတယ်။ See more,

http://www.rfa.org/burmese/news/nld-stageshow-12292012122251.html

(4) ကျောက်မျက်လုပ်ကွက် လေလံတင်မည်

ကျောက်မျက်လုပ်ကွက်များ ဈေးပြိုင်စနစ်ဖြင့်လုပ်ကိုင်ခွင့်ပြုမည်

သတ္တုတွင်းဝန်ကြီးဌာနက ဖားကန့်ဒေသရှိကျောက်မျက်လုပ် ကွက်များအနက်မှ သက်တမ်းကုန် ဆုံးမည့်သတ်မှတ်လုပ်ကွက်များ၊ ဖော်ထုတ်လုပ်ကွက်များအား နိုင်ငံသားပုဂ္ဂလိကကုမ္ပဏီနှင့် အသင်း များ ဈေးပြိုင်စနစ်ဖြင့်လုပ်ကိုင်ခွင့် ပြုမည်ဖြစ်ကြောင်း ထုတ်ပြန် ကြေညာခဲ့သည်ဟု သိရသည်။ See more,

(5) အကြမ်းဖက်မှုတစ်လပြည့်နှင့် ကြေးနီးစီမံကိန်းရပ်ဆိုင်ရေး၊နှိမ်နှင်းမှုပြုလုပ်ခဲ့သည့် တရားခံ ဖော်ထုတ်ပေးရေးအတွက် ဆန္ဒပြ

အကြမ်းဖက်မှု တစ်လပြည့်နှင့် ကြေးနီးစီမံကိန်းရပ်ဆိုင်းရေး၊နှိမ်နှင်းမှုပြုလုပ်ခဲ့သည့် တရားခံဖော်ထုတ်ပေးရေးအတွက် ဆန္ဒပြမှု ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါဆန္ဒပြမှုအား ဒီဇင်ဘာလ ၂၉ ရက်နေ့ ညနေပိုင်း တွင် ပြုလုပ်ခဲ့ပြီး လူဦးရေ ၃၀ ခန့် ပါဝင်ခဲ့ပြီး ဒဏ်ရာရဘုန်းကြီးများ၏ ပုံပါဝင်သော ဗီနိုင်းအား ကိုင်ဆောင်ကာ လက်ပန်းတောင် ကြေးနီစီမံကိန်း ဆန္ဒထုတ်ဖော်မှုတွင် အကြမ်းဖက်နှိမ်နှင်းသူအား ဖော်ထုတ်ပေး၊ဆန္ဒထုတ်ဖော်မှုနှင့်ပတ်သတ်၍ တရားစွဲဆိုသူများကို လွှတ်ပေးရေး ၊၀မ်ပေါင်ကုမဏီအလိုမရှိ စသည်တို့ကို ရွတ်ဆိုကာ ၅၁လမ်းရှိ မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီအထိ လမ်းလျောက်ဆန္ဒပြမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။ See more,

http://www.first-11.com/index.php?option=com_content&view=article&id=17067:2012-12-29-11-55-45&catid=42:2009-11-10-07-36-59&Itemid=112

(6) ဂျပန်နိုင်ငံမှ ပြုပြင်တည်ဆောက်မည့် ရန်ကုန်မြို့ပတ်ရထားလမ်း စီမံကိန်း၏ Main plan တွင် သီလ၀ါအထူးစီးပွားရေးဇုန်အထိ ဖောက်လုပ်မည်

ဂျပန်နိုင်ငံမှ ပြုပြင်တည်ဆောက်မည့် မြို့ပတ်ရထားလမ်း စီမံကိန်း၏ Main Plan တွင် သီလ၀ါဆိပ်ကမ်းအထိ ဖောက်လုပ်မည်ဖြစ်ကြောင်း မီးရထားဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ရန်ကုန်မြို့ပတ်ရထားလမ်း စီမံကိန်းအား လာမည့် ၂၀၁၃ ခုနှစ် ဇန်န၀ါရီလမှစ၍ ဂျပန်နိုင်ငံမှ လေ့လာတိုင်းတာမှုများနှင့် ပြုပြင်စမ်းသပ်မှုများ ပြုလုပ်သွားမည်ဖြစ်သည်။ See more,

http://www.news-eleven.com/index.php?option=com_content&view=article&id=17087:—-main-plan—&catid=43:2009-11-10-07-39-09&Itemid=111

(7) မြို့ငယ်များအား တစ်ရက် ၁၈နာရီကြာ မီးဖြတ်တောက်မည်

မြန်မာနိုင်ငံတ၀န်းရှိ စက်မှုလုပ်ငန်းများအား ၂၀၁၂ ခုနှစ် ဒီဇင်ဘာလမှ စတင်၍ မီးဖြတ်တောက်ခဲ့ပြီးနောက် ရန်ကုန်တိုင်းဒေသကြီး လူနေရပ်ကွက်များအတွင်းရှိ စက်မှုလုပ်ငန်းငယ်များ၊ အစိုးရစက်မှုလုပ်ငန်းများနှင့် စက်မှုဇုန်များအား ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့မှ စတင်၍ လျပ်စစ်မီး စတင်ဖြတ် တောက်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ခိုင်က ပြောပါသည်။ See more,

http://www.first-11.com/index.php?option=com_content&view=article&id=17092:2012-12-30-11-20-31&catid=42:2009-11-10-07-36-59&Itemid=112

(8) ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ၊ ရန်ကုန်နှင့် ပဲခူးမြို့များသို့ လေ့လာလည်ပတ်သည့် ကမ္ဘာလှည့်ခရီးသည် ဦးရေ ၃၀၀ ကျော် တင်ဆောင်လာသော ဗြိတိန်နိုင်ငံမှ အပျော်စီးသင်္ဘော M.V Minerva လာရောက်

ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ၊ ရန်ကုန်မြို့၊ ပဲခူးမြို့သို့ လေ့လာလည်ပတ်မှုများ ပြုလုပ်ခဲ့သည့် ကမ္ဘာလှည့်ခရီးသည် ဦးရေ ၃၀၀ ကျော်ကို တင်ဆောင်လာသော ဗြိတိန်နိုင်ငံမှ ကမ္ဘာလှည့်ခရီးသည်တင် အပျော်စီးသင်္ဘော M.V Minerva သည် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲ ၀န်းကျင်က ရန်ကုန်ဆိပ်ကမ်းသို့ ဆိုက်ကပ်ရောက်ရှိခဲ့ကြောင်း သတင်းရရှိပါသည်။ See more,

http://www.first-11.com/index.php?option=com_content&view=article&id=17083:————mv-minerva-&catid=42:2009-11-10-07-36-59&Itemid=112

(9) တပ်မတော်နှင့် KIA တို့ ဒီဇင်ဘာလ ၂၉ ရက်နေ့ထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွား လိုင်ဇာမြို့တွင်း၌ လေကြောင်းတိုက်ခိုက်မှုကို ကာကွယ်ရန် ပြင်ဆင်မှုများ ပြုလုပ်

တပ်မတော်နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)တို့အကြား တိုက်ပွဲများမှာ ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် ဆက်လက်ဖြစ်ပွားလျက်ရှိနေကြောင်း သိရသည်။

ထို့အပြင် လဂျားယန်ဘက်၌ တပ်မတော်ဘက်မှ လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်ခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

“ပစ်တာကတော့ ပစ်နေတုန်းပါပဲ။ လဂျားယန်ဘက်မှာ ဒီနေ့ ၁၂ နာရီ မိနစ် ၃၀ လောက်မှာ တစ်ကြိမ်၊ ညနေ ၃ နာရီ မိနစ် ၃၀ လောက်မှာ တစ်ကြိမ် တိုက်လေယာဉ်တွေ ရောက်လာပြီးပစ်တယ်။ တစ်ခါလာရင် လေယာဉ်နှစ်စင်းလာပါတယ်” ဟု KIO/KIA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က ပြောပါသည်။ See more,

http://www.first-11.com/index.php?option=com_content&view=article&id=17090:-kia-kia-&catid=42:2009-11-10-07-36-59&Itemid=112

(10) ကမ်းနားလမ်းသစ်ကြီးပေါ်တွင် ကုန်တင်ယာဉ်ကြီးများ ဖြတ်သန်းခ ဖေဖော်ဝါရီလမှ စတင်ကောက်ခံမည်

ကမ်းနားလမ်းသစ်ကြီးပေါ်တွင် ကုန်တင်ယာဉ်ကြီးများ ဖြတ်သန်းခအား ဖေဖော်ဝါရီလမှ စတင် ကောက်ခံသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီမှ သတင်းထုတ်ပြန်ချက်အရ သိရသည်။ ကမ်းနားလမ်းသစ် အသုံးပြုခနှင့် ပတ်သက်၍ ၂၀၁၃ခုနှစ် ဇန်န၀ါရီလ ၁ရက်နေ့မှ ၃၁ရက်အထိ တစ်လတိတိ အခမဲ့ အသုံးပြုခွင့် ပေးသွားမည်ဖြစ်ပြီး ဖေဖော်ဝါရီလ ၁ရက်နေ့မှ စတင်ကာ ၁၄ပေအောက် ယာဉ်များအား တစ်စီး ၁၅၀၀ ကျပ်နှင့် တန် ၂၀နှင့်အထက် ယာဉ်တစ်စီးလျင် ၄၀၀၀ ကျပ် ကောက်ခံသွားမည် ဖြစ်ကြောင်းသိရသည်။ See more,

http://www.news-eleven.com/index.php?option=com_content&view=article&id=17069:2012-12-29-17-48-40&catid=43:2009-11-10-07-39-09&Itemid=111

(11) ရန်ကုန်ဆိပ်ကမ်းဖွံ့ဖြိုးတိုးတက်ရေးအတွက်ပြုလုပ်သွားမည်

ရန်ကုန်ဆိပ်ကမ်းဖွံ့ဖြိုးတိုး တက်ရေးနှင့်ဆိပ်ကမ်းသာယာလှပရေးအတွက် (Conceptual Plan) ရေးဆွဲနိုင်ရေးကို မြန်မာ့ ဆိပ်ကမ်းအာဏာပိုင်သတင်းစာ ရှင်းလင်းပွဲမှသိရှိရသည်။
ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဥာဏ်ထွန်းအောင်မှ ““ရန်ကုန် မြို့ဆိုတာက မြန်မာနိုင်ငံရဲ့နှလုံး သည်းပွတ်ဖြစ်ပါတယ်။ဒီမြို့ကြီး တိုးတက်ဖို့နဲ့စည်ပင်သာယာဝပြော ဖို့ဆိုတာ မြန်မာတစ်နိုင်ငံလုံးမှာ ရှိတဲ့ နိုင်ငံသားတွေရဲ့တာဝန်ဖြစ် ပါတယ်။ See more,

http://www.hotnewsweekly.com/archives/15417

(12) မြန်မာပို့ကုန်များ ပြည်ပသို့ တင်ပို့ရာတွင် အကောက်ခွန်ဆိုင်ရာ သက်သာခွင့်များရရှိရန် ပင်ရင်းနိုင်ငံ သက်သေခံလက်မှတ်များ ထုတ်ပေးလျက်ရှိပြီး အီးယူနိုင်ငံများအပါအ၀င် အမေရိကန်၊ဂျပန်စသည့် နိုင်ငံများကပေးသော အကောက်ခွန် ကင်းလွတ်/သက်သာခွင့်များကို လျောက်ထားရယူနိုင် 

မြန်မာ့ပို့ကုန်များ ပြည်ပသို့ တင်ပို့ရာတွင် အကောက်ခွန်ဆိုင်ရာ သက်သာခွင့်များရရှိရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပင်ရင်းနိုင်ငံ သက်သေခံလက်မှတ်များကို စိစစ်ခွင့်ပြုထုတ်ပေးလျက်ရှိကြောင်း အဆိုပါဝန်ကြီးဌာနမှ သတင်းရရှိပါသည်။

တစ်ဖက်သတ် အကောက်ခွန် သက်သာခွင့်ဆိုင်ရာအစီအစဉ်(GSP) အရ အီးယူ ၂၇ နိုင်ငံအပါအ၀င် အခြားဖွံ့ဖြိုးပြီး နိုင်ငံများဖြစ်သည့် ဂျပန်၊ ဆွစ်ဇာလန်၊ အမေရိကန်၊ သြစတြေးလျ၊ ကနေဒါ၊ နယူးဇီလန်၊ နော်ဝေနှင့် တူရကီနိုင်ငံတို့ကပေးသော အကောက်ခွန်ကင်းလွတ်ခွင့်၊ သက်သာခွင့်များကိုလည်း သတ်မှတ်ပြဋ္ဌာန်းထားသော ပင်ရင်းနိုင်ငံ စည်းမျဉ်းများဖြင့် မြန်မာပို့ကုန် လုပ်ငန်းရှင်များက လျောက်ထားရယူနိုင်ကြောင်းလည်း သိရသည်။ See more,

http://www.first-11.com/index.php?option=com_content&view=article&id=17053:2012-12-28-07-28-22&catid=99:2011-04-10-07-08-41&Itemid=174

Happy New Year 2013

Happy_New_Year_2013-1

၂၀၁၂ ရဲ့ နိဂုံးက တော်တော်လှလှပပပဲ အဆုံးသပ်သွားတယ်။ တိုင်းပြည်တစ်ခုလုံးနဲ့ ချိန်ထိုးကြည့်ရင် မြန်မာ့နိုင်ငံရေး အပြောင်းအလဲတွေ တော်တ်ာများများ လှုပ်လှုပ်ခတ်ခတ် ဖြစ်ခဲ့ပါတယ်။ နိုင်ကျဉ်းတွေ လွှတ်ပေးခဲ့တယ်။ ဒါပေမယ့် တချို့လည်း ကျန်နေသေးတယ်။ ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်အမတ်ဖြစ်လာတယ်။ အပြင်ရောက်နေတဲ့သူတွေ တော်တော်များများ အထဲကို ပြန်ဝင်လာနိုင်တယ်။ သမ္မတ အိုဘားမား မြန်မာနိုင်ငံ ရောက်လာတယ်။ စီးပွားရေးပိတ်ဆို့မှု လျော့ချရင်း တချို့ကိုလည်း ပြန်လည်ထည့်သွင်း စီးပွားရေး ပိတ်ဆို့ခဲ့ပါတယ်။

ပညာရေး မျက်နှာစာ၊ ကျန်းမာရေးမျက်နှာစာတွေဘက် အားမကောင်းခဲ့သောလည်း မီဒီယာ မျက်နှာစာ အဖွင့်မှာ တော်တော်လေး တာခဲ့ပါတယ်။ မီဒီယာတွေ လွတ်လပ်စွာ ထုတ်တင်စနစ် ကူးလာတဲ့အပြင် အသက် ၁၈ နှစ်အထက်ဖတ်နိုင်တဲ့ မဂ္ဂဇင်းမျိုးပါ မိတ်ဆက်လာခဲ့တဲ့ ထူးခြားတဲ့ ဖြစ်စဉ်လို့ သုံးသပ်လို့ရခဲ့ပါတယ်။ နိုင်ငံတကာ မီဒီယာတွေ ဝင်ရောက်လာနိုင်ခဲ့သလို ပြည်ပအေဂျင်စီတွေ အရှိန်အဟုန် ရခဲ့ပါတယ်။

၂၀၁၂ မှာ သဘာဝဘေးအန္တရာယ်အတွက် ရွှေဘိုအနီး ငလျင်ပြင်းစွာ လှုပ်ခတ်ခဲ့တဲ့အနေအထား ကြုံတွေ့ခဲ့ရတယ်။ စစ်ကိုင်း ဘုရားတွေပြိုခဲ့တဲ့အပြင် အပျက်အစီးတွေလည်း များခဲ့ပါတယ်။ အနုပညာရှင် ကြွေလွင့်မှုအနေနဲ့ အဆိုတော် ခင်မောင်တိုး ကွယ်လွန်ခဲ့ပါတယ်။

ခရိုနီတွေ အလှူအတန်းကိစ္စွတွေမှာ ပါဝင်လာသလို NLD ပညာရေး ရံပုံငွေပွဲမှာလည်း ပါဝင်လှူါန်းမှုတွေ ရှိလာပါတယ်။ ဒါဟာ ကောင်းတဲ့အမြင်နဲ့ကြည့်ရင်တော့ တိုင်းပြည်ကောင်းဖို့အတွက် အုတ်တစ်ချပ် သဲတစ်ပွင့် တတ်အားသလောက် ပါဝင်လာတယ်လို့ သုံးသပ်လို့ရတဲ့အတွက် ကြိုဆိုရမယ့် အနေအထား ရှိပါတယ်။

အကြီးဆုံးသော လူမျိုးရေးအဓိကရုဏ်းအဖြစ် ရခိုင်ဒေသမှာ ဘင်္ဂါလီနဲ့ရခိုင်တိုင်းရင်းသားတွေကြား ဖြစ်ပွားခဲ့ပြီး လူပေါင်းများစွာ သေကြေခဲ့သလို ရွာပေါင်းများစွာ အိမ်ခြေပေါင်းများစွာ ပျက်စီးခဲ့ရပြန်ပါတယ်။ နှစ်ကုန်ခါနီး အချိန်မှာ မြန်မာ – ကချင်ဒေသ KIA နဲ့ စစ်မက်ဖြစ်ပွားခြင်းတွေလည်း ဖြစ်ပေါ်ခဲ့ပါတယ်။ ယခုအထိ ထိုအတိုင်း ဆက်လက်ဖြစ်ပွားနေတုန်းပါပဲ။ ဒုက္ခသည်စခန်းတွေမှာ အငတ်ဘေးဆိုက်လောက်အောင် အခြေအနေ ဆိုးဝါးခဲ့ပါတယ်။

လေယာဉ်ပျက်ကျခဲ့တဲ့ နှစ်တစ်နှစ်ဖြစ်ပါတယ်။ Air Bagan ရဲ့ လေယာဉ် ဟဲဟိုးအဆင်းမှာ ပျက်ကျခြင်း ဖြစ်ပါတယ်။ ခရီးသည်တွေထဲက တစ်ဦး သေဆုံးပြီး လေယာဉ်ပျက်ကျမှုကြောင့် ဆိုက်ကယ်သမားတစ်ဦး ကွယ်လွန်ခဲ့ပါတယ်။ အကြီးမားဆုံးသော မတော်တဆမှုဖြစ်ပါတယ်။ Air Bagan ဟာ လက်ရှိ အမေရိကန် စီးပွားရေးပိတ်ဆို့ ခံထားရဆဲ ဖြစ်ပါတယ်။

စီးပွားရေးအနေနဲ့ သတိအပြုမိဆုံးက မော်တော်ယာဉ်ဈေးကွက်ဖြစ်ပါတယ်။ မော်တော်ယာဉ် ဈေးနှုန်းတွေ အဆမတန်အောင် ကျဆင်းသွားခဲ့သလို မော်တော်ယာဉ် အရောင်းပြခန်းပေါင်း ၆၀ နီးပွား ရန်ကုန်မြို့မှာ ဖွင့်လှစ်တင်သွင်း ရောင်းချခဲ့ပါတယ်။ မကြုံဖူးအောင် လမ်းတွေပိတ်ဆို့ခြင်းများ ဖြစ်ပွားနေသလို ဆက်လက်လည်း ဖြစ်ပွားနေမယ်လို့ ယူဆပါတယ်။

၂၀၁၃ ခုမှာ နိုင်ငံရေးပိုင်း အီလည်လည် ဖြစ်မယ့်အချိန်လို့ သုံးသပ်လို့ရပါတယ်။ Tempo ကျသွားတဲ့ အပိုင်းကို ရောက်သွားပြီလို့လည်း ပညာရှင်တွေ သုံးသပ်ကြပါတယ်။ ကိုရွှေထူးက ပညာရှင်မဟုတ်ပါ။ ဒါပေမယ့် အခြေအနေ အကြောင်းအချက်တို့အရ ဆန္ဒပြပွဲတွေ အီလာတော့မယ်ဆိုတာ မြင်ယောင်မိနေတယ်။

ဘာပဲဖြစ်ဖြစ် ၁၂.၁၂.၂၀၁၂ ဆိုတဲ့အမှတ်တရနေ့ကို ကျော်ဖြတ်ခဲ့တဲ့ ရာစုနှစ်တစ်ခု၊ ထောင်စုနှစ်တစ်ခု ဖြတ်သန်းခဲ့ဖူးတဲ့ လူသားလို့ ကိုယ့်ကိုယ်ကိုယ် မှတ်ကျောက်တင် ကြံဖန်ဂုဏ်ယူရင်း နောက်နှစ်သစ်တစ်ခု စ လိုက်ကြရအောင်။ အားလုံး မင်္ဂလာပါခင်ဗျာ။ နှစ်သစ်မှာ ပျော်ရွှင်ကြည်နူးမှု၊ သာယာချမ်းမြေ့မှု၊ အလုံးစုံပြီးပြည့်စုံအောင်မြင်မှုတို့ တလုံးတဝ ရယူပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပါတယ်ခင်ဗျာ။

ကွယ်လူသူများရက်လည်

ဟဲဟိုးတွင် အဲပုဂံ လေယာဉ် မတော်တဆမှု ကြောင့် ကွယ်လွန်သွားခဲ့သော ဦးသိန်းတန် (ခ) ဦးပြား နှင့် မနွယ်လင်းရှိန် တို့အတွက် ရက်လည် ဆွမ်းကျွေး လှူဒါန်းပွဲကို ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် ကုန်းမြင့်ရွာ၊ ဘန့်ဘွေး ဘုန်းကြီးကျောင်း တွင် ပြုလုပ်ခဲ့သည်။

IMG_0103

IMG_0390

IMG_0370

IMG_0163